အခန်း ၄၉။ တကယ့်ကို မွှေးကြိုင်လှတဲ့ ပြကွက်ကြီး
ပိုင်ရင်းခဲရဲ့ 'တကယ့်ကို မွှေးကြိုင်လှပါတယ်' ဆိုတဲ့ မျက်နှာပြောင်းပြကွက်ကြီးက ပိုင်ရင်းရှို့ထက်တောင် ပိုပြီး အံ့ဩစရာကောင်းနေသေးကာ မျက်နှာပြောင်းလဲမှု အရှိန်အဟုန်ကလည်း ပိုမိုမြန်ဆန်လှတယ်။
စောစောကတင် မာနတွေ ထောင်လွှားပြီး အညံ့မခံသလို လုပ်နေခဲ့ပေမဲ့ ကာနီဗယ် လက်ဆောင်ရဲ့ ဈေးနှုန်းအမှန်ကို သိလိုက်ရပြီးတဲ့နောက်မှာတော့ တရုတ်ရိုးရာ နှစ်ယောက်တွဲအက ကိုတောင် မြူးမြူးကြွကြွ ထကပြနေတော့တာ ဖြစ်တယ်။
ဒါပေမဲ့ လင်းဖုန်းရဲ့ စိတ်ထဲမှာတော့ မေးခွန်းတစ်ခု ပေါ်ထွက်လာခဲ့တယ် -
'တက္ကသိုလ်က ကကွက်အသင်းမှာ ဒီလို နှစ်ယောက်တွဲအကမျိုးကိုပါ သင်ပေးလို့လား။'
လိုက်ဖ်လွှင့်ခန်းအတွင်းရှိ ပရိသတ်တွေကတော့ ပိုင်ရင်းခဲရဲ့ အခုလို တုံ့ပြန်မှုကြောင့် အော်ဟစ်အားပေးရင်း သောင်းသောင်းဖျဖျ ဖြစ်ကုန်ကြတော့တယ်။
【ပေါင်ဝမ် ရှောက်စီ - တကယ့်ကို မွှေးကြိုင်လှပါတယ်!!!】
【အဆိပ်အတောက် အီးထုပ် - တကယ့်ကို မွှေးကြိုင်လှပါတယ်!!!】
【မေယိုး ယန်ကောတယ် တျောက် - တကယ့်ကို မွှေးကြိုင်လှပါတယ်!!!】
【ကျောက်ဟွေ လီမြန်တယ် ရှောက်နန်ဟိုင်း - တကယ့်ကို မွှေးကြိုင်လှပါတယ်!!!】
(နာမည်အဆန်းကြီးတွေမို့ မပြင်ပဲ ဒီတိုင်းထားလိုက်ပါတယ် ဘာသာပြန်သူလဲ ခေတ်ကာလအရ "ဆီရှောက်ရှာ" ဆိုပီး နာမည်ပြောင်းဖို့ စဉ်းစားနေပါတယ်။🌝)
…………
မြူးမြူးကြွကြွ ကနေတဲ့ ပိုင်ရင်းခဲတစ်ယောက် မျက်နှာပြင်တစ်ခုလုံး 'မွှေးကြိုင်လှပါတယ်' ဆိုတဲ့ စကားလုံးတွေနဲ့ ပြည့်နှက်နေတာကို မြင်လိုက်ရပြီး စောစောကတင် မိမိကိုယ်ကိုယ် မာနကြီးသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ပုံရိပ်တွေ ခေါင်းထဲ ဖြတ်ပြေးသွားတာမို့ မျက်နှာလေးမှာ ရှက်ရိပ်တွေ ရုတ်တရက် သန်းလာခဲ့ရတယ်။
အပြစ်မကင်းသလို ခံစားချက်လေး ပေါ်လာတာနဲ့အမျှ ပိုင်ရင်းခဲရဲ့ ကကွက်လှုပ်ရှားမှုတွေကလည်း သိသိသာသာ နှေးကွေးသွားခဲ့ရတော့တယ်။
တူတူကပေးနေတဲ့ ပိုင်ရင်းရှို့က ပိုင်ရင်းခဲတစ်ယောက် စိတ်မပါသလို ဖြစ်နေတာကို သတိပြုမိတာမို့ သူမရဲ့ လက်မောင်းကို တံတောင်နဲ့ အသာတို့လိုက်ပြီး - "အစ်မ... ဘာဖြစ်လို့လဲဟင်"
