အပိုင်း (၁၃) မင်း ထန်ရှောင်ကို လက်ထပ်ပြီး ထန်ဟောက်ကို မြူဆွယ်လိုက်
ချည်နှောင်ထားတဲ့ ယုအာကို ထျန်းတောက်အင်ပါယာမှာရှိတဲ့ ဝိညာဉ်နန်းတော် ဌာနခွဲရဲ့ ထောင်ထဲကို ပစ်ထည့်လိုက်ပြီးနောက် ချန်ရွှင်ဖုန်းက သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကောင်းကင်တမန် အမှတ်အသားကို တိုက်ရိုက် ခတ်နှိပ်လိုက်တော့သည်။
"ယုအာ... ပုပ်ရဟန်းမင်းကြီး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်ရှင်။"
လမ်းခရီးမှာ တင်ပဲ ယုအာဟာ မိမိရှေ့က ခန့်ညားလှတဲ့ အမျိုးသားဟာ လက်ရှိ ဝိညာဉ်နန်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး ဖြစ်မှန်း သိသွားခဲ့ရပြီး၊ သူမရဲ့ မျက်နှာတစ်ခုလုံး ကြောက်လန့်တကြားနဲ့ ဖြူဖျော့သွားခဲ့ရသည်။ ဝိညာဉ်နန်းတော်ဆိုတာ မိစ္ဆာဝိညာဉ်စွမ်းအားရှင်တွေကို နှိမ်နင်းတဲ့နေရာမှာ အလွန်အမင်း တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်း မဟုတ်ပါလား။
သူမ တောင်ပေါ်က ဆင်းဆင်းချင်းမှာပဲ ပုပ်ရဟန်းမင်းကြီးနဲ့ တိုက်ရိုက်ဆုံတွေ့ဖို့ အခွင့်အရေးက သူမ ဝိညာဉ်တုန့်လော့ အဆင့်ကို ချိုးဖျက်နိုင်မယ့် အခွင့်အရေးထက်တောင် ပိုပြီး ရာခိုင်နှုန်း နည်းပါသေးသည်။
"နောက်သုံးနှစ်ကြာရင် ငါ မင်းကို လွတ်လပ်ခွင့်ပေးမယ်၊ ဒါပေမဲ့ အခြေအနေတစ်ခုတော့ ရှိတယ်။"
"အမိန့်ရှိပါ ပုပ်ရဟန်းမင်းကြီး။ ကျမ အစွမ်းကုန် ဖြည့်ဆည်းပေးပါ့မယ်။"
မိမိကိုယ်မိမိ အသက်ရှင်ဖို့အတွက် တန်ဖိုးရှိနေသေးတာကို မြင်လိုက်ရတဲ့အတွက် ယုအာဟာ သဘာဝအတိုင်း အလွန်အမင်း ဝမ်းမြောက်သွားခဲ့ပြီး ချန်ရွှင်ဖုန်း ပြောသမျှကို အကုန်ခေါင်းညိတ် သဘောတူလိုက်တော့သည်။
"နောက်သုံးနှစ်ကြာရင် မင်း ဟောက်ထျန်းဂိုဏ်း ရှိတဲ့နေရာကို သွားရမယ်။ ပထမဆုံး ထန်ရှောင်ကို ရှာပြီး မြူဆွယ် မင်းကို လက်ထပ်လာအောင် လုပ်ပါ။ အဲဒီနောက် မင်းတို့ရဲ့ မင်္ဂလာဦးညမှာ ထန်ဟောက်ကို ဆေးခတ်ပြီး မင်းအပေါ် အဓမ္မပြုကျင့်လာအောင် ဖန်တီးလိုက်... နားလည်လား။"
