အခန်း (၃) - ကျွမ်းကျင်သူတစ်ဦး
‘{လိမ်လည်သူ}……’ ချီရှသည် ထိုစကားလုံးကို စိတ်ထဲတွင် အကြိမ်ကြိမ်အခါခါ ရွတ်ဆိုနေမိသည်။ သူ၏ ဝိသေသကို အတည်ပြုပြီးနောက်၊ သူသည် ကတ်ကို စားပွဲပေါ်တွင် မှောက်လျက် ပြန်တင်လိုက်ပြီး တည်ငြိမ်စွာပင် ရှိနေခဲ့သည်။ လွန်ခဲ့သော မိနစ်ပိုင်းကပင် သူသည်လူတိုင်းအသက်ရှင်လျက် ထွက်သွားနိုင်မည့်စိတ်ကူးယဉ်အိမ်မက်ကို မက်ခဲ့သေးသည်။ သို့သော် ထိုကိစ္စမှာ မဖြစ်နိုင်တော့ပေ။ သူ့ရှေ့မှ လူရှစ်ယောက်ကို သူ မသိသော်လည်း၊ သူတို့သည် သေရမည့်သူများ ဖြစ်လာကြပေတော့မည်။
"မင်းတို့မှာ ကန့်ကွက်စရာ မရှိရင်၊ ဒီဂိမ်းမှာ လိမ်ညာသူ တစ်ယောက်ပဲ ရှိတယ်ဆိုတာကို သတိရပေးပါ..." ဆိတ်ခေါင်းစွပ်ထားသော ပုံရိပ်သည် ချီရှ၏ ဘယ်ဘက်မှ ဆွဲဆောင်မှုရှိသော မိန်းကလေးကို လက်ညှိုးထိုးပြလိုက်သည်။ "ဒါဆို မင်းကစပြီး လက်ဝဲရစ် (နာရီလက်တံအတိုင်း) စကြရအောင်။"
"ဟင်? ကျွန်မလား?" ထိုမိန်းကလေးမှာ ခဏတာ ကြောင်သွားပြီးနောက် နှုတ်ခမ်းဆူကာ တုံ့ပြန်လိုက်သည်။
ချီရှသည် သူမ၏ဘယ်ဘက်မှ စတင်ကာ လက်ဝဲရစ်သွားခြင်းသည် သူ့အတွက် အကျိုးမရှိနိုင်ကြောင်း တွက်ဆလိုက်သည်။ အကြောင်းမှာ သူသည် နောက်ဆုံးမှ ပြောရမည့်သူ ဖြစ်သွားသောကြောင့်ပင်။ အလွန်အမင်း တင်းမာပြီး ဖိအားများသော အခြေအနေများတွင် လူများသည် ပထမဆုံးပြောသူနှင့် နောက်ဆုံးပြောသူကိုသာ မှတ်မိတတ်ကြသည်။ သို့သော် ဤစီစဉ်မှုကို မေးခွန်းထုတ်ခြင်းသည် သံသယဖြစ်စရာ ဖြစ်လာလိမ့်မည်။ ချီရှသည် ခြေလှမ်းတိုင်းကို သတိထားကာ တစ်လှမ်းချင်းစီသာ ဆက်သွားနိုင်တော့မည်ကို သဘောပေါက်လိုက်သည်။
သူ စဉ်းစားနေစဉ်အတွင်း ဆွဲဆောင်မှုရှိသော ထိုမိန်းကလေးမှာ မျက်မှောင်ကြုတ်ကာ မျက်လုံးဝိုင်းကြီးများဖြင့် ဟိုဒီကြည့်နေပြီးနောက် သက်ပြင်းချကာ သဘောတူလိုက်သည်။ "ကောင်းပြီလေ... ကျွန်မပဲ အရင်စမယ်။ ဒါပေမဲ့ ကျွန်မက ငယ်ငယ်ကတည်းက ပုံပြောတာ သိပ်မတော်ဘူး၊ အဆင်မပြေရင်လည်း ကျွန်မကို အပြစ်မတင်ကြနဲ့နော်..."
သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် နားနောက်မှ ဆံနွယ်တစ်စုကို သပ်တင်လိုက်ပြီး စတင်ပြောဆိုတော့သည်။ "ကျွန်မက ထျန်ထျန်ပါ၊ ပြီးတော့ ကျွန်မက... အင်း... ကျွမ်းကျင်လုပ်သားတစ်ယောက်ပါ။ ကျွန်မတို့က ကိုယ့်အရည်အချင်းနဲ့ကိုယ် ပိုက်ဆံရှာတာဆိုတော့ ရှက်စရာအကြောင်း မရှိဘူးလို့ ထင်တာပဲ။"
ထိုအခါမှသာ လူတိုင်းသည် ထျန်ထျန်၏ ဝတ်စားဆင်ယင်မှုကို သတိထားမိကြတော့သည်။ ရင်သားအစုံကို ပေါ်လွင်စေပြီး ဖုန်များပေနေသော စကတ်အတိုလေးကို ဝတ်ဆင်ထားသော်လည်း သူမကမူ ဂရုစိုက်ပုံမရပေ။
"ဖြစ်ခဲ့တာတွေက တကယ်တော့ ပြောပြဖို့ သိပ်မသင့်တော်လှဘူး... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကအလုပ်လုပ်နေရင်း ဒီကိုရောက်လာတာလို့ပဲ ဆိုပါတော့။ ဒါပေမဲ့ ကျွန်မအလုပ်အကြောင်းကိုဖော်ပြချက်ပေးဖို့ မေးရင်တောင် ကျွန်မ သိပ်မပြောတတ်ဘူး။ ဘယ်သူကများ ပညာတတ်နေရင် ကျွန်မလုပ်သလို အလုပ်မျိုး လုပ်မှာလဲ..."
"ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်မ ဒီကို မရောက်ခင်မှာ အလုပ်လုပ်နေတာပါ။ ဒါပေမဲ့ အဲ့ဒီဖောက်သည်က တကယ်ကို ထူးဆန်းတယ်... ကျွန်မတို့ဆီမှာ အလုပ်လုပ်ဖို့ နေရာရှိရက်နဲ့ သူက ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းအောင် ဆိုပြီး သူ့ကားထဲမှာပဲ လုပ်မယ်လို့ ဇွတ်ပြောနေတာ။ ဒါနဲ့ ပိုက်ဆံအတွက်ကြောင့် ကျွန်မလည်း သူနဲ့ လိုက်သွားခဲ့ရတယ်..."
"ကားထဲမှာ အလုပ်လုပ်ရတာ ဒါဟာ ကျွန်မအတွက် ပထမဆုံးပဲ။ ဒီလောက် အဆင့်မြင့်တဲ့ကားက အထဲမှာ ဒီလောက်ကျဉ်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မကြာခင်မှာပဲ ကျွန်မ တစ်ကိုယ်လုံး ချွေးတွေရွှဲလာတာပဲ။ အဲ့ဒီလို ကျဉ်းကျပ်တဲ့နေရာမှာ ဘာတွေစိတ်လှုပ်ရှားဖို့ကောင်းနေလဲဆိုတာ ကျွန်မ တကယ် နားမလည်နိုင်ဘူး။ အဲ့ဒီအချိန်မှာပဲ ဖောက်သည်ရဲ့ ဖုန်းက တောက်လျှောက် မြည်နေပေမဲ့ သူက ဖုန်းမကိုင်ဘူး။ ကျွန်မ တကယ် စိတ်တိုသွားတယ်..."
