အခန်း (၈)။ အညှာတာမဲ့တဲ့ သူဌေးက ကျွန်မကို မက်ဒေါ်နယ်တစ်ပွဲနဲ့ လှည့်စားခဲ့တယ်
“ဒါဆို သူ ဖုန်းနံပါတ်ဖြစ်ဖြစ် တစ်ခုခုဖြစ်ဖြစ် ထားမသွားဘူးလားဟင်၊၊”
နာ့စ်မလေးက ခေါင်းခါလိုက်ပြီး “မထားသွားဘူး၊၊ သူက ညည်းအတွက် ဆေးဖိုး ငါးသိန်းကျော်ကို အလွယ်တလေး ပေးချေသွားရုံတင်မကဘဲ စုရှင်းကွေ့ ခွဲစိတ်ပြီးနောက်ပိုင်း ပြန်လည်ကျန်းမာရေးအတွက်ပါ နောက်ထပ် သိန်းချီပြီး ကြိုပေးသွားတာ၊၊ ညည်းမှာ သူ့ဖုန်းနံပါတ်တောင် မရှိဘူးလား၊၊ သူ့ကို မသိဘူးလား၊၊”
စုယွီရှင်း ကြောင်သွားပါတယ်၊၊ သူမနဲ့ လင်းဖန်ဟာ အရင်က ကျောင်းမှာ အကြိမ်အနည်းငယ် ဆုံဖူးပေမဲ့ မြင်ဖူးရုံသက်သက်ပါပဲ၊၊ တကယ်တော့ သူမဆီမှာ လင်းဖန်ရဲ့ ဆက်သွယ်ဖို့ အချက်အလက် ဘာမှမရှိပါဘူး၊၊
လင်းဖန်က သူမကို အများကြီး ကူညီပေးခဲ့ပြီး ဘာအမှတ်အသားမှ မချန်ထားဘဲ ထွက်သွားလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး၊၊
ဒါဟာ လင်းဖန်က သူမရဲ့ ကမ္ဘာထဲကို ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့ ကယ်တင်ရှင်တစ်ယောက်လို ခဏတာ ရောက်လာပြီး ကူညီပေးခဲ့သလိုပါပဲ၊၊
“ရှင် ပြန်လာဦးမလား၊၊ တကယ်လို့ ရှင် ပြန်မလာတော့ရင်၊၊ ရှင့်ကို ဘယ်မှာ သွားရှာရမလဲ၊၊”
စုယွီရှင်း စိတ်ထဲမှာ ဟာတာတာကြီး ဖြစ်နေပြီး လင်းဖန်ရဲ့ ပုံရိပ်က သူမရဲ့ စိတ်ထဲမှာ စွဲထင်နေပါတယ်၊၊
လင်းဖန် ကြိုတွေးထားသလိုပါပဲ၊ ဆက်သွယ်ဖို့ လိပ်စာမပေးခဲ့တာက ပေးခဲ့တာထက် ပိုပြီးတော့ ထိရောက်မှု ရှိနေပါတယ်၊၊
တစ်နာရီလောက် ကြာပြီးနောက်မှာတော့၊၊
ခွဲစိတ်ခန်းက မီးတွေ မှိန်သွားပြီး ဆရာဝန် ထွက်လာပါတယ်၊၊ စုယွီရှင်းလည်း အနားကို အပြေးအလွှား သွားလိုက်ပါတယ်၊၊
“ဆရာဝန်၊ ခွဲစိတ်မှု အဆင်ပြေရဲ့လား၊၊ ကျွန်မအဖေ နေကောင်းရဲ့လားဟင်၊၊”
“ခွဲစိတ်မှုက အရမ်းအောင်မြင်ပါတယ်၊၊ တော်သေးတာက ဒုတိယဆေးရုံက စက်ကိရိယာတွေ အချိန်မီ ရောက်လာလို့ပဲ၊၊ နောက်ပိုင်းမှာ ကောင်းကောင်း အနားယူမယ်ဆိုရင် ဘာပြဿနာမှ မရှိတော့ပါဘူး၊၊”
စုယွီရှင်း အရမ်းဝမ်းသာသွားပြီး “ကျေးဇူးတင်ပါတယ် ဆရာဝန်၊၊” လို့ ပြောလိုက်ပါတယ်၊၊
ခွဲစိတ်ပြီးသွားပေမဲ့ စုရှင်းကွေ့ နိုးလာဖို့ အချိန်အနည်းငယ် စောင့်ရဦးမှာပါ၊၊ စုယွီရှင်းလည်း သူမရဲ့ ရင်ထဲက အပူထုပ်ကြီး ကျသွားသလို ခံစားလိုက်ရပါတယ်၊၊
စုရှင်းကွေ့ မေ့ဆေးပြယ်ပြီး နိုးလာမှာကို စောင့်နေရင်း စုယွီရှင်းဟာ လှေကားဘက်ကို ခဏခဏ ကြည့်နေမိပါတယ်၊၊ လှေကားကနေ လူတစ်ယောက် တက်လာတိုင်း အဲဒီ အရပ်ရှည်ရှည်နဲ့ ပုံရိပ်လေး ဖြစ်ပါစေလို့ သူမ မျှော်လင့်နေမိပေမဲ့ သူကတော့ ပေါ်မလာခဲ့ပါဘူး၊၊
....................
