အခန်း (၆) - ချင်ယုနင် ရောက်ရှိလာခြင်း
ကုချန် ခန့်မှန်းထားခဲ့သလိုပါပဲ... သုံးနာရီလောက် ကြာပြီးတဲ့နောက်မှာတော့ ချင်ယုနင် တစ်ယောက် ဒေါသတကြီး အရှိန်အဝါတွေနဲ့ သူ့ရဲ့ ဗီလာဆီကို ရောက်ရှိလာခဲ့တော့တယ်။
"ကုချန်... ရှင် အစ်မချင်းလန်နဲ့ ကျီဝေကို ဘာတွေ သွားပြောလိုက်တာလဲ သူတို့က ဘာလို့ ရုတ်တရက်ကြီး ယဲ့ချန်းနဲ့ ရန်ဖြစ်နေကြတာလဲ"
ချင်ယုနင် ရဲ့ အသံက စူးရှနေပြီး စစ်ဆေးမေးမြန်းတဲ့ လေသံမျိုး ထွက်နေခဲ့တယ်။
ကုချန်ကတော့ ဆိုဖာပေါ်မှာ ထိုင်နေရင်း မော့တောင်မကြည့်ဘဲ အေးစက်စက်ပဲ ပြန်ဖြေလိုက်တယ် ...
"ငါက အမှန်တရားကိုပဲ ပြောပြလိုက်တာ ပြီးတော့ မင်းရဲ့ လေသံကို ဆင်ခြင်ဦး... ဒါက မင်း လာပြီး ရမ်းကားရမယ့် နေရာမဟုတ်ဘူး"
သူ့ရဲ့ အသံက အရိုးထဲအထိ စိမ့်ဝင်သွားလောက်အောင် အေးစက်လွန်းလှတာကြောင့် ချင်ယုနင်ရဲ့ ဒေါသတွေ ချက်ချင်းပဲ တဝက်မက ငြိမ်းသတ်ခြင်း ခံလိုက်ရတယ်။
အဲဒီအခါကျမှပဲ သူမက မိမိရှေ့မှာရှိနေတဲ့ လူဟာ ပေကျင်း ကု မိသားစုရဲ့ သခင်လေးဖြစ်ပြီး မိမိအနေနဲ့ အလွယ်တကူ လာရောက် ရန်စလို့ရတဲ့လူ မဟုတ်ဘူးဆိုတာကို သတိရသွားခဲ့တော့တယ်။
ကုချန်က သူမကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး... အကြည့်က သူမရဲ့ ရင်ဘတ်ဆီမှာ ခဏလောက် ရပ်တန့်သွားကာ စိတ်ထဲကနေ တွေးလိုက်မိတယ် ...
【 ရင်သားကသာ ကြီးတာ... ဦးနှောက်ကတော့ မရှိဘူး】
ကုချန်ရဲ့ စိတ်ထဲက အတွေးကို ကြားလိုက်ရချိန်မှာတော့ ချင်ယုနင်ရဲ့ မျက်နှာတစ်ခုလုံး ချက်ချင်းပဲ ရဲခနဲ ဖြစ်သွားခဲ့ရပြီး... ရှက်စိတ်နဲ့ ဒေါသတွေပါ ရောပြွမ်းသွားခဲ့ရတော့တယ်။
‘ရှင် ဘယ်သူ့ကို ဦးနှောက်မရှိဘူးလို့ ပြောတာလဲ…’’
သူမ ဒေါသတကြီးနဲ့ ပြန်အော်တော့မယ့် အချိန်မှာတင် ကုချန်ရဲ့ စိတ်ထဲက အတွေးတွေက ထပ်မံ ထွက်ပေါ်လာပြန်တယ် ...