"ရင်းရှို့... ငါ ရုတ်တရက် တွေးမိတာက တို့တွေ အခုလို လုပ်နေတာကြီးက သိပ်တော့ မမှန်ကန်ဘူးထင်တယ်။ တို့တွေက ကာနီဗယ် အခုတစ်ရာအတွက်နဲ့ပဲ သူတပါး ခိုင်းတာကို လိုက်လုပ်ရမှာလား။ သူတို့က ကခိုင်းရင် တို့က ကရမှာလား"
ပိုင်ရင်းရှို့ မျက်ခုံးတစ်ချက် ပင့်လိုက်မိတယ်။ ဒါက စောစောက မာနကြီးပြခဲ့တဲ့ နောက်ဆက်တွဲ ဝေဒနာလား။
'တကယ်တော့ နတ်ဆိုးကြီး တျောက်ချန်းက ပထမဆုံးအကြိမ် ကာနီဗယ် အခုတစ်ရာ ပစ်ပေးတုန်းက ငါလည်း အဲလို တွေးမိတာပါပဲ၊ ဒါပေမဲ့ သူက ဒုတိယအကြိမ် ထပ်ပြီး ပစ်ပေးလာတယ်လေ။ ငါလည်း မကချင်ပါဘူး၊ ဒါပေမဲ့... သူက ပိုက်ဆံတွေ အရမ်းပေးလွန်းလို့လေ!' ပိုင်ရင်းရှို့ စိတ်ထဲကနေ ဒီလိုပဲ တိုးတိုးလေး တွေးလိုက်မိတာပေါ့။
ပိုင်ရင်းခဲက ပိုင်ရင်းရှို့ဆီကနေ တိုက်ရိုက်အဖြေ မရရှိတာမို့ မျက်နှာပြင်ဘက် လှည့်ကာ တည်ကြည်လေးနက်တဲ့ မျက်နှာထားနဲ့ ပြောလိုက်တယ် - "စောစောက ငါ သေချာ မစဉ်းစားမိဘဲ မင်းရဲ့ ကာနီဗယ် လက်ဆောင်တွေရဲ့ တိုက်ခိုက်မှုအောက်မှာ မသိမသာ စိတ်ဝိညာဉ် ယိမ်းယိုင်သွားခဲ့ရတယ်။ ဒါပေမဲ့ အခု သေသေချာချာ ပြန်လည် စဉ်းစားသုံးသပ်ပြီးတဲ့နောက်မှာတော့ ငါ့ရဲ့ စောစောက လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ဖို့ ဆုံးဖြတ်လိုက်ပြီ! ငါ ဆက်ပြီး မကတော့ဘူး!"
[နတ်ဆိုးကြီး တျောက်ချန်း က ရှောင်ပိုင်၏ လိုက်ဖ်ခန်းတွင် ကာနီဗယ် လက်ဆောင် ၁ ခု ပေးပို့လိုက်ပါသည်]
[နတ်ဆိုးကြီး တျောက်ချန်း က ရှောင်ပိုင်၏ လိုက်ဖ်ခန်းတွင် ကာနီဗယ် လက်ဆောင် ၂ ခု ပေးပို့လိုက်ပါသည်]
[နတ်ဆိုးကြီး တျောက်ချန်း က ရှောင်ပိုင်၏ လိုက်ဖ်ခန်းတွင် ကာနီဗယ် လက်ဆောင် ၃ ခု ပေးပို့လိုက်ပါသည်]
…………
[နတ်ဆိုးကြီး တျောက်ချန်း က ရှောင်ပိုင်၏ လိုက်ဖ်ခန်းတွင် ကာနီဗယ် လက်ဆောင် ၁၀ ခု ပေးပို့လိုက်ပါသည်]
ပိုင်ရင်းခဲရဲ့ နှလုံးသားလေး အနည်းငယ် တုန်လှုပ်သွားရပေမဲ့ ပါးစပ်ကတော့ ခေါင်းမာမာနဲ့ ဆက်ပြောနေသေးတယ် - "ဒါတွေက အလကားပဲ။ ငါက ပိုက်ဆံကို တစ်ခါမှ မထိတွေ့ဖူးဘူး။ ငါက ပိုက်ဆံကို လုံးဝ စိတ်မဝင်စားဘူး!"
