အခန်း ၉၀ ဝတ္ထုထဲက ဇာတ်လိုက်တစ်ယောက်လို ခံစားနေရခြင်း
“ကျမအတွက် ဖေဖေကို သေချာဂရုစိုက်ပေးဦးနော်၊ ဟုတ်ပြီလား”
“မေမေ!”
“သူ ကျမအပေါ် ဖောက်ပြန်တာမျိုး မလုပ်မိအောင်လည်း သေချာကြည့်ထားပေးဦးနော်၊ သိလား”
“မေမေ?”
အိုင်းရစ်၏ခေါင်းကို အသာအယာပုတ်ပေးရင်း ဗီရာက တခစ်ခစ် ရယ်မောလိုက်သည်။
“အိုင်းရစ်၊ အီကိုကို ဒါမျိုးတွေ မသင်ပေးပါနဲ့ဦး” ဟု ဗီရာက ပြုံးလျက်ပြောသည်။ “သူက ကလေးလေးပဲ ရှိသေးတာကို”
အိုင်းရစ်က လပ်စ်ကိုကြည့်ကာ လျှာထုတ်ပြလိုက်သော်လည်း လပ်စ်ကမူ မတတ်သာသလို ခေါင်းကိုသာ ခါယမ်းနေမိသည်။ ဘာဘတိုစ် အကယ်ဒမီတွင် ရက်အနည်းငယ်ကြာ နေထိုင်ခဲ့စဉ်အတွင်း အိုင်းရစ်ကို စိတ်ဝင်စားနေကြသည့် ကျောင်းသားအများအပြား၏ ပစ်မှတ်ထားခြင်းကို လပ်စ် ခံခဲ့ရသည်။
ပုံမှန်အတိုင်းဆိုလျှင် လပ်စ်က သူတို့နှင့် ပြန်မချဘဲ သူသည် အိုင်းရစ်၏ အစ်ကိုဝမ်းကွဲဖြစ်ကြောင်းသာ ပြောလေ့ရှိသည်။ သို့သော် ထိုကောင်လေးများသည် စိတ်သက်သာရာရသွားမည့်အစား ပို၍ပင် ရန်လိုလာကြပြီး အချို့ဆိုလျှင် လပ်စ်၏ ကံကောင်းမှုကို မနာလိုဖြစ်ကာ ကျိန်ဆဲသူပင် ရှိခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် အကယ်ဒမီအတွင်း လှည့်လည်ကြည့်ရှုတိုင်း ဗီရာက သူနှင့်အတူ အမြဲရှိနေပေးသောကြောင့် ကိုယ်ထိလက်ရောက် ထိခိုက်မှုမျိုးတော့ မကြုံခဲ့ရပေ။ သို့သော်လည်း လပ်စ်၏ အဖွားဖြစ်သူက ဤနှောင့်ယှက်မှုများ ရပ်တန့်သွားစေချင်လျှင် အိုင်းရစ် အသက် (၁၆) နှစ် ပြည့်သည်နှင့် လက်ထပ်လိုက်ရုံသာရှိသည်ဟု ပြောခဲ့သည်။
အဖွားဖြစ်သူက ထိုစကားကို အလေးအနက် ပြောနေမှန်း လပ်စ်သိသဖြင့် သူက ဘာမှပြန်မပြောဘဲ မျက်ကွယ်ပြုထားလိုက်သည်။ သူနှင့် အိုင်းရစ်သည်လည်း ဤကိစ္စနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားပြီးသားဖြစ်ကာ သဘောတူညီမှုတစ်ခု ရရှိထားပြီးဖြစ်သည်။
လောလောဆယ်တွင်မူ လပ်စ်အနေဖြင့် အရေးကြီးသည့်အရာများကိုသာ အာရုံစိုက်ထားရမည်ဖြစ်သည်။ ထိုအရာများမှာ အီလီစီယမ်တွင် ပိုမိုသန်မာလာရန်နှင့် ဆိုလပ်စ်ကမ္ဘာကြီး ပျက်သုဉ်းခြင်းမှ ကယ်တင်နိုင်မည့် နည်းလမ်းကို ရှာဖွေရန်ပင် ဖြစ်သည်။ ၎င်းမှာ သူ ဤကမ္ဘာသို့ ရောက်ရှိလာရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။
