အခန်း (၈၈) ဖလှယ်ခြင်း
နောက်တစ်နေ့ နံနက်ခင်း အရုဏ်တက်ချိန်တွင် စစ်ရေးလေ့ကျင့်သံများကြောင့် လူတိုင်း နိုးလာခဲ့ကြသည်။
တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ခြံဝင်းထဲတွင် ကြေးဇလုံများ ကိုင်ဆောင်ကာ စောင့်ဆိုင်းနေကြသော အန်းရှီးစစ်သည်များကို တွေ့လိုက်ရသလေည်။
“ဧည့်သည်တော်များ... ကျေးဇူးပြု၍ မျက်နှာသစ်တော်မူကြပါ”
ဝါရင့်စစ်သည်အိုတစ်ဦးက အသစ်စက်စက် မျက်နှာသုတ်ပုဝါတစ်ထည်ကို ရိုသေစွာ ကမ်းပေးလာ၏။ ကြည်လင်နေသော ရေဇလုံထဲတွင် အာရပ်ကုန်သည်များထံမှ လဲလှယ်ရရှိထားသော ရှားပါး ပူဒီနာရွက်အချို့ မျောလွင့်နေခဲ့သည်။
မျက်နှာသစ်ပြီးနောက် သူတို့ကို သပ်ရပ်စွာ ပြင်ဆင်ထားသည့် ခန်းမတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့လေသည်။
သစ်သားစားပွဲပေါ်တွင် ထမင်းဆယ့်တစ်ပွဲကို သေသပ်စွာ ပြင်ဆင်ထားခဲ့သည်။
တောက်ပနေသော ဆန်ဖြူဖြူ၊ ရာသီပေါ် တောဟင်းရွက်ကြော် အချို့နှင့် သေသပ်စွာ လှီးဖြတ်ထားသော အသားခြောက်များ ပါဝင်ချေသည်။
အခန်း (၈၇) ဗျူဟာချခြင်း
ကောရွှိုက်၏ မျက်လုံးများ အရောင်လက်သွားရသည်။ “ဝိုး... လွန်ခဲ့တဲ့ နှစ် ၁၂၀၀ တုန်းက အစားအသောက်တွေက ဒီလောက် ပေါကြွယ်ဝမယ်လို့ မထင်ထားဘူး။ အခုခေတ်နဲ့ သိပ်မကွာလှဘူးပဲ”
ချောင်ရန်ကျိနှင့် လီလီချန်တို့က တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ယောက်စလုံး တစ်ဖက်လူ၏ အတွေးကို နားလည်နေခဲ့ကြသည်။
ချန်မိုက ခေါင်းကို ကုတ်လိုက်ပြီး “ဒီဆန်က... ပြီးခဲ့တဲ့အကြိမ် ဒါရိုက်တာကျန်း ယူလာတဲ့ ဆန်များလား” ဟု မသိမသာ ဗြုန်းခနဲ ထုတ်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လမ်းပြပေးနေသည့် ဝါရင့်စစ်သည်အို၏ ကြေးနီရောင် မျက်နှာပေါ်တွင် မသက်မသာ ဖြစ်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာချေသည်။
ချီခယ်ခယ်က ဤအချက်ကို သတိထားမိသွားပြီး စစ်သည်အိုအား ပြုံးကာ မေးလိုက်၏။ “ဦးလေး... ဦးလေးတို့ကရော ပုံမှန်ဆို ဘာတွေစားကြလဲ”
“သခင်မလေးကို ဖြေရမယ်ဆိုရင်တော့...” စစ်သည်အိုက လက်ကို ပွတ်သပ်ရင်း “ကျွန်တော်တို့လည်း ဒါတွေပဲ စားတာပါ”
“ဒါဆိုရင် ကျွန်မတို့လည်း စစ်သည်တွေနဲ့အတူတူ စားချင်ပါတယ်” ဟု စူးရှောင်ရှောင်က ရုတ်တရက် ဝင်ပြောလေသည်။
“ဒါက...” ဝါရင့်စစ်သည်က တုံ့ဆိုင်းသွားခဲ့ရသည်။
စစ်သည်အိုမှာ ထိုလူဆယ့်တစ်ယောက်ကို မလွန်ဆန်နိုင်သဖြင့် သူတို့၏ တောင်းဆိုမှုကြောင့် တပ်မတော်၏ စားသောက်ဆောင်ဆီသို့ ခေါ်ဆောင်သွားရတော့သည်။