ဟောက်ထျန်းရဲ့ အမြွှာကြယ်ပွင့်တွေဟာ ညီအစ်ကိုအရင်းတွေဖြစ်ပြီး ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဘယ်တော့မှ လမ်းခွဲမှာမဟုတ်ဘူးလို့ ပြောစမှတ်ပြုကြသည်။ အကယ်၍ ထန်ဟောက်က ထန်ရှောင်ရဲ့ ဇနီးဖြစ်သူနဲ့ မင်္ဂလာဦးညမှာ မှားယွင်းခဲ့မယ်ဆိုရင် အဲဒီ ညီအစ်ကို သံယောဇဉ်က ဆက်ရှိနေပါဦးမလား။
ချန်ရွှင်ဖုန်းက ဒီအပေါ်မှာ အလွန်အမင်း စိတ်ဝင်စားနေခဲ့ပြီး၊ လက်တွေ့လုပ်ဆောင်မှုကသာ စစ်မှန်တဲ့ အသိပညာကို ပေးစွမ်းနိုင်တာမို့ ဒါကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"ကောင်းပါပြီ၊ ကျမ သဘောတူပါတယ်။"
ဒါက ခက်ခဲတဲ့ ကိစ္စတစ်ခုမဟုတ်မှန်း သိလိုက်ရတဲ့အတွက် ယုအာဟာ ဘာမှမဆိုင်းမတွဘဲ သဘောတူလိုက်သည်။
"အော်... ဒါနဲ့၊ အကယ်၍ မင်းမှာ ထန်ဟောက် ဒါမှမဟုတ် ထန်ရှောင်ရဲ့ သားသမီး ကိုယ်ဝန်ရှိလာခဲ့ရင်လည်း မွေးဖွားပေးရမယ်... နားလည်လား။"
"နားလည်ပါပြီရှင်။"
...
ချန်ရွှင်ဖုန်းဟာ အရာအားလုံးကို စီစဉ်ပြီးသွားတာကို မြင်လိုက်ရသည်။ သူ တံခါးအပြင်ဘက်သို့ လှမ်းထွက်လာခဲ့တဲ့အခါ သူ့ကို အပြင်မှာ စောင့်ဆိုင်းနေတဲ့ အားရင်ကို မြင်လိုက်ရပြီး သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
အခုဆို ထန်ဆန်း ရဲ့ နောက်ခံ သမိုင်းကြောင်းကိုပါ စီစဉ်ပြီးသွားပြီဖြစ်ရာ၊ ဒီတစ်ကြိမ်မှာတော့ ထန်ဆန်းက ဝိညာဉ်နန်းတော်ကို ဆန့်ကျင်ဖို့ ဘယ်လိုအကြောင်းပြချက်မျိုးကို သုံးဦးမလဲဆိုတာ သူ မြင်တွေ့ချင်နေမိသည်။
မိစ္ဆာဝိညာဉ်စွမ်းအားရှင်တွေကို တရားဝင်ဖြစ်အောင် လုပ်ဖို့အတွက်လား။
"သွားကြစို့။ လောကကြီးက အကျယ်ကြီးပဲ၊ ငါ မင်းကို လိုက်လံပြသပေးမယ်။"
အားရင်ရဲ့ နုနယ်လှတဲ့ လက်ကလေးကို ဆုပ်ကိုင်ရင်း ချန်ရွှင်ဖုန်းက သိနားလည်စွာ ပြုံးလိုက်သည်။
အားရင်ကလည်း ငြင်းဆန်ခြင်း မပြုခဲ့ပေ။ ချန်ရွှင်ဖုန်း သူမကို ကယ်တင်ခဲ့တဲ့ ပုံစံဟာ မနေ့တစ်နေ့ကလိုပဲ ရှိနေသေးပြီး၊ သူ၏ နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားလှတဲ့ ပုံရိပ်ဟာ သူမရဲ့ စိတ်အာရုံထဲမှာ အမြစ်တွယ် စွဲထင်နေခဲ့ပြီ ဖြစ်သည်။
"အင်း။"
အလွန်အမင်း အမှီသဟဲပြုလိုတဲ့ စိတ်နဲ့ ချန်ရွှင်ဖုန်းရဲ့ နွေးထွေးတဲ့ ရင်ခွင်ထဲသို့ တိုးဝင်ရင်း အားရင် အလွန် ပျော်ရွှင်နေခဲ့ရသည်။
ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ ထျန်းတောက်မြို့တော် ဘေးပတ်လည်မှာ လပေါင်းများစွာ လှည့်လည်သွားလာခဲ့ကြပြီး၊ သူတို့နှစ်ယောက်ကြားက သံယောဇဉ်ဟာလည်း သဘာဝအတိုင်း အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တော့သည်။
"အစ်ကိုဖုန်း... ငါတို့တွေ ထာဝရ အတူတူ ရှိသွားကြမှာလားဟင်။"
ထိုညတွင် အားရင်က ကြယ်တာရာတွေ စုံလင်နေတဲ့ ကောင်းကင်ယံကို လှမ်းကြည့်ရင်း၊ သူမရဲ့ မျက်န်းဝန်းတွေထဲမှာ အချစ်စိတ်တွေ လင်းလက်လျက် ချန်ရွှင်ဖုန်းရဲ့ ရင်ခွင်ထဲမှာ ချစ်စနိုးဖြင့် မှီတွဲနေခဲ့သည်။
"ငါ့ရဲ့ အားရင်လေးက ဒီလောက်တောင် ချစ်ဖို့ကောင်းပြီး ကြင်နာတတ်တာ၊ ငါ မင်းကို သေချာပေါက် ကောင်းကောင်း ကာကွယ်ပေးမှာပါ။"
"ဒါပေမဲ့... ဦးဦးက အားရင်ရဲ့ အထောက်အထားကို စိတ်ထဲထားနေမလားဟင်။"
အားရင်ရဲ့ မျက်ဝန်းထဲမှာ စိုးရိမ်ရိပ် အနည်းငယ် ဖြတ်ပြေးသွားခဲ့သည်။ သူမဟာ တစ်ခါမှ မဆုံတွေ့ဖူးသေးတဲ့ ချန်ဒေါင်လျူကို သိသိသာသာ ကြောက်ရွံ့နေခဲ့ပြီး၊ ချန်ရွှင်ဖုန်းနဲ့ သူမကြားက အချစ်ကို ရက်ရက်စက်စက် ခွဲပစ်လိုက်မှာကို စိုးရိမ်နေခြင်း ဖြစ်သည်။
"မဖြစ်နိုင်တာ၊ သူ စိတ်ထဲမထားပါဘူး။ ငါတို့ကြားမှာ ရင်သွေးလေး ရှိလာတာနဲ့ ငါ မင်းကို ခေါ်ပြီး သူ့ဆီ သွားတွေ့မယ်။ အဲဒီ အဖိုးကြီးက နှုတ်ကျဉ်းပေမယ့် နှလုံးသား နူးညံ့တတ်သူပါ၊ ပြီးတော့ ငါ့မှာ မျိုးဆက်တစ်ခု ရှိလာဖို့ကိုလည်း သူ အသည်းအသန် လိုလားနေတာ။"
ချန်ရွှုန်းဖုန်းအနေနဲ့ အဖိုးကြီးရဲ့ စရိုက်ကို ဘယ်လိုလုပ်ပြီး နားမလည်ဘဲ ရှိပါမည်နည်း။ နေ့တိုင်း သူ့ကို ပုပ်ရဟန်းမင်းကြီး ရာထူးဆက်ခံဖို့ တိုက်တွန်းနေတာ (သို့မဟုတ်) စေ့စပ်ရမယ့် မိန်းကလေးတွေအကြောင်း လာပြောနေတာ ဖြစ်သည်။ ဒီတစ်ကြိမ်မှာ အကယ်၍ သူမကိုသာ ခေါ်သွားပေးလိုက်ရင် သူ ကန့်ကွက်ဖို့ နေနေသာသာ အလွန်အမင်း ပျော်ရွှင်သွားပါလိမ့်မည်။
သို့သော်လည်း ပိုပြီး စိတ်ချရအောင် အားရင် ကိုယ်ဝန်ရှိလာတဲ့အချိန်အထိ စောင့်ဆိုင်းပြီးမှ ဆုံးဖြတ်ချက် ချရပါမည်။
"အင်း... ကျမ အဆင့် ခုနစ်ဆယ်ကို ရောက်ဖို့နဲ့ စစ်မှန်တဲ့ လူသားတစ်ယောက် ဖြစ်လာဖို့ နောက်ထပ် ရှစ်ဆင့်ပဲ လိုတော့တာ။ အဲဒီအချိန်ကျရင် ကျမ..."