လပ်စ် သေစေလိုသည့် အကြည့်များဖြင့် ကြည့်နေကြသော ဆယ်ကျော်သက်ကောင်လေး ထောင်ပေါင်းများစွာ၏ ရှေ့တွင် အိုင်းရစ်သည် လပ်စ်ကို ငါးမိနစ်ခန့် ဖက်တွယ်ထားပြီးနောက်မှ နောက်သို့တစ်လှမ်းဆုတ်ကာ ကြင်နာမှုများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် သူ့ကို ကြည့်လိုက်သည်။
“ကျမတို့ သမီးလေးကို သေချာဂရုစိုက်နော် ဖေဖေ” ဟု အိုင်းရစ်က လပ်စ်တစ်ယောက်တည်း ကြားနိုင်လောက်သော အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “အီကိုကို တစ်ခုခုဖြစ်လို့ကတော့ ဖေဖေ တကယ် အဆူခံရမှာနော်”
လပ်စ်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ “ကိုယ် အကောင်းဆုံး ကြိုးစားမှာပါ”
အီကိုနှင့် သူသည် ယခုအခါ ကံကြမ္မာချင်း ဆက်နွှယ်နေပြီ ဖြစ်သောကြောင့် လပ်စ်အနေဖြင့် ဤစလိုင်းလေးကို အသေအချာ ဂရုစိုက်ကာ သန်မာသည့် မွန်းစတားတစ်ကောင် ဖြစ်လာအောင် ပျိုးထောင်ပေးရန် ဆုံးဖြတ်ထားသည်။
“သွားတော့မယ်နော် အဖွား” အိုင်းရစ်က ဗီရာကို ချစ်ခင်စွာ ဖက်လိုက်သည်။ “အဖွား အားရင် အားသလို လာလည်ပေးပါဦးနော်။ ဒီရက်ပိုင်းလေးကတော့ အစ်ကို့ကို ကြိုးနဲ့တုပ်ပြီး အဖွားအတွက် မြေးချောလေးတစ်ယောက် ရအောင်လုပ်ဖို့ အချိန်မလောက်ဘူး ဖြစ်သွားတယ်”
“မစိုးရိမ်ပါနဲ့၊ နောက်တစ်ခါကျရင် အဖွားကိုယ်တိုင် သူ့ကို ကြိုးနဲ့တုပ်ပေးမယ်” ဗီရာက ပြန်ဖက်ရင်း ပြောလိုက်သည်။ “ဂရုစိုက်နော် အိုင်းရစ်။ ပြီးတော့ မင်းအဖေကိုလည်း အလုပ်တွေ အရမ်းမလုပ်ဖို့ ပြောပေးဦး”
အိုင်းရစ်က ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်ကဲ့!”
အဖြူရောင် ရေမြင်းမကြီး ဆိုဖီသည် ခန္ဓာကိုယ်ကို ကြီးထွားလာအောင် ပြောင်းလဲလိုက်ပြီး ဗီရာနှင့် လပ်စ်တို့ စီးနင်းနိုင်ရန် ပြင်ဆင်လိုက်သည်။
လပ်စ်အနေဖြင့် သူ၏အဖွားကို သူမ၏သားနှင့် မြေးမလေးတို့နှင့်အတူ အချိန်ပိုရစေချင်သော်လည်း သူ့တွင် အချိန်သိပ်မရှိတော့ပေ။ သူသည် ကိုလက်တို့ အဖွဲ့နှင့်အတူ နော်ရီယာခံတပ်သို့ သွားရန် ကတိပေးထားသောကြောင့် အီလီစီယမ်သို့ အမြန်ဆုံး ပြန်ရန် လိုအပ်နေသည်။
အကယ်ဒမီကြီး မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်အထိ လပ်စ်နှင့် အဖွားဖြစ်သူတို့က နောက်သို့ လှည့်ကြည့်နေခဲ့ကြသည်။
