အခန်း (၂) “သဘောတူပြီ သူ့ကို ချည်နှောင်လိုက်”
“ဝမ်ရို ကစားမနေနဲ့တော့။”
“ငါတို့က ဝိညာဉ်ဆေးဝါးလုပ်ငန်းအတွက် အရည်အချင်းရှိသူတွေကို ရှာနေတာ။ ဒါက ခက်ခဲတဲ့အလုပ်ဆိုတာ မင်းသိသားပဲ”
စူချင်းယွဲ့က ခေါင်းခါလိုက်သည်။ အရေပြားနုနယ်နေသည့် ဤလူငယ်လေးသည် ထိုအလုပ်မျိုးကို လုပ်နိုင်လိမ့်မည်ဟု သူမ မထင်မိပေ။
စူဝမ်ရိုသည် မျက်နှာလေး ရဲတွတ်လျက် စူချင်းယွဲ့၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“အစ်မ အစ်မက လျူမျိုးနွယ်စုထဲကို လက်ထပ်တော့မှာလေ ဖေဖေနဲ့ မေမေလည်း မရှိတော့ဘူး။ ညီမလေးရဲ့ ဒီဆန္ဒလေးကိုတောင် အစ်မ မဖြည့်ဆည်းပေးနိုင်ဘူးလား”
“ဝမ်ရို မင်း ဘာတွေ လျှောက်ပြောနေတာလဲ”
“အစ်မ သူ ဒီအလုပ်ကို လုပ်နိုင်စွမ်းရှိတယ်လို့ သမီး ယုံကြည်တယ်။ အစ်မ သမီးကို ယုံပေးပါနော်။”
စူဝမ်ရိုက စူချင်းယွဲ့၏ လက်မောင်းကို တွယ်ဖက်ကာ အူယားအောင် ပြုမူနေသည်။
“စူမိန်းကလေး တကယ်ပဲ ပြန်မစဉ်းစားတော့ဘူးလား”
“ကျိန်ပြောရဲပါတယ် အနီးအနားက မြို့တွေအားလုံး ကျဆုံးကုန်ပြီ။ နောက်ထပ် ကျွန်တွေ ဘယ်တော့ ရောက်လာဦးမလဲ ဘယ်သူသိမှာလဲ”
“ဈေးဘယ်လောက်လဲ”
စူချင်းယွဲ့က သူမ၏ ညီမလေးကို ချစ်ခင်စွာ ခေါင်းပွတ်ပေးလိုက်သည်။ သူမ ထွက်သွားပြီးနောက်ပိုင်းတွင် ညီမဖြစ်သူက ဤအိမ်ကို တာဝန်ယူရတော့မည်ဖြစ်ရာ ဝမ်ရိုကို ကိုယ်တိုင် ဆုံးဖြတ်ချက်ချခွင့် ပေးရတော့မည်ဟု သူမ တွေးမိသည်။
“အို စူမိန်းကလေးက အမြင်အတော်ကောင်းတာပဲ”
“နိုင်ငံခြားက လူငယ်လေး ငွေနှစ်ရာ တစ်ယောက်ပဲ ရှိတာဗျ။”
“ဖယ်စမ်း”
“လိမ်ညာသူ”
စူချင်းယွဲ့နှင့် စူဝမ်ရိုတို့က လူလတ်ပိုင်းဖြစ်သူကို တစ်ပြိုင်နက်တည်း ရွဲ့ပြောလိုက်သည်။ သူတို့ ကျွန်မဝယ်ဖူးဘူး ထင်နေသလား။
“မသွားပါနဲ့ မသွားပါနဲ့”
“စူမိန်းကလေး ဈေးညှိလို့ ရပါတယ်။”
“ငွေသုံးဆယ် ဖြစ်ပြီလား။ ငါ့လှည်းမှာ ချည်ထားလိုက် သူ့ရဲ့ ကျွန်အဖြစ် မှတ်ပုံတင်ခကို ငါ့ဘာသာပဲ ပေးလိုက်မယ်”
