အခန်း ၅၇ - ညှို့ဓာတ်၏ အရေးပါပုံ
ရှီယန်၏ စစ်မေးမှုကို ရင်ဆိုင်ရချိန်တွင် ခရစ်သည် မိမိ၏ အိပ်မက်ဆိုးအမှတ်အသားကို သုံးကာ လျှို့ဝှက်မစ်ရှင်၏ အသေးစိတ်အချက်အလက်များကို ရှီယန်ထံသို့ ပွင့်ပွင့်လင်းလင်းပင် လွှဲပြောင်းပေးလိုက်သည်။ ရှီယန်က ခေါင်းညိတ်ပြပြီး အခန်းတံခါးကို တွန်းဖွင့်ကာ ထွက်ခွာရန် ပြင်လိုက်သော်လည်း ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးနောက် ရုတ်တရက် ပြန်လှည့်လာခဲ့၏။
“ဩော်… ဒါနဲ့” ရှီယန်က ခရစ်ကို စိုက်ကြည့်လိုက်သည်။ “မင်း အခု ဒဏ်ရာရထားတယ်၊ မင်းရဲ့ ကိုယ်ပိုင်အင်အားကလည်း သိပ်မသန်မာဘူး။ ဒီပင်လယ်ဓားမြတွေက လူသတ်တာ၊ ငွေညှစ်တာ ဘာမဆို လုပ်ရဲတဲ့ကောင်တွေ၊ လူကောင်းတစ်ယောက်မှ မပါဘူး။ ငါ သင်္ဘောပေါ်မှာ ရှိနေချိန်တော့ သူတို့ မင်းကို မထိရဲကြပေမဲ့ ငါ ဆိပ်ကမ်းဘက်ကို ကိစ္စရှိလို့ သွားရမယ်ဆိုရင် မင်း တော်ကျူဂါဆိပ်ကမ်းမှာ မျက်နှာပြလို့ ရမှာမဟုတ်ဘူး၊ သင်္ဘောပေါ်မှာပဲ အောင်းနေရလိမ့်မယ်။ ဒါကြောင့် ဒီအချိန်ကစပြီး မင်းဘာသာမင်းပဲ အဆင်ပြေအောင် နေထိုင်ရလိမ့်မယ်”
ခရစ်သည် အမြီးကို အနင်းခံလိုက်ရသည့် ကြောင်တစ်ကောင်ကဲ့သို့ ရုတ်တရက် ဝုန်းခနဲ ထထိုင်ကာ အော်ဟစ်လိုက်တော့သည်။
ခင်ဗျား ဒီလိုလုပ်လို့ မရဘူးလေဗျာ
ရှီယန်က ပုခုံးတွန့်ပြရင်း တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။
ခရစ် ၊ ငါက ငါတို့ရဲ့ သဘောတူညီချက်ကို ဖောက်ဖျက်နေတာ မဟုတ်ဘူး။ အမှန်အတိုင်း ပြောရရင် မင်းလည်း ငါ့အပေါ် အပြည့်အစုံ ရိုးသားမနေခဲ့ဘူးမဟုတ်လား။ ဒါကြောင့် ငါ့ဘက်ကလည်း ရဲဘော်ရဲဘက် သူငယ်ချင်းအရင်းအချာတွေလိုမျိုး အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့ မခံစားရဘူး။
ခရစ်က အောင့်သက်သက်ဖြင့် ဟန်ဆောင်ရယ်မောကာ ဆိုသည်။
ယန်ရာ ၊ ခင်ဗျားကလည်း ဘာလို့ ဒီလို ဖြစ်သွားရတာလဲ။
ရှီယန်က တိုးညင်းသော လေသံဖြင့် အေးအေးဆေးဆေး ပြောလိုက်၏။
ဒါဆို မင်းက ဘာဖြစ်လို့ တော်ကျူဂါရုန်းတော်ကို တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို ငါ့ကို မပြောပြတာလဲ။ အဲဒီတိုက်ခိုက်မှုရဲ့ အသေးစိတ် ဖြစ်စဉ်တွေနဲ့ ရရှိမယ့် ဆုလာဘ်တွေကိုကော