[နတ်ဆိုးကြီး တျောက်ချန်း က ရှောင်ပိုင်၏ လိုက်ဖ်ခန်းတွင် ကာနီဗယ် လက်ဆောင် ၂၉ ခု ပေးပို့လိုက်ပါသည်]
[နတ်ဆိုးကြီး တျောက်ချန်း က ရှောင်ပိုင်၏ လိုက်ဖ်ခန်းတွင် ကာနီဗယ် လက်ဆောင် ၃ခု ပေးပို့လိုက်ပါသည်]
"မင်းလို ငရဲက လာတဲ့ နတ်ဆိုးက တို့ရဲ့ စင်ကြယ်တဲ့ စိတ်ဝိညာဉ်ကို ညစ်ပတ်တဲ့ ပိုက်ဆံတွေနဲ့ လာပြီး ဖျက်ဆီးနေတာပဲ!"
[နတ်ဆိုးကြီး တျောက်ချန်း က ရှောင်ပိုင်၏ လိုက်ဖ်ခန်းတွင် ကာနီဗယ် လက်ဆောင် ၄၉ ခု ပေးပို့လိုက်ပါသည်]
[နတ်ဆိုးကြီး တျောက်ချန်း က ရှောင်ပိုင်၏ လိုက်ဖ်ခန်းတွင် ကာနီဗယ် လက်ဆောင် ၅၀ ခု ပေးပို့လိုက်ပါသည်]
"ဒီလိုမျိုး အပြစ်ဒုစရိုက်တွေ ပြည့်နှက်နေတဲ့ မိစ္ဆာက ကာနီဗယ် လက်ဆောင်တွေကို တို့ကို ဖျက်ဆီးမယ့် ကိရိယာအဖြစ် အသုံးချနေတာပဲ!"
[နတ်ဆိုးကြီး တျောက်ချန်း က ရှောင်ပိုင်၏ လိုက်ဖ်ခန်းတွင် ကာနီဗယ် လက်ဆောင် ၉၉ ခု ပေးပို့လိုက်ပါသည်]
[နတ်ဆိုးကြီး တျောက်ချန်း က ရှောင်ပိုင်၏ လိုက်ဖ်ခန်းတွင် ကာနီဗယ် လက်ဆောင် ၁၀၀ ခု ပေးပို့လိုက်ပါသည်]
"မင်းက ပိုက်ဆံတွေရဲ့ ဖျက်ဆီးခြင်းကို ခံထားရလို့ ငါ့ကိုပါ လာပြီး ဖျက်ဆီးဖို့ ကြိုးစားနေတာလား!"
[နတ်ဆိုးကြီး တျောက်ချန်း က ရှောင်ပိုင်၏ လိုက်ဖ်ခန်းတွင် ကာနီဗယ် လက်ဆောင် ၁၅၀ ခု ပေးပို့လိုက်ပါသည်]
[နတ်ဆိုးကြီး တျောက်ချန်း က ရှောင်ပိုင်၏ လိုက်ဖ်ခန်းတွင် ကာနီဗယ် လက်ဆောင် ၁၅၁ ခု ပေးပို့လိုက်ပါသည်]
"တကယ်တော့ ကာနီဗယ် လက်ဆောင်တွေမှာ ဘာအပြစ်မှ မရှိပါဘူး၊ ပြီးတော့ မင်းရဲ့ မူလ ရည်ရွယ်ချက်ကလည်း လုံးဝ မမှားပါဘူးနော်!"
