အခန်း (၁) - နောက်ဆုံးတော့ လွတ်လပ်ပြီ
“လုံချင်းယီ... ငါ့ရဲ့ တစ်ဦးတည်းသော တပည့်... ငါ့ရဲ့ သွန်သင်ချက်တွေကို မင်း မှတ်ထားဖို့ လိုတယ်...”
ရှေးကျသောအသံတစ်ခုက တဲငယ်လေးတစ်ခုထဲတွင် ပဲ့တင်ထပ်သွားလေသည်။
ထိုအသံပိုင်ရှင်က ကျောက်တုံးခုံတစ်ခုပေါ်တွင် ထိုင်နေပြီး သူ၏ အိုမင်းနေသော လက်များက လူငယ်တစ်ဦး၏ ကျောပြင်ကို ဖိကပ်ထား၏။
“အဲဒီသွေးမျိုးဆက်က မင်းကို ဖျက်ဆီးဖို့ ကြိုးစားလိမ့်မယ်... စွမ်းအင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ စွမ်းအားကို ပေးမယ်လို့ ကတိပေးလိမ့်မယ်... ပြီးတော့...”
အဘိုးအိုက စကားရပ်လိုက်ပြီး သူ၏ မေးစေ့ကို ပွတ်သပ်လိုက်လေသည်။
“ကမ္ဘာပေါ်က အလှပန်းလေးတွေ အားလုံးကိုပေါ့...”
နီရဲနေသော မျက်နှာကို တစ်ဖက်သို့ လွှဲကာ သူက နိဂုံးချုပ်လိုက်ပေသည်။
“ဒါပေမဲ့ ဒီသွေးဆောင်ဖြားယောင်းမှုတွေရဲ့ သားကောင် ဘယ်တော့မှ အဖြစ်မခံနဲ့... ဒီဆွဲဆောင်မှုရှိတဲ့ စကားတွေဆီမှာ အရှုံးမပေးလိုက်နဲ့...”
အသံကို ပို၍ အားထည့်ကာ သူက ပြောလိုက်၏။
“ငါက ကျင့်ကြံခြင်းလမ်းစဉ်ကို စွန့်လွှတ်ခဲ့သလို မင်းလည်း စွန့်လွှတ်ရမယ်... ဒါက ခက်ခဲမှန်း ငါ သိပါတယ်... ဒါပေမဲ့ လောကကြီးရဲ့ ကောင်းကျိုးအတွက် မင်းရဲ့ အနာဂတ်ကို မင်း စွန့်လွှတ်အနစ်နာခံရမယ်...”
စကားလုံးတိုင်းနှင့်အတူ ချင်းယီ၏ မျက်နှာအမူအရာ မှောင်မိုက်လာသည်ကို သတိမထားမိဘဲ သူက ဆက်ပြောနေလေသည်။
“မင်းရဲ့ သီလကို စင်ကြယ်အောင် ထိန်းသိမ်းထားပါ... ပြီးတော့ ဒီလောကကြီးကနေ ထွက်ခွာဖို့ အဆင်သင့်ဖြစ်တဲ့အခါ ဒီလမ်းစဉ်ကို လိုက်လျှောက်ဖို့ ဆန္ဒရှိပြီး ဒီညစ်ညမ်းတဲ့ သွေးမျိုးဆက်ိကို မသမာသူတွေလက်ထဲ မကျရောက်အောင် တားဆီးပေးနိုင်မယ့် ထိုက်တန်တဲ့ တပည့်တစ်ယောက်ကို ရှာဖွေပါ...”
“ဟုတ်ကဲ့ပါ ဆရာ... ဆရာ့ကို စိတ်ပျက်အောင် မလုပ်ပါဘူး... ပြီးတော့ လောကကြီး ဖောက်ပြန်ပျက်စီးသွားအောင်လည်း ကျုပ် ခွင့်မပြုပါဘူး...”