【 ယဲ့ချန်း က သူများ ကျေးဇူးအကြွေးတွေကို ကြားဖြတ်လုယူရတာ ဝါသနာပါတာကိုး... အခုလိုမျိုး အမှန်တရား ပေါ်သွားတာက ဆန်းမှမဆန်းတာ 】
【 ငါအမှတ်မမှားဘူးဆိုရင် ဒီမိန်းကလေးက ယဲ့ချန်း ကို သဘောကျသွားရတဲ့ အကြောင်းရင်းက အဲဒီကောင်က သူမရဲ့ အဖိုးကို ကယ်တင်ပေးခဲ့လို့ထင်တယ် 】
【 ဒါပေမဲ့ သူမ မသိတာက...သူမအဖိုး ရုတ်တရက် လဲကျသွားရတဲ့ အကြောင်းရင်းက ယဲ့ချန်း ကိုယ်တိုင်က အဆိပ်ခတ်ခဲ့လို့ဆိုတာပဲ 】
【 ကိုယ်တိုင် ဇာတ်ညွှန်းရေး... ကိုယ်တိုင် သရုပ်ဆောင်ပြီး အလွယ်တကူပဲ ကျေးဇူးရှင်ကြီး ဖြစ်သွားတာပေါ့ 】
ကုချန်ရဲ့ စိတ်ထဲက အတွေးတွေက ထက်မြက်တဲ့ ဓားတစ်စင်းလိုမျိုး ချင်ယုနင်ရဲ့ နှလုံးသားတည့်တည့်ကို ထိုးစိုက်လိုက်သလိုပဲ။
သူမရဲ့ မျက်နှာလေး ချက်ချင်း ဖြူလျော့သွားခဲ့ရပြီး မျက်ဝန်းထဲမှာလည်း တုန်လှုပ်မှုနဲ့ မယုံကြည်နိုင်မှုတွေ ဖြတ်ပြေးသွားခဲ့ရတယ်။
သို့သော်လည်း... ကုချန်ရဲ့ နောက်ထပ် ထွက်ပေါ်လာတဲ့ အတွေးကတော့ သူမကို လုံးဝ တည်ငြိမ်မနေနိုင်တော့အောင် လုပ်ဆောင်လိုက်ပါတော့တယ် ...
【 ဒါတင်မကသေးဘူး... သူက ချင်အဘိုးအိုရဲ့ ခန္ဓာကိုယ်ထဲမှာ အချိန်ကိုက် ပျံ့နှံ့မယ့် အဆိပ်တစ်မျိုးကိုပါ တိတ်တဆိတ် ထည့်ထားသေးတာ… ငါ အမှတ်မမှားဘူးဆိုရင် အဆိပ်က နောက်ထပ် တစ်နာရီနေရင် စတင်တော့မှာ... အဲဒီအဆိပ်ရဲ့ ဖြေဆေးကယဲ့ချန်း ဆီမှာတောင် မရှိဘူး】
【 ဒီ ဟိုင်ချန်မြို့တစ်ခုလုံးမှာ အဲဒီအဆိပ်ကို ဖြေနိုင်တာဆိုလို့ ငါတစ်ယောက်ပဲ ရှိလိမ့်မယ်】
"ရှင်ပြောတာ တကယ်ပဲလား ရှင် တကယ်ပဲ ငါ့အဖိုးကို ကယ်နိုင်လို့လား"
ချင်ယုနင် တစ်ယောက် ချက်ချင်းပဲ ကုချန်ရဲ့ ရှေ့ကို ပြေးဝင်လာခဲ့ပြီး မျက်ဝန်းထဲမှာလည်း သောကတွေ ပြည့်နှက်နေခဲ့တော့တယ်။
ကုချန်ရဲ့ နှုတ်ခမ်းထောင့်မှာ အေးစက်စက် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့တယ်။ သူက ရုတ်တရက် သူ့ရဲ့ ညာဘက်လက်ကို မြှောက်လိုက်ပြီး သူမရဲ့ လည်ပင်းနဲ့ မေးစေ့ကြားကို လှမ်းညှစ်ကာ နေရာမှာတင် တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားလိုက်တော့တယ်။
သူ့ရဲ့ အကြည့်က ဓားတစ်စင်းလို စူးရှနေပြီး လေသံကလည်း ဖိအားအပြည့်နဲ့ တိုးညင်းစွာ ထွက်ပေါ်လာခဲ့တယ် ...
