အခန်း (၇)။ အိပ်ချင်နေပြီ
ဟွာရုံအုပ်စုက ဥက္ကဋ္ဌရုံးခန်းဟာ အရမ်းကျယ်ပါတယ်၊၊ ဘယ်လောက်တောင် ကျယ်သလဲလို့ မေးရင် အနည်းဆုံး အီးကပ် အရွယ်အစားလောက် ရှိတယ်လို့ ပြောရမှာပါ၊၊ ဘာပဲဖြစ်ဖြစ် အဲဒီလို ‘ကြီးမား’ တာမျိုးက တကယ်ကို ကြည့်ကောင်းပါတယ်၊၊(ငင့် ဘာမှလဲမဆိုင်🥴)
ရုံးခန်းတစ်ခုလုံးဟာ စတုရန်းမီတာ ၂၀၀ ဝန်းကျင်ရှိပြီး သာမန်တိုက်ခန်းအများစုထက်တောင် ပိုကျယ်ပါသေးတယ်၊၊ ရုံးခန်းထဲမှာ အခန်း ၃ ခန်းရှိပါတယ်၊၊ အပေါက်ဝနားမှာ စာရွက်စာတမ်းတွေ ကိုင်တွယ်တဲ့ ရုံးခန်းမကြီးရှိပြီး နောက်တစ်ခုက စာကြည့်တိုက်ဖြစ်ကာ နောက်ဆုံးတစ်ခုကတော့ အိပ်ခန်းပဲဖြစ်ပါတယ်၊၊
ရုံးခန်းမကြီးရဲ့ နောက်ခံနံရံကို ဂျီဩမေတြီပုံစံတွေနဲ့ အလှဆင်ထားပြီး အလယ်မှာတော့ မင်စက်ပန်းချီကားတွေ ရှိပါတယ်၊၊ အပေါက်ဝရဲ့ တည့်တည့်မှာတော့ အထင်ရှားဆုံးအဖြစ် ‘ရာထူးအမြန်တက်ပါစေ’ ဆိုတဲ့ လက်ရေးလှစာသားကို ချိတ်ဆွဲထားပါတယ်၊၊
မျက်နှာကြက်ကိုတော့ ရိုးရှင်းပြီး ခန့်ညားတဲ့ ဒီဇိုင်းမျိုး ဖော်ဆောင်ထားပါတယ်၊၊ အလယ်ပိုင်းကို အတွင်းဘက် ချိုင့်ဝင်နေတဲ့ ပုံစံမျိုးလုပ်ထားလို့ အနုပညာဆန်တဲ့ ခံစားချက်ကို ပေးစွမ်းပါတယ်၊၊ ရာဘာရောင် ကြမ်းခင်းနဲ့ သစ်သားရောင် အပြင်အဆင်တွေက တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေပြီး အခန်းကို ပိုပြီးအနက်အဓိပ္ပာယ်ရှိစေပါတယ်၊၊
အဝင်ဝရဲ့ ဘယ်ဘက်မှာတော့ ဆိုဖာ၊ စားပွဲနဲ့ လက်ဖက်ရည်ဖျော်စက်တွေပါတဲ့ ဧည့်ကြိုနေရာ ရှိပါတယ်၊၊ နောက်ဆုံးမှာတော့ ရုံးခန်းတစ်ခုလုံးမှာ အရေးကြီးဆုံးဖြစ်တဲ့ စားပွဲကြီးရှိပါတယ်၊၊ ဒီစားပွဲဟာ ရုံးခန်းအတိုင်းပါပဲ၊၊ စကားလုံးတစ်လုံးတည်းနဲ့ ဖော်ပြရရင် ‘ကြီးမား’ တာပါပဲ၊၊
အရေးကြီးဆုံးက ဒီစားပွဲကို အော်ဒါမှာပြီး သီးသန့်လုပ်ထားတာပါ၊၊ အဝင်ဝကနေ ကြည့်ရင်တော့ သာမန်ရုံးခန်းစားပွဲနဲ့ ဘာမှမခြားပါဘူး၊၊ ဒါပေမဲ့ အမှုဆောင်အရာရှိထိုင်တဲ့ ထိုင်ခုံမှာ ထိုင်ကြည့်လိုက်မယ်ဆိုရင်တော့ စားပွဲအောက်မှာ ဟာလာဟင်းလင်း ဖြစ်နေတဲ့ နေရာအကျယ်ကြီးကို တွေ့ရပါလိမ့်မယ်၊၊
