အခန်း ၃၁။ အိပ်စက်လို့မရနိုင်တဲ့ ညတစ်ည
(T/N - မရေးတာကြာသွားလို့ အရေးအသားတေ အရှေ့အခန်း 30 နဲ့မတူရင် တောင်းပန်ပါတယ်ဗျ။ အကြောင်းအမျိုးမျိုးကြောင့် အရှေ့ကအပိုင်း 20 ရောင်းထားမိတဲ့အတွက် နောက်ပိုင်းအခန်းတွေကို 120ထိ free ပေးသွားပါမယ်။ အားပေးသူ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ပါတယ်။)
မြို့လယ်ခေါင်က လေထုညစ်ညမ်းမှုတွေနဲ့ပဲ ယဉ်ပါးနေခဲ့ပြီးမှ အခုလို လေကောင်းလေသန့်ရတဲ့နေရာမျိုးမှာ အဆုတ်ကို အားရပါးရ သန့်စင်လိုက်ရတာ တကယ်ကို နေလို့ကောင်းလှသည်။ လင်းဖုန်းသည် လမ်းလျှောက်လာရင်း လေကို ဝဝလင်လင် ရှူသွင်းလိုက်မိသည်။
စင်္ကြံလမ်းကွေ့လေးကို ကျော်လိုက်တော့ အိမ်ထဲဝင်မယ့် တံခါးမကြီးကို မြင်လိုက်ရသည်။ တံခါးချပ်နှစ်ချပ်ကို ဘေးနှစ်ဖက် တွန်းဖွင့်ရမယ့် တံခါးအမျိုးအစားဖြစ်ပြီး နှစ်ဖက်စလုံး ဖွင့်လိုက်ရင် အဝင်အဝက တော်တော်လေး ကျယ်ဝန်းသွားတာမို့ ပရိဘောဂအကြီးစားတွေ သယ်ယူတဲ့အခါ အခက်အခဲဖြစ်စရာ လုံးဝမရှိနိုင်ပေ။
အိမ်ထဲလှမ်းဝင်လိုက်တာနဲ့ လင်းဖုန်း ပထမဆုံး မြင်လိုက်ရတာကတော့ ကျောက်စိမ်းမျက်နှာပြင်နဲ့ ပြုလုပ်ထားတဲ့ အခန်းကန့် အကာအရံလေးဖြစ်သည်။ ဆန်းပြားကျော့ရှင်းပြီး ခန့်ညားထည်ဝါမှုကိုလည်း ပေါ်လွင်စေသည်။
ဧည့်ခန်းထဲ ရောက်သွားတဲ့အခါ လင်းဖုန်းရဲ့ ပထမဆုံး ခံစားချက်ကတော့... တကယ်ကို အကြီးကြီးပဲ ဆိုတာပါပဲ။
အင်း... လင်းဖုန်းလိုပဲ အကြီးကြီးပေါ့။(ဘာပေါတာလဲ🥹)
ဒီဧည့်ခန်း အကျယ်အဝန်းတစ်ခုတည်းတင် သူအရင်က နေခဲ့တဲ့ အိမ်တစ်အိမ်လုံးစာလောက် ရှိတယ်လို့ လင်းဖုန်း ခံစားလိုက်ရသည်။
ဧည့်ခန်းက ဘယ်လောက်ပဲ ကျယ်ဝန်းနေပါစေ အထဲက ပြင်ဆင်မွမ်းမံမှုတွေက ဟာလာဟင်းလင်း ဖြစ်မနေဘဲ စနစ်တကျ ရှိလှသည်။ တံခါးနားနဲ့နီးတဲ့ ဘေးတစ်ဖက်မှာ ဆိုဖာအစုံကို ချထားပြီး ဘေးနားမှာ ကော်ဖီစားပွဲလေးတစ်လုံး ရှိသည်။
ဧည့်ခန်းရဲ့ အရှေ့ဘက်မျက်နှာစာမှာတော့ တီဗီနံရံ ရှိသည်။ တီဗီမကြည့်တဲ့အချိန်တွေမှာ တီဗီက အထဲထဲ မြှုပ်နေပြီး ကြည့်ချင်တဲ့အခါကျမှ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ဖြည်းဖြည်းချင်း ပေါ်ထွက်လာမှာဖြစ်သည်။
