အခန်း( ၅၀) သုံးဦးပြန်လည်ဆုံစည်းခြင်း
ဝေယန်ဖုန်းနှင့် ရွှယ်ယောင်တို့ ဖန်းလုံတောင်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး ခမ်းနားလှသော ပင်မခန်းမကြီး ရှေ့သို့ ရောက်သည့်အခါတွင်မူ ထိုင်ခုံတစ်ခုပေါ်၌ လဲလျောင်းနေသော လုယွမ်ကို တွေ့လိုက်ရသည်။
လုယွမ်သည် အလွန်အမင်း စိတ်အေးလက်အေး ရှိနေပုံရသည်။ သူသည် အခွင့်အရေး ရှာဖွေရန် ရောက်လာသူတစ်ဦးနှင့် လုံးဝမတူဘဲ အားလပ်ရက်အပန်းဖြေရန် ရောက်လာသူတစ်ဦးကဲ့သို့ ပျော်ရွှင်နေသည်။
"စီနီယာလုယွမ်... စီနီယာက ဘာလို့ ဒီမှာ လဲလျောင်းနေတာလဲ" ရွှယ်ယောင်သည် အလျင်အမြန် လျှောက်သွားပြီး သိလိုစိတ်ဖြင့် မေးလိုက်သည်။
ဒီဖန်းလုံဂိုဏ်းထဲသို့ ဝင်ရောက်လာနိုင်ရန် အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရသည်။ သို့ပါလျက်နှင့် အခွင့်အရေးနှင့် ကံကောင်းခြင်းများကို ရှာဖွေမည့်အစား ဒီနေရာတွင် လာအိပ်နေသည်မှာ သူမနှင့် ဝေယန်ဖုန်းတို့အတွက် လုံးဝ မယုံကြည်နိုင်စရာ ဖြစ်နေသည်။
သို့သော် သူတို့၏ အမြင်တွင်မူ လုယွမ် ဤသို့ပြုလုပ်ရခြင်းမှာ အကြောင်းရင်း တစ်ခုခု ရှိနိုင်ပေမည်။
"ရောက်လာကြပြီလား..အခွင့်အရေးတွေ ရခဲ့ကြရဲ့လား" လုယွမ်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး သူတို့နှစ်ဦးကို ကြည့်ကာ မေးလိုက်သည်။
"ကျွန်မ ကျမ်းစာတိုက်မှာ ကျင့်စဉ်တစ်ခုကို နားလည်သဘောပေါက်ခဲ့ပါတယ်..." ရွှယ်ယောင်က ခေါင်းညိတ်ပြီး ပြန်ဖြေသည်။
"ကျွန်တော်က စိတ်ဓာတ်စမ်းသပ်မှုတစ်ခုကို ဖြတ်ကျော်ခဲ့ပြီး နတ်ဝိညာဉ်အဆင့် ဖောက်ထွက်ဆေးလုံး တစ်လုံး ရခဲ့တယ်..." ဝေယန်ဖုန်းက ပြန်ဖြေသည်။
နတ်ဝိညာဉ်အဆင့် ဖောက်ထွက်ဆေးလုံး…
ဒါကို ကြားသောအခါ လုယွမ်မှာ အနည်းငယ် အံ့ဩသွားသည် ပထမသူရှာနေချိန်က မတွေ့သဖြင့် ဒီဆေးလုံးမျိုး အမှန်တကယ် ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ အော် ကံတရားကလည်း လိုသေးတာပဲ။
သို့ပေသိ အလွန်ကောင်းသည် ဂိုဏ်းရောက်လို့ သူ၏ 'စနစ်' ပြန်လည် အသုံးပြုလို့ရသည်နှင့် သူ ချက်ချင်း ကူးယူခြင်း လုပ်ဆောင်နိုင်တော့မည်။
ဝေယန်ဖုန်း၏ လက်ထဲတွင်ရှိသော နတ်ဝိညာဉ်အဆင့် ဖောက်ထွက်ဆေးလုံးကို သူကူးယူနိုင်မည်ဖြစ်သည်။
ထိုအခါတွင်မူ သူသည် အဆုံးမရှိသော နတ်ဝိညာဉ်အဆင့် ဖောက်ထွက်ဆေးလုံးများကို အဆက်မပြတ် ကူးယူ... ကူးယူနိုင်တော့မည်ဖြစ်သည်။
အကယ်၍ ထိုဆေးလုံးအားလုံးကို ဂိုဏ်းအတွင်းရှိ ကျင့်ကြံသူများအားလုံးကို ပေးအပ်လိုက်ပါက... နောင်တစ်ချိန်တွင် ကောင်းကင်မြစ်ဂိုဏ်း၌ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ရာနှင့်ချီ၍ ပေါ်ထွက်လာရန်မှာ ပြဿနာ မဟုတ်တော့ပေ အကယ်၍သာ ထိုအရာသာ ဖြစ်လာနိုင်ပါက ကောင်းကင်မြစ်ဂိုဏ်းသည် မဟာယန်မင်းဆက်တွင် အင်အားအကြီးဆုံးနှင့် ပြိင်ဘက်ကင်းသော တည်ရှိမှု ဖြစ်လာမည်မှာ အသေအချာပင်။
