အခန်း (၃၇) - ကဲ... မင်းတို့နှစ်ယောက်ကို လမ်းခရီးအတွက် ပို့ပေးရမယ့် အချိန်တန်ပြီ
သွေးမြွေဟောက်ကြီး ညွှန်ပြသော လမ်းကြောင်းအတိုင်း လုယွမ် လျင်မြန်စွာ ရွေ့လျားခဲ့သည်။
အချိန်အကြာကြီး မကြာလိုက်ဘဲ သူသည် သွေးစွန်းသော နယ်မြေမှနေ၍ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့သည်။
သို့သော်လည်း.. သူ၏ ရှေ့မှောက်တွင် သစ်တောကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ထိုသစ်တောကြီးတစ်ခုလုံးမှာ တစ်စုံတစ်ခုကို လျှို့ဝှက်ဖုံးကွယ်ထားသည့် ခံစားချက်ကို ပေးစွမ်းနေသည်။
လုယွမ်သည် အခြားသော တွေးတောမှုများ မပြုလုပ်တော့ဘဲ ထိုသစ်တောကြီးထဲသို့ တိုက်ရိုက် ခြေလှမ်းလှမ်း ဝင်ရောက်သွားခဲ့သည်...
ကြောက်ရွံ့ခြင်း အကြောင်းရင်း အားလုံးသည် လုံလောက်သော စွမ်းအား မရှိခြင်းကြောင့်သာ ဖြစ်သည်။
လုယွမ်၌ ယခုအခါ လုံလောက်သော စွမ်းအားများ ရှိနေပြီးဖြစ်ရာ သူကြောက်ရွံ့စရာ ဘာမျှမရှိပေ။
ဤသစ်တောထဲတွင် ဘာရှိနေပါစေ.. ဂရုစိုက်စရာ မလိုချေ
မည်သူမဆို သူ့ကို တိုက်ခိုက်ရဲပါက.. နတ်ဘုရားနှင့် တွေ့လျှင် နတ်ဘုရားကို ပါသတ်ပစ်မည်သာ ဖြစ်သည်
သစ်တောကြီးမှာ အလွန်ပင် တိတ်ဆိတ်နေသည်။
လွန်ကဲသော တိတ်ဆိတ်မှုက တစ်နယ်မြေလုံးကို အလွန်ပင် ထိတ်လန့်ခြောက်ခြားဖွယ် ဖြစ်စေသည်။
မကြာမီပင်.. သွေးနံ့တစ်ခု ရှေ့ဘက်ဆီမှနေ၍ တလွင့်လွင့် ရောက်ရှိလာခဲ့သည်။
လုယွမ် သူ၏ ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။
သူသည် အကွာအဝေး အနည်းငယ်မျှ လျှောက်လှမ်းခဲ့သည်။
လုယွမ်၏ မြင်ကွင်းအတွင်း၌ အလောင်းများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ဖြစ်ရပ်နေရာမှ အခြေအနေများကို ကြည့်ခြင်းအားဖြင့်.. ဤကျင့်ကြံသူများသည် တစ်စုံတစ်ခုကို အလုအယက် ယှဉ်ပြိုင်ရင်း တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်ခဲ့ကြပုံရကြောင်း ဆုံးဖြတ်နိုင်သည်။
"သူတို့ ဖန်းလုံလျှို့ဝှက်နယ်မြေထဲ ဝင်လာတာ မကြာသေးဘူး.. လူတွေ ဒီလောက်တောင် သေကုန်ကြပြီပဲ" လုယွမ် ခေါင်းခါယမ်းလိုက်သည်။
"ရတနာတွေအတွက်ဆိုရင်.. ဝိညာဉ်ဆေးပင် တစ်မျိုးတည်းအတွက်တောင်မှ ကျင့်ကြံသူတွေက တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်ဖို့ ဝန်မလေးကြဘူးပဲ"
