အခန်း (၂၅)။ အပြန်အလှန် စမ်းသပ်ကြသည့် ယဉ်ကျေးမှုနှစ်ခု
အဖွဲ့ဝင်များမှာ ဇဝေဇဝါဖြစ်လျက် ကျောက်ယွမ်မင်းအား မေးမြန်းကြ၏။ "ယဇ်ပုရောဟိတ်မင်း... နျူကလီးယားဗုံး သုံးတာက နည်းနည်း များမသွားဘူးလား။ နျူကလီးယားရဲ့ အန္တရာယ်က ကြီးမားလွန်းပါတယ်။ ကျွန်တော်တို့ လူတွေကို ကြိုတင်ရွှေ့ပြောင်းထားတယ်ဆိုပေမဲ့ တချို့ဝင်ပေါက်တွေက ကျွန်တော်တို့ နေရပ်အတွင်းထဲမှာ ပေါ်နေတာပါ"
နျူကလီးယားဗုံးကို တစ်ကြိမ် အသုံးပြုလိုက်သည်နှင့် မြေဆီလွှာများမှာ ရေဒီယိုသတ္တိကြွမှုကြောင့် ညစ်ညမ်းသွားမည်ဖြစ်ကာ ထိုနယ်မြေမှာ နေထိုင်၍မရသော မြေရိုင်းများ ဖြစ်သွားပေလိမည်။
ကျောက်ယွမ်မင်းကမူ စိတ်အားထက်သန်စွာဖြင့် ဆိုလေသည်။ "မင်းတို့ နားမလည်ပါဘူး။ ဒါက ရေဒီယိုသတ္တိကြွရုံတင်ပါ။ အရှင်မင်းကြီး ရှိနေသရွေ့ ဒီမြေတွေကို ခဏချင်းပဲ ပြန်လည်သန့်စင်ပေးနိုင်ပါတယ်။ နောက်ပြီး အခုရှိတဲ့ အဆောက်အအုံတွေ အကုန်လုံးကလည်း အသစ်လဲဖို့ လိုနေတာ။ ကြည့်ရတာ အရသာမရှိလိုက်တာ"
"အရှင်မင်းကြီးရဲ့ အာနုဘော်တော် ကြီးမြတ်ပါစေ!"
အခြားသူများလည်း နတ်ဘုရားသည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်သည်ဟု ယုံကြည်ကာ ဟစ်ကြွေးကြတော့သည်။ ထိုသို့ဖြင့် ကျောက်ယွမ်မင်း၏ စမ်းသပ်တိုက်ခိုက်မှု အစီအစဉ်ကို အားလုံးက သဘောတူလိုက်ကြ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာမြေဂြိုဟ်ပေါ်ရှိ ဝင်ပေါက်အားလုံးကို နျူကလီးယားဒုံးကျည်များဖြင့် ပစ်မှတ်ထားလိုက်သည်။ ဝင်ပေါက်တစ်ခုစီသို့ အနည်းဆုံး နျူကလီးယားဗုံး နှစ်လုံးစီနှင့် ဝင်ပေါက်ကြီးများသို့ ငါးလုံးစီ ပစ်ခတ်ရန် ပြင်ဆင်လိုက်ကြ၏။ ၎င်းမှာ တစ်ဖက်ရန်သူသည် နျူကလီးယားလက်နက်ကို ခံနိုင်ရည်ရှိမရှိ လူသားမျိုးနွယ်က စမ်းသပ်ခြင်းပင် ဖြစ်သည်။
......
"ရပ်စမ်း!"
ဘရုစ်က ရုတ်တရက် အော်ဟစ်လိုက်သည်။ သေမင်းက သူ့ထံ ချဉ်းကပ်လာနေသည်ဟူသော အာရုံကို သူ ခံစားလိုက်ရခြင်း ဖြစ်သည်။
"ဘာဖြစ်လို့လဲ" ဘာရပ်စ်က ဇဝေဇဝါ မေးလိုက်၏။
"ရန်သူက တိုက်ခိုက်မှု စတင်နေပြီ။ ငါ့ရဲ့ မွေးရာပါ အာရုံက ငါသေတော့မယ်လို့ သတိပေးနေတယ်!" ဘရုစ်မှာ အနည်းငယ် တုန်ယင်နေတော့သည်။
"သေမယ် ဟုတ်လား! မဖြစ်နိုင်တာ။ မင်းက အဆင့်မြင့်မှော်အတတ် တွေကိုတောင် တားဆီးနိုင်တာပဲ၊ ဘယ်လိုလုပ် သေမှာလဲ" ဘာရပ်စ် မျက်လုံးပြူးသွား၏။
"ဟင်း... ငါ တားဆီးနိုင်တာက တစ်ကြိမ်ပဲ ရှိသေးတာ။ အကယ်၍..."