ချင်းယီက ပြောလိုက်၏။ သူ၏ လေသံက သန့်စင်ပြီး နူးညံ့နေသဖြင့် အဘိုးအိုထံမှ အပြုံးတစ်ခုကို ဆွဲဆောင်နိုင်ခဲ့ပေသည်။
သူက တကယ်ကို လေးစားစရာကောင်းသော တပည့်တစ်ဦးကို ရှာတွေ့ခဲ့ပြီ ဖြစ်လေသည်။
တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် အဘိုးအို ခေါင်းခါလိုက်၏။
ချင်းယီကို ပိုမိုလေ့ကျင့်ပေးချင်ခဲ့ပြီး အရာအားလုံးကို အတင်းအကျပ် မစွန့်လွှတ်ခိုင်းမီ သူ၏ လေးစားရသော တပည့်ဖြစ်သူအား အနည်းဆုံး အခြေတည် အဆင့်သို့ ရောက်ရှိစေချင်ခဲ့သော်လည်း အချိန်များ ကုန်ဆုံးနေပြီ ဖြစ်လေသည်။
သေလုဆဲဆဲ အခြေအနေတွင် သူ၏ သွေးမျိုးဆက်နှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံကို အမြန်ဆုံး လွှဲပြောင်းပေးရန် လိုအပ်နေပေသည်။
“စကြရအောင်... နည်းနည်းတော့ နာလိမ့်မယ်... ဒါပေမဲ့ မင်း ကြံ့ခိုင်ဖို့ လိုတယ်...” အဘိုးအိုက ပြောလိုက်၏။
“ကျုပ် ကြံ့ခိုင်အောင် နေပါ့မယ် ဆရာ...” ချင်းယီ ခေါင်းညိတ်လိုက်လေသည်။
နောက်တစ်စက္ကန့်မှာပင် သူ၏ ကျောပြင်ပေါ်ရှိ အေးစက်ပြီး အရေပြားတွန့်လိပ်နေသော လက်များ နွေးထွေးလာသည်ကို လူငယ်လေး ခံစားလိုက်ရပေသည်။
ရုတ်တရက် ချီစုစည်းခြင်း အဆင့်ခြောက်ရှိ သူ၏ ကျင့်ကြံခြင်းက ပျက်စီးသွားပြီး ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းက နာကျင်မှုကြောင့် အော်ဟစ်နေကြ၏။
ချင်းယီက ပါးစပ်ကို ဖွင့်ရန် ကြိုးစားလိုက်လေသည်။ သူ အော်ဟစ်ငိုယိုချင်ခဲ့သော်လည်း မတတ်နိုင်ခဲ့ချေ။
အခန်းထဲရှိ ချီစွမ်းအင်များ ပေါက်ကွဲထွက်သွားကာ မြေကြီး တုန်ခါသွားပြီး သူ၏ ခန္ဓာကိုယ် လေထဲသို့ မြင့်တက်သွားသည်နှင့်အမျှ အဘိုးအို၏ စွမ်းအားအားလုံးက သူ့ထံသို့ စီးဝင်လာပေသည်။
“သတိထား... မေ့မသွားနဲ့...”
မိုးကြိုးကဲ့သို့ ကျယ်လောင်သော ဆရာဖြစ်သူ၏ အသံက သူ့ကို နာကျင်မှုများထဲမှ ဆွဲထုတ်လိုက်သဖြင့် သွားများကို တင်းကျပ်စွာ ကြိတ်ကာ ရှိသမျှခွန်အားများဖြင့် သူ ခုခံနေလိုက်၏။
သူ၏ ပတ်ဝန်းကျင်ရှိ လေထု ငြိမ်သက်သွားသည်အထိ နာရီပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် ကြမ်းပြင်ပေါ်သို့ သူ လဲကျသွားလေသည်။
“ကျစ်...”
မတ်တတ်ရပ်လိုက်ရင်း ချင်းယီ ညည်းတွားလိုက်ပေသည်။
မကြာမီမှာပင် အဝတ်အစားများက သူ၏ ခန္ဓာကိုယ်တွင် တင်းကျပ်လာပြီး စုတ်ပြဲလုနီးပါး ဖြစ်နေကြောင်းကို သူ သတိထားမိလိုက်၏။
သက်ပြင်းတစ်ချက်ချကာ တဲအပြင်ဘက်သို့ သူ လှမ်းကြည့်လိုက်လေသည်။
နေ့လယ်ခင်းကတည်းက စတင်ခဲ့ကြသော်လည်း ယခုအခါ နောက်တစ်နေ့ အရုဏ်တက်ချိန်သို့ပင် ရောက်ရှိနေပြီ ဖြစ်ပေသည်။
နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် သူ၏ ဆရာဖြစ်သူ၏ မလှုပ်မယှက်ဖြစ်နေသော ခန္ဓာကိုယ်ကို ချင်းယီ မြင်တွေ့လိုက်ရ၏။ မျက်လုံးများ ပွင့်နေသော်လည်း ဗလာကျင်းနေပြီး ရင်ဘတ်ပေါ်တွင် အသက်ရှူနေသည့် လက္ခဏာ တစ်ခုမျှ မရှိတော့ချေ။
တစ်ခဏမျှ တွန့်ဆုတ်နေပြီးနောက် မြေကြီးပေါ်မှ တုတ်တစ်ချောင်းကို ချင်းယီ ကောက်ယူလိုက်လေသည်။
“ဆရာ... အသက်ရှင်သေးလား...”