ဟွာရုံအဆောက်အအုံ ၃၃ ထပ်၊၊
လင်းဖန်က တံခါးဝမှာ ရပ်နေတုန်းဖြစ်ပြီး လျူရှင်းကတော့ အခန်းထဲမှာ လှဲနေတုန်းပါပဲ၊၊(ယုံဘူး😐)
“ဒါရိုက်တာလင်း၊ ကျွန်မ ခုနက အိပ်လိုက်ရတာ အရမ်းပင်ပန်းသွားတယ်၊ ဒီနေ့တော့ အလုပ်လုပ်နိုင်မယ် မထင်တော့ဘူး၊၊” လျူရှင်းက အားငယ်တဲ့ လေသံလေးနဲ့ ပြောလိုက်ပါတယ်၊၊
လင်းဖန် ပြုံးလိုက်မိပါတယ်၊၊ လျူရှင်း ဒီလောက်အကြာကြီး အိပ်ပျော်သွားလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး၊၊
မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိတောင် ရှိသွားပါပြီ၊၊
လျူရှင်းက သူမရဲ့ ဗိုက်လေးကို ပွတ်ပြီး “ခုနက အိပ်ရတာ ပင်ပန်းလွန်းလို့ ဗိုက်ဆာလာပြီ၊၊” လို့ ပြောပါတယ်၊၊
လင်းဖန်ရဲ့ ဗိုက်ကလည်း အကြိမ်ကြိမ် ဆန္ဒပြနေပါပြီ၊၊ သူလည်း မနက်ကတည်းက ဘာမှမစားရသေးပါဘူး၊၊ ဒါပေမဲ့ အခု လင်းဖန်က တံခါးစောင့်နတ်မင်းကြီး လုပ်နေရတာဆိုတော့ ထွက်သွားလို့ မဖြစ်သေးပါဘူး၊၊ လင်းဖန် အပြင်ထွက်ပြီး မနက်စာ သွားဝယ်ပေးဖို့ ဆိုတာကလည်း အခုအချိန်မှာတော့ မဖြစ်နိုင်တော့ပါဘူး၊၊
“အပြင်စာပဲ မှာစားကြရင်ရော ဘယ်လိုလဲ၊၊”
လျူရှင်းက လင်းဖန်ကို မျက်စောင်းထိုးလိုက်ပြီး “ဒါဆို ဒါရိုက်တာလင်းက အစားအသောက်တွေကို ကုတင်ဘေးအထိ လာပို့ခိုင်းမလို့လား၊ ဒါမှမဟုတ် အဝတ်အစားမပါဘဲ အပြင်ထွက်ပြီး သွားယူမလို့လား၊၊”(ငိ ပြောတော့ တံခါးစောင့်နေတယ်ဆို ဘယ်မတုန်း အဝတ်တေ🥲)
လင်းဖန်က ဘယ်လိုစားရမလဲလို့ စဉ်းစားနေတုန်းမှာပဲ အောက်ထပ်မှာ ဆုံခဲ့တဲ့ အာဂျောင်းကို ရုတ်တရက် သတိရသွားပါတယ်၊၊ သူမကို အစားအသောက်ဝယ်ခိုင်းပြီး အပေါ်ကို ပို့ခိုင်းရင် မကောင်းဘူးလား၊၊
