အခန်း (၃) သွေးနှင့်ဒေါသ
အေးစက်လှသော မိုးစက်မိုးပေါက်များ ရွာသွန်းဖြာကျပြီး လေပြင်းများ တိုက်ခတ်နေသည့် မှောင်မိုက်သော ညနက်သန်းခေါင်ယံတွင် ‘စီချောင်’ မြို့ငယ်လေးတစ်ခုလုံး တုန်လှုပ်ချောက်ချားနေခဲ့သည်။ ဟွာရှန်းဖေး၏ အာဏာရှင်ဆန်ဆန် ဗိုလ်ကျစိုးမိုးမှုအောက်တွင် လူပေါင်း (၁၀) ယောက်ထက်မက၏ အသက်အန္တရာယ်နှင့် ပတ်သက်နေသည့် ဤကိစ္စရပ်ထဲသို့ မည်သူမျှ ဝင်ရောက်မစွက်ဖက်ရဲကြချေ။ ယင်းက ဟွာရှန်းဖေး မည်မျှအထိ ရက်စက်ကြမ်းကြုတ်ပြီး သြဇာကြီးမားကြောင်းကို ကောင်းကောင်းသက်သေပြနေသည်။
ရှီယန်သည် ရင်ထဲ၌ တောက်လောင်နေသော ဒေါသများကို အတင်းအောင့်အီးအောင့်ခံရင်း အေးစက်သော မိုးရေများအောက်တွင် သူ၏အပေါ်အင်္ကျီ ရွှဲရွှဲစိုနေသော်လည်း အသက်ရှူကျပ်မတတ် မှောင်မိုက်နေသည့် ညအမှောင်ထုထဲတွင် တိတ်တဆိတ် ပုန်းလျှိုးတိုးဝှေ့ကာ ရှေ့ဆက်လျှောက်လာခဲ့သည်။
သူ့ရှေ့ မီတာ ၂၀ အကွာတွင် ‘ဖူယွမ်’ သင်္ဘော ဆိုက်ကပ်ထားသည့် ဆိပ်ကပ်နေရာ ရှိပြီး ကုန်တင်ကုန်ချဆိပ်ခံတံတားကို မိုးနှင့်နေဒဏ်မှ ကာကွယ်ရန် မိုးကာစအမိုးအကာအကြီးကြီးဖြင့် မိုးထားသည်။ ထိုနေရာမှာ ရေလုပ်သားများ ကုန်ပစ္စည်းများ စုပုံထားလေ့ရှိသည့်နေရာလည်း ဖြစ်သည်။ စောင့်ကြပ်နေသည့် ကင်းသမားများမှာမူ မည်သူမျှ လာရောက်ကျူးကျော်ဝင်ရောက်ခြင်း သို့မဟုတ် ပြဿနာရှာခြင်းမျိုး မလုပ်ရဲကြသဖြင့် အေးအေးလူလူ ဖြစ်နေကြသည်။ မိုးကာအမိုးအကာအောက်တွင် တစ်ဒေသလုံးကို လင်းထိန်သွားစေသည့် မီးမောင်းကြီး နှစ်လုံးကို ထွန်းညှိထားသည်။ ဟွာရှန်းဖေး၏ လက်ပါးစေတစ်စုသည် မြေပြင်ပေါ်တွင် ကွေးကွေးလေး လဲလျောင်းနေသည့် လူသုံးယောက်ကို ဝိုင်းအုံကာ အားရပါးရ ဝိုင်းကန်နေကြပြီး ၎င်းတို့အပေါ်သို့ ရေနံဆီများ လောင်းရန် ပြင်ဆင်နေကြသည်။ ထိုအတောအတွင်း တစ်ယောက်သောသူက ရူးသွပ်ဟစ်အော်သံဖြင့် ဆဲရေးတိုင်းထွာလိုက်သည်။
မင်းအမေကိုလိုးမလို့ပဲ! မင်းက ငါ့ကို ဓားနဲ့ခုတ်ရဲတယ်ပေါ့လေ၊ လာလေ... ပြန်ချလိုက်ဦးလေ။
မင်းတို့တစ်မိသားစုလုံးကို ငါ အစအနမကျန် သတ်ပစ်မယ်။
မင်းတို့ ပိုင်ဆိုင်မှုတွေကို လုယူပြီး စီးပွားရေးတွေကိုပါ ဖျက်ဆီးပစ်မယ်။
ရှီယန်သည် အခွင့်အရေးကို စောင့်ဆိုင်းရင်း တဖြည်းဖြည်း နီးကပ်စွာ ချဉ်းကပ်လာခဲ့သည်။ ထိုအချိန်တွင် ဟွာရှန်းဖေးက သူ၏လက်ပါးစေများကို ဖယ်ခိုင်းရန် အချက်ပြလိုက်ပြီး လေသံအေးအေးဖြင့် ပြောလိုက်သည်။
