အခန်း (၅၄) သံပရာသီးဝိညာဉ်အဖြစ် ပြောင်းလဲသွားခြင်း
ချင်မင်းဆက် ခရီးသွားအဖွဲ့၏ အဖွဲ့စကားပြောခန်းထဲတွင်။
ကန်ချန် : [ဝီးချက် အနီရောင်စာအိတ်] ကြီးပွားချမ်းသာပြီး ကံကောင်းကြပါစေ....
ကျန်းထောင် : [ဘုရားရေ... ငါ ၂၈၈ တောင် ရလိုက်တယ်]
ဖန်ကောင်းချန် : [ငါ ၃၁၆ ရတယ်... ဘာတွေဖြစ်နေတာလဲ]
ကျောက်လဲ့ : [နေပါဦး... အနီရောင်စာအိတ်ရဲ့ ကန့်သတ်ချက်က ၂၀၀ မဟုတ်ဘူးလား။ ငါ ၂၇၆ ရတယ်ဟ]
လီလင် : [@သူဌေး ကန်ချန်... ဒါက ဘယ်လို ခေတ်မီနည်းပညာမျိုးလဲ]
ကျန်းခိုင် : [@ကျောက်လဲ့... သိုင်းလောကက ကိစ္စတွေကို စပ်စုမနေနဲ့]
လီလင် : [နားလည်ပါပြီ... နားလည်ပါပြီ..]
ဝူရှောင်ရှီ : [ဆင်းရဲနွမ်းပါးမှုက ငါ့ရဲ့ စိတ်ကူးယဉ်နိုင်စွမ်းကို ကန့်သတ်ထားတာပဲ....]
ကျန့်ချန် : [ကျေးဇူးတင်ပါတယ် သူဌေး.... ခင်ဗျား အရမ်း သဘောကောင်းတာပဲ... ]
ကန်ချန် မည်မျှမြန်ဆန်သည်ကို မြင်သောအခါ ချောင်ဝမ်ပေါ် နှင့် အခြားသူများကလည်း အလျှော့မပေးဘဲ သူတို့သုံးဦးက ကံစမ်းမဲ အနီရောင်စာအိတ်များကို တစ်ချိန်တည်းလိုလို ပေးပို့လိုက်ကြလေသည်။
ချောင်ဝမ်ပေါ် : [ဝီးချက် အနီရောင်စာအိတ်] အရင်လာသူ အရင်ရမယ်။
ဝူကျဲ : [ဝီးချက် အနီရောင်စာအိတ်] လာယူကြ...
ဖုန်းယီမင် : [ဝီးချက် အနီရောင်စာအိတ်] ငါတို့ရဲ့ ကံကို စမ်းကြည့်ရအောင်...
ရှီရှောင်ယွီ : [ငါ ဥက္ကဋ္ဌချောင်ရဲ့ အနီရောင်စာအိတ် ၃၃၃ ကို လုယူနိုင်ခဲ့ပြီ...]
ကျောက်လဲ့ : [သခင်လေးဝူဆီက ၄၁၂ ရလိုက်တယ်ဟ...]
လီကျွင်း : [သခင်လေးဖုန်း... ခင်ဗျားက တကယ့် အရူးပဲ.... ဒီနေ့က ဘယ်လောက်တောင် ကံကောင်းတဲ့နေ့လဲ....]
လျိုကျန့်တုံး : [တတိယတပ်ဖွဲ့က အရေးပါတဲ့လူကြီးတွေက အရမ်းရက်ရောတာပဲ....ငါတော့ အထင်ကြီးသွားပြီဟေ့]
ပထမတပ်ဖွဲ့ နှင့် ဒုတိယတပ်ဖွဲ့ မှ အဖွဲ့ဝင်များက သူတို့ ရလိုက်သော အနီရောင်စာအိတ်ကြီးများကို ကြည့်ကာ ပျော်ရွှင်မှုများ လွှမ်းမိုးသွားသလို ခံစားလိုက်ကြရသည်။
ပြီးသွားပြီဟု သူတို့ ထင်လိုက်ချိန်တွင်၊ ရုတ်တရက် အနီရောင်စာအိတ် ခြောက်ခုက တစ်ခုပြီးတစ်ခု ထပ်ထွက်လာသည်။
ကျန်းဟွိုင်မင် : [ဝီးချက် အနီရောင်စာအိတ်] နှုတ်ဆက်လက်ဆောင်!
