အခန်း ၉ - မှိုတက်နေသော ရှေးဟောင်းသစ်သား
"လင်းတုန်... လင်းဟုန်က မင်း 'ခန္ဓာကိုယ်ကျင့်ကြံခြင်းသတ္တမအဆင့်' ကို ရောက်နေပြီလို့ ပြောတယ်၊ အဲဒါ အမှန်ပဲလား"
လင်းဟုန်းနှင့် အခြားတစ်ယောက် ထွက်ခွာသွားသည်ကို ကြည့်ရင်း လင်းရှားသည် မူလနေရာတွင် ကျန်ရစ်ခဲ့သော လင်းတုန်ထံ သို့သာ မကြည့်ဘဲ မနေနိုင်တော့ပေ။
"အမ လင်းရှား... လင်းဟုန်းရဲ့ စကားတွေကို မယုံပါနဲ့။ ကျွန်တော် 'ခန္ဓာကိုယ်ကျင့်ကြံခြင်းသတ္တမအဆင့်' ကို မရောက်သေးပါဘူး"
လင်းတုန်က အနည်းငယ် ပြုံးလိုက်ပြီး ချင်းတန်၏ လက်ကလေးကို ဆွဲကာ ထွက်ခွာသွားခဲ့သည်။
"ဖူး... ငါ သိတာပေါ့။ ငါကိုယ်တိုင်တောင် ခန္ဓာကိုယ်ကျင့်ကြံခြင်းဆဋ္ဌမအဆင့် မှာပဲ ရှိသေးတာ။ လင်းတုန်က ကျင့်ကြံတာ မကြာသေးဘဲ မင်းရဲ့ ကျင့်ကြံခြင်းက ငါ့ထက် ဘယ်လိုလုပ် မြင့်မားနိုင်မှာလဲ"
လင်းတုန်၏ အတည်ပြု စကားကို ရရှိပြီးနောက် လင်းရှားသည် ရင်ထဲမှ သက်ပြင်းခိုးချလိုက်သည်။
ထို့နောက် သူမက လင်းမိသားစု တပည့်တစ်ယောက်ကို တားဆီးလိုက်ပြီး….။
"ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို အစအဆုံး ငါ့ကို ပြောပြစမ်း။ အသေးစိတ် သိချင်တယ်..."
အိမ်အပြန်လမ်းတွင်။
"အစ်ကို လင်းတုန်... ညီမ ပြဿနာရှာခဲ့တာကို အပြစ်မတင်ဘူး မဟုတ်လား"
ချင်းတန်က ရှေ့မှ လျှောက်လှမ်းနေသည့် လင်းတုန်ကို စိုးရိမ်စွာ ကြည့်လိုက်သည်။
သူမသည် အစ်ကိုဖြစ်သူကို ချစ်လည်းချစ်၊ ကြောက်လည်း ကြောက်ပေသည်။
"ဘယ်လိုလုပ် အပြစ်တင်ရမှာလဲ။ ဒီလို ပြဿနာမျိုး ပိုပြီး ရှာလေလေ၊ ငါတို့မိသားစုက အနိုင်ကျင့်ဖို့ မလွယ်ဘူးဆိုတာ အခြားသူတွေ ပိုသိလေလေပဲ"
လင်းတုန်က သူမအား ညင်သာစွာ နှစ်သိမ့်ပေးလိုက်ပြီးနောက်….။
"ကဲ... မင်း အရင်ပြန်နှင့်တော့။ ငါ တစ်ခုခု အရေးကြီးတာ သွားလုပ်ရဦးမယ်"
ချင်းတန်နှင့် ခွဲခွာပြီးနောက် လင်းတုန်သည် ချင်းယန်မြို့ မြောက်ပိုင်းရှိ ကုန်စည်ပြပွဲသို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့သည်။
ရှေးဟောင်းအဆောင် သင်္ကေတပေါင်းစည်းခြင်း ကို ရယူရန် သူ အခိုင်အမာ ဆုံးဖြတ်ထားခဲ့သည်။