ရှီဒေ မင်းမျက်နှာက ပြတ်ရှဒဏ်ရာကို ဘယ်သူလုပ်တာလဲ။
ကြမ်းပြင်ပေါ်က လူလေးယောက်သည် ရုန်းကန်လှုပ်ရှားရင်း ညည်းတွားနေကြသော်လည်း မည်သူမျှ တစ်ခွန်းမှ မပြောကြချေ။ ဟွာရှန်းဖေးက လက်ဟန်ခြေဟန် ပြလိုက်ရုံဖြင့် သန်မာထွားကြိုင်းသော လူမိုက်နှစ်ယောက်က ဒဏ်ရာရနေသော လူတစ်ယောက်ကို ဆွဲထူလိုက်ပြီး ဟွာရှန်းဖေးက အမိန့်ပေးလိုက်သည်။
ဘယ်သူမှ မပြောချင်ကြဘူးပေါ့ ရတယ်လေ။ ဒါဆိုရင် ငါလည်း အစ်ကိုမင်း (သူ့ရဲ့ လက်ပါးစေတစ်ယောက် ဖြစ်ပြီး ရှီဒေကို ပြုစုစောင့်ရှောက်ဖို့ တာဝန်ယူထားရသူ) ဘက်ကို ရှင်းပြလို့ရမှာ မဟုတ်ဘူး၊ အဲ့ဒါကြောင့် မင်းတို့လေးယောက်လုံးရဲ့ အသက်နဲ့ပဲ တောင်းပန်လိုက်တော့မယ်။
ငါပဲ ငါ ခုတ်လိုက်တာ မောပန်းနွမ်းနယ်စွာဖြင့် ထွက်ပေါ်လာသော အသံပိုင်ရှင်မှာ ဒါစီ ဖြစ်သည်။ ထိုအသံကို ကြားလိုက်ရသည့်ခဏတွင် ရှီယန်သည် ရင်ထဲ၌ သွေးများဆူပွက်သွားပြီး ချက်ချင်း ပြေးဝင်တိုက်ခိုက်ချင်စိတ်များ တားမနိုင်ဆီးမရ တလိပ်လိပ် တက်လာခဲ့သည်။
ထွီ! ဟွာရှန်းဖေးက ဒါစီ၏မျက်နှာကို တံတွေးဖြင့် ထွေးလိုက်သည်။
ဒီအဖိုးကြီးက တကယ့်ကို သတ္တိခဲပဲ၊ ငါ သဘောကျသွားပြီ ပြောစမ်း ရှီဒေကို ဒဏ်ရာရအောင် မင်း ဘယ်ဘက်လက်နဲ့ လုပ်လိုက်တာလဲ။
ဒါစီသည် တိတ်ဆိတ်စွာဖြင့် ခေါင်းငုံ့ထားမိသည်။ ဟွာရှန်းဖေးသည်လည်း အဖြေတစ်ခုကို မျှော်လင့်မနေဘဲ စီးကရက်ကို ဖွာလိုက်ပြီးနောက် မီးတောက်နေသည့် စီးကရက်မီးခိုးတိုဖြင့် ဒါစီ၏မျက်နှာပေါ်သို့ ဖိကပ်ခြေမွှပစ်လိုက်သည်။ ညှော်နံ့များက လေးလံနေသော လေထုထဲတွင် ပျံ့နှံ့သွားပြီး ရုတ်တရက် ဟွာရှန်းဖေးက ဒေါသတကြီးဖြင့် ဒါစီကို ဝိုင်းကန်တော့သည်။
သူ့ကို ဖိထားစမ်း သခင်လေးရှီဒေ စိတ်ကျေနပ်အောင် ဒေါသပြေဖို့ သူ့လက်ချောင်းတွေကို တစ်ချောင်းချင်းစီ ဖြတ်ပစ်လိုက် ကျန်တဲ့ကောင်တွေ လှေကို ဒီဘက်ယူလာပြီး မီးရှို့ပစ်လိုက်ကြ။
