အပိုင်း (၃)
မိဘမဲ့ဂေဟာကနေ ထွက်ပြေးလာပြီးနောက်၊ အယ်လ်ဟာ မြို့ငယ်လေးတစ်ခုရဲ့ လက်နက်ဆိုင်ကနေ သာမန်ဓားတစ်လက်ကို ခိုးယူခဲ့တယ်။ အဲဒီနောက် သူ့ရဲ့ အာရုံခံ ဟာကီကို အသုံးပြုပြီး ကျွန်းပေါ်က သစ်တောဧရိယာဆီ သွားကာ သုံးနှစ်တာ လေ့ကျင့်ခန်းကို စတင်ခဲ့တယ်။
အယ်လ်က အစပိုင်းတုန်းကတော့ သူဟာ ရှာလော့လင်းလင်း (Charlotte Linlin/Big Mom) လိုမျိုး မိစ္ဆာတစ်ကောင် ဖြစ်လာလိမ်မမယ်လို့ ထင်ခဲ့မိတယ်။ ဘာလို့လဲဆိုတော့ သူဟာ ငယ်စဉ်ကတည်းက စားနိုင်သောက်နိုင်မှု အလွန်ကြီးမားခဲ့သည်တိုင်အောင် ဒီကမ္ဘာကို ရောက်လာခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်းမှာ ဘယ်တုန်းကမှ ဝလင်အောင် မစားခဲ့ရလို့ပါပဲ။ ဒါပေမဲ့ အသက် ၅ နှစ်အရွယ်မှာတော့ သူဟာ ရှာလော့လင်းလင်းနဲ့ မတူဘူးဆိုတာကို အယ်လ် တွေ့ရှိသွားခဲ့တယ်။ သူဟာ သာမန်ဇနီးမောင်နှံကနေ မွေးဖွားလာသူဖြစ်ပြီး၊ အသက် ၅ နှစ်အရွယ်အရောက်မှာလည်း ဧရာမလူသားလေး တစ်ယောက်နဲ့ မတူနေတာကြောင့် သူဟာ တခြားအမျိုးအစားဝင် မိစ္ဆာတစ်ကောင် ဖြစ်ရမယ်လို့ နားလည်သွားခဲ့တယ်။
မိစ္ဆာတွေမှာလည်း မတူညီတဲ့ လက္ခဏာရပ်တွေ ရှိကြတယ်။ ရှာလော့လင်းလင်းရဲ့ ခန္ဓာကိုယ်က မွေးရာပါ အင်အားကြီးမားပြီး ဘယ်အရာနဲ့မှ ထိုးဖောက်လို့မရအောင် မာကျောတယ်။ သူမ အသက် ၅ နှစ်အရွယ်မှာတင် ဘီလူးကြီးတွေရဲ့ နံရိုးတွေကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်ချိုးနိုင်ပြီး သူတို့ရဲ့ ဓားချက်တွေကိုလည်း နည်းနည်းလေးတောင် မမှုခဲ့ပါဘူး။
သူမရဲ့ ကြီးမားလှတဲ့ ခွန်အားကြောင့်ပဲ ရှာလော့လင်းလင်းရဲ့ စားနိုင်သောက်နိုင်မှုက အံ့မခန်းဖြစ်ခဲ့ပြီး အသက် ၅ နှစ်အရွယ်မှာတင် ဧရာမလူသားလေး တစ်ယောက် ဖြစ်လာခဲ့တာပါ။ အခြားတစ်ဖက်မှာတော့ အယ်လ်ရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှုက သာမန်ကလေးတွေထက် နည်းနည်းပဲ ပိုမြန်ပြီး ရှာလော့လင်းလင်းလောက် မမြန်ဆန်ခဲ့ပါဘူး။
ပုံမှန် ဖွံ့ဖြိုးမှုကြောင့်ပဲလားတော့ မသိဘူး၊ အယ်လ်မှာ အဲဒီလောက် ကြီးမားတဲ့ ခွန်အား လက္ခဏာရပ်တွေ မရှိသလို၊ ထိုးဖောက်မရတဲ့ မာကျောမှုမျိုးလည်း မရှိခဲ့ဘူး။ ဒါပေမဲ့ သူ့ဆီမှာ လူနည်းစုသာ ကျွမ်းကျင်နိုင်တဲ့ ဇီဝကမ္မထိန်းချုပ်ခြင်း (Life Return - Seimei Kikan) စွမ်းရည် ရှိနေတယ်။