ဒီလောက် ကျယ်ဝန်းတဲ့နေရာက ဘာအတွက်လဲလို့ မေးစရာရှိပါတယ်၊၊ သင်တွေးနေသလိုမျိုးတော့ မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား၊၊ စာရေးသူကတော့ အပြစ်ကင်းတဲ့ ကလေးတစ်ယောက်မို့ သင်ဘာတွေ တွေးနေသလဲဆိုတာ လုံးဝမသိပါဘူး၊၊(ငါဘာမှမပြောနိုင်တော့ဘူး)
ရုံးခန်းမကြီးကနေ အတွင်းဘက်ကို ထပ်ဝင်သွားရင် စာကြည့်တိုက်ကို ရောက်ပါတယ်၊၊ စာအုပ်စင်တွေပေါ်မှာ ကမ္ဘာကျော် ဂန္ထဝင်စာအုပ်တွေ၊ သိုင်းဝတ္ထုတွေ၊ ကျော်ကြားသူတွေရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိတွေနဲ့ တခြားစာအုပ်ပေါင်းစုံ ရှိနေပါတယ်၊၊ လင်းဖန်က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး စင်ပေါ်က စာအုပ်တွေထဲက သူအကြိုက်ဆုံးတစ်ခုကို ရွေးရမယ်ဆိုရင်တော့ အဲဒီစာအုပ်ပဲ ဖြစ်ပါလိမ့်မယ်၊၊
စာအုပ်နာမည်က ‘နတ်ဘုရားအဆင့် သူဌေးကြီးစနစ်’ တဲ့၊၊ ဒီစာအုပ်ကို ဖတ်နေတဲ့သူတိုင်းဟာ ပါရမီရှိတဲ့သူတွေ ဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊၊
ရုံးခန်းမကြီးနဲ့ စာကြည့်တိုက်အပြင် အိပ်ခန်းတစ်ခန်းလည်း ပါဝင်ပါသေးတယ်၊၊ အလုပ်တွေလုပ်ရင်း ပင်ပန်းလာရင် အချိန်မရွေး အနားယူလို့ရပါတယ်၊၊ အိပ်ခန်းထဲမှာ ရေချိုးခန်းနဲ့ အိမ်သာအပြင် လိုအပ်တာမှန်သမျှ အကုန်ရှိပါတယ်၊၊
အရေးကြီးဆုံးကတော့ အိပ်ခန်းဟာ အသံလုံတာပါပဲ၊၊ လျူရှင်းက လင်းဖန်ကို ရုံးခန်းအနှံ့ လိုက်ပြခဲ့ပါတယ်၊၊ အခုအချိန်မှာတော့ လျူရှင်းရဲ့ မျက်နှာပေါ်က နီမြန်းနေတာတွေဟာ လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ၊၊
ကျွမ်းကျင်တဲ့ ဘုတ်အဖွဲ့အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ဒါဟာ သူမရဲ့ လုပ်ငန်းခွင်အပြုအမူပဲ ဖြစ်ပါတယ်၊၊
ရုံးခန်းအနှံ့ ကြည့်ရှုပြီးနောက်မှာတော့ လင်းဖန်ဟာ အမှုဆောင်အရာရှိထိုင်ခုံမှာ ထိုင်လိုက်ပါတယ်၊၊ ထိုင်လိုက်တာနဲ့ လင်းဖန်ဟာ ပတ်ပတ်လည်ကို ကြည့်ပြီး အနားမှာရှိတဲ့ ခုံပုလေးနဲ့ ဟိုဘက်က ဆိုဖာကို မမြင်ချင်ယောင်ဆောင်လိုက်ပါတယ်၊၊ "တကယ်တော့ ဒီရုံးခန်းထဲမှာ ထိုင်ခုံတစ်လုံးပဲ ရှိတာပဲ၊၊ အတွင်းရေးမှူးလျူ၊ ကျွန်တော်က သူဌေးဖြစ်ပြီး မင်းက အတွင်းရေးမှူးဖြစ်ပေမဲ့ ကျွန်တော်က ဝန်ထမ်းတွေကို ခေါင်းပုံဖြတ်တာမျိုး ဘယ်တော့မှ မလုပ်ဘူး၊၊ ဒါကြောင့် ကျွန်တော် ထိုင်နေပြီး မင်းက မတ်တတ်ရပ်နေတာမျိုး လုံးဝမဖြစ်စေရဘူး၊၊