အနည်းငယ် ရှက်သွားပုံရပြီး အားရင်က ခေါင်းကို ချန်ရွှင်ဖုန်းရဲ့ ရင်ခွင်ထဲသို့ ပိုပြီး တိုးဝင်ဝှက်လိုက်တော့သည်။
...
ချန်ရွှင်ဖုန်းရဲ့ ပျော်ရွှင်စရာ ကောင်းလှတဲ့ ဘဝနဲ့ မတူတာကတော့ ဘီဘီတုန်းဟာ ဤအခိုက်အတန့်မှာ အတော်လေးကို သနားစရာကောင်းတဲ့ အခြေအနေသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။
ချန်ရွှင်ဖုန်းရဲ့ အမိန့်ပေးထားမှုကြောင့် အပြာရောင်လျှပ်စီးနဂါးဂိုဏ်းက ဘီဘီတုန်အပေါ် အလွန်အကျွံ လုပ်ဆောင်ဖို့ မဝံ့ရဲကြသော်လည်း၊ ဝိုင်းပယ်ခြင်းနှင့် ကျိန်ဆဲခြင်း ဒဏ်တွေကိုတော့ သေချာပေါက် ရှောင်လွှဲ၍ မရခဲ့ပေ။
အဆုံးတွင်မူ သူမကြောင့် သူတို့ဂိုဏ်းရဲ့ နှစ်ပေါင်းထောင်ချီတဲ့ အခြေခံအုတ်မြစ်တွေ ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ ဘီဘီတုန်ကို ရိုက်သတ်မပစ်ဘဲ ထိန်းချုပ်ထားနိုင်ခြင်းက ချန်ရွှင်ဖုန်းအပေါ် ထားရှိတဲ့ ရိုသေမှုကြောင့်သာ ဖြစ်ပေသည်။
"ဒီဖာသည်မ... သူမကြောင့် ငါတို့တွေ ဒီလောက်တောင် သနားစရာကောင်းတဲ့ အခြေအနေနဲ့ နေထိုင်နေရတာ။"
လမ်းဘေးက ကလေးအချို့က ဘီဘီတုန်ရဲ့ အဝတ်အစားတွေပေါ်သို့ စားကြွင်းစားကျန် အစားအစာများကို အဆက်မပြတ် ပစ်ပေါက်နေကြသည်။
ဘီဘီတုန်ရဲ့ မျက်န်းဝန်းတွေဟာ ဤအချိန်မှာ ထုံထိုင်းနေခဲ့ပြီ ဖြစ်ပြီး၊ ဘာခံစားချက်မျှ ထွက်ပေါ်မလာတော့ဘဲ ဒါတွေကို ကျင့်သားရနေခဲ့ပုံရသည်။
လွန်ခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် သူမဟာ ဒီကလေးတွေကို ဆုံးမပဲ့ပြင်မိမှာ ဖြစ်သော်လည်း၊ အမြဲတမ်း ယွီရှောင်ကန်းရဲ့ ဆူပူကြိမ်းမောင်းခြင်းကိုသာ ခံခဲ့ရသည်။
သူမအပေါ် အလွန်အမင်း ချစ်မြတ်နိုးခဲ့တဲ့ ယွီရှောင်ကန်းက ဘာကြောင့် ဒီလောက်တောင် နှလုံးသားမရှိတဲ့ လူတစ်ယောက် ဖြစ်သွားရတာလဲ ဆိုတာကို သူမ နားမလည်နိုင်တော့ပေ။ သူတို့တွေ လင်မယားအရာ မြောက်အောင် မနေထိုင်နိုင်ခဲ့ကြလို့လား။
ဒါပေမဲ့ ဒါက သူမရဲ့ အပြစ်မဟုတ်ဘူး မဟုတ်လား။ ရှောင်ကန်းက တကယ်ပဲ ပန်းသေပန်းညှိုး ဖြစ်နေခဲ့တာကိုး။
တစ်ခါတရံမှာ ဘီဘီတုန်းဟာ သူမအနေနဲ့ ယွီရှောင်ကန်းအပေါ် အကဲဖြတ်မှားခဲ့မိသလားလို့ အမြဲ သံသယဝင်မိသော်လည်း၊ ဤအခိုက်အတန့်မှာတော့ သူမဟာ အိမ်ခြေမဲ့ ဘဝသို့ ရောက်ရှိနေခဲ့ရပြီ ဖြစ်သည်။
