အခန်း ၇ - လင်းရှန်
လင်းတုန်က သူကို လျစ်လျူရှုထားခဲ့သဖြင့် လင်းရှန်မှာ ချက်ချင်းပင် မျက်နှာပျက်သွားခဲ့သည်။
သူက ဒေါသတကြီးဖြင့်
"ဟမ့်၊ ငါက လင်းရှန်၊ မင်းရဲ့ ဝမ်းကွဲအစ်ကိုပဲ။ လင်းတုန်... မင်းကောင်လေး၊ ငါ့ရှေ့မှာ လာပြီး အရူးလုပ်မနေနဲ့"
လင်းရှန်နှင့် လင်းတုန်တို့သည် အသက်တူကြပြီး နှစ်ယောက်စလုံး အသက်တစ်ဆယ့်လေးနှစ် ရှိကြသော်လည်း လင်းရှန်က လင်းတုန်ထက် နှစ်လ ပိုကြီးသည်။
ထို့ကြောင့် အတိအကျ ပြောရလျှင် ဒုတိယဦးလေး၏ သားဖြစ်သူ လင်းရှန်သည် လင်းတုန်၏ ဝမ်းကွဲအစ်ကို ဖြစ်ပေသည်။
"ဝမ်းကွဲအစ်ကို ဟုတ်လား။ ငါ့မှာ ဒီလိုဝမ်းကွဲအစ်ကိုမျိုး ရှိခဲ့မှန်း ငါမမှတ်မိပါဘူး"
လင်းတုန်သည် လက်ပိုက်ရပ်လိုက်ပြီး လင်းရှန်ကို အေးစက်စွာ ကြည့်လိုက်သည်။
"စောက်စကားတွေ လင်းတုန်... မင်းအဖေက အသုံးမကျတဲ့ကောင်၊ မင်းကိုယ်တိုင်ကလည်း အသုံးမကျတဲ့ကောင်ပဲ။ 'ခန္ဓာကိုယ် ကျင့်ကြံခြင်း စတုတ္ထအဆင့်' ဟုတ်လား။ တောက် ငါ့အဖေက မိသားစုရဲ့ ဘဏ္ဍာရေးကို ထိန်းချုပ်ထားတာ၊ ငါ့မှာ ထောက်ပံ့ပေးတဲ့ ဝိညာဉ်ဆေးဝါးတွေ ခဏခဏ ရှိလို့ 'ခန္ဓာကိုယ် ကျင့်ကြံခြင်း စတုတ္ထအဆင့်' ကို ရောက်ခဲ့တာ။
မင်းလို အသုံးမကျတဲ့ကောင်က ဘယ်လိုလုပ် 'ခန္ဓာကိုယ်ကျင့်ကြံခြင်းစတုတ္ထအဆင့်' ကို ရောက်နိုင်မှာလဲ"
"ငါပြောမယ်... မင်း ခုနက လိမ်ညာပြီး လုပ်ခဲ့တာ မဟုတ်လား။ ဟင်း... မင်းရဲ့ လိမ်ညာမှုကို မျိုးနွယ်စုကို ငါ သေချာပေါက်တိုင်ကြားမှာ"
လင်းရှန်၏ မျက်လုံးများ တောက်ပလာပြီး လှုပ်ရှားသွားပြီး လင်းတုန်အပေါ် မကောင်းတဲ့ စကားများဖြင့် ချက်ချင်းပင် ပက်ဖြန်းလိုက်တော့သည်။
"မင်း မလုပ်နိုင်တာက မင်းကိုယ်တိုင် အသုံးမကျတဲ့ အမှိုက်တစ်စ ဖြစ်နေလို့ပဲ"
လင်းတုန်က လင်းရှန်ကို ပြုံးစိစိဖြင့် ကြည့်လိုက်သည်။ လင်းရှန်သည် တမင်တကာ ပြဿနာရှာနေခြင်းဖြစ်ကြောင်း သူ ဘယ်လိုလုပ် မမြင်ဘဲ ရှိမည်နည်း။
ဒီနေ့တော့ သူ၏ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်လျှင် ပိုကောင်းပေလိမ့်မည်။
"လင်းတုန်... မင်း သေချင်နေတာပဲ"
လင်းရှန်သည် ငယ်ရွယ်သူ၏ စိတ်ဓာတ်အတိုင်း စကားဖြင့် ဆွပေးသည်ကို မခံနိုင်ဘဲ မျက်နှာတစ်ခုလုံး နီရဲသွားကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး လက်ချောင်းငါးချောင်းကို သီးဆုပ်ကာ လင်းတုန်၏ ခေါင်းဆီသို့ ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။
