အခန်း ၁၀ - တီကျွယ်တျန်း၏ လွှမ်းမိုးခြင်း
ဂူအတွင်း၌... ယဲ့ချန်သည် အသက်ရှုလမ်းကြောင်းကို ထိန်းညှိရန် မျက်လုံးများကို မှိတ်ထားလိုက်သည်... ခဏအကြာတွင် သူ၏ ရင်ဘတ်၌ နွေးထွေးမှုကို ခံစားလိုက်ရ၏... ယဲ့ချန်၏ မျက်နှာတွင် ဝမ်းမြောက်မှုတို့ အထင်းသား ပေါ်လာသည်...
"ငါ အဆင့် ၅ ကျင့်ကြံသူ သတ္တမအလွှာကို ရောက်သွားပြီ..."
ယဲ့ချန်က သူ့ကိုယ်သူ တိုးတိုးလေး ပြောလိုက်သည်... ယခင်က လီမိသားစုတွင် ရှိစဉ်က သူသည် လျှို့ဝှက်နည်းပညာကို အသုံးပြု၍ သူ၏စွမ်းအားကို န၀မအလွှာ အထိ တိုးမြှင့်ခဲ့ဖူးသည်... သူသည် တီကျွယ်တျန်းကို သတ်ရန် ကြိုးစားခဲ့သော်လည်း သူ၏ဖခင်ကို တိုက်ရိုက် ခြိမ်းခြောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ... ထိုလျှို့ဝှက်နည်းပညာမှာ ယဲ့ချန် လျှို့ဝှက်နယ်မြေတစ်ခုမှ ရရှိခဲ့ခြင်း ဖြစ်သည်... ၎င်းမှာ သူ၏ အသက်သွေးကြောကို အသုံးပြု၍ စွမ်းအားကို ခေတ္တတိုးမြှင့်ခြင်း ဖြစ်၏... လီမိသားစုမှ ထွက်ခွာပြီးနောက် သူ ဆက်လက် မထိန်းနိုင်တော့ပေ... မမျှော်လင့်ဘဲ ထိုဖြစ်ရပ်ကြောင့် အကျပ်အတည်းမှာ ကောင်းကျိုးဖြစ်လာပြီး တစ်လခွဲခန့်အကြာတွင် အဆင့် သေးတစ်ဆင့်တိုးတက်သွားခဲ့သည်...
ယဲ့ချန်ကို ပို၍ အံ့အားသင့်စေသည်မှာ... သူ၏ရင်ဘတ်ပေါ်ရှိ ကျောက်စိမ်းတုံး ဖြစ်သည်... ယဲ့ချန်သည် ဤကျောက်စိမ်းတုံးမှာ အဘယ်အရာဖြစ်မှန်း မသိရှိပေ... ၎င်းမှာ နတ်ဆိုးသားရဲများနှင့် လူသားကျင့်ကြံသူများ၏ အလောင်းများကို ပြိုကွဲစေနိုင်သည်... ၎င်းကို စွမ်းအင်သန့်များအဖြစ် ပြောင်းလဲပေးနိုင်သော်လည်း အများစုကိုမူ ကျောက်စိမ်းဆွဲသီးကသာ စုပ်ယူသွားသည်... အနည်းငယ်မျှသာ ယဲ့ချန်ဆီသို့ ပြန်လည်ပေးပို့နိုင်သည်... ယဲ့ချန်မှာ အလျင်စလို မရှိပေ... ထိုပြန်လည်ရရှိသော စွမ်းအင်များမှာ အလွန်ပင် သန့်စင်လှသည်... ဤသည်မှာလည်း ယဲ့ချန်ကို အဆင့်မြင့်သူများနှင့် အလွယ်တကူ တိုက်ခိုက်နိုင်စေသည့် သူ၏ လက်နက်ကောင်းတစ်ခု ဖြစ်သည်... ကျောက်စိမ်းဆွဲသီးက စုပ်ယူသည့်အရာများ ပို၍များပြီး ပို၍သန်မာလေလေ ယဲ့ချန် ပြန်လည်ရရှိသည့် စွမ်းအင်မှာ ပိုများလေလေ ဖြစ်သည်...
