အခန်း (၂၀) - လုံးဝဥဿုံ ဖိနှိပ်ချေမှုန်းခြင်း
ကျင့်ကြံသူများသည် ရှေ့ဆုံးမှနေရာကို လုယူရန်အတွက် တစ်ယောက်ပြီးတစ်ယောက် ခန်းမကြီးအတွင်းသို့ တိုးဝှေ့ဝင်ရောက်သွားကြပြီး... မကြာမီအချိန်အတွင်းမှာပင် စူးစူးဝါးဝါး အော်ဟစ်သံများ ဟိန်းထွက်လာခဲ့တော့သည်။
"အား... ကယ်ကြပါဦး... ငါ... ငါမသေချင်သေးဘူး"
"ဘယ်သူကများ ငါတို့ကို ကယ်တင်ပေးမှာလဲ"
"မလုပ်ပါနဲ့... ငါ နောင်တရပါပြီ... နောင်တရပါပြီ..."
"..."
ပြင်ပတွင်ရှိနေသော လုယွမ်နှင့် အခြားသူများသည် ထိုအော်ဟစ်ညည်းတွားသံများကို ရှင်းလင်းစွာ ကြားလိုက်ရသည်။
"သူတို့ထဲက အများစုက ချီးသန့်စင်ခြင်းအဆင့် တွေပဲ... အခြေခံတည်ဆောက်ခြင်းအဆင့် က အနည်းစုပဲ ရှိတာ အားလုံး စုပြုံတိုးဝင်သွားတာက အမြုတေဖြစ်တည်ခြင်းအဆင့် မိစ္ဆာသားရဲအတွက် အလိုအလျောက် အစာလာကျွေးသလို ဖြစ်သွားတာပဲ" ရွှီဟို့က လေးနက်စွာ ဆိုသည်။
"ဒီကျင့်ကြံသူတွေက တကယ့်ကို အမျှော်အမြင် မရှိကြဘူး…အခြေအနေကို သေချာစုံစမ်းစစ်ဆေးခြင်းမရှိဘဲနဲ့ ဇွတ်တိုးဝင်သွားကြတာ... ဒီလိုရလဒ်နဲ့ ထိုက်တန်ပါတယ်"
ဂိုဏ်း၏ အကြီးအကဲများကမူ မည်သည့်အရာကိုမဆို လုပ်ဆောင်သည့်အခါ အမြဲတမ်း သတိကြီးစွာထားရန်နှင့် သတင်းအချက်အလက်အားလုံးကို သေချာစွာ စုံစမ်းစစ်ဆေးရန် တပည့်များကို စိတ်ရှည်လက်ရှည် သွန်သင်ဆုံးမလေ့ရှိသည်။
ထိုသို့စစ်ဆေးပြီးမှသာ ဤတာဝန်ကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်... မလုပ်ဆောင်နိုင်... နှင့် စွန့်စားရမှု မည်မျှကြီးမားသည်ကို သေချာစွာ စဉ်းစားရခြင်း ဖြစ်သည်။
အခန်း (၁၉) - မြေအောက်ကမ္ဘာနှင့် မိစ္ဆာကျင့်စဉ်ကျင့်ကြံသော ချန်မိသားစု
တစ်ခါတရံတွင် စွန့်လွှတ်တတ်ရန်လည်း သင်ယူရပေမည်။ အဖိုးတန်ရတနာတစ်ခု ရှိနေရုံမျှဖြင့် အဆင်အခြင်မဲ့ ဇွတ်တိုးဝင်ခြင်းမျိုး မလုပ်အပ်ချေ... ၎င်းက အလွန်ပင် မိုက်မဲသော လုပ်ရပ် ဖြစ်သည်။
အသက်ရှူကြိမ် တစ်ဆယ်ကျော်မျှသာ အချိန်ကုန်လွန်သွားခဲ့သည်။
အဝေးဆီမှ ခန်းမကြီးသည် အစောပိုင်းကကဲ့သို့ ပြန်လည်တိတ်ဆိတ်သွားခဲ့ပြီ ဖြစ်သည်။
ထိုနေရာသို့ ဇွတ်တိုးဝင်သွားကြသည့် ကျင့်ကြံသူအားလုံး အမြုတေဖြစ်တည်ခြင်းအဆင့် မိစ္ဆာသားရဲ၏ သတ်ဖြတ်ခြင်းကို အကုန်အစင် ခံလိုက်ရပြီ ဖြစ်ကြောင်း သိသာလှပေသည်။
