အခန်း ၃၆။ ငါက တမင်သက်သက် လုပ်လိုက်တာ
အာဂျောင်းရဲ့ စကားလုံးတွေ ဆုံးသွားတာနဲ့ ဝန်ထမ်းတွေအားလုံး အံ့အားသင့်တုန်လှုပ်စွာဖြင့် အသက်ရှူပင် မှားမတတ် ဖြစ်ကုန်ကြတော့သည်!
အန်းချောင်တိုက်ခန်းဝန်းက စတုရန်းမီတာ ၉၅ ကျယ်တဲ့ တိုက်ခန်းကို ငါးနှစ်တိုင်တိုင် အခမဲ့ နေထိုင်ခွင့် ဟုတ်လား။
အန်းချောင်တိုက်ခန်းဆိုတာ တကယ့်ကို အထက်တန်းကျတဲ့ ဇိမ်ခံတိုက်ခန်းမျိုး ဖြစ်သည်။ တိုက်ခန်းရဲ့ ပိုင်ဆိုင်မှု အခွင့်အရေး သဘာဝအရ သာမန်လူနေအိမ်ခြေတွေရဲ့ တန်ဖိုးနဲ့ ယှဉ်လို့မရဘူးဆိုပေမဲ့ အန်းချောင်တိုက်ခန်းရဲ့ တစ်စတုရန်းမီတာ ပေါက်ဈေးက အံ့ဩစရာကောင်းလောက်အောင် ယွမ် နှစ်သောင်းနီးပါးအထိ ရှိနေတာဖြစ်သည်။
တကယ်လို့ အပြင်ကို ပြန်ငှားမယ်ဆိုရင်တောင် တစ်လကို အနည်းဆုံး ယွမ် ငါးထောင်တော့ အေးဆေးရနိုင်သည်။
ငါးနှစ်စာ နေထိုင်ခွင့်ဆိုရင် ယွမ် သုံးသိန်းကျော်ဖိုး တန်ကြေးရှိတာပေါ့။
တကယ်လို့ တစ်ယောက်ယောက်ကသာ ဒီမဲကို ပေါက်သွားရင် အဲ့ဒီလူကတော့ ဘဝတစ်ခုလုံးအတွက် အပူအပင်မရှိ အေးဆေး အခြေကျသွားပြီ မဟုတ်ပါလား။
"မမကျိုး... မမကျိုး၊ မဲကို ဘယ်လိုနှိုက်ရမှာလဲဟင်"
"အားလုံးပဲ မလောကြပါနဲ့ဦးရှင်၊ ကျွန်မလက်ထဲက သေတ္တာကို မြင်ကြတယ်မလား။ ဒီမှာ ဝန်ထမ်း ကိုးယောက်ရှိတာဆိုတော့ ကျွန်မ အထဲမှာ ဘောလုံး ကိုးလုံး ထည့်ထားပါတယ်။ ရှစ်လုံးက 'နောက်တစ်ကြိမ် ပြန်ကြိုးစားပါ' လို့ ရေးထားပြီး တစ်လုံးတည်းကပဲ 'ဂုဏ်ယူပါသည်' လို့ ရေးထားတာပါ။ အခု ကျွန်မ သေတ္တာကို ဒီမှာ ချထားပေးမယ်၊ ဘယ်သူက 'ဂုဏ်ယူပါသည်' ဆိုတဲ့ ဘောလုံးကို နှိုက်မိမလဲဆိုတာ ကြည့်ရအောင်၊ အဲ့ဒီလူက တိုက်ခန်းရဲ့ ငါးနှစ်စာ အခမဲ့နေထိုင်ခွင့်ကို ရရှိမှာ ဖြစ်ပါတယ်!"
