အခန်း (၉) - အကုန်သိမ်းပိုက်ခြင်း... ချင်ယုနင် ကျေးဇူးလာဆပ်ခြင်း
ဟိုင်ချန်မြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ စွန့်ပစ်ထားတဲ့ အိမ်အိုကြီးတစ်လုံးထဲမှာ... ပျက်စီးနေတဲ့ ပြတင်းပေါက်တွေကနေတစ်ဆင့် မှိန်ပျပျ အလင်းရောင်တွေ ဖြာကျနေပြီး ကြမ်းပြင်ပေါ်မှာ အရိပ်မည်းတွေ ထင်ဟပ်နေခဲ့သည်။
ယဲ့ချန်း ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်မှုတွေကြောင့် အသက်ကို ပြင်းပြင်းရှူရင်း ရှူးရှူးရှဲရှဲ ညည်းတွားလိုက်မိတော့သည်။
သို့သော်လည်း... ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် ပိုပြီး ပြင်းထန်နေတာကတော့ သူ့ရဲ့ နှလုံးသားထဲမှာ ရုတ်တရက်ကြီး ဖြစ်ပေါ်လာတဲ့ မကောင်းတဲ့ နိမိတ်နဲ့ ဝမ်းနည်းပူဆွေးမှုတွေပဲ ဖြစ်သည်... အရေးကြီးတဲ့ အရာတစ်ခုခုက သူ့ဆီကနေ ထာဝရ ဝေးလွင့်သွားခဲ့သလိုမျိုး ခံစားချက်မျိုးပေါ့။
သူ သတိမေ့မသွားခင်က မှတ်ဉာဏ်တွေက ဦးနှောက်ထဲမှာ ပြန်လည် ထင်ဟပ်လာခဲ့တယ်..
ကုချန်ရဲ့ အေးစက်စက် အကြည့်တွေနဲ့ ရန်သူတွေကို တားဆီးဖို့ အနောက်မှာ ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံးဆရာသခင် ရဲကွမ်ရဲ့ ကျောပြင်ကြီး...
"ဒုတိယဆရာ... ပထမဆရာကော သူ တစ်ခုခု ဖြစ်သွားပြီလား"
ယဲ့ချန်း ရုတ်တရက် ထထိုင်လိုက်မိတယ်... နှလုံးသားထဲက စိုးရိမ်စိတ်နဲ့ ဝမ်းနည်းမှုတွေက ဒီရေလိုမျိုး လှိုင်းထလာခဲ့သည်။
သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ သူ့ဘေးနားမှာ ထိုင်နေတဲ့ ဒုတိယဆရာသခင် ရဲယွမ် ကိုပဲ တွေ့ရပြီး... ပထမဆရာသခင် ရဲကွမ်ကိုတော့ လုံးဝ မတွေ့ရပါ။
ရဲယွမ်ရဲ့ မျက်နှာက တည်တင်းနေပြီး မျက်ဝန်းထဲမှာလည်း ဖုံးကွယ်မထားနိုင်တဲ့ ဝမ်းနည်းမှုတွေ ပြည့်နှက်နေခဲ့သည်။ သူက လက်လှမ်းပြီး ယဲ့ချန်းရဲ့ ပုခုံးကို ဖိနှိပ်လိုက်ကာ အက်ရှရှ အသံနဲ့ ပြောလိုက်တယ် ...