ဘရုစ်၏ စကားပင် မဆုံးသေးမီ ၎င်းတို့ထံသို့ ဦးတည်ပျံသန်းလာသော အနက်ရောင် သတ္တုစည်ကြီး ငါးလုံးကို မြင်တွေ့လိုက်ရသည်။ ထိုအရာများမှာ သူခံစားနေရသော သေမင်းတမန် ခြိမ်းခြောက်မှုများပင် ဖြစ်သည်။
"အမြန် ကာကွယ်ကြ! ရန်သူရဲ့ အဆင့်မြင့်မှော်တွေ လာနေပြီ!"
ဘရုစ်က ထိတ်လန့်တကြား အော်ဟစ်ကာ သူ၏ တစ်ခုတည်းသော ကာကွယ်ရေး အဆင့်မြင့်မှော်ကို အသက်သွင်းလိုက်သည်။
"ဝုန်း!"
တောက်ပသော အစိမ်းရောင် ဒိုင်းလွှားကြီးက ဘရုစ်နှင့် ဘာရပ်စ်ကို ကာကွယ်ပေးလိုက်သော်လည်း အခြား ဂေါ့ဘလင် များကိုမူ သူ ဂရုမစိုက်နိုင်တော့ပေ။ ဘာရပ်စ်က ကြောင်တောင်တောင် ရပ်နေသည်ကို မြင်သောအခါ ဘရုစ်က ထပ်မံ အော်ဟစ်လိုက်သည်။ "ရပ်မနေနဲ့! မင်းရဲ့ ပါရမီစွမ်းရည်ကို သုံးစမ်း!"
ဘာရပ်စ် သတိဝင်လာကာ သူခိုင်းသည့်အတိုင်း လုပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အရိုးများမှာ ပေါက်ထွက်လာပြီး ၎င်းတို့နှစ်ဦးစလုံးကို ဖုံးအုပ်ထားနိုင်သည့် အရိုးတောင်ပံတစ်စုံအဖြစ် ပြောင်းလဲသွား၏။
"ဝုန်း...!!!"
ပထမဆုံး နျူကလီးယားဗုံး ကျရောက်သွားကာ ပြင်းထန်သော အပူရှိန်က အောက်ခြေ ဂေါ့ဘလင်များကို တစ်ခဏချင်းပင် ပြာကျသွားစေသည်။ အဆင့်မြင့် ဂေါ့ဘလင်များပင်လျှင် တစ်ခဏသာ တောင့်ခံနိုင်ပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားကြ၏။
ကမ္ဘာမြေဂြိုဟ်၏ ကောင်းကင်ထက်တွင် မှိုပွင့်ပုံ တိမ်တိုက်ကြီး တစ်ခု ပေါ်ထွက်လာတော့သည်။
အတော်ကြာပြီးနောက်...
"ဝေါ့..."
ဘရုစ်နှင့် ဘာရပ်စ်တို့ နှစ်ဦးစလုံး သွေးအန်လာကြသည်။ နှစ်ဦးစလုံး ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြသော်လည်း အသက်ရှင်ကျန်ရစ်ခဲ့ကြ၏။
သူ့ရှေ့မှ ပျက်စီးယိုယွင်းနေသော မြင်ကွင်းကို ကြည့်ကာ သူ အလွန်အမင်း ဝမ်းနည်းမိသည်။ သူ၏ သန်းပေါင်းများစွာသော ဂေါ့ဘလင် စစ်တပ်ကြီးမှာ ခဏချင်းအတွင်း ခေါင်းဆောင်နှစ်ယောက်သာ ကျန်တော့သည်အထိ ချေမှုန်းခံလိုက်ရခြင်း ဖြစ်သည်။
ကောင်းကင်ယံမှ သတ္တုစည်ကြီးများ ထပ်မံ ပျံသန်းလာသည်ကို ကြည့်ရင်း ဘရုစ်က ပြုံးလိုက်သည်။
"ငါတို့ နတ်ဘုရားက မင်းတို့ကို သေချာပေါက် ဖျက်ဆီးလိမ့်မယ်!"
"ဝုန်း...!!!"
"ဝုန်း...!!!"
...