[နတ်ဆိုးကြီး တျောက်ချန်း က ရှောင်ပိုင်၏ လိုက်ဖ်ခန်းတွင် ကာနီဗယ် လက်ဆောင် ၁၉၉ ခု ပေးပို့လိုက်ပါသည်]
[နတ်ဆိုးကြီး တျောက်ချန်း က ရှောင်ပိုင်၏ လိုက်ဖ်ခန်းတွင် ကာနီဗယ် လက်ဆောင် ၂၀၀ ခု ပေးပို့လိုက်ပါသည်]
"ကိုကြီးရေ... အခြား ဘာများ ထပ်ကြည့်ချင်သေးလဲဟင်။ ညီမလေး တတ်တာတွေ အများကြီး ရှိပါတယ်နော်! ကိုကြီး စိတ်ရွှင်လန်းသွားအောင် ညီမလေး ပြက်လုံးတစ်ခုလောက် ပြောပြရမလားဟင်!"
မူလကတော့ ပိုင်ရင်းခဲတစ်ယောက် ဒေါသတကြီး အော်ဟစ်ပစ်ချင်နေခဲ့တာ ဖြစ်သော်လည်း လင်းဖုန်းက ပိုက်ဆံတွေ အရမ်းကို ပစ်ပေးလွန်းလို့ပဲ ဖြစ်တော့တယ်!
အောက်က ကွန်မန့်ကဏ္ဍကတော့ ထုံးစံအတိုင်း 'တကယ့်ကို မွှေးကြိုင်လှပါတယ်' ဆိုတဲ့ စကားလုံးတွေနဲ့ ထပ်မံ ရေလွှမ်းသွားခဲ့ပြန်တယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ ပိုင်ရင်းခဲအနေနဲ့ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပါဘူး၊ ဘာလို့လဲဆိုတော့ ဒါက တကယ့်ကို 'မွှေးကြိုင်' နေလွန်းလို့ပဲ ဖြစ်တယ်။
လင်းဖုန်း အချိန်ကို လှမ်းကြည့်လိုက်တော့ ည ၁၁ နာရီကျော်နေပြီ ဖြစ်တယ်။ မနက်ဖြန်မနက်ကျရင် သူ နောက်ကျလို့ မဖြစ်ဘူးလေ၊ ဘာပဲပြောပြော အခု စုယွီရှုရဲ့ ရှေ့မှာ သူ့ရဲ့ အဆင့်အတန်းက ဝန်ထမ်းအသစ်တစ်ယောက် မဟုတ်လား။
အလုပ်ဝင်တဲ့ ဒုတိယမြောက်နေ့မှာတင် အလုပ်နောက်ကျတာ ဒါမှမဟုတ် အလုပ်ပျက်ကွက်တာမျိုး လုပ်လို့ ဘယ်ဖြစ်ပါ့မလဲ။
ဒါကြောင့် သူ ခဏလောက်ပဲ ဆက်ကြည့်ပြီး အိပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
နတ်ဆိုးကြီး တျောက်ချန်း : "လက်ဆောင်တွေ ပစ်ပေးရတာ နည်းနည်းတော့ လက်ညောင်းလာပြီ။ ငါ့ကို ပြက်လုံးတစ်ခုလောက် ပြောပြစမ်းပါ။ တကယ်လို့ ရယ်ရမယ်ဆိုရင် နောက်ထပ် ကာနီဗယ် လက်ဆောင် အခုနှစ်ရာ ထပ်ပစ်ပေးဦးမယ်!"
ပိုင်ရင်းခဲရဲ့ မျက်ဝန်းတွေက ချက်ချင်း တောက်ပသွားပြီး - "ကိုကြီး... ဒါဆို သေသေချာချာ နားထောင်နော်! ညီမလေးက ပြက်လုံးပြောတာ အရမ်းတော်တာ။ ငါ့ညီမက ကျောင်းမှာ ကျောင်းလှေကား (ကျောင်းအလှပဂေး) ဆိုရင် ညီမလေးကတော့ ကျောင်းရဲ့ ပြက်လုံးပဲ။ ကိုကြီး အားရပါးရ ရယ်မောဖို့သာ ပြင်ထားလိုက်တော့!"
