အခန်း ၃၉။ ချိုးကျဲ (မမချိုး)
စုယွီရှုတစ်ယောက် ဖြစ်ပျက်သွားတဲ့ အခြေအနေကြောင့် လန့်ဖျန့်သွားရသည်။ "ငါ... ငါ မောင်းရမှာလား"
လင်းဖုန်းက ခေါင်းညိတ်ပြရင်း "ဒါပေါ့၊ ဒီလို ဂုဏ်သိက္ခာရှိလှတဲ့ တာဝန်ကြီးကို နင့်ဆီပဲ လွှဲအပ်လိုက်မယ်"
စုယွီရှုလည်း ဘာမှဆက်မပြောတော့ဘဲ သူမရဲ့ လက်ကိုင်အိတ်ကို ဆိုင်ကယ်အရှေ့ ခြင်းတောင်းထဲ ထည့်လိုက်ပြီးနောက် သူမပြောတဲ့ ဆိုင်ဆီသို့ ဆိုင်ကယ်ကို စတင်မောင်းနှင်ခဲ့တော့သည်။
လင်းဖုန်းက ဆိုင်ကယ်မမောင်းတတ်လို့ မဟုတ်ပေ။ အခုလို အခွင့်အရေးမျိုးမှာ လင်းဖုန်းက အဲ့လောက်အထိတော့ အူကြောင်ကြောင် မလုပ်တတ်ပါ။
နောက်ခုံမှာ ဝင်ထိုင်လိုက်ပြီး လမ်းက ဘယ်လောက်ပဲ ညီညာနေပါစေ၊ မောင်းနှင်ရတာ ဘယ်လောက်ပဲ တည်ငြိမ်နေပါစေ လင်းဖုန်းကတော့ ဘေးဘယ်ညာကို တမင်သက်သက် ယိမ်းထိုးနေခဲ့သည်။ မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ လင်းဖုန်းသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး စုယွီရှုရဲ့ ခါးသိမ်သိမ်လေးကို လှမ်းဖက်လိုက်တော့သည်။
စုယွီရှု လန့်သွားရပြီး လျှပ်စစ်ဆိုင်ကယ်လေးပင် အနည်းငယ် မတည်မငြိမ် ဖြစ်သွားခဲ့သည်။ "နင်... နင် ဘာလုပ်တာလဲ"
"လမ်းက အရမ်းဆောင့်လို့ပါဟာ၊ ငါ ခဏလောက် ဖက်ထားမယ်နော်၊ နင် စိတ်မရှိပါဘူးမလား"
"ငါ... ငါ နည်းနည်းတော့ စိတ်ရှိတယ်"
"ဪ... စိတ်မရှိဘူးဆိုရင်လည်း ပြီးတာပဲ၊ ဒါဆို ငါ ဆက်ဖက်ထားမယ်နော်"
စုယွီရှု : "???"
"ငါက နည်းနည်း စိတ်ရှိတယ်လို့ ပြောတာလေ၊ စိတ်မရှိဘူးလို့ ပြောတာ မဟုတ်ဘူး" စုယွီရှုသည် လမ်းပေါ်မှာ လေတိုက်နှုန်းပြင်းလို့ လင်းဖုန်း သေသေချာချာမကြားရဘူး ထင်ပြီး နောက်ထပ်တစ်ကြိမ် ထပ်မံ အော်ပြောလိုက်သည်။
"ဘာလဲ... နင်ပြောတာ နင့်အင်္ကျီအထဲကို ငါ့လက်နှိုက်ပြီး အနွေးဓာတ်ယူလို့ရတယ် ဟုတ်လား။ ငါက အဲ့လောက်တောင် အခွင့်အရေးသမား မဟုတ်ပါဘူး။ ဒါပေမဲ့ နင်က အဲ့လောက်တောင် ဖိတ်ခေါ်နေမှတော့ ငါကပဲ ရိုသေစွာ နာခံရုံပေါ့"
စုယွီရှု : "!!!"
စုယွီရှု ဆိုင်ကယ်မောင်းတဲ့နှုန်းက သိသိသာသာကို နှေးကွေးသွားခဲ့ရပြီး ကျောပြင်လေးတစ်ခုလုံး တောင့်တင်းသွားကာ လေသံလေးပင် တုန်ရင်လို့နေတော့သည်။ "လျှောက်မလုပ်နဲ့နော်!"