“မရပါဘူး ငွေသုံးဆယ်ဆိုရင် ကျွန်တော်တို့ ရှုံးမှာပေါ့”
“သူတို့ကို ပြန်ခေါ်လာဖို့ ကျွန်တော်တို့ရဲ့ လူနှစ်ယောက်တောင် အသက်ပေးလိုက်ရတာ…”
လူလတ်ပိုင်းဖြစ်သူက ခေါင်းခါကာ ငြင်းဆန်သည်။ စူညီအစ်မတို့၏ တောင်းဆိုသည့်ဈေးမှာ အလွန်နည်းလွန်းသည်။ ဝေချင်းကို မြို့ထဲဝင်ခွင့်ရဖို့တောင် ငွေတစ်ဆယ် ပေးခဲ့ရသေးသည်။
“အာကောင် ဘယ်သူမှ မဝယ်ဘူးဆိုရင် ညမရောက်ခင် မြို့ပြင်ကို ပစ်ထုတ်လိုက်တော့။ နတ်ဆိုးသားရဲတွေကို ဖမ်းဖို့ အစာအနေနဲ့ သုံးလိုက်ရင် အရှုံးနည်းသွားလိမ့်မယ်။”
လူလတ်ပိုင်းဖြစ်သူက အာကောင်၏ ပခုံးကို ပုတ်ကာ စိတ်ပျက်ဟန်ဆောင်၍ ပြောလိုက်သည်။
“သေစမ်း ဖယ်ကြ ဒီအသုံးမကျတဲ့လူတွေ”
သံချပ်ကာဝတ်ထားသော မြင်းတပ်ဖွဲ့တစ်ခုက ဈေးကွက်အလယ်ကို ရောက်လာသည်။ ခေါင်းဆောင်ဖြစ်သူ၏ သံချပ်ကာနှင့် ဓားမှာ သွေးများဖြင့် စွန်းထင်းနေသည်။ သူ၏ နောက်လိုက် မြင်းတပ်သားအချို့လည်း ဒဏ်ရာရထားကြသည်။
“ဒါ မီးတောက်နီ တပ်ဖွဲ့ပဲ အဲဒါ တပ်မှူး ဆွန်ချန်ပဲ”
လူလတ်ပိုင်းဖြစ်သူ၏ အမူအရာ ပြောင်းလဲသွားသည်။ မီးတောက်နီ တပ်ဖွဲ့ထဲဝင်နိုင်သူများမှာ မြို့စောင့်တပ်၏ အတော်ဆုံးသူများသာ ဖြစ်သည်။ အညံ့ဆုံးတောင်မှ ချီစုဆောင်းခြင်းအဆင့် ကျင့်စဉ်ရှင်များသာ ဖြစ်ကြသည်။ ထိုမျှ အစွမ်းထက်သော တပ်ဖွဲ့ပင် ဒဏ်ရာများဖြင့် ပြန်လာရသည်ဆိုလျှင် မြို့ပြင်ရှိ အခြေအနေမှာ မကောင်းတော့ပေ။
“သူဌေး မြို့ထဲမှာ လုံခြုံမှုရှိဖို့ ဒီကျွန်တွေကို မြန်မြန်ရှင်းထုတ်မှ ဖြစ်မယ်”
အာကောင်က လူလတ်ပိုင်းဖြစ်သူ၏ အဝတ်ကို ဆွဲကာ သတိပေးသည်။
“စူမိန်းကလေး နည်းနည်းလောက် ထပ်တိုးပါဦး…”
“ကျွန်တော်တို့ကို သနားပါဦး အသက်ကို ပေါင်ပြီး ရှာလာခဲ့ရတာပါ…”
“ငွေလေးဆယ် မရရင်တော့ သွားတော့မယ်”
စူဝမ်ရိုက ခါးထောက်လျက် မကျေမနပ်ဖြင့် ပြောလိုက်သည်။
“ကောင်းပါပြီ ကောင်းပါပြီ ဟိုလူနှစ်ယောက်ကိုပါ ခေါ်သွားလိုက်ပါ။ စုစုပေါင်း ငွေတစ်ရာနှစ်ဆယ် ပေးရမယ်”