ယဲ့ချန်သည် ကျောက်စိမ်းဆွဲသီးကို ထုတ်ကြည့်လိုက်သောအခါ အဖြူရောင်မျက်နှာပြင်ပေါ်တွင် ရွှေရောင်အစက်အပြောက်အချို့ ပေါ်လာသည်ကို တွေ့လိုက်ရသည်... တစ်ချိန်တည်းမှာပင် ကျောက်စိမ်းဆွဲသီးမှ ပြန်လည်ပေးပို့သော စွမ်းအင်မှာ ယခင်ကထက် ပိုများလာသည်ဟု ခံစားလိုက်ရသည်... ယဲ့ချန်မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော်လည်း တီကျွယ်တျန်း၏ မျက်နှာမှာ သူ၏စိတ်ထဲတွင် ရုတ်တရက် ပေါ်လာပြန်သည်... သူ၏ စိတ်ထဲတွင် လူသတ်လိုစိတ်များ ပြည့်နှက်နေ၏...
"ချန်အာ... မင်းရဲ့ အမုန်းတရားတွေကို လွှတ်ချလိုက်ပါတော့..."
ယဲ့လင်၏ အသံ ပေါ်ထွက်လာသည်... အတွင်းသို့ ဝင်လာပြီးနောက် သူ၏သားကို ကြည့်လိုက်ရာ မျက်လုံးထဲတွင် ကျန်ရစ်နေသေးသော လူသတ်လိုစိတ်များကို မြင်လိုက်ရသည်... ယဲ့လင် အနည်းငယ် စိုးရိမ်မိသည်...
"ငါတို့က သူ့လို အဆင့်အတန်းမျိုး မဟုတ်ဘူး... ငါတို့အတွက် လက်လှမ်းမမီနိုင်တဲ့အရာက သူ့မျက်လုံးထဲမှာတော့ လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့ ပျက်စီးသွားနိုင်တဲ့ တည်ရှိမှုမျိုးပဲ..."
"မင်း တစ်သက်လုံး အမုန်းတရားနဲ့ အသက်ရှင်နေတာကို ငါ မလိုလားဘူး... တခြားနေရာသစ်တစ်ခုကို သွားပြီး အခြေချကြရအောင်..."
ယဲ့လင်ကို ကြည့်ရင်း... ယဲ့ချန် တိတ်ဆိတ်သွားသည်... သူ၏ဖခင် ဘာကိုဆိုလိုမှန်း သူသိသော်လည်း သူ မလုပ်နိုင်ပေ... သူ၏ ဆွေမျိုးသားချင်းများ သူ၏မျက်စိရှေ့တွင် သေဆုံးသွားသည်ကို တွေးမိရင်း... သူချစ်ရသော အမျိုးသမီး သူ အသက်ရှင်နိုင်စေရန်အတွက် သေဆုံးသွားခဲ့ရသည်ကို တွေးမိရင်း... ယဲ့ချန်မှာ သူ၏ လူသတ်လိုစိတ်ကို မထိန်းချုပ်နိုင်တော့ပေ... သူ၏သား၏ အခြေအနေကို မြင်သောအခါ ယဲ့လင် သက်ပြင်းချလိုက်သည်... တီကျွယ်တျန်းမှာ ယဲ့ချန်၏ စိတ်အတွင်းမိစ္ဆာ ဖြစ်သွားပြီမှန်း သူသိလိုက်ရသည်...
နောက်တစ်နေ့... ယဲ့ချန် နိုးလာသည်... မကောင်းသော နိမိတ်တစ်ခုမှာ သူ၏စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသည်... သူ နောက်သို့ လှည့်ကြည့်လိုက်သည်... အသက်ရှုရပ်တန့်သွားပြီဖြစ်သော ဖြူဖျော့နေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်...
"အဖေ... အဖေ..."
ယဲ့ချန် ထိတ်လန့်စွာ အော်ဟစ်လိုက်သည်... မျက်ရည်များမှာ သူ၏မျက်ဝန်းမှ စီးကျလာသည်... ချက်ချင်းပင် သူ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်... သူ၏မျက်နှာမှာ ဖြူဖျော့နေ၏... သည်းမခံနိုင်သော ဝမ်းနည်းကြေကွဲမှုကို အံတုရင်း သူ သတိလစ်မတတ် ဖြစ်သွားသည်...
"အဖေ... ဘာလို့လဲ..."
"ဘာလို့လဲ..."
ဤအချိန်တွင် ယဲ့ချန်မှာ သူ့ကိုယ်သူ မေးခွန်းထုတ်နေသကဲ့သို့ ယဲ့လင်ကို မေးခွန်းထုတ်နေသကဲ့သို့ပင် ဖြစ်သည်... ယဲ့ချန်သည် ရုပ်အလောင်းကို လှုပ်ခါလိုက်သောအခါ... ယဲ့လင်၏ အဝတ်အစားများထဲမှ အဝတ်စတစ်ခု ကျွတ်ကျလာသည်...