"ကဲပါ... နင်နဲ့ တမင်နောက်ပြောင်လိုက်တာပါ၊ ငါက အဲ့လိုမျိုး နှာဘူးကောင် မဟုတ်ပါဘူး"
လင်းဖုန်းသည် စနောက်သည့်အနေဖြင့် ဟန်ပြင်လိုက်သော်လည်း နောက်ဆုံးတွင်တော့ သူမ၏လက်ကို ထပ်မံလှုပ်ရှားခြင်း မပြုတော့ပေ။ စုယွီရှုလည်း ထိုအခါမှပဲ သက်ပြင်းချနိုင်တော့သည်။
သူတို့နှစ်ဦးရဲ့ လက်ရှိဆက်ဆံရေးအရ အရမ်း ရင်းနှီးလွန်းတဲ့ အပြုအမူတွေကို အကြာကြီး လုပ်လို့မရသေးတာမို့ လင်းဖုန်းလည်း ထပ်ပြီး မလှုပ်ရှားတော့ပေ။
ဒီလိုနဲ့ပဲ လမ်းခရီး မိနစ်နှစ်ဆယ်လုံးလုံး ဒီအတိုင်း ပွေ့ဖက်ထားတဲ့ ပုံစံအတိုင်းပဲ ကုန်လွန်သွားခဲ့ကြသည်။
နောက်ဆုံးတွင်တော့ လျှပ်စစ်ဆိုင်ကယ်လေးသည် "ရှောင်ချန် အသားကင်ဆိုင်" ဟု ရေးထားသည့် ဆိုင်တစ်ဆိုင်၏ ရှေ့မှောက်တွင် ရပ်တန့်သွားခဲ့တော့သည်။
ဆိုင်ကယ်ရပ်သွားခဲ့သော်လည်း စုယွီရှု ချက်ချင်း ဆိုင်ကယ်ပေါ်က ဆင်းလို့မရသေးပေ။ ဘာလို့လဲဆိုတော့ လင်းဖုန်းရဲ့ လက်တွေက သူမရဲ့ ခါးပေါ်မှာ ရှိနေဆဲ ဖြစ်လို့ပင်။
"နင်... နင့်လက်ကို အခု ဖယ်ပေးလို့ရပြီလား" စုယွီရှုရဲ့ မျက်နှာလေးကတော့ အခုအချိန်မှာ ရှက်လွန်းလို့ နီရဲနေခဲ့ပြီး ထိုအနီရောင်တွေက လည်ပင်းအထိတောင် ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။
"ဪ... ရောက်ပြီလား"
လင်းဖုန်းက ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာကို ကောင်းကောင်းသိသည်။ စုယွီရှုရဲ့ ဗိုက်ကလေးကို နောက်ဆုံးအနေနဲ့ ခပ်ဖွဖွလေး တစ်ချက်ဆိတ်လိုက်ပြီးနောက် လက်ကို ရုပ်သိမ်းကာ ဖြဲစပ်စပ် အပြုံးကြီးဖြင့် ဆိုင်ကယ်ပေါ်က ဆင်းလိုက်တော့သည်။
စုယွီရှု နောက်ဆုံးတော့ အသက်ဝဝ ရှူနိုင်တော့သည်။ ဆိုင်ကယ်ကို သေသေချာချာ ရပ်နားပြီးနောက် စုယွီရှုသည် ဒေါသတကြီးဖြင့် အသက်ကို ပြင်းပြင်းရှူရင်း ဖြဲစပ်စပ် လုပ်နေတဲ့ လင်းဖုန်းရဲ့ ရှေ့သို့ လှမ်းလာခဲ့ကာ လင်းဖုန်းရဲ့ ညာဘက်ခြေထောက်ကို အားရပါးရ လှမ်းနင်းပစ်လိုက်တော့သည်။
"ဟွန့်! လူဆိုး လင်းဖုန်း၊ နင်က တကယ်ကို အဆိုးဆုံးပဲ! နင် ဆိုင်ကယ်မမောင်းတာ ဒါကို တမင်သက်သက် ကြံစည်ချင်လို့ကိုး၊ နင်းပစ်မယ်!"