"စီနီယာအစ်ကိုကြီး... ကျွန်မတို့ နောက်ထပ် ဘာလုပ်ဖို့ လိုအပ်မလဲ" ဝမ်ရှီရှီက လုယွမ်ကို ညင်သာစွာ မေးလိုက်သည်။
အမြုတေဖြစ်တည်ခြင်းအဆင့် မိစ္ဆာသားရဲနှင့် ရင်ဆိုင်ရလျှင် သူမနှင့် ရွှီဟို့မှာ အသုံးမဝင်နိုင်သည့်အပြင် ဝန်ထုပ်ဝန်ပိုးပင် ဖြစ်သွားနိုင်သည်။
"ဂျူနီယာညီမလေး ဝမ်... မင်းနဲ့ ဂျူနီယာညီလေး ရွှီတို့က ဒီပတ်ဝန်းကျင်ကို စူးစမ်းပြီး အခြားရှာဖွေတွေ့ရှိမှုတွေ ရှိမလားဆိုတာ စစ်ဆေးကြည့်ကြပါ"
လုယွမ်က ချက်ချင်း ဆုံးဖြတ်လိုက်သည်။
"ငါ အရင်ဆုံး ခန်းမကြီးဆီသွားပြီး အဲ့ဒီအမြုတေဖြစ်တည်ခြင်းအဆင့် မိစ္ဆာသားရဲကို သတ်ဖြတ်လိုက်မယ်"
"နားလည်ပါပြီ... စီနီယာအစ်ကိုကြီး သတိထားပါဦး" ဝမ်ရှီရှီက ၎င်းကို ကြားပြီးနောက် အမြန်ပင် ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် စီနီယာအစ်ကိုကြီးရဲ့ စီစဉ်မှုအတိုင်း လိုက်နာပါ့မယ်" ရွှီဟို့ကလည်း ပြန်ဖြေသည်။
ချက်ချင်းပင် လုယွမ်သည် ခန်းမကြီးဆီသို့ တည့်တည့် လျှောက်လှမ်းသွားခဲ့ပြီး ဝမ်ရှီရှီနှင့် ရွှီဟို့တို့ကလည်း စူးစမ်းစစ်ဆေးရန် အခြားနေရာများသို့ အမြန် သွားခဲ့ကြသည်။
မကြာမီအချိန်အတွင်း... လုယွမ်သည် ခန်းမကြီး၏ရှေ့သို့ တစ်လှမ်းချင်း ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် ခန်းမကြီးတစ်ခုလုံးမှ ထွက်ပေါ်နေသော အလွန်ပင် ရွံရှာဖွေကောင်းသည့် သွေးညှီနံ့ကို သူ နမ်းရှူမိလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် အရိုးများကို ဝါးစားနေသည့် အသံများကိုလည်း လုယွမ် ကြားနေရသည်။
သူ ခန်းမတံခါးကို ကျော်ဖြတ်ဝင်ရောက်လိုက်သောအခါ... အလျား ခုနစ်တောင်... ရှစ်တောင်မျှ ရှည်လျားပြီး ကြီးမားလှသော 'ဧရာမမြွေကြီး' တစ်ကောင်သည် ထိုကျင့်ကြံသူများ၏ ရုပ်အလောင်းများကို လောဘတကြီး စားသောက်နေသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ၎င်းက အလွန်အရသာရှိစွာ စားသောက်နေပုံရသည်။
ထို့ပြင် ဤခန်းမကြီး၏ အထက် အမြင့်ဆုံးနေရာတွင် ထိုမြွေကြီးအပြင် ထူးခြားလှသော မြေအောက် 'ပိုးအိမ်ကြီး' တစ်ခုလည်း ရှိနေသေးသည်။ ထိုပိုးအိမ်၏ အတွင်းပိုင်းမှ အလွန်ပင်ညစ်ထေးသော အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်နေခဲ့သည်။
