အခန်း ၃၇ - ကျိုးဇီဟုန်အတွက် လက်ဆောင်
ချင်းဟောက်သည် နတ်မိစ္ဆာကျင့်ကြံခြင်း
ပင်လယ်မှ ထွက်ခွာလာခဲ့ပြီး ဖုန်းလွမ် နေထိုင်ရာ ဝင်း အရောက်အထိ တစ်ောက်လျှောက်လုံး ရွှေ့ပြောင်းအာကာသပညာဖြင့် ခရီးနှင်ခဲ့သည်။ သူသည် မိမိ၏ စိတ်အာရုံကို ထိုဝန်းကျင်တစ်ခုလုံးသို့ ဖြန့်ကြက်ကြည့်ရှုလိုက်ရာ အခန်းတစ်ခုအတွင်း၌ လီမူဝမ် ရှိနေသည်ကို အာရုံခံမိသွား၏။
"ရှူး..."
ချင်းဟောက်၏ ပုံရိပ်သည် လျှပ်ကနဲ လှုပ်ရှားသွားပြီး နံရံကို ဖြတ်ကျော်ကာ အခန်းထဲသို့ ဝင်ရောက်သွားတော့သည်။ ထိုအချိန်တွင် လီမူဝမ်မှာ စားပွဲရှည်ကြီးပေါ်၌ မှောက်လျက် အိပ်မောကျနေပြီး သူမ၏ သွယ်လျသော လက်ချောင်းလေးများကြားတွင် ရှေးဟောင်း ဆေးဖော်စပ်ခြင်းဆိုင်ရာ ကျမ်းစာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားဆဲ ဖြစ်သည်။ ပိုးသားကဲ့သို့ နက်မှောင်နူးညံ့သော ဆံနွယ်တို့ကို အမှတ်မထင် စုစည်းချည်နှောင်ထားပြီး ဆံနွယ်အချို့မှာ နားရွက်ဘေးမှတစ်ဆင့် သဘာဝအတိုင်း ဝဲကျနေသည်။
သူမ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေပြီး ပြင်ဆင်ခြယ်သမှု မရှိဘဲနှင့်ပင် နှင်းပြင်ပေါ်၌ အရုဏ်ဦး တိမ်တိုက်များ ထင်ဟပ်နေသကဲ့သို့ တောက်ပကာ ညှို့ယူဖမ်းစားနိုင်စွမ်း ရှိနေသည်။ သူမ ဝတ်ဆင်ထားသော ခရမ်းရောင် ဂါဝန်လေးကြောင့် ပန်းချီကားတစ်ချပ်ထဲမှ နုနယ်လှပသည့် မိန်းမပျိုလေးတစ်ဦးအလား ထင်မှတ်ရကာ မြင်ရသူ၏ ရင်ကို ဒိန်းကနဲ ခုန်သွားစေလောက်သည်။
ချင်းဟောင်သည် အနားသို့ လှမ်းလျှောက်သွားပြီး လီမြုဝမ်၏ လက်ထဲမှ ရှေးဟောင်းကျမ်းစာအုပ်ကို ညင်သာစွာ ယူလိုက်သည်။ ထို့နောက် ကုတင်ပေါ်သို့ ပွေ့တင်ရန်အတွက် သူမ၏ ခါးသိမ်သိမ်လေးကို ဆတ်ကနဲ ပွေ့ချီလိုက်လေသည်။
"အိုး..."
လီမူဝမ်သည် ချက်ချင်းဆိုသလို နိုးလာပြီး ရုန်းကန်ရန် ပြင်လိုက်သည်။ သို့သော် ဝေဝါးနေသော မျက်ဝန်းတို့ဖြင့် ချင်းဟောင်ကို မြင်လိုက်ရသည့်အခါတွင်မူ ရုန်းကန်နေသည်များ ချက်ချင်း ရပ်တန့်သွားတော့သည်။
"ရှင်ကိုး..."
