အခန်း (၉)။ လင်းမြောင်မြောင်
“ကဲပါ၊ သွားလို့ရပြီ၊၊ မင်းရဲ့ ရာထူးပြောင်းလဲတာကို လူ့စွမ်းအားအရင်းအမြစ်ဌာနကို ခဏနေရင် အကြောင်းကြားလိုက်မယ်၊၊”
အာဂျောင်းက ပြုံးပျော်သွားပြီး “နားလည်ပါပြီ ဒါရိုက်တာလင်း၊၊ ဒါဆို နှစ်ယောက်သား ဆက်ပြီး အလုပ်လုပ်ကြပါဦး၊ ကျွန်မ သွားတော့မယ်၊၊”
အာဂျောင်း တံခါးဝကို ရောက်တဲ့အချိန်မှာပဲ လင်းဖန်ဆီကနေ ရုတ်တရက် လေလည်သံ ထွက်လာပါတယ်၊၊
သာမန်ဆိုရင်တော့ လေလည်တာက ကိစ္စအကြီးကြီး မဟုတ်ပေမဲ့ အာဂျောင်းက ချက်ချင်းပဲ ခြေလှမ်းတန့်သွားပြီး ပြန်လှည့်လာပါတယ်၊၊
“တောင်းပန်ပါတယ်၊ ကျွန်မ ဗိုက်နည်းနည်း မကောင်းလို့ပါ၊၊ ခုနက လေလည်လိုက်တာ ကျွန်မပါ၊၊ ဒါရိုက်တာလင်းနဲ့ လုံးဝ မပတ်သက်ပါဘူး၊၊”
ပြောလည်းပြော၊ လင်းဖန်ကို ‘ဉာဏ်ရည်မြင့်မားတဲ့’ အပြုံးမျိုးနဲ့ ပြုံးပြလိုက်ပါသေးတယ်၊၊
လင်းဖန် - “???”
လျူရှင်း - “???”
“တကယ်ပဲ သူမကို ကျွန်မရဲ့ လက်ထောက် ခန့်မှာလား၊၊”
“ကျွန်တော် နည်းနည်း နောင်တရချင်သလို ဖြစ်လာပြီ၊၊ သူမ ခေါင်းထဲမှာ တစ်ခုခု လွဲနေသလားလို့တောင် ထင်ရတယ်၊၊”
ဒါကို ကြားတော့ အာဂျောင်းက ချက်ချင်းပဲ စိုးရိမ်တကြီး ဖြစ်သွားပါတယ်၊၊ “ဒါရိုက်တာလင်း၊ အတွင်းရေးမှူးလျူ၊ ကျွန်မ စိတ်က ပုံမှန်ပါပဲ၊၊ ကျွန်မ အခုတလော ဘလော့ဂါတစ်ယောက်ကို ဖောလိုး(follow)လုပ်ပြီးတော့ ဉာဏ်ရည်မြင့်မားတဲ့ အပြုအမူတွေအကြောင်း လေ့လာနေတာပါ၊၊ အဲဒီမှာ ရေးထားတာက ကိုယ့်ရဲ့ ခေါင်းဆောင်က အရှက်ရစရာ တစ်ခုခုလုပ်မိရင် ကိုယ်က ရှေ့ကနေ ထွက်ပြီး အဲဒီအပြစ်ကို တာဝန်ယူပေးရမယ် တဲ့၊၊”
“ဒါပေမဲ့ ဒီမှာက ကျွန်တော်တို့ သုံးယောက်တည်း ရှိတာလေ၊၊ မင်းက ဘယ်သူ့ကို ပြောပြနေတာလဲ၊၊” လင်းဖန်က သူမကို အဓိပ္ပာယ်ပါပါ မေးလိုက်ပါတယ်၊၊
အာဂျောင်းလည်း ကြောင်သွားပြီး “အဲဒါကလည်း၊၊ ဟုတ်သားပဲနော်၊၊”
“သွားပါတော့၊ နောက်ဆို အဲဒီလို ထူးထူးဆန်းဆန်း ဘလော့ဂါတွေကို လျှော့ကြည့်ဦး၊၊ ဟုတ်တော့လည်း ဟုတ်နိုင်ပါတယ်၊ အဲဒါက ဘလော့ဂါရဲ့ ပြဿနာ မဟုတ်လောက်ပါဘူး၊၊”
“ဒါဆို ဘယ်သူ့ပြဿနာလဲဟင်၊၊” အာဂျောင်းက ထပ်မေးပါတယ်၊၊
လင်းဖန် - “...”