အာဂျောင်း စကားပြောပြီးနောက် သေတ္တာကို သယ်ဆောင်ပြီး ဝန်ထမ်း ကိုးယောက်စီကို တစ်ယောက်ချင်းစီ လိုက်သွားကာ အထဲကနေ ဘောလုံးတစ်လုံးစီ နှိုက်ခိုင်းတော့သည်။
လင်းဖုန်းရဲ့ အလှည့် ရောက်လာတဲ့အခါမှာတော့ အာဂျောင်းက သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး အားလုံးကို မသမာနည်းနဲ့ စီစဉ်ထားပြီးပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။ လင်းဖုန်းကလည်း သူမကို မသိမသာ ခေါင်းညိတ်ပြလိုက်မိသည်။
ဒီလူ ကိုးယောက်ထဲမှာ အာဂျောင်းသည် စုယွီရှုကို နောက်ဆုံးမှ မဲနှိုက်ခိုင်းခြင်း ဖြစ်သည်။ ဘာလို့လဲဆိုတော့ ဒီလိုနည်းနဲ့မှသာ စုယွီရှုကို ကံထူးမဲ သေချာပေါက် ပေါက်အောင် လုပ်ဆောင်ပေးနိုင်မှာမို့ ဖြစ်သည်။
တကယ်တော့ အာဂျောင်း သေတ္တာကို စပြီး သယ်လာတုန်းက အထဲက ဘောလုံး ကိုးလုံးစလုံးက 'နောက်တစ်ကြိမ် ပြန်ကြိုးစားပါ' ဆိုတဲ့ ဘောလုံးတွေချည်းပဲ ဖြစ်သည်။ ဒါပေမဲ့ အရှေ့က လူရှစ်ယောက် နှိုက်ပြီးသွားတဲ့ အချိန်ကျမှ အာဂျောင်းသည် သေတ္တာအတွင်းထဲက လျှို့ဝှက်ခလုတ်လေးတစ်ခုကို မသိမသာ လှည့်လိုက်ပြီး နောက်ဆုံးကျန်တဲ့ ဘောလုံးတစ်လုံးကို 'ဂုဏ်ယူပါသည်' ဆိုတဲ့ ဘောလုံးအဖြစ် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။
ခလုတ်ကို လှည့်ပြီးနောက် အာဂျောင်းသည် ပြုံးလိုက်ပြီး စုယွီရှုရဲ့ အနားသို့ လှမ်းလာခဲ့သည်။
"ကဲ... လာပါဦး၊ နောက်ဆုံး တစ်လုံးပဲ ကျန်တော့တယ်နော်"
စုယွီရှုက ခပ်ဖွဖွလေး ပြုံးလိုက်ရင်း "ကောင်းတာပေါ့၊ ဘယ်ဟာကို ရွေးရမလဲဆိုပြီး အသည်းအသန် စဉ်းစားမနေရတော့ဘူး"
စုယွီရှု နောက်ဆုံးဘောလုံးကို နှိုက်ယူပြီးတဲ့နောက် အာဂျောင်းက သေတ္တာကို ဘေးမှာ ချထားလိုက်ရင်း "ကဲ... အားလုံးပဲ မဲလိပ်တွေကို ဖွင့်ကြည့်လိုက်ကြပါဦး၊ ဘယ်သူက ကံအကောင်းဆုံးလူ ဖြစ်မလဲဆိုတာ"
"အဟက်... ငါ ထင်တဲ့အတိုင်းပဲ၊ ငါ့ဘဝမှာ တစ်ခါမှ ကံစမ်းမဲ ပေါက်ဖူးတာ မဟုတ်ဘူး။ ငါ့ဟာက 'နောက်တစ်ကြိမ် ပြန်ကြိုးစားပါ' တဲ့"
"ငါလည်း တူတူပါပဲ၊ ဟူး... အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိပေမဲ့ ကုမ္ပဏီက ပေးထားတဲ့ တခြားခံစားခွင့်တွေက အများကြီးဆိုတော့ ငါ တကယ်ကို ကျေနပ်ပါတယ်"
"ငါ့ဟာလည်း 'နောက်တစ်ကြိမ် ပြန်ကြိုးစားပါ' ပဲ။ ဒါက ငါ့ကို အချက်ပြနေသလိုပဲဟ၊ ဒီနေ့ကစပြီး ဆေးလိပ်ဖြတ်စရာ မလိုတော့ဘူးလို့ ဘုရားသခင်က လမ်းညွှန်ပေးတာ ထင်တယ်။ အင်း... အိမ်ပြန်ရောက်ရင် ဆေးလိပ်တစ်ထုပ် ကုန်အောင် သောက်ဦးမယ်!"
...