“ငွေတစ်ရာ”
“ကောင်းပါပြီ ကောင်းပါပြီ စူအိမ်တော်ကြီးက မြို့အတွက် စတေးခဲ့တဲ့ ကျေးဇူးကို ထောက်ပြီး ယူလိုက်ပါပြီ”
လူလတ်ပိုင်းဖြစ်သူက သွားကို ကြိတ်ကာ ခေါင်းညိတ် သဘောတူလိုက်သည်။
“သဘောတူပြီ သူ့ကို ချည်နှောင်လိုက်”
ဝေချင်းနှင့် အခြားလူနှစ်ယောက်ကို အဝတ်များ ပြန်ဝတ်ပေးလိုက်ပြီး လက်များကို လှည်းနောက်တွင် ချည်နှောင်ထားလိုက်သည်။ စူချင်းယွဲ့က ငွေတစ်ရာကို မများဟု ယူဆသည်။ ပုံမှန် အမျိုးသားကျွန်တစ်ယောက်၏ ဈေးနှုန်းမှာ ငွေငါးဆယ်ဖြစ်သည်။ လှည်းမောင်းသူက ကျွန် မှတ်ပုံတင်ရုံးသို့ လှည်းကို မောင်းသွားသည်။
“အစ်မ တကယ်ပဲ လျူမျိုးနွယ်စုက အဘိုးကြီးနဲ့ လက်ထပ်တော့မှာလား သူက သွေးရောဂါနဲ့ သေခါနီးနေပြီ အသက်ရှင်ဖို့ ရက်အနည်းငယ်ပဲ ကျန်တော့တာ”
“သူတို့မိသားစုက အစ်မကို ပစ်မှတ်ထားမှာ သေချာတယ်…”
“ဝမ်ရို ဒါက ဖေဖေ မဆုံးခင်က ပေးထားခဲ့တဲ့ ကတိပဲ။ နောက်ပြီး အစ်မသာ လျူမျိုးနွယ်စုထဲ မလက်ထပ်ရင် ငါတို့ စူမျိုးနွယ်စု အရှည်မခံဘူး”
“ဒီမိသားစု စည်းစိမ်က ဖေဖေ့တစ်သက်လုံး ကြိုးစားခဲ့တဲ့ အသီးအပွင့်တွေပဲ။ ဝမ်ရို မင်း အရွယ်ရောက်လာပြီ အသိတရားရှိဖို့ လိုတယ်”
စူချင်းယွဲ့၏ မျက်နှာတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်လာသည်။ သူမလည်း ကိုယ့်အချစ်ကို ကိုယ်တိုင် ရွေးချယ်ချင်တာပေါ့။
စူချင်းယွဲ့က ငွေတစ်ဆယ့်ငါးဆယ်ပေး၍ ထိုလူသုံးယောက်ကို ကျွန်အဖြစ် မှတ်ပုံတင်လိုက်သည်။ စူချင်းယွဲ့က မှတ်တမ်းနှစ်ခုကို ယူလိုက်ပြီး ကျန်တစ်ခုကို ဝေချင်းတို့ထံ ပစ်ပေးလိုက်သည်။ မြို့တော်၏ ဘဏ္ဍာတိုက်တွင် သိမ်းဆည်းရန်အတွက် သားရေစာအုပ်ငယ်တစ်ခုလည်း ရှိသည်။
[အမည်: ဝေချင်း]
[အဆင့်အတန်း: ကျွန်]
[ပိုင်ဆိုင်သူ: လျူယွမ်မြို့တော် စူမျိုးနွယ်စု]
………