လင်းဖန်က သူ့ရဲ့အကြံကို လျူရှင်းကို ပြောပြလိုက်တဲ့အခါမှာတော့ လျူရှင်းက စောင်ကို အပေါ်ထိ ဆွဲတင်လိုက်ပြီး “တကယ်ပဲ သူမကို လာပို့ခိုင်းရမှာလား၊၊ ကြည့်ရတာ အဲဒီမိန်းကလေးက လျှို့ဝှက်ချက် ထိန်းနိုင်မယ့်ပုံ မပေါ်ဘူး၊၊”
“ဒါမှမဟုတ် မင်းမှာ လက်ထောက်မရှိဘူးလား၊၊ မင်းရဲ့လက်ထောက်ကိုပဲ အစားအသောက် လာပို့ခိုင်းလိုက်လေ၊၊ မင်းလက်ထောက်က လူစိမ်းမှ မဟုတ်တာ၊၊”
“ကျွန်မမှာ ဘယ်လိုလုပ် လက်ထောက်ရှိမှာလဲ၊၊ အခု ကျွန်မ ရာထူးကြီးနေတယ်လို့ ထင်ရပေမဲ့ တကယ်တော့ ရှင့်ရဲ့ ကိုယ်ရေးကိုယ်တာ အတွင်းရေးမှူးလေးပဲ ရှိသေးတာ၊၊ တကယ့် ရာထူးအဆင့်အတန်းအရဆိုရင် အရမ်းနိမ့်ပါတယ်၊၊ ဥက္ကဋ္ဌဖြစ်တဲ့ ရှင့်ရဲ့ အာဏာက ကြီးမားနေပြီး ကျွန်မက ရှင့်ရဲ့ ဂုဏ်ရှိန်ကို ခဏ ငှားသုံးနေရတာပဲ ရှိတာ၊၊ ရာထူးအဆင့်က သတ်မှတ်ထားပြီးသားမို့ ကျွန်မမှာ လက်ထောက် ထားလို့မရဘူး၊၊”
“ရာထူးအဆင့်တွေ ဘာတွေ ဂရုစိုက်မနေပါနဲ့၊၊ နောက်ပိုင်းမှာ မင်းက ကျွန်တော့်နားမှာ ခဏခဏ ရှိနေရမှာဆိုတော့ ကုမ္ပဏီကိစ္စတွေကို အရင်လို အမြဲ မလုပ်နိုင်တော့ဘူး၊၊ နောက်ဆိုရင် လက်ထောက်တွေ အများကြီး ထပ်ငှားလိုက်၊၊ အလုပ်မှန်သမျှကို လက်ထောက်တွေကိုပဲ ခိုင်းလိုက်တော့၊၊ ကျွန်တော့်လိုပေါ့၊၊ အလုပ်ရှိရင် အတွင်းရေးမှူးက လုပ်ပေးမယ်၊၊ အလုပ်မရှိတဲ့ အချိန်ကျရင်တော့...၊၊”
“ဒါရိုက်တာလင်းကတော့ ဆိုးလိုက်တာ၊၊ ကျွန်မက ကုမ္ပဏီကို အလုပ်လုပ်ဖို့ လာတာပါ၊၊ အခုက အလုပ်ချိန်လေ၊၊ ကျွန်မ အပျင်းထူနေတယ်လို့ ထင်လို့လား၊၊”
“အခု ဒါကလည်း အလုပ်တစ်မျိုးပဲ မဟုတ်ဘူးလား၊၊ နောက်ဆိုရင် တစ်ကုမ္ပဏီလုံးကိုတောင် မင်းကို ပေးလိုက်လို့ ရတယ်၊၊”
....................