တီဗီနဲ့ ဆိုဖာလိုမျိုး အခြေခံပရိဘောဂတွေအပြင် အလှဆင်ပစ္စည်းအချို့နဲ့ အပင်အိုးလေးတွေကိုလည်း တွေ့ရသည်။
ဧည့်ခန်းရဲ့ တောင်ဘက်မျက်နှာစာမှာတော့ အမိုးအပြည့် ပြတင်းပေါက်အကြည်ကြီး တပ်ဆင်ထားပြီး ပြတင်းပေါက်အပြင်ဘက်မှာတော့ ရေကူးကန်ကြီး ရှိသည်။ နွေရာသီမှာ ရေကူးချင်တယ်ဆိုရင် ခြေလှမ်းအနည်းငယ် လှမ်းရုံနဲ့ ရေကူးကန်ထဲကို ခုန်ချလိုက်ရုံပဲ။
ဧည့်ခန်းနဲ့ နံရံတစ်ချပ်ပဲ ခြားထားတဲ့နေရာမှာတော့ မီးဖိုချောင်နဲ့ ထမင်းစားခန်း ရှိသည်။
ဒီအိမ်မှာ ထမင်းစားပွဲ နှစ်စုံ ရှိတာဖြစ်သည်။
တစ်စုံကတော့ အိမ်ထဲမှာရှိပြီး လူ ဆယ်ဂဏန်းကျော်အထိ အေးဆေးထိုင်လို့ရတာမို့ သူငယ်ချင်းတွေ အများကြီးနဲ့ ပါတီလုပ်ရင်တောင် လုံလောက်မှု ရှိသည်။
နောက်ထပ် ထမင်းစားပွဲတစ်စုံကတော့ အပြင်ဘက် ဝရန်တာအကျယ်ကြီးပေါ်မှာ ရှိသည်။ နွေရာသီ ညချမ်းအချိန်ခါမျိုးမှာ ညနေခင်းလေပြေလေးကို ခံစားရင်း အသားကင် စားရတာ ဘယ်လောက်တောင် ကောင်းလိုက်မလဲ။
ပထမထပ်တစ်ခုလုံးမှာ ဧည့်ခန်း၊ မီးဖိုချောင်နဲ့ ထမင်းစားခန်းအပြင် အိပ်ခန်းအစုံအလင်ပါတဲ့ အခန်းကြီးတစ်ခန်းနဲ့ ဧည့်သည်အိပ်ခန်းတစ်ခန်းလည်း ရှိသေးသည်။ တကယ်လို့ သူငယ်ချင်းတွေ လာလည်ရင် ဒီမှာ တည်းခိုနိုင်တာပေါ့။ အခန်းတိုင်းမှာ ခြောက်သွေ့ဧရိယာနဲ့ ရေစိုဧရိယာ သီးသန့်ခွဲထားတဲ့ သန့်စင်ခန်းတွေ ပါဝင်တာမို့ အပြင်ထွက်ပြီး သန့်စင်ခန်း လုသုံးရမယ့် အနေရခက်တဲ့ အခြေအနေမျိုးကို ရှောင်ရှားနိုင်မှာဖြစ်သည်။
မြေအောက်ထပ်အပါအဝင် ဗီလာတစ်ခုလုံးက ငါးထပ်ရှိတာမို့ အထဲမှာ ဓာတ်လှေကား တပ်ဆင်ထားသည်။ လင်းဖုန်းသည် ဓာတ်လှေကားစီးပြီး ဒုတိယထပ်ကို တက်လာခဲ့သည်။
ဒုတိယထပ်ကတော့ အိမ်ရှင်ရဲ့ အဓိကအိပ်ခန်း ရှိတဲ့နေရာဖြစ်သည်။
ဒုတိယထပ်ရဲ့ အကျယ်အဝန်းက စတုရန်းမီတာ နှစ်ရာကျော်ရှိပြီး အိပ်ခန်း သုံးခန်းပဲ ဖွဲ့စည်းထားသည်။ အကြီးဆုံး အိပ်ခန်းကတော့ ဗီလာမှာ နေထိုင်မယ့် စုံတွဲငယ်လေးအတွက် အဆင်ပြေဆုံးဖြစ်မယ့် အဓိကအိပ်ခန်းကြီး ဖြစ်သည်။
