အခန်း ၈၇ - အိကို နှင့် အက်စထရာ [အပိုင်း ၁]
"အိုင်ကို၊ မာမားလို့ ခေါ်ကြည့်ပါဦး"
"မာ..."
"မာမား..."
"မာ..."
"ငါ့ကလေးလေးက တော်လိုက်တာ!" အိုင်းရစ်က အီကိုကိုယ်လေးကို သူမပါးနဲ့ ပွတ်သပ်ရင်း ပြောလိုက်ရာ စလိုင်းပေါက်စလေးက တခိခိရယ်မောတော့သည်။ တစ်ဖက်တွင်မူ ယူနီကွန်က စိတ်မရှည်သလို နှာမှုတ်လိုက်၏။
လပ်စ်နှင့် ဟန်ဇ်တို့က ထိုမြင်ကွင်းကို ကြည့်ပြီး ပြုံးနေကြသည်။
'အီကိုအတွက် ဘယ်ဟာက ပိုအကျိုးရှိမလဲဆိုတာ သေချာနားလည်သွားမှ ရွေးချယ်စရာတွေထဲက နှစ်ခုကို ငါရွေးတော့မယ်' ဟု လပ်စ်က တွေးလိုက်သည်။ ထို့နောက် စလိုင်းပေါက်စလေးကို လက်ထဲကိုင်ကာ သီချင်းညည်းရင်း ကခုန်နေသော အိုင်းရစ်ဆီသို့ သူလျှောက်သွားလိုက်သည်။
"ကျေးဇူးပဲ အိုင်းရစ်၊ မင်းရဲ့အကူအညီသာ မပါရင် အီကိုရဲ့ အဆင့်ကို ငါမြှင့်တင်နိုင်မှာ မဟုတ်ဘူး"
အိုင်းရစ်က ကနေရာမှ ရပ်လိုက်ပြီး လေ့ကျင့်ခန်းတွေကြောင့် သူမဆီ ခပ်ရှားရှားမှသာ လာတတ်သည့် ဆံပင်နီနှင့် လူငယ်လေးကို ပြုံးပြလိုက်သည်။
"ရပါတယ် အစ်ကိုရယ်" ဟု အိုင်းရစ်က ပြန်ပြောရင်း အီကိုကို လပ်စ်ဘက်သို့ လှည့်ပေးလိုက်သည်။ "အီကို၊ သူ့ကို ပါပါးလို့ ခေါ်လိုက်ဦး"
စလိုင်းလေးက လပ်စ်ကို စပ်စုသလို ကြည့်လိုက်ပြီးနောက် လပ်စ်၏ မျက်နှာတည့်တည့်ကို ရေနဲ့ ပန်းထုတ်လိုက်ရာ တစ်ကိုယ်လုံး ရွဲရွဲစိုသွားတော့သည်။
အိုင်းရစ်က ကပြာကယာ နောက်ဆုတ်လိုက်ပြီး သူမချစ်ရသော အစ်ကိုဖြစ်သူကို အီကိုက ဆက်ပြီး ရေနဲ့ မပက်နိုင်အောင် အဝေးသို့ ရွှေ့လိုက်သည်။
အိီကိုက ရေပက်တာကို ရပ်လိုက်ပြီး စနောက်ရတာ အောင်မြင်သွားတဲ့ ကလေးဆိုးလေးတစ်ယောက်လို တခိခိ ရယ်နေတော့သည်။ အိုင်းရစ်က လပ်စ်ကို အားနာသလို ကြည့်လိုက်သော်လည်း လပ်စ်ကမူ ကိစ္စမရှိကြောင်း လက်ကာပြလိုက်သည်။