“ကျွန်တော့်ပြဿနာပါ၊ ဟုတ်ပြီလား၊၊ သွားတော့၊၊”
အာဂျောင်းကတော့ သူမ ထွက်သွားတဲ့အချိန်မှာ ဘာလို့ လင်းဖန်ရဲ့ ပြဿနာ ဖြစ်သွားရတာလဲဆိုတာကို နားမလည်နိုင်သေးပါဘူး၊၊
အာဂျောင်း ထွက်သွားပြီးနောက်မှာတော့ လင်းဖန်ဟာ လျူရှင်းနဲ့ ကုမ္ပဏီကိစ္စတွေကို ဆက်ပြီး ဆွေးနွေးပါတယ်၊၊ လောလောဆယ်မှာ လင်းဖန်က အများကြီး နားမလည်သေးတာကြောင့် လျူရှင်းကို အရာရာ မေးနေရတာပါ၊၊
(ပြောချင်တာပြော ငါတော့မယုံဘူး)
....................
နောက်တစ်နေ့၊၊
(ခုမှ နောက်တစ်နေ့ ရောက်တယ် သူ မပြောရင် မေ့တော့မှာ🥲)
လင်းဖန်ဟာ နေ့လယ်အထိ အိပ်ပျော်နေခဲ့ပါတယ်၊၊ တကယ်လို့ ဖုန်းသံက သူ့ကို မနှိုးခဲ့ရင် ဘယ်သူမှ မနှောက်ယှက်ဘူးဆိုရင် သူ ညနေအထိ အိပ်နေဦးမှာပါ၊၊
မနေ့က သူတို့ ကုမ္ပဏီကိစ္စတွေကို တော်တော် နောက်ကျတဲ့အထိ ဆွေးနွေးခဲ့ကြတာကိုး၊၊
“သူ့ကို ချစ်လား မချစ်ဘူးလား၊ ငါကတော့ ဖြတ်သွားဖြတ်လာပါပဲ~ အို ဒီဒီယီဒီဒီ၊ ဘယ်လို ဝဋ်ကြွေးလဲ~ ဒါမှမဟုတ် အောင်သွယ်တော်က အော့ဖ်လိုင်းဖြစ်နေတာလား~ အချစ်ကိုတော့ ဥစ္စာစောင့်နတ်က စီမံနေတာ~ သူ့ရဲ့ ဘေးထိုင်ခုံက မင်းကို တဝဲလည်လည် ဖြစ်စေတယ်~ ငါ့ရဲ့ ကျေးလက်ဆန်တဲ့ စတိုင်လ်~ မြို့ပြရဲ့ နာမည်ကျော်ကို ချစ်မိသွားတယ်~ ခဏတာ အဖော်မွန်ပဲပေါ့...”