စုယွီရှုရဲ့ အခုလို ခြေထောက်နင်းတာက ဘာမှ အနာတရမဖြစ်စေဘဲ လင်းဖုန်းအတွက်တော့ တကယ့်ကို ချစ်စရာကောင်းလွန်းလှသည်။
အကြိမ်အနည်းငယ် နင်းပြီးနောက် စုယွီရှု လှည့်ထွက်ဖို့ ပြင်လိုက်စဉ်မှာပဲ လင်းဖုန်းရဲ့ ဖိနပ်က သူမနင်းလိုက်လို့ ညစ်ပတ်သွားတာကို မြင်လိုက်ရတော့ ခဏတာ တွန့်ဆုတ်သွားခဲ့သည်။ ထို့နောက် သူမရဲ့ အိတ်ထဲကနေ တစ်ရှူးအစိုတစ်ချပ်ကို ထုတ်ယူပြီး လင်းဖုန်းရဲ့ ဖိနပ်ကို သေသေချာချာ ပြန်လည်သုတ်သင်ပေးရှာသည်။
လင်းဖုန်း ပြုံးလိုက်မိသည်။ တကယ်လို့ ဒါကိုသာ အပြစ်ပေးခြင်းလို့ သတ်မှတ်ရမယ်ဆိုရင် ကမ္ဘာပေါ်က လူဆိုးတွေအားလုံး တဟားဟား အော်ရယ်ကြပေလိမ့်မည်။
ဖိနပ်ကိုလည်း လာနင်းသေးတယ်၊ ပြီးတော့ ဖိနပ်ကိုလည်း ကိုယ်တိုင် ပြန်သုတ်ပေးသေးတယ်— စုယွီရှုရဲ့ အခုလိုမျိုး နူးညံ့သိမ်မွေ့လွန်းတဲ့ စိတ်သဘောထားလေးကြောင့်သာ နောင်ကျရင် သူမအနားမှာ လင်းဖုန်း မရှိခဲ့ရင် အခြားလူတွေရဲ့ အနိုင်ကျင့်ခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။
လင်းဖုန်းရဲ့ ဖိနပ်ကို သုတ်ပေးပြီးနောက် စုယွီရှုသည် ဟန်ဆောင်ပန်ဆောင် စိတ်ဆိုးပြနေဆဲပင်။ "ဟွန့်... ဒါက အဲ့ဒီဆိုင်ပဲ။ ငါ ဒီဆိုင်က အသားကင်တွေကို အကြိုက်ဆုံးပဲ၊ အထူးသဖြင့် ဂျုံကင်နဲ့ ဖူးခတ်ပင်ကင် တွေက... တကယ့်ကို ထူးထူးခြားခြား အရသာရှိတာ"
လင်းဖုန်း ခေါင်းမော့လိုက်ပြီး အရှေ့က ဆိုင်းဘုတ်ကို လှမ်းကြည့်လိုက်သည်— "ရှောင်ချန် အသားကင်" တဲ့။
ဒါဟာ ချီကျိုးတက္ကသိုလ်နဲ့ တကယ်ကို မဝေးလှဘဲ လမ်းလျှောက်ရင် ဆယ်မိနစ်လောက်ပဲ ကြာပြီး ဆိုင်ကယ်နဲ့ဆို ပိုတောင် မြန်ဦးမည်။ ဒါပေမဲ့ လင်းဖုန်း တစ်ခါမှ မရောက်ဖူးပေ။
လင်းဖုန်းအနေနဲ့ အရင်က အဆောင်ဖော်တွေ၊ မိန်းကလေးတွေနဲ့ အပြင်မှာ ခဏခဏ ထွက်စားလေ့ရှိသော်လည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီဆိုင်ကိုတော့ လုံးဝ မရောက်ဖူးခဲ့ခြင်း ဖြစ်သည်။
"ဒါဆို သွားကြစို့လေ၊ ငါတို့ ယွီရှုတစ်ယောက် အသည်းအသန် လွမ်းဆွတ်နေရတဲ့ အသားကင်က ဘယ်လောက်တောင် အရသာရှိလဲဆိုတာ မြည်းစမ်းကြည့်ရတာပေါ့"
လင်းဖုန်းသည် သဘာဝကျကျပဲ စုယွီရှုရဲ့ လက်ကလေးကို လှမ်းဆုပ်ကိုင်လိုက်သည်။ အစပိုင်းမှာ စုယွီရှု ဘာမှမခံစားရသော်လည်း အသားကင်ဆိုင်ရဲ့ အဝင်ဝကို ရောက်ခါနီးကျမှ စုယွီရှု ခြေလှမ်းတွေကို ရုတ်တရက် ရပ်တန့်လိုက်သည်။
လင်းဖုန်း အံ့အားသင့်သွားပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
စုယွီရှုသည် လင်းဖုန်းကို ဇွတ်ဆွဲခေါ်သွားခဲ့ပြီး ဆိုင်အဝင်ဝကနေ စောစောက လျှပ်စစ်ဆိုင်ကယ် ရပ်ထားခဲ့တဲ့ နေရာဆီကို ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် သူမရဲ့ မြင်းမြီးဆံပင်ကေလေးကို ခါယမ်းလိုက်ရင်း ဟွန့်ခနဲ နှာမှုတ်ကာ လင်းဖုန်းရဲ့ လက်ကို လွှတ်ပေးလိုက်တော့သည်။
လင်းဖုန်း : "..."