လင်ရူ : [ဝီးချက် အနီရောင်စာအိတ်] နို့လက်ဖက်ရည်ဖိုး..
ကျောက်ဟုန် : [ဝီးချက် အနီရောင်စာအိတ်] ငါတို့ရဲ့ ကံကို စမ်းကြည့်ရအောင်...
ကျိုးရှင်းဖူ : [ဝီးချက် အနီရောင်စာအိတ်] ကံကောင်းခြင်းတွေ ရောက်လာပြီ....
ကျန်းယီကျွင်း : [ဝီးချက် အနီရောင်စာအိတ်] ငါ ကော်ဖီတိုက်မယ်....
လီချင်းယီ : [ဝီးချက် အနီရောင်စာအိတ်] အရာအားလုံး အဆင်ပြေချောမွေ့ပါစေ...
အဖွဲ့စကားပြောခန်းထဲတွင် စိတ်လှုပ်ရှားမှုများ ချက်ချင်း ပေါက်ကွဲထွက်လာပြီး တပ်ဖွဲ့နှစ်ခုစလုံးမှ အဖွဲ့ဝင်များက သူတို့ မည်မျှ ကံကောင်းသည်ကို သိရန် အလျင်အမြန် လုယူလိုက်ကြချေသည်။
ဝမ်ဟိုင်ဖုန်း : [မစ္စတာကျန်း... ကျွန်တော် ၄၉၉ ရတယ်... ]
ကျန်းမင်ဟွေ့ : [ငါ သူဌေးလင် ဆီက ၃၈၈ ရတယ်..]
လီကျန့်ကော် : [အထွေထွေမန်နေဂျာကျောက်ရဲ့ ၅၂၁... ငါ သဘောကျသွားပြီဟေ့]
ဖန်ကောင်းချန် : [ဥက္ကဋ္ဌကျိုးဆီက ကံစမ်းမဲအိတ် ရတယ်... ၆၆၆]
ဝူရှောင်ရှီ : [ငါ ဥက္ကဋ္ဌကျန်းရဲ့ အနီရောင်စာအိတ်ထဲကနေ ယွမ် ၈၈၈ ရလိုက်တယ်... ဟားဟားဟား... ဒီနှစ်တော့ အရမ်းကို ကြီးပွားမယ့်နှစ် ဖြစ်ပုံရတယ်]
ကျန့်ချန် : [ငါ ဥက္ကဋ္ဌလီဆီက နောက်ဆုံးတစ်ခုကို ၇၆ ပဲ ရလိုက်တယ်.... ဟင့်ဟင့်....ငါ အရမ်း စိတ်မကောင်းဖြစ်သွားပြီ]
လီချင်းယီက ကျန့်ချန်ထံသို့ အထူး အနီရောင်စာအိတ်တစ်ခု ပေးပို့လိုက်သလေည်။
ကျန့်ချန်က အနီရောင်စာအိတ်ကို ဖွင့်လိုက်ရာ ရှစ်ဂဏန်းငါးလုံးကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။
ထို့နောက် အဖွဲ့စကားပြောခန်းထဲတွင် “သူဌေးက ရက်ရောတယ်”ဆိုသော အီမိုဂျီများဖြင့် ပြည့်နှက်သွားချေသည်။
ပထမတပ်ဖွဲ့နှင့် ဒုတိယတပ်ဖွဲ့မှ အဖွဲ့ဝင်များမှာ သူတို့၏ လက်များ နာကျင်လာသည်အထိ အနီရောင်စာအိတ်များကို လုယူနေကြသော်လည်း တတိယတပ်ဖွဲ့မှ အရေးပါသူခြောက်ဦးမှာမူ တစ်ခုမှ မလုယူကြချေ။
တတိယတပ်ဖွဲ့မှ အဖွဲ့ဝင်များက လူအများ၏ အာရုံစိုက်မှုကို ရယူနေသည်ကို မြင်သောအခါ ကျန်းခိုင်မှာ အနည်းငယ် ဂနာမငြိမ် ဖြစ်လာရသည်။
ထို့ကြောင့် သူက အဖွဲ့စကားပြောခန်းထဲသို့ ချင်မင်းဆက်လက်ရာ ရွှေ၊ ငွေ၊ ကျောက်စိမ်း နှင့် ကြေးဝါ ပစ္စည်းများ ပါဝင်သော ဗီဒီယိုတစ်ခုကို တိတ်တဆိတ် ပေးပို့လိုက်လေသည်။
ဗီဒီယိုကို ပေးပို့ပြီးနောက် အဖွဲ့စကားပြောခန်းထဲတွင် မောက်မာသော စကားအချို့ ပြောလိုက်၏။
ကျန်းခိုင် : [ဟီးဟီး... ဒါတွေအကုန်လုံးက အစ်ကိုကျန့် ပေးတဲ့ ကျေးဇူးတင်လက်ဆောင်တွေပဲ..]