ဝေချင်းက တစ်ချက်ကြည့်လိုက်ပြီး အိတ်ထဲ ထည့်လိုက်သည်။ စူညီအစ်မတို့သည် မြို့တော်၏ နောက်ဘက်ရှိ စူအိမ်တော်တွင် နေထိုင်ကြသည်။ တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့သည့် စူအိမ်တော်မှာ ယခုမူ တိတ်ဆိတ်ခြောက်ကပ်နေသည်။
စူညီအစ်မတို့၏ ဖခင်မှာ မြို့စောင့်တပ် တပ်မှူးတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်က နတ်ဆိုးသားရဲများ၏ တိုက်ခိုက်မှုကြောင့် တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည်။ စူမျိုးနွယ်စုမှာ ခေါင်းဆောင်မရှိတော့သည့်နောက် လူအများက စည်းစိမ်ဥစ္စာများကို ယူဆောင်ကာ တခြားနေရာများသို့ ရွှေ့ပြောင်းသွားကြသည်။ စူညီအစ်မနှစ်ဦးသာ ကျန်ရစ်ပြီး ဤအိမ်တော်ကြီးကို စောင့်ရှောက်နေကြရသည်။
“အဘွားဝမ် ရေတစ်ပုံးယူလာပြီး သူတို့ကို သန့်စင်ပေးလိုက်”
စူအိမ်တော်ထဲ ရောက်သည်နှင့် စူချင်းယွဲ့က အိမ်ရှေ့ရှိ အဘွားအိုကို ခေါ်လိုက်သည်။
“ဟုတ်ကဲ့ အိမ်တော်သူလေး”
အဘွားအိုမှာ ဆံပင်များ ဖြူနေပြီး အညိုရင့်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။
“ငြိမ်ငြိမ်နေကြ မဟုတ်ရင် အားလုံး သေရလိမ့်မယ်”
စူချင်းယွဲ့က သူမ၏ ခါးတွင် ချိတ်ထားသည့် ဓားကို ဆွဲထုတ်လိုက်သည်။ တောက်ပနေသည့် ဓားသွားကြောင့် ဝေချင်း မျက်လုံးပင် မဖွင့်နိုင်တော့ပေ။ သူမ၏ အမူအရာမှာလည်း လုံးဝ ပြောင်းလဲသွားသည်။ ဖခင်နှင့် အဘိုးဖြစ်သူ တိုက်ပွဲတွင် ကျဆုံးပြီးနောက်ပိုင်း စူချင်းယွဲ့သည် ဓားကို ဘယ်တော့မှ လက်မလွှတ်ခဲ့ပေ။
“ဟုတ်ကဲ့ စူအိမ်တော်သူလေး”
ဝေချင်းက အဘွားအို၏ အမူအရာကို အတုယူကာ ခေါင်းကို ငုံ့လိုက်သည်။ အခြားနှစ်ယောက်လည်း ဘာလုပ်ရမည်ကို ရိပ်မိသွားကြသည်။
“ကောင်းပါပြီ အစ်မ ဓားကို သိမ်းလိုက်ပါတော့။ သူတို့က သိုင်းပညာရှင်တွေ မဟုတ်ပါဘူး သူတို့မှာ အဲဒီလောက် အစွမ်းမရှိပါဘူး”
“ဝမ်ရို သတိထားတာ အကောင်းဆုံးပဲ…”
“နားလည်ပါပြီ အဘွားဝမ်။ ဟိုဝေချင်းကို သန့်စင်ပေးပြီး အထဲခေါ်လာခဲ့”
