ENSurvival Game, I Have a Divine Tip
ဇာတ်ညွှန်း
ဆန်းကြယ်သော တယ်လီပို့တံခါးကြီး
ပေါ်ပေါက်လာပြီးနောက် လူသားအားလုံးသည် အန္တရာယ်များလှသော "တခြားကမ္ဘာ" သို့ ပို့ဆောင်ခြင်း ခံရသည်။
တွန့်လိမ်သစ်တောများ၊ စုန်းမှော်ဆရာများ၏ ယဇ်ပလ္လင်များ၊ ရှေးဟောင်းဘုရားသခင် ဂူများနှင့်
သဘာဝဘေးအန္တရာယ် ခံတပ်များ စသည့် စိန်ခေါ်မှုကမ္ဘာများအတွင်း ရက်ပေါင်း ၃၀
အသက်ရှင်ကျန်ရစ်ပါက လိုချင်သမျှ စွမ်းအားနှင့် ကြွယ်ဝမှုများကို ရရှိနိုင်သည်။
အခြားသူများ အသက်လု
ထွက်ပြေးနေရချိန်တွင် မင်းသား လင်းယု
ကတော့ " နတ်ဘုရားအဆင့် အကြံပေးစနစ်”ကို ရရှိခဲ့သည်။ ထိုစနစ်က အန္တရာယ်များ၏ အားနည်းချက်များ၊
လျှို့ဝှက်ချက်များနှင့် အကောင်းဆုံး လမ်းကြောင်းများကို ကြိုတင်သတိပေးသည်-
[အရှေ့က သစ်ပင်ခြောက်ကြီးက တကယ်တော့
သက်ရှိပဲ...ဝိညာဉ်စွမ်းအားတွေအစုပ်မခံချင်ရင် အနားမကပ်ပါနဲ့။]
[ဒီဝက်ဝံမှာ ပြင်းထန်တဲ့
အရေပြားရောဂါ ရှိတယ်... သူ့ကို ကူညီရှင်းလင်းပေးရင် သူ သသေဆုံးခြင်းဖြင့် ဆုလက်ဆောင်များရရှိကာ ပြန်လည်ကျေးဇူးဆပ်လိမ့်မယ်။]
[ဒါက အထူးအဆင့် မိစ္ဆာပဲ...
ချက်ချင်း ပြန်လှည့်ပြေးတာ အကောင်းဆုံးပါပဲ၊ ခုခံလို့ ရမှာ မဟုတ်ဘဲ သူ့ကို
ပိုစိတ်လှုပ်ရှားစေပါလိမ့်မယ်။]
ဒီစနစ်၏ ကူညီမှုကြောင့် လင်းယူသည်
ခက်ခဲမှုအဆင့်မြင့် ဂိမ်းကမ္ဘာများကို လွယ်ကူစွာ ကျော်ဖြတ်နိုင်ခဲ့ပြီး၊
အဆင့်မြင့် ပစ္စည်းများနှင့် သားရဲအဖော်များ
(ဖူလာဝါ အမည်ရှိ ပန်းပင်သားရဲလေး) ကို ရရှိကာ
အမှတ်ပေါင်း ၅၆,၆၇၀ ဖြင့် တစ်ကမ္ဘာလုံးတွင် ပထမဆုံး အဆင့်ကျော်ဖြတ်နိုင်သူ
ဖြစ်လာခဲ့သည်။ လင်းယု၏ အောင်မြင်မှုကြောင့် တစ်ကမ္ဘာလုံးရှိ နိုင်ငံများမှာ
အံ့အားသင့်သွားခဲ့ကြပြီး ကမ္ဘာလုံးဆိုင်ရာ ဂိမ်းယှဉ်ပြိုင်မှုခေတ်သစ်ကြီး တရားဝင်
စတင်သွားခဲ့ရတော့သည်။
မှတ်ချက်(“Solo leveling” လိုမျိုး level up တာတွေ မိစ္ဆာများနှင့် ချသည့် အခန်းများပါဝင်ပါသည်။)