လင်းဖန်ဟာ မှိန်းနေရာကနေ ဖုန်းကို ကိုင်လိုက်ပြီး ရှိသမျှ သတိလေးနဲ့ “ဟယ်လို” လို့ ထူးလိုက်ပါတယ်၊၊
“လင်းဖန်၊ နင် ဘဏ်ကို ဓားပြတိုက်လာတာလား၊၊ ဘယ်လောက်တောင် ဝယ်လိုက်တာလဲ၊၊ အိမ်မှာ ပါဆယ်ထုပ်တွေက ပုံနေပြီ၊ နေရာတောင် မရှိတော့ဘူး၊၊”
ဖုန်းရဲ့ တခြားတစ်ဖက်က လင်းဖန်ရဲ့ အမေ ဂျန်ယွီရဲ့ အသံကြောင့် လင်းဖန် ချက်ချင်းပဲ အိပ်ချင်ပြေသွားပါတယ်၊၊
“အမေ၊ ခုနက ဘာပြောလိုက်တာလဲ၊၊ ဘာပါဆယ်တွေလဲ၊၊”
“အမေ၊ ခုနက ဘာပြောလိုက်တာလဲ၊၊ ဘာပါဆယ်တွေလဲ၊၊”
“နင်က ငါ့ကို ပြန်မေးနေတာလား၊၊ ဒါတွေအားလုံး နင်ဝယ်ထားတာ မဟုတ်ဘူးလား၊၊ အခု အိမ်ကို အကုန်ရောက်နေပြီ၊၊ အိုင်ဖုန်း ၁၃ ပရိုမက်စ် (iPhone 13 Pro Max) ၄ လုံး၊ ကွန်ပျူတာတွေ၊ တက်ဘလက်တွေလည်း ၁၀ လုံးကျော်တယ်၊၊ နားကြပ်တွေ၊ ကင်မရာတွေအပြင် ဖိနပ်တွေ၊ ဦးထုပ်တွေပါ ပါသေးတယ်၊၊ နင့်အခန်းထဲမှာ ပြည့်နှက်နေတာပဲ၊၊ ဒါတွေဝယ်ဖို့ ပိုက်ဆံတွေ ဘယ်ကရတာလဲ၊၊”
လင်းဖန် အသက်ကို ပြင်းပြင်းရှူလိုက်ပါတယ်၊၊ သူ မှတ်မိသွားပြီ။
မနေ့က သူ့ရဲ့ ဈေးဝယ်လှည်းထဲက ပစ္စည်းတွေကို အကုန်ဝယ်လိုက်တဲ့အချိန်မှာ ပေးခဲ့တဲ့လိပ်စာက သူ့အိမ်လိပ်စာ ဖြစ်နေတာပါ၊၊ ဝယ်ပြီး တစ်ရက်တည်းနဲ့ ဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး၊၊ တကယ်ကို မယုံနိုင်စရာ မြန်နှုန်းပါပဲ၊၊
နေဦး၊ အခုက အဲဒါကို အံ့ဩနေရမယ့် အချိန်မဟုတ်ဘူး။
လင်းဖန် သူ့ရဲ့ နားထင်ကို ပွတ်လိုက်ပါတယ်၊၊ မနေ့က ဝယ်တုန်းကတော့ မိသားစုကို ဘယ်လို ရှင်းပြရမလဲဆိုတာ သူ လုံးဝ ထည့်မစဉ်းစားခဲ့မိပါဘူး၊၊
ဘာပြောရမလဲ။
စနစ်တစ်ခု ရထားတယ်လို့ ပြောရမလား။
အဲဒီစနစ်ကနေ သူ့ကို မုန့်ဖိုး ဆယ်ထရီလီယံ ပေးထားတယ်လို့ ပြောရမလား။
တကယ်လို့ အဲဒီအတိုင်းသာ ပြောလိုက်ရင် သူ စိတ်ကျန်းမာရေးဌာနကို အပို့ခံရမှာ သေချာပါတယ်၊၊ စိတ်ကျန်းမာရေး ဆေးရုံရောက်သွားရင်တော့ စိတ်မနှံ့တဲ့သူတွေကြားထဲမှာ ကိုယ်က ပုံမှန်လူတစ်ယောက်ပါလို့ သက်သေပြဖို့က လွယ်တဲ့ကိစ္စ မဟုတ်တော့ပါဘူး၊၊
ဘာပဲပြောပြော ဆရာဝန်ကတော့ ရူးကြောင်ကြောင် ပြောနေတယ်လို့ပဲ သတ်မှတ်မှာပါ။