"မိစ္ဆာကျင့်ကြံသူ တစ်ယောက်ပဲ" လုယွမ်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားခဲ့သည်။
သူသည် ထိုမိစ္ဆာပိုးအိမ်အတွင်း၌ တင်ပလ္လင်ခွေ ထိုင်နေသော လူတစ်ယောက်ကို တည့်တည့်မြင်လိုက်ရသဖြင့် ၎င်းမှာ မိစ္ဆာကျင့်ကြံသူ ဖြစ်ကြောင်း သေချာလှသည်။
မထင်မှတ်ဘဲ... သူသည် မိစ္ဆာကျင့်ကြံသူတစ်ဦးနှင့် ဤမျှမြန်မြန် ဆုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ၎င်းက 'နတ်ဝိညာဉ်အဆင့်' မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်နေသည်။
ဤဂိုဏ်း၏တာဝန်မှာ သတ်မှတ်ထားသော အခက်အခဲအဆင့်ထက် များစွာ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
"ကံကောင်းလို့ ငါက အခု ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နေတာ…မဟုတ်ရင် ဒီလို နတ်ဝိညာဉ်အဆင့် မိစ္ဆာကျင့်ကြံသူနဲ့ ဆုံရင် သေလမ်းပဲ ရှိမှာ" လုယွမ် အသက်ပြင်းပြင်းရှူရင်း စိတ်ထဲမှ တွေးလိုက်သည်။
"ဒါက ကံကောင်းတာလား... ကံဆိုးတာလားတော့ မသိဘူး"
ဟုမ်း... ဟုမ်း...
လုယွမ် အများကြီး မတွေးရသေးမီမှာပင် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဧရာမမြွေကြီးသည် လုယွမ်ကို စိုက်ကြည့်ကာ အလွန်ပြင်းထန်သော စွမ်းအားကို ဆောင်ကျဉ်းလျက် သူ၏ဆီသို့ တိုက်ရိုက် ပြေးဝင်လာခဲ့သည်။
၎င်းက လုယွမ်၏ ဦးခေါင်းကို တစ်ချက်တည်းဖြင့် ကိုက်ဖြတ်ပစ်လိုသည့်အလား ထက်မြက်သော အစွယ်များကို ဖော်ထုတ်ကာ ပါးစပ်ကြီးကို ဟလိုက်သည်။
အထူးပြောနေရန်မလိုဘဲ ဤမြွေကြီးသည် ထိုမိစ္ဆာကျင့်ကြံသူ မွေးမြူထားသော တိရစ္ဆာန် ဖြစ်ပေလိမ့်မည်။
အမြုတေဖြစ်တည်ခြင်းအဆင့်ရှိ ဝိညာဉ်သားရဲတစ်ကောင်ဖြစ်အောင် မွေးမြူနိုင်ခဲ့သည်ကို ကြည့်ခြင်းဖြင့် ဤမိစ္ဆာကျင့်ကြံသူ၌ စွမ်းဆောင်ရည် ရှိကြောင်း ဝန်ခံရပေမည်။
မြွေကြီး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း လုယွမ်သည် သူ၏ 'ခရမ်းရောင်တိမ်တိုက်ဓား' ကို ချက်ချင်း ထုတ်လိုက်သည်။
သူ ဓားတစ်ချက် ပိုင်းဖြတ်လိုက်ရာ မျက်စိကျိန်းမတတ် လင်းလက်တောက်ပသော ဓားချီ တစ်ခု ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာပြီး မြွေကြီးဆီသို့ ပိုင်းဖြတ်ကျရောက်သွားခဲ့သည်။
ဝှစ်...