"ချန်အာ... စိတ်အေးအေးထားစမ်း"
တကယ်တော့ ရဲကွမ် နဲ့ ရဲယွမ် တို့က ယဲ့ချန်း ကို တောင်အောက်ကို လွှတ်လိုက်တုန်းက တော်တော်လေး ယုံကြည်မှု ရှိခဲ့ကြတာပါ။
ဘာပဲဖြစ်ဖြစ် ဟိုင်ချန်မြို့လို နေရာမျိုးမှာ ‘ မင်ကျင်း - အဆင့်လယ်’ ရှိတဲ့ စွမ်းရည်ဆိုရင်တင် ပတ်မွှေလို့ ရနေပြီလေ... ယဲ့ချန်းရဲ့ ပြောင်မြောက်လှတဲ့ ဆေးပညာကိုတော့ ထည့်တောင် ပြောနေစရာ မလိုဘူး။ သူတို့က ယဲ့ချန်း တစ်ယောက် ဒီနေရာမှာ အလွယ်တကူပဲ နာမည်ကျော်ကြားလာလိမ့်မယ်လို့ ထင်ထားခဲ့ကြတာ။
ဒါပေမဲ့ မနေ့ကတင် ရဲကွမ် က စိတ်ထဲမှာ အကြောင်းရင်းမရှိဘဲ စိုးရိမ်ထိတ်လန့်မှုကို ရုတ်တရက် ခံစားလိုက်ရတာ ဖြစ်သည်။
ယဲ့ချန်း တစ်ခုခု ဖြစ်နေမှာ စိုးတာကြောင့် သူနဲ့ ရဲယွမ် တို့က တောင်ပေါ်ကနေ အတူတူ ဆင်းလာခဲ့ပြီး ဟိုင်ချန်မြို့ဆီကို အပြေးအလွှား ရောက်လာခဲ့ကြတာ။
မမျှော်လင့်ဘဲ သူတို့ ရောက်ရောက်ချင်းမှာတင် ယဲ့ချန်း တစ်ယောက် ‘ဟွာကျင်း’ အဆင့် သိုင်းပညာရှင်တစ်ယောက်နဲ့ တိုက်ခိုက်နေတာကို တွေ့လိုက်ရသည်။
ရဲကွမ် နဲ့ ရဲယွမ် တို့က သူ့ကို ကယ်တင်ဖို့ တွန့်ဆုတ်မနေဘဲ ဝင်ပါခဲ့ကြပေမဲ့... တစ်ဖက်မှာ ဟွာကျင်း သိုင်းပညာရှင် သုံးယောက်အထိ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့မိတာကြောင့် နောက်ဆုံးတော့ အခုလိုမျိုး အခြေအနေဆိုးနဲ့ ရင်ဆိုင်လိုက်ရတာပဲဖြစ်သည်။
သူ့ရဲ့ ဒုတိယဆရာ ပြောပြတာကို ကြားပြီးနောက်မှာတော့ ယဲ့ချန်း သွားကိုကြိတ်လိုက်မိပြီး နှလုံးသားထဲက ဒေါသနဲ့ မုန်းတီးမှုတွေက သူ့ရဲ့ စိတ်ဝိဉာဉ်တစ်ခုလုံးကို ဝါးမြိုတော့မတတ် ပြင်းထန်လာခဲ့ရသည်။
သူက ဘေးနားက နံရံကို လက်သီးနဲ့ ဝုန်းခနဲ ထိုးချလိုက်တာကြောင့် လက်ဆစ်တွေဆီကနေ သွေးတွေ စီးကျလာခဲ့ရပြီ... သူ့ရဲ့ လေသံက တိုးညင်းလှပေမဲ့ လူသတ်လိုတဲ့ အငွေ့အသက်တွေ ပြည့်နှက်နေခဲ့သည် ...
"ကုချန်... မင်းကို ငါ သေချာပေါက် တန်ဖိုးကြီးကြီး ပြန်ပေးဆပ်စေရမယ်"
...
"ဟတ်ချိုး... ဘယ်သူက ငါ့အကြောင်း တွေးနေပြန်တာလဲ"
ကုချန် ကုတင်ခေါင်းရင်းကို မှီထားရင်း သူ့ရဲ့ နှာခေါင်းကို ပွတ်သပ်ကာ ညည်းတွားလိုက်မိတယ်။
သူ စကားပြောလို့ ပြီးရုံပဲ ရှိသေးတယ်... အခန်းတံခါးက အသာလေး ပွင့်ဟသွားခဲ့တယ်။
ကုချန် အကြည့်ကို ပို့လိုက်တော့ တံခါးကြားကနေ ခေါင်းလေးပြူပြီး ကြည့်နေတဲ့ ပိုင်ဝမ်ရု ကို လှမ်းမြင်လိုက်ရတယ်။
ကုချန်ရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့ပြီး နူးညံ့တဲ့ လေသံနဲ့ လှမ်းမေးလိုက်တယ် ...