ဟွာရှန်းဖေး၏ ရူးသွပ်လှသော အမိန့်ပေးသံကို ကြားပြီးနောက် ရှီယန်သည် ရုတ်တရက် သူ၏ရင်ဘတ်ထဲတွင် ဖော်ပြမတတ်ဘဲ လှိုက်တက်လာသော ခံစားချက်တစ်ခုနှင့်အတူ လည်ချောင်းထဲတွင် သွေးညှီနံ့များ လျှံတက်လာသလို ခံစားလိုက်ရသည်။ သူ၏တစ်ကိုယ်လုံး ပူထူလာပြီး ဒေါသကြောင့် သွေးများ ဆူပွက်လာခဲ့သည်။ ခြောက်သွေ့ကြမ်းတမ်းနေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်ရင်း ဓားကို တင်းတင်းဆုပ်ကိုင်ကာ ခြေထောက်ကြွက်သားများကို အားစိုက်ထားပြီး ဖြစ်သည်။ ဟွာရှန်းဖေးက စိတ်ပျက်လက်ပျက်ဖြင့် ခြေဆောင့်လိုက်ပြီး လှည့်ပြောလိုက်သည်။
သခင်လေးရှီဒေ အဆင်ပြေရဲ့လား သေချာကြည့်ပြီးပြီလား။ မျက်နှာက ဒဏ်ရာလေး တစ်ခုကို ပတ်တီးစည်းတာ ဘာလို့ ဒီလောက် ကြာနေရတာလဲ။
ဟွာရှန်းဖေး၏ စကားများသည် သူ့ဘေးနားရှိ လက်ပါးစေတစ်ယောက်ဆီသို့ ဦးတည်နေခြင်း ဖြစ်သည်။ ထိုလက်ပါးစေသည် ဟွာရှန်းဖေးနှင့် ရင်းနှီးသူဖြစ်သဖြင့် ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။
အစ်ကိုကြီးကလည်း အတွေးလွန်နေပြန်ပြီ မျက်နှာပေါ်က ဒဏ်ရာလေး ဒီလောက်အသေးအဖွဲက ဘာမှမဖြစ်ပါဘူး။ စိုးရိမ်ရတာက ဒီလို ရိုးတွင်းခြင်ဆီအထိ အေးစက်လှတဲ့ ရာသီဥတုပဲ။ ရှီဒေလို နှာနုတဲ့ကောင်က ပြန်သွားပြီး အအေးမိတာကို ကုဖို့ပဲ လိုတာပါ။
အစောပိုင်းက ရှီယန်သည် ဘာမှမတတ်နိုင်တော့ဘဲ ရှေ့သို့ ပြေးဝင်ရန် ပြင်ဆင်နေခဲ့သည်။ သို့သော် ဤစကားအနည်းငယ်ကို ကြားလိုက်ရပြီးနောက် သူ၏ထူထဲသော မျက်ခုံးနက်ကြီးများသည် တင်းတင်းကြပ်ကြပ် တွန့်ကွေးသွားပြီး ခေါင်းထဲတွင် အကြံသစ်တစ်ခု ပေါ်လာခဲ့သည်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘဲ သူသည် ခြေလှမ်းများကို သွက်သွက်လှမ်းကာ ဟွာရှန်းဖေး နေထိုင်ရာအိမ်ဆီသို့ ဦးတည်ပြေးသွားခဲ့သည်။
သူ၏ မွေးရာပါ ထိုးထွင်းဉာဏ်အရ ရှီယန်သည် သူသာ ဇွတ်အတင်း ပြေးဝင်သွားပါက ဦးလေးဒါစီကို ကယ်တင်နိုင်မည်မဟုတ်သည့်အပြင် သူ၏အသက်ကိုပါ အလဟဿ စတေးရမည်ကို သိနေသည်။ သို့သော် ဟွာရှန်းဖေး၏ လက်ပါးစေများသည် ဤစီချောင်မြို့ငယ်လေးတွင် လူ (၂၀) ခန့်သာ ရှိသည်။ တိုက်ခိုက်နိုင်စွမ်းရှိသူအားလုံးသည် ‘ဖူယွမ်’ သင်္ဘောကို မီးရှို့ရန် ပြင်ဆင်နေကြသည်။ ရှီဒေ၏ ဒဏ်ရာကို ပြုစုပေးနေသူမှာ ၃ ယောက်သာ ရှိသည်။ အကယ်၍ သူသာ ရှီဒေကို ဓားစာခံအဖြစ် ဖမ်းဆီးနိုင်ခဲ့လျှင် ဦးလေးဒါစီကို ကယ်တင်နိုင်မည့် အခွင့်အရေး အနည်းငယ် ရှိပေလိမ်မည်။ နောက်ပိုင်းတွင် မည်သို့ပင်ဖြစ်ပျက်ပါစေ ထည့်သွင်းစဉ်းစားစရာ အပြောင်းအလဲများလွန်းသဖြင့် ရှီယန် ဂရုမစိုက်နိုင်တော့ချေ။ ယခုအချိန်တွင် သူ၏ရင်ထဲ၌ စွဲထင်နေသည့် စကားလုံးအနည်းငယ်မှာ ရန်သူကို တစ်ယောက်ချင်းစီ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး အောင်ပွဲရယူရမယ်ဟူ၍သာ ဖြစ်သည်။