တုတ်ဖြင့် ရုပ်အလောင်းကို သူ ထိုးကြည့်လိုက်ပေသည်။ ပထမတော့ ရင်ဘတ်ကို၊ ထို့နောက် မျက်နှာကို ဖြစ်၏။
အနည်းငယ် ခပ်ပြင်းပြင်း ဖိချလိုက်ရာ အဘိုးအို၏ ခန္ဓာကိုယ်က အနောက်ဘက်သို့ လဲကျသွားသဖြင့် သူ၏ နှလုံးသား တုန်ရီသွားသည်ကို ခံစားလိုက်ရလေသည်။
“သူ သေသွားပြီ...”
ချင်းယီက ပါးစပ်ကို အုပ်လိုက်ပြီး ထိတ်လန့်သွားသော မျက်နှာအမူအရာ ဖြစ်သွားကာ မထိန်းချုပ်နိုင်သော ရယ်မောသံများ ပေါက်ကွဲထွက်လာတော့သည်။
“လခွမ်း... နောက်ဆုံးတော့ ငါ လွတ်လပ်ပြီကွ...”
သူ၏ မျက်ဝန်းများတွင် စုဝေးနေသော မျက်ရည်များကို သုတ်ဖယ်ရင်း ဟိန်းဟောက်လိုက်၏။ ဆယ့်နှစ်နှစ်တိုင်တိုင် ခံစားခဲ့ရမှုတွေက နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီ။
သူ၏ ဘဝက လမ်းဘေးတွင် နေရခြင်း သို့မဟုတ် ကမ္ဘာမြေပေါ်တွင် ရုံးဝန်ထမ်းတစ်ဦး ဖြစ်ရခြင်းထက်ပင် ပိုဆိုးရွားခဲ့လေသည်။ ကျေးကျွန်တစ်ဦးအလား အလုပ်လုပ်ရပြီး အမြဲတမ်း စောင့်ကြည့်ခံနေရသည့်အောက်တွင် ရှင်သန်ခဲ့ရပေသည်။
အဲဒီ သောက်အဖိုးကြီးက ဂိုဏ်းတူအစ်မတစ်ယောက်ကို ခဏလောက် ကြာကြာလေး ကြည့်မိတာနဲ့တင် သူ့ကို သင်းကွပ်ဖို့အထိတောင် နီးစပ်ခဲ့သေးတာ။
အဲဒီအချိန်တုန်းက ချင်းယီက အသက်ဆယ်နှစ်ပဲ ရှိသေးတယ်။ နူးညံ့သိမ်မွေ့တဲ့ အစ်မကြီးကို ကလေးတစ်ယောက် ကြည့်တဲ့ အကြည့်ထဲမှာ အဲဒီအဘိုးကြီးက မကောင်းတဲ့ ရည်ရွယ်ချက်တွေကို ဘယ်လိုများ မြင်သွားရတာလဲ။
သူရဲ့ မျက်လုံးတွေက အဲဒီ ကြီးမားတဲ့ ရင်သားကြီးတွေပေါ် ရောက်နေရုံနဲ့ သူက နှာဘူးတစ်ယောက် ဖြစ်တယ်လို့ ဆိုလိုတာမှ မဟုတ်တာ။ အဲဒီနေရာကလွဲရင် တခြား ဘယ်ကို ကြည့်ရမှာလဲ။
အဲဒီ ဧရာမအရာကြီးတွေက အရမ်းကြီးမားလွန်းတယ်။ သူရဲ့ အတိတ်ဘဝက အကောင်းဆုံး ဆီလီကွန်ထည့်ထားတဲ့ ရင်သားတွေတောင်မှ သူမရဲ့ သဘာဝ ရင်သားတွေလောက် ပြီးပြည့်စုံမှု မရှိဘူး။
သူက အခြားကမ္ဘာကနေ ကူးပြောင်းလာတဲ့ နှာဘူးတစ်ယောက် မဟုတ်ဘဲ သန့်စင်တဲ့ လူငယ်လေးတစ်ယောက် ဖြစ်ကြောင်း ဆရာဖြစ်သူကို သက်သေပြဖို့ ချင်းယီ လပေါင်းများစွာ အချိန်ယူခဲ့ရလေသည်။
ဒါက ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်ပြီး သူ အများကြီး ခံစားခဲ့ရပေမယ့် ကြိုးစားအားထုတ်မှုတိုင်းက တန်ဖိုးရှိခဲ့ပေသည်။
မတ်တတ်ရပ်လိုက်ပြီး ကြေးမုံပြင်ထဲမှ သူ၏ ပုံရိပ်ကို အကဲခတ်လိုက်၏။
‘ဘုရားရေ... ဆရာပြောခဲ့တာထက်တောင် ငါက ပိုပြီး ချောမောနေပါလား...’
