အခန်း ၇ — တစ်ညတည်းနှင့် ကြွယ်ဝချမ်းသာလာခြင်း
စျေးနှုန်းကို ကြားလိုက်ရသည့်အခါ ယန်ကော သည် သိပ်ပြီး အံ့အားသင့်မသွားသော်လည်း တုန်ရီနေသော လက်များဖြင့် စက္ကူအပိုင်းအစကို ကိုင်ထားရင်း ချူလျိုယွဲ့ ကို မယုံကြည်နိုင်သလို အံ့သြတုန်လှုပ်စွာ ကြည့်နေမိသည်။
"ဒါက... ချူမိသားစုရဲ့ သမီးကြီး၊ ဒါကို တကယ်ပဲ ရောင်းတော့မလို့လား"
ချူလျိုယွဲ့က ခေါင်းညိတ်ပြလိုက်သည်။ "ဒီစျေးနှုန်းနဲ့ဆို ဒုတိယသခင်လေးယန်တို့ဘက်က ဘယ်လိုမှ မရှုံးဘူးဆိုတာ သိမှာပါနော်"
ယန်ကောက ခါးသက်သက် ရယ်မောလိုက်သည်။ ထိုစက္ကူအပိုင်းအစလေးကို ငွေစင်သောင်းသုံးဆယ်နှင့် လဲလှယ်ရခြင်းမှာ သူတို့အတွက် အရှုံးမရှိကြောင်း သူကောင်းကောင်းသိသည်။ အမြတ်ပင် အတော်အတန် ရဦးမည်ဖြစ်သည်။ သို့သော် အဓိကပြဿနာမှာ ဤပစ္စည်းက အန္တရာယ်များလွန်းခြင်းပင်။
"ချူမိသားစုရဲ့ သမီးကြီးရယ်... ဒါက... တကယ်ပဲ ကျုပ်ကို မီးခဲလက်ထဲ ထည့်ပေးလိုက်တာပဲ"
အကြောင်းမှာ ထိုစက္ကူအပိုင်းအစသည် အမှန်စင်စစ်အားဖြင့် ပိုင်ဆိုင်မှုဂရန်တစ်ခု ဖြစ်နေသောကြောင့်ပင်။ ထိုမျှမက ၎င်းမှာ သာမန်ဂရန်တစ်ခု မဟုတ်ဘဲ မြို့တော်ပြင်ပရှိ အမဲလိုက်ကွင်းတစ်ခု၏ ပိုင်ဆိုင်မှုဂရန် ဖြစ်နေသည်။
အမဲလိုက်ကွင်းဆိုသည်မှာ အမှန်တကယ်တွင် သားရဲတိရစ္ဆာန်များကို လေ့ကျင့်ပေးရာ နေရာဖြစ်သည်။ ရွှမ်ဝူတိုက်ကြီးတွင် သားရဲများကို အဆင့်ကိုးဆင့် ခွဲခြားထားပြီး အဆင့် (၁) က အားအနည်းဆုံးဖြစ်ကာ အဆင့် (၉) က အသန်မာဆုံးဖြစ်သည်။ သားရဲများသည် ခေါင်းမာပြီး ဒေါသကြီးတတ်ကြကာ လွတ်လပ်မှုကို မြတ်နိုးကြသဖြင့် လူသားတို့၏ ခိုင်းစေမှုကို လက်မခံကြပေ။ သို့သော် လူသားတစ်ဦးနှင့် သစ္စာဆိုပြီးပါကမူ အလွန်သစ္စာရှိလာကြပြီး ထိုလူသားအတွက် အားကိုးရသော လက်ရုံးတစ်ခု ဖြစ်လာတတ်သည်။
ပုံမှန်အားဖြင့် လူတစ်ဦးသည် သားရဲတစ်ကောင်နှင့်သာ အချိတ်အဆက် ပြုလုပ်နိုင်သည်။ သို့သော် ထိုသားရဲ သေဆုံးသွားပါက နောက်ထပ်တစ်ကောင်ကို ထပ်မံရှာဖွေကာ သစ္စာဆိုနိုင်သည်။ အဆင့်မြင့်သော သားရဲများမှာ ပိုမိုအစွမ်းထက်ပြီး လူသားများကို ပို၍ အထောက်အကူပြုနိုင်သည်။ ထို့ကြောင့်ပင် ရွှမ်ဝူတိုက်ကြီးရှိ ကျင့်ကြံသူများသည် အဆင့်မြင့်သားရဲများကို ရရှိရန် အပြိုင်အဆိုင် ကြိုးပမ်းကြခြင်းဖြစ်သည်။