ဘောလုံးလေးတွေကို တစ်လုံးချင်းစီ ဖွင့်လိုက်ကြပြီး လူတိုင်းက သူတို့ရဲ့ 'နောက်တစ်ကြိမ် ပြန်ကြိုးစားပါ' ဆိုတဲ့ စက္ကူစာတန်းလေးတွေကို ပြသကြသည်။
လင်းဖုန်းလည်း သူ့ရဲ့ ဘောလုံးကို ဖွင့်ကြည့်လိုက်သည်။ ဖွင့်ကြည့်လိုက်တာနဲ့ လင်းဖုန်းသည် စားပွဲကို ဗြန်းကနဲ အားပြင်းပြင်းဖြင့် ရိုက်ချလိုက်ပြီး "အမလေး... ဘုရားရေ!"
လူတိုင်းရဲ့ အာရုံက ချက်ချင်းဆိုသလို လင်းဖုန်းဆီကို ရောက်ရှိသွားကြတော့သည်။
"ရှောင်လင်း မဲပေါက်သွားတာလား"
"ကြည့်ရတာ ကံတရားရဲ့ နတ်သမီးက ငါတို့ မိန်းကလေးအုပ်စုထဲကနေ ယောက်ျားလေးတစ်ယောက်တည်းကိုပဲ ရွေးချယ်လိုက်ပုံရတယ်!"
"ရှောင်လင်းရေ... ဒီနေ့တော့ နင် ငါတို့ကို ညစာ သေချာပေါက် ဝယ်ကျွေးရမယ်နော်"
...
ဒါပေမဲ့ လင်းဖုန်းက တဟီးဟီး ရယ်မောလိုက်ပြီး ဘောလုံးထဲကနေ သူ ထုတ်ယူလိုက်တဲ့ စက္ကူစာတန်းလေးကို ပြလိုက်ရာ ထိုစာတန်းလေးပေါ်တွင် ရေးထားသည်က 'နောက်တစ်ကြိမ် ပြန်ကြိုးစားပါ' ဟူ၍ ဖြစ်သည်။
"အားလုံးကို စိတ်ပျက်အောင် လုပ်မိလို့ အားနာပါတယ်ဗျာ၊ ကျွန်တော်လည်း မပေါက်ပါဘူး"
"ဟွန့်..."
"ဒါဆိုရင် အခုထိ မဲမဖွင့်ရသေးတဲ့သူ ရှိသေးလားဟင်။ အဓိက ဆုကြီးက အခုထိ ထွက်မလာသေးဘူးနော်" အာဂျောင်းက လူတိုင်းကို လှည့်ပတ်ကြည့်ရှုရင်း မေးလိုက်သည်။
လင်းဖုန်းက သူ့မဲကို ဖွင့်ပြီးနောက် စုယွီရှုရဲ့ ဘေးနားသို့ ရောက်လာခဲ့သည်။ "နင်က ဘာလို့ မဖွင့်သေးတာလဲ"
စုယွီရှုသည် လက်ထဲက ဘောလုံးလေးကို တင်းတင်းဆုပ်ထားရင်း မျက်နှာလေးက တည်ကြည်လေးနက်နေသည်။ "ငါ တီဗီဇာတ်လမ်းတွဲတွေထဲမှာ ကြည့်ဖူးတယ်၊ ဇာတ်လိုက်တွေက မဲပေါက်ခါနီးရင် အမြဲတမ်း နောက်ဆုံးမှ ဖွင့်ပြတတ်ကြတာလေ။ ငါလည်း နောက်ဆုံးအထိ စောင့်ကြည့်မလို့၊ ငါလည်း ပေါက်ချင်ပေါက်မှာပေါ့"
စုယွီရှုရဲ့ အခုလို ပုံစံလေးက တကယ့်ကို ချစ်စရာ ကောင်းလွန်းလှတာမို့ လင်းဖုန်းတစ်ယောက် မနေနိုင်ဘဲ သူမရဲ့ ပါးဖောင်းဖောင်းလေးကို လှမ်းဆိတ်လိုက်မိတော့သည်။
"နင်ကတော့ ငါ့ကို ခဏခဏ အနိုင်ကျင့်နေတာပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က လက်ကို ကိုင်တယ်၊ အခုကျတော့ ပါးကို လာဆိတ်ပြန်ပြီ၊ ဟွန့်"
"ဖြစ်နိုင်တာကတော့ ငါ့ရဲ့လက်က စောစောက နင့်ကို အရမ်းချစ်စရာကောင်းတယ်လို့ မြင်သွားလို့ နေမှာပါ၊ အဲ့ဒါကြောင့် မနေနိုင်ဘဲ ဖြစ်သွားတာ။ စိတ်မပူပါနဲ့၊ ပြန်ကျရင် ဒီလက်ကို သေသေချာချာ ဆုံးမပဲ့ပြင်လိုက်ပါ့မယ်!"