“ဟယ်လို၊ ပြန်ပြောဦးလေ၊၊ ပိုက်ဆံတွေ ဘယ်ကရတာလဲ၊၊ အမေကို လန့်အောင် မလုပ်နဲ့နော်၊၊ နင် မတရားတာတွေတော့ လုပ်လို့မဖြစ်ဘူးနော်၊၊”
အသည်းအသန် စဉ်းစားနေရင်းနဲ့ လင်းဖန်ရဲ့ ခေါင်းထဲကို အကြံတစ်ခု ရုတ်တရက် ရောက်လာပါတယ်၊၊ ဆင်ခြေတစ်ခု သူ ရှာတွေ့သွားပါပြီ။
“အမေ၊ စိတ်မလောပါနဲ့ဦး၊၊ အဲဒါတွေက ကျွန်တော် ဝယ်ထားတာ မှန်ပါတယ်၊၊ ဒါပေမဲ့ ဝယ်တဲ့ပိုက်ဆံက ကျွန်တော် ကိုယ်တိုင် ရှာထားတာပါ၊၊ တကယ်တော့ အမေတို့ကို အံ့ဩသွားအောင် လုပ်မလို့ပါပဲ၊ ဒါပေမဲ့ ပစ္စည်းတွေဝယ်တဲ့အခါ လိပ်စာပြောင်းဖို့ မေ့သွားလို့ပါ၊၊”
“သား၊ အမေကို အမှန်အတိုင်း ပြောစမ်းပါ၊ နင် မတရားတာတွေ လုပ်ထားတာလား၊၊ စိတ်မပူနဲ့ အမေ နင့်ကို တိုင်မှာမဟုတ်ဘူး၊၊ ဘယ်ဘဏ်ကို ဓားပြတိုက်ခဲ့တာလဲဆိုတာ အမေကိုပြော၊ လုံခြုံရေးကင်မရာထဲမှာ နင့်မျက်နှာ ပါသွားလား၊၊ နင်က ဓာတ်ပုံရိုက်ရင် သိပ်ကြည့်ကောင်းတာ မဟုတ်ဘူး၊၊”
လင်းဖန်ရဲ့ မျက်နှာမှာ အမည်းစက်တွေ ထင်သွားသလို ခံစားလိုက်ရပါတယ်၊၊ သူ့ရဲ့ ဒီလို ရူးကြောင်ကြောင်နိုင်တဲ့ စရိုက်က ဂျန်ယွီဆီကနေ ဆင်းသက်လာတာလို့ သူ ပြင်းပြင်းထန်ထန် သံသယဝင်မိပါတော့တယ်၊၊
“အမေ၊ အမေ အာရုံစိုက်တာကတော့ တကယ် အံ့ဩဖို့ကောင်းတယ်၊၊ ဘဏ်ဓားပြတိုက်တာကိုတောင် ကျွန်တော် ဓာတ်ပုံရိုက်လို့ ကြည့်ကောင်းလား မကောင်းလား စိတ်ပူနေသေးတယ်ပေါ့၊၊”
“ဒီကလေးလေး၊ အမေကို အမှန်အတိုင်း အမြန်ပြောစမ်းပါ၊၊ ဘယ်ဘဏ်ကို တိုက်ခဲ့တာလဲ၊ ဘယ်လောက်တောင် ရခဲ့လို့လဲ၊၊ အခု ပြေးရင်ရော အချိန်မီသေးလား၊၊ ငါတို့ မိသားစုကော နောက်ပိုင်း ချမ်းချမ်းသာသာ နေနိုင်တော့မှာလား၊၊”
“အမေ၊ ကျွန်တော့်ကို ကောင်းတာလေးတွေပဲ ဆုတောင်းပေးပါဦး၊၊ ကျွန်တော် ဘဏ်လည်း မတိုက်ဘူး၊ တခြား မတရားတာတွေလည်း ဘာမှမလုပ်ဘူး၊၊ ဝယ်ထားတဲ့ ပစ္စည်းဖိုးတွေက ကျွန်တော် ကိုယ်တိုင် ရှာထားတဲ့ ပိုက်ဆံတွေပါ၊၊” လို့ လင်းဖန်က အကျယ်ကြီး အော်ပြောလိုက်ပါတယ်၊၊
“နင် ကိုယ်တိုင် ရှာထားတာ ဟုတ်လား၊၊ အမေ ခန့်မှန်းရသလောက် နင်ဝယ်ထားတာတွေက အနည်းဆုံး သိန်းတစ်ထောင်လောက် တန်တယ်၊၊ နင်က အလုပ်သင်တောင် မဆင်းရသေးဘူး၊ ဘယ်ကနေ သိန်းတစ်ထောင် သွားရှာမှာလဲ၊၊