လပ်စ်က တံဘက်ဖြင့် မျက်နှာသုတ်နေစဉ် အိုင်းရစ်က အီကိုကို ဆိုးသွမ်းမှုအတွက် ဆူပူလိုက်ရာ စလိုင်းလေးက ငိုမဲ့မဲ့မျက်နှာလေးဖြင့် ကြည့်လာသည်။ ထိုသို့ ချစ်စဖွယ်ကောင်းသော မျက်နှာလေးကို မြင်လိုက်ရသောအခါ အိုင်းရစ်မှာ ဆက်ပြီး မဆူရက်တော့ပေ။
"နောက်တစ်ခါ အဲ့လိုမလုပ်နဲ့တော့နော် ဟုတ်ပြီလား" အိုင်းရစ်က နူးညံ့သော လေသံဖြင့် ပြောလိုက်သည်။ "အဲ့ဒါ အီကိုရဲ့ ပါပါးလေ။ ပါပါးကိုလည်း မာမားကို ဆက်ဆံသလိုပဲ ဆက်ဆံရမယ်။ တို့တွေက မိသားစုဝင်တွေလေ၊ ဒါကြောင့် ပါပါးကို အဲ့လို နောက်ပြောင်တာမျိုး မလုပ်ရဘူးနော်၊ ဟုတ်ပြီလား"
"မိသားစု..." အိုင်ကိုက အိုင်းရစ်၏ စကားကို ထပ်ပြောရင်း နားလည်ကြောင်း ခေါင်းငြိမ့်ပြသည်။
အိုင်းရစ်က ကျေနပ်စွာ ပြုံးလိုက်ပြီး "လိမ္မာတဲ့ ကလေးလေးပဲ! ကဲ အခု ပါပါးကို တောင်းပန်လိုက်ဦးနော်"
"အွန်း!" အိုင်ကိုက ခေါင်းငြိမ့်ပြသည်။
အိုင်းရစ်က အီကိုကို ကိုင်ကာ လပ်စ်အနီးသို့ တစ်ဖန် တိုးသွားပြန်သည်။ ဟာဖ်အယ်ဖ် လူငယ်လေးမှာ ခေါင်းကို သုတ်ပြီးကာစဖြစ်ပြီး စလိုင်းမ်ပေါက်စလေးကို သတိထားရမည့် အမူအရာဖြင့် ကြည့်နေသည်။
အိုင်ကိုက လပ်စ်ကို အပြစ်ကင်းစင်စွာ ကြည့်နေစဉ် အိုင်းရစ်က စလိုင်းလေးနှင့် လပ်စ်၏မျက်နှာ နှစ်ပေခန့်သာ ကွာဝေးသည်အထိ မြှောက်ပေးလိုက်သည်။
"ပါး!" အီကိုက ခေါ်လိုက်သည်။
လပ်စ်က ပြုံးလိုက်ပြီး အီကိုခေါင်းကို အသာအယာ ပွတ်ပေးလိုက်သည်။ "အင်း..."
အီကိုက ငြိမ်နေပြီး လပ်စ်ကို သူမခေါင်းကို ပွတ်ခွင့်ပေးထားသည်။ လပ်စ်က လက်ကို ပြန်ရုတ်လိုက်သောအခါ စလိုင်းလေးသည် အိုင်းရစ်၏ လက်ထဲမှ ခုန်ထွက်လိုက်ပြီး ပါပါးဖြစ်သူ၏ ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ဆင်းသက်လိုက်သည်။ ထို့နောက် အိုင်ကိုက အိုင်းရစ်ဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။
"မား!"
"တော်လိုက်တာ အိီကို!" အိုင်းရစ်က လက်ခုပ်တီးပြီး သူမ၏ ကလေးလေးကို ချီးကျူးလိုက်သည်။ "ဒါ ငါ့သမီးလေးပဲ!"