"ပထမအဆင့် သိုင်းပညာ - ဖောက်ထွင်းကျောက်တုံးလက်သီး"
အော်ဟစ်သံ ဆုံးသည်နှင့် လင်းရှန်၏ ညာဘက်လက်မောင်း လှုပ်ရှားသွားပြီး လက်သီးရိပ်များစွာ ထွက်ပေါ်လာကာ ပြုတ်ကျလာသော ကျောက်တုံးများကဲ့သို့ လင်းတုန်အား တိုက်ရိုက် ရိုက်ခတ်သွားခဲ့သည်။
"' ဖောက်ထွင်းကျောက်တုံး လက်သီး' ကို အဲဒီလို မသုံးရဘူး"
ဟာကွက်များစွာ ရှိနေသည့် ပထမအဆင့် သိုင်းပညာကို ကြည့်ရင်း လင်းတုန်က နှမြောတသစွာ ခေါင်းယမ်းလိုက်သည်။
သူက ညာဘက်လက်မောင်းကို မြှောက်လိုက်ပြီး ခေါင်းမော့ကာ နဂါးတစ်ကောင်ကဲ့သြို တည့်တည့် တိုက်ရိုက် ထိုးနှက်လိုက်ရာ သူ၏ လက်သီးမှာ အလွန်ပင် ပြင်းလှပေသည်။
ထိုအရာသည်လည်း ' ဖောက်ထွင်းကျောက်တုံး လက်သီး' ပင် ဖြစ်သည်။
"ဘုန်း"
အနားသို့ပင် မကပ်နိုင်သေးသော လင်းရှန်သည် သူ၏ အမြင်အာရုံများ ဝေဝါးသွားသည်ကိုသာ ခံစားလိုက်ရပြီး ကြီးမားသော စွမ်းအားတစ်ခုက ရိုက်ခတ်သွားကာ အနောက်သို့ ချက်ချင်းပင် လွင့်ထွက်သွားခဲ့သည်။
အရှက်နှင့် ဒေါသတို့ လွှမ်းမိုးသွားသဖြင့် လင်းရှန်၏ မျက်လုံးများ မှောင်မိုက်သွားပြီး တိုက်ရိုက် သတိလစ်သွားခဲ့သည်။
"ဂလုတ် ~"
တံတွေးမျိုချသံတစ်ခု ကွင်းအတွင်း ပျံ့လွင့်သွားခဲ့သည်။ လင်းရှန်၏ ဘေးတွင် စုဝေးနေကြသော မျိုးနွယ်စု လူငယ်တပည့် အချို့မှာ လင်းရှန်၏ ရွှံ့ကဲ့သို့ ပျော့ခွေနေသော ပုံရိပ်ကို ကြည့်ရင်း စကားမပြောနိုင်အောင် မှင်သက်သွားကြသည်။
'ခန္ဓာကိုယ်ကျင့်ကြံခြင်းစတုတ္ထအဆင့်' ရှိသည့် လင်းရှန်ကို လင်းတုန်က လက်သီးတစ်ချက်တည်းဖြင့် မေ့မေ့လျော့လျော့ ဖြစ်အောင် ရိုက်နှက်လိုက်တာလား။ ဒါဆို လင်းတုန်၏ စွမ်းအားက...။
လင်းရှောင်း၏ သား လင်းတုန်က သူ၏ အသုံးမကျသော အဖေလိုပဲ အသုံးမကျတဲ့ကောင်လို့ မပြောကြဘူးလား။ မဟုတ်ရင် သူတို့က လင်းတုန်ကို စုပေါင်းပြီး လာဆွရဲကြပါ့မလား။
"ဟင်း... ဒီလောက် စွမ်းအားနည်းနည်းလေးနဲ့ အပြင်ထွက်ပြီး ပြဿနာရှာရဲတယ်"
လင်းတုန်က မရှိသော ဖုန်မှုန့်များကို ခါထုတ်လိုက်သည့်အလား စိတ်အေးလက်အေး လက် ဖျောက်တီးလိုက်ပြီး လင်းရှန်၏နောက်လိုက်များကို ဝေ့ကြည့်လိုက်ရာ သူတို့အားလုံး ကြောက်လန့်ပြီး အနောက်သို့ ခြေတစ်လှမ်း ဆုတ်သွားကြသည်။
ထို့နောက် သူက နှုတ်ခမ်းကို တွန့်လိုက်ပြီး…။
"မစိုးရိမ်ကြပါနဲ့၊ ငါသခင်လေးက ဒီနေ့ စိတ်ဓာတ်ကောင်းနေလို့ မင်းတို့ကို မရိုက်ပါဘူး။ ဒါနဲ့ ဒီအရူး လင်းရှန်ကိုလည်း ပြန်ထမ်းသွားကြဦး။ မြေကြီးက အေးတယ်၊ အအေးမိသွားရင် မကောင်းဘူး"