အမေ ပြောထားမယ်နော်၊ တကယ်လို့ နင် မတရားတာ တစ်ခုခု လုပ်ခဲ့ရင်တော့ လုံးဝ ထွက်မပြေးနဲ့၊၊ မှောင်ခိုသင်္ဘောတွေနဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့ဘက်ကိုတော့ လုံးဝ မပြေးနဲ့နော်၊၊”
ဂျန်ယွီကတော့ လင်းဖန်ကို လုံးဝမယုံကြည်ဘဲ သူဘဏ်ဓားပြတိုက်လာတယ်လို့ပဲ တစ်ထထီတည်း အတည်ယူထားပြီး စိတ်ထဲမှာတောင် ထွက်ပြေးဖို့ အစီအစဉ်တွေ ဆွဲနေပါပြီ၊၊
မှောင်ခိုသင်္ဘောစီးပြီး နိုင်ငံခြားကို ပြေးတာက တကယ်ပဲ အဆင်ပြေမယ့် နည်းလမ်းလား၊၊
အဖေကလည်း အလုပ်ထဲမှာပဲ ရှိသေးတယ်၊၊ သူ့ကို အမြန်ဖုန်းဆက်ခေါ်ပြီး မိသားစုလိုက် အတူတူ ထွက်ပြေးကြမှ ဖြစ်တော့မယ်၊၊
“အမေ၊ တကယ်တော့ အမှန်အတိုင်း ပြောရရင် ကျွန်တော် တက္ကသိုလ်စတက်ကတည်းက လူအချို့နဲ့ပေါင်းပြီး ရှယ်ယာဈေးကွက်ထဲ ဝင်ခဲ့တာပါ၊၊ အဲဒီတုန်းက ရှယ်ယာကစားရင်း ပိုက်ဆံအချို့ ရခဲ့တယ်၊၊ နောက်ပိုင်း အတွေ့အကြုံတွေ ရလာတော့ သိန်းတစ်ထောင်ကျော်အထိ တဖြည်းဖြည်း စုမိသွားတာပေါ့၊၊
အဲဒီနောက်မှာ ကုမ္ပဏီတစ်ခုရဲ့ အဆင့်မြင့်အရာရှိတစ်ယောက်က သူ့ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းတွေကို တမင်ချပစ်ပြီး ဈေးအနိမ့်ဆုံးရောက်မှ ပြန်ဝယ်မယ်ဆိုတဲ့ သတင်းကို ကျွန်တော် ကြားလိုက်ရတယ်၊၊ အဲဒါက အခွင့်အရေးကောင်းပဲဆိုတာ ကျွန်တော် သိလိုက်တယ်လေ၊၊
ဒါနဲ့ပဲ ကျွန်တော့်မှာရှိတဲ့ သိန်းတစ်ထောင်ကျော်လုံးကို သုံးပြီး အဲဒီကုမ္ပဏီရဲ့ ရှယ်ယာတွေ ဈေးအောက်ဆုံး ရောက်နေချိန်မှာ အကုန်ဝယ်လိုက်တာ၊၊
ဝယ်ပြီးတဲ့နောက် တော်တော်ကြာတဲ့အထိ ရှယ်ယာဈေးက နည်းနည်းပဲ တက်လာခဲ့တယ်၊၊ ကျွန်တော်လည်း အလိမ်ခံလိုက်ရပြီအောက်မေ့ပြီး နောက်ပိုင်း ဂရုမစိုက်ဖြစ်တော့ဘူး၊၊ အခုတလောမှ ပြန်ကြည့်လိုက်တော့ ကျွန်တော် ဝယ်ထားတဲ့ ရှယ်ယာတွေက အဆပေါင်း ထောင်နဲ့ချီပြီး တက်နေတာကို တွေ့လိုက်ရတာ၊၊
ပြီးတော့ ကျွန်တော်က အဲဒီရှယ်ယာတွေကို နှစ်အတော်ကြာ ဘာမှမလုပ်ဘဲ ဒီအတိုင်း ထားထားခဲ့တာဆိုတော့ အခု အဲဒီကုမ္ပဏီရဲ့ အကြီးဆုံး ရှယ်ယာရှင် ဖြစ်နေပြီ၊၊ အမေ့သားက အခုဆို ကုဋေပေါင်းများစွာ ချမ်းသာနေပြီဗျ၊၊”