"သား ယဲ့ချန်... မင်း ဒီစာကို ဖတ်နေတဲ့အချိန်မှာ အဖေ ရှိတော့မှာ မဟုတ်ဘူး..."
"မနေ့က မင်းမျက်လုံးထဲမှာ ရှိတဲ့ မကျေနပ်ချက်တွေကို ငါ မြင်ခဲ့ရတယ်... အခုဆိုရင် တီကျွယ်တျန်းက မင်းရဲ့ အတွင်းစိတ်မိစ္ဆာ ဖြစ်သွားပြီ..."
"ဖခင်တစ်ယောက်အနေနဲ့ တာ၀န်မကျေခဲ့ဘူး..."
"မင်းကို ကာကွယ်နိုင်မယ့် စွမ်းရည် ငါ့မှာ မရှိခဲ့ဘူး၊ မင်းကိုတောင် ဆွဲချသလို ဖြစ်ခဲ့ရတယ်..."
"အခုဆိုရင် ဆွေမျိုးသားချင်းတွေ အကုန်လုံး သေဆုံးကုန်ပြီဖြစ်လို့ ငါ့ရဲ့ ရှေးဦးဘိုးဘွားတွေကို ကိုယ်တိုင် သွားရောက် တောင်းပန်မှပဲ ဖြစ်တော့မယ်..."
"ဒီနေ့ကစပြီး မင်းမှာ ဘာအခက်အခဲမှ ရှိတော့မှာ မဟုတ်ဘူး…မင်းကြိုက်တာ လုပ်နိုင်တယ်... မင်းမှာ ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိမှန်း ငါသိတယ်... တခြားသူတွေကို အမြဲ သတိထားပါ... အဖေ မင်းနဲ့အတူ ရှိမနေနိုင်တော့ဘူး..."
"ချန်အာ... စွမ်းအားကြီးမားတဲ့ အဆင့်ကို မရောက်ခင်အထိ အန္တရာယ်ကို မစွန့်စားပါနဲ့..."
"ငါက မင်းကို အမုန်းတရားတွေ လွှတ်ချဖို့ ပြောချင်ခဲ့ပေမဲ့ တစ်နေ့လုံး ရူးမိုက်စွာ အသက်ရှင်နေတာကိုလည်း မမြင်ချင်ဘူး..."
"ဖခင်တစ်ယောက်အနေနဲ့ မင်းကို ကာကွယ်နိုင်တဲ့ စွမ်းအား မရှိခဲ့လို့ မင်းကို အနှောင်အဖွဲ့တွေကနေ လွတ်မြောက်စေဖို့ ဒီနောက်ဆုံးခြေလှမ်းကိုပဲ လှမ်းနိုင်တော့တယ်... နှုတ်ဆက်မသွားဘဲ ထွက်သွားတဲ့ အဖေကို ခွင့်လွှတ်ပါ..."
"ရှေ့မှာ လျှောက်ရမယ့် လမ်းက ရှည်လျားတယ်... မင်း အလွန်သတိထားပါ..."
"ဂရုစိုက်ပါ သား..."
စာကို ဖတ်ပြီးနောက် ယဲ့ချန် စကားမပြောနိုင်တော့ဘဲ ခေါင်းကို နောက်သို့ မော့လိုက်သည်... သူ၏ မျက်ရည်များ မကျလာအောင် တားဆီးနေခြင်း ဖြစ်သည်... သို့သော် ကျဆင်းလာဆဲပင်... မြေပြင်ပေါ်သို့ ဆက်ခနဲ... ဆက်ခနဲ...
"တီကျွယ်တျန်း... မင်းကို မသတ်ရရင် မင်းရဲ့ မိသားစုကို မဖျက်ဆီးရရင် ငါ ယဲ့ချန် တစ်ယောက် လူမိုက်ပဲ ဖြစ်ပါစေ..."