ဒါ့အပြင် သူ၏ စိတ်စွမ်းအား ကျင့်ကြံခြင်းသည်လည်း အတားအဆီးတစ်ခု ဖြစ်နေခဲ့သည်။ အကယ်၍ နီ၀မ်နန်းတော် ကို မဖွင့်ဘဲ သူ၏ မွေးရာပါ သင်္ကေတ အဆောင်ကို မပေါင်းစည်းနိုင်ပါက သူ၏ စိတ်စွမ်းအား ကျင့်ကြံခြင်းသည်လည်း ရပ်တန့်သွားပေလိမ့်မည်။
ကုန်စည်ပြပွဲသို့ ရောက်ရှိသောအခါ လင်းတုန်က မရပ်တန့်ခဲ့ပေ။
သူသည် လမ်းအချို့ကို ကျွမ်းကျင်စွာ ကွေ့ကောက်လိုက်ပြီး လျှို့ဝှက် မြေအောက် ကုန်စည်လှဲလှယ်ရေး စခန်းတစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။
ဟုတ်ပါသည်။ မြေအောက် ကုန်စည်လှဲလှယ်ရေး စခန်းဖြစ်သည်။ မြေအောက် ကုန်စည်လှဲလှယ်ရေး စခန်းရှိ အရာများစွာသည် ပိုမို တရားမဝင်သော်လည်း သူတို့၏ အရည်အသွေးမှာမူ ပိုမို မြင့်မားလှသည်။
အဆက်အသွယ် ရှိသူများ သို့မဟုတ် ဗဟုသုတ ရှိသူများသည် ဒီနေရာတွင် လာရောက် လှည့်ပတ်ရန် ရွေးချယ်ကြလေ့ ရှိသည်။
သို့သော် မဝင်ရောက်မီ လူအများစုသည် သူတို့၏ စစ်မှန်သော မျက်နှာကို ဖုံးကွယ်ရန် ဝတ်ရုံများ သို့မဟုတ် အခြား ဖုံးကွယ်မှုများကို ဝတ်ဆင်ရန် ရွေးချယ်ကြသည်။
အဆင့်နိမ့်ကောင်းကင်ယွမ်အဆင့် ထိပ်သီးအဆင့် ကျွမ်းကျင်သူတစ်ယောက်အဖြစ် လင်းတုန်သည် သူ၏ စွမ်းအားကြောင့် ရဲရင့်နေခဲ့သည်။
သူသည် မျက်နှာဖုံးပင် မဝတ်ဘဲ ပေါ်ပေါ်ထင်ထင် ဝင်ရောက်သွားခဲ့သည်။
"မရှိဘူး... မရှိဘူး... မရှိဘူး..."
အနည်းငယ် မှောင်မိုက်နေသော စင်္ကြံတွင် လမ်းလျှောက်ရင်း လင်းတုန်၏ ကြည့်ရှုမှုသည် ဆိုင်ခန်းများပေါ်သို့ ခိုနားသွားခဲ့သည်။
အမှန်တကယ်တော့ လင်းတုန်၏ စိတ်စွမ်းအားသည် ဆက်တိုက် ထွက်ပေါ်နေခဲ့ခြင်းဖြစ်သည်။
အကြောင်းမှာ သင်္ကေတအဆောင် ပေါင်းစည်းခြင်း နည်းလမ်း ပါရှိသည့် မည်သည့် အရာမဆို လင်းတုန်၏ စိတ်စွမ်းအားကို လှုံ့ဆော်ပေးမည် ဖြစ်သောကြောင့် သူ အထူးအဆန်း သေချာ ကြည့်ရန် မလိုပေ။
သူ၏ စိတ်စွမ်းအားက ရေဒီယိုလိုင်းကဲ့သို့ ပုံမှန်မဟုတ်သော အရာများကို အလိုအလျောက် စစ်ထုတ်ပေးမည် ဖြစ်သည်။
"မရှိဘူး... အာ၊ ဟိုမှာ ရှိနေပြီ"
လင်းတုန် ကောင်းမွန်သော ဆိုင်ခန်းတစ်ခုကို ဖြတ်သန်းသွားသောအခါ ဆိုင်ခန်းပေါ်ရှိ မှိုတက်နေသော ရှေးဟောင်းသစ်သားတစ်ခုကြောင့် သူ၏ နီ၀မ်နန်းတော်ရှိ စိတ်စွမ်းအားက ရုတ်တရက် တုန်ခါသွားခဲ့သည်။