သို့သော် သားရဲများကို ရှာဖွေရန်မှာ လွယ်ကူလှသည်မဟုတ်။ သာမန်ကျင့်ကြံသူတစ်ဦးမှာ အသက်ဘေးကို ရင်ဆိုင်ပြီး အန္တရာယ်ရှိသော နယ်မြေများသို့ တစ်ကိုယ်တော် သွားရောက်ရှာဖွေရလေ့ရှိသည်။ သြဇာအာဏာရှိသော မိသားစုကြီးများအတွက်မူ ထိုသို့မဟုတ်ပေ။ သူတို့သည် ကိုယ်ပိုင်အမဲလိုက်ကွင်းများကို တည်ဆောက်ထားလေ့ရှိကြသည်။ သင့်တော်သောနေရာကို ရှာဖွေပြီး သားရဲအချို့ကို စုဆောင်းထားရုံနှင့် သူတို့အတွက် များစွာ အလုပ်ရှုပ်သက်သာသွားစေသည်။ ၎င်းတို့၏ မျိုးနွယ်စုဝင် လူငယ်များသည် မိမိတို့နှစ်သက်ရာ သားရဲကို စိတ်ကြိုက် ရွေးချယ်နိုင်သည်။ ထို့ပြင် ထိုနေရာကို လူငယ်များ၏ စွမ်းဆောင်ရည် မြှင့်တင်ရန် လေ့ကျင့်ရေးကွင်းအဖြစ်လည်း အသုံးပြုနိုင်သေးရာ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင် ဖြစ်သည်။
ဤသို့လုပ်ဆောင်ရန်မှာ လွယ်ကူသည်ဟု ထင်ရသော်လည်း အမဲလိုက်ကွင်းတစ်ခု တည်ဆောက်ရန်အတွက် ငွေကြေးနှင့် လုပ်အား အမြောက်အမြား လိုအပ်သည်။ ထို့ကြောင့်ပင် တော်ဝင်မိသားစုမှလွဲ၍ အလွန်ကြွယ်ဝချမ်းသာသော မိသားစုကြီးများသာ ထိုသို့ လုပ်ဆောင်နိုင်သည်။ ချူမိသားစုတွင်ပင် အမဲလိုက်ကွင်း တစ်ခုသာ ရှိသည်။ လတ်တလောတွင် ချူမိသားစု၏ သြဇာအာဏာ မှေးမှိန်လာရာ ထိုအမဲလိုက်ကွင်းကိုပင် ဆက်လက် ထိန်းသိမ်းထားနိုင်ရန် ခဲယဉ်းနေပုံရသည်။ ထိုနေရာရှိ သားရဲများထဲတွင် အမြင့်ဆုံးမှာ အဆင့် (၅) ရှိသော 'ကျင်းဝမ်ဟူ' ဖြစ်ပြီး လွန်ခဲ့သော အနှစ် ၂၀ က ချူမိသားစု၏ အရှင်သခင် ချူကျန့် မွေးမြူခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အခု ချူလျိုယွဲ့ ထုတ်ပြလိုက်သည့် အမဲလိုက်ကွင်းဂရန်မှာ ချူမိသားစု၏ ဂရန်မဟုတ်ဘဲ သူမကိုယ်ပိုင်ဂရန် ဖြစ်နေသည်။
အမြဲတမ်း အနိုင်ကျင့်ခံနေရသည့် အစွမ်းအစမရှိသော သူမကဲ့သို့ မိန်းကလေးတစ်ဦးတွင် ဤကဲ့သို့သောအရာ ရှိနေရခြင်းမှာ အိမ်ရှေ့စံ ရုံကျင်း နှင့် သူမ၏ စေ့စပ်ကြောင်းလမ်းမှုကြောင့်သာ ဖြစ်သည်။ သူမ မွေးဖွားစအချိန်က သူမ၏ဖခင် ချူနင် သည် ချူမိသားစု၏ ထိုမျိုးဆက်တွင် အထူးချွန်ဆုံး