ယဲ့ချန်၏ ဆံပင်များမှာ အနက်ရောင်မှ အဖြူရောင်သို့ ပြောင်းလဲသွားသည်... သူသည် ယဲ့လင် ရေးသားထားသော စာကို သူ၏ရင်ဘတ်နားတွင် သိမ်းဆည်းလိုက်သည်... သူ၏ ဖခင်ကို ပွေ့ဖက်ကာ အပြင်ဘက်သို့ တစ်လှမ်းချင်းစီ လျှောက်သွားလိုက်သည်... သူ၏ ကိုယ်ခန္ဓာမှာ ဘယ်အချိန်မဆို ပြိုလဲသွားနိုင်သကဲ့သို့ ယိမ်းယိုင်နေ၏... သို့သော် အပြင်ဘက်သို့ လှမ်းသမျှ ခြေလှမ်းတိုင်းမှာ ခိုင်မာနေသည်...
"အဖေ... ကျွန်တော် လက်စားချေပြီးတဲ့အထိ စောင့်နေပေးပါ… ပြီးရင် ကျွန်တော် အဖေ့ကို အိမ်ပြန်ခေါ်သွားမယ်…ကျွန်တော်တို့ ယဲ့မိသားစုဆီ ပြန်ခေါ်သွားမယ်... သားရဲ့ မိုက်မဲမှုကို ခွင့်လွှတ်ပါ..."
ယဲ့ချန်မှာ သစ်ပင်ကြီးတစ်ပင်ကို ရှာတွေ့သွားသည်... သူသည် လူတစ်ယောက်ကို မြှုပ်နှံနိုင်လောက်သည့် ကျင်းကို သူ၏လက်ဗလာဖြင့် တူးလိုက်သည်... နာကျင်မှုကို အံတုရင်း သူ၏ ဖခင်ကို မြှုပ်နှံလိုက်သည်... အပေါ်တွင် ကျောက်စာတိုင်တစ်ခု ပေါ်လာသည် - ယဲ့လင်၏ ဂူဗိမာန်...
"အဖေ... ကျွန်တော် လက်စားချေပြီးတဲ့အထိ စောင့်နေပေးပါ၊ ပြီးရင် ကျွန်တော် အဖေကို လာကြည့်ပါ့မယ်... စိတ်ချပါ…ဒီအချိန်က သိပ်ကြာမှာ မဟုတ်ပါဘူး..."
ဤစကားကို ပြောပြီးနောက် ယဲ့ချန်မှာ နောက်သို့ လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားသည်... ဤအချိန်တွင် ထိုက်ယန်နယ်မြေ ၏ ရှုခင်းများကို ကြည့်ရှုနေသော တီကျွယ်တျန်းမှာ တစ်စုံတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်... ထိုအမျိုးသမီးမှာ ဇာပုဝါ ဝတ်ဆင်ထားပြီး သူမ၏ အစစ်အမှန်မျက်နှာကို မမြင်ရပေ... အမျိုးသမီး၏ ပတ်ပတ်လည်တွင် မကြာခဏ ပေါ်လာသည့် အရှိန်အဝါများမှာ သူမ ဒေါသအမျက်ဖြင့် ပြည့်နှက်နေကြောင်း ပြသနေသည်...
"နတ်ဘုရားသားတော်... ဒီအမျိုးသမီးက နှလုံးသားမဲ့ နန်းတော် ရဲ့ သခင်မရဲ့ သမီး လဲ့ချင်းပါ…သူမက ယဲ့ချန် ရှိရာနေရာကို စုံစမ်းနေတဲ့သူပါ..."
တီကျွယ်တျန်း ကြည့်လိုက်သည်... တီကျွယ်တျန်း၏ ရထားလုံးမှာ အတွင်းမှနေ၍ အပြင်ကို မြင်ရသော်လည်း အပြင်မှသူများမှာ အတွင်းကို မမြင်နိုင်ပေ... အေးစက်စက်နှင့် မစော်ကားရဲစရာ ကောင်းလှသည့် ဤအမျိုးသမီးကို ကြည့်လိုက်သည်... တီကျွယ်တျန်းမှာ အနည်းငယ်မျှ စိတ်ဝင်စားမှု မရှိပေ... စနစ်၏ အသိပေးသံ မမြည်ပါက တီကျွယ်တျန်းသည် ဤအမျိုးသမီးကို သတ်ပစ်ခိုင်း လိုက်လိမ့်မည် ဖြစ်သည်...
အမည် - လဲ့ချင်း
နှလုံးသားမဲ့နန်းတော် ၏ သန့်စင်သမီးတော် ကံကြမ္မာသမီးတော်
ကိုယ်ခန္ဓာ -ရေခဲနှင့်နှင်း သန့်စင်သောကိုယ်ခန္ဓာ
ကံကြမ္မာတန်ဖိုး - ၁၀၀၀
ကျင့်စဉ် - (ရေခဲနှင့်နှင်း နတ်ဘုရားကျင့်စဉ်)၊ ( ရေခဲကြာပွင့်တံဆိပ်)(အရပ်ဆယ်မျက်နှာ အေးခဲခြင်း)...