"တကယ်ပါပဲ.. ဒီလျှို့ဝှက်နယ်မြေထဲမှာဆိုရင်တော့ 'အင်အားကြီးသူက အားနည်းသူကို စားသုံးခြင်း' ဆိုတဲ့ တောရိုင်းဥပဒေက အပြည့်အဝ သက်သေပြနေတာပဲ"
သူ့ရှေ့မှောက်က မြင်ကွင်းကို ကြည့်ရှုပြီးနောက်။
လုယွမ် ဤနေရာတွင် ဆက်လက် မရပ်တန့်နေတော့ချေ။
သူသည် နက်ရှိုင်းသော နေရာဆီသို့ တိုက်ရိုက် ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။
ယခု လက်ရှိ အရေးအကြီးဆုံးကိစ္စမှာ ဖန်းလုံတောင်ကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေတွေ့ရှိရန် ဖြစ်သည်
ဒီသစ်တော ကြီး၏ နောက်ကွယ်တွင် တောင်ကြီးအချို့ ရှိနေသေးသည်.. ၎င်းတို့ထဲမှ တစ်ခုခုက ဖန်းလုံတောင် ဟုတ်မဟုတ် သူ မသိရသေးပေ။
ရောက်ရှိသွားမှသာလျှင် သူ သိရှိနိုင်မည် ဖြစ်သည်... ဒီသစ်တောကြီး အတွင်း၌သားရဲ အမြောက်အမြားလည်း ရှိနေသည်။
သားရဲ အများစုမှာ သေးငယ်ကြပြီး ပုန်းအောင်းနေသည့်အခါ မျက်စိဖြင့် မြင်တွေ့ရန် ခက်ခဲလှသည်။
သစ်တောကြီးထဲသို့ ဝင်ရောက်ပြီးနောက်.. လုယွမ်သည် သားရဲများ၏ ရုတ်တရက် တိုက်ခိုက်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရသည်။
အကယ်၍ အခြားသော ကျင့်ကြံသူများ ဖြစ်ပါက.. ထိုသားရဲများ အောင်မြင်သွားနိုင်ဖွယ် ရှိသည်။
သို့သော် လုယွမ်နှင့် ဆုံတွေ့သည့်အခါတွင်မူ.. ထိုသားရဲများမှာ သေဆုံးခြင်းကိုသာ ဆုံတွေ့ခဲ့ကြရသည်။
ဒိန်း…
ဒိန်း…
မကြာမီပင်…
လုယွမ် သစ်တောကြီးထဲတွင် ရှိနေဆဲ ဖြစ်သော်လည်း.. မနီးမဝေးတွင် ပေါက်ကွဲသံကြီးများကို ကြားလိုက်ရသည်။
၎င်းကို မြင်လိုက်ရသည့်အခါ။
လုယွမ် ထိုအသံ ထွက်ပေါ်လာသည့် လမ်းကြောင်းဆီသို့ အမြန်ပင် ဦးတည် သွားရောက်ခဲ့သည်။
ခဏမျှ ကြာပြီးနောက်။
သူသည် အလွန် ရှေးကျပြီး မြင့်မားသော အဆောက်အအုံတစ်ခုကို မြင်တွေ့လိုက်ရသည်။
အဆောက်အအုံတစ်ခုလုံးက လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များကို ထုတ်ဖော်နေသည်။
အဆောက်အအုံ ပတ်လည်တွင် လူပုံသဏ္ဌာန် ရုပ်တုများ အမြောက်အမြား ရှိနေသည်။ ထိုရုပ်တုများသည် ကြီးမားသော တူများကို ကိုင်ဆောင်ထားကြပြီး အစွမ်းထက်သော ခံစားချက်ကို ပေးစွမ်းနေသည်။
ဤအဆောက်အအုံ၏ အဝင်ဝတွင်။
ကျင့်ကြံသူ နှစ်ဦး စုဝေးနေကြသည်။
ထိုသူနှစ်ဦး ဝတ်ဆင်ထားသော အဝတ်အစားများကို ကြည့်ခြင်းအားဖြင့်။
သူတို့မှာ တူညီသော ဂိုဏ်းမှ ဖြစ်ကြပုံရသည်။