"ဂျူနီယာ ဝေ... မင်းရဲ့ ကံက တကယ်ကို ကောင်းတာပဲ..." လုယွမ်က ချီးကျူးစကား ဆိုလိုက်သည်။
"ကံကောင်းတာပါ..." ဝေယန်ဖုန်းက ခေါင်းခါလိုက်သည် "စီနီယာလုယွမ် ဒီမှာ စိတ်အေးလက်အေး အိပ်နေတာကို ကြည့်ရတာ စီနီယာလည်း တန်ဖိုးရှိတဲ့ အခွင့်အရေးတစ်ခုခု ရထားလို့ပဲ ဖြစ်မယ်"
"အဲဒီလိုလည်း ဆိုနိုင်တာပေါ့..." လုယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည် "မင်းတို့နှစ်ယောက် ဒီခန်းမကြီးထဲ ဝင်ကြည့်ကြဦး... တစ်စုံတစ်ခု ရနိုင်တဲ့ ကံပါကောင်း ပါလိမ့်မယ်"
"စီနီယာလုယွမ်... ဒါဆိုရင် ကျွန်တော် အရင် ဝင်ကြည့်လိုက်တော့မယ်..." ဝေယန်ဖုန်းက ခေါင်းညိတ်ကာ ခန်းမထဲသို့ တိုက်ရိုက် လျှောက်ဝင်သွားသည်။ အချိန်အနည်းငယ်သာ ကျန်တော့သည်မို့ အချိန်ကို အမိအရ ဆုပ်ကိုင်ထားရမည်။
"စီနီယာ... ဒါဆိုရင် ကျွန်မလည်း ဝင်ကြည့်လိုက်ပါဦးမယ်..." ရွှယ်ယောင်က နူးညံ့စွာ ပြောသည်။
"သွားလိုက်ကြပါ" လုယွမ်က လက်ခါပြလိုက်သည်။
မသိလိုက်ခင်မှာပင်။
အချိန်တစ်နာရီကျော် ထပ်ကုန်သွားသည်။ ဝေယန်ဖုန်းနှင့် ရွှယ်ယောင်တို့သည် ခန်းမကြီးထဲမှ ပြန်ထွက်လာကြသည်။
သူတို့၏ ပျော်ရွှင်နေသော မျက်နှာအမူအရာများကို ကြည့်ခြင်းအားဖြင့် ခန်းမထဲတွင် တခြား အခွင့်အရေးများ ရှိနေခဲ့သည်မှာ ထင်ရှားသည်။
သို့သော် လုယွမ်မှာမူ မနာလိုခြင်း လုံးဝ မရှိပါ။ အဘယ်ကြောင့်ဆိုသော် အပြင်ရောက်သည်နှင့် သူသည် ဖန်းလုံတောင်တစ်ခုလုံးကို ပိုင်ဆိုင်နိုင်တော့မည် ဖြစ်သောကြောင့်ပင်။
"ဖန်းလုံဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ကျင့်စဉ်တွေနဲ့ အမွေအနှစ်တွေက ဒီခန်းမကြီးထဲမှာ အကုန်ရှိနေလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့မိဘူး..." ခန်းမထဲမှ ထွက်လာပြီးနောက် ရွှယ်ယောင်က အံ့ဩတကြီး ပြောလိုက်သည်။ သူမသည် ဝိညာဉ်အသွင်ပြောင်းလဲခြင်း အဆင့်ထက် မြင့်မားသော အဆင့်အထိ ကျင့်ကြံနိုင်သည့် နောက်ထပ် အမွေအနှစ် ကျင့်စဉ်တစ်ခုကို ရရှိခဲ့သည်။
"ဟုတ်တယ်" ဝေယန်ဖုန်းက ခေါင်းညိတ်သည်။ သူတို့နှစ်ဦးလုံးမှာ ကံနှင့် ပါရမီကောင်းသူများ ဖြစ်ကြသည်။ ခန်းမထဲသို့ ဝင်ရောက်ချိန်မှ ပြန်ထွက်လာချိန်အထိ အချိန်တစ်နာရီကျော်မျှသာ ကြာမြင့်ခဲ့သည်။
"မင်းတို့ နောက်ထပ် ဘာလုပ်ဖို့ စီစဉ်ထားသလဲ" လုယွမ်က သူတို့ကို ကြည့်ကာ မေးလိုက်သည်။
"ကျွန်တော် နတ်ဝိညာဉ်အဆင့် ဖောက်ထွက်ဆေးလုံး ရခဲ့ပြီးပြီ... ဒီခန်းမထဲမှာလည်း အရေးကြီးတဲ့ အမွေအနှစ်ကို ရခဲ့တဲ့အတွက် အလွန်ကျေနပ်ပါတယ်... တခြားဘာကိုမှ မလိုတော့ပါဘူး..." ဝေယန်ဖုန်းက တိုက်ရိုက် ပြန်ဖြေသည်။