"ဝမ်ရု... ဘာဖြစ်လို့လဲ"
ပိုင်ဝမ်ရု တစ်ယောက် အနည်းငယ် တွန့်ဆုတ်နေပုံရပြီး နှုတ်ခမ်းအောက်ခြေကို ကိုက်ကာ နောက်ဆုံးတော့ တိုးတိုးလေး ပြောရှာသည် ...
"သခင်လေး... ကျမ စောစောက ကြောက်စရာကောင်းတဲ့ ဗီဒီယိုတစ်ခု မတော်တဆ ကြည့်မိသွားလို့... နည်းနည်း ကြောက်နေလို့ပါ… ဒီည သခင်လေးနဲ့အတူ အတူတူ အိပ်လို့ရမလားဟင်"
ပြောပြီးတာနဲ့ သူမရဲ့ ပါးပြင်လေးတွေက ချက်ချင်း ရဲခနဲ ဖြစ်သွားခဲ့ရပြီး... အလျင်အမြန်ပဲ ခေါင်းကို ပြန်လျှိုလိုက်တာကြောင့် တံခါးအပြင်ဘက်မှာတော့ သူမရဲ့ နူးညံ့ချောမွေ့လှတဲ့ ဆံပင်ရှည်ကြီးတွေပဲ ကျန်ရစ်ခဲ့တော့တယ်။
ကုချန် တစ်ယောက် မရယ်ဘဲ မနေနိုင်တော့ပါဘူး။
ဒီအခန်းထဲမှာ ပိုကြောက်စရာ ဗီလိန်ဝံပုလွေကြီး ရှိနေတာကို... သူမက မကြောက်ဘူးလား ဒါပေမဲ့ သူက ဘယ်လိုလုပ်ပြီး ငြင်းပယ်နိုင်မှာလဲ သူ အလျင်အမြန်ပဲ ပြန်ဖြေလိုက်တယ် ...
"ရတာပေါ့... လာခဲ့လေ"
ကုချန်ရဲ့ သဘောတူညီတဲ့ အဖြေကို ကြားလိုက်ရချိန်မှာတော့ ပိုင်ဝမ်ရုရဲ့ မျက်နှာထက်မှာ ပျော်ရွှင်မှု အရိပ်အယောင်တွေ ချက်ချင်း ပေါ်လာခဲ့တော့တယ်။
သူမက တံခါးကို အသာလေး တွန်းဖွင့်ပြီး အခန်းထဲကို လျှပ်ခနဲ ဝင်လာကာ တံခါးကို ချက်ချင်း ပြန်ပိတ်လိုက်တော့သည်။
ပိုင်ဝမ်ရုက ဖြူစင်တဲ့ ညဝတ်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး သူမရဲ့ လှုပ်ရှားမှုတွေနဲ့အတူ ဂါဝန်လေးက အသာအယာ ဝေ့ယမ်းနေခဲ့တယ်။
ခြေထောက်တွေပေါ်မှာတော့ ဒူးအထက်အထိ ရှည်လျားတဲ့ ခြေအိတ်အဖြူရှည်တွေကို စွပ်ထားတာကြောင့် သူမရဲ့ သွယ်လျလှပတဲ့ ခြေတံရှည်တွေက ပိုမို ဖြူဝင်းနုနယ်နေပုံရသည်။
သူမရဲ့ ခြေဖဝါးလေးတွေကလည်း သေးငယ်ပြီး ကျော့ရှင်းနေကာ ခြေအိတ်အဖြူလေးတွေကြားထဲမှာ ပိုပြီးတော့တောင် ဆွဲဆောင်မှု ရှိနေခဲ့ရပြီး ခြေဖမိုးပေါ်က အရေပြားကတော့ ချောမွေ့နူးညံ့နေပြီး ပန်းရောင်သန်းနေတဲ့ အလှတရားက အထင်အရှား ပေါ်လွင်နေခဲ့သည်။
သူမရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ပြီး ကုချန်ရဲ့ မျက်လုံးတွေ လုံးဝ တည့်တည့်ကြီး စိုက်ကြည့်မိသွားခဲ့ရတော့တယ်။
‘မင်း ဒီကို လာတာ တကယ်ပဲ အိပ်ရုံသက်သက်ပဲ ဖြစ်ပါစေနော်…’