သူတို့နှစ်ဦးသည် အဆောက်အအုံ၏ တံခါးကြီးကို စဉ်ဆက်မပြတ် တိုက်ခိုက်နေကြသည်။
နှမြောစရာကောင်းသည်မှာ။
အဆောက်အအုံတစ်ခုလုံးကို အထူး တားမြစ်ချက်အစီအရင် တစ်ခုဖြင့် ကာကွယ်ထားသည်။
သူတို့ မည်မျှပင် တိုက်ခိုက်ပါစေ.. တားမြစ်ချက်အစီအရင်က တစ်ချက်ပြီးတစ်ချက် ပိတ်ဆို့ထားလိုက်သည်။
"စီနီယာအစ်ကို... ငါတို့ ဘာလုပ်ကြမလဲ တားမြစ်ချက်အစီအရင်နဲ့ ကာကွယ်ထားလိမ့်မယ်လို့ မထင်ထားမိဘူး…ငါတို့နှစ်ယောက် ပေါင်းတိုက်ရင်တောင်မှ ဖောက်လို့ မရနိုင်ဘူး ထင်တယ်" လူငယ်တစ်ဦးက မကျေမနပ်ဖြင့် ဆိုလိုက်သည်.. "အတွင်းထဲမှာ ကောင်းမွန်တဲ့ အရာတွေ သေချာပေါက် ရှိရမယ် ဒီအတိုင်း လက်လျှော့လိုက်ရရင်တော့ တကယ်ကို မကျေနပ်နိုင်ဘူး"
"ငါတို့ နှစ်ယောက်လုံးက တားမြစ်ချက်အစီအရင်နဲ့ ပတ်သက်ပြီး နားမလည်တာကတော့ နှမြောစရာပဲ တားမြစ်ချက်အစီအရင်ကို ဖျက်ဆီးချင်ရင်တော့ တားမြစ်ချက်အစီအရင် ကျွမ်းကျင်သူ တစ်ယောက်ကို ရှာရတော့မယ် ထင်တယ်" ဟု အခြားတစ်ဦးက အမြန် ပြောဆိုလိုက်သည်။
"ကျင့်ကြံဖော်တို့... ကျွန်တော်က တားမြစ်ချက်အစီအရင် ကျွမ်းကျင်သူတစ်ယောက်ပါ ကျွန်တော်တို့ ပူးပေါင်းပြီး အတွင်းထဲက ရတနာတွေကို သုံးဦး သုံးဖက် ခွဲဝေယူကြရင်ကော" ဤအချိန်တွင် လုယွမ် တက်ကြွစွာ ထွက်ပေါ်လာပြီး နူးညံ့စွာ ဆိုလိုက်သည်။
ချက်ချင်းပင်။
ကျင့်ကြံသူနှစ်ဦးသည် လုယွမ်ကို သတိကြီးစွာဖြင့် စိုက်ကြည့်လိုက်ကြသည်။
လုယွမ်၏ ကျင့်ကြံခြင်း အဆင့်မှာ အမြုတေစုစည်းခြင်းအဆင့် နောက်ဆုံးအဆင့် သာ ရှိသည်ကို ခံစားမိသည့်အခါ သူတို့နှစ်ဦးမှာ သိသာစွာပင် စိတ်အေးသွားခဲ့ကြသည်။
မည်သို့ဆိုစေကာမူ.. သူတို့နှစ်ဦးတွင် တစ်ဦးမှာ အမြုတေစုစည်းခြင်းအဆင့် ပြည့်စုံခြင်းအဆင့် ဖြစ်ပြီး.. အခြားတစ်ဦးမှာ အမြုတေစုစည်းခြင်းအဆင့် နောက်ဆုံးအဆင့် ဖြစ်လေရာ…
"ကျင့်ကြံဖော်... မင်းက တော်တော်လေး စွမ်းဆောင်နိုင်တာပဲ…ငါတို့ မသိလိုက်ဘဲနဲ့ ဒီလောက်နီးကပ်တဲ့အထိ ချဉ်းကပ်လာနိုင်တယ်ပေါ့"
အမြုတေစုစည်းခြင်းအဆင့် ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူက သူ၏ လေသံတွင် အေးစက်သော အရိပ်အယောင်ဖြင့် ဆိုလိုက်သည်။
"ရောင်ရင်း တို့နှစ်ဦး ကတားမြစ်ချက်အစီအရင်ကို ဖျက်ဆီးဖို့ အာရုံစိုက်နေလို့ သတိမထားမိတာ ဖြစ်ပါလိမ့်မယ်" လုယွမ် ရယ်မောလိုက်သည်။