မြွေကြီးသည် အလွန်ဆန်းကြယ်သော လှုပ်ရှားမှုဖြင့် လုယွမ်၏ ဓား စွမ်းအင်ကို ရှောင်တိမ်းလိုက်ပြီး ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွားခဲ့သည်။ ၎င်းက ပိုးအိမ်၏ ရှေ့မှောက်သို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိသွားသည်။
"အမြုတေဖြစ်တည်ခြင်းအဆင့် မိစ္ဆာသားရဲ ပီသပါပေတယ်... ချက်ချင်း တုံ့ပြန်နိုင်တဲ့ မြင့်မားတဲ့ ဉာဏ်ရည်ဉာဏ်သွေး ရှိတာပဲ..." လုယွမ်က တည်ငြိမ်စွာ ဆိုသည်။
အကယ်၍ ထိုဓားစွမ်းအင်သာ မြွေကြီးကို ထိမှန်သွားခဲ့ပါက ၎င်းသည် သေချာပေါက် နှစ်ခြမ်းကွဲသွားခဲ့ပြီ ဖြစ်သည်။
စောစောက အခြေအနေမှာ လုယွမ်၏ ပေါ့ပေါ့ပါးပါး ပိုင်းဖြတ်မှုမျှသာ ဖြစ်သည်။ "နောက်တစ်ခါတော့... ငါ အတည်အလင်း လုပ်တော့မယ်"
"ကောင်းကင်ဖိနှိပ်တံဆိပ် " လုယွမ် သူ၏လက်မိုးကြီးကို ဝှေ့ယမ်းလိုက်ရာ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအားများ လျင်မြန်စွာ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
မြွေကြီး၏ အထက်တွင် ကြီးမားလှသော ကောင်းကင်ချုပ်တံဆိပ်ကြီးတစ်ခု ချက်ချင်းပင် စုစည်းဖြစ်ပေါ်လာပြီး... အောက်သို့ ဖိနှိပ်ချပစ်လိုက်သည်။
ပြင်းထန်လှသော ဖိအားကြောင့် စုန်းမြွေကြီးသည် ခုခံရန်အတွက် သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအားလုံးနီးပါးကို ထုတ်သုံးလိုက်ရသည်။ သို့သော် နှမြောစရာကောင်းလှပေသည်။ လုံးဝဥဿုံ သာလွန်သော ခွန်အား၏ရှေ့မှောက်တွင် မြွေကြီး လုပ်ဆောင်သမျှ အရာအားလုံးက အချည်းနှီးသာ ဖြစ်သွားခဲ့ရသည်။
ဘုန်း...
ပြင်းထန်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ကောင်းကင်ဖိနှိပ်တံဆိပ်သည် မြွေကြီး၏အပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး ဟိန်းဟောက်သံကြီး ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် အသားစိမ်းတုံးများအဖြစ်သို့ ကြေမွပျက်စီးသွားခဲ့ရတော့သည်။
၎င်း၏ မိစ္ဆာအမြုတေ သာ ကျန်ရစ်ခဲ့သည်။ လုယွမ် လက်ညှိုးကို အသာအယာ တောက်လိုက်ရာ ထိုမိစ္ဆာအမြုတေက သူ၏လက်ထဲသို့ ကျရောက်လာခဲ့သည်။
၎င်းကို စစ်ဆေးပြီးနောက် လုယွမ်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ... "ကြည့်ရတာ ဒီမြွေကြီးကလည်း ထူးခြားတဲ့ မိစ္ဆာနည်းလမ်းတွေကို သုံးပြီးတော့ပဲ အမြုတေဖြစ်တည်ခြင်းအဆင့်ကို ရောက်ရှိခဲ့တာပဲ" ဟု ရေရွတ်လိုက်သည်။
ဒုတ်... ဒုတ်... ဒုတ်...