ဒါပေမဲ့ ဒီမှာ ထိုင်ခုံက တစ်လုံးတည်းရှိနေတော့၊၊ မင်း ကျွန်တော့်ပေါင်ပေါ်မှာပဲ ထိုင်လိုက်ပါလား"
လျူရှင်းဟာ လင်းဖန်ကို တစ်ချက်ကြည့်လိုက်ပြီး အနားက ခုံပုလေးကိုလည်း ကြည့်လိုက်ပါတယ်၊၊ လင်းဖန်ရဲ့ အဓိပ္ပာယ်မရှိတာတွေကို အဟုတ်ကြီးပြောနိုင်တဲ့ စွမ်းရည်ကို သူမ စိတ်ထဲကနေ အံ့ဩနေမိပါတယ်၊၊
ဒါပေမဲ့ လင်းဖန်က ဘယ်လောက်ပဲ အဓိပ္ပာယ်မရှိတာတွေ ပြောနေပါစေ၊ လျူရှင်းကတော့ နည်းနည်းလေးတောင် ရွံရှာတာမျိုး မရှိပါဘူး၊၊ ဘာလို့လဲဆိုတော့ သူမရဲ့ သတ်မှတ်ချက်အရ လင်းဖန်အပေါ် ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုရှိနေလို့ပါပဲ၊၊ လင်းဖန်က သူမကို အခုချက်ချင်း သေခိုင်းရင်တောင် သူမ ဝေခွဲမနေဘဲ လုပ်မှာပါ၊၊
"ဒါရိုက်တာလင်းက တကယ်ကို လက်အောက်ငယ်သားတွေအပေါ် ငဲ့ညှာလွန်းပါတယ်၊၊ ဒါဆိုရင်တော့ ကျွန်မ ရိုရိုသေသေပဲ နာခံပါ့မယ်"
လျူရှင်းဟာ သူမရဲ့ ရုံးဝတ်စုံစကတ်ကို သေချာဖိလိုက်ပြီး လင်းဖန်ရဲ့ လည်ပင်းကို လက်တစ်ဖက်နဲ့ ဖက်ကာ သူ့ပေါင်ပေါ်မှာ ဘေးတိုက် ထိုင်လိုက်ပါတယ်၊၊
"အဲဒါ၊၊ ကျွန်တော်တို့ ဘာအကြောင်း ပြောမလို့လဲ" လင်းဖန်ဟာ သူ့ရဲ့အတွေးတွေ နည်းနည်း ရှုပ်ထွေးသွားသလို ခံစားလိုက်ရပါတယ်၊၊
လျူရှင်းဟာ အပြင်ပန်းမှာ တည်ငြိမ်နေပုံရပေမဲ့ သူမရဲ့ စိတ်ထဲမှာတော့ အရမ်းကို ရင်ခုန်နေပါတယ်၊၊ ဒါဟာ သူမအတွက် ဆန့်ကျင်ဘက်လိင်တစ်ယောက်နဲ့ ပထမဆုံးအကြိမ် ဒီလောက်နီးနီးကပ်ကပ် ရှိဖူးခြင်းပါပဲ၊၊
"ကျွန်မတို့၊၊ လူတစ်ယောက်ကို ရှာဖို့အကြောင်း ပြောမလို့ထင်တယ်၊၊" လျူရှင်းက ပြန်ဖြေလိုက်ပါတယ်၊၊
"ဟုတ်သားပဲ၊ လူတစ်ယောက်ကို ရှာမလို့ပဲ၊၊ ဘယ်သူပါလိမ့်"
"ဒါရိုက်တာလင်း ကိုယ်တိုင် ရှာခိုင်းတာ မဟုတ်ဘူးလား၊၊ ဘယ်လိုဖြစ်လို့ မေ့သွားရတာလဲ"
"ဟူး၊ ကျွန်တော်လည်း အသက်နှစ်ဆယ်ကျော်နေပြီပဲ၊၊ အသက်ကြီးလာတော့ မှတ်ဉာဏ်က အရင်လို မကောင်းတော့ဘူးပေါ့" လင်းဖန်က ဆင်ခြေတစ်ခု ပေးလိုက်ပါတယ်၊၊
(ဘာသာပြန်တဲ့လူလဲအလိုပဲ နဲနဲချောင်နေပီ🥲)
"ဒါရိုက်တာလင်း ပြောခဲ့တာက ကျွန်မတို့ ရှာနေတဲ့သူ နာမည်က၊၊ လျိုရှူး ထင်တယ်"
"ဟုတ်ပြီ။ အဲဒီနာမည်ပဲ၊ လျိုရှူးပဲ"
ဒါပေမဲ့ လင်းဖန်က ချက်ချင်းပဲ စကားလမ်းကြောင်း လွှဲလိုက်ပါတယ်၊၊