"ကျွန်တော်ကတော့ လီဖေးယွီ ပါ.. လွတ်လပ်သော ကျင့်ကြံသူ တစ်ဦးပါ။ ကျင့်ကြံဖော်တို့နှစ်ဦးဆီကနေ ဆူညံသံတွေကို ကြားလိုက်ရလို့သာ ဒီနေရာကို ရှာတွေ့ခဲ့တာပါ"
ပြင်ပသို့ ခရီးသွားသောအခါတွင် မည်သူက မိမိ၏ အမှန်တကယ် နာမည်ကို ပြောပြမည်နည်း
မည်သို့ပင်ဖြစ်စေ.. သူသည် ကျပန်း နာမည်တစ်ခုသာ ပြောလိုက်ခြင်း ဖြစ်ပြီး.. ၎င်းက အမှန်ဟုတ်မဟုတ်ကို သူတို့ သိရှိနိုင်မည် မဟုတ်ချေ။
"ကိုးဆူဂိုဏ်း က တင်းယူဖန်"
"ကိုးဆူဂိုဏ်းက ကျင်းဇီရွေ့ "
ကျင့်ကြံသူနှစ်ဦးသည်လည်း သူတို့၏ ဂိုဏ်းအမည်ကို ပြန်လည် ပြောပြလိုက်ကြသည်။
"ကိုးဆူဂိုဏ်းလိုမျိုး ထိပ်တန်းဂိုဏ်းက တပည့်တွေမှန်း မထင်ထားမိပါဘူး ကျွန်တော့်ရဲ့ အမြင်အားနည်းမှုအတွက် ခွင့်လွှတ်ပေးကြပါ" လုယွမ် ချက်ချင်းပင် တောင်းပန်လိုက်သည်။
ဒီကိုးဆူဂိုဏ်းမှာ ကောင်းကင်မြစ်ဂိုဏ်းကဲ့သို့ပင် ထိပ်တန်းဂိုဏ်းတစ်ခု အမှန်ပင် ဖြစ်သည်။
ဤအချိန်တွင်…
သူတို့နှစ်ဦးသည် လုယွမ်၏ သဘောထားကို ကြည့်လိုက်သည်။
သူတို့မှာ သဘာဝအတိုင်းပင် အလွန်ကျေနပ်သွားကြသည်။
လွတ်လပ်သော ကျင့်ကြံသူများအပေါ်တွင်။
သူတို့မှာ လုံးဝ အထင်အမြင် သေးကြသည်။
သို့သော်…
လက်ရှိတွင်မူ.. သူတို့သည် တားမြစ်ချက်အစီအရင် ကျွမ်းကျင်သူတစ်ဦး လိုအပ်နေသည်။
"ကျင့်ကြံဖော် လီ... မင်းက တားမြစ်ချက်အစီအရင် ကျွမ်းကျင်သူဆိုတော့ ဒီတားမြစ်ချက်အစီအရင်ကို ဖျက်ဆီးနိုင်ရင် အတွင်းထဲက ရတနာတွေကို ကျွန်တော်တို့ သုံးယောက် တူညီစွာ ခွဲဝေယူကြမယ်" ကိုးဆူဂိုဏ်းမှ တင်းယူဖန်က တိုက်ရိုက်ပင် ပြောဆိုလိုက်သည်။
"ကျင့်ကြံဖော်တို့နှစ်ဦးက ထိပ်တန်းဂိုဏ်းက တပည့်တွေဆိုတော့ ကျွန်တော် ယုံကြည်ပါတယ်" လုယွမ် ခေါင်းညိတ်ပြလိုက်သည်။
"သေချာတာပေါ့ ကျွန်တော်နဲ့ စီနီယာအစ်ကိုတို့နဲ့ ဆုံတွေ့ရတာ မင်းရဲ့ ကံတရားပဲ" ကျင်းဇီရွေ့က ရယ်မောလိုက်သည်။
"စကားတွေ အများကြီး မပြောတော့နဲ့တော့.. ကျင့်ကြံဖော် လီ... တားမြစ်ချက်အစီအရင်ကို ဖျက်ဆီးပေးပါ…အချိန်မဖြုန်းပါနဲ့။ တခြားလူတွေသာ ဒီနေရာကို ရှာတွေ့သွားရင် ဒုက္ခရောက်နိုင်တယ်" တင်းယူဖန်က အမြန်ပင် သတိပေးလိုက်သည်။
"ဟုတ်ကဲ့" လုယွမ် ခေါင်းညိတ်လိုက်သည်။
သူသည် ခြေလှမ်းကျယ်ကျယ်ဖြင့် လျှောက်လှမ်းသွားသည်။
အဆောက်အအုံ၏ ရှေ့မှောက်သို့ ရောက်ရှိသွားသည်။