ဒီလိုတွေးရင်းနဲ့ သူမရဲ့ မျက်နှာပြင်ထက်ကနေ ကြည်လင်တဲ့ မျက်ရည်နှစ်စက်က မဆိုင်းမတွဘဲ စီးကျလာခဲ့ရသည်။ ဒါတွေအားလုံးက သူမ ကိုယ်တိုင် ဖိတ်ခေါ်ခဲ့တဲ့ ဝဋ်ကြွေးတွေပဲ မဟုတ်ပါလား။
စားကြွင်းစားကျန်တွေ ပေကျံနေတဲ့ အဝတ်အစားတွေနဲ့ အခန်းထဲကို ပြန်ရောက်လာခဲ့တဲ့အခါ၊ ယွီရှောင်ကန်းက သူမကို ရွံရှာစက်ဆုပ်ဖွယ် မျက်လုံးတွေနဲ့ စိုက်ကြည့်နေတာကို မြင်လိုက်ရပြီး သူမရဲ့ နှလုံးသားတစ်ခုလုံး ပိုပြီးတော့တောင် အေးစက်သွားခဲ့ရသည်။
"မင်းကို ဘယ်သူက အထဲဝင်ခွင့်ပြုလို့လဲ။ ဒီလောက်တောင် ညစ်ပတ်နေတာ၊ အခု ချက်ချင်း ထွက်သွားစမ်း။"
ယွီရှောင်ကန်းက ခြေဆုံးခေါင်းဆုံး စုတ်ပြတ်သတ်နေတဲ့ ဘီဘီတုန်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး၊ သူ၏ မျက်ဝန်းထဲတွင် အထင်သေး ရွံရှာမှု အရှိန်အဝါတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
သူ စိတ်အခြေအနေ မကောင်းတဲ့ အချိန်တွေဆိုရင် ဘီဘီတုန်းကို ရိုက်နှက်တာမျိုးအထိတောင် လုပ်တတ်သေးသည်။
သူ့ရဲ့ အမြင်မှာတော့ ဘီဘီတုန်းဟာ ဘာတန်ဖိုးမှ မရှိတော့တဲ့အပြင်၊ သူ့ကို ဒီခြံဝင်းလေးထဲမှာ ပိတ်မိနေအောင် လုပ်ခဲ့တဲ့ တရားခံအစစ် ဖြစ်နေခဲ့ရာ ဘယ်လိုမှ ခွင့်လွှတ်ပေးလို့မရပေ။
"ယွီရှောင်ကန်း... မင်း အဲဒီတုန်းက ငါ့ကို ဘာတွေ ပြောခဲ့လဲဆိုတာ မှတ်မိသေးရဲ့လား။"
ဘီဘီတုန်းက ယွီရှောင်ကန်းကို စိုက်ကြည့်ရင်း သူမရဲ့ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"မင်း မေ့သွားတာ ဖြစ်လိမ့်မယ်။ ငါ မင်းကို လုံးဝ မယုံကြည်ခဲ့သင့်တာ။ ငါ့ရဲ့ ဆရာက မင်းကို ဘာကောင်မှမဟုတ်တဲ့ အသုံးမကျတဲ့ လူတစ်ယောက်လို့ အမြဲပြောခဲ့တာ။ အခုကြည့်ရတာတော့ မင်းက အသုံးမကျတဲ့လူတင်တင် မဟုတ်ဘူး၊ ဝက်တွေ ခွေးတွေထက်တောင် ယုတ်မာတဲ့ တိရစ္ဆာန်တစ်ကောင်ပဲ။"
"ငါက အသုံးမကျတဲ့လူ မဟုတ်ဘူး။"
ဘီဘီတုန်းရဲ့ စကားလုံးတွေက ယွီရှောင်ကန်းရဲ့ နုနယ်လှတဲ့ သိက္ခာကြိုးကို တိုက်ရိုက် ထိမှန်သွားပုံရသည်။ သူက ချက်ချင်းပင် ဘီဘီတုန်ရဲ့ အင်္ကျီကော်လာကို ဆွဲကိုင်လိုက်ပြီး ပါးတစ်ချက် ရိုက်လိုက်တော့သည်။