ခရစ်၏ မျက်နှာမှာ ခါးသက်သွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ဖြေရှာသည်။
ခင်ဗျားက ဒါကို အရင်က မမေးခဲ့ဘူးလေ၊ ကျွန်တော်က ခင်ဗျား စိတ်မဝင်စားဘူး ထင်နေတာ။ ရုန်းတော်ကို တိုက်ခိုက်တဲ့နေရာမှာ ကျွန်တော့်ရဲ့ အခန်းကဏ္ဍက တကယ်တော့ အလွန် အသုံးပြုခံသက်သက်ပါဗျာ၊ တစ်ခုလုံးကို ခေါင်းဆောင် နစ်ခ်ကပဲ စီစဉ်ခဲ့တာ။ ကျွန်တော်တို့က သာမန် အလုပ်သမားတွေလိုပါပဲ၊ ကိုယ့်တာဝန်ကိုယ် ယူပြီး ပြီးမြောက်အောင် လုပ်လိုက်ရုံပဲဟာ။
ခရစ်သည် အပြင်ပန်းတွင် ရိုးအဟန် ဆောင်နေသော်လည်း အမှန်စင်စစ်တွင် အလွန်တရာ ပါးနပ်မြေခွေးကျသူတစ်ဦး၏ စံပြနမူနာပင် ဖြစ်သည်။ မိမိအတွက် အထိနာမည့် အခြေအနေမျိုးတွင် သူက အလွန် ပြတ်သားတတ်သော်လည်း သာမန်အခြေအနေမျိုးတွင်မူ အချက်အလက် တစ်ခုတည်းကိုပင် ဖွင့်ဟရန် ဝန်လေးတတ်သည့် မြေခွေးအိုကြီးတစ်ကောင်ကဲ့သို့ ပြုမူတတ်သည်။ လှည့်ပတ်မေးမြန်းပြီးနောက်တွင်မူ ရှီယန်အနေဖြင့် သူတို့ တော်ကျူဂါရုန်းတော်ထဲသို့ အရေးကြီးသော ပစ္စည်းတစ်ခု သွားရောက်လုယူရန် ချီတက်ခဲ့ကြသည်ဟူသော သတင်းအချက်အလက်ကိုသာ ရရှိခဲ့သည်။ သို့သော်လည်း ဤမျှဆိုလျှင် ဘာမှမရတာထက်စာလျှင် တော်ပါသေးသည်။
“ကောင်းပြီ” ရှီယန်က ခရစ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “ငါက ဒီသင်္ဘောပေါ်မှာ လူသတ်သမားဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတာ၊ တကယ်လို့ တစ်ယောက်ယောက်က မင်းကို လာပြဿနာရှာရင် မင်းက ငါနဲ့ ပတ်သက်တယ်လို့သာ သူတို့ကို ပြောလိုက်။ ကိစ္စတစ်ခုခု ရှိလာရင် ငါ အတတ်နိုင်ဆုံး ကြည့်ပေးမယ်။ သူတို့ ဘယ်လောက်ပဲ သတ္တိကောင်းကောင်း၊ ငါ့နာမည်ကြားရင်တော့ နှစ်ခါပြန် စဉ်းစားကြလိမ့်မယ်”
ခရစ်သည် ဤအချက်ကို ကြိုတင်တွေးတောထားပြီး ဖြစ်သော်လည်း ရှီယန်၏ အတည်ပြုချက်ကို အရင်ဆုံး ရယူရန် လိုအပ်နေခြင်း ဖြစ်သည်။ အကယ်၍ သူက အခြားသူများကို ခြောက်လှန့်ရန်အတွက် လေလုံးထွားခဲ့ပြီး ရှီယန် ပြန်လာချိန်တွင် ဂရုမစိုက်ဟန် ပြုမူပါက သူ ခြောက်လှန့်မောင်းထုတ်လိုက်သည့် လူမိုက်များက ပိုမိုပြင်းထန်သော ကလဲ့စားချေမှုမျိုးဖြင့် အသေအချာ ပြန်လာကြလိမ့်မည် မဟုတ်လား။ ယခုမူ ရှီယန်၏ အတည်ပြုချက်ကို ရရှိသွားပြီဖြစ်၍ သူ စိတ်သက်သာရာ ရသွားခဲ့သည်။