ချီးကျူးစကားကြောင့် အိီကိုက တခိခိ ရယ်မောရင်း အိုင်းရစ်ဆီသို့ ပြန်ခုန်ကူးသွားသည်။ မိန်းကလေးငယ်ကလည်း ထိုကလေးဆိုးလေးကို လွယ်လွယ်ကူကူ ဖမ်းလိုက်သည်။
အိုင်းရစ်တွင် အီလီစီယမ်ခရီးစဉ်သို့ ခေါ်သွားရန် ငယ်လွန်းသေးသဖြင့် အကယ်ဒမီတွင် ချန်ထားခဲ့သော မွန်းစတားပေါက်စများကို ပြုစုပျိုးထောင်ပေးခဲ့သည့် အတွေ့အကြုံများစွာ ရှိသည်။
မွန်းစတားပေါက်စလေးများသည် အလွယ်တကူ အမဲလိုက်ခံရနိုင်သော သားကောင်များဖြစ်သောကြောင့် အခြားမွန်းစတားများ၏ ပစ်မှတ်ထားခြင်းကို ခံရလေ့ရှိပြီး အသက်ဆုံးရှုံးရတတ်သည်။ ထိုသို့ မဖြစ်စေရန် ဘာဘာတိုစ် အကယ်ဒမီတွင် မွန်းစတားသူငယ်တန်း ကျောင်းတစ်ခု ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ပိုင်ရှင်များအနေဖြင့် ၎င်းတို့၏ ကြီးထွားမှုကို မြန်ဆန်စေရန် သားရဲအူတိုင် အလုံအလောက် ပြင်ဆင်ပေးရုံသာ ဖြစ်သည်။
အိုင်းရစ်မှာ သားရဲထိန်းကျောင်းသူ တစ်ဦးဖြစ်သဖြင့် ချန်ထားရစ်သော မွန်းစတားလေးများကို ပြုစုရန် ထိုကျောင်းသို့ မကြာခဏ သွားလေ့ရှိသည်။ မွေးကင်းစ မွန်းစတားလေးများသည် ပိုင်ရှင်၏ အာရုံစိုက်မှုကို ရရှိရန် အမြဲကြိုးစားတတ်ကြသဖြင့် သူမအတွက် ၎င်းတို့၏ နောက်ပြောင်မှုများမှာ အဆန်းမဟုတ်ပေ။
၎င်းတို့၏ ပင်ကိုယ်စရိုက်အပေါ် မူတည်၍ အချို့က ပိုင်ရှင်ကို နောက်ပြောင်တတ်ကြပြီး ယင်းမှာ ၎င်းတို့၏ ချစ်ခင်မြတ်နိုးမှုကို ပြသသည့် နည်းလမ်းတစ်ခုပင် ဖြစ်သည်။
"အစ်ကိုကြီး၊ အီကိုကတော့ နောက်ပြောင်ရတာ ဝါသနာပါတဲ့ပုံပဲ" အိုင်းရစ်က သူမ၏ အစ်ကိုကို ကြည့်ရင်း အီကိုခေါင်းကို အသာအယာ ပွတ်ပေးနေသည်။ "ဒီလို မွန်းစတားမျိုးက ပြုစုရတာ ခက်တယ်၊ ဘာလို့လဲဆိုတော့ သူတို့က ကိုယ်လုပ်ချင်တာပဲ ကိုယ်လုပ်တတ်ကြလို့လေ။ တစ်ခါတလေကျရင် သူတို့က စပ်စုချင်စိတ်နဲ့ တခြားမွန်းစတားတွေကို အရင်သွားတိုက်ခိုက်တတ်ကြတယ်၊ အဲ့ဒါက သူတို့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေတတ်တယ်"
"အီကိုကို အီလီစီယမ်ကို ခေါ်သွားမယ်ဆိုရင်တော့ သူ့ကို အမြဲ မျက်စိအောက်က မပျောက်စေနဲ့ဦး၊ ဘယ်သူ့ကိုမှ ပြဿနာသွားမရှာအောင်လို့"
လပ်စ်က ခေါင်းငြိမ့်လိုက်သည်။ "သတိပေးတဲ့အတွက် ကျေးဇူးပဲ။ အစ်ကို မှတ်ထားပါ့မယ်"
အိမ်မွေးတိရစ္ဆာန် မွေးမြူဖူးသည့် အတွေ့အကြုံ မရှိသူဖြစ်သောကြောင့် အိုင်းရစ်၏ အကြံပြုချက်မှာ သူ့အတွက် အလွန်အသုံးဝင်သည်။ အိီကိုက သူ၏ ပထမဆုံး သားရဲဖော် ဖြစ်သဖြင့် သူမ၏ စရိုက်ကို နားလည်ထားရန် လိုအပ်သည်။ သို့မှသာ ခရီးသွားသည့်အခါ အခြေအနေအမျိုးမျိုးကို မည်သို့ကိုင်တွယ်ရမည်ကို သူသိရှိနိုင်မည် ဖြစ်သည်။