အတိတ်က ကတိသစ္စာတွေဆိုတာ ယွီရှောင်ကန်းရဲ့ မုသားစကားတွေသာ ဖြစ်ခဲ့ပြီး၊ အတိတ်က ဆရာ့ရဲ့ ဆုံးမစကားတွေကတော့ ယနေ့တိုင် မနေ့တစ်နေ့ကလိုပဲ လတ်ဆတ်နေခဲ့သည်။
အတိတ်က နက်ရှိုင်းလှတဲ့ သံယောဇဉ်တွေဆိုတာ အချစ်ကြီးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ တစ်ဖက်သတ် စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်ခဲ့သည်။ အိမ်မက်ကတော့ ပျက်ပြယ်သွားခဲ့ပါပြီ၊ သူမရဲ့ နှလုံးသားထဲမှာ ဆရာ့အပေါ် နောင်တရမှုတွေအပြင် ဤလူယုတ်မာ ယွီရှောင်ကန်းအပေါ် အဆုံးမရှိတဲ့ သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒတွေသာ ကျန်ရှိတော့သည်။
ဘီဘီတုန်ရဲ့ ခန္ဓာကိုယ် အခြေအနေက မူလက ကောင်းမွန်ခဲ့ရင်တောင်မှ၊ နေ့စဉ်ရက်ဆက် အဝတ်မလုံ၊ အစာမဝဘဲ နေထိုင်ခဲ့ရတဲ့အတွက် သူမဟာ အလွန်အမင်း အားအင်ချည်းနဲ့နေခဲ့ပြီ ဖြစ်ရာ၊ ဘယ်လိုလုပ်ပြီး ယွီရှောင်ကန်းရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။
"ဟဟဟ... ငါ ပြောတာ မှန်နေတယ် မဟုတ်လား။ မင်း အရှက်ရပြီး ဒေါသထွက်နေတာလား။"
အတားအဆီးတွေကို အကြာကြီး အောင့်အီးသည်းခံခဲ့ရတဲ့ ဘီဘီတုန်းက ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ ယွီရှောင်ကန်းရဲ့ မျက်နှာပြင်ကို ရွံရှာစွာ စိုက်ကြည့်ရင်း မိမိကိုယ်ကိုယ် ရေရွတ်လိုက်မိသည် -
"ငါ တကယ်ကို မိုက်မဲခဲ့တာပဲ။ တကယ်ပါ... ငါ ဆရာ့ကို ယုံကြည်ခဲ့သင့်တာ။ ငါ့ဆရာက ငါ့ကို ဘာကြောင့် အကျိုးယုတ်အောင် လုပ်မှာလဲ။ ငါ တကယ်ကို မိုက်မဲခဲ့တာ။"
"ငါ့အဖေက အပြာရောင်လျှပ်စီးနဂါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကွ။ ငါက အသုံးမကျတဲ့လူ မဟုတ်ဘူး။ ငါက 'ငွေပြာရောင်မြက် ဝိညာဉ်ရဲ့ အဓိက စွမ်းရည်ဆယ်ချက်'ကို ထုတ်ဝေခဲ့တဲ့ မဟာဆရာကြီးကွ။"
ယွီရှောင်ကန်းဟာ ဘီဘီတုန်ရဲ့ အထင်သေးတဲ့ မျက်န်းဝန်းတွေကို ကြည့်ပြီး ချက်ချင်းပင် ဒေါသပေါက်ကွဲသွားခဲ့ကာ၊ စာပွဲပေါ်က စာအုပ်တွေကို ယူပြီး ဘီဘီတုန်ဆီသို့ အရူးအမူး လှမ်းပစ်ပေါက်တော့သည်။
"မင်းက အခုတော့ ဘာမှအသုံးမကျတဲ့ လူတစ်ယောက် ဖြစ်နေပြီ။ မင်းမှာ ငါ့ကို ဝေဖန်ဖို့ ဘာအရည်အချင်း ရှိလို့လဲ။"