ခရစ်၏ ကိစ္စကို ဖြေရှင်းပြီးနောက် ရှီယန်သည် တော်ကျူဂါဆိပ်ကမ်းဆီသို့ တစ်ဖန် ပြန်လည် ထွက်ခွာလာခဲ့သည်။ ခရစ်တစ်ယောက် အလွန်အမင်း ထိတ်လန့်နေခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိရာ သူ၏ ဆင်ခြင်တုံတရားမှာလည်း အများကြီး ကျဆင်းနေလောက်ပြီ ဖြစ်သည်။ ဒါတင်မကသေးဘဲ သူသည် တော်ကျူဂါဆိပ်ကမ်းကို လုယက်တိုက်ခိုက်နိုင်စွမ်းရှိသည့် အင်အားမျိုးကို ကိုယ်တိုင်ကိုယ်ကျ မကြုံတွေ့ဖူးသေးပေ၊ ထို့ကြောင့် အာမန်က စတင်စစ်မေးသည်နှင့် ခရစ်သည် ဤပင်လယ်ဓားမြများအတွက် အလွန်တရာ အရေးကြီးလှသော သူ၏ ကိုယ်ပိုင်အစီရင်ခံစာကို အသေအချာ ဖွင့်ဟပေးတော့မည် ဖြစ်သည်။
သို့သော် ဤအချက်က ဘာမှမဖြစ်ပေ။ ရှီယန်က သူ့ကို ကယ်တင်ပြီး သင်္ဘောပေါ် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ရာ သူ့တွင်လည်း ကိုယ်ပိုင် အစီအစဉ်များ ရှိပြီးသား ဖြစ်သည်။ သူ၏ အဓိက အရေးကြီးဆုံး ပန်းတိုင်မှာ ခရစ်ထံမှ လျှို့ဝှက်မစ်ရှင် အကြောင်းအရာများကို အရင်ဆုံး ဖွင့်ဟခိုင်းရန်ဖြစ်ပြီး ၎င်းက သူ ကြိုတင်ဆွဲထားသည့် စီမံကိန်းများနှင့် ဆန့်ကျင်ဘက် ဖြစ်နေမလားဆိုသည်ကို ဆုံးဖြတ်ရန် ဖြစ်သည်။
လောလောဆယ်တွင် တော်ကျူဂါဆိပ်ကမ်းမှာ ပုံမှန်အတိုင်း ပြန်လည် စည်ကားနေပြီ ဖြစ်သော်လည်း လမ်းမများပေါ်ရှိ မြောက်မြားစွာသော ပင်လယ်ဓားမြများမှာမူ တစ်စုံတစ်ခုကို ဝေခွဲမရဖြစ်ကာ လျှို့ဝှက်ဆန်းကြယ်သည့် အမူအရာများ ရှိနေကြသည်။ ထို့ပြင် ဆိပ်ကမ်း၏ ကင်းလှည့်ရဲများနှင့် ကူညီပေးသူများမှာ နှစ်ဆခန့် တိုးလာခဲ့သော်လည်း ကုန်သည်များကမူ ကုန်ပစ္စည်းများကို ဈေးနှုန်းများ ချပစ်ကာ ကုန်စင်အောင် ရောင်းချနေကြပြီ ဖြစ်သည်။ ဤကဲ့သို့သော အပြုအမူများအရ သူတို့သည် ဤနေရာမှ စောစောစီးစီး ထွက်ခွာရန် ပြင်ဆင်နေကြပုံရသည်။ ရှီယန်သည် ခရစ် ပြသခဲ့သည့် ခန့်မှန်းခြေ လမ်းကြောင်းအတိုင်း လိုက်လံလျှောက်လှမ်းလာခဲ့ရာ ဆိပ်ကမ်း၏ အနောက်ဘက်ခြမ်းရှိ ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။ ခေါင်းကို မော့ကြည့်လိုက်သောအခါ သူသည် ထူးဆန်းသော ခံစားချက်တစ်ခုကို မအောင့်နိုင်ဘဲ ခံစားလိုက်ရသည်။ဤဆိုင်က သူ ဤကမ္ဘာထဲသို့ စတင်ဝင်ရောက်စဉ်က သွားရောက်ခဲ့ဖူးသော ‘ကြက်နှင့်ခွေး’ ဆိုင် ဖြစ်နေသောကြောင့်ပင်။