စစ်ရေးပြကွင်းကို ဖြတ်လျှောက်ပြီးနောက် ထိုအဖွဲ့သည် စစ်တပ်စားသောက်ဆောင် ဝင်ပေါက်သို့ ရောက်ရှိလာခဲ့ကြသည်။
စစ်သည်အိုက ကြမ်းတမ်းသော အဝတ်စဖြင့် ပြုလုပ်ထားသည့် ကန့်လန့်ကာကို မတင်လိုက်ရာ အကြမ်းစာများနှင့် ထင်းနံ့များ ရောနှောနေသော အနံ့တစ်ခု ပျံ့လွင့်လာခဲ့သည်။
ကျယ်ဝန်းသော ခန်းမထဲတွင် အန်းရှီးစစ်သည် ဒါဇင်ပေါင်းများစွာက ရှည်လျားသော သစ်သားစားပွဲကို ဝိုင်းထိုင်နေကြ၏။
လူတစ်ယောက်စီ၏ အရှေ့တွင် မီးခိုးရောင်သန်းနေသော အကြမ်းစာ ဆန်ပြုတ်တစ်လုံးစီ ရှိနေခဲ့သည်။ ဆန်ပြုတ်က ကျဲလွန်းပြီး ပန်းကန်ထဲတွင် မျောနေသော ဆန်စေ့အနည်းငယ်ကိုသာ ခပ်ရေးရေး မြင်နိုင်ပေသည်။
ဟင်းလျာအနေဖြင့် ရက်ပေါင်းများစွာ သိမ်းဆည်းထားပုံရသည့် အရောင်မည်းမည်း ချဉ်ဖတ် ပန်းကန်သေးသေးလေး တစ်ခုသာ ပါရှိ၏။
ကောရွှိုက်၏ ခြေလှမ်းများ ရပ်တန့်သွားရသည်။
ထို့နောက် ရွှေရောင်သန်းကာ ကြွပ်ရွနေသော အသားခြောက်များ၊ လတ်ဆတ်သော ရာသီပေါ် ဟင်းသီးဟင်းရွက်များနှင့်အတူ အစေ့အဆန် ပြည့်ဝလှပစွာ ပါဝင်နေသည့် သူကိုင်ထားသော ကြွေပန်းကန်လုံးအဖြူကို ငုံ့ကြည့်လိုက်၏။
ထိုနှစ်ခု၏ ကွာခြားချက်က ရင်ဘတ်ပေါ်သို့ ကျောက်တုံးတစ်တုံး ဖိချလိုက်သကဲ့သို့ ရုတ်တရက် မွန်းကြပ်သွားစေလေသည်။
အရသာရှိသော အစားအစာများကိုသာ စားသုံးလေ့ရှိသည့် အလိုလိုက်ခံရသော မိန်းကလေး စုရှောင်ရှောင်မှာလည်း ယခုအခါ ပုံမှန်ထက် ပိုမိုလေးလံနေသည်ဟု ခံစားရသော သူမလက်ထဲမှ နံနက်စာကို ငုံ့ကြည့်နေမိပေသည်။
ဆင်းရဲနွမ်းပါးစွာ နေထိုင်ခဲ့ရသော ချန်မော့ပင်လျှင် အန်းရှီးတပ်မတော်၏ အစားအစာကို မြင်ပြီးနောက် သူ၏ လက်ထဲမှ ဆန်ဖြူပန်းကန်ကို ကြည့်ကာ အလွန်အမင်း စိတ်မကောင်း ဖြစ်သွားခဲ့ရသည်။
ထိုအချိန်လေးအတွင်းမှာပင် လေထုက လေးလံမှိုင်းညို့သွားချေသည်။
ထိုစဉ် ကျန်းယဲ့က ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “လာကြ... လာကြ... အားလုံး အတူတူစားရင် ပိုစားလို့ကောင်းတယ်”
ပြောနေရင်းနှင့် သူ၏ ပန်းကန်ကို စားပွဲအလယ်သို့ အရင်ဆုံး တွန်းပို့လိုက်လေသည်။
လီလီချန်က ချက်ချင်း သဘောပေါက်သွားပြီး ရွှေရောင်သန်းကာ ကြွပ်ရွနေသော အသားခြောက်များကို အနီးအနားရှိ စစ်သည်အိုများ၏ ဆန်ပြုတ်ပန်းကန်များထဲသို့ ခွဲဝေထည့်ပေးလိုက်သည်။ “ဒါလေး မြည်းကြည့်ပါဦး... ခင်ဗျားတို့ရဲ့ ချဉ်ဖတ်တွေထက် ဆန်ပြုတ်နဲ့ ပိုလိုက်ဖက်မှာပါ...”