လင်းတုန်က မှိုတက်နေသော ရှေးဟောင်းသစ်သားကို လှမ်းကြည့်လိုက်ရာ ထိုအရာသည် ရှေးဟောင်းအဆောင်သင်္ကေတ ပေါင်းစည်း နည်းလမ်း ပါရှိသည့် ရှေးဟောင်းသစ်သား အမှန်ပင် ဖြစ်သဖြင့် လင်းတုန်၏ မျက်နှာပေါ်တွင် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။
သူသည် စိတ်လှုပ်ရှားမှုများကို ချက်ချင်း ထိန်းချုပ်လိုက်ပြီး ဒူးထောက်ကာ ဆိုင်ခန်းပေါ်မှ ခြောက်သွေ့နေသော သစ်သားနှင့် တူသည့် စိမ်းလန်းသော အမြစ်ကဲ့သို့ အပင်ကို ကောက်ယူလိုက်သည်။
စတုတ္ထအဆင့် ဝိညာဉ်ဆေးဝါး စိမ်းလန်းသော သစ်သား ဝိညာဉ်အမြစ် ဖြစ်သည်။
အဆင့်နိမ့်ကောင်းကင်ယွမ် Realm' ကျွမ်းကျင်သူ ဖြစ်သည့် လင်းတုန်အတွက် အာနိသင် သိပ်မကြီးမားသော်လည်း မြေကမ္ဘာယွမ်နယ်ပယ် တွင် ရှိနေသည့် ချင်းတန်အတွက်မူ တော်တော်လေး ထိရောက်ပေလိမ့်မည်။
အရေးကြီးဆုံးမှာ သူ၏ အဓိက ပစ်မှတ်ကို ဖုံးကွယ်ရန်အတွက် ဒီအရာကို လိုအပ်ခြင်းဖြစ်သည်။
"စတုတ္ထအဆင့် ဝိညာဉ်ဆေးဝါး - စိမ်းလန်းသော သစ်သား ဝိညာဉ်အမြစ်... ယန်အဆီအနှစ် ကျောက်တုံး တစ်ရာ"
လင်းတုန်က စိမ်းလန်းသော သစ်သား ဝိညာဉ်အမြစ်ကို ကောက်ယူလိုက်သည်နှင့် နက်မှောင်သော ဝတ်ရုံဝတ် ဆိုင်ပိုင်ရှင်က စကားပြောလိုက်သည်။
"ယန်အဆီအနှစ် ကျောက်တုံး တစ်ရာလား။ နည်းနည်းတော့ ဈေးကြီးတယ်။ ဒါဆို ဒီတစ်ခုကရော"
လင်းတုန်က မကြိုက်သကဲ့သို့ ရေရွတ်လိုက်ပြီး မှိုတက်နေသော ရှေးဟောင်းသစ်သားကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်သည်။
"ထူးခြားဆန်းပြားတဲ့ သစ်သား... ယန်အဆီအနှစ် ကျောက်တုံး ငါးဆယ်"
ခဏမျှ တန့်သွားပြီးနောက် ဆိုင်ပိုင်ရှင်က ထပ်မံ ပြောလိုက်သည်။
"ကောင်းပြီ၊ ငါ နှစ်ခုစလုံး ယူမယ်"
လင်းတုန်က ပြတ်သားစွာ လှုပ်ရှားလိုက်ပြီး သူ၏ ချန်ခွင်း အိတ်ထဲမှ ယန်ယွမ် ဆေးလုံး တစ်ဆယ့်ငါးပြားကို ချက်ချင်း ရေတွက်လိုက်ကာ စိမ်းလန်းသော သစ်သား ဝိညာဉ်အမြစ်နှင့် မှိုတက်နေသော ရှေးဟောင်းသစ်သားတို့ကို ဆွဲယူ၍ လှည့်ထွက်သွားခဲ့သည်။
သူ၏ လှုပ်ရှားမှုများမှာ ချောမွေ့ပြီး အလွန်ပင် ပြတ်သားလှပေသည်။
(ချန်ခွင်း/စကြဝဠာ အိတ်/သိုလှောင်အိတ်)