ပိုင်ဝမ်ရုလည်း ကုချန်ရဲ့ အကြည့်ကို သတိပြုမိသွားပုံရပြီး သူမရဲ့ ပါးပြင်လေးတွေက ပိုပြီးတော့တောင် နီမြန်းသွားခဲ့သည်။
သူမက ခေါင်းလေးငုံ့ပြီး ကုတင်ဘေးဆီကို ခပ်သွက်သွက် လျှောက်လာခဲ့ကာ... ထိတ်လန့်သွားတဲ့ ယုန်သူငယ်လေးလိုမျိုး ကုချန် လှန်ပေးလိုက်တဲ့ စောင်ထဲကို လျှပ်ခနဲ တိုးဝင်သွားခဲ့ပြီး... ရေလည်နေတဲ့ မျက်ဝန်းအစုံနဲ့တင် သူ့ကို ကြောက်ကြောက်လန့်လန့်လေး မော့ကြည့်နေခဲ့တော့တယ်။
【 နှစ်သက်မှုနှုန်း +၁ 】
【 နှစ်သက်မှုနှုန်း +၁ 】
【 ... 】
(မှတ်ချက်။ ။ ထို ဟွာကျင်း သိုင်းပညာရှင်တွေ အားလုံးကို ဘေးနားက အခြားဗီလာတစ်ခုမှာပဲ စီစဉ်ပေးထားတာကြောင့် အိမ်ထဲက ထွက်ပေါ်လာမယ့် ဆူညံသံတွေကို ကုချန် အနေနဲ့ စိုးရိမ်နေစရာ မလိုပါဘူး)
...
ကုချန်ရဲ့ ဗီလာအပြင်ဘက်မှာတော့ သေသေချာချာ ပြုပြင်မွမ်းမံထားတဲ့ ခြံဝင်းကြီးရှိပြီး ပန်းမျိုးစုံကို စိုက်ပျိုးထားပြီး။
အဲဒီထဲမှာမှ ဖြူစင်လှတဲ့ ပန်းပွင့်လေးတစ်ပွင့်ကတော့ အထူးပဲ ထင်ရှားပေါ်လွင်နေခဲ့သည်။
ညနေခင်း လေပြေလေးက အသာအယာ တိုက်ခတ်လာခဲ့ပြီး ထိုပန်းပွင့်ဖြူလေးက လေညင်းရဲ့ စည်းချက်အတိုင်း အသာအယာ ယိမ်းနွဲ့နေခဲ့တယ်။
အကြောင်းရင်းမရှိဘဲ... နီရဲတဲ့ အရည်အချို့က စိမ့်ထွက်လာခဲ့ပြီး ပန်းပွင့်ရဲ့ အကိုင်းအခက်တွေအတိုင်း စီးကျလာခဲ့ရတယ်။
အပြင်ဘက်က လေပြင်းတွေက တဖြည်းဖြည်း ပိုမို ပြင်းထန်လာခဲ့တာကြောင့် ပန်းပွင့်ဖြူလေးရဲ့ ယိမ်းနွဲ့မှု စည်းချက်ကလည်း ပိုမို မြန်ဆန်လာခဲ့ရပြီ။
သူမရဲ့ အကိုင်းအခက်တွေနဲ့ အရွက်တွေက လေပြင်းရဲ့ တိုက်ခတ်မှုကြောင့် အနည်းငယ် ကွေးညွတ်သွားခဲ့ရပေမဲ့... သူမကတော့ ဇွဲနပဲနဲ့ မတ်မတ်ရပ်တည်နေဆဲ ဖြစ်ပြီး အလွယ်တကူ လဲပြိုမသွားခဲ့ပါဘူး။
သို့သော်လည်း ရာသီဥတုကတော့ အမြဲတမ်း ပြောင်းလဲလွယ်လှပါတယ်... နာရီပေါင်းများစွာ ကြာအောင် ကြံ့ကြံ့ခံပြီးတဲ့နောက်မှာတော့ လေပြင်းတွေက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီး... ခြံဝင်းအတွင်းမှာ အေးချမ်းမှုတွေ ပြန်လည်စိုးမိုးလာချိန်မှာတော့ ထိုပန်းပွင့်ဖြူလေးက ခေါင်းလေးငုံ့သွားခဲ့ပါတော့သည်။
(အဟမ်း... ဟိုင်ချန်မြို့က ပင်လယ်နဲ့ နီးတာကြောင့် ရာသီဥတု အပြောင်းအလဲ မြန်တာက သဘာဝကျပါတယ်လေ)
...