"ငါ ထင်ထားတဲ့အတိုင်းပဲ... မင်းတို့အားလုံး ငါ့ရဲ့ စိတ်ထဲက အတွေးတွေကို ကြားနေရတာပဲ"
ချင်ယုနင် တစ်ယောက် အခုအချိန်မှာ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပါဘူး။ သူမ မျက်ရည်တွေ ဝဲနေတဲ့ ကြားကနေပဲ တိုက်ရိုက် ဝန်ခံလိုက်တော့တယ် ...
"ဟုတ်တယ်... ငါ ရှင့်ရဲ့ စိတ်ထဲက အတွေးတွေကို ကြားရတယ်… ရှင်... ရှင် တကယ်ပဲ ငါ့အဖိုးကို ကယ်နိုင်တာလား"
ကုချန်က သူမရဲ့ တောင်းပန်မှုကို လျစ်လျူရှုလိုက်ပြီး စိတ်ထဲကနေ အေးအေးလူလူ ပြောလိုက်တယ် ...
"စနစ်... ငါ နိုင်ပြီ"
တကယ်တော့ စူးချင်းလန် နဲ့ ရှန်ကျီဝေ တို့ ကုချန်ရဲ့ ဗီလာကို ရောက်လာခဲ့ကြတဲ့ အချိန်မှာတင် သူတို့အပေါ် လွှမ်းမိုးထားတဲ့ ‘ဇာတ်လိုက်ရဲ့ အရှိန်အဝါ ’ က ပျက်ပြယ်သွားခဲ့ပြီး... ယဲ့ချန်း အပေါ်မှာပဲ ပုံ အောယုံကြည်နေခဲ့တဲ့ သူတို့ရဲ့ စိတ်အာရုံတွေက ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့တာပါ။
ကုချန်ရဲ့ စိတ်ထဲက အတွေးတွေက သူတို့ရဲ့ ကန်းကန်းပိတ် ယုံကြည်မှုတွေကို ဆွဲခွဲပစ်လိုက်သလို ဖြစ်သွားခဲ့တယ်။
သူတို့တွေ ကုချန်ရဲ့ စကားကို ချက်ချင်းကြီး ရာနှုန်းပြည့် မယုံကြည်သေးဘူး ဆိုပေမဲ့... အနည်းဆုံးတော့ ယဲ့ချန်း ဘက်ကနေပြီး အကန့်အသတ်မရှိ ရှေ့နေလိုက်ပေးတော့မှာ မဟုတ်ပါဘူး။
အမှန်တရားက ဘာလဲဆိုတာကိုတော့ နည်းနည်းလောက် စုံစမ်းကြည့်ရုံနဲ့တင် ပေါ်လာမှာဖြစ်ပြီး... ရလဒ်ကလည်း ကုချန်အတွက် သဘာဝကျကျ အကျိုးရှိသွားမှာ ဖြစ်တယ်။
ယဲ့ချန်း ကလည်း မင်းသမီးနှစ်ယောက်ရဲ့ သဘောထား ပြောင်းလဲသွားတာကို မသိစိတ်အရ ရိပ်မိတာကြောင့်... သူ ပျာယာခတ်နေတဲ့ အချိန်မှာ အကူအညီတောင်းဖို့ သတိရလိုက်တဲ့လူက ချင်ယုနင် ပဲ ဖြစ်တယ်။ သူမက မင်းသမီး သုံးယောက်ထဲမှာ စိတ်ခံစားချက်နောက်ကို အလိုက်ပါဆုံးလူလေ။
မျှော်လင့်ထားတဲ့အတိုင်းပဲ... စူးချင်းလန် နဲ့ ရှန်ကျီဝေ တို့ ကုချန်ရဲ့ အိမ်ကို သွားခဲ့ကြတယ်ဆိုတာကို သိပြီးနောက်မှာတော့ ချင်ယုနင် တစ်ယောက် ဒေါသတကြီးနဲ့ တံခါးဝအထိ ရောက်လာခဲ့တော့တာပဲ။