မြို့ထဲတွင် ဟွာရှန်းဖေး၏ ရာထူးအာဏာအရလည်းကောင်း၊ အထက်အာဏာပိုင်များ၏ ဖိအားပေးမှုများကို အမြဲရင်ဆိုင်နေရသဖြင့်လည်းကောင်း သူသည် အမှန်တကယ်တော့ ရိုးရိုးရှင်းရှင်း တဲအိမ်လေးတစ်ခုတွင်သာ နေထိုင်သည်။ သို့သော်လည်း ၎င်းသည် ပတ်ဝန်းကျင်ရှိ တဲအိမ်များထက် သိသိသာသာ ပိုမိုသစ်လွင်ပြီး ကြီးမားပုံရသည်။ သူ၏ အရှိန်အဝါကို ပြသလိုသဖြင့် တဲအိမ်ပတ်ပတ်လည်တွင် ခြံစည်းရိုးတစ်ခုကိုပါ တည်ဆောက်ထားသည်။ ရှီယန်သည် အမှောင်ထုထဲက နင်ဂျာတစ်ဦးကဲ့သို့ မိုးရေထဲတွင် စိုရွှဲနေပြီး ဖိနပ်များတွင် ရွှံ့များ ပေကျံနေသော်လည်း သူ၏မျက်ဝန်းများကမူ တည်ငြိမ်ပြီး အဆိပ်အတောက် ပြည့်နှံ့နေသည့် အကြည့်များ ရှိနေသည်။ သူသည် ရက်ပေါင်းများစွာ အစာမစားရသေးသည့် ဆာလောင်မွတ်သိပ်နေသော တောဝံပုလွေတစ်ကောင်နှင့် တူလှသည်။
နောက်ဆုံးတော့ ငါ ရောက်လာပြီ။ရှီယန်သည် ခြံစည်းရိုးခတ်ထားသော တဲအိမ်ကို စိုက်ကြည့်နေရင်း ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှံ့နေခဲ့သည်။ သူသည် အေးစက်ဖြူဖျော့ပြီး တွန့်လိမ်နေသော လက်ဖြင့် ဘောင်းဘီအိတ်ထဲသို့ နှိုက်ကာ ချွန်ထက်ပြီး အေးစက်လှသော ဓားတစ်ချောင်းကို ထုတ်လိုက်သည်။ ဓားရိုးကို အဝတ်စတစ်ခုဖြင့် ပတ်ထားပြီး တင်းတင်းဆုပ်ကိုင်ထားသည်။ ရှီယန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး နဖူးကို အဝတ်စုတ်တစ်ခုဖြင့် စည်းနှောင်ကာ မျက်နှာပေါ်တွင် ရွှံ့များကို လိမ်းကျံလိုက်ပြီးနောက် ဟွာရှန်းဖေး၏ တဲအိမ်ဆီသို့ သတိကြီးစွာဖြင့် ချဉ်းကပ်သွားခဲ့သည်။
ခြံစည်းရိုးကို မာကျောသော သံမဏိများဖြင့် အခိုင်အမာ ပြုလုပ်ထားပြီး လူခေါ်ခေါင်းလောင်း မရှိချေ၊ ထိပ်ပိုင်းကမူ အနည်းငယ် လျော့ရဲနေသည်။ ရှီယန်သည် ခြံစည်းရိုးကို ပြင်းထန်စွာ လှုပ်ခါလိုက်ပြီး ဘေးနားရှိ ကွန်ကရစ်တုံးကိုပါ ဆောင့်ကန်လိုက်သည်။ သံချင်းရိုက်သံနှင့် ထုရိုက်သံများ ထွက်ပေါ်လာသည်နှင့်အမျှ တဲအိမ်၏ အမှောင်ထုထဲမှ မှေးမှိန်သော မီးလင်းလာပြီး စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်သံ ထွက်ပေါ်လာသည်။