မနက်စောစော အချိန်မှာတော့ ကုချန်တစ်ယောက် ပိုင်ဝမ်ရုရဲ့ လက်ရာ (မနက်စာ) ကို ထပ်မံ မြည်းစမ်းခွင့် ရရှိခဲ့ပြန်တယ်။
မနက်စာ စားသောက်ပြီးနောက်မှာတော့ ကုချန် ဆိုဖာပေါ်မှာ ပျင်းရိပျင်းတွဲ မှီထိုင်နေခဲ့ပြီး... သူ့ရဲ့ ညာဘက်လက်မောင်းကို လက်တင်ပေါ် တင်ထားကာ ညာဘက်လက်နဲ့ ခေါင်းကို ထောက်ထားခဲ့တယ်။
သူက အနားယူနေသလိုလို ရှိသော်လည်း... တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေတဲ့ ပုံစံမျိုးလည်း ပေါ်နေခဲ့တယ်။
ကုချန် မျက်လုံးပွင့်လာတဲ့ အချိန်မှာတင် အိမ်ရှေ့က ဘဲလ်တီးသံ က မြည်လာခဲ့တော့တယ်။
သူက ဖုန်းကို ကောက်ကိုင်လိုက်ပြီး အသာလေး နှိပ်လိုက်ရုံနဲ့တင် ဗီလာရဲ့ ပင်မတံခါးကြီးက ပွင့်သွားခဲ့ပြီ။
သွယ်လျလှပတဲ့ အမျိုးသမီးတစ်ယောက် လမ်းလျှောက်ဝင်လာခဲ့တယ် ... အဲဒါကတော့ ချင်ယုနင် ပဲ ဖြစ်သည်။
ဒီနေ့မှာတော့ သူမက ရိုးရှင်းတဲ့ အပြာရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး လက်ထဲမှာလည်း စာရွက်စာတမ်း အချို့ကို ကိုင်ဆောင်ထားခဲ့တယ်... သူမရဲ့ အနောက်မှာတော့ အဖိုးတန် လက်ဆောင်သေတ္တာကို သယ်ဆောင်လာတဲ့ အမျိုးသမီးသက်တော်စောင့်တစ်ယောက် လိုက်ပါလာခဲ့သည်။
ချင်ယုနင် ကုချန်ရဲ့ ရှေ့ကို လျှောက်လာခဲ့ပြီး ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်ကာ ရိုရိုသေသေ ပြောလိုက်သည် ...
