အခန်း (၁၅) သူမပြောတဲ့စကားက ငါ့စကားပဲ
"သခင်လေး... အားလုံး အဆင်ပြေပြေနဲ့ စီစဉ်ပြီးပါပြီ"
ပိုင်၀မ်ရုသည် ရေချိုးခန်းတံခါးကို အသာအယာတွန်းဖွင့်ကာ ခေါင်းလေးပြူထွက်ရင်း ဆိုဖာပေါ်တွင် ထိုင်နေသော ကုချန်ကို လှမ်းကြည့်လိုက်သည်။
ကုချန်သည် သန့်ရှင်းလတ်ဆတ်သော အိမ်ဝတ်စုံသို့ လဲလှယ်ပြီးနောက် ဤကမ္ဘာမြေ၏ သတင်းအချက်အလက်အမျိုးမျိုးကို ဖုန်းဖြင့် အာရုံစိုက်ကာ ဖတ်ရှုနေခဲ့ခြင်း ဖြစ်သည်။
"အင်း"
ကုချန်က ပြန်ထူးလိုက်ပြီးနောက် မတ်တတ်ရပ်ကာ ပိုင်၀မ်ရုရှိရာဆီသို့ လျှောက်လှမ်းသွားတော့သည်။
ပိုင်၀မ်ရုသည် ရှန်ကျီဝေကို တွဲဖက်၍ အပြင်သို့ ခေါ်ထုတ်လာခဲ့သည်။ ဤအချိန်တွင် ရှန်ကျီဝေသည် ရေချိုးသဝါလ်အရှည်ကြီးတစ်ခုကိုသာ ပတ်ထားသဖြင့် သူမ၏ ဖြူဝင်းသော ခြေတံများနှင့် လက်မောင်းများက လေထဲတွင် ပေါ်လွင်နေ၏။
သူမ၏ ပါးပြင်နှစ်ဖက်မှာ ပုံမှန်မဟုတ်ဘဲ ရဲတက်နေကာ မျက်ခုံးများလည်း တွန့်ချိုးနေပြီး အသက်ရှူသံများကလည်း အနည်းငယ် မြန်ဆန်နေရှာသည်။
"သူမ ဖျားနေတဲ့ပုံပဲ.. ကျွန်မ သူမအတွက် ဆေးသွားယူလိုက်ဦးမယ်"
ပိုင်၀မ်ရု စကားပြောပြီးနောက် အိပ်စုံအင်္ကျီလေးဖြင့်ပင် အပေါ်ထပ်သို့ ခြေလှမ်းကျဲကျဲဖြင့် အပြေးအလွှား တက်သွားတော့သည်။
ကုချန်ကမူ မည်သည့်စကားမျှ မဆိုဘဲ လက်ကို ဆန့်ထုတ်ကာ ရှန်ကျီဝေကို မင်းသမီးပွေ့ ပုံစံဖြင့် ထပ်မံ၍ ပွေ့ချီလိုက်သည်။
သူမ၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် ပူနွေးနေပြီး ထိုအပူရှိန်က ရေချိုးသဘက် မှတစ်ဆင့် သူ၏ လက်မောင်းဆီသို့ ကူးစက်လာ၏။
ရှန်ကျီဝေသည် မျက်မှောင်ကြုတ်ထားမိပြီး နှုတ်ခမ်းလေး အနည်းငယ် ပွင့်ဟနေကာ သတိမဲ့စွာဖြင့် တစ်စုံတစ်ခုကို တိုးတိုးလေး ညည်းတွားနေပုံရသည်။
ကုချန်သည် သူမကို ပွေ့ချီလျက် ဒုတိယထပ်သို့ ဖြည်းညင်းစွာ တက်လာခဲ့ပြီး ဟာလာဟင်းလင်း ဖြစ်နေသော ဧည့်သည်နားနေခန်းတစ်ခုထဲ၌ ညင်သာစွာ ချထားပေးလိုက်သည်။
ကုချန်သည် သူမအား စောင်ခြုံပေးပြီးနောက် အပြင်သို့ ထွက်ရန် ပြင်လိုက်သည်.. သူသည် ဤမိန်းကလေးအပေါ် မည်သည့်စိတ်ဝင်စားမှုမျှ ရှိမနေခဲ့ချေ။
သူ အပြင်သို့ လှည့်ထွက်မည်အပြုတွင် ရှန်ကျီဝေက ရုတ်တရက် လက်ကို ဆန့်ထုတ်ကာ သူ၏ လက်မောင်းကို လှမ်း၍ ဆုပ်ကိုင်လိုက်သည်။