ထျန်ထျန်သည် ဖောက်သည်အပေါ် ဒေါသတကြီး ဆဲဆိုတော့မည့်ပုံ ပေါက်နေသော်လည်း၊ သူမ၏ အကြည့်မှာ စားပွဲပေါ်မှ သေဆုံးနေသော အလောင်းပေါ်သို့ မတော်တဆ ရောက်သွားသည်။ သူမ လန့်သွားသော်လည်း အသက်ပြင်းပြင်းရှူကာ စိတ်ကို ပြန်ထိန်းပြီး ဆက်ပြောသည်။
"ဟူး... ထားလိုက်ပါတော့၊ ဒါက ကျွန်မရွေးချယ်ခဲ့တဲ့ အလုပ်ဆိုတော့လည်း ဘာမှမတတ်နိုင်ဘူးလေ။ ဒါပေမဲ့ ရုတ်တရက်ကြီး ငလျင်လှုပ်လာမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ အစကတော့ ကျွန်မတို့ လှုပ်ရှားတာ အရမ်းပြင်းလို့ ကားက ခါယမ်းနေတာလို့ ထင်နေတာ။ တကယ်တမ်း ငလျင်လှုပ်တာလို့ ဘယ်သူ သိမှာလဲ?"
ငလျင်ဆိုသော စကားလုံးကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာတွင် အမှတ်တရတစ်ခုခုကို ပြန်သတိရသွားသကဲ့သို့ သိသာသော ပြောင်းလဲမှုတစ်ခု ဖြစ်သွားသည်။
"ကျွန်မတို့ကားက လမ်းကြားထဲမှာ ရပ်ထားတာ... ကားအပေါ်တည့်တည့်မှာ ဆိုင်းဘုတ်အကြီးကြီး တစ်ခုရှိတယ်။ အဲ့ဒီအချိန်မှာ ကျွန်မ ခေါင်းက ကားအပြင်ကို ရောက်နေတော့ အဲ့ဒါကို လှမ်းမြင်လိုက်ရတယ်" ထျန်ထျန်သည် သူမ၏ ဦးခေါင်းထိပ်ကို လက်ညှိုးထိုးပြရင်း တုန်ရင်သော အသံဖြင့် ပြောသည်။ "ဘယ်လိုဖြစ်တယ်ဆိုတာတော့ မသိဘူး၊ အဲ့ဒီ ဆိုင်းဘုတ်ကြီးက ဂလောင် ဆိုတဲ့ အသံကြီးနဲ့အတူ ကျိုးကျလာပြီး ကားပေါ်ကို တည့်တည့်ကြီး ကျလာတော့တာပဲ။ အဲ့ဒီနောက်မှာတော့ ကျွန်မ သတိလစ်သွားခဲ့တယ်။"
သူမ သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီး "ကျွန်မ နိုးလာတော့ ဒီနေရာကို ရောက်နေတာပဲ။ သေမတတ် ကြောက်သွားတာပဲ..." ဟု ဆိုသည်။
ထျန်ထျန်၏ စိတ်မကောင်းဖြစ်နေသော အမူအရာမှာ ကြိုတင်လေ့ကျင့်ထားပုံ ရသော်လည်း မည်သည့်ယောကျ်ားကိုမဆို စိတ်လှုပ်ရှားစေနိုင်သည့် ဆွဲဆောင်မှုမျိုး ရှိနေသည်။
တက်တူးထိုးထားသောလူမှာ ခေတ္တမျှ ကြောင်အသွားပြီးမှ စကားစလာသည်။ "အားလုံးပဲ၊ ဆက်ပြောဖို့ လိုသေးလို့လား?"
ဝတ်စုံဖြူနှင့်လူက အံ့သြသွားဟန်ဖြင့် တက်တူးနှင့်လူကို ကြည့်လိုက်သည်။ "ခင်ဗျား ဘာကို ဆိုလိုတာလဲ?"
"ဒီ အမျိုးသမီးငယ် က လိမ်နေပြီ၊ ငါတို့အားလုံး သူမကိုပဲ မဲပေးရုံပဲ" ဟု တက်တူးနှင့်လူက တည်ကြည်စွာ ကြေညာလိုက်သည်။
"ရှင်...! ဘာကို ဆိုလိုတာလဲ?!" ထျန်ထျန် လန့်သွားသည်။ "ကျွန်မ ဘယ်မှာ လိမ်လို့လဲ?"