“လုံးဝ မဖြစ်ပါဘူး” ရှေ့သွားကျိုးနေသော စစ်သည်အိုတစ်ဦးက လက်ကို ကမန်းကတန်း ဝှေ့ယမ်းလိုက်၏။ “ဒါက ဧည့်သည်တော်တွေအတွက်ပါ။ ကျွန်တော်တို့က ဘယ်လိုလုပ် စားဝံ့မှာလဲ”
“ဘာ ဧည့်သည်တော်လဲဗျာ..” ချန်မောါက သူ၏ ဆန်ဖြူပန်းကန်ကို ဘေးနားရှိ စစ်သည်ဆီသို့ လှမ်းပေးလိုက်ကာ “ကျွန်တော်က ငယ်ငယ်တုန်းက အကြမ်းစာဆန်ပြုတ်ကို အရမ်းကြိုက်တာ... အစာအိမ်အတွက်လည်း ကောင်းတယ်လေ...”
စုရှောင်ရှောင်ကလည်း သူမ၏ ပန်းကန်ကို ဆံပင်ဖြူနေသော တပ်စိတ်မှူးအို တစ်ဦးထံ တွန်းပို့လိုက်သည်။ “အဘိုး... ကျွန်မကို ကူညီတဲ့အနေနဲ့ စားပေးပါ။ ဆန်တွေက အရမ်းများနေတော့ ကျွန်မ အကုန်မစားနိုင်လို့ပါ။ ဒီရက်ပိုင်း ဝိတ်ချနေတာနဲ့လည်း အတော်ပဲ...”
ခန်းမအတွင်းရှိ လေထုက တဖြည်းဖြည်း နွေးထွေးလာချေသည်။
တစ်ဖွဲ့လုံးက သူတို့၏ အစားအစာများကို အန်းရှီးစစ်သည်အိုများနှင့် ဝေမျှစားသောက်ကြပြီး သူတို့ကိုယ်တိုင်ကမူ အကြမ်းစာများကို လုယက်စားသောက်နေခဲ့ကြသည်။
တစ်ယောက်နှင့်တစ်ယောက် သဘောထားမတိုက်ဆိုင်ပါက အချင်းချင်း ဝိုင်းလုကြသေး၏။
“မိတ်ဆွေလေး ကျန်းယဲ့...” ကောရှင်းသည် ကျန်းယဲ့ဘေးသို့ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိ ပေါ်လာပြီး သူ၏ အသံက တိုးညင်းကာ ဖော်ပြ၍မရသော ခံစားချက်တစ်ခု ပါဝင်နေခဲ့သည်။ “မင်း ဒီလိုလုပ်စရာ မလိုပါဘူး။ အန်းရှီးတပ်မတော်က ဒီလို ဆက်ဆံခံရဖို့ မထိုက်တန်ပါဘူး...”
ကျန်းယဲ့က ပြုံးလိုက်ပြီး သူ၏ အကြည့်များက စစ်သည်အိုများကို ဟာသတွေ ပြောပြနေသည့် ကောရွှိုက်၊ လူပြက်လုပ်နေသည့် ချန်မော့၊ သမိုင်းတွင် ထန်မင်းဆက်၏ ဘုန်းအာနုဘော်များကို ပြန်လည်ပြောပြနေသော ပရော်ဖက်ဆာ လီလီချန်နှင့် လျိုဟောင်တို့ထံ ကျရောက်သွားခဲ့သည်။
သူက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။ “ဒါက သူတို့ဘာသာ ရွေးချယ်ခဲ့ကြတာပါ...”
