Skip to content
ရှာဖွေရန်
စာစဉ်အသေးစိတ်
Lazy Nerds
ပင်မ
ရှာဖွေရန်
စာကြည့်တိုက်
ပရိုဖိုင်
စာစဉ်
Action
Adventure
Martial arts
Harem
System
Xuanhuan
School-Life
Urban-Life
Overpowered
Transmigration
ထွက်ရှိဆဲ
0 chapters
12 views
Updated Oct 18, 2026
ဤသို့ပြုရ
EN
This is how it should be done.
5.0
No reviews yet
ဘာသာပြန်သူ:
ဎ
Oct 18, 2026
ငါက နာမည်..ကုချန် ငါ အင်အားကြီးမားတဲ့ မျိုးနွယ်စု တစ်ခုရဲ့ တစ်ဦးတည်းသောသားအဖြစ် ကူးပြောင်းရောက်ရှိလာခဲ့တယ်… ကူးပြောင်းသူတွေရဲ့ ထုံးစံအတိုင်းပေါ့.. 'ကုသိုလ်စနစ်' ဆိုတာကြီးတစ်ခုကို နိုးထလာခဲ့တယ်… စနစ်က လက်ခံတဲ့ ကုသိုလ်ကောင်းမှုတွေကို လုပ်ဆောင်နိုင်ရင် ငါ့ရဲ့ကျင့်ကြံအဆင့်နဲ့ ကျင့်စဉ်တွေရဲ့ အဆင့်ကိုမြင့်တင်နိုင်ဖို့ ကုသိုလ်အမှတ်တွေရတယ်… ဒီအထိကတော့ ပုံမှန်ပါပဲ… ဒါပေမဲ့... ငါ့စနစ်ရဲ့ ကုသိုလ်ကောင်းမှုအပေါ် ထားရှိသည့် ဆုံးဖြတ်ချက်က နည်းနည်းတော့ ထူးဆန်းတယ်… ပြောရရင် ငါ့ရဲ့ ကုသိုလ်စနစ်မှာ ကြောက်မက်ဖွယ် ဖြူစင်မှုလေးတော့ရှိတယ်ဆိုပါတော့… အတန်းဖော်ရဲ့ မျက်နှာကို ခြေထောက်နဲ့နင်းခြေပြီး အရှက်ခွဲသောအခါ··· [ဒင်] 【ပိုင်ရှင်သည် အတန်းဖော်တစ်ဦးကို ကူညီလိုစိတ်ရှိပြီး အခမဲ့ မျက်နှာနှိပ်နယ်ပေးသည့် ဝန်ဆောင်မှုကို ပေးအပ်ခဲ့ကြောင်း တွေ့ရှိရသည်။ တစ်ဖက်လူ၏ မျက်နှာကြွက်သား ကိုက်ခဲတင်းမာမှုကို အောင်မြင်စွာ ဖြေလျှော့ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ ကုသိုလ်အမှတ် +၅၀၀】 အတန်းဖော်ရဲ့ ရတနာကို လုယူ သောအခါ… 【ဒင်…ပိုင်ရှင်သည် အခြားသူများ၏ ပစ္စည်းဥစ္စာများကို အခမဲ့ စောင့်ရှောက်ပေးခဲ့ပြီး ကူညီတတ်သော စိတ်ဓာတ်ရှိကြောင်း တွေ့ရှိရပါသည်။ ကုသိုလ်အမှတ် +၁၀၀၀】 ပြိုင်ဘက်ရဲ့ သူငယ်ချင်းနှင့် မိသားစုကို အသုံးချကာ ခြိမ်းခြောက်သောအခါ… 【အိမ်ရှင်သည် သုံးနှစ်ကြာ သိကျွမ်းခဲ့သော အတန်းဖော်တစ်ဦးကို အိမ်ပြန်လမ်းညွှန်ပေးခဲ့ပြီး သူ၏မိသားစုအခြေအနေကို စိတ်ဝင်တစား မေးမြန်းကာ ဂရုစိုက်မှုပြသခဲ့ကြောင်း တွေ့ရှိရသည်။ ပိုင်ရှင်၏စိတ်နှလုံးသည် အလွန်ကြင်နာလှသည်။ ကုသိုလ်အမှတ် +၁၀၀၀】 【ပိုင်ရှင်သည် အခြားသူများအတွက် သူငယ်ချင်းအစစ်အမှန် ဟုတ်မဟုတ်ကို အခမဲ့ စမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ကုသိုလ်အမှတ် +၂၀၀၀။】 တစ်မျိုးနွယ်လုံးကို အပြတ်ရှင်းလင်း သတ်ဖြတ်သောအခါ… 【ဒင်…ပိုင်ရှင်သည် ကြင်နာတတ်ပြီး မျိုးနွယ်စုဝင်များ တစ်စုတစ်ဝေးတည်း ပြန်လည်ဆုံစည်းနိုင်ရန် မမောမပန်း ကူညီပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ ကုသိုလ်အမှတ် +၅၀၀၀။】 ထိုအဖြစ်အပျက်များကို တုံ့ပြန်သည့်အနေဖြင့် ကုချန်သည် သူ၏ စစ်မှန်သောသဘောသဘာဝကို ပြတ်သားစွာ ထုတ်ဖော်လိုက်ပြီး "ကုသိုလ်လမ်းစဉ်" ကို စတင်လျှောက်လှမ်းတော့သည်။ လောကကြီးထဲတွင် သူသည် ကုသိုလ်တရားကို မနားမနေ လိုက်လံလုပ်ဆောင်တော့သည်။
စာစဖတ်မယ်
Coupon Code ဖြည့်မည်
စာအမှတ်အသားများနှင့် ဖတ်ရှုမှုမှတ်တမ်းကို သိမ်းရန် အကောင့်ဝင်ပါ။
အကြောင်းအရာ
အခန်းများ
ရှာဖွေရန် ပြန်မည်
လက်ရှိ အခန်းများ မရှိသေးပါ။
သုံးသပ်ချက်များ
မှတ်ချက်များ
အဆင့်သတ်မှတ်ချက်နှင့် သုံးသပ်ချက်များ
ဖတ်သူများ သုံးသပ်ချက်