ကြီးမားလှသော ပိုးအိမ်အတွင်းမှ ပြင်းထန်သော မြည်ဟီးသံများ ထွက်ပေါ်လာခဲ့သည်။ ပိုးအိမ်တစ်ခုလုံးမှ ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်ဝိညာဉ်အငွေ့အသက်များ ပေါက်ကွဲထွက်လာသည်။
"ပိုးအိမ်ထဲက မိစ္ဆာကျင့်ကြံသူက ချန်မိသားစုက လူ မဖြစ်နိုင်ဘူး..သူက မြေအောက်က ပြင်းထန်တဲ့ မိစ္ဆာအငွေ့အသက်တွေကြောင့် ဒီနေရာကို သီးသန့်လာပြီး ကျင့်ကြံနေတာ ဖြစ်ရမယ်..."
လုယွမ်က သုံးသပ်လိုက်သည်။ ဤမြေအောက်ကမ္ဘာသည် မူလက ချန်မိသားစု၏ နယ်မြေ ဖြစ်သည်။
ချန်မိသားစုဝင်အားလုံး မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံခဲ့ကြသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ဤနေရာရှိ မိစ္ဆာအငွေ့အသက်များသည်လည်း အလွန်ပင် ပြင်းထန်သိပ်သည်းလာခဲ့သည်။
၎င်းက အချို့သော မိစ္ဆာကျင့်ကြံသူများအတွက် ကျင့်ကြံရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
"သူ့ကို ဒီအတိုင်း ဆက်ပြီး ကျင့်ကြံခွင့်ပေးလို့ မဖြစ်ဘူး" လုယွမ်သည် ခရမ်းရောင်တိမ်တိုက်ဓားကို ဝှေ့ယမ်းကာ အောက်သို့ တိုက်ရိုက် ပိုင်းဖြတ်ချလိုက်သည်။
ဘုန်း...
ဓားဝိညာဉ်စွမ်းအင် ပေါက်ကွဲထွက်သွားပြီး ချက်ချင်းပင် ထိုပိုးအိမ်ကြီး ပျက်စီးသွားခဲ့ရသည်။
ဝေါ့..
ထိုအချိန်တွင် သွေးနီရောင်အလင်းတန်းများကြားမှ ဆံပင်ဖြူအဖိုးအိုတစ်ဦးသည် မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်လျက် သွေးအန်ထုတ်လိုက်ရသည်။ သူ၏ လက်မောင်းတစ်ဖက်မှာ ဖြတ်တောက်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
"အို... မင်းရဲ့ တုံ့ပြန်မှုက တော်တော်လေး မြန်တာပဲ" လုယွမ်က ခပ်ပေါ့ပေါ့ ဆိုလိုက်သည်။
"ကျင့်ကြံဖော်... ငါက ဒီမှာ အေးအေးဆေးဆေး ကျင့်ကြံနေတာပါ… ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘူး မဟုတ်လား" ဆံပင်ဖြူအဖိုးအိုက လုယွမ်ကို အေးစက်စွာ စိုက်ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထင်ဟပ်နေခဲ့သည်။
သူသည် အောင်မြင်စွာ ကျင့်ကြံနိုင်ရန် အနည်းငယ်မျှသာ လိုတော့ခြင်း ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် လုယွမ်၏ နှောင့်ယှက်မှုကြောင့် အရာအားလုံးက သုည ဖြစ်သွားခဲ့ရသည်။
သူ့ဘေးနားရှိ အသားစိမ်းတုံးများကို ကြည့်ရင်း ဆံပင်ဖြူအဖိုးအို ရင်ထဲတွင် အလွန်ပင် နှမြောတသ ဖြစ်သွားခဲ့ရသည်။