ဘာပဲဖြစ်ဖြစ် ချင်ယုနင် က အရင်တုန်းကလည်း ကုချန်ရဲ့ ဗီလာမှာ ခဏခဏ လာပြီး ပြဿနာရှာတတ်တာကြောင့် သူမက မင်းသမီး သုံးယောက်ထဲမှာ ဦးနှောက်အမရှိဆုံးလို့ ပြောလို့ရတယ်။
ဒါပေမဲ့... ချင်ယုနင် တစ်ယောက် ကုချန်ရဲ့ ဗီလာထဲကို ခြေချလိုက်မိတဲ့ အချိန်မှာတင် သူမအပေါ် လွှမ်းမိုးထားတဲ့ ဇာတ်လိုက်အရှိန်အဝါက ပျောက်ကွယ်သွားခဲ့ပြီး သူမရဲ့ ဦးနှောက်က ချက်ချင်း ပြန်ပွင့်သွားခဲ့တာ ဖြစ်တယ်။
အဲဒါအပြင် ကုချန်ရဲ့ စိတ်ထဲက အတွေးတွေရဲ့ ရိုက်ခတ်မှုနဲ့ ကျန်တဲ့ မင်းသမီးနှစ်ယောက်ရဲ့ ပြောင်းလဲသွားတဲ့ သဘောထားတွေကြောင့် သူမရဲ့ စိတ်ကလည်း စတင်တုန်လှုပ်သွားခဲ့ရပြီ။
ကုချန် အနေနဲ့ ချင် အဘိုးအိုရဲ့ အဆိပ်မိတဲ့ အချိန်ကို အနည်းငယ် လိမ်ညာပြောဆိုလိုက်ရုံနဲ့တင် သူမရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစစ်တံတိုင်းကို အလွယ်တကူ ဖြိုဖျက်နိုင်ခဲ့တာ ဖြစ်တယ်။
ဘာပဲဖြစ်ဖြစ် ချင်ယုနင် က သူမရဲ့ အဖိုးနဲ့ သံယောဇဉ် အလွန်နက်ရှိုင်းတာကြောင့် အဖိုးရဲ့ အသက်အန္တရာယ်ကို ထိခိုက်လာနိုင်တဲ့ ကိစ္စမျိုးဆိုရင် သူမ လုံးဝ ပျာယာခတ်သွားတတ်တာကိုး။
【 အိမ်ရှင်... မင်း ဒါ ကလိမ်ကကျစ် လုပ်တာပဲ ချင်အဘိုးအိုရဲ့ အဆိပ်က ဒီလောက်အမြန်ကြီး ဘယ်ပျံ့မလဲ... မင်း သူမကို ခြောက်လှန့်လိုက်တာပဲ 】
"မင်း ငါ့ကို ကန့်သတ်ထားတာက အကြမ်းဖက်ပြီး ဝန်ခံခိုင်းတာကိုပဲလေ... ဒါပေမဲ့ ငါ စောစောက ပြောလိုက်တာက အခြေအနေတစ်ခုကို အတည်ပြုပြလိုက်တာ... အမေးစကားမှ မဟုတ်တာ" ကုချန်က စိတ်ထဲကနေ ပြန်ချေပလိုက်တယ်။
စနစ်ခမျာ ဘာပြန်ပြောရမှန်း မသိတော့ပါဘူး။ ကုချန်က ဒီလိုမျိုး ကွက်လပ်ကို အသုံးချသွားလိမ့်မယ်လို့ တကယ်ကို မျှော်လင့်မထားခဲ့တာကြောင့်... အခုတော့ စနစ်ခမျာ တကယ့်ကို ပြာပုံဘဝ ရောက်သွားခဲ့ရပြီ (ဗီလိန်အမှတ်တွေ အကုန်ကုန်သွားပြီ)။
စနစ်ဘက်က ဘာမှ ထပ်မငြင်းတော့တာကို မြင်တော့ ကုချန်က သူ့ရဲ့ အကြည့်ကို ချင်ယုနင် ဆီ ပြန်ပို့လိုက်တယ်။
"စိတ်မပူပါနဲ့... ငါက မင်းတို့တွေ ငါ့ရဲ့ အတွေးကို တကယ် ကြားနေရလား ဆိုတာကိုပဲ အတည်ပြုချင်လို့ပါ"