ကျန်တဲ့ နှစ်ခန်းကတော့ ကလေးအခန်းနဲ့ လူကြီးအခန်းဖြစ်ပြီး မိသားစုတစ်စုလုံးအတွက် အပြည့်အစုံ နေထိုင်နိုင်သည်။
တတိယထပ်ကတော့ ဖျော်ဖြေရေး သုခဘုံလေးတစ်ခု ဖြစ်ပြီး သီချင်းဆိုဖို့ အသေးစားကေတီဗီ၊ ကိုယ်ပိုင်ရုပ်ရှင်ရုံ၊ ကစားစရာအခန်း၊ အရုပ်စင်ခန်းနဲ့ အားကစားခန်းမတို့ ပါဝင်သည်။
ဆက်ပြီးတော့ စတုရန်းစုံ စတုတ္ထထပ်ကို ရောက်တဲ့အခါမှာတော့ လင်းဖုန်းတစ်ယောက် စာကြည့်တိုက်အသေးစားလေးထဲ ရောက်သွားသလို ခံစားလိုက်ရသည်။ အထဲမှာ စာအုပ်မျိုးစုံ အပြည့်ထည့်ထားတဲ့ စာအုပ်စင်အကြီးကြီးတွေ ရှိနေတာဖြစ်သည်။ ဒါ့အပြင် စာပွဲနဲ့ ကုလားထိုင်တွေလည်း ရှိနေပြီး စာဖတ်ဝါသနာပါတဲ့သူဆိုရင် ဒီနေရာမှာ တစ်နေကုန် ပျင်းရိခြင်းမရှိဘဲ နေနိုင်လောက်သည်။
ဒါပေမဲ့ စိတ်မကောင်းစရာက လင်းဖုန်းက စာဖတ်တာကို သိပ်ပြီး ဝါသနာမပါလှပေ။ တကယ်လို့ လင်းဖုန်းကို ဘာကြိုက်လဲလို့ မေးလာရင်တော့...
ဆောရီးပဲဗျာ၊ ကျွန်တော်က ရင်သားတွေကို ကြိုက်တာ။(တူတူပဲ🙋🏻)
စတုတ္ထထပ်တစ်ခုလုံးကို ကြည့်ရှုပြီးနောက်မှာတော့ လင်းဖုန်းသည် နောက်ဆုံးမှ မြေအောက်ထပ်ဆီကို ဆင်းခဲ့သည်။
လင်းဖုန်းသည် ဓာတ်လှေကားစီးပြီး ဗီလာရဲ့ မြေအောက်ထပ်ဆီ ရောက်လာခဲ့သည်။
မြေအောက်ထပ်က ကားပါကင်အဖြစ် အသုံးပြုနိုင်ရုံတင်မကဘဲ ဝိုင်သိုလှောင်ခန်းကြီးလည်း ရှိသေးပြီး အခုအချိန်မှာ တန်ဖိုးကြီး ဝိုင်နီတွေ အများကြီး သိုလှောင်ထားတာကို တွေ့ရသည်။
လင်းဖုန်းက အရက်အလွန်အကျွံသောက်တတ်တဲ့သူ မဟုတ်ပေမဲ့ ဝိုင်နီနဲ့ပတ်သက်ပြီး အသိအမြင် အနည်းငယ်တော့ ရှိခဲ့ဖူးသည်။ ဝိုင်မြေအောက်ခန်းထဲက ဝိုင်နီတွေက ပေါကြောင်ကြောင်ပစ္စည်းတွေ မဟုတ်မှန်း သူ သိနိုင်သည်။ အပေါဆုံးဆိုတဲ့ ဝိုင်တစ်ပုလင်းတောင်မှ ယွမ်ထောင်ဂဏန်းအထက် ရှိသည်။
ဗီလာတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုပြီးနောက် လင်းဖုန်းသည် မချီးမွမ်းဘဲ မနေနိုင်တော့ပေ။ "တောက်... ချမ်းသာရတာ တကယ်ကို ကောင်းတာပဲဟ။ ဒီလို ငွေကြေးရဲ့ စည်းစိမ်နောက်မှာ သာယာမသွားဖို့က တကယ်ကို မလွယ်ကူပါလား"