ခေါင်းတွင် အဖြူရောင် ခေါင်းပေါင်း ပတ်ထားပြီး ကြက်တောင်စည်းဖြင့် ဖုန်သုတ်နေသော အဘိုးအိုအနီးသို့ ချဉ်းကပ်သွားရင်း ရှီယန်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
မစ္စတာ မိုးလ် ဝေါ်လာ အိန္ဒိယက လေဒီ တာတာရှာ က ကျွန်တော့်ကို ခင်ဗျားဆီ သတင်းစကားတစ်ခု ပါးလိုက်ပါတယ်။
ထိုစကားကို ကြားပြီးနောက် အဘိုးအိုမှာ မည်သည့် တုံ့ပြန်မှုမျှ မပြဘဲ ဆက်၍သာ ဖုန်သုတ်နေခဲ့သည်။ ရုတ်တရက်ဆိုသလို စင်ပေါ်မှ ရွှံ့စေးဝိုင်ခွက် အသေးလေးတစ်ခွက်မှာ အောက်သို့ ပြုတ်ကျသွားပြီး ၅ ခု ၆ ခုခန့် ကွဲအက်သွားခဲ့သည်။ သူက အနည်းငယ် ချောင်းဆိုးလိုက်ပြီး ညာဘက်လက်ဖြင့် အပိုင်းအစများကို ကောက်ယူရင်း ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဟူး… အသက်ကြီးပြီပဲ၊ ဘာမှ သုံးစားလို့ မရတော့ဘူး”
စောက်ကျိုးနည်း!” ရှီယန်တစ်ယောက် စိတ်ပျက်အားလျော့သွားရသည်။ “ဘာလို့ ဒီလို ဖြစ်ရတာလဲ။ ခရစ်က ငါ့ကို သေသေချာချာ ပြောခဲ့တာပဲ၊ ငါသာ လေဒီ တာတာရှာရဲ့ နာမည်ကို ပြောလိုက်ရင် ဒီအဘိုးကြီးက သက်ပြင်းချပြီး သူ့ရဲ့ အတိတ်က အကြောင်းအရာတွေကို ပြန်ပြောပြလိမ့်မယ်ဆို။ ဒါပေမဲ့ ဘာဖြစ်လို့ အခုကျမှ ဒီလို ဖြစ်နေရတာလဲ။
အဲဒီ ဖာသည်မက ငါ့ကို ဂျင်းထည့်လိုက်တာတော့ မဟုတ်ပါဘူးနော်။ ဒါပေမဲ့ ဒါက အိပ်မက်ဆိုးအမှတ်အသားကနေ တိုက်ရိုက် လွှဲပြောင်းပေးလိုက်တာပဲ၊ သူ ငါ့ကို လှည့်စားလို့ မရနိုင်ပါဘူး။ ဒါဆို အခု ဘာတွေ ဖြစ်ပျက်နေတာလဲ။
ရှီယန်သည် အဘိုးအိုနှင့် စကားစမြည်ပြောရန် ထပ်မံ ကြိုးစားခဲ့သော်လည်း အဘိုးအိုကမူ ကုလားထိုင်ပေါ်တွင် ပြန်လည် ထိုင်လိုက်ပြီး တစ်ချက်မျှ စကားမဆိုဘဲ ဝေးလံသော ပင်လယ်ပြင်ကြီးဆီသို့သာ ငေးမောနေခဲ့တော့သည်။ ရှီယန်မှာ စိတ်ပျက်ပြီး စိတ်မရှည် ဖြစ်လာကာ ဤအဘိုးကြီး၏ မျက်နှာကို လက်သီးဖြင့် ထိုးပစ်ချင်စိတ်ပေါက်လာသည်။ သို့သော် သူသည် ဤအဘိုးအိုနှင့် စတင်ဆုံတွေ့ခဲ့ရသည့် ဖြစ်စဉ်ကို