"ချင်အဘိုးအို ကိစ္စကတော့... သူ ယဲ့ချန်းရဲ့ အဆိပ်ခတ်တာ ခံထားရတာကတော့ အမှန်ပဲ... ဒါပေမဲ့ ဆေးရုံသွားပြီး သေသေချာချာ စစ်ဆေးကုသလိုက်ရင် အဆင်ပြေသွားမှာပါ"
ဒါကို ကြားလိုက်ရတော့မှ ချင်ယုနင် တစ်ယောက် လုံးဝ စိတ်အေးသွားခဲ့ရပြီး မျက်ဝန်းထဲက မျက်ရည်တွေလည်း တဖြည်းဖြည်း တိတ်သွားခဲ့တော့တယ်။
သူမက အခုအချိန်မှာ ကုချန်ရဲ့ ညှစ်ထားခြင်းကို ခံနေရဆဲ ဖြစ်ပေမဲ့... သူမရဲ့ နှစ်သက်မှုနှုန်းကတော့ ရုတ်တရက်ကြီး ထိုးတက်သွားခဲ့ပြီး အနှုတ်လက္ခဏာကနေ သုည (၀) အထိ တိုက်ရိုက် ပြန်ရောက်သွားခဲ့ရပြီ။
သူမရဲ့ နှစ်သက်မှုက မူလအခြေအနေကို ပြန်ရောက်သွားတာကို မြင်တော့ ကုချန်က သူမရဲ့ လည်ပင်းကို ညှစ်ထားတဲ့ လက်ကို လွှတ်ပေးလိုက်တယ်။
သို့သော်လည်း... နောက်တစ်စက္ကန့်မှာတင် စနစ်ရဲ့ သတိပေးသံက ထပ်မံ မြည်လာခဲ့ပြန်တယ် ...
【 ချင်ယုနင်၏ နှစ်သက်မှု +၂၀ 】
ကုချန် သူမကို ကြည့်လိုက်တော့... ချင်ယုနင်က ချောင်းအနည်းငယ် ဆိုးပြီးတဲ့နောက်မှာတော့ မထင်မှတ်ဘဲ ကုချန်ရဲ့ လက်ကို စွဲစွဲလန်းလန်း အကြည့်မျိုးနဲ့ စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။
သူမရဲ့ မျက်ဝန်းထဲမှာ ဖုံးကွယ်မရတဲ့ ရူးသွပ်မှု အရိပ်အယောင်တချို့ ဖြတ်ပြေးသွားသလိုပဲ။
【 ဟာ... သွားပြီ…ဒီမိန်းမက ထူးဆန်းတဲ့ အကြိုက် မျိုး ရှိနေတာ မဟုတ်ပါဘူးနော် သူမက အနှိပ်စက်ခံရတာကို သဘောကျတဲ့ ပုံစံမျိုးလား 】
ချင်ယုနင်ရဲ့ မျက်နှာလေး ရဲခနဲ ဖြစ်သွားခဲ့ရပြီး အလျင်အမြန်ပဲ အကြည့်ကို လွှဲလိုက်ကာ ခြင်ကောင်အော်သံလောက်ရှိတဲ့ အသံတိုးတိုးလေးနဲ့ ငြင်းရှာတယ် ...
"ကျမ... မဟုတ်ပါဘူး"
မိမိရဲ့ အဓိက ကိစ္စကို တွေးမိသွားတာကြောင့် သူမ အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းကာ ကိုယ်ကို မတ်လိုက်ပြီး တည်ကြည်လေးနက်တဲ့ လေသံနဲ့ ပြောလိုက်တယ် ...
"အကယ်၍ ဥက္ကဋ္ဌကု ပြောတာတွေကသာ အမှန်ဖြစ်ခဲ့ရင်... ယုနင် နောက်ပိုင်းမှာ လူကိုယ်တိုင် လာရောက်ပြီး ကျေးဇူးတင်စကားနဲ့အတူ တောင်းပန်စကား လာပြောပါ့မယ်ရှင်"
ပြောပြီးတာနဲ့ သူမက လှည့်ထွက်ပြီး ခပ်သွက်သွက်ပဲ ထွက်ခွာသွားခဲ့ပါတော့တယ်။