ကျန်းထောင် : [.......]
လီလင် : [ဘာ.....]
ဖန်ကောင်းချန် : [သောက်ရမ်းမိုက်.... သောက်ရမ်းမိုက်... သောက်ရမ်းမိုက်တာပဲဟ...]
ကျန့်ချန် : [အား... ငါလည်း လိုချင်တယ်လေ...]
ရှီရှောင်ယွီ : [ငါတော့ သံပရာသီးဝိညာဉ်လေး ဖြစ်သွားပြီ....]
(NT- မနာလိုလွန်းသူကို ဆိုလိုပါတယ်)
အစပိုင်း အံ့အားသင့်သွားပြီးနောက် ပထမတပ်ဖွဲ့ နှင့် ဒုတိယတပ်ဖွဲ့ မှ အဖွဲ့ဝင်များက အဖွဲ့စကားပြောခန်းထဲတွင် အားကျမှု၊ မနာလိုမှု နှင့် မုန်းတီးမှု အီမိုဂျီအမျိုးမျိုးကို အဆက်မပြတ် ပို့ကာ ရူးသွပ်သွားကြပြီး အခမဲ့ရသကဲ့သို့ မက်ဆေ့ချ်များ အဆက်မပြတ် ပို့နေလိုက်ကြသည်။
ချောင်ဝမ်ပေါ်၊ ဝူကျဲ၊ ဖုန်းယီမင် နှင့် ကန်ချန်တို့လို သူဌေးသား ဒုတိယမျိုးဆက်လေးယောက်ကလည်း ကြွားလုံးထုတ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ချက်ချင်းပင် လိုက်လုပ်ကြတော့သည်။
သူတို့အားလုံး ဓာတ်ပုံများကို အလုအယက် တင်လိုက်ကြ၏။
ချောင်ဝမ်ပေါ် : [ကျူလုံဆီက လက်ဆောင်...]
ဝူကျဲ : [ငါ မလိုချင်ပါဘူးဆိုနေ အစ်ကိုကျန့်က အတင်းပေးနေတာကွာ... ငါလည်း မတတ်နိုင်ဘဲ လက်ခံလိုက်ရတာပဲ...]
ဖုန်းယီမင် : [ကျူလုံက အရမ်းကို သဘောကောင်းတာပဲ... ငါတို့အတွက် သီးသန့်တံဆိပ်တုံးတွေတောင် ထွင်းပေးသေးတယ်။ လှတယ်မလား..... ]
ကန်ချန် : [အစ်ကိုကျန့်ရဲ့ အပြန်လက်ဆောင်က အရေးမကြီးပါဘူး။ အရေးအကြီးဆုံးက အစ်ကိုကျန့် နဲ့ ငါ အတူတူ ဓာတ်ပုံရိုက်ခဲ့ရတယ်... ပြီးတော့ သူ့လက်ကိုတောင် ကိုင်ခဲ့ရသေးတယ်...]
ကန်ချန်က ဤစကားကို ပြောလိုက်သည်နှင့် ပထမတပ်ဖွဲ့နှင့် ဒုတိယတပ်ဖွဲ့မှ အဖွဲ့ဝင်များမှာ လုံးဝ ဂနာမငြိမ် ဖြစ်သွားကြရတော့သည်။
ကျန်းထောင် : [အား... ငါ ရူးတော့မယ်.... ငါ ရူးမတတ်ကို မနာလိုဖြစ်နေပြီဟေ့...]
ကျန်းမင်ဟွေ့ : [အားကျတဲ့ မျက်ရည်တွေ မျက်နှာပေါ် စီးကျလာတယ်ကွာ...]
ရှီရှောင်ယွီ : [ဝါး... ငါလည်း ကျူလုံရဲ့ လက်ကို ကိုင်ချင်တယ်။ ငါ ကိုင်ချင်တယ်....]