ရုတ်တရက် ပြန်လည် သတိရမိသွားသည်။သူ ကွမ်းသီးအချို့ ဝယ်ယူပြီးနောက်တွင်မှ ထိုအဘိုးအိုထံမှ သတင်းအချက်အလက်များကို ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင်လည်း ဤအဘိုးအိုက “ထူးဆန်းတဲ့ မှော်အစွမ်းရှိပြီး အကာအကွယ်ပေးနိုင်တဲ့ အဆောင်” ဟု ဆိုကာ စုတ်ပြတ်နေသော ကြိုးထုံးတစ်ခုကို သူ့အား အတင်းအကျပ် လိုက်လံရောင်းချရန် ကြိုးစားခဲ့သေးသည်။ သို့သော် ရှီယန်က ဂရုမစိုက်ဘဲ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ လောလောဆယ် ဆိုင်အတွင်း၌ နံရံတွင် ချိတ်ဆွဲထားဖူးသော ထိုကြိုးထုံးမှာ ပျောက်ကွယ်နေခဲ့ပြီ ဖြစ်သည်။
ဤမှတ်ဉာဏ်ကို ပြန်လည် သုံးသပ်ပြီးနောက် ရှီယန်သည် ဆိုင်အတွင်းရှိ ပစ္စည်းများကို ချက်ချင်း စစ်ဆေးလိုက်သည်။ မနေ့ကတည်းက ရောင်းချခဲ့ရသည့် ပစ္စည်းများမှာ အတော်လေး များပြားလှသည်ကို သူ ရိပ်မိသွား၏။ ထို့ပြင် ထိုပစ္စည်းများမှာ “ထူးဆန်းတဲ့ မှော်အစွမ်းရှိပြီး အကာအကွယ်ပေးနိုင်တဲ့ အဆောင်” ဟု ဆိုရမည့် အမှိုက်ကဲ့သို့သော ပစ္စည်းများနှင့် ဆင်တူနေသည်။ သူ့နှလုံးသားက ဒိန်းခနဲ တုန်လှုပ်သွားပြီး နံရံတွင် ချိတ်ဆွဲထားသော သစ်ကိုင်းခြောက်တစ်ခုကို လက်ညှိုးထိုးကာ မေးမြန်းလိုက်၏။
“ဒါ… ဒါက ဘယ်လောက်လဲ”
စီးပွားရေးအခွင့်အလမ်းတစ်ခုကို ကြားလိုက်ရသဖြင့် အဘိုးအိုက ပျင်းရိပျင်းတွဲဖြင့် လှမ်းကြည့်ကာ မကျေမနပ်ဖြင့် ပွစိပွစိ ဆဲဆိုတော့သည်။
စကားကို လျှောက်မပြောစမ်းနဲ့၊ ဘာပစ္စည်းလဲ။ ဒါက အိုလံပတ်စ်တောင် ရဲ့ ဒုတိယမြောက် ပညာရှိဆီက သန့်ရှင်းတဲ့ သစ်ပင်ကနေ ပြုတ်ကျလာတဲ့ သစ်ကိုင်းကွ။ မကြာသေးခင်ကမှ နိမိတ်မကောင်းတဲ့ နတ်ဘုရားတွေရဲ့ သတိပေးချက်ကို မရရှိခဲ့ရင် ငါက ပိုက်ဆံအရေးပေါ် လိုနေလို့ အခြားသူတွေကို အလွယ်တကူ ရောင်းမှာ မဟုတ်ဘူး။
ရှီယန်က သူ့ကို မဆွဆွရဲဘဲ ခေါင်းကို တဆက်ဆက် ညိတ်ပြရင်း ပြောလိုက်သည်။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ၊ ဒါဆို ဒီအိုလံပတ်စ်တောင်က သန့်ရှင်းတဲ့ သစ်ကိုင်းခြောက်က ဘယ်လောက်လဲ ခင်ဗျာ”
မိုးလ် ဝေါ်လာက ဒေါသတကြီးဖြင့် ပြန်ဖြေ၏။
“၂ ပေါင်၊ မဝယ်ရင်လည်း လစ်တော့!”