သူ့အမြင်အရဆိုလျှင် သူ လုပ်ရမည့်အရာမှာ ဖန်းလုံလျှို့ဝှက်နယ်မြေမှ ဘေးကင်းစွာ ထွက်ခွာသွားရန် ဖြစ်သည်။ ထို့နောက် ကောင်းကင်မြစ်ဂိုဏ်းသို့ ပြန်သွားပြီး ကျင့်ကြံရန်အတွက် တံခါးပိတ် ကျင့်ကြံခြင်းကို စတင်ရမည်။
ဆယ်စုနှစ်အနည်းငယ် တံခါးပိတ် ကျင့်ကြံပြီးနောက် သူ ထွက်လာသည့်အခါ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်လာနိုင်ပေမည်။
"ကျွန်မရဲ့ အတွေးလည်း စီနီယာဝေနဲ့ အတူတူပါပဲ ဒီအမွေအနှစ်တွေကို ရဖို့က တကယ်မလွယ်ပါဘူး" ရွှယ်ယောင်က ခေါင်းညိတ်လိုက်သည် "စီနီယာလုယွမ်... အခုက စိတ်အေးလက်အေး နေရမယ့် အချိန်မဟုတ်တော့ဘူး... ဒီဖန်းလုံလျှို့ဝှက်နယ်မြေကနေ ဘေးကင်းစွာ ထွက်နိုင်မယ့် နည်းလမ်းကို ရှာရမယ်"
"ဘာလို့လဲဆိုတော့ နောက်ဆုံးအချိန်တွေမှာ လူသတ်ပြီး ရတနာလုယူတဲ့ အဖြစ်အပျက်တွေက ပိုပြီး များပြားလာမှာမို့လို့ပါ"
နောက်ဆုံးအချိန်အထိ အသက်ရှင်ကျန်ရစ်သူ ကျင့်ကြံသူများသည် ဤနယ်မြေထဲတွင် အခွင့်အရေးအချို့ ရှာတွေ့ထားကြသူများ ဖြစ်သည်။ ၎င်းက ကျင့်ကြံသူအချို့ကို အခွင့်အရေးများ လုယူရန် တွန်းအားပေးလိမ့်မည်။ ဖြစ်နိုင်သည်မှာ... အစစ်အမှန် အခက်အခဲအကျပ်အတည်းမှာ အခုမှ စတင်တော့မည် ဖြစ်သည်။
"လက်ရှိမှာတော့ ဒီဖန်းလုံတောင်ပေါ်မှာ ငါတို့ သုံးယောက်ပဲ ရှိတဲ့အတွက် တော်တော်လေး ဘေးကင်းတယ်လို့ ပြောလို့ရတယ်..." လုယွမ်က တိုက်ရိုက် ပြောလိုက်သည် "ငါတို့ ဒီမှာပဲ နေပြီး ဖန်းလုံလျှို့ဝှက်နယ်မြေရဲ့ ထွက်ပေါက် ပွင့်လာတဲ့အထိ စောင့်ကြတာပေါ့"
"စီနီယာလုယွမ် ပြောတဲ့အတိုင်းပဲ လုပ်ပါမယ်" ဝေယန်ဖုန်းက ပြန်ဖြေသည်။
ထို့အပြင်… ဖန်းလုံတောင်ပေါ်ရှိ ဝိညာဉ်စွမ်းအင်မှာ အလွန်ထူထပ်ပြီး သန့်ရှင်းသဖြင့် သူတို့အနေဖြင့် အချိန်ယူပြီး ကောင်းကောင်း ကျင့်ကြံနိုင်သည်။
ချက်ချင်းပင် ဝေယန်ဖုန်းသည် ထိုင်ကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။ ပတ်ဝန်းကျင်ရှိ သန့်ရှင်းသော ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များမှာ သူ့ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စီးဝင်လာသည်။
"စီနီယာလုယွမ်... အရင်တုန်းကတော့ ဖန်းလုံဂိုဏ်းက ဘယ်လောက်ထူးခြားကြောင်း ကြားဖူးရုံပဲ ရှိသေးတယ်။ အခုတော့ ကိုယ်တိုင် မျက်မြင်တွေ့ရမှ ဒီထူးခြားမှုက စိတ်ကူးယဉ်နိုင်တာထက် ပိုလွန်တယ်ဆိုတာကို သိလိုက်ရတယ်" ရွှယ်ယောင်သည် လုယွမ်ဘေးသို့ လာပြီး စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည် "အနာဂတ် ကောင်းကင်မြစ်ဂိုဏ်းက ဖန်းလုံဂိုဏ်းရဲ့ အဆင့်ကို ရောက်နိုင်ပါ့မလား"