စိတ်ထဲမှ သူ အာမေဍိတ်သံ ပြုလိုက်လေသည်။
သူက စင်တီမီတာ နှစ်ဆယ်ကျော် ပိုမိုအရပ်ရှည်လာပြီး အရပ်အမောင်းက တစ်မီတာ ကိုးဆယ်အထိ ရောက်ရှိလာပေသည်။ သူ၏ မျက်ဝန်းများက စူးရှသော အသွင်အပြင်ကို ဆောင်လာပြီး မျက်နှာက ယောက်ျားပီသကြောင်း ငြင်းဆို၍မရနိုင်သော်လည်း နူးညံ့သိမ်မွေ့သော အသွင်အပြင်များ ပေါ်လွင်နေ၏။
သူ၏ နက်မှောင်သော မျက်ဝန်းများက ယခုအခါ ပခုံးအထိ ရှည်ကျနေသော ဆံပင်များနှင့် လိုက်ဖက်နေပေသည်။ အဝတ်အစားများအောက်တွင် ထုဆစ်ထားသကဲ့သို့ စွမ်းအားပြည့်ဝသော ကြွက်သားများကို သူ တွေ့ရှိလိုက်လေသည်။
သွေးမျိုးဆက်လွှဲပြောင်းခြင်း ထုံးတမ်းစဉ်လာ မတိုင်မီကလည်း ချင်းယီက အရုပ်ဆိုးခြင်း မရှိခဲ့သော်လည်း ယခုအခါ သူ၏ အပြုံးတစ်ချက်တည်းနှင့်ပင် မည်သည့်အမျိုးသမီး၏ နှလုံးသားကိုမဆို လွှမ်းမိုးနိုင်လောက်သည့် အလှတရားမျိုးကို ပြသနေပေသည်။
ယုံကြည်မှုရှိသော အပြုံးတစ်ခုနှင့်အတူ ချင်းယီက သူ၏ ဘောင်းဘီကြားသို့ လှမ်းကြည့်လိုက်ပြီး ထိုနေရာတွင် တွေ့ရှိရသော အရာ၏ အရွယ်အစားကို အားကျကြည်နူးစွာ ကြည့်လိုက်၏။
‘အရွယ်အစားက နှစ်ဆလောက် ကြီးသွားတာပဲ...’
အံ့အားသင့်စွာဖြင့် သူ တွေးလိုက်လေသည်။
စိတ်လှုပ်ရှားစွာ လမ်းလျှောက်ရင်း သူ၏ အဝတ်အစားများကို လဲလှယ်လိုက်ကာ ဆရာဖြစ်သူကဲ့သို့ စင်ကြယ်သော အဖြူရောင် ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်လိုက်ပေသည်။
ထိုအရောင်ကို သူ ပြောင်းလဲချင်ခဲ့သော်လည်း ထိုတဲလေးထဲရှိ အဝတ်အစားအားလုံးက ထိုကဲ့သို့ပင် ဖြစ်နေ၏။ ဆရာဖြစ်သူက “စင်ကြယ်တဲ့ ယောက်ျားတွေက အဖြူရောင်ပဲ ဝတ်ဆင်သင့်တယ်” ဟူသော အဓိပ္ပာယ်မရှိသည့် စကားများကို အမြဲပြောလေ့ရှိသောကြောင့် ဖြစ်လေသည်။
အသုံးဝင်မည်ဟု ထင်ရသော အရာအားလုံးကို ချင်းယီက ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး တဲထဲမှ ထွက်ခွာရန် ပြင်ဆင်လိုက်၏။
သို့သော် မထွက်ခွာမီ အဘိုးအို၏ ရုပ်အလောင်းကို သူ လှမ်းကြည့်လိုက်ပေသည်။
ရုပ်အလောင်းက ထူးဆန်းသော အနေအထားတစ်ခုတွင် ရှိနေပြီး သူတို့ ထိုင်နေခဲ့သော ကျောက်ခုံပေါ်မှ လဲကျနေကာ ခေါင်းက မြေကြီးကို ဖိကပ်လျက် ကျောပြင်က ခုံပေါ်တွင် ရှိနေပြီး တင်ပါးက အပေါ်သို့ မြင့်တက်နေလေသည်။
“သူ့ကို သေသေချာချာ သင်္ဂြိုဟ်ပေးသင့်တယ်...”
သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ရုပ်အလောင်းကို ကိုင်ကာ ရွှေ့ရန် ကြိုးစားလိုက်၏။
“ကျစ်... ဒီခွေးမသားက ဘာလို့ ဒီလောက် လေးနေရတာလဲ...”
အကြိမ်အနည်းငယ် ကြိုးစားပြီး မအောင်မြင်သောအခါ သူက ညည်းတွားလိုက်ပေသည်။
ထို့နောက် သူ၏ လက်ချောင်းများအောက်တွင် အိုမင်းနေသော အသားစိုင်များ ကျွံဝင်သွားသည်ကို ခံစားလိုက်ရသဖြင့် ရွံရှာစွာဖြင့် အလျင်အမြန် နောက်ဆုတ်လိုက်လေသည်။
ဆရာဖြစ်သူက ထိုညကမှ သေဆုံးသွားခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်က ရက်ပေါင်းများစွာ ဆွေးမြည့်နေခဲ့သည့်အလား ပုံပေါ်နေ၏။
ရွံရှာစက်ဆုပ်သော မျက်နှာအမူအရာဖြင့် ချင်းယီ ခေါင်းခါလိုက်ပေသည်။
သူက ကိစ္စတွေကို ပိုဆိုးသွားအောင် လုပ်လိုက်သလိုပင်။
ယခုအခါ အဘိုးအိုက ကြမ်းပြင်ပေါ်တွင် လုံးဝ မှောက်လျက်သား ဖြစ်နေပြီး သူ၏ မျက်နှာက စိုစွတ်နေသော ပျဉ်ပြားများထဲသို့ နစ်ဝင်နေကာ ကွေးနေသော ဒူးများက တင်ပါးကို စိတ်ကူးယဉ်စရာကောင်းအောင် မြင့်တင်ထားပေးလေသည်။
“ကျစ်... ရလောက်မှာပါ...”
ပျို့အန်ချင်စိတ်ကို ချင်းယီ တွန်းလှန်လိုက်ပြီး စောင်တစ်ထည်ကို ကောက်ယူကာ ဆရာဖြစ်သူ၏ ခန္ဓာကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်ပြီး တစ်ဖက်သို့ လှည့်ကြည့်လိုက်၏။
“ဆရာ့ရဲ့ သွန်သင်မှုတွေ အားလုံးအတွက် ဒီတပည့်က ကျေးဇူးတင်ပါတယ်...”
မထွက်ခွာမီ လေးစားသမှုဖြင့် လက်သီးကို ဆုပ်ကာ သူက ပြောလိုက်ပေသည်။
တဲထဲမှ အပြင်သို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ချိန်တွင် ချင်းယီကို ထူးဆန်းသော ဘာသာစကားဖြင့် စာသားများ ရေးသားထားသော အလင်းဖောက်မြင်ရသည့် မျက်နှာပြင်နှစ်ခုက ကြိုဆိုလိုက်သော်လည်း ထိုစာသားများကို သူက လုံးဝ နားလည်နိုင်ပုံရလေသည်။
၎င်းတို့ကို ကြည့်ရင်း သူ ပြုံးလိုက်၏။ နောက်ဆုံးတော့ သူ၏ ဒုက္ခတွေ ပြီးဆုံးသွားခဲ့ပြီပဲ...
[စနစ်အသိပေးချက်]။ ။ပိုင်ရှင်၏ ခန္ဓာကိုယ်ထဲတွင် ဖောက်ပြန်ပျက်စီးခြင်း နဂါးနတ်ဘုရား၏ သွေးမျိုးဆက်ကို အတည်ပြုနိုင်ပါပြီ။
[စနစ်အသိပေးချက်]။ ။ရမ္မက်စနစ်ကို သက်ဝင်လှုပ်ရှားစေပြီး သင်၏ သိမ်းပိုက်ခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်း ခရီးစဉ်ကို စတင်လိုပါသလား။