အိုင်းရစ်က တစ်ခုခု ဆက်ပြောရန် ပြင်လိုက်သော်လည်း အက်စထရာ ၏ စိတ်မရှည်သော အော်ဟစ်သံကြောင့် ရပ်လိုက်ရသည်။
"ဘာဖြစ်လို့လဲ အက်စထရာ?" အိုင်းရစ်က မေးလိုက်သည်။
အက်စထရာက တစ်ဖန် အော်လိုက်ပြီး ၎င်း၏ဦးချိုဖြင့် အိုင်းရစ်၏ ခေါင်းပေါ်သို့ တက်နေသော စလိုင်းလေးကို ညွှန်ပြလိုက်သည်။
အီကိုက ယူနီကွန်ကို လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သတ္တဝါအားလုံးကို နားလည်နိုင်သော စွမ်းရည်ကြောင့် ယူနီကွန်းက သူမကို မာမားခေါင်းပေါ်က ဆင်းခိုင်းနေမှန်း အိုင်ကို သိလိုက်သည်။
စလိုင်းလေးက ဆင်းမပေးချင်ပေ။ ထို့ကြောင့် ထိုမာနကြီးသော ယူနီကွန်အား သူမသည် အနိုင်ကျင့်ရလွယ်သောသူ မဟုတ်ကြောင်း ပြသရန် ဆုံးဖြတ်လိုက်သည်။
အိီကိုက သူမကို မာမားအနားကနေ ဖယ်ခိုင်းနေသော ယူနီကွန်ဆီသို့ မီးလုံး အမြောက်အမြားကို ဆက်တိုက် ပန်းထုတ်လိုက်တော့သည်။
အက်စထရာက ထိုသို့ ဖြစ်လာမည်ကို ကြိုတင်သိနေသဖြင့် အီကိုတိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းလိုက်ပြီး သူမကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ယူနီကွန်း၏ မာနထောင်လွှားသော မျက်နှာပေးကို အီကိုက မကြိုက်ပေ။ ထို့ကြောင့် သူမ အသစ်စက်စက် သင်ယူထားသော မန္တန်အစီအရင်များဖြင့် တရစပ် ပြန်လည်တိုက်ခိုက်လေတော့သည်။
စလိုင်းလေးက ဓာတ်ကြီးလေးပါး တိုက်ခိုက်မှုများဖြင့် ဆက်တိုက် ပစ်ခတ်နေသော်လည်း အက်စထရာကမူ အထင်သေးစွာပင် အော်ဟစ်နေသည်။
အိုင်းရစ်က နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ထားသည့် မွန်းစတားဖြစ်သောကြောင့် အက်စထရာ၏ အဆင့်မှာ အဆင့် (၃) မွန်းစတားနှင့် ညီမျှသည်။ ယူနီကွန်းသည် အလျင်နှုန်းတွင် အထူးကျွမ်းကျင်သူဖြစ်၍ အီကိုကဲ့သို့ အဆင့်နိမ့်မွန်းစတားတစ်ကောင်၏ တိုက်ခိုက်မှုများကို ရှောင်ရန်မှာ အလွန်လွယ်ကူသည်။
သူမ၏ တိုက်ခိုက်မှုများ မထိမှန်သည်ကို မြင်သောအခါ အီကိုခန္ဓာကိုယ်မှာ ခဏတာ တောက်ပလာပြီး ချစ်စဖွယ် အသံလေးဖြင့် အော်ဟစ်လိုက်သည်။
"နိုးထလော့ !"
ရုတ်တရက်ဆိုသလိုပင် လပ်စ်နှင့် အိုင်းရစ်တို့ မမျှော်လင့်ထားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
အရိုးစုစစ်သည် ခုနစ်ကောင်နှင့် အရိုးစုလေးသည်တော်ကြီး လေးကောင်သည် အိုင်းရစ်၏ ရှေ့မှောက်တွင် ပေါ်လာတော့သည်။
အီကိုက ခေါင်းမော့ကာ အော်လိုက်သည်။ "တိုက်ခိုက်ကြစမ်း!"