"နေပါဦး၊ သူ့ကိုရှာဖို့က သိပ်မလောတော့ဘူးလို့ ရုတ်တရက် ခံစားလိုက်ရတယ်၊၊ ဒါနဲ့ အချိန်ကလည်း နည်းနည်း နောက်ကျနေပြီပဲ၊၊ မင်း အိပ်ချင်နေပြီလား၊၊ အိပ်ချင်ရင် အိပ်ခန်းထဲမှာ ခဏသွားနားလိုက်လေ"
လျူရှင်း ကြောင်သွားပါတယ်၊၊ လင်းဖန် ဘာကို ဆိုလိုသလဲဆိုတာကို သူမ နားလည်သွားပုံရပါတယ်၊၊
"အခုက မနက် ၁၀ နာရီ ထိုးတော့မှာပါ၊၊ မနက် ၁၀ နာရီပဲ ရှိသေးပေမဲ့ ဒါရိုက်တာလင်းက အိပ်ချင်နေပြီလို့ ပြောရင်တော့ ကျွန်မ အိပ်ချင်နေတာပဲ ဖြစ်ရမှာပေါ့"
လင်းဖန်က လက်ကို ဝှေ့ယမ်းပြီး ခန့်ခန့်ညားညားပဲ ပြောလိုက်ပါတယ်၊၊ "အိပ်ချင်နေမှတော့ အောင့်မထားပါနဲ့၊၊ မြန်မြန်သွားပြီး အခန်းထဲမှာ အိပ်လိုက်တော့၊၊ လက်အောက်ငယ်သားတွေကို ဂရုစိုက်တဲ့ သူဌေးတစ်ယောက်အနေနဲ့ ဝန်ထမ်းတွေ ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်နေတာကို ကျွန်တော် ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး”
လင်းဖန်က တကယ်ကို မွန်မြတ်တဲ့ သူဌေးကောင်းတစ်ယောက်လိုမျိုး ဖြောင့်မတ်မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ ပြောလိုက်တာပါ၊၊(ဘယ်သူယုံလဲ😐)
လျူရှင်းက လင်းဖန်ရဲ့ ပေါင်ပေါ်ကနေ ထရပ်လိုက်ပြီး ကိုယ်လက်ဆန့်ကာ သမ်းဝေလိုက်ပါတယ်၊၊
"အို၊ ကျွန်တော့်ရဲ့ ချစ်လှစွာသော ဝန်ထမ်းလေး၊ မင်း မအိပ်ချင်သေးဘူးလား၊၊ ဘာလို့ အိပ်ဖို့ မသွားသေးတာလဲ၊၊ ကျွန်တော်က ဝန်ထမ်းတွေကို ဘယ်တော့မှ ခေါင်းပုံမဖြတ်တဲ့ သူဌေးကောင်းပါ၊၊ အလုပ်ချိန်အတွင်းမှာပဲ ဖြစ်ဖြစ် မင်း အိပ်ချင်တယ်ဆိုရင် အချိန်မရွေး အိပ်လို့ရပါတယ်၊၊ ကျွန်တော်က အရမ်း သဘောထားကြီးတာပါ"
"ဒါရိုက်တာလင်း၊ ကျွန်မက မအိပ်ချင်တာ မဟုတ်ပါဘူး၊၊ ဒါရိုက်တာ မသိလို့ပါ၊ ကျွန်မက ငယ်ငယ်ကတည်းက စိမ်းတဲ့နေရာတွေမှာ နေရရင် အရမ်းကြောက်တတ်တာ၊ အိပ်စက်ခြင်းလိုမျိုး သီးသန့်ကိစ္စဆိုရင် ပိုတောင် ဆိုးပါသေးတယ်၊၊ ကျွန်မက ငယ်ငယ်ကတည်းက အရုပ်လေးကို ဖက်ပြီး အိပ်တတ်တာပါ၊၊ ဒီနေ့တော့ အရုပ်လေးလည်း မပါဘူး၊ အပြင်မှာလည်း မိုးတွေခြိမ်းနေတယ်၊၊ ကျွန်မ ကြောက်တယ်ရှင်~"
(ကောင်းကင်ကြီး - မင်း ငါ့ကို လာနောက်နေတာလား၊ ငါ ဘယ်တုန်းက မိုးခြိမ်းလိုက်လို့လဲ၊ မင်းက ငါ့ကိုပဲ အကြောင်းပြချက်အနေနဲ့ သုံးနေတော့တာပဲ၊ ငါ့မှာရော သိက္ခာမရှိဘူးလား)