အသက် ၂၂ နှစ် ပြည့်တော့မှာကို အခုထိ ကလေးဆန်နေတုန်းပဲလား။
ဒါပေမဲ့ လင်းဖုန်းတစ်ယောက် အရင်က မြင်ဖူးခဲ့တဲ့ စကားတစ်ခွန်းကို ရုတ်တရက် သတိရသွားသည်— မိန်းကလေးတစ်ယောက်က မင်းရဲ့ရှေ့မှောက်မှာ ခဏခဏ အခုလိုမျိုး ကလေးဆန်တဲ့ အမူအရာတွေကို ပြသလာပြီဆိုရင် အဲ့ဒါဟာ သူမအနေနဲ့ မင်းကို အားကိုးထိုက်တဲ့သူတစ်ယောက်အဖြစ် စတင်သတ်မှတ်နေပြီဖြစ်ကြောင်း အဓိပ္ပာယ်ရပြီး မင်းတို့နှစ်ယောက် တူတူတွဲဖို့ အချိန်သိပ်မလိုတော့ဘူးဆိုတဲ့ သက်သေပင် ဖြစ်သည်။
ဒါပေမဲ့ ခြွင်းချက်တစ်ခုတော့ ရှိသည်— အချိန်တိုင်း နေရာတိုင်းမှာ ကလေးဆန်နေတဲ့သူမျိုးဆိုရင်တော့ မင်းကို အားကိုးနေတာ မဟုတ်ဘဲ အရိုက်ခံချင်လို့ ဖြစ်လိမ့်မည်။
လင်းဖုန်းရဲ့ နှုတ်ခမ်းထောင့်လေးမှာ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ စုယွီရှုက အချိန်တိုင်း ကလေးဆန်နေမယ့်သူမျိုး လုံးဝမဟုတ်တာမို့ ဆိုလိုတာကတော့ သူမနဲ့ သူ့ကြားက ဆက်ဆံရေးက နောက်ထပ် ခြေတစ်လှမ်း ထပ်မံတိုးတက်သွားခဲ့ပြီ ဖြစ်သည်။
စုယွီရှုရဲ့ နောက်ကနေ လိုက်ပါရင်း လင်းဖုန်းလည်း အသားကင်ဆိုင်ထဲသို့ လှမ်းဝင်ခဲ့သည်။
စုယွီရှု ဝင်လာတာနဲ့ အသက် ၃၀ ဝန်းကျင်ခန့်ရှိတဲ့ အမျိုးသမီးငယ်တစ်ယောက်က လှမ်းပြီး ဆီးကြိုနှုတ်ဆက်လာသည်။ ထိုအမျိုးသမီးသည် ခါးစည်း လေးကို ဝတ်ဆင်ထားပြီး ပါးပြင်ပေါ်တွင် ပါးချိုင့်လေးနှစ်ဖက် ထင်ကျန်နေကာ တော်တော်လေးကို လှပသည်။ အဓိကအချက်ကတော့ သူမရဲ့ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုက သူမကို ပိုပြီးတော့ အမှတ်တိုးစေခြင်းပင် ဖြစ်သည်။
အသက် ၂၀ ကျော် မိန်းကလေးငယ်တွေက ချယ်ရီသီးလိုပဲ— ကြည့်လို့လှပေမဲ့ အရသာရှိချင်မှ ရှိလိမ့်မည်။
ဒါပေမဲ့ အသက် ၃၀ ကျော် အမျိုးသမီးတွေကတော့ မှည့်ဝင်းနေတဲ့ စပျစ်သီးလိုပဲ— ကြည့်လို့လည်း လှသလို အရသာကလည်း တကယ့်ကို အီစိမ့်နေတာ ဖြစ်သည်။