အရေးပါသူခြောက်ဦးက ဘာမှမပြောသော်လည်း သူတို့လည်း ပထမဆုံးဧကရာဇ်ထံမှ အပြန်လက်ဆောင်ရပြီး ဧကရာဇ်၏ လက်ကိုပင် ကိုင်ခဲ့ရမည်ဆိုတာကို အဖွဲ့ထဲရှိ လူတိုင်း နားလည်ထားကြပေသည်။
သူတို့အားလုံးမှာ အချဉ်ဖတ်များ ဖြစ်ကုန်ကြပြီး သူတို့၏ ပိုက်ဆံအိတ်ထဲတွင် ယွမ်ထောင်ပေါင်းများစွာ သို့မဟုတ် သောင်းပေါင်းများစွာ အပိုရောက်လာသည်ကို မြင်ရခြင်းကပင် သူတို့၏ နှလုံးသားထဲမှ ပွက်ပွက်ဆူနေသော အချဉ်ဖုများကို မရပ်တန့်နိုင်တော့ချေ။
(NT- မနာလိုဖြစ်နေတာကို ဆိုလိုတာပါ)
ဤငွေပမာဏက အစ်ကိုကျန့်ပေးသော ပစ္စည်းများနှင့် ယှဉ်လျှင် ဘာမှမပြောပလောက်ချေ။
တပ်ဖွဲ့နှစ်ခုစလုံးမှ အဖွဲ့ဝင်များ မနာလိုဖြစ်နေချိန်တွင် ချောင်ဝမ်ပေါ် က ရင်ထဲမှစကားကို ဆိုလိုက်၏။
ချောင်ဝမ်ပေါ် : [တကယ်တော့ ဒီတစ်ကြိမ် ငါတို့လေးယောက် ကျူလုံရဲ့ အပြန်လက်ဆောင်တွေကို ရခဲ့တာက အဓိက ခိုင်ရဲ့ ကျေးဇူးကြောင့်ပဲ... သူက အဲဒီလက်ဆောင်တွေကို ကျူလုံဆီ ယူသွားဖို့ အတင်းမတိုက်တွန်းခဲ့ဘူးဆိုရင် ငါတို့ ဒီလောက် ကံကောင်းချင်မှ ကံကောင်းမှာ...]
ကန်ချန် က ဝင်ပြောလိုက်၏။ [ဟုတ်တယ်... ဟုတ်တယ်။ ဒီနေ့ကစပြီး ငါတို့ ခိုင်ကို အစ်ကိုခိုင်လို့ ခေါ်သင့်တယ်...]
အရင်က ကျန်းခိုင်ကို အစ်ကိုခိုင်ဟု သူ ခေါ်ခဲ့ဖူးသော်လည်း ၎င်းမှာ နောက်ပြောင်ခြင်းသာ ဖြစ်ပေသည်။
ဒီကိစ္စဖြစ်ပြီးနောက်မှာတော့ သူ့ကို တကယ်ပင် အစ်ကိုခိုင်ဟု ခေါ်ချင်သွားခဲ့ကြသည်။
ဖုန်းယီမင် : [ငါတို့က အစ်ကိုခိုင်ရဲ့ အဆက်အသွယ်တွေကနေ အကျိုးအမြတ်ရခဲ့တာ... ဒါပေမဲ့ ဦးလေးကျန်းနဲ့ တခြား ခြောက်ယောက်ကတော့ မတူဘူး။ သူတို့က ဒါရိုက်တာကျန်းကို ယုံကြည်ပြီး စကားနားထောင်လို့ အခုလို အောင်နိုင်သူတွေ ဖြစ်သွားတာ။ ဦးလေးကျန်းတို့ ပေးတဲ့လက်ဆောင်တွေကို ကျူလုံက အရမ်းသဘောကျနေတာ...]