လျူရှင်းဟာ ရင့်ကျက်တဲ့ ‘အစ်မကြီး’ ပုံစံမျိုး ရှိပေမဲ့ သူမရဲ့ ချွဲနွဲ့နေတဲ့ ပုံစံကတော့ လင်းဖန်အတွက် တကယ်ကို တောင့်ခံရခက်တဲ့ အရာပါပဲ၊၊
လင်းဖန်က လျူရှင်းရဲ့ လက်ကို ဆွဲကိုင်လိုက်ပြီး "မကြောက်ပါနဲ့၊ စိတ်အေးအေးထားပြီး အထဲမှာ သွားအိပ်ပါ၊၊ ကျွန်တော် ဒီအပြင်မှာ တံခါးစောင့်နတ်မင်းကြီးလိုမျိုး စောင့်ပေးနေပါ့မယ်၊၊ အပြင်မှာ မိုးခြိမ်းတာပဲဖြစ်ဖြစ်၊ ဘယ်လို ဘီလူးသရဲတွေပဲ ရောက်လာလာ၊ ကျွန်တော် အထဲကို အဝင်မခံဘူး" လို့ ဖြောင့်မတ်မှန်ကန်စွာ ပြောလိုက်ပါတယ်၊၊
"ဒါရိုက်တာလင်းက အရမ်းကြင်နာတာပဲ၊ ဒါဆိုရင်တော့ ကျွန်မ သွားအိပ်တော့မယ်နော်"
လျူရှင်း အခန်းထဲကို ဝင်သွားပြီးတဲ့နောက်မှာတော့ လင်းဖန်ဟာ တစ်ယောက်တည်း အပြင်မှာ စောင့်နေခဲ့ပြီး အထဲကို တစ်လှမ်းမှ မဝင်ခဲ့ပါဘူး၊၊
(ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်ကတော့ အဲဒါကို မယုံပါဘူး)
... ကျီကျိုး ပြည်သူ့ဆေးရုံ၊၊
ညနေ ၄ နာရီ၊၊
စုယွီရှင်းဟာ မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပါတယ်၊၊ ကောင်းကင်က မှောင်စပြုနေပါပြီ၊၊ ဖုန်းကို ကြည့်လိုက်တော့ ညနေ ၄ နာရီ ရှိနေပါပြီ၊၊
စုယွီရှင်းဟာ အိပ်ရာပေါ်ကနေ အမြန်ထလိုက်ပါတယ်၊၊ စောင်ကို အမြန်ခေါက်ပြီးနောက် လူနာဆောင်ထဲက ထွက်လာပြီး အထူးကြပ်မတ်ကုသဆောင် ရှေ့ကို ပြန်သွားလိုက်ပါတယ်၊၊
"ဆရာမ၊ ကျွန်မအဖေရဲ့ ခွဲစိတ်မှုက ပြီးတော့မယ် မဟုတ်လားဟင်"
"ပြီးတော့မှာပါ၊ နောက်ထပ် တစ်နာရီလောက်ဆိုရင် ပြီးပါပြီ၊၊ ခွဲစိတ်မှုက အရမ်း အောင်မြင်ပါတယ်၊၊ ခွဲစိတ်ပြီးရင် လူနာက ကောင်းကောင်း အနားယူမယ်ဆိုရင် ခန္ဓာကိုယ်အပေါ် ဘာဘေးထွက်ဆိုးကျိုးမှ ရှိမှာမဟုတ်ပါဘူး"
"ဒါဆို ဆရာမ၊ ခုနက ဆေးဖိုးတွေ လာပေးသွားတဲ့သူ ဘယ်မှာလဲဆိုတာ သိလားဟင်"
"ဟို လူငယ်လေးကို ပြောတာလား၊ သူက တစ်ခုခု လုပ်စရာရှိလို့ထင်တယ်၊ ညည်း အနားယူဖို့ သွားပြီး မကြာခင်မှာပဲ သူ ထွက်သွားတယ်"
"သူ... သူ ထွက်သွားပြီလား" နိုးလာတဲ့အချိန်မှာ လင်းဖန်ကို မတွေ့ရတော့တဲ့အတွက် စုယွီရှင်းရဲ့ စိတ်ထဲမှာ ဟာလာဟင်းလင်း ဖြစ်သွားသလို ခံစားလိုက်ရပါတယ်၊၊
(ခံစားမနေနဲ့ ဟိုကနောက်တစ်ယောက်နဲ့😐)