"ဂိုဏ်းထဲက လူတိုင်း အတူတူ ကြိုးစားသရွေ့ ကောင်းကင်မြစ်ဂိုဏ်းက ဖန်းလုံဂိုဏ်းရဲ့ အထွတ်အထိပ် အခြေအနေကို ရောက်ရုံတင်မကဘဲ အဲဒီထက် အများကြီး သာလွန်သွားလိမ့်မယ်လို့ ငါ ယုံကြည်တယ်" လုယွမ်က နူးညံ့စွာ ပြောလိုက်သည်။
"ဒီတစ်ခါ ဂိုဏ်းကို ပြန်ရောက်ရင် ကျွန်မ တံခါးပိတ်ကျင့်ကြံတော့မယ်..." ရွှယ်ယောင်က သူမ၏ အနာဂတ်အတွက် စီစဉ်ထားပြီးသား ဖြစ်ကြောင်း ဆက်ပြောသည်။ သူမ အပြင်းအထန် ကျင့်ကြံရမည် နှစ်ဆ ကြိုးစားရမည်။ ထိုသို့လုပ်မှသာ သူမနှင့် လုယွမ်ကြားက ကွာဟချက်ကို တဖြည်းဖြည်း လျှော့ချနိုင်လိမ့်မည်ဟု သူမ ခံစားရသည်။
"ကျင့်ကြံသူတွေက ကျင့်ကြံခြင်းကို အဓိကထားရမယ် ဂျူနီယာညီမ ရွှယ်... ညီမ လုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ် နာဂတ်မှာ ညီမလည်း စစ်မှန်တဲ့ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမှာပါ" လုယွမ်က လွန်စွာ လေးနက်စွာ ပြောလိုက်သည်။
ထိုစကားများအပြီးတွင် ရွှယ်ယောင်မှာ စိတ်ထဲ၌ လွန်စွာ ပျော်ရွှင်သွားသည်။ သူတို့နှစ်ဦးသည် အကြောင်းအမျိုးမျိုးကို စကားစမြည် ပြောဆိုနေကြသည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်မှာ အလွန်ပင် သာယာလှပနေသည်။ သို့သော် မကြာမီမှာပင် အခြားသူများ ဖန်းလုံတောင်ပေါ်သို့ ရောက်ရှိလာကြောင်း လုယွမ် သိလိုက်ရသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဤနေရာသည် သူတို့ပဲ ရှာတွေ့နိုင်သည့် နေရာမဟုတ်ပေ။ အခြားဂိုဏ်းများမှ ပါရမီရှင်များစွာလည်း ဤဖန်းလုံလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ထားကြသည်။
"တစ်ယောက်ယောက် လာနေပြီ..." လုယွမ်က ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ ရွှယ်ယောင်သည် တောင်ပံတံခါးဘက်သို့ တိုက်ရိုက် ကြည့်လိုက်သည်။ "စီနီယာလုယွမ်... ကျွန်မတို့ ပုန်းနေရမလား သူတို့သာ ကျွန်မတို့ကို တွေ့ရင် တိုက်ခိုက်လာနိုင်တယ်"
ဤဖြစ်နိုင်ခြေမှာ အလွန်မြင့်မားသည်။ သို့သော် အကယ်၍ သူတို့သာ တိုက်ခိုက်လာပါကလည်း လုယွမ်အနေဖြင့် အနိုင်ရရှိရန် အကြွင်းမဲ့ ယုံကြည်ချက် ရှိနေသည်။
"ငါတို့ ပုန်းစရာ မလိုဘူး" လုယွမ်က ခေါင်းခါလိုက်သည် "ငါတို့က ပြဿနာရှာတာကို မုန်းပြီး ဖြစ်နိုင်ရင် တိုက်ခိုက်တာကို ရှောင်ရှားချင်တဲ့သူတွေ ဖြစ်ပေမဲ့... တစ်ဖက်လူက ပြဿနာရှာပြီး တိုက်ခိုက်လာမယ်ဆိုရင်တော့ သူတို့ကို နောင်တရသွားစေ ရမယ်"
"စီနီယာလုယွမ်က အကြွင်းမဲ့ ယုံကြည်မှု ရှိနေပုံပါပဲ" ရွှယ်ယောင်က အံ့ဩစွာ ပြောလိုက်သည်။
"ဒါကတော့ သေချာပေါက်ပါပဲ..." လုယွမ်က ယုံကြည်မှုရှိစွာ ပြုံးလိုက်သည်။