အခန်း (၂၄) ဘာသာရပ်အမှတ်တွေ ပေးတယ်ကြားလို့ လာခဲ့တာ
"ဒါနဲ့... ကျိီဝေ ရောက်နေပြီလားဟင်"
ချင်ယုနင်သည် ရုတ်တရက် ရှန်းကျီဝေကို သတိရသွားခဲ့ပြီး သူမ၏ မျက်ဝန်းထဲတွင် စူးစမ်းလိုစိတ်များ ဖျတ်ခနဲ ဖြစ်သွားကာ မတတ်နိုင်ဘဲ မေးမြန်းလိုက်မိတော့သည်။
"အင်း... အပေါ်ထပ် ဒုတိယအလွှာမှာ လှဲနေတယ်"
ကု ချန်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိဘဲ တည်ငြိမ်စွာပင် ပြောလိုက်၏။
"ဟင်... သူမက မနေ့ညက ဒီမှာ ညအိပ်ခဲ့တာလား"
ချင်ယုနင်၏ မျက်ဝန်းအစုံ ပြူးကျယ်သွားခဲ့ရပြီး မျက်နှာထက်တွင်လည်း အံ့အားသင့်မှုများ ပြည့်နှက်သွားတော့သည်။
ထို့နောက် သူမ၏ အကြည့်က စူးချင်းလန်ထံသို့ လွှဲပြောင်းသွားပြန်ရာ.. တစ်ဖက်လူသည်လည်း ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ဝတ်ဆင်ထားဆဲ ဖြစ်သဖြင့် မနေ့ညက ဤနေရာ၌ ညအိပ်ခဲ့ကြောင်း သိသာထင်ရှားလှပေသည်။
"အော်... ချင်းလန်.. အစ်မတို့က ကျွန်မကို ချန်ထားခဲ့ပြီး သူဌေး ကုရဲ့ အိမ်မှာ လာပြီး ညအိပ်ကြတာပေါ့လေ"
ချင်ယုနင် သူမ၏ လက်နှစ်ဖက်ကို ခါးထောက်လိုက်ပြီး လေသံတွင် မကျေမနပ်ဖြစ်မှု အရသာအချို့ ကိန်းအောင်းနေ၏။
သူမ စကားပြောပြီးနောက်တွင်မူ စူးချင်းလန်၏ ပြန်လည်တုံ့ပြန်မှုကို မစောင့်ဆိုင်းတော့ဘဲ အပေါ်ထပ်သို့ အပြေးအလွှား တက်လှမ်းသွားခဲ့ကာ အခန်းတစ်ခုချင်းစီအတွင်း၌ ရှန်းကျီဝေ ရှိနေမည့်နေရာကို လိုက်လံရှာဖွေတော့သည်။
အခန်းတံခါးတစ်ခုကို တွန်းဖွင့်လိုက်ပြီးနောက်တွင်မူ ချင်ယုနင်သည် ကုတင်ပေါ်တွင် လှဲလျောင်းနေသော ရှန်းကျီဝေကို နောက်ဆုံး၌ မြင်တွေ့လိုက်ရ၏။
သူမ အခန်းတွင်းသို့ လှမ်းဝင်သွားခဲ့ပြီး လေသံတွင် စနောက်လိုဟန်နှင့် အပြစ်တင်လိုဟန်အချို့ ပါဝင်နေသည်။
"အော်... ရှန်းကျီဝေ.. နင်က ငါ့ကိုလည်း မပြောဘဲ သူဌေး ကုရဲ့ အိမ်မှာ လာပြီး ညအိပ်နေတယ်ပေါ့… ငါတို့က အကောင်းဆုံး သူငယ်ချင်းတွေ ဖြစ်နေကြသေးရဲ့လားဟ"
ရှန်းကျီဝေသည် ချင်ယုနင် အခန်းတွင်းသို့ လမ်းလျှောက်ဝင်ရောက်လာသည်ကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ဖြစ်သွားရ၏။