ရှီယန်၏ မျက်နှာက တွန့်ခနဲ ဖြစ်သွားသည်၊ သူသည် မိမိတွင် ညှို့ဓာတ် အမှတ် နည်းပါးမှုကြောင့် ဤကဲ့သို့ အဆင်မပြေမှုများနှင့် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ရိပ်မိလိုက်ကာ လေသံကို နှိမ့်ရင်း ပြန်ပြောလိုက်သည်။
“ကျွန်တော့်လက်ထဲမှာ ပိုက်ဆံ သိပ်မပါလာလို့ပါ၊ နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား”
အဘိုးအိုက ခေါင်းခါပြရင်း ဆို၏။
“ဘာလဲ… ဒီသူတောင်းစားက ပိုက်ဆံအပြည့်မပါဘဲ ငါ့အချိန်ကို လာဖြုန်းနေတာလား။ ငါ့မျက်စိရှေ့ကနေ ထွက်သွားဖို့ မင်းမှာ ၅ စက္ကန့် ရှိတယ်၊ ဘာပဲဖြစ်ဖြစ် ဒီသန့်ရှင်းတဲ့ သစ်ကိုင်းခြောက်ကို နောက်မှ လာယူမယ့် ဝယ်သူ ရှိပြီးသား။ မင်းတစ်ယောက်တည်း စိတ်ဝင်စားနေတာ မဟုတ်ဘူး”
အစောပိုင်းက ‘အရက်သမား’ ဟူသော မစ်ရှင် ကို ပြီးမြောက်အောင်မြင်ရန်အတွက် ရှီယန်သည် မိမိတွင် ရှိသမျှ ပိုက်ဆံအားလုံးကို သုံးစွဲခဲ့ပြီး ဖြစ်သည်။ ၎င်းအပြင် သူ့တွင် ကျန်ရှိနေသည့် တစ်ခုတည်းသော ငွေသားမှာ အဆင့် (၂) ကင်းလှည့်ရဲ ဒိုက်စ် ကောက်တ်စ် ထံမှ ပြုတ်ကျကျန်ရစ်ခဲ့သည့် သျှီလင်အနည်းငယ်နှင့် အက်ဒဝပ် ပဉ္စမမြောက် စီးရီး ရွှေဒင်္ဂါးပြားသာ ရှိတော့သည်။ သို့သော် နောက်ဆုံးတစ်ခုမှာ ဤကမ္ဘာမှ သယ်ဆောင်သွားနိုင်သည့် တန်ဖိုးရှိသော ပစ္စည်းတစ်ခုဖြစ်ပြီး အသုံးဝင်မှုအမှတ် ၄၀၀ နှင့် လဲလှယ်နိုင်သောအရာ ဖြစ်သည်။ အရေးပေါ် အခြေအနေမျိုး မဟုတ်လျှင် ရှီယန်က ၎င်းကို အသုံးချမည် မဟုတ်သည်မှာ သေချာသည်။ သူ့ရှေ့က ဤအဘိုးအိုမှာ အလွန်တရာ ထူးဆန်းလှပြီး ထို့ပြင် သူ့အနေဖြင့်လည်း ဤမျှ တိုတောင်းသော အချိန်အတွင်း ပိုက်ဆံရှာရန် နည်းလမ်းမရှိပေ။ ရှီယန်၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာပြီးနောက် သူက အက်ဒဝပ် ပဉ္စမမြောက် စီးရီး ရွှေဒင်္ဂါးပြားကို ထုတ်ပြလိုက်ရင်း ပြောလိုက်၏။