ပါရမီရှင်ဖြစ်ပြီး မျိုးနွယ်စုကို ဦးဆောင်နိုင်မည့် အလားအလာ ရှိခဲ့သူဖြစ်သည်။ ထို့ပြင် သူ၏ ခိုင်မာသော စိတ်ဓာတ်နှင့် သစ္စာရှိမှုကြောင့် ဧကရာဇ်မင်း၏ အချစ်တော်လည်း ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် သူမ မွေးဖွားချိန်တွင် ဧကရာဇ်က အိမ်ရှေ့စံနှင့် စေ့စပ်ကြောင်းလမ်းပေးခဲ့ခြင်း ဖြစ်သည်။ သူမ အသက် ၁၄ နှစ်ပြည့်လျှင် တရားဝင် စေ့စပ်ပွဲကျင်းပပြီး အိမ်ရှေ့စံမင်းသမီး ဖြစ်လာရမည်ဖြစ်သည်။
ထိုအမဲလိုက်ကွင်းဂရန်မှာ ထိုစဉ်က ဧကရာဇ်မင်းက သူမကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ချူလျိုယွဲ့မှာ ကလေးငယ်လေးမျှသာ ရှိသေးသော်လည်း လူအများ၏ အားကျမှုကို ရရှိခဲ့သည်။ သို့သော် သူမမှာ 'ယွမ်စွမ်းအင်ကြော' မရှိသော အသုံးမကျသူတစ်ဦး ဖြစ်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။ ထိုအချိန်မှစ၍ သူမသည် ယောင်ချန် နိုင်ငံ၏ ရယ်စရာတစ်ခု ဖြစ်လာခဲ့သည်။ သန်မာသူကသာ အစိုးရသော ကမ္ဘာတွင် အားနည်းနေခြင်းကပင် အပြစ်တစ်ခု ဖြစ်နေတော့သည်။
ချူနင်နှင့် သမီးဖြစ်သူတို့ ဘဝပျက်သွားသည့်တိုင် သူသည် ထိုအမဲလိုက်ကွင်းအကြောင်းကို မမေ့ခဲ့ပေ။ သို့သော် အမှန်တကယ်တွင်မူ ၎င်းကို အိမ်ရှေ့စံက ကြာမြင့်စွာကပင် ထိန်းချုပ်ထားခဲ့ပြီးဖြစ်သည်။ ချူနင်သည် အကူအညီတောင်းရန် အိမ်ရှေ့စံထံ အကြိမ်ကြိမ် သွားရောက်တွေ့ဆုံခဲ့သော်လည်း အမြဲတမ်း လျစ်လျူရှုခြင်း ခံခဲ့ရသည်။ ၎င်းမှာ အဘယ်သို့သော အဓိပ္ပာယ်လဲဆိုသည်ကို သူကောင်းကောင်း နားလည်ခဲ့သည်။ ထိုအချိန်မှစ၍ သူသည် မည်သည့်အရာကိုမျှ မမျှော်လင့်တော့ပေ။
မူလ ချူလျိုယွဲ့မှာလည်း သူမကိုယ်သူမ အိမ်ရှေ့စံနှင့် မထိုက်တန်ဟု အမြဲခံစားနေရသဖြင့် ထိုအကြောင်းကို မတွေးဝံ့ခဲ့ပေ။ နှမြောစရာကောင်းသည်မှာ ယခုရှိနေသော ချူလျိုယွဲ့မှာ အခြားတစ်ယောက် ဖြစ်နေခြင်းပင်။ သူမ၏ ဘဝခံယူချက်မှာ ရိုးရှင်းပါသည်။ တစ်စုံတစ်ယောက်က သူမအပေါ် ကောင်းခဲ့လျှင် သူမက ဆယ်ဆပြန်ကောင်းမည်၊ တစ်စုံတစ်ယောက်က သူမကို နှိပ်စက်ခဲ့လျှင်မူ ထိုသူကို ပို၍ နာကျင်အောင် သေချာပေါက် ကလဲ့စားချေမည်ဖြစ်သည်။ အိမ်ရှေ့စံအနေဖြင့် သူမနှင့် သူမဖခင်တို့ မည်သို့သော ဘဝမျိုးဖြင့် ရှင်သန်နေရသည်ကို မသိဘဲ မနေနိုင်ပေ၊ သို့သော် သူက ဘာမှမလုပ်ပေးခဲ့ချေ။ သို့ဆိုလျှင်... ဤဂရန်ကို သိမ်းထားရခြင်းက ဘာထူးမည်နည်း။