သူမသည် ကုတင်ပေါ်တွင် လှဲလျောင်းနေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း နာကျင်ကိုက်ခဲကာ အားအင်ကုန်ခမ်းနေခဲ့ရာ တစ်ကိုယ်လုံးရှိ အရိုးအဆစ်များအားလုံး တစ်စစီ ပြုတ်ထွက်သွားခဲ့သည့်အလား ရှိနေပြီး လက်ကို မြှောက်ရန်ပင် အားအင်မရှိရှာချေ။
သူမ၏ မျက်နှာမှာ အနည်းငယ် ဖြူလျော်နေသော်လည်း ပါးပြင်နှစ်ဖက်တွင်မူ အနည်းငယ် ရှက်သွေးဖြန်းနေဆဲပင်။
သူမ ခပ်ဖွဖွလေး ပြုံးလိုက်ပြီး လေသံက အားနည်းလှ၏။
"ယုနင်... နင်ကလည်း ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ"
ချင်ယုနင် သူမ၏ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ပိုက်လိုက်ပြီး နှုတ်ခမ်းထောင့်၌ အပြုံးခပ်ဖွဖွတစ်ခု ဆင်မြန်းလျက် စနောက်လိုသော လေသံဖြင့် ဆိုလိုက်သည်။
"ဟွန့်... ငါသာ ဒီနေ့ မလာခဲ့ရင် နင်တို့တွေ ငါ့ကွယ်ရာမှာ အဖွဲ့လိုက် လည်ပတ်အပန်းဖြေပွဲ လုပ်နေကြတာကို ငါ သိတောင် သိမှာ မဟုတ်ဘူး"
သူမ စကားပြောရင်း ကုတင်ဘေးသို့ လျှောက်လှမ်းသွားခဲ့ပြီး သူမ၏ အကြည့်များက တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား အခန်းပတ်ပတ်လည်သို့ ဝေ့ဝဲသွားခဲ့၏။
သို့သော်လည်း သူမ ခြေလှမ်းအနည်းငယ် လှမ်းလိုက်မိရုံရှိသေး.. ရုတ်တရက် တစ်စုံတစ်ခုကို နင်းမိသွားခဲ့ပြီး နူးညံ့ပျော့ပြောင်းလှသော အထိအတွေ့ကြောင့် သူမ မတတ်နိုင်ဘဲ ငုံ့ကြည့်လိုက်မိတော့သည်။
"ဒါက ဘာလဲ"
ချင်ယုနင် ခါးကို ကိုင်ကာ ထိုအရာကို ကောက်ယူလိုက်၏။
လက်ထဲမှ အရာဝတ္ထုကို မြင်လိုက်ရသည့်အခါ သူမ၏ အမူအရာမှာ တစ်ခဏအတွင်းမှာပင် တောင့်တင်းသွားရတော့သည်။
၎င်းမှာ အဖြူရောင် ခြေအိတ်အရှည် တစ်စုံဖြစ်ပြီး ၎င်းအပြင် ဆိုးရွားစွာ ဆုတ်ဖြဲခံထားရကာ စုတ်ပြဲနေသော အနားသတ်များက အထူးပင် သိသာထင်ရှားလွန်းလှ၏။
ချင်ယုနင်၏ အကြည့်များက ရှန်းကျီဝေထံသို့ ဖြည်းညင်းစွာ လွှဲပြောင်းသွားခဲ့ရာ.. ထိုနေရာ၌ တစ်ဖက်လူ၏ အနည်းငယ် နွမ်းလျနေသော်လည်း ရှက်ရွံ့နေခဲ့သော မျက်နှာကလေးကို မြင်တွေ့လိုက်ရတော့သည်။
သူမ တစ်စုံတစ်ခုကို တွေးတောမိသွားခဲ့သည်နှင့်အမျှ သူမ၏ မျက်နှာတစ်ခုလုံး ရဲကနဲ ဖြစ်သွားခဲ့ရပြီး သူမ၏ နားရွက်ကလေးများပင် လျော့ပါးသော ပန်းရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။
"နင်... နင်တို့တွေ..."