အဆင့်နိမ့် ချန်ခွင်း အိတ်သည် လင်းတုန်က ယန်မြို့သို့ လျှို့ဝှက် ခရီးစဉ်တစ်ခုတွင် ရှေးဟောင်းကျောက်တုံး စိတ်ဝိညာဉ် အရည်ကို ရောင်းချ၍ ရရှိခဲ့သော ယွမ်အဆီအနှစ် ကျောက်တုံးများဖြင့် ဝယ်ယူခဲ့သည့် အရာဖြစ်သည်။
ဟုတ်ပါသည်။ ယွမ်အဆီအနှစ် ကျောက်တုံးများ ဖြစ်သည်။
လင်းတုန်သည် ယန်ယွမ် ဆေးလုံးများကို မဟုတ်ဘဲ ယန်အဆီအနှစ် ကျောက်တုံးများကို သီးသန့် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ယန်ယွမ် ဆေးလုံးများသည် ယန်အဆီအနှစ် ကျောက်တုံးများမှ ထုတ်လုပ်ထားသော ဆေးပြားအမျိုးအစား ဖြစ်ပြီး ယန်စွမ်းအား အနည်းငယ် ပါဝင်သည်။
ထိုအရာများကို ကျင့်ကြံခြင်း သို့မဟုတ် ငွေကြေးအဖြစ် အသုံးပြုနိုင်သည်။
သို့သော် ဒီထုတ်လုပ်သည့် နည်းလမ်းကို အဓိက အင်အားစုများက ထိန်းချုပ်ထားလေ့ရှိပြီး ယန်အဆီအနှစ် ကျောက်တုံးများမှ ယန်ယွမ် ဆေးလုံး ထုတ်ယူသည့် အချိုးမှာ ပုံမှန်အားဖြင့် ဆယ်ခုမှ တစ်ခုဖြစ်သည်။
သို့သော် လင်းတုန် ပိုင်ဆိုင်သည့် ရှေးဟောင်းကျောက်တုန်းသည် ယန်အဆီအနှစ် ကျောက်တုံးများမှ ယန်ယွမ် ဆေးလုံးများကို သုံးခုမှ တစ်ခု အချိုးဖြင့် ထုတ်လုပ်နိုင်ခဲ့သည်။
အကယ်၍ လင်းတုန်က ယန်ယွမ် ဆေးလုံးများနှင့် တန်ဖိုးတူ ယန်အဆီအနှစ် ကျောက်တုံးများကို ရွေးချယ်ပြီး ကိုယ်တိုင် ထုတ်လုပ်ပါက လင်းတုန်သည် သူတို့၏ တန်ဖိုးကို သုံးဆ ချက်ချင်း တိုးတက်စေနိုင်သည်။
ထို့ကြောင့် လင်းတုန်သည် စိတ်ဝိညာဉ် အရည်ကို ရောင်းချရန် ယန်မြို့သို့ သွားရောက်သည့်အခါ ယန်ယွမ် ဆေးလုံးများကို မဟုတ်ဘဲ ယန်အဆီအနှစ် ကျောက်တုန်းများကိုသာ လက်ခံခဲ့ခြင်းဖြစ်သည်။
ဆိုင်ဝန်ထမ်းများသည် ဒီအရာကို ထူးဆန်းသည်ဟု ထင်ကြသော်လည်း လိုက်လျောရန် ဝမ်းမြောက်နေကြဆဲဖြစ်သည်။
လင်းတုန် လက်ရှိ အသုံးပြုနေသည့် ယန်ယွမ် ဆေးလုံးများသည် ရှေးဟောင်းကျောက်တုန်းကို အသုံးပြု၍ ယန်အဆီအနှစ် ကျောက်တုံးများမှ ကိုယ်တိုင် ထုတ်လုပ်ထားခြင်းဖြစ်သည်။ စဉ်းစားကြည့်ပါ၊ သူ လက်ခံရရှိသည်မှာ ယန်အဆီအနှစ် ကျောက်တုံးများ ဖြစ်သော်လည်း သုံးစွဲသည်မှာ ယန်ယွမ် ဆေးလုံးများ ဖြစ်သည်။
ဒီအထဲမှာ ပါဝင်တဲ့ ကြီးမားတဲ့ ဈေးနှုန်း ကွာခြားချက်နဲ့ အမြတ်အစွန်းဆိုတာ... အဟမ်း၊ ဒါတွေက စီးပွားရေးချည်းပါပဲ၊ စီးပွားရေးချည်းပါပဲ။
"..."