စူဝမ်ရို ပြောပြီးနောက် သူမ၏ အစ်မကို ဆွဲကာ အခန်းတစ်ခုဆီသို့ သွားသည်။
အခန်းဝသို့ ရောက်သောအခါ စူချင်းယွဲ့က ရုတ်တရက် သဘောပေါက်သွားပြီး ညီမဖြစ်သူ၏ လက်ကို ခါထုတ်လိုက်ကာ သတိကြီးစွာဖြင့် ကြည့်လိုက်သည်။
“အစ်မ အစ်မ လျူမျိုးနွယ်စုက အဘိုးကြီးနဲ့ လက်ထပ်တာကို သမီး မတားပါဘူး ဒါပေမဲ့ အစ်မရဲ့ အပျိုစင်ဘဝကို သူတို့ကို တကယ်ပဲ ပေးအပ်မှာလား”
စူချင်းယွဲ့ အံ့အားသင့်သွားပြီး သူမ၏ ပါးပြင်များ ရဲတက်သွားသည်။
“ဒါပေမဲ့ သူက ကျွန်တစ်ယောက်ပဲလေ…”
“သူက တခြားသူတွေနဲ့ မတူဘူး”
“သူ့ရဲ့ ပုံစံနဲ့ အဝတ်အစားကို ကြည့်လိုက်ဦး အမျိုးသားတွေပဲ ကျွန်မလေးတွေကို ကစားခွင့်ရှိပြီး ငါတို့ကျတော့ ဘာလို့ မရရမှာလဲ”
သူတို့ စကားပြောနေစဉ် ဝေချင်းနှင့် အခြားနှစ်ယောက်မှာ အဝတ်အစားများ အချွတ်ခံထားရပြီးဖြစ်သည်။ သူတို့ သုံးယောက်မှာ ရေပုံးထဲမှ ရေဖြင့် ခန္ဓာကိုယ်ကို သန့်စင်နေကြသည်။ စူချင်းယွဲ့က ဝေချင်းဘက်ကို လှည့်ကြည့်လိုက်မိသည်။
သူမ တုန်လှုပ်သွားသည်။
“သူ သူက သာမန်လူတစ်ယောက် ဟုတ်သေးရဲ့လား”
စူချင်းယွဲ့၏ အသက်ရှူသံမှာ မြန်ဆန်လာသည်။
“စမ်းကြည့်လိုက်ရင် သိမှာပေါ့”
“ကောင်းပါပြီ မင်းသဘောအတိုင်း လုပ်ပါတော့။”
စူချင်းယွဲ့ နောက်ဆုံးတွင် အရှုံးပေးလိုက်ရသည်။ စူဝမ်ရိုက ဝေချင်းကို အခန်းထဲသို့ ဆွဲခေါ်သွားသည်။
“ချောမောလှတဲ့ စူအစ်မ ဒီဝတ်စုံအသစ်ကို ဝတ်ပြီး ဘဝသစ်ကို ကြိုဆိုမှာ မဟုတ်ဘူးလား”
“မင်းသဘောပါ…”
………
ညအချိန် ရောက်လာသည်။ သန့်စင်ပြီးနောက် ဝေချင်းကို အဘွားဝမ်က အခန်းတစ်ခုသို့ ပို့ဆောင်ပေးလိုက်သည်။ ဝေချင်းမှာ ဝတ်စုံအသစ်ကို ဝတ်ဆင်ထားပြီး သူ့အတွက် အဆင်ပြေနေသည်။
“အို ဘုရားသခင်”
စူဝမ်ရိုက စားပွဲပေါ်ရှိ ဖယောင်းတိုင်ကို ကိုင်ကာ ဝေချင်းကို ပတ်ကြည့်လိုက်သည်။ သန့်စင်ပြီးနောက် ဝေချင်းမှာ ပို၍ ချောမောခန့်ညားနေမည်ဟု သူမ မထင်ထားခဲ့ပေ။ အထူးသဖြင့် သူ၏ နက်ရှိုင်းသော မျက်ဝန်းများကြောင့် ဖြစ်သည်။