လင်းဖုန်းရဲ့ မိသားစု ဗီလာတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုပြီးတဲ့အချိန်မှာတော့ ညကိုးနာရီ ရှိနေပြီဖြစ်သည်။
မိသားစုဝင်တွေလည်း ထမင်းမချက်ချင်တော့တာမို့ အပြင်ကနေပဲ တိုက်ရိုက်မှာစားလိုက်ကြသည်။ စားသောက်ပြီးလို့ ဆယ်နာရီလောက် ရောက်တဲ့အခါ လင်းဖုန်းကပဲ အစီအစဉ်ချပေးလိုက်သည်။
သူက ညဉ့်နက်တဲ့အထိ မအိပ်ဘဲနေတာ ကျန်းမာရေးအတွက်မကောင်းကြောင်း၊ အိမ်အသစ်မှာ ပထမဆုံးည နေထိုင်တာဖြစ်လို့ ညဉ့်မနက်အောင် နေသင့်ကြောင်း ပြောလိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ လင်းထျန်းယာနဲ့ သူ့ဇနီးသည်လည်း တစ်နေကုန် အိမ်တွေလိုက်ကြည့်ထားလို့ အနည်းငယ် ပင်ပန်းနေတာကြောင့် လင်းဖုန်းရဲ့ အကြံပြုချက်ကို မငြင်းဆန်တော့ဘဲ ဒုတိယထပ်က အိပ်ခန်းတွေဆီကို သွားရောက် အိပ်စက်ကြတော့သည်။
လင်းဖုန်း ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ သူ့မိဘတွေကို စောစောအိပ်စေချင်လို့ဖြစ်သည်။ ဘာလို့လဲဆိုတော့ ခဏနေရင် သူ ဟွာရုန်ဂရုကို သွားဖို့ လိုအပ်နေတာကြောင့် ဖြစ်သည်။ ကုမ္ပဏီရဲ့ အရေးကြီးကိစ္စအချို့ကို လျူရှင်းက သူနဲ့အတူ ဖြေရှင်းဖို့ စောင့်ဆိုင်းနေသည်။
ကုမ္ပဏီကိစ္စတွေက တော်တော်လေး အရေးကြီးတာမို့ လင်းဖုန်း သွားမှဖြစ်မည်။
လင်းထျန်းယာနဲ့ သူ့ဇနီးသည်တို့သည် လင်းဖုန်းရဲ့စကားကို ကြားပြီးနောက် သူတို့ရဲ့ အိပ်ခန်းဆီ တန်းတန်းမတ်မတ် သွားကြတော့သည်။ သူတို့ အိမ်တွေကို အကြာကြီး ရွေးချယ်ခဲ့ရလို့ တော်တော်လေး ပင်ပန်းနေပြီဖြစ်သည်။ လူလတ်ပိုင်းအရွယ်တွေရဲ့ ခံနိုင်ရည်က လူငယ်တွေနဲ့ ယှဉ်လို့မရနိုင်ပေ။
ဒါကြောင့် သူတို့ တန်းပြီး အိပ်ရာဝင်လိုက်ကြသည်။
လင်းဖုန်းနဲ့ လင်းမြောင်မြောင်တို့ ကိစ္စအချို့ကို စီစဉ်ပြီးနောက် လင်းဖုန်းသည် မေပယ်တောအုပ် မြစ်ကမ်းပါးကနေ ကားမောင်းထွက်ခဲ့ပြီး ဟွာရုန်ဂရုဆီသို့ ဦးတည်မောင်းနှင်ခဲ့သည်။
.........