တက်တူးနှင့်လူက ထျန်ထျန်ကို တင်းမာသော အကြည့်ဖြင့် ကြည့်ကာ "မင်းရဲ့ နာမည်လေ။ မင်းက ထျန်ထျန်လို့ ပြောတယ်၊ ဒါပေမဲ့ အဖော်အမျိုးသမီးတွေ အားလုံးက ထျန်ထျန်၊ ရှောင်ဖန်းဒါမှမဟုတ် လီလီလို နာမည်ပွားတွေကိုပဲ သုံးကြတာ။ ဒါတွေက သုံးနေကျ နာမည်အတုတွေပဲ၊ ဒါကြောင့် မင်းရဲ့ နာမည်အရင်းကို ဖျောက်ထားတာက လိမ်နေတာပဲ"
ထိုစကားကြောင့် ထျန်ထျန်၏ မျက်နှာမှာ နီမြန်းသွားသည်။ "ရှင်... ဘာတွေ လျှောက်ပြောနေတာလဲ? ကျွန်မနာမည်က တကယ် ထျန်ထျန် ပါ! ကျွန်မ နာမည်အရင်းကို မသုံးတာ နှစ်ပေါင်းများစွာ ကြာလှပြီ!" သူမ စကားအဆုံးတွင် လူတိုင်းကို လှည့်ကြည့်ကာ "ကျွန်မ အလုပ်လုပ်တဲ့နေရာမှာ ထျန်ထျန်လို့ ခေါ်မှပဲ လူတွေက သိကြတာ၊ ဘယ်သူမှ ကျွန်မ နာမည်အရင်းကို မသိကြဘူး!"
ထိုနောက်တွင် ခဏတာ တိတ်ဆိတ်သွားပြီး လူတိုင်း စဉ်းစားနေကြစဉ် ချီရှ၏ မျက်နှာမှာမူ တည်ကြည်သွားသည်။ ချီရှသည် ထျန်ထျန်၏ စကားများတွင် မည်သည့် လိမ်ညာမှုကိုမျှ ရှာမတွေ့ပေ။ သူမ ပြောပုံမှာ တည်ငြိမ်ပြီး အေးဆေးသည်။ သူငယ်ချင်းများဖြင့် စကားစမြည် ပြောနေသကဲ့သို့ပင်။ ဤသို့ ပြောဆိုပုံမျိုးမှာ ဖြစ်နိုင်ခြေ နှစ်ခု ရှိသည်။ သူမသည် ဤဇာတ်လမ်းကို ကြိုတင်လုပ်ကြံ လေ့ကျင့်ထားခြင်း ဖြစ်နိုင်သလို၊ သို့မဟုတ် အမှန်အတိုင်း ပြောနေခြင်းလည်း ဖြစ်နိုင်သည်။
သို့သော် အခုတော့ တက်တူးနှင့်လူက ချီရှကို အကြံတစ်ခု ပေးလိုက်သလို ဖြစ်သွားသည်။။ နာမည်ပွားကို အသုံးပြုခြင်းသည် ကျိုးကြောင်းဆီလျော်မှုကို ချိန်ညှိနေစရာ မလိုဘဲ သာမန်လူများအနေဖြင့် စကားအမှားကို ရှာတွေ့ရန် ခက်ခဲစေသည်။ အမှန်တော့ သူတို့အားလုံးသည် တစ်ခါမှ မဆုံဖူးကြဘဲ တစ်ဦးနှင့်တစ်ဦး၏ မည်သူမည်ဝါဖြစ်ကြောင်းကို ပြောပြသည့် ဇာတ်လမ်းများမှတစ်ဆင့်သာ သိနိုင်ကြသည်။
ချီရှသည် ဆိတ်ခေါင်းစွပ်လူ၏ ညွှန်ကြားချက်ကို သေချာပြန်စဉ်းစားလိုက်သည်။ သူက ပုံပြောသူအားလုံးထဲမှာ တစ်ယောက်က အမှန်အတိုင်း ပြောမှာမဟုတ်ဘူးဟု ပြောခဲ့ခြင်းဖြစ်သည်။ ဤစည်းကမ်းသည် လိမ်ညာသူသည်ဇာတ်လမ်းအတု တစ်ခုလုံးကို လုပ်ကြံရမည်ဟု သတ်မှတ်မထားပေ။ ဆိုလိုသည်မှာ နာမည်အတုကို အသုံးပြုခြင်းသည်လည်း လိမ်ညာခြင်းပင် ဖြစ်သည်။