နံနက်ခင်း နေရောင်ခြည်သည် ပြတင်းပေါက် ပန်းကြွပ်များမှတစ်ဆင့် ဖြာကျလာပြီး မြေပြင်ပေါ်တွင် အရိပ်များ ထင်ဟပ်နေခဲ့သည်။
မူလက ရှင်းလင်းစွာ ခွဲခြားထားသော မတူညီသည့် ဟင်းလျာနှစ်မျိုးက ယခုအခါ ရယ်မောသံများ၊ စကားပြောသံများနှင့်အတူ စားပွဲတစ်လုံးတည်းပေါ်တွင် ရောနှောနေချေပြီ။
ထိုကြမ်းတမ်းသော ကြွေပန်းကန်လုံးများထဲမှ ကျဲနေသော ဆန်ပြုတ်များသည်လည်း တစ်နည်းနည်းဖြင့် ပိုမိုပြစ်ပျစ်လာခဲ့၏။
နံနက်ခင်း နေရောင်ခြည်က အစောင့်အရှောက်ခံ နယ်မြေအုပ်ချုပ်ရေးမှူးရုံး၏ ရှေ့ခြံဝင်းအတွင်းရှိ ကျောက်ပြားများပေါ်သို့ ကျရောက်နေခဲ့သည်။ လူဆယ့်တစ်ယောက် နံနက်စာ စားသုံးပြီးနောက် ရှေ့ခြံဝင်းသို့ ရောက်လာသောအခါ သူတို့ရှေ့မှ မြင်ကွင်းကြောင့် အားလုံး အံ့သြမှင်တက်သွားကြလေသည်။
ခြံဝင်း၏ အလယ်တွင် မဟော်ဂနီသစ်သား သေတ္တာကြီးနှစ်လုံးကို သေသပ်စွာ စီချထားပြီး အဖုံးများ ဖွင့်ထားကာ အတွင်းတွင် အပြာရောင်သန်းသော ကြေးရောင်တောက်နေသည့် ကြေးပြားအကြွေစေ့များကို အပုံလိုက် တွေ့ရ၏။
၎င်းက လက်ရှိ အန်းရှီးတပ်မတော် အသုံးပြုနေသော တာလီယွမ်ပေါက် အကြွေစေ့များ ဖြစ်ကြသည်။
ကြေးပြားအကြွေစေ့များ၏ ဘေးတွင် ဝါးစာလိပ်များနှင့် ချည်နှောင်ထားသော စာအုပ်အဟောင်းများ အထပ်လိုက် ရှိနေပြီး စာရွက်များမှာ အရောင်ဝါလာကာ အစွန်းများ လိပ်နေခဲ့သည်။
အခြားသော ပစ္စည်းမျိုးစုံကိုလည်း အနီးအနားတွင် ထားရှိထားပေသည်။
ကြေးဝါ ဖယောင်းတိုင်ခုံများ၊ ပန်းပုထွင်းထားသော သစ်သားသေတ္တာများ၊ ထူးခြားသော နိုင်ငံခြားဟန် ပါဝင်သည့် ငွေထည်ပစ္စည်း အချို့နှင့် နူးညံ့စွာ တောက်ပနေသော ကျောက်စိမ်းဆွဲသီး အချို့။
“ဒါက…” လီလီချန်က သွက်လက်စွာ ရှေ့သို့တိုးလာပြီး သူ၏ လက်ချောင်းက ဝါးစာလိပ်တစ်ခုအပေါ်တွင် ရပ်တန့်နေကာ ကိုင်တွယ်လိုသော်လည်း မကိုင်ရဲဘဲ ဖြစ်နေရသည်။
ကျန်းချန်းက ရှေ့သို့ထွက်လာပြီး ရှင်းပြလိုက်၏။ “ဒီကြေးပြား အကြွေစေ့တွေက တစ်ညလုံး တပ်စခန်း အသီးသီးကနေ စုဆောင်းထားတာ။ စာအုပ်တွေကတော့ အုပ်ချုပ်ရေးမှူးရုံးရဲ့ စုဆောင်းမှုတွေ ဖြစ်ပြီး ရှေးဟောင်းပစ္စည်း အများစုကတော့ နှစ်ကာလတစ်လျှောက် စစ်သည်တွေ ကိုယ်ပိုင် သိမ်းဆည်းထားတဲ့ ပစ္စည်းတွေပါ...”
