ENThe enemy slapped me across the face and I just lay down and died in his house
လင်းရှောင်တစ်ယောက်
အန္တရာယ်များပြည့်နှက်နေသော ကျင့်ကြံရေးကမ္ဘာတစ်ခုသို့ ကူးပြောင်းရောက်ရှိလာပြီးနောက်…
ယန်ထျန်းဓားဂိုဏ်း၏ လျိုရှားတောင်ထိပ်၏ အသုံးမကျသော စီနီယာအစ်ကိုကြီး ဖြစ်လာခဲ့လေသည်။
သူ၏ ပါရမီမှာ သာမန်မျှသာဖြစ်သော်လည်း ကံကောင်းထောက်မစွာပင် ဆရာဖြစ်သူနှင့် ဂျူနီယာညီ/ညီမများက သူ့အပေါ် အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့ကြသည်။
သို့သော် တစ်နေ့တွင် သူ၏ ဆရာမဖြစ်သူ ဧကရီ ဟန်ရင်သည် မသေမျိုးဘုရင်၏ ဆက်ခံသူနှင့် မဟာဧကရာဇ်ကြီး ငါးပါးတို့၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်၌ ကျဆုံးသွားခဲ့ရသည်။
ဝမ်းနည်းပူဆွေးမှုကို အရက်ဖြင့် ဖြေဖျောက်ရင်း သူလင်းရှောင်၏ ဝိညာဉ်အမြစ် အတွက် ကောင်းကင်ရတနာ သွားရှာရင်း အသက်ခံလိုက်ရသည့် ဧကရီ့အတွက် လက်စားမချေနိုင်သည့်အဖြစ်ကို ညည်းတွားနေစဉ် လင်းရှောင်သည် မထင်မှတ်ဘဲ အနှိုင်းမဲ့ အမွေအနှစ်စနစ် နှင့် ချိတ်ဆက်မိသွားခဲ့သည်။
ထိုစနစ်၏ စည်းမျဉ်းမှာ အလွန်ထူးဆန်းလှပေသည်။
သူသည် မည်သည့်နေရာတွင်မဆို သေဆုံးပါက သေဆုံးသည့်နည်းလမ်းကို ထည့်မတွက်ဘဲ ထိုနေရာရှိ ကျင့်ကြံရေးအရင်းအမြစ်အားလုံးကို အမွေဆက်ခံနိုင်သည်။
တကယ်လို့ အခြားလူတစ်ဦး၏ လက်ချက်ဖြင့် သေဆုံးခဲ့ပါက ထိုသူ၏ ပါရမီနှင့် ကျင့်ကြံမှုနှစ်များ ကိုပါ အမွေဆက်ခံနိုင်မည်ဖြစ်သည်။
ထို့နောက် သူကိုသတ်သည့်ရန်သူသည် မသိနိုင်သော တည်ရှိမှုတစ်ခုကြောင့် သေဆုံးသွားမည်ဖြစ်ပြီး..
ထိူသူ သေဆုံးသွားသည့်အခါ သူပြန်လည်အသက်ရှင်လာမည်ဖြစ်သည်။
ဒီလိုနှင့် လင်းရှောင်သည် သူ၏ဓားတစ်လက်ကို အားကိုးကာ မဟာဧကရာဇ်မျိုးနွယ်ကြီး ငါးစုကို စစ်ကြေညာလိုက်ကာ.. သူ၏ဆရာကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားပါတော့သည်။
.
..
…
….
“ဘုန်း”
လင်းရှောင် ခန္ဓာကိုယ်ပေါက်ကွဲသွားခဲ့သည်။
“ငါက ဖျတ်ဆီးခြင်းမီးတောက်ပဲ မင်းလိုပုရွတ်ဆိတ်လေးက ငါ့ကိုသန့်စင်ရဲ့တာလား ဟားဟား”
【ဒင်… အိမ်ရှင်သည် ဖျတ်ဆီးခြင်းမီးတောက်ကြောင့် သေဆုံးသွားကြောင်း သိရှိရပါသည်…အတင်းအကျပ် အမွေဆက်ခံခြင်း အာနိသင်ကို စတင် အသက်သွင်းနေပါပြီ】
လင်းရှောင် ခန္ဓာကိုယ် ပေါက်ကွဲသွားသည့် အခိုက်အတန့်တွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာခဲ့သည်။
နောက်တစ်ခနတွင် ကြောက်မက်ဖွယ်ကောင်းပြီး ဆန်းကြယ်သော စွမ်းအားတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ခုနကတင် ဝင့်ကြွားနေခဲ့သော ဖျက်ဆီးခြင်းမီးတောက်ကို တိုက်ရိုက် သန့်စင်ပစ်လိုက်တော့သည်။
【ဒင်… အတင်းအကျပ် အမွေဆက်ခံခြင်း အာနိသင် ပြီးဆုံးပါပြီ…အိမ်ရှင်သည် ဖျက်ဆီးခြင်းမီးတောက်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။】
………….
ကောင်တာအို၏ လောကတစ်သောင်း ပါရမီရှင် အဆင့်သတ်မှတ်ချက် ဝင်သော ပါရမီရှင်များသာ စကားပြောနိုင်သည့် သီးသန့် စကားပြောခန်းတွင်….
{"အပေါ်က နတ်ဘုရားမျိုးနွယ်စုနဲ့ အမတမျိုးနွယ်စုက ပုရွက်ဆိတ်တွေအားလုံး နားထောင်စမ်း... မင်းတို့ရဲ့ အဖေငါလင်းရှောင်က ထျန်ဟွမ်တိုက်ကြီးမှာ ရှိနေတယ်… မင်းတို့တကယ် အစွမ်းရှိရင် လောကတစ်သောင်းကို ဖြတ်ကျော်ပြီး ငါ့ကို လာသတ်လှည့်… မလာရဲရင်တော့ အဲ့ဒီကနေ ခွေးဟောင်သလိုမျိုး လျှောက်မဟောင်နေကြနဲ့”}