မင်းအမေလိုးပဲ ဘယ်ကောင်က လာပြီး သောင်းကျန်းနေတာလဲ။
ရှီယန်သည် သူ၏ရင်ခုန်သံများ ပိုမိုမြန်ဆန်လာသည်ကို ခံစားလိုက်ရသော်လည်း ဤအချိန်တွင် သူကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ဝမ်းဗိုက်ထဲမှ အားယူကာ အော်ပြောလိုက်သည်။
ဒုက္ခရောက်ပြီ ဒုက္ခရောက်ပြီ အစ်ကိုကြီးဖေးက ကျွန်တော့်ကို သတင်းပို့ခိုင်းလိုက်လို့ပါ။
ဤစကားစုသည် အလွန်ပင် ထိရောက်လှသည်။ လူတစ်ယောက်သည် ရှီယန်ရှိရာ ခြံစည်းရိုးရှေ့သို့ ချက်ချင်း ပြေးထွက်လာသော်လည်း သံသယစိတ်ဖြင့် ခြံစည်းရိုးတံခါးကို မဖွင့်ပေးသေးချေ။ ထိုသူမှာ ဟွာရှန်းဖေး၏ ဝမ်းကွဲညီဖြစ်ပြီး ‘ဘိန်းဖြူမင်း’ ဟု လူသိများသူဖြစ်ကြောင်း ရှီယန် မှတ်မိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဟွာရှန်းဖေး၏ ရက်စက်ကြမ်းကြုတ်မှုကို အတုယူကာ မိသားစုများကို ဖျက်ဆီးလေ့ရှိပြီး အဓိကအားဖြင့် ဘိန်းဖြူမှုန့်များကို ရောင်းချပေးနေသူ ဖြစ်သောကြောင့် ဖြစ်သည်။ ရှီယန်ကိုယ်တိုင်လည်း ဤကောင်အား တဲအိမ်ဆောက်လုပ်ခွင့်ရရန်အတွက် ငွေအမြောက်အမြား ပေးခဲ့ရဖူးသည်။ ထို့ကြောင့် တွေ့ဆုံလိုက်ရသည့်ခဏတွင် ကလဲ့စားချေလိုသော အမုန်းတရားများ သူ၏စိတ်ထဲတွင် ပြည့်နှံ့သွားခဲ့သည်။ ခေါင်းကို ငုံ့ထားရင်း မျက်နှာတစ်ဝက်ကို အဝတ်စဖြင့် ဖုံးအုပ်ကာ ရှီယန်က ခြံစည်းရိုးကို တင်းတင်းဆုပ်ကိုင်ပြီး အလန့်တကြား ပြောလိုက်သည်။
အစ်ကိုမင်း ရဲတွေ အများကြီး ရောက်လာပြီ။ ကောင်စုတ်တစ်ယောက်က အုပ်ချုပ်ရေးမှူးကို သတင်းပေးလိုက်တာ။
ဘိန်းဖြူမင်းသည် ရုတ်တရက် ထိတ်လန့်သွားပုံရသည်။ ရှီယန်၏ စကားတွင် သံသယဖြစ်ဖွယ် အချက်အလက်များ ရှိနေသော်လည်း ထပ်မံမစဉ်းစားတော့ဘဲ အံ့သြတုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
ဘာလဲ၊ အစ်ကိုကြီးဖေးက ပုံမှန်ဆိုရင် တရားသူကြီးကို လာဘ်ထိုးထားတာပဲ။ သူတို့က ဘာလို့ ဒီကို လာရတာလဲ။
သူ၏ စိတ်ပူပန်မှုများကြောင့် လက်က အလိုလို လှုပ်ရှားသွားပြီး ခြံစည်းရိုးတံခါးကို ဖွင့်ပေးလိုက်မိသော်လည်း တံခါးဝက်ခန့် ပွင့်သွားချိန်တွင် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားသည်။ ၎င်းက ချက်ချင်း မေးခွန်းထုတ်လိုက်သည်။