"ဒါကို သိလို့လည်း ဒုတိယသခင်လေးယန်ကို လာရှာတာပေါ့။ ဘာလဲ... ကျန့်ပေါင်ဆောင် က ဒီဂရန်ကို လက်မခံနိုင်လောက်အောင် အင်အားမရှိလို့လား" ချူလျိုယွဲ့က စိတ်ပျက်သွားသည့်ဟန်ဖြင့် သူမ၏လက်ကို ဆန့်ထုတ်ကာ စက္ကူကို ပြန်ယူရန် ဟန်ပြင်လိုက်သည်။
ဒုတိယသခင်လေးယန်သည် ပျာပျာသလဲနှင့် ဂရန်ကို အင်္ကျီလက်ထဲသို့ ဂရုတစိုက် ထည့်သိမ်းလိုက်ပြီး ရယ်မောလိုက်သည်။ "ဘာတွေ ပြောနေတာလဲ မိန်းကလေးရယ်! တခြားတော့ မပြောရဲဘူး၊ ဒီယောင်ချန်နိုင်ငံမှာ ကျန့်ပေါင်ဆောင် လက်မခံရဲတဲ့ စီးပွားရေးဆိုတာ မရှိဘူး။ မိန်းကလေးက ကျုပ်တို့ဆီ ငွေလာပို့နေမှတော့ ကျုပ်တို့ကလည်း လက်ခံရဲတာပေါ့"
တည်ငြိမ်နေသော ချူလျိုယွဲ့က ခပ်ဖွဲဖွဲလေး ရယ်လိုက်သည်။ "ဒီဂရန်ပေါ်မှာ ကျမ နာမည် 'ချူလျိုယွဲ့' ဆိုတာ အထင်အရှား ရေးထားတာပဲ၊ ကျမက ဘာကို ကြောက်နေရမှာလဲ"
ဤဂရန်ကို ဧကရာဇ်မင်းက သူမအား လက်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း လူတိုင်းသိကြသည်။ သို့သော် ယခုအခါ သူမမှာ အသုံးမကျသူတစ်ဦးသာ ဖြစ်နေသည်။ မည်သည့်ဘက်က ကြည့်ကြည့် သူမတွင် အိမ်ရှေ့စံမင်းသမီးဖြစ်ရန် အရည်အချင်း မရှိတော့ပေ။ အကယ်၍ သူမတွင် အနည်းငယ်မျှ နှိမ့်ချစိတ်ရှိပါက ဤဂရန်ကို အစောကြီးကတည်းက ပြန်ပေးခဲ့မိပေလိမ့်မည်။ သို့သော် ချူလျိုယွဲ့က ထိုကဲ့သို့ မိုက်မဲသော အလုပ်မျိုးကို ဘာကြောင့် လုပ်ရမည်နည်း။ သူတို့က သူမအပေါ် ရက်စက်ခဲ့လျှင် သူမကလည်း ထိုသို့ပင် ပြန်လုပ်မည်ဖြစ်သည်။
မလာခင်ကတည်းက သူမသည် ကျန့်ပေါင်ဆောင်၏ အဆင့်အတန်းမှာ ထူးခြားကြောင်းနှင့် မြို့တော်ရှိ လူတိုင်းက သူတို့ကို ရိုသေကြကြောင်း စုံစမ်းထားပြီးဖြစ်သည်။ အခြားသူများကမူ ဤဂရန်ကို လက်ခံရဲမည် မဟုတ်သဖြင့် ကျန့်ပေါင်ဆောင်မှာ သူမအတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ကျန့်ပေါင်ဆောင်က ဤအရောင်းအဝယ်ကို တကယ်ပင် လက်ခံခဲ့သည်။