မှိုပွင့်ပုံ တိမ်တိုက်ကြီး လေးခု ကောင်းကင်သို့ ထပ်မံ တက်လှမ်းသွားပြန်သည်။
စစ်ဆင်ရေးခန်းမအတွင်း၌။
ကျောက်ယွမ်မင်းသည် စောင့်ကြည့်ရေး ဖန်သားပြင်ကို စိုက်ကြည့်နေသည်။ ဧရာမ မှိုပွင့်ပုံ တိမ်တိုက်ကြီးများ ကမ္ဘာမြေထက်တွင် ဆက်တိုက် ပေါ်ပေါက်နေ၏။ ဘရုစ် အသုံးပြုခဲ့သော မှော်အတတ်ကိုလည်း ၎င်းတို့ သတိပြုမိကြသည်။
"ဒါ သူတို့ရဲ့ နည်းဗျူဟာလား။ စတေးခံ စစ်သားတွေကတောင် နျူကလီးယားဗုံးကို တောင့်ခံနိုင်တယ်ပေါ့?!"
လူတိုင်း ထိတ်လန့်သွားကြသည်။ ၎င်းတို့အမြင်တွင် ရှေ့တန်းမှ စစ်သားများမှာ စတေးခံများသာ ဖြစ်ရမည်ဖြစ်ရာ အခြေအနေမှာ တစ်ခဏချင်းပင် တင်းမာသွားတော့သည်။
အကယ်၍ စတေးခံ စစ်သားတစ်ယောက်ကတောင် နျူကလီးယားဗုံးကို ခံနိုင်ရည်ရှိလျှင် ပုံမှန်စစ်သားတွေက ဘယ်လိုရှိမလဲ။ ဟိုက်ဒရိုဂျင်ဗုံး တွေကိုတောင် မကြောက်ကြတော့ဘူးလား။ သူတို့တစ်ဦးချင်းစီရဲ့ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကြီးပဲ!
"ဆန်းကြယ်တဲ့ စွမ်းအားတွေလား...?"
ကျောက်ယွမ်မင်း အတွေးထဲ နစ်ဝင်သွားသည်။ ၎င်းတို့ ကြောက်ရွံ့ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် နျူကလီးယားလက်နက်သည် ၎င်းတို့၏ အကောင်းဆုံးသော လက်နက် မဟုတ်သေးဘဲ သာမန် လက်နက်တစ်ခုသာ ဖြစ်သောကြောင့် ဖြစ်သည်။
"ယဇ်ပုရောဟိတ်မင်းကို သတင်းပို့ပါတယ်။ ရန်သူ့ရှေ့ပြေးအဖွဲ့အားလုံး နျူကလီးယားနဲ့ ချေမှုန်းပြီးပါပြီ။ အမိန့်ပေးတော်မူပါ!"
"ခဏစောင့်ဦး၊ ရန်သူက ဘယ်အချိန်မှာ အစစ်အမှန် တိုက်ခိုက်မှု စတင်မလဲဆိုတာ ကြည့်ကြတာပေါ့" ကျောက်ယွမ်မင်းက အမိန့်ထုတ်ပြန်လိုက်သည်။
"မှန်လှပါ!"
တစ်ချိန်တည်းမှာပင် အခြားကမ္ဘာ၌။
"သတင်းပို့ပါတယ်!"
"အရှင်ဘရုစ်နဲ့ အရှင်ဘာရပ်စ်တို့ တိုက်ပွဲမှာ ကျဆုံးသွားပါပြီ။ ကျုပ်တို့ရဲ့ ရှေ့ပြေးတပ်ဖွဲ့အားလုံးလည်း အပြင်းအထန် ချေမှုန်းခံလိုက်ရပါတယ်!"
"ဘာဖြစ်တာလဲ" အိုရီယယ်လ်က မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အပြာရောင်မျက်နှာနှင့် စွယ်များက သူ့ကို ပို၍ ကြောက်မက်ဖွယ်ကောင်းအောင် ပြုလုပ်နေသည်။
"ကျုပ်တို့ တပ်ဖွဲ့တွေ ရန်သူ့ကမ္ဘာထဲကို ဝင်ဝင်ချင်းမှာတင် အဆင့်မြင့်မှော်အတတ်တွေနဲ့ အကြီးအကျယ် တိုက်ခိုက်ခံလိုက်ရတာပါ။ ကီလိုမီတာ တစ်ရာအတွင်းမှာရှိတဲ့ အရာအားလုံး မြေလှန်ခံလိုက်ရပါတယ်!"