ဒါဆို ဘာလို့ အစ်ကိုကြီးဖေးက ငါတို့ဆီ ဖုန်းမဆက်ဘဲ မင်းကို သတင်းလာပို့ခိုင်းရတာလဲ။
ဤမေးခွန်းသည် ရှီယန်၏ အစီအစဉ်တွင် အကြီးမားဆုံး အားနည်းချက်ကို ဖော်ထုတ်လိုက်ခြင်း ဖြစ်သော်လည်း ရှီယန်ကမူ ယင်းကို ထည့်သွင်းစဉ်းစားပြီးသား ဖြစ်သည်။ ရှီယန်သည် မွေးရာပါ လျှပ်တစ်ပြတ် ဉာဏ်ကောင်းသူဖြစ်သဖြင့် စကားမထစ်ဘဲ ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်သည်။
အရေးပေါ် ရောက်လာတဲ့ ရဲအနည်းငယ်က ဘယ်သူမှန်း မသိရတဲ့သူတွေ ဖြစ်နေတာ၊ အဲ့ဒါကြောင့် အစ်ကိုကြီးဖေးက အနည်းငယ် လန့်သွားပြီး ဖုန်းကို ရွှံ့ထဲ ကျသွားစေခဲ့တာ။ ဖုန်းက အဲ့ဒီအခြေအနေမှာ ဘယ်လိုလုပ် သုံးလို့ရတော့မလဲ။ အစ်ကိုကြီးက ခင်ဗျား နားလည်မှုလွဲမှာ စိုးလို့ သက်သေအဖြစ် ဒီဖုန်းကို ကျွန်တော့်ဆီ ပေးလိုက်တာ။ ခင်ဗျား မယုံရင် ကိုယ်တိုင် ကြည့်လိုက်လေ။
ထို့နောက် သူသည် ရွှံ့များ ပေကျံနေပြီး ဖုန်းနှင့်တူသော ပစ္စည်းတစ်ခုကို သူ၏ ဘယ်ဘက်လက်ဖဝါးပေါ်တွင် တင်ကာ မြှောက်ပြလိုက်သည်။
အမှန်တကယ်တော့ ရှီယန်၏ စကားတွင် သံသယဖြစ်ဖွယ် အချက်များစွာ ရှိနေပြီး အကယ်၍ စေ့စေ့စပ်စပ် စဉ်းစားပါက သူ့ကို အလွယ်တကူ ဖော်ထုတ်နိုင်မည် ဖြစ်သည်။ သို့သော် ဘိန်းဖြူမင်းသည် ဖုန်းကိုသာ အာရုံစိုက်နေမိပြီး သက်သေပြချက်ကို တွေ့မြင်လိုက်ရသည့်အပြင် ရှိရန်၏ အသံထဲတွင် မယိမ်းယိုင်သော ခွန်အားများ ရှိနေသဖြင့် ကျေနပ်သွားခဲ့သည်။ သူသည် တံခါးကို တွန်းဖွင့်လိုက်ပြီး ရှီယန်၏ ဘယ်ဘက်လက်ထဲက ပစ္စည်းကို အနီးကပ်ကြည့်ရန် ခေါင်းကို ပြူထွက်လိုက်သည်။
ရှီယန်၏ လက်သည် ချက်ချင်းပင် လက်သီးအဖြစ် ပြောင်းလဲသွားပြီး ဘိန်းဖြူမင်း၏ မျက်နှာတည့်တည့်သို့ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ရုတ်တရက် ဘိန်းဖြူမင်း၏ နှာခေါင်းတွင် နာကျင်မှုများ ပြင်းထန်စွာ ခံစားလိုက်ရပြီး သွေးများ၊ နှပ်များနှင့် မျက်ရည်များ မျက်စိနှင့် နှာခေါင်းမှ စီးကျလာခဲ့သည်။ သူက အကူအညီတောင်းရန် အော်ဟစ်တော့မည့်အချိန်တွင် ချွန်ထက်ပြီး အေးစက်သော ခံစားချက်တစ်ခုက သူ၏ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ ထိုအေးစက်မှုသည် အပေါ်သို့ လှိုက်တက်လာပြီး နောက်ဆုံးတွင် သူ၏အသံအိုးဆီသို့ ရောက်ရှိသွားကာ အသံအားလုံးကို ပျောက်ကွယ်သွားစေခဲ့သည်။ ပြင်းထန်လှသော နာကျင်မှုနှင့် ထိတ်လန့်မှုအောက်တွင် သူသည် ခေါင်းကို မော့ကြည့်လိုက်ရာ တောက်လောင်နေသော မျက်ဝန်းတစ်စုံနှင့် တည့်တည့်ဆုံသွားခဲ့သည်။ နာကျင်မှုက သူ၏အသိစိတ်ထဲသို့ စိမ့်ဝင်သွားပြီး မကြာမီတွင် သူ၏တစ်ကိုယ်လုံးကို ဝါးမြိုသွားခဲ့သည်။