လီမူဝမ်သည် ရှေ့မှ လူကို စိုက်ကြည့်ရင်း နူးညံ့စွာ ပြုံးလိုက်ပြီး "ရှင် ထွက်သွားပြီလို့ ကျွန်မ ထင်နေတာ" ဟု ပြောလိုက်သည်။
"မင်းလို အလှပဂေးလေး ဘေးမှာ ရှိနေတာကို ငါက ဘယ်လိုလုပ် ပစ်ထားခဲ့နိုင်မှာလဲ" ချင်းဟောင်သည် မျက်နှာကို တမင်တကာ တိုးကပ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူသွင်းကာ "တကယ်ကို မွှေးပျံ့တာပဲ... သစ်ခွပန်းနဲ့ ကတိုးနံ့လိုမျိုး စိတ်ကို လန်းဆန်းသွားစေတာပဲ" ဟု ချီးမွမ်းလိုက်၏။
"ရှင်... ရှင် တကယ် လူဆိုးပဲ" လီမူဝမ်သည် ရှက်သွေးဖြာသွားသော်လည်း သူမ၏ ရင်ထဲ၌မူ အလွန်ပင် ချိုမြိန်နေမိသည်။
"ရှင်... ကျွန်မကို မြန်မြန် အောက်ချပေးတော့"
လီမူဝမ်မှာ အနည်းငယ် ပျာယာခတ်သွားမိသည်။ အကြောင်းမူကား သူမသည် လက်ရှိတွင် ကျိုးဇီဟုန်နှင့် အခန်းတစ်ခန်းတည်း အတူနေထိုင်နေခြင်းဖြစ်ရာ သူမ၏ သူငယ်ချင်း ဖြစ်သူ ရုတ်တရက် ပြန်လာပြီး ချင်းဟောက်နှင့် ယခုကဲ့သို့ ရင်းနှီးဖက်လှဲဖြစ်နေသည်ကို မြင်သွားမည်ကို အလွန်ပင် စိုးရိမ်နေမိသောကြောင့် ဖြစ်သည်။ သူမ၏ သူငယ်ချင်း အရင်းခေါက်ခေါက်ကလည်း ချင်းဟောက်အပေါ် စိတ်ကူးယဉ် ရင်ခုန်မှုများ ရှိနေသည်ကို သူမ ခံစားသိရှိနေသည်။
၎င်းအပြင် သူမ၏ သူငယ်ချင်း ဖြစ်သူသည် ညအချိန်တွင် တိတ်တဆိတ် ထွက်ခွာသွားပြီးမှ ပြန်လည်ရောက်ရှိလာတတ်သည်ကိုလည်း သူမ သိရှိထားသော်လည်း မမြင်ချင်ယောင်ဆောင်ကာ နေပေးခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လီမူဝမ်သည် ငယ်စဉ်က ဆရာသမား ရုတ်တရက် ရောက်လာမည်ကို စိုးရိမ်စိတ်ဖြင့် ပုံပြင်စာအုပ်များကို ခိုးဖတ်ခဲ့ရစဉ်ကကဲ့သို့ ရင်တထိတ်ထိတ်ဖြင့် စိတ်လှုပ်ရှားမှုကို ခံစားနေရသည်။
"မင်းကို အောက်ချပေးရမလား... ကောင်းပြီလေ"........ချင်းဟောက်သည် ကုတင်ဆီသို့ လျှောက်လှမ်းသွားပြီး လီမူဝမ်ကို အသာအယာ ချထားပေးလိုက်သည်။ ထို့နောက် ကုတင်အနားစွန်းတွင် ဝင်ထိုင်လိုက်၏။ချင်းဟောက်သည် မိမိ၏ သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး လက်ဖဝါးခန့် အရွယ်အစားရှိသော ဖိုကောင်တစ်ခုကို ထုတ်ယူလိုက်သည်။
"ဝမ်အာ... ငါ ဘယ်ကို သွားခဲ့လဲ မင်းသိလား... မင်းအတွက် ထူးခြားတဲ့ လက်ဆောင်တစ်ခု ယူလာခဲ့တယ်"