ထို့နောက် လင်းတုန်သည် ဆွေမျိုးစု တပည့်များ၏ ကြောက်လန့် စှာ ကြည့်ရှုနေကြသည့် ကြည့်ရှုမှုများအောက်တွင် ဖြည်းဖြည်းချင်း ထွက်ခွာသွားခဲ့သည်။
လင်းတုန်ဆိုသည့် လူငယ်လေးသည် မျိုးနွယ် စင်မြင့်ပေါ်တွင် သူ၏ ပထမဆုံး ပေါ်ထွက်မှုကို အလွန်ပင် တောက်ပစွာ ပြသလိုက်ပေပြီ။
...နောက်ရက်များတွင် လင်းတုန်သည် ရှေးဟောင်းအဆောင်သင်္ကေတပေါင်းစပ်နည်း ပါရှိသည့် မှိုတက်နေသော ရှေးဟောင်းသစ်သားကို သီးသန့် ရှာဖွေရန် ချင်းယန်မြို့၏ ကုန်စည်ပြပွဲသို့ သွားရောက်ခဲ့သည်။
သို့သော် သူ ကံမကောင်းခဲ့ပေ။ လင်းတုန်က မလောဘဲ အချိန်ရသည့်အခါတိုင်း သွားရောက်ခဲ့သည်။
"လင်းတုန်... လင်းတုန်..."
ဒီနေ့တွင် လင်းတုန်က သူ၏ အခန်းထဲ၌ တိတ်ဆိတ်စွာ စာရေးလေ့ကျင့်နေစဉ် ရင်းနှီးသော ဝဝတုတ်တုတ် ကောင်လေးတစ်ယောက်က အသက်ရှူသံ ပြင်းစွာဖြင့် တံခါးကို တွန်းဖွင့်ဝင်ရောက်လာခဲ့သည်။
"လင်းချန်ချင်း... ဘာဖြစ်လို့လဲ"
လင်းတုန်က ဝင်လာသူကို လှည့်ကြည့်လိုက်သော်လည်း သူ၏ လက်လှုပ်ရှားမှုမှာမူ လျင်မြန်နေဆဲဖြစ်သည်။
"လင်းတုန်... ချင်းတန်က တောင်ပေါ်မှာ သွားဆော့ပြီး ပြန်လာတာကို လင်းရှန်နဲ့ သူ၏လူတွေက လွန်ခဲ့တဲ့ရက်က မင်းရဲ့ အရှက်ခွဲမှုကို လက်စားချေဖို့ဆိုပြီး တားဆီးထားကြတယ်။ သူက မင်းကို မနိုင်ပေမဲ့ မင်းရဲ့ ညီမကိုရော မနိုင်ဘဲ နေမလားတဲ့"
ဝဝတုတ်တုတ် ကျောင်းသား လင်းချန်ချင်းက လက်နှစ်ဖက်ဖြင့် ဒူးကို ထားရှိကာ အလွန်လျင်မြန်စွာ ပြောလိုက်သည်။
"အာ ချင်းတန်ကို လင်းရှန်က တားထားတာဟုတ်လား။ သွားကြစို့၊ မြန်မြန်"
လင်းတုန်၏ ညာဘက်လက်မောင်း လှုပ်ရှားသွားပြီး သူ တစ်ဝက်ခန့် ရေးသားထားသော စာလုံးမှာ ချက်ချင်းပင် ပုံပျက်သွားခဲ့သည်။
သူ ထိတ်လန့်သွားပြီး စုတ်တံကို ပစ်ချကာ မတ်တပ်ရပ်လိုက်သည်။
"လင်းတုန်... မင်းက တကယ်ကို တော်တာပဲ။ ချင်းတန်မှာ မင်းလို အစ်ကိုမျိုးရှိတာ တကယ်ကို ကံကောင်းတာပဲ။ မင်း ချင်းတန်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေတာ မဟုတ်လား"
အသက်ရှူစက် ပြန်မှန်သွားသော လင်းချန်ချင်းက လင်းတုန်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
တကယ့်ကို အစ်ကိုကောင်းပါပဲ
"ငါက ဘာလို့ ချင်းတန်အတွက် စိုးရိမ်ရမှာလဲ။ ငါက လင်းရှန်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေတာ။ ချင်းတန်က မတော်တဆ လင်းရှန်ကို သတ်မိသွားရင် ဘာလုပ်မလဲ"
“....”