ယန်ကောသည် ရှေ့မှ မိန်းကလေးကို နောက်တစ်ကြိမ် အသေးစိတ် အကဲခတ်မိသည်။ ထူးဆန်းလိုက်တာ၊ တကယ်ကို ထူးဆန်းလွန်းတယ်...။ ကောလာဟလတွေအရတော့ ချူမိသားစုရဲ့ သမီးကြီးက မွေးရာပါ အားနည်းပြီး အသုံးမကျတဲ့သူ၊ ချူမိသားစုက အစေခံတွေတောင် နှိပ်စက်နိုင်တဲ့သူလို့ ဆိုကြတယ်။ ဒါပေမဲ့ အခု ကျုပ်ရှေ့မှာ ရှိနေတဲ့သူကတော့ သိသိသာသာကို ကွဲပြားနေတယ်။ သူမက ပြတ်သားတယ်၊ တည်ငြိမ်ပြီး သဘောထားကြီးတယ်။ သူမ ဝတ်ထားတဲ့ အင်္ကျီတွေက စုတ်ပြတ်နေပေမဲ့ သူမရဲ့ တစ်ကိုယ်လုံးကနေ ထူးခြားတဲ့ မြင့်မြတ်တဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေတယ်။ သူမ မျက်နှာက ငယ်သေးပေမဲ့ တွေ့ရခဲတဲ့ တည်ငြိမ်ရင့်ကျက်မှုကို ဖော်ပြနေတယ်။ ဒီလို အရှိန်အဝါမျိုးကို သူ အရင်က လူတစ်ယောက်ဆီမှာပဲ တွေ့ဖူးခဲ့တာ...
"ဟားဟား! ကောင်းပြီလေ! ကျုပ်တို့ ကျိကျန်းပေါင်ဆောင်က ဒီအရောင်းအဝယ်ကို လက်ခံလိုက်ပြီ! ငွေစက္ကူနဲ့ပဲ လိုချင်သလား၊ ဒါမှမဟုတ်..." ယန်ကောက စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချင်း ပွတ်လိုက်သည်။ အိမ်ရှေ့စံ၏ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုကြောင့် ထိုအမဲလိုက်ကွင်းတွင် သားရဲအတော်များများ ရှိနေပြီး ၎င်းမှာ အလွန်တန်ဖိုးရှိလှသည်။ ၎င်းမှာ အလွန်အမြတ်အစွန်းများသော အရောင်းအဝယ်တစ်ခု ဖြစ်သည်။
သို့သော် ချူလျိုယွဲ့က ခေါင်းခါပြလိုက်သည်။ "မလောပါနဲ့ဦး။ ကျမ အရင်ဆုံး ပစ္စည်းအချို့ ရွေးချင်သေးတယ်"
ယန်ကော ခဏမျှ ကြောင်အသွားပြီးနောက် ချက်ချင်းပင် ပြောလိုက်သည်။ "ဘာများ လိုချင်လို့လဲ။ ကျုပ် လူလွှတ်ပြီး ချက်ချင်း သွားယူခိုင်းလိုက်ပါ့မယ်"
ယခုအချိန်တွင် သူသည် ရှေ့မှ မိန်းကလေးအား လူတိုင်း အနိုင်ကျင့်နိုင်သည့် အသုံးမကျသူတစ်ဦးအဖြစ် မယူဆတော့ပေ။
ချူလျိုယွဲ့၏ မျက်ဝန်းများ အနည်းငယ် တောက်ပလာသည်။ "ကျမက ဆယ်နှစ်သက်တမ်းရှိတဲ့ ဝါးရွက်၊ ရေခဲကျောက်၊ အာတီးမီးရှား (Artemisia annua)၊ အနှစ် ၃၀ သက်တမ်းရှိတဲ့ အမွှေးအမျှင်ပါတဲ့ ရှိုင်းနီဘူဂဲဝိဒ် (hirsute shiny bugleweed)၊ ပိုးစာရွက်..." သူမက စကားပြောရင်း နောက်ထပ် စက္ကူတစ်ရွက်ကို ထုတ်ပေးလိုက်သည်။ "ဒီစာရင်းထဲက ပစ္စည်းတွေကို ကျမအတွက် ပြင်ဆင်ပေးပါ"