"ဒါက ဆေးဖော်စပ်တဲ့ ဖိုကောင် လား" လီမူဝမ်၏ လှပသော မျက်ဝန်းအစုံသည် သွေးကဲ့သို့ ရဲရဲနီနေသော ဖိုကောင်ဆီသို့ ကျရောက်သွားသည်။ ဖိုကောင်၏ မျက်နှာပြင်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော သဏ္ဌာန်ရှိသည့် ဝိညာဉ်သားရဲ အမျိုးမျိုးကို ထုဆစ်ပုံဖော်ထားသည်ကို သူမ မြင်တွေ့လိုက်ရ၏။
ထိုဝိညာဉ်သားရဲများမှာ သက်ရှိ ထင်ရှားရှိနေသကဲ့သို့ အသက်ဝင်လှပြီး ၎င်းတို့ထံမှ ပြင်းထန်သော မှော်စွမ်းအင် လှိုင်းလုံးကြီးများ ဒလိမ့်တုံး စီးဆင်းနေသည်။ ထိုဆေးဖော်ဖိုကောင်မှာ လက်ရှိတွင် ချိတ်ပိတ်ထားသည့် အခြေအနေ၌ ရှိနေပြီး အကယ်၍ ချိတ်ပိတ်မှုကို ဖွင့်လှစ်လိုက်ပါက မှော်စွမ်းအင် များသည် ကောင်းကင်ယံအထိ တိုးဝှေ့ တက်လှမ်းသွားလိမ့်မည် ဖြစ်ကြောင်း သူမ ခံစားမိနေသည်။
ချင်းဟောက်က မိတ်ဆက်ပေးလိုက်သည်။
"ဒါက 'ဝိညာဉ်သားရဲတစ်ထောင် ဖိုကောင်' ပဲ... အဆင့်လတ် ဝိညာဉ်သားရဲ ဆယ်ကောင်ရဲ့ အမြုတေ တွေနဲ့ အဆင့်နိမ့် ဝိညာဉ်သားရဲ ကိုးရာ့ကိုးဆယ်ရဲ့ အမြုတေ တွေကို ပေါင်းစပ်ပြီး သန့်စင်သွန်းလုပ်ထားတာ"
"ရှူး..."
ဒါကို ကြားလိုက်ရသည့်အခါ လီမူဝမ်၏ မျက်နှာအမူအရာမှာ ချက်ချင်း တုန်လှုပ်ခြောက်ခြားသွားတော့သည်။ အဆင့်လတ် ဝိညာဉ်သားရဲ ဆိုသည်မှာ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်နယ်ပယ် ရှိ သားရဲများကို ကိုယ်စားပြုပြီး အဆင့်နိမ့် ဝိညာဉ်သားရဲ ဆိုသည်မှာ အမြုတေ ဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူများနှင့် ညီမျှသည်ကို လူတိုင်း သိထားကြသည်။
တစ်နည်းအားဖြင့် ဆိုရသော် ဤဖိုကောင်တစ်လုံးတည်းကို သန့်စင်ရန်အတွက် ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ကျွမ်းကျင်သူ ဆယ်ဦးနှင့် အမြုတေ ဖြစ်တည်ခြင်းအဆင့် ကျွမ်းကျင်သူ ကိုးရာ့ကိုးဆယ်ကို သတ်ဖြတ်ခဲ့ရခြင်း ဖြစ်သည်။ ၎င်းအပြင် သန့်စင်ခြင်း လုပ်ငန်းစဉ်သည် ပထမအကြိမ် ကြိုးပမ်းမှုမှာတင် အောင်မြင်ရမည်ဖြစ်ပြီး အကယ်၍ ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာ ရှိခဲ့ပါက လုပ်ငန်းစဉ်တစ်ခုလုံးကို အစမှ ပြန်လည် စတင်ရမည် ဖြစ်သည်။
"ဒါက သိပ်ကို တန်ဖိုးကြီးလွန်းပါတယ်" လီမူဝမ်သည် ၎င်းကို လက်လွှတ်ရန် နှမြောမိသော်လည်း ဖိုကောင်ကို ချင်းဟောက်ထံသို့သာ ပြန်လည် တွန်းပို့လိုက်မိသည်။