သူက အနောက်တိုင်းဒေသမှ ငွေထည်ပစ္စည်း အချို့ကို လက်ညှိုးထိုးပြလိုက်ပြန်သည်။ “ဒါတွေက အတိတ်တုန်းက ကုန်သည်ယာဉ်တန်းတွေနဲ့ ဖလှယ်ထားတာမို့ အစစ်အမှန်တွေဆိုတာ သေချာပါတယ်”
ချောင်ရန်ကျိက ဆောင့်ကြောင့်ထိုင်ကာ ကြေးပြားအကြွေစေ့ တစ်ပြားကို ကောက်ယူပြီး အနီးကပ် စစ်ဆေးကြည့်လိုက်၏။
အကြွေစေ့ပေါ်ရှိ တာလီယွမ်ပေါက်စာလုံးလေးလုံးကို ရှင်းလင်းစွာ မြင်နိုင်ပြီး အစွန်းများတွင် လက်ပြောင်းလက်လွှဲ သုံးစွဲထားမှုကြောင့် ပွန်းပဲ့နေသည့် လက္ခဏာများကို တွေ့ရဆဲဖြစ်သည်။
ဒါက လက်ရှိ သုံးစွဲနေတဲ့ ငွေကြေးဖြစ်ပြီး မြေကြီးထဲက တူးဖော်ရရှိလာတဲ့ ခေတ်သစ် ရှေးဟောင်းပစ္စည်း မဟုတ်ချေ။
အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော မျက်နှာနှင့် အသက်အရွယ်ကြီးရင့်သော စာရင်းရေး တစ်ဦးသည် စာရင်းစာအုပ် အများအပြားကို သယ်ဆောင်ကာ မောကြီးပန်းကြီး ပြေးလာချေသည်။ “စစ်သူကြီး... စာကြည့်တိုက်ထဲကနေ နောက်ထပ် နည်းနည်း ထပ်တွေ့လာတယ်...”
သူစကားပြောလို့ပင် မဆုံးမီ သူ၏ ခြေထောက်ကို ခလုတ်တိုက်မိကာ စာအုပ်များ မြေပြင်အနှံ့ ပြန့်ကျဲသွားလေသည်။
လျိုဟောင်က အဘိုးအိုကို အလျင်အမြန် ကူညီထူမပေးလိုက်သော်လည်း သူ၏ အကြည့်များက မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော စာရင်းစာအုပ်များဆီသို့ ရောက်သွားခဲ့သည်။
၎င်းက ကျိန့်ယွမ်ခေတ် ခြောက်နှစ်မြောက် ခူချာမြို့မှ စစ်လက်နက်ပစ္စည်း စာရင်းကို ရှင်းလင်းစွာ မှတ်တမ်းတင်ထားခြင်း ဖြစ်၏။
“စစ်သူကြီး” လျိုဟောင်က တင်းမာသော အသံဖြင့် ရုတ်တရက် စကားပြောလိုက်၏။ “ဒါတွေအကုန်လုံးက…”
“ငါသိပါတယ်” ကြမ်းတမ်းသော မျက်နှာပေါ်တွင် နူးညံ့သည့် အပြုံးတစ်ခုကို ဆင်မြန်းထားသော ကောရှင်းက သူ၏ စကားကို ဖြတ်ပြောလိုက်လေသည်။ “ဒါပေမဲ့ သံချပ်ကာတွေ.... ရိက္ခာတွေနဲ့ ယှဉ်လိုက်ရင် ဒီပစ္စည်းတွေက ငါတို့အတွက် အသုံးမဝင်ဘူး။ တကယ်လို့ ဒါတွေကို စစ်သည်တွေ ဗိုက်ဝဝစားရဖို့ ဒါမှမဟုတ် ခူချာက ကလေးတွေအတွက် ဆောင်းတွင်းဝတ် အနွေးထည်တွေနဲ့ လဲလှယ်နိုင်မယ်ဆိုရင် ဒီသက်မဲ့ပစ္စည်းတွေက သူတို့ရဲ့ ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာပါ...”
လျိုဟောင်သည် အနောက်တိုင်းဒေသ မှတ်တမ်းများ စာအုပ်တစ်အုပ်ကို ဂရုတစိုက် လှန်လှောကြည့်နေခဲ့လေသည်။ “ဒီစာအုပ်က နောင်လာနောက်သားတွေ လက်ထက်မှာ ဒွန်းဟွမ်မိုကောင်းဂူတွေထဲကနေတောင် မတွေ့ရဘူး။ ကျွန်တော်သာ ဒါကို ပြန်ယူသွားနိုင်ရင် ရွှေစင်တစ်ထောင်လောက် တန်ကြေးရှိမှာပဲ...”
“မဟုတ်ဘူး... အဲဒါက တန်ဖိုးဖြတ်လို့ မရဘူး” လီလီချန်က ပြင်ပြောလိုက်၏။
“မိတ်ဆွေလေး... မင်း သဘောကျလို့လား” ကောရှင်းက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ “မင်းအတွက် သိမ်းထားလိုက်ပါ...”