သူမအပေါ် သံသယများ ရှိနေသည်ကို မြင်သောအခါ ထျန်ထျန်၏ မျက်လုံးများ ပြူးသွားပြီး သိသိသာသာ ထိတ်လန့်သွားပုံရသည်။ "တကယ်လို့... တကယ်လို့ ရှင်တို့ မယုံသေးရင်၊ ကျွန်မရဲ့ နာမည်အရင်းက ကျန်းလီကျွမ်းပါ... ကျွန်မက ရှန်ရှီးပြည်နယ်က... ရှင်တို့ ကျွန်မ နာမည်အရင်းနဲ့ ခေါ်ကြည့်လို့ ရပါတယ်၊ ကျွန်မ ထူးမှာ မဟုတ်ဘူး။ ကျွန်မကထျန်ထျန်ဆိုတဲ့ နာမည်ကိုပဲ ပြန်ထူးတတ်တာ... ကျွန်မ... ကျွန်မ..."
ဤသည်ကို ကြားလိုက်ရသောအခါ ချီရှသည် စိတ်ထဲမှ ခေါင်းခါမိသည်။ ဤအမျိုးသမီးသည် သူထင်သလောက် မလိမ္မာပေ။ သူမအနေဖြင့် ဤလိမ်ညာမှုကို ကြိုတင်ပြင်ဆင်ထားရန် မဖြစ်နိုင်သလို၊နာမည်ပွားနည်းဗျူဟာကိုလည်း ရုတ်တရက် မစဉ်းစားနိုင်ပေ။
ဆိတ်ခေါင်းစွပ်လူကဒီဂိမ်းမှာ လိမ်ညာသူ တစ်ယောက်ပဲ ရှိတယ်လို့ ပြောထားပြီး၊ ထိုလူမှာ ချီရှ ကိုယ်တိုင်သာ ဖြစ်နိုင်သည်။ အကယ်၍ ထျန်ထျန် နာမည်ကိစ္စ၏ အရေးပါမှုကို မည်သူမျှ သတိမထားမိလျှင် သူသည် အနိုင်ရရန်အတွက် အပိုင်နည်းလမ်းတစ်ခုကို ရှာတွေ့သွားပြီဖြစ်သည်။ အကယ်၍ သူသာ နာမည်အတုတစ်ခု သုံးမည်ဆိုလျှင် {ချီ} (Qi) ဆိုသော မျိုးရိုးနာမည်သည် သုံးရန် အကောင်းဆုံး မဟုတ်ပေ။ ရှားပါးလှသည်မဟုတ်သော်လည်း အလွန်အမင်း အတွေ့ရများသည့် နာမည်မျိုးလည်း မဟုတ်ပေ။ မှတ်ရလွယ်သော နာမည်များကို ရှောင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
အဓိကအချက်မှာ သူပြောမည့် ဇာတ်လမ်းတစ်လျှောက်တွင် အချက်အလက်တိုင်းသည် တတ်နိုင်သမျှ အာရုံစိုက်မှု နည်းရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် လီမင်ဆိုသော နာမည်ကို သုံးရန် ဆုံးဖြတ်လိုက်သည်။ ဤသို့လုပ်ခြင်းဖြင့် သူသည် ကျန်ရှိသော ဇာတ်လမ်းကို သဘာဝကျကျ ဆက်ပြောသွားနိုင်ပြီး၊ အတော်ဆုံး လေ့လာစောင့်ကြည့်သူတောင်မှ မည်သည့်အမှားအယွင်းကိုမျှ ရှာတွေ့နိုင်မည် မဟုတ်ပေ။
မကြာခင်မှာပဲ ဂိမ်းက အဆုံးသတ်သွားတော့မည်။