သူတို့နှစ်ယောက် စကားပြောနေရင်းနဲ့ ဗိုက်ဆာတာကိုတောင် ခဏ မေ့သွားကြပါတယ်၊၊ ပြန်သတိရလာတဲ့ အချိန်မှာတော့ ညနေ ၆ နာရီတောင် ထိုးနေပါပြီ၊၊(၃နာရီ ကနေ ၆နာရီထိ ဘယ်လိုတောင် ပြောလဲဟမ်)
ဒီအတောအတွင်းမှာ သူတို့နှစ်ယောက် အများကြီး စကားပြောဖြစ်ခဲ့ကြပါတယ်၊၊ ကုမ္ပဏီက အသစ်လုပ်မယ့် စူပါမားကတ် လုပ်ငန်းတွေအကြောင်းနဲ့ ဆေးလိပ်အကြောင်းတွေကို ပြောဖြစ်ကြပြီး လင်းဖန် အရင်က အသောက်များတဲ့ ဆေးလိပ်တံဆိပ်က ‘ဝှိုက်ဂျန်ဂျွန်’ ဖြစ်တယ်ဆိုတာတွေကိုလည်း ပြောဖြစ်ခဲ့ကြပါတယ်၊၊
သူတို့နှစ်ယောက် အဲဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အများကြီး ဆွေးနွေးဖြစ်ခဲ့ကြတာပါ၊၊(ဘယ်ဆေးလိပ်လဲဟေ)
အဲဒီနောက်မှာတော့ သူတို့နှစ်ယောက် တကယ်ကို ဗိုက်ဆာလာတာကြောင့် ဝေခွဲမနေတော့ပါဘူး၊၊ လျူရှင်းက ကုမ္ပဏီရဲ့ ဖုန်းနံပါတ်စာရင်းထဲကနေ အာဂျောင်းရဲ့ နံပါတ်ကို ရှာလိုက်ပြီး တစ်ခုခု အမြန်ဝယ်ကာ ၃၃ ထပ်က ဥက္ကဋ္ဌရုံးခန်းကို လာပို့ပေးဖို့ ပြောလိုက်ပါတယ်၊၊
အာဂျောင်းကတော့ တကယ်ကို အလုပ်သွက်ပါတယ်၊၊ ဖုန်းဆက်ပြီး ၁၅ မိနစ်တောင် မပြည့်ခင်မှာပဲ အထုပ်တွေအများကြီးကို သယ်ပြီး ရုံးခန်းထဲကို ပြေးဝင်လာပါတယ်၊၊
“ဒါရိုက်တာလင်း၊ ကျွန်မ ဟမ်ဘာဂါတွေ၊ ပီဇာတွေနဲ့ ကြက်ကျော်တွေ ဝယ်လာပါတယ်၊၊ ရှင် ဘယ်မှာလဲဟင်၊၊”
“အထဲကို ယူလာခဲ့ပါ၊၊ အထဲက အိပ်ခန်းထဲမှာ၊၊”
လင်းဖန်ရဲ့ အသံထွက်လာတော့ အာဂျောင်းက အစားအသောက်တွေကို အိပ်ခန်းထဲ အမြန်သယ်သွားပါတယ်၊၊ အိပ်ခန်းထဲရောက်လို့ လျူရှင်းကို မြင်လိုက်ရတာနဲ့ အာဂျောင်းရဲ့ မျက်လုံးတွေ ပြူးသွားပြီး အမြန်ပဲ တခြားဘက်ကို လှည့်လိုက်ပါတယ်၊၊
“ကျွန်မ၊ ကျွန်မ ဘာမှမမြင်ပါဘူးနော်၊၊”
“ရပါတယ်၊ မင်းကို အထဲဝင်ခိုင်းကတည်းက ဖုံးကွယ်ဖို့ စိတ်မရှိပါဘူး၊၊ အစားအသောက်တွေကို ကုတင်ပေါ်မှာပဲ တင်လိုက်ပါ၊၊”
အာဂျောင်းက ဖြည်းဖြည်းချင်း ပြန်လှည့်လာပါတယ်၊၊ အစမှာတော့ မျက်လုံးမှိတ်ထားပေမဲ့ မှိတ်ထားရင် ဘာမှမမြင်ရဘူးဆိုတာ သတိရသွားပြီး (ဒါကတော့ သိသာတာပေါ့) နောက်ဆုံးမှာတော့ မျက်လုံးတစ်ဖက်ဖွင့် တစ်ဖက်ပိတ်နဲ့ အစားအသောက်တွေကို ကုတင်ပေါ် တင်လိုက်ပါတယ်၊၊
“ဘာလို့ မျက်လုံးတစ်ဖက်ပဲ ဖွင့်ထားတာလဲ၊၊”
“အစီရင်ခံပါတယ် ဒါရိုက်တာလင်း၊ ကျွန်မရဲ့ အသိတရားက မကြည့်နဲ့လို့ ပြောနေပေမဲ့ ကျွန်မရဲ့ စပ်စုချင်စိတ်က ကြည့်ဖို့ တိုက်တွန်းနေပါတယ်၊၊ အဲဒီတော့ အသိတရားနဲ့ စပ်စုချင်စိတ် အားပြိုင်ရင်းနဲ့ အခုလို မျက်လုံးတစ်ဖက်ဖွင့် တစ်ဖက်ပိတ် ပုံစံ ဖြစ်သွားတာပါ၊၊”
လင်းဖန် - “...”
လျူရှင်း - “...”