“လပ်စ်၊ လာမယ့် ပြိုင်ပွဲအကြောင်းကို အိုင်းရစ် ပြောပြပြီးပြီလား” ဗီရာက မေးလိုက်သည်။
လပ်စ်က ခေါင်းညိတ်ကာ “ဟုတ်ကဲ့” ဟု ဖြေလိုက်သည်။
“မင်း ဝင်ပြိုင်ဖို့ စဉ်းစားထားလား”
“ဟုတ်ကဲ့။ ကျွန်တော် မပြိုင်ရင် အိုင်းရစ် စိတ်ဆိုးပါလိမ့်မယ်။ သူက မင်ဒရိတ်ပင် လို အော်ဟစ်ပြီး သေနေတဲ့သူတွေကိုတောင် နိုးလာအောင် လုပ်မယ့်သူမျိုးလေ”
ဗီရာက မြေးဖြစ်သူ၏ ပခုံးကို ပုတ်ရင်း တခစ်ခစ် ရယ်လိုက်သည်။ ပြိုင်ပွဲတွင် ဆုလာဘ်အဖြစ် သူမ၏သားဖြစ်သူ ဘာတွေစီစဉ်ထားသည်ကို သိသော်လည်း သူမ ဘာမှမပြောခဲ့ပေ။ လပ်စ်က ချန်ပီယံ မဖြစ်ခဲ့ရင်တောင်မှ သူမ၏ မြေးမလေးကို တခြားဘယ်သူနှင့်မှ ပေးစားရန် အစီအစဉ်မရှိပေ။
ခရီးစဉ်တစ်လျှောက် ဘာပြဿနာမှ မရှိဘဲ ဝိုင်းဂတ်ခံတပ်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့သည်။ လပ်စ်သည် အခန်းထဲတွင် အနားယူကာ အဖွားဖြစ်သူနှင့် ညစာအတူစားပြီးနောက် နောက်တစ်နေ့ မနက်တွင် အီလီစီယမ်သို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။
ထို့အပြင် အီကိုအတွက် သူ မရွေးချယ်ရသေးသည့် စွမ်းရည် များ ကိစ္စလည်း ရှိနေသေးသည်။ လက်ရှိအချိန်တွင် အိကိုအတွက် ဆင့်ခေါ်ခြင်း ဆိုင်ရာ စွမ်းရည်များ မလိုအပ်သေးဟု လပ်စ် ယူဆထားသဖြင့် ထိုရွေးချယ်စရာများကို ဖယ်ထုတ်လိုက်သည်။ ထို့ကြောင့် ရွေးချယ်စရာ စာရင်းမှာ ထက်ဝက်ကျော် လျော့နည်းသွားပြီး ကျန်ရှိနေသည့် အချက်များကိုသာ အာရုံစိုက်လိုက်တော့သည်။
—-
– ကျန်းမာရေး +၂၀၀၀ – ဉာဏ်ရည် +၁၀၀ – ရေအောက် အသက်ရှူခြင်း – ချော်ရည်ပေါ် လမ်းလျှောက်ခြင်း – လေပေါ် ခြေလှမ်းများ – မြေကျင်းတူးခြင်း
—-
“အခုလောလောဆယ် အတွေ့အကြုံသစ် နယ်မြေမှာ မီးတောင်တွေ မရှိသေးတော့ ‘ချော်ရည်ပေါ် လမ်းလျှောက်ခြင်း’ ကို ခေတ္တချန်ထားလို့ရတယ်” လပ်စ်က တစ်ယောက်တည်း ရေရွတ်လိုက်သည်။ “‘ရေအောက် အသက်ရှူခြင်း’ က ကောင်းပေမဲ့ စလိုင်းတွေက ရေပေါ်မှာ ပေါလောပေါ်နိုင်ပြီး ရေကူးလည်း တော်ကြတာပဲ။ သူက ရေငုပ်သင်္ဘော ဖြစ်ဖို့မလိုပါဘူး။ ဉာဏ်ရည် ၁၀၀ ထပ်တိုးတာကတော့ ကောင်းတယ်၊ အဲဒါကို ရွေးရမယ်။ နောက်ဆုံးတစ်ခုကတော့...”