လင်းတုန်က မတတ်နိုင်တော့သည့် အမူအယာဖြင့် သက်ပြင်းရှည်ကြီး ချလိုက်သည်။
လင်းချန်ချင်း - "..."
ချင်းတန်သည် မိန်းကလေးတစ်ယောက် ဖြစ်သော်လည်း သူမလေးမှာ အလွန်ပင် ပြင်းထန်ပြီး စိတ်တိုလွယ်သူဖြစ်သည်။ ဒါ့အပြင် သူမက မြေကမ္ဘာယွမ်နယ်ပယ် ကျွမ်းကျင်သူ ဖြစ်သည်။
လင်းရှန်ကတော့ 'ခန္ဓာကိုယ်ကျင့်ကြံခြင်းစတုတ္ထအဆင့်' ရှိသည့် အရေးမပါသူတစ်ယောက် သာ ဖြစ်ပြီး လင်းရှန် ဆယ်ယောက် ပူးပေါင်းထားလျှင်ပင် ချင်းတန်၏ လက်သီးတစ်ချက်ကို ခံနိုင်မည် မဟုတ်ပေ။
ချင်းတန်သည် ငယ်ရွယ်သေးသဖြင့် သူမ၏ စွမ်းအား အကန့်အသတ်ကို သေချာ မသိသေးပေ။ အကယ်၍ သူမက မတော်တဆ လင်းရှန်ကို သတ်မိသွားပါက ဒုက္ခရောက်ပေလိမ့်မည်။
လင်းရှန်က ဘာပဲဖြစ်ဖြစ် ဒုတိယဦးလေး၏ သားဖြစ်သဖြင့် ချင်းတန်၏ လက်ချက်ဖြင့် သေဆုံးသွားပါက လင်းရှောင်အနေဖြင့် လင်းကျန်းထျန်းကို ရှင်းပြရန် ခက်ခဲပေလိမ့်မည်။
"မြန်မြန်သွားကြရအောင်။ အချိန်နောက်ကျရင် လင်းရှန်က ချင်းတန်ရဲ့ ရိုက်နှက်မှုကြောင့် တကယ် သေသွားနိုင်တယ်"
လင်းချန်ချင်း၏ ပါးစပ်က တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း လင်းတုန်က သူ့ကို ဆွဲခေါ်သွားခဲ့သည်။
လင်းမိသားစု၏ အနောက်တောင်တန်းသည် ကျယ်ပြန့်သော သစ်တောတစ်ခုနှင့် ဆက်စပ်နေပြီး ထိုနေရာတွင် အဆင့်မနိမ့်သော ဝိညာဉ်ဆေးဝါးအချို့လည်း ရှိသည်။
ထို့ကြောင့် လင်းမိသားစုဝင်များသည် ကံစမ်းရန် အနောက်တောင်တန်းသို့ မကြာခဏ ဝင်ရောက်လေ့ ရှိကြသည်။
ထိုအချိန်တွင် သစ်တောဝင်ပေါက်၌ ကြည့်ရှုသူ လင်းမိသားစု တပည့်များဖြင့် ပြည့်နှက်နေပြီး သုံးထပ်မျှ ဝိုင်းရံထားကြရာ တိုးမပေါက်အောင် ရှိနေတော့သည်။
လူအုပ်၏ ဗဟိုတွင် အနုရောင် အဝတ်အစားများ ဝတ်ဆင်ထားသည့် မိန်းကလေးငယ်တစ်ဦးသည် လက်ပိုက်ရပ်နေခဲ့သည်။
မိန်းကလေး၏ ရုပ်ရည်မှာ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပပြီး အသားအရေမှာ နှင်းကဲ့သို့ ဖြူစင်လှပေသည်။ ငယ်ရွယ်သေးသော်လည်း ငြင်းပယ်မရသော လှပမှုမျိုး ရှိနေကာ တကယ့်ကို တုနှိုင်းမဲ့ အလှပန်းချီလေးတစ်ခုပင် ဖြစ်သည်။
သူမ၏ ရှေ့တွင်မူ လူငယ် ငါးယောက် သို့မဟုတ် ခြောက်ယောက်ခန့်သည် ကြည့်ရဆိုးသော ပုံစံဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေကြပြီး ဒဏ်ရာများဖြင့် ညည်းတွားနေကြရာ တကယ့်ကို "ပြင်းထန်သော တိုက်ပွဲ" အပြီး ခံစားနေရသည့်အတိုင်း ဖြစ်သည်။