ယန်ကောက ၎င်းကို ယူလိုက်ပြီး ဇဝေဇဝါဖြင့် အသေအချာ ကြည့်လိုက်သည်။ အစပိုင်းတွင်
ချူလျိုယွဲ့သည် တန်ဖိုးကြီးပစ္စည်းအချို့ကို ရွေးချယ်လိမ့်မည်ဟု သူထင်ထားသော်လည်း ယခုကဲ့သို့ ဆေးဖက်ဝင်အပင်များကို ရွေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အချို့မှာ အတော်ပင် သာမန်ဖြစ်သော်လည်း စာရင်း၏ နောက်ပိုင်းတွင် ပါဝင်သော ပစ္စည်းများမှာ တဖြည်းဖြည်း တန်ဖိုးကြီးမားလာသည်။
"ဟဲဟဲ၊ စိတ်မပူပါနဲ့။ တခြားနေရာမှာဆိုရင် ဒီစာရင်းထဲကအတိုင်း အကုန်ရဖို့ မလွယ်ပေမဲ့ ကျုပ်တို့ ကျိန်းပေါင်ဆောင်ကတော့ မိန်းကလေး စိတ်တိုင်းကျ ဖြစ်စေရပါမယ်!" ကျိန်းပေါင်ဆောင်သည် ဆေးဝါးနှင့် ဆေးဘက်ဝင်အပင်များ အပါအဝင် လုပ်ငန်းများစွာကို လုပ်ကိုင်နေခြင်း ဖြစ်သည်။
"ဒါပေမဲ့ ဒီပစ္စည်းတွေ အားလုံးပေါင်းလိုက်ရင် ငွေစင်နှစ်သောင်းလောက်ပဲ တန်တာ။ ကျန်တာကတော့..."
ချူလျိုယွဲ့က မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။ "ကျမကို ငွေစက္ကူ တစ်သောင်းပဲ ပေးပါ။ ဒုတိယသခင်လေးယန်... ကျန်တာကိုတော့ ခင်ဗျားပဲ သိမ်းထားလိုက်ပါ၊ အဲ့ဒီအစား ဒီစာရင်းထဲက ပစ္စည်းတွေကို သုံးရက်တစ်ကြိမ် ကျမဆီ လာပို့ပေးစေချင်တယ်"
"ဘာ..." အတွေ့အကြုံစုံလှသော ယန်ကောပင် မျက်လုံးအဝိုင်းသား ဖြစ်သွားရသည်။ ငွေစင် နှစ်သိန်းခုနစ်သောင်း ဆိုသည်မှာ တစ်လအတွင်း ဤစာရင်းပါ ပစ္စည်းများကို ဆယ်ကြိမ်တိုင်တိုင် လာပို့ပေးရမည်ဟု ဆိုလိုခြင်းပင်။
"ခင်ဗျားအတွက် ခက်ခဲလို့လား"
"မဟုတ်တာ၊ မဟုတ်တာ! လုံးဝ မခက်ခဲပါဘူး! ကျုပ်တို့ ကျိန်းပေါင်ဆောင်က မိန်းကလေးကို စိတ်ပျက်အောင် မလုပ်ပါဘူး။ ဒါပေမဲ့... ဒီပစ္စည်းတွေကို ချူမိသားစုဆီ လာပို့ပေးစေချင်တာလား" ယန်ကောက ခပ်တိုးတိုး မေးလိုက်သည်။
ချူလျိုယွဲ့က လှည့်ကြည့်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက် တစ်နေရာကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ရယ်မောလိုက်သည်။ "ဒါပေါ့။ ကျမက ချူမိသားစုရဲ့ သမီးကြီးပဲလေ၊ ကျမဝယ်တဲ့ ပစ္စည်းတွေကို ပင်မတံခါးကနေပဲ တရားဝင် လာပို့ရမှာပေါ့"
ကျမကို ချောင်းကြည့်ချင်တာလား။ ခင်ဗျားတို့ ကြိုက်သလောက် ကြည့်လို့ရအောင် လုပ်ပေးလိုက်မယ်!