ဖုန်းရဲ့ တခြားတစ်ဖက်မှာ ဂျန်ယွီက စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီး “သား၊ နင်ပြောတာတွေက တကယ်ပဲလား၊၊” လို့ မေးလိုက်ပါတယ်၊၊
“တကယ်ပေါ့ အမေရဲ့၊၊ ကျွန်တော် အမေ့ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ၊၊ လွန်ခဲ့တဲ့ ရက်ပိုင်းကတင် ပိုက်ဆံအချို့ကို ထုတ်လိုက်တာ သိန်းပေါင်း သောင်းနဲ့ချီပြီး ရတယ်၊၊ အိမ်ဝယ်ပြီးမှ အမေတို့ကို ပြောမလို့ပါပဲ၊ ဒါပေမဲ့ မနေ့က ပစ္စည်းတွေဝယ်တုန်းက လိပ်စာပြောင်းဖို့ မေ့သွားလို့ပါ၊၊”
“ဒါဆို ပစ္စည်းတွေက ဘာလို့ ဒီလောက်အများကြီး ဝယ်ထားတာလဲ၊၊ ကွန်ပျူတာတွေ၊ ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ နားကြပ်တွေကို တစ်ယောက်တည်း အကုန်သုံးလို့မှ မကုန်ဘဲ၊၊”
လင်းဖန်က ချောင်းအနည်းငယ် ဟန့်လိုက်ပြီး နောက်ထပ် ဆင်ခြေတစ်ခုကို အမြန်စဉ်းစားလိုက်ပါတယ်၊၊ “ပိုက်ဆံတွေ ရထားတာဆိုတော့ ကျွန်တော့်ရဲ့ အဆောင်ဖော်တွေကိုလည်း လက်ဆောင်ပေးချင်လို့ နည်းနည်း ပိုဝယ်လိုက်တာပါ အမေရဲ့၊၊”
“အော်၊ ဒါဆိုရင်တော့ ပိုဝယ်သင့်တာပေါ့၊၊” လင်းဖန်ရဲ့ ရှင်းပြချက်ကို ဂျန်ယွီက လက်ခံသွားပုံရပါတယ်၊၊
“ဪ၊ အမေ မေ့တော့မလို့၊ နင် အိမ်ကို အမြန်ပြန်လာပြီး အဲဒီပါဆယ်ထုပ်တွေကို ရှင်းဦး၊၊ မြောင်မြောင် ဒီနေ့ ပြန်လာမယ်ဆိုတာ နင့်ကို ပြောပြီးပြီလား၊၊”
လင်းဖန်ရဲ့ မျက်လုံးတွေက အံ့ဩလွန်းလို့ ပြူးသွားပါတယ်၊၊ “လင်းမြောင်မြောင်လား၊၊ တကယ်လား၊၊ သူမက ဘယ်အချိန် ပြန်လာမှာလဲ၊၊”
“ဒီနေ့ ညနေလောက် ရောက်မယ်လို့ ပြောတယ်၊၊ ဒီနေ့တော့ အိမ်မှာပဲ ထမင်းအတူတူ စားကြမယ်၊၊”
“ဒါဆိုရင်တော့ ကျွန်တော် အခုပဲ အိမ်ပြန်လာခဲ့တော့မယ်၊၊”
လင်းဖန်က ဖုန်းကို အမြန်ချလိုက်ပါတယ်၊၊ လင်းမြောင်မြောင် ပြန်လာမယ်ဆိုတဲ့ သတင်းကြောင့် သူ့ရဲ့ ရင်ခုန်သံတွေက အခုထိ မငြိမ်သေးပါဘူး၊၊
လင်းဖန် ဒီလောက်အထိ စိတ်လှုပ်ရှားနေရတာကတော့ သူ့ရဲ့ သွေးသားမတော်စပ်တဲ့ အစ်မ ဖြစ်သူ လင်းမြောင်မြောင်ကြောင့်ပဲ ဖြစ်ပါတော့တယ်၊၊