သူ့ရဲ့ အမြင်မှာတော့ ဘီဘီတုန်နဲ့ တွေ့ဆုံခဲ့ပြီးကတည်းက သူဟာ ကောင်းမွန်တဲ့ နေ့ရက်တွေကို တစ်ခါမှ မဖြတ်သန်းခဲ့ရပေ။ သူ့ရဲ့ 'သော့ချက်' (လိင်အင်္ဂါ) ဟာ မူလက ကောင်းမွန်ခဲ့သော်လည်း၊ ဘီဘီတုန်းနဲ့ အကြာကြီး အတူတူ ဖြတ်သန်းပြီးနောက်မှာတော့ တစ်စိတ်တစ်ပိုင်းပဲ အလုပ်လုပ်တော့ရာကနေ အခုဆိုရင် လုံးဝ အလုပ်မလုပ်တော့တဲ့ အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်။
ဒါက မူလကတည်းက အသုံးမကျတဲ့ သူ့ကို ပိုပြီး မနာလိုဝန်တိုစိတ်နဲ့ မလုံခြုံမှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး၊ ဘီဘီတုန်ကို နှိပ်စက်ပြီး အသေသတ်ပစ်ချင်တဲ့ စိတ်တွေသာ ဖြစ်ပေါ်နေစေခဲ့သည်။
ရုတ်တရက် ပြောင်းလဲမှုတွေက ယွီရှောင်ကန်းရဲ့ စိတ်ဓာတ်ကို တဖြည်းဖြည်း လိမ်ကောက်သွားစေခဲ့ပြီး၊ သူ၏ နှလုံးသားထဲက မိစ္ဆာအတွေးအခေါ်တွေကို အဆက်မပြတ် ကြီးထွားလာစေခဲ့သည်။
"မှန်တယ်... ဒါတွေအားလုံးက မင်းကြောင့်၊ ဒါတွေအားလုံးက မင်းကြောင့်။"
ယွီရှောင်ကန်းရဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ မျက်နှာပြင်ဟာ ပိုပြီးတော့တောင် ကြောက်စရာကောင်းလာခဲ့ပြီး၊ သူက ဘီဘီတုန်ကို လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ကန်ပြီး နှိပ်စက်တော့သည်။
"ဟက်... အသုံးမကျတဲ့လူကတော့ အသုံးမကျတဲ့လူပါပဲ။ မိသားစုသာ မရှိရင် မင်းက ဘာကောင်မှ မဟုတ်ဘူး။"
ဘီဘီတုန်းက သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး နှာခေါင်းရှုံ့ကာ ဆက်ပြီး စကားမဆိုတော့ပေ။ ဤအချိန်မှာ သူမရဲ့ နှလုံးသားဟာ ပြာကျသွားခဲ့ပြီ ဖြစ်ပြီး၊ ယွီရှောင်ကန်းအပေါ် သတ်ဖြတ်လိုတဲ့ စိတ်နဲ့ အဆုံးမရှိတဲ့ နောင်တတရားတွေသာ ပြည့်နှက်နေခဲ့တော့သည်။
"မင်း စကားပြောဦးမလို့လား။ ပြောဦးမလို့လား။"
နောက်ထပ် ကန်ချက်အချို့ ထပ်မံ ကျရောက်လာခဲ့သည်။ သူက ဘီဘီတုန်ကို မြေပြင်ပေါ်မှာ ခွေးသေတစ်ကောင်လို ဆွဲရမ်းနေခဲ့ပြီး၊ သူမ သတိလစ်မသွားစေရန်အတွက် တစ်ခါတရံမှာ ရေအေးတွေနဲ့ လှမ်းပက်တတ်သေးသည်။
"ဆရာ... တုန်းအာ တကယ်ကို နောင်တရပါပြီ။"
အကယ်၍ ချန်ရွှင်ဖုန်းသာ ဒါကို ကြားခဲ့ရင် သေချာပေါက် ပြန်လည် ချေပပါလိမ့်မည် - 'အခုမှ နောင်တရတတ်တာလား၊ အရင်တုန်းကကျတော့ မင်း ဘာတွေ လုပ်နေခဲ့လဲ။'