“ကောင်းပြီ! ၂ ပေါင်ဆိုလည်း ၂ ပေါင်ပေါ့၊ ကျွန်တော် ဒီတန်ဖိုးရှိတဲ့ စုဆောင်းမှု ပစ္စည်းကို အပေါင်ပစ္စည်းအဖြစ် ထားခဲ့မယ်၊ ပြီးမှ ပိုက်ဆံနဲ့ ပြန်လာရွေးမယ်”
တကယ်တော့ ရှီယန်က အကဲခတ် စမ်းသပ်ကြည့်ခြင်းသာ ဖြစ်သည်။ ဤနေရာက ကုန်စုံဆိုင်တစ်ခု ဖြစ်သင့်သော်လည်း ဆိုင်၏ တစ်ဝက်ခန့်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းသော ပစ္စည်းများနှင့် ပြည့်နှက်နေသည်။ ကြည့်ရသရွေ့ ထိုအဘိုးအိုမှာ တန်ဖိုးကြီး ပစ္စည်းများကို စုဆောင်းသူတစ်ဦး ဖြစ်ပုံရသည်။ ဤကဲ့သို့သော လူမျိုးက ယုတ္တိဗေဒအရဆိုလျှင် တန်ဖိုးရှိသော စုဆောင်းမှု ပစ္စည်းများအပေါ် ကြီးမားသော စိတ်ဝင်စားမှုကို ပြသမည်မှာ သေချာသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ရှီယန်က ထိုတောက်ပနေသော အက်ဒဝပ် ပဉ္စမမြောက် စီးရီး ရွှေဒင်္ဂါးပြားကို ထုတ်ပြလိုက်သည်နှင့် ဤပါးနပ်သောအဘိုးကြီးမှာ လှုပ်ရှားခြင်း သို့မဟုတ် စကားတစ်ခွန်းမျှ မဆိုသော်လည်း သူ၏ သူငယ်အိမ်များမှာမူ ထိုဒင်္ဂါးပြားဆီသို့ မထိန်းချုပ်နိုင်ဘဲ စူးစိုက်သွားခဲ့သည်။ ထို့နောက် သူက ဒင်္ဂါးပြားကို ကိုက်ကြည့်ကာ လေမှုတ်ကြည့်ပြီး ၎င်းကို နားအနီးသို့ ကပ်၍ ဆက်တိုက် နားထောင်ကြည့်သည်။ နောက်ဆုံးတွင် အိတ်ဆောင်နာရီပုံစံ မှန်ဘီလူးကို ထုတ်ယူကာ သေသေချာချာ စစ်ဆေးပြီးနောက်တွင်မှ သူက မလိုလားဟန်ဖြင့် ပြောလိုက်၏။
ဒီလိုလုပ်ရအောင်၊ မင်း ပိုက်ဆံသွားယူဖို့ ပြန်စရာမလိုတော့ဘူး။ ငါက စီးပွားရေးလုပ်တဲ့နေရာမှာ အမြဲတမ်း မျှတတတ်တဲ့လူပဲ။ ဒီရွှေဒင်္ဂါးပြားတစ်ပြားက အကြမ်းဖျင်းအားဖြင့် ၅ ပေါင်လောက် တန်တယ်။ မင်းကို အမ်းငွေအဖြစ် ၃ ပေါင် ပြန်ပေးမယ်။