သူမမှာ ကံကြမ္မာ၏ သမီးတော် ဇာတ်လိုက်မ ဖြစ်ပုံရသည်... တီကျွယ်တျန်းမှာ အမျိုးသမီး၏ အချက်အလက်များကို ကြည့်လိုက်သည်... ယခင်က လီရှီးမှာလည်း ကံကြမ္မာသမီး တော် ဖြစ်သော်လည်း ကံကြမ္မာတန်ဖိုးမှာ ၈၀၀ သာ ရှိသည်... မျက်နှာပြင်ပေါ်တွင် လီရှီးမှာ ယဲ့ချန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသော်လည်း အမှန်တကယ်တွင် တီကျွယ်တျန်းက လီရှီး၏ စိတ်စွမ်းအား၊ စွမ်းအင်နှင့် ဝိညာဉ်တို့ကို ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်...
"နတ်ဘုရားသားတော် ကျွယ်တျန်း... ကျေးဇူးပြုပြီး ကျွန်မကို တွေ့ဆုံပေးပါ..."
ဤအချိန်တွင် လဲ့ချင်း၏ လေသံမှာ အမိန့်ပေးသည့် လေသံမျိုး ဖြစ်နေသည်...
တီကျွယ်တျန်း မဲ့ပြုံး ပြုံးလိုက်သည်... ဤကံကြမ္မာသမီး တော်များနှင့် ကံကြမ္မ သားတော်တို့မှာ အားလုံး ဒီလိုပဲ ဖြစ်ကြသည်... တကယ်ကို ပျင်းစရာကောင်းလိုက်တာ...
"သူမကို ဖိနှိပ်ပြီး တံခါးဝမှာ ဒူးထောက်ခိုင်းထားလိုက်... ပြီးရင် သူမနောက်က ပုန်းနေတဲ့ စောင့်ရှောက်သူကို ကိုယ်အင်္ဂါ ချို့တဲ့အောင် လုပ်လိုက်ပြီး နှလုံးသားမဲ့နန်းတော်ကို ကို သတိပေးချက် ပေးလိုက်ပါ..."
ဤစကားကို ပြောပြီးနောက် တီကျွယ်တျန်း မျက်လုံးများကို မှိတ်လိုက်သည်... အပြင်ဘက်တွင် လဲ့ချင်းသည် တစ်စုံတစ်ယောက်မျှ ထွက်မလာသည်ကို မြင်သောအခါ စိတ်အနှောင့်အယှက် ဖြစ်သည့် အမူအရာ ပေါ်လာသည်... သူမ မတုံ့ပြန်မီမှာပင် ခမ်းနားထည်ဝါသော ကောင်းကင်အရှိန်အဝါတစ်ခု ကျရောက်လာသည်... ဤအချိန်တွင် လဲ့ချင်းမှာ ကောင်းကင်ပြိုကျတော့မည့် ခံစားချက်ကို ခံစားလိုက်ရ၏... သူမ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်... သူမ၏ မျက်နှာမှာ ဖြူဖျော့နေ၏... သူမသည် ဒူးထောက်လိုက်ရသည်... လဲ့ချင်း၏ အစောင့်မှာ အမူအရာ ပြောင်းလဲသွားသည်... သို့သော် သူမ၏ နောက်တွင် လက်ကြီးတစ်ဖက် ပေါ်လာသည်... ကြက်ပေါက်လေးတစ်ကောင်ကို ညှစ်သကဲ့သို့ပင်...
"ပြန်သွားပြီး စကားတစ်ခွန်း သွားပြောလိုက်ပါ..."
"မင်းတို့ရဲ့ သန့်စင်သမီးတော်က ငါတို့ရဲ့ နတ်ဘုရားသားတော်ကို ဒေါသထွက်အောင် လုပ်မိတယ်..."
"သူမက အပြစ်ပေးတဲ့အနေနဲ့ တံခါးရှေ့မှာ ဒူးထောက်နေရတာ..."
"နှလုံးသားမဲ့နန်းတော်က က အမတ နယ်မြေ ကနေ ပျောက်ကွယ်သွားတာကို မလိုချင်ရင် ဘာလုပ်ရမလဲဆိုတာ သိမှာပေါ့”