ထိုမြွေကြီးကို ကျင့်ကြံမွေးမြူရန်အတွက် သူ၏ ကြိုးပမ်းအားထုတ်မှုနှင့် အရင်းအမြစ်များစွာ ကုန်ဆုံးခဲ့ရကြောင်း သူ သိသောကြောင့် ဖြစ်သည်။ သူ ပင်ပင်ပန်းပန်း မွေးမြူခဲ့ရသော အမြုတေဖြစ်တည်ခြင်းအဆင့် မိစ္ဆာသားရဲမှာ ယခုအခါ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
"ငါက ကောင်းကင်မြစ်ဂိုဏ်းရဲ့ တပည့်ရင်းတစ်ယောက်ပဲ... အမြုတေဖြစ်တည်ခြင်းအဆင့် မိစ္ဆာသားရဲတွေကို ရှင်းလင်းဖို့ ဂိုဏ်းရဲ့ တာဝန်အရ ဒီကို လာခဲ့တာ…မင်းလို မိစ္ဆာကျင့်ကြံသူတစ်ယောက်နဲ့ ဆုံရလိမ့်မယ်လို့ မထင်ထားဘူး... ဒါက တကယ့်ကို အံ့ဩစရာကောင်းတဲ့ ဆုလာဘ်ပဲ" လုယွမ်က ရယ်မောလိုက်သည်။
"မိစ္ဆာကျင့်ကြံသူတွေအားလုံးက ကွပ်မျက်ခြင်း ခံရဖို့ ထိုက်တန်တယ်လို့ ပြောစမှတ်ပြုကြတယ်…မင်းရဲ့ မိစ္ဆာကျင့်စဉ်တွေကို ကျင့်ကြံဖို့အတွက် လူပေါင်းများစွာရဲ့ အသက်တွေကို သတ်ဖြတ်ခဲ့တာ သေချာတယ် မဟုတ်လား"
"ကျင့်ကြံခြင်းဆိုတာ ပင်ကိုယ်ကတည်းက ကောင်းကင်ဘုံကို ဆန့်ကျင်ရတာပဲ…ပိုပြီး သန်မာလာဖို့အတွက်ဆိုရင် ဘာမဆို လုပ်ရတာ တန်ပါတယ်" ဆံပင်ဖြူအဖိုးအိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ငါ ပိုပြီး သန်မာလာဖို့ မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံတာက မှားလို့လား မင်းသာ အခြားရွေးချယ်စရာ လမ်းမရှိတော့ဘဲ မိစ္ဆာကျင့်စဉ်တစ်ခုကပဲ မင်းရဲ့ ကျင့်ကြံခြင်းကို ကူညီပေးနိုင်မယ်ဆိုရင် မင်းလည်း ဒါကို ကျင့်ကြံမှာပဲ"
"စိတ်မကောင်းပါဘူး... အဲ့ဒီလို အခြေအနေမျိုး ငါ့ဆီမှာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး" လုယွမ်က တည်ငြိမ်စွာ ဆိုလိုက်သည်။
သူ၏ လက်ညှိုး အောက်သို့ ကျဆင်းသွားခဲ့သည်။ ကောင်းကင်ဖိနှိပ်တံဆိပ်သည် ဆံပင်ဖြူအဖိုးအို၏ ထိပ်တည့်တည့်သို့ ထပ်မံ၍ ပြင်းထန်စွာ ကျရောက်သွားခဲ့ပြန်သည်။
၎င်းကို မြင်လျှင် ဆံပင်ဖြူအဖိုးအိုသည် သူ၏အသက်ကယ်ရတနာ ဖြစ်သည့် ဝိညာဉ်ခေါင်းလောင်းကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
ခေါင်းလောင်းသည် လျင်မြန်စွာ ကြီးမားလာပြီး ဆံပင်ဖြူအဖိုးအိုကို လွှမ်းခြုံကာ ကာကွယ်လိုက်သည်။
ဆံပင်ဖြူအဖိုးအိုက ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် ထည့်သွင်းလိုက်ရာ ဝိညာဉ်ခေါင်းလောင်းပေါ်ရှိ စာသားပုံစံများက ပြင်းထန်စွာ လင်းလက်လာပြီး ၎င်း၏ ခုခံကာကွယ်နိုင်စွမ်းမှာလည်း များစွာ မြင့်တက်လာခဲ့သည်။
" သာလွန်တဲ့ ခွန်အားရဲ့ရှေ့မှောက်မှာ မင်းရဲ့ နည်းလမ်းတွေအားလုံးက အသုံးမဝင်ပါဘူး" လုယွမ်က ခပ်ဖွဖွ ပြုံးလိုက်သည်။
ဘုန်း...
