စာရေးသူ၏ နိဂုံးစကား
ကဲ... ဒီလောက်ဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ဒီနေရာမှာပဲ ခေတ္တရပ်နားပြီး အဆုံးသတ်လိုက်ရအောင်ပါ
ဒီဝတ္တုလေးက အပြစ်ကင်းစင်ပြီး ပြည့်စုံလွန်းတယ်လို့တော့ မဆိုသာပါဘူး။ ဇာတ်လမ်းထဲမှာလည်း အပေါက်အနည်းငယ် ကျန်ခဲ့တာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ အထူးသဖြင့် ‘စု’ မိသားစုဝင် ညီအစ်မတွေကို ဝေချင်းက ပြန်မခေါ်နိုင်သေးတာမျိုးပေါ့။ ဒါပေမဲ့ ‘ဘိုင်ရွှယ်’ ရဲ့ မိခင်မှာ ထူးခြားတဲ့ နောက်ခံအကြောင်းအရင်းတစ်ခု ရှိနေတာမို့ လက်ရှိ ‘အရှေ့ပိုင်းဒေသ’ မှာ မငြိမ်မသက်ဖြစ်နေတဲ့ အခြေအနေတွေကြားထဲကနေ ဘိုင်ရွှယ်နဲ့ စုညီအစ်မတွေကို ‘အလယ်ပိုင်းမြေ’ဆီသို့ ခေါ်ဆောင်သွားခဲ့ရတာပါ။ ဒါကြောင့် ဝေချင်းတစ်ယောက် နောင်တစ်ချိန်မှာ ‘ကျုံးကျိုး’မြေမှာ သူတို့နဲ့ ပြန်ဆုံတွေ့ရဦးမှာပါ
တစ်ခုတော့ ဝန်ခံရပါမယ်။ ဒီစာအုပ်က ကျွန်တော် ရေးသားခဲ့ဖူးသမျှထဲမှာ စကားလုံးအရေအတွက် အများဆုံးနဲ့ အရှည်ဆုံးပါပဲ။ နောက်ပိုင်းမှာ မျှော်လင့်ထားသလို ဖြစ်မလာတာမျိုး ရှိခဲ့ပေမဲ့လည်း ဒီထိအောင် အဖော်ပြုပေးပြီး အားပေးခဲ့ကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။
စာဖတ်သူအချို့ရဲ့ မှတ်ချက်တွေထဲမှာ ဇာတ်ဆောင်မင်းသမီးတွေရဲ့ စရိုက်သဘာဝက လျင်မြန်လွန်းအားကြီးတယ်လို့ ထောက်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအချက်က ကျွန်တော့်ရဲ့ အားနည်းချက်ဆိုတာကိုလည်း သဘောပေါက်ပါတယ်။ နောင်တစ်ချိန်မှာ အသစ်ပြန်ရေးဖြစ်ခဲ့ရင် ဒီအမှားမျိုး မဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်။ ဘာပဲပြောပြော ဒီဝတ္တုရဲ့ အစောပိုင်း အပိုင်းတွေကိုတော့ အကောင်းဆုံးနဲ့ အပြည့်စုံဆုံးလို့ပဲ သတ်မှတ်ချင်ပါတယ်။
(ဝတ္တုလေး အဆုံးသတ်သွားပါပြီ)
ဒီဇာတ်လမ်းကို အစအဆုံး အဖော်ပြုပေးခဲ့ကြတဲ့ စာဖတ်သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ပြီး စီးပွားလာဘ်လာဘတွေ တိုးပွားကြပ
ါစေခင်