"ပြောရဦးမယ်... ငါ့ညီမ ပိုင်ရင်းရှို့က တက္ကသိုလ်တက်ခါစတုန်းက ဆံပင်ကို အမြဲတမ်း တိုတိုလေးပဲ ညှပ်ထားတတ်တာ။ အဲဒါကြောင့် ကျောင်းက လူတော်တော်များများက သူမကို ယောက်ျားလေးလို့ ထင်မှတ်မှားခဲ့ကြတယ်။ သူမ မိန်းကလေး သန့်စင်ခန်းထဲ ဝင်တဲ့ အခါတိုင်း တိုင်ကြားခံရတာတောင် အကြိမ်ကြိမ်ပဲ၊ ဒါပေမဲ့ ဒါက အဓိက အချက် မဟုတ်သေးဘူးနော်။"
ပိုင်ရင်းရှို့တစ်ယောက် ပိုင်ရင်းခဲက သူမရဲ့အကြောင်းကို လျှောက်ပြောနေတာ ကြားတော့ ကြောင်အမ်းသွားပြီး စိတ်ထဲကနေ - 'ငါက ဘယ်တုန်းက ဆံပင်တို ညှပ်ခဲ့ဖူးလို့လဲ' လို့ တွေးလိုက်မိတယ်။
ဒါပေမဲ့ ဆက်နားထောင်ရင်းနဲ့ ပိုင်ရင်းရှို့တစ်ယောက် ဘယ်လိုမှ သည်းမခံနိုင်တော့ပေ။
"အချိန်တွေက တဖြည်းဖြည်း ကုန်လွန်သွားပြီး တစ်နေ့မှာတော့ မိန်းကလေးတစ်ယောက်က ငါ့ညီမရဲ့ စာသင်ခန်းအဝင်ဝမှာ တားဆီးပြီးတော့ သူမကို အချစ်ဝန်ခံလာခဲ့တယ်။ အဲဒီအချိန်မှာ ငါ့ညီမကလည်း မတတ်သာတဲ့အဆုံး သူမကိုယ်သူမ မိန်းကလေးတစ်ယောက် ဖြစ်ကြောင်း အားနာတကြီး ပြောပြလိုက်တာပေါ့။"
"အဲဒီနောက်မှာတော့ ထိုမိန်းကလေးက ငါ့ညီမကို သံသယ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေခဲ့တယ်။ အကြာကြီး စိုက်ကြည့်ပြီးတဲ့နောက်မှာတော့ ထိုမိန်းကလေးက ပိုင်ရင်းရှို့ရဲ့ ရင်ဘတ်ကို လှမ်းပြီး ထိတွေ့ကိုင်တွယ်ကြည့်လိုက်ရာကနေ... ချက်ချင်းပဲ ငိုယိုပြီး ထွက်ပြေးသွားခဲ့တော့တယ်။ သူမက ငိုရင်းနဲ့ လှမ်းအော်ပြောသွားသေးတယ် - 'နင် ငါ့ကို ငြင်းပယ်ချင်ရင်တောင် ဒီထက်ကောင်းတဲ့ ဆင်ခြေမျိုး ရှာပါဦးလား။ နင့်ရဲ့ ရင်ဘတ်က ငါ့မောင်လေးရဲ့ ရင်ဘတ်ထက်တောင် ပြားချပ်နေသေးတာကို၊ နင်က ဘယ်လိုလုပ် မိန်းကလေး ဖြစ်ရမှာလဲ!' လို့ ပြောသွားတာလေ ဟားဟား။"
【အဆိပ်အတောက် အီးထုပ် - ငါ့မောင်လေးရဲ့ ရင်ဘတ်ထက်တောင် ပြားချပ်နေသေးတယ်တဲ့ ဟားဟားဟားဟားဟားဟားဟား】
【မေမေရေ... မိန်းမကြီး ထွက်ပြေးသွားပြီ - ဘာပဲပြောပြော သူမက လေဆိပ်တစ်ခုကို ကိုယ်စီ ပိုင်ဆိုင်ထားတဲ့ သူဌေးမလေးပဲဥစ္စာ၊ ဒါပေမဲ့ ယောက်ျားလေးထက်တောင် ပြားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ဟားဟားဟားဟားဟားဟားဟား】
【ငါ့ရဲ့ မောင်လေး - နောင်ကျရင် ကလေးကတော့ တကယ် သနားဖို့ကောင်းပြီ။ ကုတင်ပေါ်မှာ စမ်းမိတော့ အဖေတစ်ယောက် တိုးလာတယ်၊ ခဏနေတော့ နောက်ထပ် အဖေတစ်ယောက် ထပ်တိုးလာပြန်ရော။ ဒါနဲ့ အမေက ဘယ်ရောက်သွားတာလဲဟင် ဟားဟားဟားဟားဟားဟားဟား】
…………
ပိုင်ရင်းရှို့ရဲ့ မျက်နှာလေးက ရှက်လွန်း ဒေါသထွက်လွန်းလို့ တစ်လှည့်စီ ပြာနှမ်းပြီး ဖြူလျော်သွားခဲ့ရတယ်။ သူမက ပိုင်ရင်းခဲရဲ့ ကော်လာစကို လှမ်းဆွဲလိုက်ပြီး - "နင် လျှောက်ပြီး ကောလာဟလတွေ လွှင့်နေတာပဲ! ဒါက နင် ဖန်တီးထားတဲ့ ပုံပြင်အသေအချာပဲ! ငါ နင့်ကို နာမည်ဖျက်မှုနဲ့ တရားစွဲပစ်မယ်!"