တားမြစ်ချက်အစီအရင် တစ်ခုလုံးကို ကြည့်ရှုလိုက်ရာ လုယွမ်မှာ ၎င်းကို မည်သို့ ဖျက်ဆီးရမည်ကို စတင်ကတည်းက သိရှိပြီး ဖြစ်သည်။
သူသည် အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ၎င်းကို လွယ်ကူစွာ ဖျက်ဆီးနိုင်သည်
သို့သော်…
နောက်ပိုင်းတွင်…
လုယွမ်သည် အလွန်လေးနက်ပြီး အခက်အခဲရှိဟန်ဆောင်ကာ သရုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
"စီနီယာအစ်ကို... သူ တကယ်လုပ်နိုင်ပါ့မလား" ကျင်းဇီရွေ့သည် ဤမြင်ကွင်းကို မြင်ပြီးနောက် လျှို့ဝှက် စကားပြော ဖြင့် အမြန်မေးလိုက်သည်။
"သူ လုပ်နိုင်ဖို့ပဲ မျှော်လင့်ရမှာပဲ" တင်းယူဖန်က ပြန်လည် တုံ့ပြန်လိုက်သည်။
"စီနီယာအစ်ကို... အကယ်၍ သူ တကယ်ပဲ ဒီတားမြစ်ချက်အစီအရင်ကို ဖျက်ဆီးနိုင်ခဲ့ရင် အတွင်းထဲက ရတနာတွေကို တကယ်ပဲ သူနဲ့ ခွဲဝေယူကြမှာလား" ကျင်းဇီရွေ့က ဆက်လက်၍ မေးမြန်းလိုက်သည်။
"အဲ့လို ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အချိန်တန်ရင် မင်းနဲ့ငါ ပူးပေါင်းတိုက်ခိုက်လိုက်ရင် သူက ငါတို့ရဲ့ ပြိုင်ဘက် လုံးဝ ဖြစ်လာမှာ မဟုတ်ဘူး" တင်းယူဖန်၏ ပါးစပ်မှာ အနည်းငယ် ကွေးညွတ်သွားသည်..
"ငါတို့အတွက်တော့ သူက ကိရိယာတစ်ခုလောက်ပဲ…ကိရိယာကို အသုံးပြုပြီးသွားရင် သူ့ရဲ့ တန်ဖိုးက အလိုလို ပျောက်ကွယ်သွားမှာပဲ"
"ဟုတ်သားပဲ…ဒီကိရိယာ ပေါ်လာတာကိုပဲ ကျေးဇူးတင်ရမှာ.. မဟုတ်ရင် တားမြစ်ချက်အစီအရင် ဖျက်ဆီးဖို့ တားမြစ်ချက်အစီအရင် ကျွမ်းကျင်သူကို ဘယ်နေရာမှာ ရှာရမှန်းတောင် သိမှာ မဟုတ်ဘူး…ဒါက ကျွန်တော်တို့ကို စိတ်ပူစရာတွေ အများကြီး လျော့နည်းသွားစေတယ်" ကျင်းဇီရွေ့မှာ စိတ်ထဲတွင် အလွန်ပင် ပျော်ရွှင်နေသည်။
သူတို့ မသိလိုက်သည်မှာ။
သူတို့၏ လျှို့ဝှက် စကားပြောကို။
လုယွမ်မှာ ရှင်းလင်းစွာ ကြားလိုက်ရခြင်း ဖြစ်သည်
"ငါကတော့ လမင်းကြီးဆီကိုပဲ နှလုံးသားနဲ့ အပ်နှံထားပေမဲ့.. လမင်းကြီးကတော့ ရေမြောင်းထဲကိုပဲ ထွန်းလင်းပေးနေတယ်" လုယွမ် စိတ်ထဲတွင် တွေးတောမိသည်။
"ငါ အခုလေးတင် စေတနာအလျောက် ကူညီပေးမယ်လို့ ပြောခဲ့တာက သူတို့ တကယ်ပဲ ပူးပေါင်းချင်သလားဆိုတာကို ကြည့်ချင်လို့ပဲ"
"ဒါပေမဲ့ အခုတော့ ငါ အများကြီး တွေးမိနေတာ ဖြစ်မယ်"
အခြားတစ်ဖက်မှာလည်း သူ့ကို အသုံးချပြီးသွားမှ ပူးပေါင်းသတ်ဖြတ်ဖို့ ကြံစည်နေကြခြင်း ဖြစ်သည်