ချင်ယုနင်၏ လေသံမှာ ထစ်ထစ်အအ ဖြစ်နေခဲ့ပြီး လက်ထဲမှ ခြေအိတ်များမှာလည်း ပူပြင်းလှသော ကလော်တုံးကြီးတစ်ခုကဲ့သို့ ရှိနေသဖြင့် ဘာလုပ်ရမှန်းမသိဘဲ အကျပ်ရိုက်နေရှာတော့သည်။
ရုတ်တရက်ဆိုသလိုပင် ချင်ယုနင်၏ နောက်ကျောဘက်မှနေ၍ လက်တစ်စုံ ဆန့်ထွက်လာခဲ့ပြီး ခြေအိတ်များကို ကိုင်ဆောင်ထားသော သူမ၏ လက်ကို လှမ်းကိုင်လိုက်၏။
ထို့နောက်တွင်မူ ဆွဲဆောင်မှုရှိပြီး ရှိုက်ကြီးတည်းငယ် ရှိလှသော အသံနက်ကြီးတစ်ခုက သူမ၏ နားရွက်နားတွင် ကပ်လျက် ထွက်ပေါ်လာခဲ့သည်.. အလွန်ပင် နီးကပ်လွန်းလှသဖြင့် သူမ၏ နားရွက်အုံလေးကိုပင် ထိမိလုနီးပါး ရှိနေချေ၏။
"ငါတို့တွေလည်း အရင်တုန်းက ဒီထက်မက နီးနီးကပ်ကပ် ထိတွေ့မှုတွေ ရှိခဲ့ဖူးတာပဲကို.. ဘာဖြစ်လို့ ဒီလောက်တောင် ရှက်နေရတာလဲ"
၎င်းမှာ ကုချန်ပင် ဖြစ်သည်။
သူသည် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိဘဲ ချင်ယုနင်၏ နောက်ကျောဘက်တွင် မတ်တတ်ရပ်နေခဲ့ပြီး ခန္ဓာကိုယ်ကို အနည်းငယ် ရှေ့သို့ ကိုင်းညွတ်ထားကာ သူမ၏ ကျောပြင်ကို ထိမိလုနီးပါး ရှိနေစေ၏။
သူ၏ နှုတ်ခမ်းလွှာများက သူမ၏ နားရွက်အုံလေးကို ထိမိလုနီးပါး ရှိနေခဲ့ပြီး သူ၏ နွေးထွေးလှသော အသက်ရှူသံများကလည်း သူမ၏ နားရွက်လေးဆီသို့ ဝေ့ဝဲနေခဲ့သည်။
ထိုအသံလေးအတွင်း၌ လျှပ်စစ်စီးကြောင်းတစ်ခု ကိန်းအောင်းနေသည့်အလား ရှိနေခဲ့ရာ ချင်ယုနင်၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ချက်ချင်းပင် ပျံ့နှံ့သွားခဲ့ပြီး သူမကို မသိစိတ်ကြောင့် တုန်ခါသွားစေတော့၏။
ကုချန်၏ စကားများကို ကြားလိုက်ရပြီး သူ၏ ကျောပြင်ပေါ်သို့ မီးမောင်းထိုးပြသကဲ့သို့ ခံစားလိုက်ရသည့်အခါ...
ချင်ယုနင်၏ မျက်နှာမှာ ပိုမို၍ ရဲတက်လာခဲ့ရတော့သည်။
"မင်းလည်း ညအိပ်ချင်နေတာ မဟုတ်ဘူးလား… ငါတို့တွေ ဒီနေ့ညကျရင် ကျန်ရှိနေတဲ့ အပိုင်းတွေကို ပြန်လည်ဖြည့်တင်းပေးလို့ ရတာပဲ"
ကုချန် သူမ၏ နားရွက်နားတွင် စကားအချို့ကို တိုးညင်းစွာ ကပ်ပြောလိုက်မိပြီးနောက်မှ ဖယ်ခွာသွားခဲ့ပြီး ရှန်းကျီဝေ၏ ကုတင်ဘေးသို့ လျှောက်လှမ်းသွားခဲ့သည်။
"သေသေချာချာ လှဲနေပါ.. ငါ မင်းကို စစ်ဆေးပေးမလို့"
ကုချန်၏ စကားကို ကြားလိုက်ရသည့်အခါ ရှန်းကျီဝေသည် ချက်ချင်းပင် စောင်ဖြင့် မိမိကိုယ်ကိုယ် အုပ်လိုက်မိပြီးနောက် စောင်အောက်မှနေ၍ တိုးညင်းသော အသံလေး ထွက်ပေါ်လာခဲ့သည်။
"တကယ်... တကယ်ပဲ... အဆင်မပြေတော့ပါဘူး"
ကုချန် နှုတ်ခမ်းကို လိမ်ယှက်လိုက်မိပြီး ဆိုလိုက်၏။