(Life Return - Seimei Kikan ဆိုတာ CP9 members တွေ အသုံးပြုတဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သားတွေ ဆံပင်တွေ အစာချေဖျက်စနစ် တွေ အစရှိတဲ့ အရာတွေကို လိုသလို ထိန်းချုပ်နိုင်တဲ့ စွမ်းအင်ဖြစ်ပါတယ်)
ဒါက အာရုံခံ ဟာကီနဲ့ အလွန်သန်မာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသလိုမျိုးပါပဲ။ ဇီဝကမ္မထိန်းချုပ်ခြင်း ပါရမီကို မွေးရာပါ ပိုင်ဆိုင်ထားတယ်ဆိုတာ မွေးကတည်းက ကိုယ့်ခန္ဓာကိုယ်ကို ပြီးပြည့်စုံအောင် ထိန်းချုပ်နိုင်စွမ်း ရှိတာကို ဆိုလိုတယ်။ ဒါ့အပြင်၊ ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ သတိထားပြီး အာရုံစိုက်ရတဲ့ သာမန် ဇီဝကမ္မထိန်းချုပ်ခြင်းတွေနဲ့ မတူဘဲ၊ အယ်လ်ရဲ့ ဇီဝကမ္မထိန်းချုပ်ခြင်းက သတိကပ်ပြီး ထိန်းချုပ်နေစရာ မလိုပါဘူး။
သူ ငယ်ငယ်တုန်းက ဂေဟာအုပ်ထိန်းသူရဲ့ ရိုက်နှက်မှုကို အယ်လ်က အမှုမထားခဲ့ဘူး။ ဒါဟာ ဇီဝကမ္မထိန်းချုပ်ခြင်းရဲ့ အသိစိတ်မဲ့စွာ ခန္ဓာကိုယ်ကို သန်မာစေတဲ့ စွမ်းရည်ကြောင့်ပါပဲ။ အရိုက်ခံရတဲ့ အစိတ်အပိုင်းရဲ့ ကာကွယ်နိုင်စွမ်းကို ခန္ဓာကိုယ်က လုပ်ဆောင်နိုင်သမျှ အမြင့်ဆုံးအထိ မြှင့်တင်လိုက်ပြီး၊ သံမဏိတုံး နဲ့ စက္ကူ တို့လိုပဲ သူ့အပေါ် ကျရောက်လာတဲ့ အင်အားတွေကို လျစ်လျူရှုတာ ဒါမှမဟုတ် လျော့ကျသွားအောင် လုပ်ပစ်လိုက်တာ ဖြစ်တယ်။
ဒီလက္ခဏာရပ်က ရိုကုရှီကီ သိုင်းခြောက်ကွက် (Six Styles - Rokushiki) ရဲ့ သီးသန့်စွမ်းရည်လို့တောင် ပြောလို့ရပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကို အမြင့်ဆုံးအထိ ထိန်းချုပ်နိုင်တဲ့ ဒီစွမ်းရည်ကြောင့်ပဲ၊ ဒီလောက် ငယ်ရွယ်တဲ့ အသက်မှာ ကြောက်မက်ဖွယ် ဓားသိုင်းပါရမီကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ အခြေခံ ဓားသိုင်းကို တစ်ခါကြည့်ရုံနဲ့ တတ်မြောက်နိုင်ခဲ့တာ ဖြစ်တယ်။
ဒါ့အပြင် ဒဏ်ရာဘယ်လောက်ပဲ ပြင်းထန်ပါစေ၊ သူဟာ မန်းကီး ဒီ လူဖီ (Monkey D. Luffy) လိုမျိုး အစားအသောက် စားလိုက်တာနဲ့ အမြန်ဆုံး ပြန်လည်သက်သာလာနိုင်တယ်။ အာရုံခံ ဟာကီ၊ ဇီဝကမ္မထိန်းချုပ်ခြင်းနဲ့ အလွန်အားကောင်းတဲ့ ဓားသိုင်းပါရမီ။