(တစ်ခြားသူတွေ:ယန်အဆီအနှစ်၁၀:ယန်ယွမ်ဆေးလုံး၁ခု/
လင်းတုန်:ယန်အဆီအနှစ်၃ခု/ယန်ယွမ်ဆေးလုံး၁ခု)
မြန်ဆန်စွာ ပျောက်ကွယ်သွားသည့် လင်းတုန်ကို ကြည့်ရင်း၊ ထို့နောက် သူ၏ လက်ထဲရှိ ယန်ယွမ် ဆေးလုံး တစ်ဆယ့်ငါးလုံးကို ကြည့်ရင်း ဆိုင်ပိုင်ရှင်၏ နှုတ်ခမ်းများမှာ အနည်းငယ် တွန့်ကွေးသွားခဲ့သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောခဲ့ပေ။
သူသည် မှိုတက်နေသော ရှေးဟောင်းသစ်သားမှာ အတိအကျ ဘာဖြစ်သည်ကို မသိသော်လည်း သင်္ကေတသခင်၏ သီးသန့် အဆောင်သင်္ကေတစာလုံးများ ပါရှိသောကြောင့် အဆောင်သင်္ကေတသခင်များနှင့် သက်ဆိုင်သည်ဟု ခန့်မှန်းခဲ့သည်။
အဆောင်သင်္ကေတသခင်များနှင့် သက်ဆိုင်သောကြောင့် အလွန် ဈေးကြီးရမည် ဖြစ်သည်။
ထို့ကြောင့် သူသည် ယန်အဆီအနှစ် ကျောက်တုံး ငါးဆယ်ဟု ဈေးနှုန်း သတ်မှတ်ခဲ့ပြီး မသိနားမလည်သော ငတုံးအချို့ကို လိမ်လည်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
သို့သော် ခုနက လူငယ်လေးသည် ဈေးနှုန်း မေးမြန်းပြီးနောက် ချက်ချင်း ငွေချေကာ ပစ္စည်းကို ယူဆောင်သွားခဲ့ပြီး သူနောင်တရရန် အခွင့်အရေးပင် မပေးခဲ့သည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
ငါးကြီးတစ်ကောင် ရရှိသွားသည့်အတိုင်း ဖြစ်ပေသည်။
"စောက်ခွေးပဲ... ငါ ခုနက အများကြီး ရှုံးသွားတယ်လို့ ထင်တယ်..."