စလိုင်းလေး၏ အရိုးစုစစ်သည် ခုနစ်ကောင်မှာ ယူနီကွန်းဆီသို့ ဒေါသတကြီး ပြေးဝင်သွားကြသည်။ အရိုးစုလေးသည်တော်ကြီးများကလည်း အက်စထရာ လှုပ်ရှားနိုင်သော နေရာများကို ကန့်သတ်ရန်အတွက် ၎င်းတို့၏ မြားမိုးရွာသွန်းမှု ကို အသုံးပြုလိုက်ကြသည်။
ယူနီကွန်းမှာ အံ့အားသင့်သွားသော်လည်း လုံးဝ လက်နက်ချသွားခြင်း မရှိပေ။ အိုင်းရစ်၏ အစောင့်အရှောက် တစ်ဦးအနေဖြင့် အီလီစီယမ်သို့ သွားစဉ် ထိုကဲ့သို့သော အခြေအနေမျိုးကို အကြိမ်ကြိမ် ရင်ဆိုင်ဖူးသည်။
အက်စထရာက 'ဘလင့်ခ်' စွမ်းရည်ကို သုံးကာ ရပ်နေသော နေရာမှ ပျောက်ကွယ်သွားပြီးနောက် ဦးချိုထိပ်မှ အလင်းတန်းတစ်ခုကို ချဉ်းကပ်လာသော အရိုးစုများဆီသို့ ပစ်လွှတ်လိုက်သည်။
ထိုတိုက်ခိုက်မှုက အရိုးစုစစ်သည်များကို လွင့်ထွက်သွားစေပြီး ၎င်းတို့၏ အသက်သွေးကို တစ်ဝက်ခန့် လျော့နည်းသွားစေသည်။ ယူနီကွန်က နောက်တစ်ကြိမ် ဘလင့်ခ် လုပ်ကာ အရိုးစုလေးသည်တော်ကြီးများ၏ နောက်ကျောဘက်သို့ ချက်ချင်းရောက်ရှိသွားပြီး ၎င်း၏ နောက်ခြေဖြင့် ကန်ထုတ်သည့် စွမ်းရည်ကို သုံးကာ ၎င်းတို့ကို အရပ်မျက်နှာအသီးသီးသို့ ကန်ထုတ်လိုက်သည်။
လပ်စ်သည် အိုင်းရစ်ကို ဆွဲထုတ်ကာ ပြင်းထန်သော တိုက်ပွဲနှင့် ဝေးရာသို့ ခေါ်ဆောင်သွားပြီးဖြစ်သဖြင့် အီကိုစီမံမှုနှင့် အက်စထရာ၏ စွမ်းရည်များကြားတွင် သူမအတွက် အန္တရာယ် မရှိတော့ပေ။
ဟန်ဇ်ကလည်း သူ၏သခင်မရှေ့တွင် ရပ်ကာ သူမဆီသို့ ဦးတည်လာနိုင်သည့် မန္တန်များ သို့မဟုတ် တိုက်ခိုက်မှုများကို ပိတ်ဆို့ရန် အသင့်ပြင်ထားသည်။
သူတို့ သုံးယောက်လုံး မသိလိုက်သည်မှာ အီကိုသည် အိုင်းရစ်၏ ခေါင်းပေါ်မှ ဘလင့်ခ် လုပ်ကာ ပျောက်ကွယ်သွားပြီး သူမ၏ လက်ပါးစေများနှင့်အတူ တိုက်ပွဲဝင်ရန် ခုန်ဝင်သွားခြင်း ဖြစ်သည်။ အက်စထရာက အီကိုကို အိုင်းရစ်နှင့် ဝေးဝေးနေရန် လုပ်ဆောင်ခဲ့ခြင်းက စလိုင်းပေါက်စလေးကို စိတ်ဆိုးစေခဲ့သည်။
ထို့ကြောင့် သူမသည် ထိုစိတ်ပျက်စရာကောင်းသော ယူနီကွန်ကို ပြန်လည်တိုက်ခိုက်ပြီး သူမသည် အနိုင်ကျင့်၍ ရသောသူ မဟုတ်ကြောင်း ပြသရန် ဆုံးဖြတ်လိုက်လေတော့သည်။