ကုချန်သည် သူမ၏ လက်ကို ငုံ့ကြည့်လိုက်ပြီးနောက် အားစိုက်ရုံမျှဖြင့် လွယ်လွယ်ကူကူပင် ရုန်းထွက်လိုက်သည်။ သူသည် အခန်းထဲတွင် ဆက်မနေတော့ဘဲ လှည့်၍ ထွက်ခွာသွားတော့သည်။
သူ အခန်းအပြင်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ပိုင်၀မ်ရုသည် ရေခွက်နှင့် ဆေးဝါးများကို ကိုင်ဆောင်ကာ ရောက်ရှိလာ၏။
"သခင်လေး... ဆေးရပါပြီ" ပိုင်၀မ်ရုက တိုးညင်းစွာ ပြောလိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင်လည်း မေးခွန်းထုတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေသည်။
ကုချန်က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး တည်ငြိမ်သော လေသံဖြင့် "သွားတော့" ဟု ဆိုလိုက်၏။
ပိုင်ဝုံရုံက ပြန်ထူးလိုက်ပြီး ရေနှင့် ဆေးများကို ကိုင်ကာ အခန်းထဲသို့ ဝင်သွားတော့သည်။
တစ်ဆယ့်ငါးမိနစ်ခန့် အကြာတွင် ပိုင်၀မ်ရုသည် ကုချန်၏ အခန်းတံခါးကို အသာအယာ တွန်းဖွင့်ကာ ဝင်ရောက်လာခဲ့သည်။
ကုချန်သည် ကုတင်ဘေးတွင် ထိုင်နေပြီး ပိုင်၀မ်ရု ဝင်လာသည်ကို မြင်သောအခါ ခပ်မှိန်မှိန် ပြုံးပြလိုက်၏။
"ဖြေရှင်းပြီးပြီလား"
ပိုင်၀မ်ရုက ခေါင်းညိတ်ပြလိုက်ပြီး ကုတင်ဘေးသို့ လျှောက်လာကာ စောင်ကို မ၍ အထဲသို့ တိုးဝင်လိုက်သည်။
"ဟုတ်ကဲ့... ကျွန်မ သူမကို အိပ်စုံအင်္ကျီတစ်စုံ လဲပေးခဲ့ပါတယ်…သူမရဲ့ အပူချိန်က သိပ်မမြင့်လှပါဘူး.. ဆေးသောက်လိုက်ရင်တော့ အဖျားကျသွားမှာပါ"
ကုချန်က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး အကြည့်များက နူးညံ့သွားကာ ပြောလိုက်၏။
"မင်းလည်း ပင်ပန်းသွားပြီ"
ပိုင်၀မ်ရုက ခေါင်းကို ခါယမ်းလိုက်ပြီး မျက်နှာထက်တွင် ညင်သာသော အပြုံးတစ်ခုကို ဆင်မြန်းကာ ဆိုသည်။
"သခင်လေးကို ပြုစုစောင့်ရှောက်ခွင့်ရတာ ဝမ်ရုံအတွက် ဂုဏ်ယူစရာပါပဲ"
ကုချန်က လက်ကို ဆန့်ထုတ်ကာ သူမ၏ ဆံနွယ်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး.. သူ၏ လှုပ်ရှားမှုများက ကြင်နာမှုနှင့် အလိုလိုက်မှုများ ပြည့်နှက်နေသည်။
ထို့နောက်တွင်တော့ သူတို့နှစ်ဦးသည် မိုးလင်းခါနီးအချိန်အထိ ပြင်းပြင်းထန်ထန် စကားဆိုဖြစ်ခဲ့ကြတော့သည်။