"လင်းရှန်... 'မင်းက အစ်ကို လင်းတုန်ကို မနိုင်ရင် အစ်ကို လင်းတုန်ရဲ့ ညီမကိုရော မနိုင်ဘဲ နေမလား' ဆိုတာ မင်းပြောခဲ့တာ မဟုတ်လား။ ဆောရီးပဲ... မင်းက အစ်ကို လင်းတုန်ရဲ့ ညီမကိုလည်း မနိုင်ပါဘူး"
မိန်းကလေး၏ ဝိညာဉ်စွမ်းအား ပြည့်နှက်နေသော မျက်လုံးများက မြေပြင်ပေါ်ရှိ လူငယ်များထဲမှ တစ်ယောက်ကို မောက်မာစွာ ကြည့်လိုက်ပြီး သူမ၏ လေသံမှာ အလွန်ပင် အထက်စီးဆန်နေခဲ့သည်။
"ရှူး ~"
မြေပြင်ပေါ်တွင် ဒူးထောက်ပြုတ်ကျနေသည့် လင်းရှန်သည် နာကျင်စွာဖြင့် တွန့်လိမ်သွားခဲ့သည်။
ဒီစကားတွေကို ကြားရသည့်အခါ သူသည် အရှက်နှင့် ဒေါသတို့ကြောင့် ခေါင်းကို မြေကြီးထဲ ပိုမို မြှုပ်နှံလိုက်တော့သည်။
လူတိုင်း၏ ရှေ့တွင် နူးညံ့ပုံရသော မိန်းကလေးငယ်တစ်ယောက်၏ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် သူ လင်းရှန် ရှုံးနိမ့်သွားလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
ထို့နောက် ဒီမိစ္ဆာမလေးက သူ ခေါ်ဆောင်လာသည့် လူမိုက်ငါးယောက်ကို ဆောင်းဦးရွက်ခြောက်များကဲ့သို့ မြေပြင်ပေါ်သို့ ရိုက်ချပစ်ခဲ့သည်။
သူ လင်းရှန်မှာ မျက်နှာ ရှိသေးရဲ့လား။ နောင်အနာဂတ်မှာ သူ လင်းရှန်က လင်းမိသားစုမှာ ဘယ်လိုလုပ် ရပ်တည်တော့မှာလဲ။
ဟင်
"ဖယ်ကြပါ... ဖယ်ကြပါ... မြန်မြန် ဖယ်ပေးကြပါ..."
လင်းရှန်က မြေပြင်ပေါ်တွင် သေချင်ဆောင်ရင်း အဖြေရှာရန် စဉ်းစားနေစဉ် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ပိန်ပိန်ပါးပါး ပုံရိပ်တစ်ခုသည် လျှင်မြန်စွာဖြင့် လူအုပ်ကို ခွဲထွက်လိုက်ပြီး ကွင်းအတွင်းသို့ ခုန်ဝင်လာခဲ့သည်။
"ရှူး... လင်းတုန်ပါလား။ စောက်ပြဿနာပဲ... ဒီမိစ္ဆာ လင်းတုန်ပါ ရောက်လာပြီ"
ရင်းနှီးသော ပုံရိပ် ပေါ်လာသည်ကို မြင်လျှင် လင်းရှန်သည် ကြောက်လန့်တကြား တုန်လှုပ်သွားပြီး ခေါင်းကို ပိုမို မြှုပ်နှံလိုက်တော့သည်။
"ဖူး... တော်သေးတာပေါ့၊ လင်းရှန်က ချင်းတန်ရဲ့ ရိုက်နှက်မှုကြောင့် မသေသေးလို့"
ကွင်းအတွင်း အခြေအနေကို ကြည့်ရင်း လင်းတုန်က သက်ပြင်းခိုးချလိုက်သည်။ သူက လက်ကို ဆန့်ထုတ်လိုက်ပြီး ချင်းတန်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ကာ ..။
"နင် အရူးမလေး... နင် ငါ့ကို သေမတတ် ထိတ်လန့်စေခဲ့တာပဲ။ တော်သေးတယ်... နင်က အတိုင်းအတာကို သိလို့ ဒီအရူး လင်းရှန်ကို သေအောင် မရိုက်လိုက်တာ”