အမှန်ပင်…
လျှို့ဝှက်နယ်မြေအတွင်း၌.. မည်သူ့ကိုမျှ လွယ်ကူစွာ မယုံကြည်သင့်ပေ။
မိမိကိုယ်ကိုသာလျှင် အယုံကြည်ရဆုံး ဖြစ်သည်
လုယွမ် ဤနေရာတွင် ရပ်တန့်လိုက်သည်။
"ကျင့်ကြံဖော် လီ... ဘာဖြစ်လို့လဲ ဘာလို့ ရပ်လိုက်တာလဲ" တင်းယူဖန်သည် ၎င်းကို မြင်လိုက်ရသည့်အခါ ချက်ချင်း မေးမြန်းလိုက်သည်။
"မင်းတို့နှစ်ယောက်... ဒီမှာ သရုပ်ဆောင်တာတွေ ရပ်လိုက်ကြပါတော့ ငါ့ကို အသုံးချပြီးသွားရင် သတ်ပစ်မယ်လို့ ပြောနေတာ မဟုတ်လား" လုယွမ် လှည့်ကြည့်လိုက်ပြီး သူတို့နှစ်ဦးကို တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"မင်း ငါတို့ရဲ့ လျှို့ဝှက် စကားပြောကို ဘယ်လိုလုပ် ကြားနိုင်တာလဲ" ကျင်းဇီရွေ့၏ အမူအရာမှာ အလွန်ပင် လေးနက်သွားခဲ့သည်။
"မင်း 'အသံဖမ်းယူခြင်း ကျင့်စဉ်' ကို တတ်ထားမယ်လို့ မထင်ထားမိဘူး" တင်းယူဖန် ချက်ချင်းပင် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။
'အသံဖမ်းယူခြင်း ကျင့်စဉ်' မှာ အခြားသူများ၏ လျှို့ဝှက် စကားပြောများကို နားထောင်ရန်အတွက် အထူးပင် အသုံးပြုကြခြင်း ဖြစ်သည်။
"ကြားလိုက်ရရင်ကော ဘာဖြစ်လဲ မင်း တားမြစ်ချက်အစီအရင်ကိုသာ နာခံစွာ ဖျက်ဆီးပေး.. ငါတို့ မင်းရဲ့အသက်ကို ချမ်းသာပေးကောင်း ပေးနိုင်မယ်" ကျင်းဇီရွေ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်..
"မဟုတ်ရင် ငါနဲ့ စီနီယာအစ်ကိုတို့ ပူးပေါင်းတိုက်ခိုက်မှုအောက်မှာ မင်း သေချာပေါက် သေရလိမ့်မယ်"
"ဟီးဟီး... ငါက အမြုတေစုစည်းခြင်းအဆင့် နောက်ဆုံးအဆင့်မှာပဲ ရှိတယ်လို့ တကယ်ပဲ ထင်နေတာလား" လုယွမ် ရယ်မောလိုက်သည်။
ဤအချိန်တွင်…
ကျင်းဇီရွေ့နှင့် တင်းယူဖန်တို့မှာ သူတို့၏ နှလုံးသားထဲတွင် ထိတ်လန့်ခြင်း ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။
"ကဲ... မင်းတို့နှစ်ယောက်ကို လမ်းခရီးအတွက် ပို့ပေးရမယ့် အချိန်တန်ပြီ" လုယွမ်က တည်ငြိမ်စွာ ဆိုလိုက်ပြီး ခရမ်းရောင်တိမ်တိုက်ဓားသည် လေဟာနယ်ထဲမှနေ၍ အဟုန်ဖြင့် ပျံသန်း ထွက်ပေါ်လာခဲ့သည်။
အစွမ်းထက်သော ဓားဆန္ဒ တစ်ခု ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ဤခဏ၌ လုယွမ်မှာ အမှန်တကယ် ဓားနတ်ဘုရားတစ်ပါးအဖြစ် လူဝင်စားလာခဲ့သကဲ့သို့ ဖြစ်နေတော့သည်