စကားပြောပြီးနောက် သူက ၃ ပေါင်ကို ဆက်တိုက် ထုတ်ယူလိုက်ပြီး ရှီယန်ထံသို့ လှမ်းပစ်ပေးရန် ပြင်လိုက်တော့သည်။ သူက ရှီယန် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဂရုမစိုက်ဘဲ ရှီယန်သာ ၎င်းကို ဖမ်းမိလိုက်ပါက သဘောတူညီချက် ပြီးဆုံးသွားပြီဟု သတ်မှတ်တော့မည် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ရှီယန်သည် အသက် ၁၄ နှစ်ကတည်းက ပင်လယ်ပြင်တွင် အလုပ်လုပ်ခဲ့သူဖြစ်ရာ လိမ်လည်လှည့်ဖြားသူ မြောက်မြားစွာနှင့် ဆုံတွေ့ဖူးပြီး ဖြစ်သည်။ ထို့ကြောင့် အဘိုးအိုက ထို ၃ ပေါင်ကို လှမ်းမပစ်ရသေးခင်မှာပင် သူ၏ လက်နှစ်ဖက်လုံးကို ဘောင်းဘီအိတ်ကပ်ထဲသို့ အတင်းထိုးထည့်လိုက်သဖြင့် သာမန် ၃ ပေါင်မှာ ကြမ်းပြင်ပေါ်သို့ တောက်တောက်တောက်နှင့် ပြုတ်ကျသွားခဲ့တော့သည်။ သူက ရယ်မောရင်း ပြောလိုက်၏။
အတော်လေး တိုက်ဆိုင်သွားတာပဲ! ဘုရားသခင်က ကျွန်တော့်ရဲ့ ဆုတောင်းသံကို ကြားပြီး ကျွန်တော်နဲ့ ရင်းနှီးတဲ့လူတစ်ယောက်ကို လွှတ်ပေးလိုက်ပုံရတယ်၊ ကျွန်တော် သူ့ဆီကနေ အဲဒီ ၂ ပေါင်ကို ချက်ချင်း သွားချေးလိုက်ဦးမယ်။ မစ္စတာ မိုးလ် ဝေါ်လာ… ကျွန်တော့်ရဲ့ ရွှေဒင်္ဂါးပြားကို ပြန်ပေးပါဦး ခင်ဗျာ။
ဤရွှေဒင်္ဂါးပြားက မိုးလ် ဝေါ်လာ၏ လက်ထဲသို့ ရောက်ရှိသွားခြင်းမှာ နှစ်ရက်ခန့် ငတ်မွတ်နေသော ခွေးအိုကြီးတစ်ကောင်က အရိုးတစ်ချောင်းကို ကိုက်မိသွားသကဲ့သို့ ဖြစ်နေရာ သူက မည်သို့ပင် အလွယ်တကူ လက်လွှတ်ခံနိုင်မည်နည်း။ ချက်ချင်းပင် သူ၏ လေသံမှာ နွေးထွေးပျော့ပျောင်းသွားကာ ပြောရှာသည်။
တကယ်တော့ ဒီဆိုင်မှာ အခြား မှော်ဆန်တဲ့ ရတနာတွေလည်း ရှိသေးတယ်ကွ။ ကြည့်စမ်း… ဒီမှော်ဆန်တဲ့ အမြီးရိုးက လျှို့ဝှက်ဆန်းကြယ်တဲ့ ဂျစ်ပစီတစ်ယောက်ရဲ့ ကောင်းချီးပေးခြင်းကို ခံထားရတာ၊ မင်းရဲ့ ကံကြမ္မာကို ပိုကောင်းအောင် ပြောင်းလဲပေးနိုင်တယ်။ ဟိုဟာလား… အော်၊ ဟိုဟာကတော့ ဒဏ္ဍာရီလာ အတ္တလန်တစ် ရဲ့ ပင်လယ်ခရုခွံပဲ၊ အဲဒါက ပင်လယ်ပြင်ကြီးကိုတောင် တုန်လှုပ်သွားစေနိုင်တဲ့ အော်ဟစ်သံမျိုးကို ထုတ်လွှတ်နိုင်စွမ်းရှိတာကွ။