အယ်လ်ဟာ ဝမ်းပိစ် ကမ္ဘာကို ကူးပြောင်းလာပြီး System လိုမျိုး လွယ်ကူတဲ့ အထောက်အပံ့ မျိုး မရှိပေမယ့်လည်း၊ သူ့ရဲ့ ပါရမီတွေက အဲ့လိုမျိုးထဲက တစ်ခု ရှိနေတာနဲ့ အတူတူပါပဲ။
အကယ်၍ သူသာ ရေတပ်ထဲကို ရောက်သွားခဲ့ရင်၊ အနာဂတ်မှာ သေချာပေါက် ရေတပ်ဗိုလ်ချုပ်ကြီး (Admiral) ဒါမှမဟုတ် စစ်သေနာပတိချုပ် (Fleet Admiral) အဆင့်ကို ရောက်ရှိမှာ ဖြစ်တယ်။ အကယ်၍ သူ့ကို CP အဖွဲ့အစည်း (CP Organization) ဆီ ပို့လိုက်ရင်၊ သူဟာ ကောင်းကင်နဂါးမျိုးနွယ် (Celestial Dragon) တွေရဲ့ အသန်မာဆုံး ဒိုင်းကာကြီး ဖြစ်လာနိုင်တယ်။ အကယ်၍ ပင်လယ်ဓားပြသာ ဖြစ်လာခဲ့ရင်တော့၊ သူ့ရဲ့ အနာဂတ်ဟာ ဧကရာဇ်လေးပါး (Four Emperors) အဆင့် ဒါမှမဟုတ် အဲဒီထက်တောင် ပိုပြီး အစွမ်းထက်တဲ့ တည်ရှိမှုမျိုး ဖြစ်လာမှာ အသေအချာပါပဲ။
ပါရမီ သုံးခုနဲ့အတူ၊ အယ်လ်ဟာ အသက် ၆ နှစ်အရွယ်မှာပဲ အဲဒီသစ်တောကြီးရဲ့ သားရဲဘုရင် ဖြစ်လာခဲ့တယ်။ တိရစ္ဆာန်အားလုံးက သူ့ရဲ့ အစားအစာတွေချည်းပါပဲ။ အသက် ၈ နှစ်အရွယ်မှာတော့ အယ်လ်ဟာ သူ ၈ နှစ်တိုင်တိုင် နေထိုင်ခဲ့တဲ့ ကျွန်းလေးကနေ နောက်ဆုံးတော့ ထွက်ခွာလာခဲ့ပြီ... အဲဒါကလည်း ရေကူးပြီးတော့ထွက်လာရတာပါ။
ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်းမှာ၊ အယ်လ်ဟာ ဇီဝကမ္မထိန်းချုပ်ခြင်း စွမ်းရည်ကြောင့် ဘယ်လောက်ပဲ စားစား စွမ်းအင်အဖြစ် ပြောင်းလဲသွားစေတဲ့ မိစ္ဆာတစ်ကောင်လို ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ပိုင်ဆိုင်ထားခဲ့တယ်။
သစ်တောထဲက သားရဲဘုရင် ဖြစ်လာပြီးတဲ့နောက်၊ သူ့ရဲ့ ပြိုင်ဘက်တွေက ကုန်းနေသတ္တဝါတွေကနေ ရေနေသတ္တဝါတွေအဖြစ် ပြောင်းလဲသွားခဲ့တာ ကြာပါပြီ။ သူဟာ သူ့ရဲ့ ရေကူးနိုင်စွမ်း ကန့်သတ်ချက်ကို တစ်ကြိမ်မက စိန်ခေါ်ခဲ့တယ်။
ကမ္ဘာကြီးအတွက် အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ ပင်လယ်ကြီးဟာ အယ်လ်ရဲ့ မျက်လုံးထဲမှာတော့ လုံးဝ စိန်ခေါ်မှု မရှိဘူးဆိုတာ ထင်ရှားလာတယ်။ သူ ပင်ပန်းတဲ့အခါ၊ သူ့ရဲ့ အာရုံခံ ဟာကီ ကျေးဇူးနဲ့ ပင်လယ်ပြင်ပေါ်မှာ အိပ်စက်တယ်။ ဒါတင်မကသေးဘူး၊ သူဟာ လူဖီရဲ့ အိပ်ရင်း စားနိုင်တဲ့ စွမ်းရည်လိုမျိုးပဲ၊ အိပ်ရင်း ရေကူးနိုင်တဲ့ စွမ်းရည်ကိုပါ ဖော်ထုတ်နိုင်ခဲ့တယ်။