လပ်စ်သည် ‘လေပေါ် ခြေလှမ်းများ’ နှင့် ‘မြေကျင်းတူးခြင်း’ ကြားတွင် ရွေးချယ်ရခက်နေသည်။ ပိုမိုသေချာစေရန် ထိုစွမ်းရည်နှစ်ခု၏ အချက်အလက်များကို သူ ဖတ်ကြည့်လိုက်သည်။
—- **လေပေါ် ခြေလှမ်းများ ** – အီကိုကို ကုန်းမြေပေါ်မှာ သွားလာနေသကဲ့သို့ လေထဲတွင် သွားလာခွင့်ပြုသည်။ ဤစွမ်းရည်သည် စက္ကန့် ၃၀ တိုင်း မာန်နာ ၅ မှတ် ကုန်ဆုံးမည်ဖြစ်ပြီး အများဆုံး တစ်မိနစ်အထိ အသုံးပြုနိုင်သည်။ – စွမ်းရည် အသုံးပြုပြီးနောက် နားချိန် : ၂ မိနစ်။
—- **မြေကျင်းတူးခြင်း ** – အီကိုကို မြေကျင်းတူးပြီး မြေအောက်တွင် သွားလာခွင့်ပြုသည်။ ဤစွမ်းရည်သည် စက္ကန့် ၃၀ တိုင်း မာန်နာ ၅၀ ကုန်ဆုံးမည်။ – ဤစွမ်းရည်တွင် နားချိန်မရှိဘဲ မာန်နာရှိသရွေ့ အသုံးပြုနိုင်သည်။
—-
လပ်စ်က ထိုရွေးချယ်စရာနှစ်ခုကို ကြည့်ရင်း မေးစေ့ကို ပွတ်သပ်နေမိသည်။ နှစ်ခုလုံးမှာ အသုံးဝင်ပုံချင်း မတူကြပေ။
အကယ်၍ သူ ‘လေပေါ် ခြေလှမ်းများ’ ကို ရွေးချယ်ပါက အီကိုသည် လေထဲတွင် လှုပ်ရှားသွားလာနိုင်ပြီး သူ့ကို တိုက်ပွဲတွင် ကူညီနိုင်မည်ဖြစ်သည်။ အခြားတစ်ဖက်တွင် ‘မြေကျင်းတူးခြင်း’ က သူမကို မြေအောက်ထဲတွင် ဘေးကင်းစွာ ပုန်းအောင်းနိုင်စေမည်ဖြစ်သည်။
နှစ်ခုလုံးမှာ အသက်ကယ်စွမ်းရည်များ ဖြစ်ကြသော်လည်း အသုံးပြုပုံချင်းသာ ကွာခြားသည်။ အတော်ကြာ စဉ်းစားပြီးနောက် လပ်စ်သည် ‘လေပေါ် ခြေလှမ်းများ’ ကိုသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ ‘မြေကျင်းတူးခြင်း’ က ကောင်းသော်လည်း ‘လေပေါ် ခြေလှမ်းများ’ က ပို၍ ဘက်စုံအသုံးတည့်သည်။ ထို့အပြင် အိုင်းရစ်ပေးထားသည့် မွန်းစတားအနှစ်များကို စုပ်ယူပြီးနောက် သင်ယူထားသည့် စွမ်းရည်များဖြင့် အီကိုသည် အပေါ်စီးမှ တိုက်ခိုက်နိုင်မည် ဖြစ်သည်။
—- သင်သည် ‘လေပေါ် ခြေလှမ်းများ’ စွမ်းရည်ကို ရွေးချယ်လိုက်ပါပြီ။ —-
အိကိုသည် တုပခြင်း စွမ်းရည်ကို အသုံးပြုလိုက်သည်! – ပစ်မှတ်- လပ်စ် ဗွန် ကိုင်ဇာ – စကေးအဆင့်မြှင့်တင်ခြင်း စွမ်းရည်ကို အောင်မြင်စွာ ကူးယူနိုင်ခဲ့ပါသည်!
—- – ‘လေပေါ် ခြေလှမ်းများ’ စွမ်းရည်သည် ‘လေဟုန်စီးသူ’ အဖြစ် အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါပြီ။ – လေပေါ်တွင် သွားလာနိုင်သည့်အပြင်၊ ဤစွမ်းရည်သည် အီကိုကို အချိန်တိုအတွင်း ပျံသန်းနိုင်သည့် စွမ်းရည်ကိုလည်း ပေးစွမ်းသည်။ – လေပေါ်တွင် လမ်းလျှောက်နေစဉ် စက္ကန့် ၃၀ လျှင် မာန်နာ ၅ မှတ် ကုန်ဆုံးမည်ဖြစ်ပြီး အများဆုံး တစ်မိနစ်အထိ အသုံးပြုနိုင်သည်။ – လေထဲတွင် ပျံသန်းနေစဉ် စက္ကန့် ၃၀ လျှင် မာန်နာ ၅၀ မှတ် ကုန်ဆုံးမည်ဖြစ်ပြီး အများဆုံး ငါးမိနစ်အထိ အသုံးပြုနိုင်သည်။
—-
“ဒါက တကယ့်ကို အံ့ဩစရာပဲ!”