"ဥက္ကဋ္ဌကု... အရင်တုန်းက ကျမကို သတိပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် ယုနင် ဒီနေ့ လာခဲ့တာက အရင်က ကိစ္စတွေအတွက် တောင်းပန်စကား ပြောကြားဖို့နဲ့ ကျေးဇူးတင်စကား လာပြောဖို့အတွက်ပါရှင်"
ပြောပြီးတာနဲ့ သူမက လက်ထဲက စာရွက်စာတမ်းကို ကုချန် ဆီသို့ ကမ်းပေးလိုက်တယ်။ ကုချန် ယူပြီး ကြည့်လိုက်တော့... အဲဒါက ရှယ်ယာလွှဲပြောင်းခြင်း သဘောတူညီချက် စာချုပ်ဖြစ်ပြီး... ချင်ယုနင် အရင်က သိမ်းပိုက်ထားခဲ့တဲ့ ‘ထျန်ချန်ဂရု’ ရဲ့ ရှယ်ယာအပိုင်းအစတွေ ဖြစ်နေခဲ့တယ်။
နောက်ပြီးတော့ ချင်ယုနင်က သူမအနောက်က သက်တော်စောင့်ကို အချက်ပြလိုက်ပြီး ထိုလက်ဆောင်သေတ္တာကို ကုချန်ရဲ့ ရှေ့က စားပွဲပေါ်မှာ တင်ခိုင်းလိုက်သည်။
သက်တော်စောင့်က သေတ္တာကို ရိုရိုသေသေ ဖွင့်ပြလိုက်ချိန်မှာတော့... အထဲမှာ အဖိုးတန် ကျောက်သံပတ္တမြား လက်ဝတ်ရတနာတွေနဲ့ ဇိမ်ခံနာရီတွေ အပုံလိုက် ပေါ်လာခဲ့ပြီး အကြမ်းဖျင်း တွက်ချက်ကြည့်ရင်တောင် စုစုပေါင်းတန်ဖိုးက အနည်းဆုံး သန်းချီ (ဆယ်သန်းနီးပါး) ရှိလိမ့်မယ်။
ကုချန်က ထိုလက်ဆောင်သေတ္တာကို တစ်ချက်ပဲ ဝေ့ကြည့်လိုက်ပြီး ချက်ချင်းကြီး ပြန်မတုံ့ပြန်သေးဘဲ အေးအေးလူလူပဲ လှမ်းခေါ်လိုက်သည် ...
"ဝမ်ရု... ဒီကိုလာဦး"
ကုချန်ရဲ့ အသံကို ကြားလိုက်ရချိန်မှာတော့ ပိုင်ဝမ်ရု တစ်ယောက် မီးဖိုချောင်ထဲကနေ အမြန်ဆုံး ပြေးထွက်လာခဲ့ပြီး သူ့ရဲ့ ဘေးနားမှာ အလိုက်သိစွာ မတ်တတ်ရပ်လိုက်တယ် ...
"သခင်လေး... ကျမကို ခေါ်တာလားဟင်"
ကုချန်က စားပွဲပေါ်က လက်ဆောင်သေတ္တာကို အသာလေး ညွှန်ပြလိုက်ပြီး ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ် ...
"ဒီထဲမှာ မင်းသဘောကျတာ ရှိရင် ကြည့်ပြီး ယူလိုက်…ကျန်တဲ့အမှိုက်တွေကိုတော့ ငါ နောက်မှပဲ အမှိုက်ပုံးထဲ ပစ်လိုက်တော့မယ်"
သူ့ရဲ့ သဘောထားက ဘာမှ ထိန်းချန်မထားဘဲ အလွန်အေးစက်လှတာကြောင့်... ထိုအဖိုးတန်လှတဲ့ လက်ဝတ်ရတနာတွေက သူ့မျက်စိထဲမှာတော့ တန်ဖိုးမရှိတဲ့ ပစ္စည်းအစအနတွေလိုမျိုး ဖြစ်နေခဲ့ရပြီ။
ချင်ယုနင် အနေနဲ့လည်း မိမိက အရင်ဆုံး အမှားလုပ်ခဲ့တာကို သိထားတာကြောင့်... အခုအချိန်မှာ ကုချန်ရဲ့ အေးစက်စက် ဆက်ဆံမှုကို စိတ်ထဲကနေပဲ တိတ်တဆိတ် အောင့်အီးသည်းခံနေရရှာတယ်။
ပိုင်ဝမ်ရု တွန့်ဆုတ်နေပြီး တိုးတိုးလေး ပြောရှာတယ် ...