သူ့ကို လာတိုက်မိမယ့်၊ ဒါမှမဟုတ် တိုက်မိတော့မယ့် အရာတွေက အသက်အန္တရာယ် မပေးနိုင်ဘူးဆိုရင်၊ အသက် နှစ်နှစ်အရွယ်တုန်းက အရိုက်ခံရစဉ်ကလိုပဲ ခန္ဓာကိုယ်က အလိုအလျောက် ခုခံကာကွယ်မှုမျိုး လုပ်ဆောင်ပါတယ်။ အကယ်၍ အသက်အန္တရာယ်ရှိမယ့် အခြေအနေမျိုးဆိုရင်တော့၊ အာရုံခံ ဟာကီက အယ်လ်ကို နှိုးပေးပါလိမ့်မယ်။
ဒါပေမဲ့... အယ်လ်ဟာ ပင်လယ်ပြင်ပေါ်မှာ ရှိနေစဉ်၊ ကြီးမြတ်သော ပင်လယ်ဓားပြခေတ်ကြီးရဲ့ နှစ်ခြင်းခံခြင်း လို့ ဆိုရမယ့် ပင်လယ်ဓားပြတွေဆီက အမြောက်ဆံနဲ့ တိုက်ခိုက်မှုကို သူ ခံရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။
အဲဒီ အမြောက်ဆံက အယ်လ်ကို အိပ်ရာကနေ နိုးသွားစေပြီး၊ အာရုံခံ ဟာကီနဲ့ အရာအားလုံးကို နားလည်သွားစေကာ ချက်ချင်းပဲ ဒေါသထွက်သွားစေတယ်။
ပင်လယ်ဓားပြသင်္ဘောကို သူ့သင်္ဘောအဖြစ် သိမ်းယူဖို့တောင် မစဉ်းစားတော့ဘဲ၊ အယ်လ်ဟာ ရေအောက်ကို ငုပ်ဆင်းကာ ပင်လယ်ဓားပြသင်္ဘောရဲ့ အောက်ခြေကို ကူးသွားပြီး၊ သင်္ဘောကို ဓားတစ်ချက်တည်းနဲ့ နှစ်ပိုင်းပြတ်အောင် ခုတ်ပိုင်းပစ်လိုက်တယ်။
ပင်လယ်ထဲကနေ ပြန်ပေါ်လာပြီးနောက်၊ အယ်လ်ဟာ ဓားကိုကိုင်ကာ ပင်လယ်ထဲကနေ ထွက်ပေါ်လာတဲ့ ပင်လယ်ဓားပြတွေကို သူ့ရဲ့ အာရုံခံ ဟာကီနဲ့ ပစ်မှတ်လော့ခ် (Lock) ချလိုက်တယ်။
ရွှမ်း—
ခေါင်းတစ်လုံး ရေထဲက ပေါ်လာတာနဲ့ တစ်ပြိုင်နက်၊ အယ်လ် က ဖိသိပ်ထားတဲ့ လေဓားသွား ပုံစံမျိုးနဲ့ အလွန်အားကောင်းတဲ့ ဖိအားနဲ့ ချက်ချင်းပိုင်းချလိုက်တယ်။ အမြင့် ဆယ်မီတာနီးပါးရှိတဲ့ အပြာရောင် လေခွဲဓားချက် (Flying Slash) ဟာ ပင်လယ်ဓားပြရဲ့ ခေါင်းကို ချက်ချင်း နစ်မြုပ်သွားစေတယ်။ ပင်လယ်ရေပြင်ပေါ်မှာ အကျယ်နဲ့ အနက် မီတာအနည်းငယ်ရှိတဲ့ ချောက်ကမ်းပါးတစ်ခုကို ခုတ်ပိုင်းလိုက်ပြီး၊ မီတာရာချီအထိ ပြန့်နှံ့သွားစေတယ်။
ဆယ်စက္ကန့်ကျော်ကြာလို့ ရေပြင်က ဓားချက်ကြောင့်ဖြစ်ပေါ်သွားတဲ့ ချောက်ကြီး ပျောက်ကွယ်သွားတဲ့အခါ၊ ရေပေါ်ထွက်လာတဲ့ ခေါင်းနဲ့ ရေပေါ်မပေါ်လာနိုင်သေးတဲ့ အသက်ရှူသံ အနည်းငယ်လည်း ပျောက်ကွယ်သွားပြီး သူတို့ရဲ့ အသက်ရှင်ခြင်း သေဆုံးခြင်းကို သဲသဲကွဲကွဲ မသိရတော့ဘူး။
သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကြောင့်၊ အသက် ၅ နှစ်မှာ အရာခပ်သိမ်းရဲ့ အသက်ရှူသံကို နားလည်သဘောပေါက်ခဲ့ပြီး အသက် ၆ နှစ်မှာတင် လေခွဲဓားချက်ကို သုံးနိုင်ခဲ့တယ်။ အယ်လ်ရဲ့ လေခွဲဓားချက် ရှေ့မှာတော့ သာမန်လူတွေဟာ လိုဂျီယာ နတ်ဆိုးအသီး စားထားတဲ့စွမ်းအားရှင်(Logia Devil Fruit User) ကို ရင်ဆိုင်နေရသလိုမျိုး လုံးဝ ခုခံနိုင်စွမ်း မရှိကြပါဘူး။
တခြားသူတွေနဲ့ မတူတဲ့ သူ့ရဲ့ အာရုံခံ ဟာကီ ကြောင့် လူတွေရဲ့ စိတ်နှလုံးကို မြင်နိုင်စွမ်းရှိတဲ့ အယ်လ်ဟာ သာမန်လူတွေ မမြင်နိုင်တဲ့ အရာတွေကို မြင်နိုင်တယ်။ ရှာလော့ ကာတာကူရီ (Charlotte Katakuri) က အနာဂတ်ကို အချိန်တိုအတွင်း ကြိုမြင်နိုင်သလိုပဲ၊ အယ်လ်က လူတွေရဲ့ စိတ်နှလုံးထဲကို ထိုးထွင်းမြင်နိုင်စွမ်း ရှိတယ်။
ရုပ်ဆိုးအကျည်းတန်တဲ့ စိတ်နှလုံးရှိတဲ့ လူဆိုးတစ်ယောက်ဟာ၊ အယ်လ်ရဲ့ အာရုံခံမှုမှာတော့ အမည်းရောင် အငွေ့အသက်တွေ ထွက်နေတဲ့ ညစ်ပတ်တဲ့ လူတစ်ယောက်လိုပါပဲ။ လူက ပိုပြီး ရုပ်ဆိုးညစ်ပတ်လေ၊ အယ်လ်ရဲ့ အာရုံခံမှုမှာ ထိုသူရဲ့ အသက်ရှူသံက ပိုပြီး မည်းနက်နေလေပဲ။ အဲဒါက ဆိုးရွားတဲ့ အနံ့အသက်ဆိုးတွေ ထွက်ပေါ်နေသလိုမျိုး ဖြစ်ပြီး၊ အနံ့အသက်ဆိုးတွေကို အာရုံခံမိတဲ့ အယ်လ်ကို မသက်မသာဖြစ်မှုနဲ့ ရွံရှာစက်ဆုပ်မှုတွေ အပြည့်ဖြစ်ပေါ်စေတယ်။
ဒါကြောင့် အနံ့အသက်ဆိုးတွေ ထွက်နေတဲ့ ထိုလူတွေ ရေထဲကနေ ထွက်လာတာကို မြင်လိုက်တဲ့အခါ၊ အယ်လ်က သနားညှာတာမှု ကင်းမဲ့စွာနဲ့ လေခွဲဓားချက်ကို ထုတ်လွှတ်ပြီး သူတို့ရဲ့ ခရီးစဉ်ကို အဆုံးသတ်ပေးလိုက်တယ်။
အရှေ့ဘက်ပင်လယ်မှာ ဒီလို လေခွဲဓားချက်မျိုး ရှေ့မှာတော့၊ ဒါဟာ အပြီးသတ်ဖိနှိပ်ခြေမွပစ်တဲ့ တိုက်ခိုက်မှုမျိုးလို ဖြစ်နေပြီး၊ ပင်လယ်ထဲကနေ ရေကူးတက်လာတဲ့ ပင်လယ်ဓားပြတွေအားလုံးဟာ အယ်လ်ရဲ့ ဓားရှေ့မှာ မြှုပ်နှံခံလိုက်ရတယ်။
ခဏအကြာမှာတော့ ရာချီရှိတဲ့ အသက်ရှူသံတွေကနေ ဂဏန်းတစ်လုံးတည်း အထိ အလျင်အမြန် လျော့ကျသွားတယ်။
"ဟင့်အင်း... ကျွန်မကို မသတ်ပါနဲ့!"