“ကဲပါ၊ မျက်လုံးဖွင့်လိုက်ပါ၊၊ ကြည့်ချင်သလို ကြည့်လို့ရပါတယ်၊၊ ဒါနဲ့ မင်းက ကုမ္ပဏီမှာ အခု ဘယ်ဌာနမှာ လုပ်နေတာလဲ၊၊”
“ဘဏ္ဍာရေးဌာနမှာပါ၊ အမြဲတမ်းဝန်ထမ်း ဖြစ်တာ မကြာသေးပါဘူး၊၊”
“မင်း ဘဏ္ဍာရေးဌာနမှာ ဆက်လုပ်စရာ မလိုတော့ဘူး၊၊”
လင်းဖန် စကားတောင် မဆုံးသေးဘူး အာဂျောင်းက ချက်ချင်းပဲ ငိုယိုပါတော့တယ်၊၊ “အညှာတာမဲ့တဲ့ သူဌေးက ဝန်ထမ်းလေးကို အနိုင်ကျင့်နေပြီ၊၊ ဒီမနက်တင် အလုပ်မထုတ်ဘူးလို့ ပြောထားပြီးတော့ အခုကျမှ နောက်ဆုံးအကြိမ် မက်ဒေါ်နယ် ဝယ်ခိုင်းဖို့ လှည့်စားခဲ့တာပဲ၊၊ အီးဟီး~~~”
လင်းဖန် - “...”
“မအော်နဲ့တော့၊၊ ဘယ်သူက မင်းကို အလုပ်ထုတ်မယ် ပြောလို့လဲ၊၊ မင်း ဘဏ္ဍာရေးမှာ လုပ်စရာမလိုတော့ဘူးလို့ ပြောတာ၊၊ လျူရှင်းက နောက်ပိုင်း လက်ထောက်အချို့ ခန့်ဖို့ လိုအပ်နေတော့ မင်းက သူမရဲ့ လက်ထောက်တစ်ယောက် ဖြစ်လာမယ်၊၊ လစာနဲ့ ခံစားခွင့်တွေက နှစ်ဆ ရမှာပါ၊၊”
အာဂျောင်းက အကြာကြီး အော်ငိုနေပေမဲ့ မျက်ရည်ကတော့ တစ်စက်မှ ထွက်မလာပါဘူး၊၊ “ဒါရိုက်တာလင်း၊ တကယ်ပြောတာလားဟင်၊၊ လစာက တကယ်ပဲ နှစ်ဆ တိုးမှာလား၊၊”
“ကျွန်တော်က မင်းကို လိမ်စရာလား၊၊ နောက်ဆိုရင် အလုပ်ကို ကြိုးစားလုပ်၊ အခုလိုမျိုး ဂနာမငြိမ် ဖြစ်မနေနဲ့တော့၊၊”
“ဒါရိုက်တာလင်း စိတ်ချပါ၊ အတွင်းရေးမှူးလျူလည်း စိတ်ချပါ၊၊ ကျွန်မ ကျိုးချန်းဂျောင်းကတော့ တကယ်ကို ကြိုးစားသွားမှာပါ၊၊ နောက်ဆို ဒါရိုက်တာလင်း ညွှန်တဲ့ဆီကို ကျွန်မ ပြေးပါ့မယ်၊၊ ဘာမေးခွန်းမှ မမေးပါဘူး၊၊”
“အေးပါ၊ အပြင်ကို အရင် ထွက်သွားဦး၊၊ ဪ၊ ခုနက စားစရာတွေက ဘယ်လောက်ကျလဲ၊၊ ကျွန်တော် ချက်ချင်းပဲ လွှဲပေးလိုက်မယ်၊၊” လင်းဖန်က သူ့ဖုန်းကို ထုတ်လိုက်ပါတယ်၊၊
“ဒါရိုက်တာလင်း၊ ဘာတွေ ပြောနေတာလဲ၊၊ ဒီလောက် အနည်းအကျဉ်းလေးကို ဘာလို့ ပေးနေမှာလဲ၊၊ ကျွန်မက သဘောထားသေးတဲ့သူ မဟုတ်ပါဘူး၊၊ ဒီတစ်နပ်ကတော့ ကျွန်မ ကျွေးတာပါ၊၊”
လင်းဖန် - “တောက်၊ ခုနလေးတင်ပဲ ငါ့ကို မက်ဒေါ်နယ် ဝယ်ခိုင်းပြီး လှည့်စားတဲ့ အညှာတာမဲ့တဲ့ သူဌေးလို့ မပြောခဲ့ရင် မင်းစကားကို ငါ တကယ် ယုံမိမှာပဲ၊၊”