စုယွီရှုက တစ်ခုခု ထပ်ပြောချင်သေးသော်လည်း လင်းဖုန်းက အရင်ဦးအောင် စကားဖြတ်ပြောလိုက်သည်။ "ကဲပါ... တခြားအကြောင်းအရာတွေကို ခဏထားလိုက်ဦး။ အခုက မဲဖွင့်ရမယ့်အချိန်ပဲ။ နင် ကြည့်လိုက်လေ၊ အခု နင်နဲ့ နောက်ထပ် ဝန်ထမ်းဟောင်း အမကြီးတစ်ယောက်ပဲ မဲမဖွင့်ရသေးတာ။"
"တီဗီထဲက ဇာတ်ကွက်တွေအရဆိုရင် နောက်ဆုံး ကျန်တဲ့လူနှစ်ယောက်က တူတူ ဖွင့်ရတာလေ၊ ပြီးရင် ဇာတ်လိုက်က ဆုကြီး ပေါက်သွားတတ်တာ မဟုတ်ဘူးလား"
ထိုစကားကို ကြားလိုက်ရတော့ စုယွီရှုသည် လင်းဖုန်း သူမရဲ့ ပါးကို ဆိတ်လိုက်တဲ့ ကိစ္စကို ဂရုမစိုက်နိုင်တော့ပေ။ ဘာပဲဖြစ်ဖြစ် သူတို့ လက်ချင်းတောင် ဆုပ်ကိုင်ဖူးထားကြပြီပဲ ဥစ္စာ၊ ပါးဆိတ်ခံရတာက ဘာမှမဟုတ်တော့ပေ။
စုယွီရှု ကိုယ်တိုင်တောင် မရိပ်မိလိုက်တာကတော့ သူမရဲ့ နှလုံးသား ထဲမှာ လင်းဖုန်းရဲ့ အခုလိုမျိုး ရင်းနှီးလွန်းတဲ့ အပြုအမူအချို့ကို သာမန်အတိုင်းပဲလို့ တဖြည်းဖြည်းနဲ့ လက်ခံယဉ်ပါးနေခဲ့ပြီ ဖြစ်သည်။
ဝန်ထမ်း ကိုးယောက်ထဲတွင် စုယွီရှုနဲ့ အခြားသော ဝန်ထမ်းဟောင်း အမကြီးတစ်ယောက်သာ သူတို့ရဲ့ ဘောလုံးထဲက စက္ကူလိပ်ကို မဖွင့်ရသေးတာ ဖြစ်သည်။
အခြား ဝန်ထမ်းတွေရဲ့ အကြည့်တွေကလည်း သူတို့နှစ်ယောက်ဆီကိုပဲ စူးစိုက်ကျရောက်နေခဲ့ကြသည်။
သူတို့နှစ်ဦးသည် လူအုပ်ကြီးရဲ့ အလယ်ဗဟိုသို့ လှမ်းလာခဲ့ကြပြီး ဘောလုံးလေးတွေကို တစ်ပြိုင်နက်တည်း ဖွင့်ကာ အတွင်းက စက္ကူလိပ်လေးတွေကို ထုတ်ယူလိုက်ကြသည်။
စုယွီရှုတစ်ယောက် ရင်တွေ တဒိန်းဒိန်း ခုန်နေခဲ့ရသည်။ တကယ်လို့ သူမသာ ဒီဆုကြီးကို ပေါက်သွားခဲ့ရင် ကုမ္ပဏီနဲ့ ဆယ်ကီလိုမီတာကျော် ဝေးကွာတဲ့ နေရာမှာ အိမ်ငှားနေစရာ မလိုတော့ပေ။
နေ့တိုင်း လမ်းခရီးမှာတင် တစ်နာရီခွဲကျော်ကြာအောင် အချိန်ကုန်ခံပြီး သွားလာနေစရာလည်း မလိုတော့ပေ။
အရေးအကြီးဆုံး အချက်ကတော့ သူမ အခု ငှားနေတဲ့ အခန်းမှာ အဲကွန်း မရှိခြင်းပင်။ ဖခင်ဖြစ်သူ ဆူရှင်းကွေ့ရဲ့ ဆေးရုံက ဆင်းပြီးနောက် အနားယူရမယ့် အချိန်ကလည်း နီးကပ်လာနေပြီ ဖြစ်သည်။ သူ ဆေးရုံက ဆင်းလာတဲ့အခါ လက်ရှိ ငှားရမ်းထားတဲ့ အခန်းရဲ့ ပတ်ဝန်းကျင် အခြေအနေက မကောင်းတဲ့အပြင် ရာသီဥတုကလည်း တဖြည်းဖြည်းနဲ့ ပူပြင်းလာတော့မှာမို့ ဖခင်ဖြစ်သူရဲ့ ကျန်းမာရေး ပြန်လည် ထူထောင်မှုအတွက် တကယ်ကို အခက်အခဲ ဖြစ်စေနိုင်သည် မဟုတ်ပါလား။