အယ်လ်က သူ့အနောက်ဘက်က ပင်လယ်ပြင်ကို လှည့်ကြည့်လိုက်ပြီး ဓားကိုမြှောက်ကာ ခုတ်ချတော့မယ့် အချိန်မှာပဲ။ ရုတ်တရက်၊ တစ်ခုခုကို တွေ့လိုက်ရသလိုမျိုး အယ်လ်ရဲ့ လှုပ်ရှားမှုတွေ အနည်းငယ် ရပ်တန့်သွားတယ်။ တကယ်ပဲ...
နောက်တစ်စက္ကန့်မှာပဲ၊ ရေထဲကနေ ခေါင်းသေးသေးလေး တစ်လုံး ထွက်လာပြီး သူ့ကို အော်ပြောလိုက်တယ်။ လိမ္မော်ရောင် ဆံပင်လေးနဲ့ ခေါင်းလေးကို ကြည့်ပြီးနောက်၊ အယ်လ်က သူ့ဓားကို အောက်ချလိုက်ပြီး တခြားနေရာကို လှည့်ကြည့်လိုက်တယ်။
"ခွင့်... ခွင့်လွှတ်ပေးပါ!"
စက္ကန့်အနည်းငယ် အကြာမှာတော့၊ ခရမ်းရောင် ဆံပင်နဲ့ နောက်ထပ် ခေါင်းသေးသေးလေး တစ်လုံး ရေထဲကနေ ထွက်လာပြီး အယ်လ်ကို အော်ပြောပြန်တယ်။
"မတော်တဆ အသတ်မခံရချင်ရင် ဒီဘက်ကို ကူးလာခဲ့။"
မနှစ်မြို့ဖွယ် အငွေ့အသက်တွေ ထွက်မနေဘဲ သူနဲ့ ရွယ်တူလောက်ရှိမယ့် ကောင်မလေးတွေကို ကြည့်ပြီး အယ်လ်က ပြောလိုက်တယ်။ အဲဒီနောက် တခြား အမှိုက်ပင်လယ်ဓားပြတွေကို ရှင်းလင်းဖို့ ဆက်လုပ်ဆောင်လိုက်တယ်။
ကျူပင်ခုတ် ကူငုတ်ပါ မကျန် အမြစ်ပြတ်အောင် ရှင်းလင်းတတ်တဲ့ အယ်လ်ရဲ့ အပြုအမူကို ကြည့်ခြင်းအားဖြင့်၊ သူ့ရဲ့ စရိုက်က အလွန် သတိကြီးတယ်ဆိုတာကို မြင်တွေ့နိုင်ပါတယ်။
အယ်လ်ဟာ ဒီဘဝမှာ သူ့ကိုယ်သူ နာမည်အသစ် ပေးခဲ့တာကို ကြည့်ရင်ဖြစ်ဖြစ်၊ သူ့ကို ကြီးပြင်းအောင် ငါးနှစ်တိုင်တိုင် ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးကို (သူတို့ရဲ့ တကယ့်ရည်ရွယ်ချက်က သူ့ကို ပြန်ရောင်းစားဖို့ ဖြစ်နေရင်တောင်မှ) လက်စားမချေဘဲ ထားခဲ့တာကို ကြည့်ရင်ဖြစ်ဖြစ်၊ သူ့ရဲ့ စိတ်ထဲမှာတော့ ကြင်နာသနားမှု အကြွင်းအကျန်လေး ရှိနေသေးတယ်ဆိုတာကို ပြသနေပါတယ်။