"အဆင့်မြင့်မှော်တွေနဲ့ အလုံးစုံ တိုက်ခိုက်ခံရတာလား" အိုရီယယ်လ် မျက်လုံးပြူးသွားသည်။ ထိုတပ်ဖွဲ့များသည် နေရာပေါင်း တစ်ရာကျော်ကို ခွဲပြီး တိုက်ခိုက်နေခြင်း ဖြစ်သည်ကို သူသိသည်။
ထိုသို့ဆိုလျှင် ရန်သူသည် အဆင့်မြင့်မှော်အတတ် ပေါင်း ရာနှင့်ချီ၍ တစ်ပြိုင်နက်တည်း အသုံးပြုလိုက်သည် မဟုတ်ပါလား။
"ကျွန်တော်တို့... တိုက်ခိုက်မှုကို ဆက်လုပ်သင့်သလား" ဟု လက်အောက်ငယ်သားက မေးလိုက်၏။
"သေချာပေါက် ဆက်တိုက်ရမှာပေါ့။ ခေါင်းဆောင်နှစ်ယောက် သေသွားရုံပဲ ရှိသေးတာ။ ငါတို့ ဂေါ့ဘလင်မျိုးနွယ်မှာ တခြားအရာတွေ လိုချင်လိုမယ်၊ အရေအတွက်တော့ မလိုဘူး! အခြားကမ္ဘာကနေ ဖမ်းလာတဲ့ မိန်းမတွေက ငါတို့မျိုးနွယ် ပွားဖို့အတွက် လုံလောက်ပါတယ်" အိုရီယယ်လ်က ဂရုမစိုက်စွာ ဆိုသည်။
"ငါ့အမြင်အရတော့ ရန်သူဟာ ငါတို့ ဆက်မတိုက်ရဲအောင် ပထမဆုံး တိုက်ခိုက်မှုမှာ သူတို့ရဲ့ အင်အားအားလုံးကို ပုံအော သုံးလိုက်တာပဲ။ အခုအချိန်မှာ သူတို့တွေ အားနည်းနေလောက်ပြီ"
အဆင့်မြင့်မှော်အတတ်တွေက စွမ်းအင် အမြောက်အမြား ကုန်ဆုံးစေသည်။ ရန်သူဟာ ဒီလိုမျိုး နောက်ထပ် နှစ်ကြိမ်လောက်ပဲ လုပ်နိုင်တော့မှာပါ။ နောက်ထပ် စစ်တပ် နှစ်သုတ်လောက် ထပ်လွှတ်ပြီး သူတို့ကို အားကုန်အောင် လုပ်လိုက်စမ်း!
"မှန်လှပါ!"
"ငါတို့ နတ်ဘုရားအတွက်! တိုက်ကြ!"
ဂေါ့ဘလင်များမှာ ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ ဝင်ပေါက်ဆီသို့ တစ်ဖန် ပြန်လည် တိုးဝင်လာကြပြန်သည်။
ကမ္ဘာမြေဂြိုဟ်ပေါ်တွင်။
ကျောက်ယွမ်မင်းနှင့် အခြားသူများမှာ စောင့်ကြည့်ရေးကင်မရာများမှတစ်ဆင့် စစ်တပ်ကြီး နောက်တစ်ကြိမ် တိုက်ခိုက်လာသည်ကို မြင်တွေ့လိုက်ရသည်။
"ယဇ်ပုရောဟိတ်မင်း၊ နျူကလီးယားနဲ့ပဲ ဆက်ပြီး တိုက်ခိုက်ရမလား" အားလုံးက မေးလိုက်ကြသည်။
ကျောက်ယွမ်မင်း စဉ်းစားနေမိသည်။ တစ်ဖက်က အခြေအနေကို သိနေသည်။ နျူကလီးယားနဲ့ တိုက်ခိုက်ခံရမယ်ဆိုတာကို သိလျက်နဲ့ ဆက်တိုက်လာတယ်ဆိုမှတော့ သူတို့ရဲ့ အရင်က ခန့်မှန်းချက် မှန်ကန်နေပြီ။ အကယ်၍ အားလုံးက စတေးခံတွေဆိုရင် တစ်ဖက်က သူတို့ရဲ့ နျူကလီးယား လက်နက်တိုက်ကို အားကုန်အောင် လုပ်ချင်နေတာ ဖြစ်ရမည်။
"ဟင်း... ဒီအရိုင်းအစိုင်းတွေက ငါတို့ကို အရေအတွက်နဲ့ တိုက်ခိုက်လို့ရမယ် ထင်နေတာလား... နျူကလီးယားလက်နက်ဆိုတာ ငါတို့အတွက်တော့ သာမန်ပါပဲ..." ကျောက်ယွမ်မင်း ပြုံးလိုက်သည်။
ယခင်ကဆိုလျှင် နျူကလီးယားလက်နက် ထုတ်လုပ်ရန်မှာ အလွန်ခက်ခဲသော်လည်း နည်းပညာပေါက်ကွဲမှုအပြီးတွင်မူ ၎င်းတို့ကို အမြောက်အမြား အလွယ်တကူ ထုတ်လုပ်နိုင်နေပြီ ဖြစ်သည်။
"နျူကလီးယားနဲ့ပဲ ချေမှုန်းလိုက်!"