"မင်း ဘာတွေ တွေးနေတာလဲ…ငါက မင်းရဲ့ ကျန်းမာရေး အခြေအနေကို စစ်ဆေးပေးမလို့ ပြောတာပါ…မင်းရဲ့ ခန္ဓာကိုယ်က အမြဲတမ်း နာကျင်ကိုက်ခဲနေရင် ကျန်းမာရေးအတွက် မကောင်းဘူး"
ရှန်းကျီဝေ စောင်အောက်မှနေ၍ သူမ၏ ခေါင်းလေးကို ပြန်လည်ပြူးထွက်လာခဲ့ပြီး သူမ၏ ဝိုင်းစက်ပြီး အရည်လဲ့နေသော မျက်ဝန်းကြီးများဖြင့် ကုချန်ကို အနည်းငယ် မကျေမနပ်ဖြစ်မှုများနှင့်အတူ မယုံကြည်နိုင်သည့် အမူအရာဖြင့် စိုက်ကြည့်လာ၏။
သူမ၏ လေသံက တိုးညင်းလှသော်လည်း အပြစ်တင်လိုဟန်အချို့ ပါဝင်နေသည်။
"ရှင် ဒီနေ့မနက်တုန်းကလည်း ဒီအတိုင်းပဲ ပြောခဲ့တာပဲလေ"
ကုချန်သည် ယနေ့မနက်တုန်းကလည်း သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးပေးမည်ဟု ပြောခဲ့ဖူးသည်။ သူမအနေဖြင့် ၎င်းကို အပ်စိုက်ကုသပေးခြင်းဟု ထင်မှတ်ခဲ့သော်လည်း အမှန်တကယ်တွင်မူ…
ကုချန် သူမ၏ အကြည့်အောက်တွင် အနည်းငယ် မတတ်နိုင်သကဲ့သို့ ခံစားလိုက်ရပြီး စိတ်ထဲမှ တိုးညင်းစွာ ရေရွတ်လိုက်မိသည်။
'ငါက အဲဒီလို လူမျိုးလား'
ရှန်းကျီဝေသည် သူ ဘာတွေးနေသည်ကို သိရှိနေသည့်အလား ပြတ်သားစွာ ပြန်လည်တုံ့ပြန်လာ၏။
"ဟုတ်တယ်"
"တောက်... လူအချင်းချင်းကြားထဲမှာ ယုံကြည်မှုဆိုတာ ဘယ်ရောက်သွားတာလဲ"
ကုချန် စကားပြောရင်း သူ၏ ညာဘက်လက်ဖြင့် ရှန်းကျီဝေ၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်မိပြီး လေသံက အနည်းငယ် ပိုမိုပျော့ပြောင်းသွားခဲ့သည်။
"ကဲပါ... ဒီတစ်ကြိမ်တော့ ငါ မင်းကို မလိမ်ပါဘူး"
ကုချန်၏ ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော နူးညံ့သိမ်မွေ့မှုများကို ခံစားလိုက်ရသည့်အခါမှသာ ရှန်းကျီဝေသည် သူမ၏ သတိထားမှုများကို တဖြည်းဖြည်း လျှော့ချလိုက်တော့သည်။
သူမ၏ ခန္ဓာကိုယ်လေး အနည်းငယ် ပြေလျော့သွားခဲ့ပြီး ခန္ဓာကိုယ်ကို လှည့်ကာ ကျောပြင်ကို အပေါ်သို့ ထားလျက် မှောက်လျက် အနေအထား ပြုလုပ်လိုက်၏။
ကုချန်သည်လည်း သူမ၏ ခန္ဓာကိုယ် အထက်ပိုင်းမှ စတင်ကာ အပ်စိုက်အမှတ်များကို ညင်သာစွာ နှိပ်နယ်ပေးလိုက်တော့သည်။
သူ၏ လှုပ်ရှားမှုများမှာ အလျင်စလိုမရှိဘဲ ခွန်အားမှာလည်း အံကိုက်ပင် ဖြစ်နေခဲ့ရာ.. သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အပ်စိုက်အမှတ် တိုင်းကို သူ ကောင်းစွာ သိရှိနားလည်နေသည့်အလားပင်။
ရှန်းကျီဝေသည် သူ၏ လက်ချောင်းထိပ်များဆီမှ ထွက်ပေါ်လာသော နွေးထွေးမှုများကို ခံစားလိုက်ရသဖြင့် ခန္ဓာကိုယ်လေး မသိစိတ်ကြောင့် ပြေလျော့သွားခဲ့ရ၏။
သူမသည် သက်တောင့်သက်သာရှိမှုနှင့် ကျေနပ်နှစ်သိမ့်မှုများကို ဖော်ပြသည့်အလား တိုးညင်းသော ညည်းတွားသံလေးကို လွှတ်ထုတ်လိုက်မိတော့သည်။
........