ဟွာရုန်ဂရုရဲ့ ၃၃ ထပ်မြောက်မှာရှိတဲ့ ဥက္ကဋ္ဌရုံးခန်းအတွင်း၌။
လျူရှင်းသည် ကုတင်ပေါ်တွင် ပျင်းရိပျင်းတွဲ လှဲလျောင်းနေရင်း လင်းဖုန်းကို အလုပ်ကိစ္စတွေ အစီရင်ခံဖို့ စောင့်ဆိုင်းနေသည်။
သူမရဲ့ ဖုန်းကို ကောက်ကိုင်ပြီး အချိန်ကို ကြည့်လိုက်တော့... ၁၂ နာရီ ရှိနေပြီဖြစ်သည်။
လျူရှင်းသည် ကုတင်ပေါ်က ဝက်ဝံရုပ်အကြီးကြီးကို ကောက်ကိုင်ပြီး အကြိမ်အနည်းငယ် ရိုက်နှက်လိုက်ရင်း "ဟွန့်... လူဆိုး လင်းဒါရိုက်တာကြီး၊ ဒီည လာမယ်လို့ သေသေချာချာ ပြောထားပြီးတော့၊ ကုမ္ပဏီကိစ္စတွေကလည်း အရမ်းအရေးကြီးပါတယ်ဆိုတာကို။ လူလိမ်ကြီး၊ စိတ်ဆိုးတယ် သိလား"
"ဟွန့်... နောက်တစ်ခါကျရင် သူ့ကို လုံးဝ ဂရုမစိုက်တော့ဘူး။ သူဘာပြောပြော နားမထောင်တော့ဘူး၊ သူ့ရဲ့ အတွင်းရေးမှူးလည်း မလုပ်တော့ဘူး၊ အလုပ်အစီရင်ခံစာလည်း မတင်တော့ဘူး။ ဘယ်သူက သူ့ကို ကတိပေးပြီးမှ လာမတွေ့ဘဲ ပစ်ထားခိုင်းလို့လဲ။ နောက်တစ်ခါကျရင် ဒီရုံးခန်းကိုတောင် လုံးဝ မလာတော့ဘူး၊ ဟွန့်"
"ဟုတ်တယ်၊ ဒီမှာ မနေတော့ဘူး၊ အခုပဲ ပြန်တော့မယ်။ ╭(╯^╰)╮"
ဒါပေမဲ့ လျူရှင်း ထဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ သူမရဲ့ ဖုန်းထဲကို လင်းဖုန်းဆီကနေ မက်ဆေ့ခ်ျတစ်ခု ရုတ်တရက် ဝင်လာခဲ့သည်။
"ကိစ္စလေးတစ်ခု ပေါ်လာလို့ပါ၊ ကုမ္ပဏီကို နာရီဝက်လောက်နေရင် ရောက်မယ်။ အကြာကြီး စောင့်နေရပြီလား"
လင်းဖုန်းရဲ့ မက်ဆေ့ခ်ျကို မြင်လိုက်ရတော့ လျူရှင်းရဲ့ နှုတ်ခမ်းအစုံက မသိမသာ ကွေးညွတ်သွားပြီး ချက်ချင်းပဲ ပြန်စာပို့လိုက်သည်။ "ရုံးခန်းထဲမှာ စောင့်နေတာ ကြာပါပြီရှင်၊ အလုပ်အစီရင်ခံဖို့ အဆင်သင့်ပါပဲ"
ヾ(≧▽≦*)o
သူ့ကို ဂရုမစိုက်တော့ဘူးလို့ တွေးထားပေမဲ့ သူက မက်ဆေ့ခ်ျပြန်ပို့လာတာကိုး။
လင်းဖုန်းရဲ့ ပြန်စာကို ဘယ်သူက ငြင်းဆန်နိုင်မှာလဲ။