၁၁ နာရီခန့်တွင် ဆေးရှိန်ကြောင့် ရှန်ကျီဝေသည် သူမ၏ လေးလံနေသော မျက်ခွံများကို ဖြည်းညင်းစွာ ဖွင့်လိုက်မိသည်။
သူမ၏ အမြင်အာရုံက အနည်းငယ် ဝေဝါးနေဆဲ ဖြစ်သော်လည်း ခန္ဓာကိုယ်ထဲရှိ အပူရှိန်များမှာမူ အတိုင်းအတာတစ်ခုအထိ လျော့ပါးသွားပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
သူမသည် ခန္ဓာကိုယ်ကို ထောက်၍ ထရန် ကြိုးစားလိုက်သော်လည်း ခြေလက်များ အားအင်ချည်းနဲ့နေပြီး အားလုံး ကုန်ခမ်းသွားသည့်အလား ခံစားလိုက်ရ၏။
ထို့ကြောင့် သူမသည် ကုတင်ပေါ်တွင်သာ ပြန်လည် လှဲလျောင်းနေရပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေမိသည်။
မိမိသည် လက်ရှိတွင် ကုချန်၏ အိမ်၌ ရှိနေသည်ဟူသော အသိကြောင့် ရှန်ကျီဝေ ခပ်မှိန်မှိန်လေး ပြုံးမိသွားပြီး နှလုံးသားထဲတွင်လည်း ဖော်ပြမတတ်ဘဲ ကြည်နူးမှုများ တိုးဝှေ့လာသည်။
သို့သော်လည်း အတိအကျပင် ထိုအချိန်တွင် သူမသည် ဘေးအခန်းဆီမှတစ်ဆင့် တိုးညင်းသော အသံအချို့ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
သူမ ရှိနေသော အခန်းက အလွန်ပင် တိတ်ဆိတ်နေသဖြင့် ထိုအသံများမှာ အတိုင်းအတာတစ်ခုအထိ ပြတ်သားစွာ ကြားနေရခြင်း ဖြစ်သည်။
ရှန်ကျီဝေ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး အာရုံအားလုံးကို စုစည်းကာ သေချာစွာ နားစွင့်ကြည့်လိုက်မိသည်။
မပြတ်မသား ထွက်ပေါ်လာသော ထိုအသံများ သူမ၏ နားထဲသို့ တိုးဝင်လာသည့်အခါ ရှန်ကျီဝေ၏ ပါးပြင်နှစ်ဖက်မှာ ချက်ချင်းပင် ပန်းသီးတစ်လုံးကဲ့သို့ နီမြန်းသွားတော့သည်။
သူမသည် အချစ်ရေးတွင် နုနယ်သေးသော မိန်းကလေးတစ်ဦး ဖြစ်သော်လည်း ထိုအသံများက ဘာကို ဆိုလိုကြောင်းကိုမူ သဘာဝကျကျပင် နားလည်ထားပြီးသား ဖြစ်သည်။
ဗီလာအတွင်း၌ သူမအပြင် ကုချန်နှင့် ပိုင်၀မ်ရုတို့ နှစ်ဦးသာ ရှိနေခြင်း ဖြစ်သည်။
ရှန်ကျီဝေသည် ထိုအသံက မည်သူ့ထံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ချက်ချင်းပင် သဘောပေါက်သွားတော့သည်။
သို့သော် ထိုအချက်ကို တွေးမိသည့်အခါ သူမ၏ နှလုံးသားထဲတွင် ခါးသီးမှုနှင့် မကျေနပ်ချက်များ တိုးဝှေ့လာပြန်သည်။
"ငါက အရင်ဆုံး ဖြစ်ခဲ့ရမှာလေ..."