ရှီယန်သည် သူ၏ဓားကို ကိုင်ထားသည့် လက်ကို ဖြည်းညှင်းစွာ လွှတ်လိုက်ပြီး သားကောင်သည် အေးစက်သော ရွှံ့ရေများထဲသို့ ဖြည်းဖြည်းချင်း လဲကျသွားကာ ရွှံ့နွံများကို ရဲရဲနီသော သွေးရောင်များဖြင့် ဆိုးသွားစေခဲ့သည်။ မိုးပြင်းထန်စွာ ရွာသွန်းနေပြီး လေပြင်းများနှင့် မိုးခြိမ်းသံများ ဝန်းရံနေသော်လည်း ပတ်ဝန်းကျင် လေထုသည် ဘာမျှမဖြစ်ပျက်ခဲ့သကဲ့သို့ ရင်းနှီးပြီး ငြိမ်းချမ်းသော ခံစားချက်ကို ပေးစွမ်းနေသည်။ တဲအိမ်ထဲက လူများမှာမူ ဘာမှမသိရှိကြသည်မှာ သဘာဝပင် ဖြစ်သည်။
ရှီယန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏လူသတ်လိုစိတ်များကို ပြန်လည်ထိန်းချုပ်လိုက်သည်။ သို့သော်လည်း သူ၏ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု တိုးဝင်လာခဲ့ပြီး လွန်ခဲ့သည့် အနှစ် ၂၀ လုံးလုံး အလဟဿ အသက်ရှင်ခဲ့ရသော်လည်း ပြီးခဲ့သည့် မိနစ်ပိုင်းအတွင်း အသက်နှင့်သေခြင်းကြားတွင် ရပ်တည်ခဲ့ရမှုက သူ့ကို ထူးဆန်းသော သာယာမှုနှင့် စိတ်လှုပ်ရှားမှုများကို ပေးစွမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။
အေးစက်သော မိုးရေများက ပြင်းထန်စွာ ကျရောက်နေသော်လည်း ရှီယန်မှာမူ စိတ်ဓာတ်များ တောက်လောင်နေခဲ့သည်။ သူသည် အသက်ကို ပြင်းပြင်းရှူကာ တံခါးကို တွန်းဖွင့်ပြီး ခြေဖွဖွနင်းကာ ဝင်လာခဲ့သည်။ တံခါးဝတွင် ရပ်တန့်လိုက်ပြီး နံရံတွင် ကိုယ်ကို ကပ်ထားလိုက်သည်။ ထို့နောက် တဲအိမ်ထဲက စကားပြောသံများကို တိတ်တဆိတ် ချောင်းနားထောင်လိုက်သည်။
သူက ခုတ်ရဲတယ်ပေါ့။ မင်းအမေကိုလိုး... သူက တကယ်ကြီး ငါ့ကို ခုတ်ရဲတာပဲ၊ ငါ သူ့ရဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်လုံးကို သတ်ပစ်မယ်၊ ဆရာဝန် ဘယ်မှာလဲ၊ သူ ဘယ်မှာလဲ။
အနီးဆုံးမြို့က မီတာ ၂၀,၀၀၀ (၂၀ ကီလိုမီတာ) အကွာမှာ ရှိတာ၊ ဒီလောက် မိုးသည်းထန်နေတာ အမြန်ဆုံး ဆရာဝန်တောင် မနက်ဖြန်မနက်မှ ရောက်နိုင်မှာပါ။