သူမ ကိုယ်တိုင်ကတော့ ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲပါစေ ခံနိုင်ရည် ရှိသော်လည်း ဖခင်ဖြစ်သူ ဆေးရုံက ဆင်းလာပြီးမှ ကောင်းကောင်း အနားမယူရလို့ ရောဂါအခြေအနေ ပိုဆိုးသွားရင်တော့ တကယ်ကို ဒုက္ခလှလှ ဆုံရပေလိမ့်မည်။
လူတိုင်းရဲ့ မျှော်လင့်ချက်အပြည့်နဲ့ စောင့်ကြည့်နေတဲ့ အကြည့်တွေအောက်မှာပဲ စုယွီရှုနဲ့ နောက်ထပ် မိန်းကလေးတစ်ယောက်တို့သည် စက္ကူလိပ်လေးတွေကို တူတူ ဖြန့်လိုက်ကြတော့သည်။
တစ်စောင်ပေါ်မှာ ရေးထားတာက 'နောက်တစ်ကြိမ် ပြန်ကြိုးစားပါ'။
ကျန်တဲ့ တစ်စောင်ပေါ်မှာ ရေးထားတာကတော့ 'ဂုဏ်ယူပါသည်' တဲ့!
ပြီးတော့ အဲ့ဒီ 'ဂုဏ်ယူပါသည်' ဆိုတဲ့ မဲလိပ်ကလေးက စုယွီရှုရဲ့ လက်ထဲမှာ ရှိနေတာ ဖြစ်သည်။
လူတိုင်း ထိုစာတန်းကို မြင်လိုက်ရတဲ့ အချိန်မှာပဲ လင်းဖုန်းနဲ့ အာဂျောင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။ ဘာမှ မလွဲချော်ခဲ့ပေ၊ အစီအစဉ်က ရာနှုန်းပြည့် အောင်မြင်သွားခဲ့ပြီ။
အာဂျောင်းသည် လင်းဖုန်းရဲ့ အကြည့်တွေထဲကနေ ထုတ်ပေးလိုက်တဲ့ အဓိပ္ပာယ်ကို ဖတ်လိုက်မိသည်။ အဲ့ဒါကတော့ 'ပြီးရင် နင် ဆု ကောင်းကောင်း ရမယ်' ဆိုတဲ့ အဓိပ္ပာယ်ပင်။
လင်းဖုန်းရဲ့ အကြည့်တစ်ချက်တည်းနဲ့ ဒီလိုအချက်အလက်တွေကို ဘယ်လိုများ ဖတ်လိုက်မိတာလဲလို့ အာဂျောင်းကို မေးလာရင်တော့...
အာဂျောင်းက သူမဘာသာသူမ စိတ်ကူးနဲ့ တွေးတော ယူဆလိုက်တာလို့ပဲ ဖြေရလိမ့်မည်။
သူမ တကယ်ပဲ ကံစမ်းမဲ ပေါက်သွားမှန်း အတည်ပြုပြီးတဲ့နောက်မှာတော့ စုယွီရှုတစ်ယောက် ပျော်လွန်းလို့ ခုနကတင် ခုန်ပေါက်မိတော့သည်။
သူမ ခုန်လိုက်တဲ့အချိန်မှာပဲ သူမရဲ့ ရင်အုပ်ထက်က အရာတွေကလည်း လှုပ်ခါသွားခဲ့ရသည်။
ထို့နောက် သူမသည် လင်းဖုန်းကို တင်းတင်းကြပ်ကြပ် လှမ်းဖက်လိုက်ရင်း "ငါ မဲပေါက်ပြီ! ငါ မဲပေါက်ပြီဟေ့!"