အချိန်တစ်နာရီခန့်ကြာအောင် နားထောင်ပြီးနောက် ရှန်ကျီဝေ၏ မျက်နှာမှာ ပန်းသီးတစ်လုံးထက်ပင် ပို၍ နီမြန်းနေခဲ့ပြီ ဖြစ်သည်။
သူမသည် ညာလက်ဖြင့် စောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိရင်း မိမိကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်နေမိတော့သည်။
"ဒါကတော့ တကယ်ကို ရက်စက်လွန်းလှတယ်"
နောက်တစ်နေ့ နံနက်တွင် ကုချန်နှင့် ပိုင်၀မ်ရုတို့ အတူတူ အောက်ထပ်သို့ ဆင်းလာကြသည့်အခါ ရှန်ကျီဝေသည် စောစီးစွာ ထနှင့်နေပြီး မီးဖိုချောင်အတွင်း၌ နံနက်စာ ပြင်ဆင်ရန် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။
ဤသည်ကို မြင်သောအခါ ပိုင်၀မ်ရု၏ မျက်ဝန်းထဲတွင် အံ့အားသင့်ရိပ်များ လက်ခနဲ ဖြစ်သွားပြီး ကူညီပေးရန်အတွက် အောက်ထပ်သို့ ချက်ချင်း ပြေးဆင်းသွားတော့သည်။
ကုချန်ကမူ သူ၏ ခြေလှမ်းများကို မပြောင်းလဲဘဲ ဆိုဖာရှေ့တွင် သွားရောက် ထိုင်လိုက်၏။
သူက ဖုန်းကို ထုတ်ယူကာ မကြာသေးမီက သတင်းများကို စတင်ဖတ်ရှုနေခဲ့သည်။
သူ နားလည်ထားသော ကမ္ဘာ့ဇာတ်လိုက် များ၏ သဘာဝအရ ဇာတ်လိုက်အများစုမှာ ဟိတ်ဟန်ကြီးမားသော စတိုင်များ ရှိကြပြီး ဟိုးဟိုးကျော်ဖြစ်ရပ်များကို ဖန်တီးကာ သတင်းစာမျက်နှာများပေါ်တွင် နေရာယူတတ်ကြသည်။
ကုချန်သည် အရင်က ဤကမ္ဘာမြေ၏ ရုပ်ရှင်အချို့နှင့် သီချင်းအချို့ကို ကြည့်ရှုနားထောင်ဖူးခဲ့ရာ သူ အရင်က နေခဲ့ဖူးသော ကမ္ဘာနှင့် လုံးဝ ခြားနားနေသည်ကို တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် သူသည် မည်သည့် "မိတ်ဆွေဟောင်း" များ ပေါ်ထွက်လာသလဲဆိုသည်ကို အာရုံစိုက်နေသရွေ့ ထိုသဲလွန်စများအတိုင်း လိုက်လံချေမှုန်းပြီး ဗီလိန်တန်ဖိုးများကို ပိုမို ရှာဖွေနိုင်မည် ဖြစ်သည်။
"သခင်လေး... နံနက်စာ အဆင်သင့် ဖြစ်ပါပြီ"
ထမင်းစားခန်းဆီမှ ပိုင်၀မ်ရု၏ အသံ ထွက်ပေါ်လာသည်။ ကုချန်က ဖုန်းကို သိမ်းဆည်းလိုက်ပြီး မတ်တတ်ရပ်ကာ ထမင်းစားပွဲဆီသို့ လျှောက်လှမ်းသွားတော့သည်။
သူက အလယ်ဗဟို ပင်မထိုင်ခုံတွင် ထိုင်လိုက်ပြီး.. ပိုင်၀မ်ရုနှင့် ရှန်ကျီဝေတို့ကမူ ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်ကြသည်။