ဒီလိုနဲ့ပဲ မရှေးမနှောင်းကတင် စိတ်ကောက်နေခဲ့တဲ့ လျူရှင်းတစ်ယောက် လင်းဖုန်းရဲ့ မက်ဆေ့ခ်ျတစ်စောင်ကြောင့်နဲ့ တဟီးဟီးနဲ့ အူကြောင်ကြောင် ရယ်မောနေပြီး သူမရဲ့ မျက်လုံးတွေကတော့ ရုံးခန်းတံခါးဝဆီကိုပဲ စိုက်ကြည့်နေမိကာ လင်းဖုန်း ပြန်လာပြီး ကုမ္ပဏီကိစ္စတွေ အစီရင်ခံရမယ့်အချိန်ကို စောင့်ဆိုင်းနေတော့သည်။
နာရီဝက် ကြာပြီးနောက်။
လင်းဖုန်းသည် ကတိပေးထားသည့်အတိုင်း ရုံးခန်းတံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။ လျူရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားပြီး လင်းဖုန်းရဲ့ ရင်ခွင်ထဲကို တန်းပြီး တိုးဝင်ဖက်လိုက်တော့သည်။
လင်းဖုန်းသည် လျူရှင်းဆီကနေ အိစက်ညင်သာတဲ့ ခံစားချက်ကို အပြည့်အဝ ခံစားလိုက်ရသည်။
ဒိုင်လူကြီးခင်ဗျာ... ကျွန်တော် တိုင်ပါရစေ၊ လူတစ်ယောက် ဘောလုံးနဲ့ ဝင်တိုက်နေပါတယ်ဗျာ။
"လင်းဒါရိုက်တာကြီး... နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ရှင် လာမှာကို ကျွန်မ ဒီလောက်အကြာကြီး စောင့်နေရတာ၊ ကုမ္ပဏီကိစ္စတွေကလည်း တကယ်ကို အရေးကြီးနေတာပါဆို" လျူရှင်းက မကျေနပ်သလိုမျိုး ဟန်ဆောင်ပြီး ပြောလိုက်သည်။
"ကိစ္စလေးတစ်ခု ပေါ်လာလို့ပါ၊ ဒါပေမဲ့ အခုပဲ ကျွန်တော် ရောက်လာပြီ မဟုတ်လား။ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ကုမ္ပဏီကိစ္စတွေကို လစ်လျူရှုထားလို့ ဘယ်ဖြစ်မလဲ။ ကဲပါ... ရုံးခန်းထဲ ဝင်ပြီး စကားပြောကြရအောင်"
.........
.........
.........
အလုပ်အစီရင်ခံတင်ပြချက်က တော်တော်လေး အချိန်ကြာမြင့်ခဲ့သည်။
တစ်ညလုံး မအိပ်ဘဲ ရှိနေခဲ့တဲ့ လင်းဖုန်းအပြင် အခြားသော လူအချို့လည်း အိပ်စက်လို့မရနိုင်တဲ့ ညတစ်ညကို ဖြတ်သန်းခဲ့ရသည်။
ကျန်းလေ့နဲ့ သူ့ရဲ့ ပထမဆုံး အချစ်ဦးဖြစ်တဲ့ ကျန်းယွဲ့တို့လည်း တစ်ညလုံး မအိပ်ဘဲ ရှိနေခဲ့ကြသည်။
ဒါပေမဲ့ သေချာတာတစ်ခုကတော့ သူတို့ လုပ်နေခဲ့တဲ့အရာက အလုပ်အစီရင်ခံစာ တင်ပြနေတာမျိုးတော့ မဟုတ်တာ အမှန်ပင်။