လင်းဖုန်းအနေနဲ့ စုယွီရှု၊ လင်းမြောင်မြောင်နဲ့ လျူရှင်းတို့လို ထူးခြားလှပတဲ့ မိန်းကလေးမျိုးစုံကို မြင်ဖူးထားသော်လည်း ဒီလှပတဲ့ အမျိုးသမီးငယ်ကို မြင်လိုက်ရတဲ့အခါမှာတော့ မနေနိုင်ဘဲ အကြည့်အချို့ ကျရောက်သွားမိသည်။
အထင်မလွဲကြပါနဲ့ဦး၊ လင်းဖုန်းက သူမ ဝတ်ထားတဲ့ ခါးစည်းလေးက တော်တော်လေး ကြည့်ကောင်းတယ်လို့ တွေးမိရုံတင်ပါ။(မယုံပါ🤌🏻)
ဖြူဖွေးနေတာပဲ... အယ်၊ မဟုတ်ဘူး၊ ကြီးမားထည်ဝါလိုက်တာ... အယ်၊ မဟုတ်ပါဘူး။
စုယွီရှုနဲ့ ဒီလှပတဲ့ အမျိုးသမီးငယ်တို့က အချင်းချင်း ကောင်းကောင်းသိကြပြီး ဆက်ဆံရေးလည်း တော်တော်လေး ကောင်းမွန်ကြပုံရသည်။ စုယွီရှု ဝင်လာတာနဲ့ ထိုအမျိုးသမီးက စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း အနားတိုးလာခဲ့သည်။ "ယွီရှု? ရောက်လာပြီလား။ မမလည်း ဒီရက်ပိုင်းအတွင်း နင့်အဖေဆီ သွားတွေ့မလို့ စဉ်းစားနေတာ။ ဦးလေးရဲ့ ကျန်းမာရေး ဘယ်လိုရှိလဲဟင်။ ဆေးကုသစရိတ်တွေကော လုံလောက်ရဲ့လား။ ဟိုနေ့က မမ နင့်ဆီ လွှဲပေးလိုက်တဲ့ ပိုက်ဆံကိုလည်း နင်က ချက်ချင်း ပြန်လွှဲပေးလိုက်သေးတယ်"
"မမချိုး... ဆေးကုသစရိတ် ကိစ္စရပ်တွေကို အားလုံး ဖြေရှင်းပြီးပါပြီရှင့်။ အဖေ့ရဲ့ ခွဲစိတ်မှုက တကယ့်ကို အောင်မြင်ခဲ့ပါတယ်၊ အခု ဆေးရုံမှာ ခဏလောက် ထပ်ပြီး ကျန်းမာရေး ပြန်လည်ထူထောင်ဖို့ အနားယူပြီးရင် ဆေးရုံက ဆင်းလို့ရပါပြီ။ ပြီးတော့ အခု ကျွန်မ ဟွာရုန်ဂရုမှာ အလုပ်သင် ဝင်လုပ်နေပြီလေ၊ အဲ့ဒီမှာ လစာနဲ့ ခံစားခွင့်တွေက တကယ့်ကို ကောင်းမွန်လွန်းလို့ မမချိုးအနေနဲ့ စိုးရိမ်မနေပါနဲ့တော့ရှင်"
"ဒါဆိုရင်တော့ တော်သေးတာပေါ့၊ အားလုံး အဆင်ပြေသွားတယ်ဆိုတော့လည်း မမ ဝမ်းသာပါတယ်။ ဟွာရုန်ဂရုဆိုတာ ကုမ္ပဏီအကြီးကြီးပဲဥစ္စာ။ နောင်ကျလို့ တို့ ယွီရှုလေးတစ်ယောက် သူဌေးမကြီး ဖြစ်သွားတဲ့အခါကျရင် မမကိုတော့ မမေ့လိုက်နဲ့ဦးနော်။ မမကတော့ တို့ ယွီရှုလေးရဲ့ စောင့်ရှောက်မှုကို ခံယူဖို့ အဆင်သင့် စောင့်မျှော်နေမှာ~”