ရှန်ကျီဝေသည် ခေါင်းကို ငုံ့ထားမိပြီး လက်နှစ်ဖက်ကို ဒူးပေါ်တွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် အနည်းငယ် နေရခက်နေပုံရသည်။
သူမက ကုချန်ကို မော့ကြည့်ကာ တိုးညင်းသော လေသံဖြင့် ဆိုလိုက်၏။
"ဟို... သူဌေး ကု.. မနေ့ညက ကျွန်မကို ဂရုစိုက်ပေးခဲ့တဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်"
ကုချန်က ခေါင်းမော့မကြည့်ဘဲ ရိုးရှင်းစွာပင် ပြန်လည် ဖြေကြားလိုက်သည်။
"မနေ့ညက မင်းကို ဂရုစိုက်ပေးခဲ့တာ ဝမ်ရုပါ.. ငါ မဟုတ်ဘူး"
ဤစကားကို ကြားလိုက်ရသောအခါ ရှန်ကျီဝေ၏ မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူမ မည်သည့်စကားမျှ ထပ်မဆိုတော့ဘဲ ခေါင်းငုံ့ကာ နံနက်စာကိုသာ တိတ်ဆိတ်စွာ စားသုံးနေတော့သည်။
တစ်ခန်းလုံး တိတ်ဆိတ်သွားခဲ့ရာ ပန်းကန်ခက်ရင်းများ အချင်းချင်း ထိခတ်မိသော အသံဖွဲဖွဲလေးများသာ ထွက်ပေါ်နေတော့၏။
စားသောက်ပြီးနောက် ကုချန်သည် ရေခွက်ကို ချလိုက်ပြီး နှုတ်ခမ်းကို သုတ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
ဤသည်ကို မြင်သောအခါ ရှန်ကျီဝေ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ကုချန်ကို အရိုအသေပြုကာ အလေးအနက်ထား၍ နောင်တရသော လေသံဖြင့် ဆိုလိုက်၏။
"သူဌေး ကု... အရင်က ရှင့်အပေါ် ကျွန်မ ပြုမူခဲ့မိတဲ့ ကိစ္စရပ်အားလုံးအတွက် တကယ်ကို တောင်းပန်ပါတယ်"
"ရှင့်ဆီကနေ ချက်ချင်း ခွင့်လွှတ်ဖို့ မတောင်းဆိုပါဘူး.. ဒါပေမဲ့ ကျွန်မ အမှားကို ပြန်ပြီး ကုစားခွင့်လေးတော့ ပေးပါဦးလို့ တောင်းပန်ချင်ပါတယ်"
ကုချန်က ချက်ချင်း ပြန်မဖြေဘဲ သူ၏ အတွေးများကို အလျင်အမြန် စုစည်းပြီးမှ ပြောလိုက်သည်။
"ငါ့မှာ နောက်ထပ် လုပ်စရာ ကိစ္စတွေ ရှိသေးလို့ မင်းဆက်ပြီး မနေသင့်တော့ဘူး"
ကုချန်၏ ငြင်းပယ်သော စကားကို ကြားလိုက်ရသည့်အခါ ရှန်ကျီဝေ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားတော့သည်။
သူမ၏ မျက်ဝန်းများ အနည်းငယ် ရဲတက်လာပြီး မျက်ရည်များပင် စီးကျလုနီးပါး ဖြစ်သွားရ၏။
သို့သော်လည်း ကုချန်သည် သူမ ငိုသည်ကို မြင်လျှင် သဘောကျမည်မဟုတ်ဟု တွေးမိသဖြင့် သူမ၏ မျက်ရည်များကို ဇွတ် ထိန်းထားရှာသည်။
ဤသည်ကို မြင်သောအခါ ပိုင်၀မ်ရု ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ညင်သာစွာ စကားဆိုပေးရှာသည်။