ကောင်းကင်ဖိနှိပ်တံဆိပ်သည် ဝိညာဉ်ခေါင်းလောင်းကို ထိမှန်သွားခဲ့သည်။ ထွက်ပေါ်လာသော မြည်ဟီးသံကြီးသည် ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်လှုပ်စေခဲ့သည်။
ဖျောက်...
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝိညာဉ်ခေါင်းလောင်းတစ်ခုလုံး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။
"မဖြစ်နိုင်တာ... ဒီလို စွမ်းအားမျိုး... မင်းက ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူပဲ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကောင်းကင်မြစ်ဂိုဏ်းရဲ့ တပည့်ရင်းတွေအားလုံးက အခု ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကို ရောက်ကုန်ကြပြီလား" ဆံပင်ဖြူအဖိုးအို၏ မျက်နှာ ချက်ချင်းပင် ပြာနှမ်းသွားခဲ့ရသည်။
သူကိုယ်တိုင်မှာ နတ်ဝိညာဉ်အဆင့် (အလယ်အလတ်အဆင့်) ကျင့်ကြံသူ ဖြစ်သည်။ အကယ်၍ သူသည် နတ်ဝိညာဉ်အဆင့် (ပြီးပြည့်စုံခြင်းအဆင့်) ကျင့်ကြံသူတစ်ဦးနှင့် ဆုံတွေ့ရလျှင်ပင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိသေးသည်။
သို့သော် ယခုအချိန်တွင်မူ သူ အလွန်အမင်း စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။
လုယွမ် ထုတ်ဖော်လိုက်သည့် စွမ်းအားမှာ လုံးဝ တုနှိုင်းမရနိုင်အောင် အစွမ်းထက်လှပေသည်။
၎င်းက သူ့ကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးသိမ်သွားစေခဲ့သည်။ ဤစွမ်းအားအဆင့်မှာ နတ်ဝိညာဉ်အဆင့်ထက် များစွာ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
"မင်းက ငါပထမဆုံး သတ်ဖူးတဲ့လူပဲ... မင်း ကံကောင်းတယ်လို့ မှတ်လိုက်ပါ" လုယွမ်၏ မျက်လုံးများက အလွန်ပင် တည်ငြိမ်နေခဲ့သည်။
ဘုန်း...
သူ၏အသက်ရတနာဖြစ်သည့် ဝိညာဉ်ခေါင်းလောင်းသည် နောက်ဆုံးတွင် မခုခံနိုင်တော့ဘဲ လုံးဝဥဿုံ ကြေမွပျက်စီးသွားခဲ့ရတော့သည်။
"မလုပ်ပါနဲ့... ငါ မသေချင်သေး..." ဆံပင်ဖြူအဖိုးအို စကားပင် မဆုံးသေးချေ။ ကောင်းကင်ချုပ်နှိပ်တံဆိပ်၏ ပြင်းထန်လှသော ဖိနှိပ်ချေမှုန်းမှုအောက်တွင် သူသည်လည်း သူ၏ အိမ်မွေးတိရစ္ဆာန်ကဲ့သို့ပင် အသားစိမ်းတုံးများအဖြစ်သို့ ကူးပြောင်းသွားခဲ့ရတော့သည်။
"ဒါက လူသတ်ရတဲ့ ခံစားချက်လား ငါ ထင်ထားသလောက် မဟုတ်ပါလား... ကြက်တွေ... ငါးတွေကို သတ်ရသလိုပါပဲလား" လုယွမ် ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။
"ဒီလိုမျိုး တစ်ချက်တည်းနဲ့ အပြတ်သတ်နိုင်တာက တကယ့်ကို စိတ်ကျေနပ်စရာကောင်းတာပဲ"
"အခုဆိုရင် ဂိုဏ်းရဲ့ တာဝန်က အောင်မြင်သွားပြီလို့ သတ်မှတ်လို့ရပြီ။ ဂိုဏ်းကို ပြန်ရောက်လို့ မိစ္ဆာအမြုတေကို အပ်နှံပြီးတာနဲ့ ဒီတာဝန်က တရားဝင် ပြီးဆုံးသွားပြီ "