ပိုင်ရင်းခဲ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ရင်း - "နင် မကျေနပ်ရင်လည်း နင်ကော တစ်ပုဒ်လောက် ပြောပြလေ"
ပိုင်ရင်းရှို့ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး - "ဟွန့်... ပြောရင်လည်း ပြောရတာပေါ့! နင် သေသေချာချာ နားထောင်လိုက်ဦး!"
"ပြောရဦးမယ်... ငါ့အစ်မက သူမရဲ့ စရိုက်ထကြွ တော်လှန်တဲ့ အရွယ်တုန်းက ငါနဲ့ ခဏခဏ ရန်ဖြစ်တတ်တာ။ တစ်ခါတုန်းက တို့တွေ တူတူ ဈေးဝယ်ထွက်ကြရင်း သူမက သူမရဲ့ မုန့်ဖိုးတွေ အားလုံးကို သုံးပစ်လိုက်မိလို့ ငါ့ဆီမှာပဲ ပိုက်ဆံ ကျန်တော့တာ ဖြစ်တယ်။"
"ထမင်းစားနေတဲ့ အချိန်မှာ တို့တွေ ဘာအကြောင်းအရာကြောင့်လဲမသိ စကားများကြရင်း သူမက ငါ့ကို ထပ်ပြီး ရန်လုပ်လာခဲ့ပြန်တယ်။ အဲဒီအချိန်မှာ ငါက စကားတစ်ခွန်းပဲ ပြောလိုက်တယ် - 'တကယ်လို့ နင်က ငါ့အပေါ် ထပ်ပြီး ဒေါသထွက်ပြနေဦးမယ်ဆိုရင် ငါ နင့်ကို ထမင်း လုံးဝမကျွေးတော့ဘူး။ ခဏနေရင် ထမင်းဖိုးကို နင့်ဘာသာနင် ရှင်းလိုက်တော့!' လို့ ပြောလိုက်တာပေါ့။"
"သူမ စိတ်ထဲကနေ အရမ်းမကျေနပ်ပေမဲ့ အိတ်ထဲမှာ ပိုက်ဆံ တစ်ပြားမှ မရှိတာကြောင့် ယုံကြည်ချက် ကင်းမဲ့စွာနဲ့ပဲ တိုးတိုးလေး ညည်းတွားရှာတယ် - 'ငါက ဒေါသထွက်လို့ မဟုတ်ပါဘူး...' တဲ့။"
ပိုင်ရင်းရှို့ စကားကို ခေတ္တ ဖြတ်လိုက်ပြီးမှ ပိုင်ရင်းခဲရဲ့ ပြားချပ်နေတဲ့ 'ရင်အုပ် (လေဆိပ်)' ကို မချိုမချဉ် မျက်လုံးနဲ့ လှမ်းကြည့်လိုက်ကာ - "နင့်မှာ 'ရင်' (Xiong / ရင်ဘတ် သို့မဟုတ် ရဲရင့်ခြင်း) လည်း မရှိဘဲနဲ့၊ ဘာလို့ ဒီလောက်အထိ မာနတွေ ထောင်လွှားနေရတာလဲဟင်"