"ကျိီဝေ... အဲဒီကိစ္စအတွက် စိတ်မပူပါနဲ့။ သခင်လေးက မကြာသေးမီက အတော်လေး အလုပ်ရှုပ်နေလို့ပါ…နောက်နောင်လည်း ဒီကို မကြာခဏ လာလည်လို့ ရပါတယ်နော်"
ပိုင်၀မ်ရုက ဘေးမှနေ၍ ဝင်ရောက် ဖြေရှင်းပေးလိုက်ခြင်း ဖြစ်သည်။
ပိုင်၀မ်ရု၏ စကားကို ကြားလိုက်ရသောအခါ ရှန်ကျီဝေ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက် အလင်းရောင်တစ်ခု ချက်ချင်းပင် ပြန်လည် တောက်ပလာတော့သည်။
သူမက မရေမရာ ဖြစ်နေသော လေသံဖြင့် မော့၍ မေးလိုက်၏။
"တကယ်လားဟင်"
ကုချန်က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ လေသံမှာ တည်ငြိမ်နေဆဲပင် ဖြစ်သည်။
"သူမပြောတဲ့စကားက ငါ့စကားပဲ"
ကုချန်ထံမှ အတည်ပြုချက်ကို ရရှိလိုက်ပြီးနောက်တွင်မူ ရှန်ကျီဝေ၏ မျက်နှာထက်တွင် ကျေးဇူးတင်စရာကောင်းသော အပြုံးတစ်ခု နောက်ဆုံး၌ ပေါ်ပေါက်လာတော့သည်။
သူမသည် ပိုင်၀မ်ရုကိုလည်း အလေးအနက် အရိုအသေပြုလိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် အသံများပင် တုန်ယင်လျက် ဆိုရှာသည်။
"ကျေးဇူးအများကြီးတင်ပါတယ် ဝမ်ရု ဒါဆို... ကျွန်မ ပြန်ခွင့်ပြုပါဦး"
ပြောပြီးနောက် သူမသည် ဗီလာအတွင်းမှ လှည့်ထွက်သွားခဲ့ရာ.. သူမ၏ ခြေလှမ်းများမှာ အရင်ကထက်စာလျှင် ပေါ့ပါးနေခဲ့ပြီး နှလုံးသားထဲမှ ကြီးမားလှသော ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ချပစ်လိုက်နိုင်သည့်အလား ရှိနေတော့သည်။
ကုချန်သည် ရှန်ကျီဝေ၏ သဘာဝကို သဘာဝကျကျပင် နားလည်ထားပြီးသား ဖြစ်သည်...သူမသည် သူ၏ အေးစက်မှုများကြောင့်နှင့်တင် သူ့ကို လွယ်လွယ်နှင့် လက်လျှော့မည့်သူ မဟုတ်ချေ။
ကုချန်၏ အေးစက်တည်ငြိမ်မှုများက ရှန်ကျီဝေနှင့် ပိုင်၀မ်ရုတို့အကြား ဆက်ဆံရေးကို ပိုမို၍ မြန်ဆန်ကောင်းမွန်စွာ နီးကပ်သွားစေနိုင်ခြင်း ဖြစ်သည်။
နောက်နောင်တွင်တော့ ကုချန်၏ ဘေးပတ်ပတ်လည်၌ အမျိုးသမီးများစွာ ရှိလာဦးမည်မှာ ဓမ္မတာပင်။
ထို့ကြောင့် ၎င်းတို့အချင်းချင်း အစောပိုင်းကတည်းက ဆက်ဆံရေး ကောင်းမွန်နေစေခြင်းက ပိုမိုကောင်းမွန်လှပြီး.. နောက်ပိုင်းတွင် သူကိုယ်တိုင် ကြားညှပ်၍ ရှင်းလင်းရမည့် ဒုက္ခများမှ ကင်းဝေးစေမည် ဖြစ်သည်။