ဟိုင်ချန် တက္ကသိုလ်.. ခန်းမကြီး
ကျယ်ဝန်းပြီး လင်းထိန်နေသော ခန်းမကြီးအတွင်း၌ မီးရောင်စုံများဖြင့် လှပတောက်ပနေခဲ့သည်။
ခန်းမကြီး၏ စင်မြင့်ထက်တွင်မူ ကြီးမားလှသော နောက်ခံကားချပ်ကြီးပေါ်၌ "ထျန်းချန်လုပ်ငန်းစု၏ ကျေးဇူးတုံ့ပြန်ပွဲနှင့် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား" ဟူသော စာလုံးများကို ရွှေရောင်စာလုံးများဖြင့် ထင်ရှားစွာ ရေးထိုးထား၏။
စင်မြင့်ပတ်ပတ်လည်တွင် ပန်းအလှစိုက်ပုံးများဖြင့် ဝန်းရံထားခဲ့ပြီး ကော်ဇောနီကြီးကိုလည်း ခင်းကျင်းထားခဲ့ပြီ ဖြစ်သည်။
ခန်းမကြီးအတွင်း၌ ကျောင်းသား.. ကျောင်းသူများဖြင့် ပြည့်နှက်နေခဲ့ပြီး ၎င်းတို့ အချင်းချင်း အပြန်အလှန် စိုက်ကြည့်ကာ တိုးညင်းစွာ တီးတိုးပြောဆိုနေကြသဖြင့် စည်ကားသိုက်မြိုက်လှသော လေထုတစ်ခု ဖြစ်ပေါ်နေစေ၏။
"ဟေး... နင်တို့တွေ ဒါက ဘာကိစ္စလဲဆိုတာ သိကြလား… အကြောင်းကြားစာက ဒီနေ့မနက်မှ ပို့တာ.. ပြီးတော့ ဒီနေ့မွန်းလွဲပိုင်းမှာတင် ချက်ချင်း စတော့မှာတဲ့…သူတို့တွေ တကယ်ကို အလျင်စလို ဖြစ်နေပုံပဲ"
"ငါလည်း မသိဘူး.. ငါကတော့ ဘာသာရပ်အမှတ် တွေ ပေးတယ်ကြားလို့ လာခဲ့တာ"
"ငါလည်း အတူတူပဲ… ဒီတစ်ကြိမ် ပေးတဲ့ ဘာသာရပ်အမှတ်တွေက တော်တော်လေး များတာဆိုတော့ လာရတာ တန်တာပေါ့"
"......"
ခန်းမကြီး၏ စင်နောက်ကွယ်တွင်မူ တရားဝင် ဝတ်စုံအပြည့် ဆင်မြန်းထားသော ကုချန်အား ကျောင်းအုပ်ကြီးနှင့် ကျောင်းအဖွဲ့ဝင် လူကြီးအချို့က ဝန်းရံထားကြပြီး ၎င်းတို့၏ မျက်နှာထက်တွင် အပြုံးများဖြင့် ပြည့်နှက်နေကာ လေသံများတွင်လည်း မြှောက်ပင့်လိုဟန်များ ပြည့်နှက်နေခဲ့သည်။
ထျန်းချန်လုပ်ငန်းစုသည် ဟိုင်ချန်မြို့အတွင်း၌ ထိပ်သီးနေရာသို့ တက်လှမ်းလာနိုင်ခဲ့ပြီး လုပ်ငန်းကဏ္ဍကြီးတစ်ခု ဖြစ်လာခဲ့ကတည်းက.. မူလခန္ဓာကိုယ်ပိုင်ရှင်သည် ပရဟိတလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ဖူးပြီး အထူးသဖြင့် ဟိုင်ချန်တက္ကသိုလ်သို့ ရက်ရက်ရောရော လှူဒါန်းမှုများ ပြုလုပ်ခဲ့ဖူးခြင်း ဖြစ်သည်။
ကျောင်း၏ အဆောက်အအုံနှင့် အသုံးအဆောင် ပစ္စည်းအများစုမှာ ထျန်းချန်လုပ်ငန်းစုထံမှ ရရှိသော ရန်ပုံငွေများဖြင့် တည်ဆောက်ထားခြင်း သို့မဟုတ် အဆင့်မြှင့်တင်ထားခြင်း ဖြစ်၏။