လီလီချန်က လက်ယမ်းပြလိုက်လေသည်။ “စစ်သူကြီး... အဲဒီလို လုပ်စရာ မလိုပါဘူး... ကျွန်တော်တို့ ရိက္ခာနဲ့ ဖလှယ်ကြတာပေါ့”
အခြားတစ်ဖက်တွင် ချီခယ်ခယ်က ပါရှားဟန် ငွေဆံထိုးတစ်ချောင်းကို ပျော်ရွှင်စွာ ဆော့ကစားနေချေသည်။ “တပ်စိတ်မှူး... ဒါက ဘယ်လောက်လဲဟင်...”
ထိုသို့မေးလိုက်သောအခါ တပ်စိတ်မှူးက ပြုံးကာ “ဒါက အာရပ်ကုန်သည်တွေဆီကနေ ရထားတာပါ။ တကယ်လို့ သခင်မလေး သဘောကျရင် သကြားဖြူ နှစ်ကျင်းနဲ့ လဲလှယ်နိုင်တယ်လို့ စစ်သူကြီးက ပြောပါတယ်...”
“ဒါက အရမ်း ဈေးပေါတာပဲ..”
သကြားဖြူ နှစ်ကျင်းက ဒေါ်လာအနည်းငယ်ပဲ တန်တာလေ...
“ဈေးပေါတယ်...” ဘေးနားရှိ စစ်သည်အိုတစ်ဦးက ခေါင်းကို ကုတ်လိုက်၏။ “မပေါတော့ပါဘူး။ သကြား နှစ်ကျင်းက ဆပ်ပြာစပါး ကျင်းသုံးဆယ်ကျော်နဲ့ လဲလို့ရတယ်လေ”
(NT- အန်းလုရှန်း ပုန်ကန်မှုအပြီးတွင် ဆပ်ပြာစပါး ဈေးနှုန်းမှာ တစ်တုံလျှင် ကြေးပြား ၁၀၀ မှ ၃၀၀ အထိ ရှိခဲ့ပါတယ်။ (၁ ကျင်းလျှင် ၁၆ မှ ၅၀ ကြေးပြား)။ ထန်မင်းဆက် မှတ်တမ်းများအရ ကွမ်ကျုံးဒေသ အစာခေါင်းပါးမှုကာလတွင် ဆန်တစ်တုံလျှင် ကြေးပြား ၁၀၀၀အထိ ရှိ)
(NT- ကျောက်သကြား (အိန္ဒိယ/ပါရှားမှ တင်သွင်းသည်)- ၁ ကျင်းလျှင် ကြေးပြား ၁၀၀ မှ ၂၀၀ ခန့် (သာမန်ပြည်သူတစ်ဦး၏ လဝက်စာ ဝင်ငွေနှင့် ညီမျှပါတယ်)။ ထန်မင်းဆက် မှတ်တမ်းသစ် - အနောက်တိုင်းဒေသအရ ပါရှားမှ ကျောက်သကြား ဆက်သသည်ဟု မှတ်တမ်းတင်ထားပြီး ဒါက တော်ဝင်ဆက်သပစ္စည်းဖြစ်ကာ သာမန်ပြည်သူများအကြား တွေ့ရခဲပါတယ်။ ခေတ်သစ် သကြားဖြူများ ရှားပါးမှုကြောင့် ဒါက ကျောက်သကြားထက်များစွာ ပိုမိုဈေးကြီးပြီး ထန်မင်းဆက် အလယ်ပိုင်းနှင့် နှောင်းပိုင်းတွင် ငွေကြေးဖောင်းပွမှုကြောင့် သကြားဖြူရဲ့ တန်ဖိုးက နှစ်ဆမှ လေးဆအထိ တက်သွားနိုင်တယ်လို ယူဆရပါတယ်)
(NT- တူရူပန်ရှိ အက်စတာနာ သင်္ချိုင်းမှ တူးဖော်တွေ့ရှိရသော ချေးငွေစာချုပ်အရ - တာလီခေတ် (၇၆၆-၇၇၉) တွင် ငွေတစ်ဆယ်တေးလ် ချေးယူခဲ့ပြီး ကြေးပြား တစ်သောင်းခွဲနှင့် ညီမျှသည်ဟု ဆိုထားပါတယ်။ (ငွေ ၁ တေးလ် = ကြေးပြား ၁၅၀၀)။
(ထန်မင်းဆက် အလယ်ပိုင်းနှင့် နှောင်းပိုင်း - ငွေ ၁ တေးလ် ≈ ကြေးပြား ၁၅၀၀ - ၂၀၀၀ (ငွေကြေးဖောင်းပွမှုကြောင့် တန်ဖိုးတက်လာသည်)