အတော်ကြာပြီးနောက် ဆိုင်ပိုင်ရှင်သည် နောက်ဆုံးတွင် တိုးတိုးလေး ရေရွတ်လိုက်ပြီး မလိုချင်ဘဲ ယန်ယွမ် ဆေးလုံး တစ်ဆယ့်ငါးပြားကို သူ၏ချန်ခွင်း အိတ်ထဲသို့ ထည့်လိုက်တော့သည်။
စိမ်းလန်းသော သစ်သား ဝိညာဉ်အမြစ်နှင့် မှိုတက်နေသော ရှေးဟောင်းသစ်သားကို ဝယ်ယူပြီးနောက် လင်းတုန်သည် မဆိုင်းမတွဘဲ လင်းမိသားစုဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့သည်။
သူ၏ အခန်းသို့ ပြန်ရောက်သောအခါ လင်းတုန်သည် တံခါးကို ချက်ချင်း ပိတ်လိုက်ပြီး သူ၏ ရင်ထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ကာ သူ၏ ချန်ခွင်း အိတ်ထဲမှ မှိုတက်နေသော ရှေးဟောင်းသစ်သားကို ထုတ်ယူလိုက်သည်။
"သင်္ကေတအဆောင်နဲ့နီ၀မ်နန်းတော်ဖွင့်တဲ့ နည်းလမ်း... ငါ နောက်ဆုံးတော့ ရလိုက်ပြီ"
လင်းတုန်သည် သူ၏ လက်ထဲရှိ မှိုတက်နေသော ရှေးဟောင်းသစ်သားကို စစ်ဆေးလိုက်ရာ သူ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားခဲ့သည်။
ဒီမှိုတက်နေသော ရှေးဟောင်းသစ်သားထဲတွင် ဖုံးကွယ်ထားသည့် သင်္ကေတ အဆောင် ပေါင်းစည်းခြင်း နည်းလမ်းကို ကျင့်ကြံမှသာ နီ၀မ်နန်းတော် ကို ဖွင့်လှစ်နိုင်ပြီး မွေးရာပါ သင်္ကေတ အဆောင်ကို ပေါင်းစည်းနိုင်ကာ 'ပထမအဆင့်အဆောင် သင်္ကေတသခင်' သို့ တက်ရောက်နိုင်မည်ဖြစ်သည်။
ထို့အပြင် 'ပထမအဆင့်အဆောင် သင်္ကေတသခင်အဆင့်' သို့ တက်ရောက်မှသာ အဆောင်သင်္ကေတသခင်၏ ကျင့်ကြံခြင်း လမ်းစဉ်အတွင်းသို့ အမှန်တကယ် ဝင်ရောက်သည်ဟု ယူဆနိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် အဆောင်သင်္ကေတသခင်၏ မိမိ၏ စိတ်စွမ်းအားကို အသုံးပြုမှုနှင့် ကျွမ်းကျင်မှုတို့သည် အသစ်စက်စက် နယ်ပယ် သို့ ရောက်ရှိမည် ဖြစ်ရုံတင်မကဘဲ အမျိုးမျိုးသော အရာများပေါ်တွင်၊ အထူးသဖြင့် လက်နက်များ၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ရန်အတွက် သင်္ကေတစာလုံးများကို ပူးတွဲ တပ်ဆင်နိုင်မည် ဖြစ်ရာ သူ၏ အသုံးပြုမှုမှာ အလွန်ပင် ကျယ်ပြန့်လှပေသည်။
ဒီမှိုတက်နေသော ရှေးဟောင်းသစ်သားထဲတွင် ဖုံးကွယ်ထားသည့် သင်္ကေတ အဆောင်နှင့်နီ၀မ်နန်းတော်ဖွင့်လှစ်ခြင်း နည်းလမ်းမှ ကျင့်ကြံနိုင်သော မွေးရာပါ သင်္ကေတ အဆောင်မှာ မွေးရာပါ စိတ်ဝိညာဉ် သင်္ကေတအဆောင် ဖြစ်ပေသည်။
ပုံမှန်အားဖြင့် အားဖြင့် ပြောရလျှင် အဆောင်သင်္ကေတသခင် ကမ္ဘာတွင် မွေးရာပါ သင်္ကေတ အဆောင်များ၏ အရည်အသွေးကို အဆင့်သုံးခု ခွဲခြားထားသည်။
မွေးရာပါ သင်္ကေတ အဆောင်၊
မွေးရာပါ စိတ်ဝိညာဉ် အဆောင်၊
နှင့် မွေးရာပါ ကောင်းကင် အဆောင် တို့ ဖြစ်ကြသည်။