၎င်းအပြင် ထျန်းချန်လုပ်ငန်းစုသည် ဟိုင်ချန်တက္ကသိုလ်ရှိ ဆင်းရဲနွမ်းပါးသော ကျောင်းသား.. ကျောင်းသူများအတွက် ပညာသင်ဆု အစီအစဉ်များကိုလည်း စီမံခန့်ခွဲပေးထားသေးသည်။
ခွင့်ပြုချက် ရရှိရန် လုပ်ငန်းစဉ်မှာ အလွန်ပင် တင်းကျပ်လှသော်လည်း.. တစ်ကြိမ်မျှ ခွင့်ပြုချက် ရရှိသွားခဲ့ပြီဆိုလျှင်မူ ကျောင်းသားများအနေဖြင့် တော်တော်လေး များပြားလှသော ရန်ပုံငွေများကို ရရှိနိုင်မည် ဖြစ်၏။
တကယ်လို့ ကျောင်းသားတစ်ဦးက ထူးချွန်ထက်မြက်သော ရလဒ်များ ရှိနေခဲ့လျှင်မူ ၎င်းတို့အနေဖြင့် ထျန်းချန်လုပ်ငန်းစုအတွင်း၌ ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အရေးကိုပင် ရရှိနိုင်သေးသည်။
ဤအချက်နှင့် ပတ်သက်၍ ကုချန်၏ မူလခန္ဓာကိုယ်ပိုင်ရှင်မှာ တကယ်ပဲ သိက္ခာရှိလှသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟု သတ်မှတ်နိုင်ပေသည်။
ကံဆိုးစွာဖြင့်ပဲ ဇာတ်လိုက်ဖြစ်သူ တိန့်ရှို့ကျဲနှင့် ပဋိပက္ခဖြစ်ပွားခဲ့မှုကြောင့် သူသည် နောက်ဆုံးတွင် "ဗီလိန်" တစ်ယောက်အဖြစ် တံဆိပ်ကပ်ခြင်း ခံလိုက်ရခြင်းပင်။
သို့သော်လည်း ကုချန်၏ စိတ်ထဲ၌မူ မူလကုချန်၏ ကံကြမ္မာအတွက် သူကိုယ်တိုင်တွင်လည်း တာဝန်အချို့ ရှိနေသည်ကို ကောင်းစွာ သိရှိထား၏။ တကယ်လို့ သူသာ စကားကောင်းကောင်း ပြောတတ်ခဲ့လျှင်မူ ဒီလောက်အထိ ပြဿနာများစွာ ရှိလာခဲ့မည် မဟုတ်ချေ။
အတိတ်တုန်းက ဟိုင်ချန်တက္ကသိုလ်သည် ကုချန်၏ လှူဒါန်းမှုတိုင်းအတွက် ကျေးဇူးတင်ပွဲ အခမ်းအနားများ ပြုလုပ်ပေးရန် အမြဲတမ်း အလိုရှိခဲ့ဖူးသော်လည်း.. သူကမူ ယဉ်ကျေးစွာဖြင့် အမြဲတမ်း ငြင်းပယ်ခဲ့ဖူးသည်။
သို့သော်လည်း ယနေ့တွင်မူ ကုချန်သည် ကျောင်း၏ အဆိုပြုချက်ကို ရုတ်တရက် လက်ခံလိုက်သဖြင့် ကျောင်းအုပ်ကြီးနှင့် လူကြီးများအားလုံးကို အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားစေခဲ့၏။
ကျောင်းဘက်ကလည်း အလွန်လျင်မြန်စွာ လှုပ်ရှားခဲ့ကြပြီး မနက်ပိုင်းတွင် အဆိုပြုချက်တင်ကာ မွန်းလွဲပိုင်းမှာတင် အခမ်းအနားကို အမြန်ဆုံး ပြင်ဆင်လိုက်ကြခြင်းပင် ဖြစ်သည်။
ကုချန်အနေဖြင့် ဤခရီးစဉ်ကို လာရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာမူ တိန့်ရှို့ကျဲ၏ ဝတ္ထုစာအုပ်ထဲမှ အခြားသော အမျိုးသမီးဇာတ်လိုက်တစ်ဦးဖြစ်သူ ရွှီမုန်ရွှမ်း ကို ရှာဖွေရန်အတွက် ဖြစ်ပေတော့သည်။