ထိုစကားများ ပြောလိုက်သည်နှင့် အဖွဲ့ထဲရှိ ပထမတပ်ဖွဲ့ နှင့် ဒုတိယတပ်ဖွဲ့ မှ အဖွဲ့ဝင်များမှာ တိတ်ဆိတ်သွားကြရသည်။
ဒါရိုက်တာကျန်းက ချင်မင်းဆက်သို့ သွားမည်ဟု အကြံပြုစဉ်က သူတို့ထဲမှ တစ်ယောက်မျှ မယုံကြည်ခဲ့ကြချေ။
တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ဝူကျဲက ပြုံးကာ ပြောလိုက်၏။ [စိတ်ဓာတ်မကျပါနဲ့... ချင်မင်းဆက်ကို သွားဖို့ နောက်ထပ်အခွင့်အရေး ရမလားဆိုတာ ဒါရိုက်တာကျန်းကို မေးကြည့်ကြလေ]
လျိုကျန့်တုံး : [ဒါရိုက်တာကျန်း ပြောပုံအရဆိုရင် နောက်တစ်ခါ ချင်မင်းဆက်ကို သွားဖို့ စည်းကမ်းချက်တွေ ရှိတယ်တဲ့...]
ကျန်းထောင် : [ဟုတ်တယ်... တစ်ခါသွားပြီးရင် ဒုတိယအကြိမ် သွားလို့မရဘူးလို့ ထင်တာပဲ...]
ဝူကျဲ : [ဒါတွေအကုန်လုံးက ခင်ဗျားတို့ရဲ့ ခန့်မှန်းချက်တွေချည်းပဲ။ ဒီမှာ ခန့်မှန်းနေမယ့်အစား... ဒါရိုက်တာကျန်းကို သွားမေးသင့်တယ်..]
ဝူရှောင်ရှီ : [သခင်လေးဝူပြောတာ အဓိပ္ပာယ်ရှိတယ်...]
ထို့နောက် အဖွဲ့ထဲရှိ ပထမတပ်ဖွဲ့နှင့် ဒုတိယတပ်ဖွဲ့ နှစ်ခုစလုံးမှ အဖွဲ့ဝင်များက ကျန်းယဲ့ကို တညီတညွတ်တည်း Tagတွဲလိုက်ကြသည်။
ကျန်းယဲ့မှာ ရေချိုးပြီးခါစအချိန်တွင် ကုတင်ဘေးရှိ စားပွဲပေါ်မှ ဖုန်းက အဆက်မပြတ် မြည်သံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။
သူက ဆံပင်ကို တဘက်ဖြင့်သုတ်ကာ ဘောင်းဘီတိုပွပွကို ဝတ်ဆင်ထားပြီး ဖုန်းကို ကောက်ယူလိုက်၏။
အဖွဲ့သစ်ထဲရှိ 99+ဆိုသော မက်ဆေ့ချ်များကို မြင်လိုက်ရသောအခါ ကျောချမ်းသွားရသည်။
‘သူတို့ တော်တော် စကားပြောနိုင်တာပဲ...’
ကျန်းယဲ့က အဖွဲ့စကားပြောခန်းကို ဖွင့်လိုက်ရာ လူတစ်အုပ်က သူ့ကို Tagတွဲထားသည်ကို မြင်လိုက်ရလေသည်။ သူတို့၏ မေးခွန်းများကို သေချာဖတ်ပြီးနောက် ကူကယ်ရာမဲ့သလို ဖြစ်သွားရသည်။
‘သူတို့ မေးတဲ့ မေးခွန်းတွေက ငါ ဖြေဖို့ အဆင့်မြင့်လွန်းနေတယ်..’
ကျန်းယဲ့က စနစ်ကို တိုက်ရိုက် မေးမြန်းလိုက်၏။
‘အကိုစနစ်... ဒီလူတွေ ချင်မင်းဆက်ကို သွားဖို့ နောက်ထပ်အခွင့်အရေး ရနိုင်မလား’
ကျန်းယဲ့က စနစ်က ပြန်ဖြေလိမ့်မည်ဟု မမျှော်လင့်ဘဲ စမ်းကြည့်သည့် သဘောထားဖြင့် ချဉ်းကပ်ခဲ့သော်လည်း အံ့သြစရာကောင်းလောက်အောင်ပင် စနစ်က တုံ့ပြန်လာလေသည်။
[ရှိပါတယ်..]
ဤရိုးရှင်းသော စကားလုံးက ကျန်းယဲ့ကို စိတ်သက်သာရာရစေရုံသာမက အဖွဲ့ဝင်များကိုလည်း စိတ်အေးသွားစေပေသည်။
ကျန်းယဲ့ : [စိတ်မပူပါနဲ့...အခွင့်အရေးတွေ ရှိလာပါလိမ့်မယ်]