"ငါက မင်းကို ပေးတာပဲ... ယူထားလိုက်စမ်းပါ" ချင်းဟောင်သည် ဖိုကောင်ကို သူမ၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်ရင်း မြတ်နိုးကြင်နာစွာဖြင့် ပြောလိုက်သည်။ "မင်း ကောင်းကင်က ကြယ်နဲ့ လကို လိုချင်တယ် ဆိုရင်တောင် ငါ မင်းအတွက် ဆွတ်ခူးပေးမှာပါ"
"အော်... ဒါနဲ့... ငါ မင်းအတွက် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် နဂါးပျံ ရဲ့ သားရေကို သုံးပြီး ကိုယ်ကျပ်သံချပ်ကာအင်္ကျီ တစ်ထည် သန့်စင်ပေးထားသေးတယ်" ချင်းဟောက်က လက်ကို ဝှေ့ယမ်းလိုက်ရာ တန်ဖိုးကြီးမားလှသော အလင်းရောင်များ ဖြာထွက်နေသည့် ကိုယ်ကျပ်သံချပ်ကာအင်္ကျီတစ်ထည်သည် လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
"ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် နဂါးပျံ ဟုတ်လား" လီမူဝမ်သည် ရင်သပ်ရှုမောဖြစ်သွားပြီး "ရှင် ဒါကို ဘယ်က ရတာလဲ" ဟု မေးလိုက်၏။
"တစ်ယောက်ယောက်က ငါ့ကို ပေးတာ" ချင်းဟောက်က ပြန်ဖြေသည်။
"ဘယ်သူလဲ... ဘယ်သူက ယခုလို ရတနာမျိုးကို ဒီအတိုင်း ပေးလိုက်မှာလဲ" လီမူဝမ်က မျက်စောင်းလေး ထိုးလိုက်သည်။ ကျင့်ကြံခြင်းလောကတွင် ရတနာများကို ရယူလိုပါက မှော်ကျောက်တုံးများ အသုံးပြု၍ ဝယ်ယူခြင်း သို့မဟုတ် အခြားသူများကို သတ်ဖြတ်၍ လုယက်ခြင်းသာ ရှိသည်။ မည်သည့်နည်းလမ်းပင် ဖြစ်စေကာမူ တစ်ဖက်လူသည် သူ့အတွက် များစွာ စနစ်တကျ စေးကပ်ပေးဆပ်ခဲ့ရမည် ဖြစ်သည်။
လီမူဝမ်သည် ကျောက်စိမ်းကဲ့သို့ ဖြူစင်နူးညံ့သော လက်ကလေးများဖြင့် နဂါးပျံသားရေ သံချပ်အင်္ကျီကို သာသာလေး ပွတ်သပ်ရင်း "ကျွန်မ ရှင်ကို ဘယ်လို ကျေးဇူးဆပ်ရမှန်း တကယ် မသိတော့ဘူး" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
"ငါ့ကို ကျေးဇူးဆပ်ချင်တာ အရမ်းလွယ်ပါတယ်" ချင်းဟောက်သည် မိမိ၏ ပါးပြင်ကို လက်ညှိုးထိုးပြလိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် တစ်ခုခုကို ကြံစည်နေသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဒါကို မြင်လိုက်ရသောအခါ လီမူဝမ်၏ လှပသော မျက်နှာလေးပေါ်တွင် ရှက်သွေးများ ဖြာတက်လာခဲ့သည်။ သို့သော်လည်း သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ချင်းဟောက်၏ ပါးကို နမ်းရန်အတွက် နီမြန်းသော နှုတ်ခမ်းလေးကို ရှေ့သို့ တိုးကပ်လိုက်လေသည်။