**အီကို ** – အမည်ရှိ စလိုင်းမွန်းစတား – အဆင့်သတ်မှတ်ချက်: E – တိုးတက်မှု (၀ / ၂၀၀၀)
ကျန်းမာရေး: ၈၅၀ / ၈၅၀ မာန်နာ: ၇,၅၀၀ / ၇,၅၀၀ ခွန်အား : ၁၇ ဉာဏ်ရည် : ၁၅၀ ခံနိုင်ရည် : ၁၇ လျင်မြန်မှု (Agility): ၁၇ ကျွမ်းကျင်မှု : ၁၇
အထူးစွမ်းရည်များ: တုပခြင်းစွမ်းရည်, အလိုလျောက်ကုစားခြင်း၊ မိသားစုနေှာင်ကြိုး, စကားပြောစွမ်းရည်, လေဟုန်စီးခြင်း
တိုက်ခိုက်ရေးစွမ်းရည်များ :ရေကြည်ဆန်, ရေလုံးပစ်ခြင်း, မီးကြည်ဆန်, မီးမြှား, လေကြည်ဆန်, လေလုံးပစ်ခြင်း, ကျောက်ကြည်ဆန်, ကျောက်ဆူးချွန်, အရိပ်ကြည်ဆန်, အရိပ်လုံးပစ်ခြင်း„ ခုန်ကူးခြင်း, တယ်လီပို့, ကုသခြင်း, အလုံးစုံကုသခြင်း
အလိုအလျောက်စွမ်းရည် : ထိခိုက်မှုနည်းပါခြင်း
ဘွဲ့အမည် : မေမေနဲ့ ဖေဖေ့ရဲ့ သမီးတော်လေး
မှတ်ချက်: လူသားတစ်ဦးအတွက် သေးငယ်တဲ့ ခြေလှမ်းတစ်ခုဖြစ်ပေမဲ့၊ စလိုင်းကလေးအတွက်တော့ ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှု တစ်ခုပါပဲ။
—-
အီကို၏ အခြေခံအရည်အချင်းများကို ကြည့်ပြီးနောက် လပ်စ်သည် သူ၏စလိုင်းလေး ပိုင်ဆိုင်ထားသည့် မယုံနိုင်စရာ စွမ်းရည်များကြောင့် ပြုံးမိသွားသည်။
သူမ၏ အရည်အချင်းများကိုသာ ကြည့်မည်ဆိုလျှင် အိကိုသည် ယခုအခါ အဆင့် 1 မွန်းစတားတစ်ကောင် ဖြစ်နေပြီ ဖြစ်သည်။ အကြောင်းမှာ သူမ၏ စုစုပေါင်း အရည်အချင်းများသည် အမှတ် ၂၀၀ ကျော်သွားပြီဖြစ်သောကြောင့် ဖြစ်သည်။
ထို့အပြင် သူမတွင် အသုံးပြုနိုင်သည့် စွမ်းရည်များစွာလည်း ရှိနေသည်။ အကောင်းဆုံးအချက်မှာ တုပခြင်း စွမ်းရည်ဖြင့် မည်သည့်လှုပ်ရှားမှုကိုမဆို ကူးယူနိုင်ခြင်းဖြစ်သည်။ ၎င်းသည် လပ်စ်၏ အရိုးစုစစ်တပ်ကို တစ်ခဏချင်းအတွင်း နှစ်ဆပွားနိုင်စေမည် ဖြစ်သည်။
ဤမျှ ချစ်ဖို့ကောင်းသည့် စလိုင်းလေး ဘေးတွင်ရှိနေခြင်းကြောင့် လပ်စ်သည် သူကိုယ်သူ ဝတ္ထုထဲမှ ဇာတ်လိုက်တစ်ယောက်လိုပင် ခံစားနေရသည်။
“အိပ်ကြရအောင် အီကို” ခေါင်းအုံးပေါ်တွင် သမ်းဝေနေသည့် စလိုင်းလေးကို အသာအယာပုတ်ရင်း လပ်စ် ပြောလိုက်သည်။ “မနက်ဖြန်ကျရင် ကိုယ့်သူငယ်ချင်းတွေနဲ့ ပေးတွေ့မယ်။ မင်း သူတို့နဲ့ တည့်မှာ သေချာပါတယ်”
“သူငယ်ချင်း...” အီကိုက အိပ်ချင်မူးတူးဖြင့် ရေရွတ်ရင်း မျက်လုံးမှိတ် အိပ်ပျော်သွားသည်။
အီကိုကို တွေ့လျှင် ကိုလက်နှင့် ဟယ်လင်တို့ မည်သို့တုံ့ပြန်မည်ကို လပ်စ် စိတ်ကူးယဉ်ကြည့်ကာ ပြုံးလိုက်မိသည်။ ထိုမိန်းကလေးငယ် နှစ်ယောက်၏ အကျင့်အတိုင်း အီကိုကို အလိုလိုက်ကာ အသည်းယားနေကြဦးမည်ဖြစ်ပြီး အီကိုသည်လည်း သူတို့၏ အီလီစီယမ် ခရီးစဉ်အတွင်း အံ့ဩစရာကောင်းသည့် အတွေ့အကြုံများကို ပေးစွမ်းနိုင်မည်မှာ သေချာလှပေသည်။