"သခင်လေး... ဒါတွေက တန်ဖိုးကြီးလွန်းပါတယ်..."
ကုချန်က လက်ဝေ့ယမ်းလိုက်ပြီး ဂရုမစိုက်တဲ့ လေသံနဲ့ ပြောလိုက်တယ် ...
"ဒါတွေက အသုံးမဝင်တဲ့ အလှဆင်ပစ္စည်းတွေတင်ပဲ မင်း ကြိုက်တာရှိရင် ယူပြီး ဆော့ကစားဖို့ သိမ်းထားလိုက်လေ…အားနာနေစရာ မလိုဘူး"
ကုချန်ရဲ့ စကားလုံးတွေက သူတို့အတွက် တစ်စက်ကလေးမှ မျက်နှာမထောက်ထားတာဖြစ်ပြီး... ဒီပစ္စည်းတွေရဲ့ ကံကြမ္မာကို တိုက်ရိုက်ပဲ အဆုံးအဖြတ် ပေးလိုက်တာ ဖြစ်တယ်။
ကုချန်က အရင်တုန်းက ဖြစ်ခဲ့တာတွေအားလုံးကို မှတ်မိနေတာ ဖြစ်တာကြောင့်... သူတို့အပေါ်ကို အလွယ်တကူ ဘယ်လိုလုပ် ခွင့်လွှတ်ပေးနိုင်မှာလဲ
ချင်ယုနင်ရဲ့ မျက်နှာလေး ပိုမို ဖြူလျော့သွားခဲ့ရပေမဲ့... သူမ ဘာမှ ထပ်မပြောရဲတော့ဘဲ ခေါင်းလေးငုံ့ပြီး ဘေးနားမှာပဲ ဆက်လက် မတ်တတ်ရပ်နေခဲ့သည်။
ဒါကို မြင်တော့ ပိုင်ဝမ်ရုရဲ့ နှလုံးသားထဲမှာ နွေးထွေးမှုလှိုင်းလုံးတစ်ခု ဖြတ်သန်းသွားခဲ့ရသည်။
သူမ ထင်လိုက်တာက ကုချန်က သူမရဲ့ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တာကြောင့် ရည်ရွယ်ချက်ရှိရှိနဲ့ ချင်ယုနင် တို့ကို အေးစက်စက် ဆက်ဆံပြနေတာလို့ ထင်သွားတာလေ။
သူမက လက်ဆောင်သေတ္တာကို ကြည့်လိုက်ပြီး... သူမရဲ့ အကြည့်က အထဲက အလွန်လက်ရာမြောက်လှတဲ့ ဆွဲကြိုးလေးတစ်စင်ဆီမှာ ခဏတာ ရပ်တန့်သွားခဲ့သည်။
ကုချန် သူမရဲ့ အကြည့်ကို သတိပြုမိတာကြောင့် ထိုဆွဲကြိုးကို တိုက်ရိုက် ကောက်ကိုင်လိုက်ပြီး သူမရဲ့ လက်ထဲကို ကမ်းပေးလိုက်တယ် ...
"သဘောကျရင် ယူထားလိုက်"
ပိုင်ဝမ်ရု ဆွဲကြိုးလေးကို လှမ်းယူလိုက်ပြီး မျက်နှာထက်မှာ ပျော်ရွှင်တဲ့ အပြုံးလေး ပေါ်လာခဲ့ရတယ် ...
"ကျေးဇူးတင်ပါတယ် သခင်လေး"
ကုချန် ခေါင်းညိတ်ပြလိုက်ပြီး တစ်သေတ္တာလုံးကို ပိုင်ဝမ်ရု ဆီ ကမ်းပေးလိုက်တယ် ...
"ကျန်တာတွေကိုတော့ စတိုခန်းထဲမှာပဲ သွားပစ်ထားလိုက်…ငါ နောက်မှပဲ ရှင်းပစ်လိုက်တော့မယ်"