လင်းဖုန်းလည်း ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး စုယွီရှုကို ပြန်လည်ပွေ့ဖက်လိုက်ကာ သူ့ရဲ့ ရင်ဘတ်ပေါ်က ဖိအားကို ခံစားရင်း စိတ်ထဲကနေပဲ အဆင့် သတ်မှတ်ချက်တွေကို တိတ်တဆိတ် တွက်ချက်နေမိတော့သည်။
လက်ရှိအခြေအနေအရ လင်းဖုန်း သိရှိထားတဲ့ မိန်းကလေးတွေအားလုံးထဲမှာ လျူရှင်းရဲ့ ရင်သား အကျယ်အဝန်းကတော့ အပြတ်အသတ်ကို ပထမနေရာမှာ ရှိနေဆဲပင် ဖြစ်သည်။
လင်းဖုန်းအနေနဲ့ သူမကို 'E-cup မိစ္ဆာဘုရင်မကြီး' လို့တောင် အမည်ပေးချင်စိတ် ပေါက်သွားရသည်။
လျူရှင်းပြီးရင်တော့ ဒုတိယနေရာမှာ ရှိနေတာက စုယွီရှုပင် ဖြစ်သည်။ လင်းဖုန်း အရင်က သိပ်ပြီး သတိမထားမိခဲ့ပေမဲ့ ဒီနေ့ ကိုယ်တိုင် ပွေ့ဖက်လိုက်ရတဲ့ အခါကျမှ သိလိုက်ရသည်မှာ— အားပါးပါး... သူမက တကယ်ကို အထာကျကျနဲ့ ပြည့်စုံလှပလွန်းတာပဲ ဖြစ်သည်။
လင်းမြောင်မြောင်ကတော့ အခုအချိန်မှာ တတိယနေရာမှာပဲ ရှိနေနိုင်သေးပြီး ယာယီအားဖြင့် အောက်ဆုံးမှာ ရောက်နေရှာသည်။
အာဂျောင်းနဲ့ ပတ်သက်ပြီးတော့ သူ ကိုယ်တိုင် မထိတွေ့ဖူးသေးတာမို့ အားတဲ့အချိန်ကျမှ စမ်းသပ်ကြည့်ရင် ကောင်းမွန်မည့်အလား ရှိသည်။
(မထိရသေးပါဘူးတဲ့ ခုနက ဘယ်လိုတေ သင်လိုက်လဲမသိ မူရင်းစာရေးဆရာ သွားမေးရတော့မယ်။🥹)
လင်းဖုန်းကို အကြာကြီး ပွေ့ဖက်ထားပြီးတဲ့နောက်မှာတော့ စုယွီရှုသည် သူမရဲ့ စိတ်လိုက်မာန်ပါ အပြုအမူကို နောက်ဆုံးမှ သတိပြုမိသွားတော့သည်။ "ငါ... ငါ စောစောက... တမင်သက်သက် လုပ်တာ မဟုတ်ပါဘူးနော်"
"နင် တမင်သက်သက် လုပ်တာမဟုတ်မှန်း ငါ သိပါတယ်၊ ဒါပေမဲ့ ငါကတော့ တမင်သက်သက် လုပ်လိုက်တာပါ" လင်းဖုန်းက အပြုံးလေးဖြင့် ပြောလိုက်သည်။
စုယွီရှု ဇဝေဇဝါ ဖြစ်သွားပြီး "နင် ဘာကို တမင်သက်သက် လုပ်တာလဲ"
"ခဏနေရင် နင် သိရမှာပါ"
တစ်မိနစ်လောက် ကြာပြီးတဲ့နောက်မှာတော့ စုယွီရှုတစ်ယောက် လင်းဖုန်း စောစောက ပြောခဲ့တဲ့ စကားရဲ့ အဓိပ္ပာယ်ကို နောက်ဆုံးတော့ နားလည်သွားခဲ့ရပြီ ဖြစ်သည်။
"နင် ငါ့ကို လွှတ်ပေးဦးမလား"
"ငါ နားလည်ပြီ၊ နင်က တမင်သက်သက် ဖက်ထားပြီး ပြန်မလွှတ်ပေးတာကိုး၊ အဲ့ဒါကို ပြောတာလား"
"ငါ တောင်းပန်ပါတယ်... လူတွေအားလုံး စောင့်ကြည့်နေကြတယ်လေ၊ အမြန်လွှတ်ပေးပါတော့”