"မှန်လှပါ!"
နျူကလီးယား ပစ်လွှတ်သည့် ခလုတ်ကို နောက်တစ်ကြိမ် နှိပ်လိုက်ကြပြန်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နျူကလီးယားဗုံး အမြောက်အမြား ကောင်းကင်ယံသို့ ပျံတက်သွားပြန်သည်။
"ဝုန်း...!!!"
...
ပေါက်ကွဲသံကြီးမှာ ကမ္ဘာမြေတစ်ပြင်လုံး ဟည်းသွားကာ ခဏတာမျှ ငြိမ်သက်သွား၏။ အရာအားလုံးမှာ မှိုပွင့်ပုံ တိမ်တိုက်ကြီးများ၏ အရိပ်အောက်တွင် မှေးမှိန်သွားတော့သည်။
ဤမျှ ပြင်းထန်သော နျူကလီးယား တိုက်ခိုက်မှုကြားတွင်ပင် ဂေါ့ဘလင်များသည် မဆုတ်မနစ် ဆက်တိုက် ပြေးဝင်လာကြသည်။ နောက်ထပ် နျူကလီးယားဗုံး နှစ်ကြိမ်မျှ ထပ်မံ ပေါက်ကွဲပြီးနောက်တွင် ကမ္ဘာမြေမှာ ပျက်စီးယိုယွင်းမှုများဖြင့် ကျန်ရစ်ခဲ့ကာ နှစ်ဖက်စလုံး တိုက်ခိုက်မှုကို ခေတ္တ ရပ်ဆိုင်းလိုက်ကြသည်။
စောင့်ကြည့်ရေးခန်းမအတွင်း ကျောက်ယွမ်မင်းနှင့် အခြားသူများမှာ လေးလံသော စိတ်နှလုံးများဖြင့် ကြည့်နေကြသည်။ ဒါဟာ သူတို့ရဲ့ အမိမြေဖြစ်ပြီး အခုလို ပျက်စီးသွားတာကို ကြည့်ပြီး စိတ်မကောင်း ဖြစ်နေကြခြင်းဖြစ်သည်။
"ဘာတွေ ထိတ်လန့်နေကြတာလဲ။ အရှင်မင်းကြီး ရှိနေသရွေ့ အရာရာဟာ ပုံမှန်အတိုင်း ပြန်ဖြစ်လာမှာပါ။ အခုဖြစ်နေတဲ့ အဆိုးဝါးဆုံး အရာတွေက အခြားကမ္ဘာကနေ လာတာ။ သူတို့ရဲ့ ရုပ်ဆိုးတဲ့ ယဉ်ကျေးမှုက ငါတို့အိမ်ကို ကျူးကျော်ပြီး ငါတို့မြေပေါ်မှာ သောင်းကျန်းနေတာ။ သူတို့ရဲ့ စုစုပေါင်းအင်အားကို ငါတို့ သိတာနဲ့ သူတို့ကမ္ဘာကို ကျူးကျော်ပြီး အရာအားလုံးကို ပြောင်းပြန်လှန်ပစ်ရမယ်!"
"ယဇ်ပုရောဟိတ်မင်း ပြောတာ မှန်ပါတယ်!" လူတိုင်း စိတ်ဓာတ်များ ပြန်လည် တက်ကြွလာကြသည်။
ကျောက်ယွမ်မင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး "အခု ရန်သူက တိုက်ခိုက်မှု ရပ်တန့်သွားပြီဆိုတော့ စတေးခံတွေက သူတို့ရဲ့ ရည်ရွယ်ချက်ကို အောင်မြင်သွားပြီလို့ ဆိုရမယ်။ မကြာခင်မှာ အထွေထွေ ကျူးကျော်စစ်ကို သူတို့ စတင်တော့မယ်လို့ ငါ ခန့်မှန်းမိတယ်။ နျူကလီးယားဗုံးကိုတောင် ကိုယ်တိုင် တောင့်ခံနိုင်တဲ့ အဲဒီလို မိစ္ဆာတွေ အမြောက်အမြား ပေါ်လာတော့မှာပါ" ဟု ပြောလိုက်လေတော့သည်။