သို့သော် နောက်တစ်စက္ကန့်တွင် လီမူဝမ်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ချင်းဟောင်သည် မျက်နှာကို ရုတ်တရက် လှည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများဖြင့် သူမ၏ နှုတ်ခမ်းအစုံကို ဖိကပ် နမ်းစုပ်လိုက်သည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ချင်းဟောက်သည် သူမကို ရင်ခွင်ထဲသို့ ထည့်ကာ ပွေ့ဖက်လိုက်ပြီး ကျောပြင်လေးကို သာသာယာယာ ပွတ်သပ်ပေးနေသည်။ လီမူဝမ်၏ ခန္ဓာကိုယ်သည် ချက်ချင်း တောင့်တင်းသွားသော်လည်း မကြာမီမှာပင် ပြန်လည် နူးညံ့ပျော့ပျောင်းသွားပြီး လက်မောင်းနှစ်ဖက်ဖြင့် မိမိ၏ ချစ်သူကို မသိစိတ်မှ ပြန်လည် ပွေ့ဖက်မိသွားတော့သည်။
လီမူဝမ်သည် မျက်လုံးများကို တင်းတင်းပိတ်ထားပြီး သူမ၏ မျက်တောင်ရှည်လေးများမှာ အဆက်မပြတ် တုန်ယင်နေသည်။ ထိုလူဆိုး၏ နှုတ်ခမ်းများသည် သူမ၏ နှုတ်ခမ်းများ၊ ပါးပြင်များနှင့် ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော လည်ပင်းတဝိုက်တွင် လှည့်လည်ကျက်စားနေပြီး ရံဖန်ရံခါ နားရွက်ဖျားလေးကို မသိမသာ ကိုက်ခဲနေသည်ကို သူမ ခံစားနေရသည်။ သူ မှုတ်ထုတ်လိုက်သော ပူနွေးသည့် အသက်ရှူသံများကြောင့် သူမမှာ ယားကျိကျိ ဖြစ်လာပြီး ပုရွက်ဆိတ် ထောင်သောင်းချီ၍ ခန္ဓာကိုယ်ပေါ်တွင် တွားသွားနေသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင် အားအင်ချိနဲ့ သွားစေသည်။
"အင်း..." လီမူဝမ်သည် ညည်းညူရင်း မျက်လုံးကို ဖွင့်လိုက်ပြီး သူ့ကို တွန်းထုတ်ကာ "မ... မလုပ်ပါနဲ့... မမဇီဟုန် ပြန်လာတော့မယ်..." ဟု ဆိုလိုက်သည်။
"ငါ ခဏလေးပဲ လုပ်မှာပါ" ချင်းဟောက်မှာ စိတ်ရိုင်းများ ဝင်နေပြီဖြစ်ရာ သဘာဝအတိုင်း လွှတ်ပေးရန် ငြင်းဆန်လိုက်သည်။ သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ လက်ဖဝါးလေးနှစ်ဖက်ကို ဖယ်ရှားကာ ကုတင်ပေါ်သို့ ဖြည်းညှင်းစွာ လှဲချလိုက်တော့သည်။
"ဒီနေရာက အသံမလုံဘူး... အင့်... သူများတွေ ကြားကုန်လိမ့်မယ်..." လီမူဝမ်သည် ရုန်းကန်ခြင်း မပြုတော့သော်လည်း မျက်နှာတစ်ခုလုံး ရဲရဲနီနေပြီး ရင်ထဲတွင် အလွန် ရှက်ရွံ့နေမိသည်။
"ရပါတယ်... ငါ အသံလုံ အတားအဆီး တစ်ခု ချလိုက်မယ်" ချင်းဟောင်က လက်ချောင်းကို ဖြောက်ခနဲ တီးလိုက်ရာ မှော်စွမ်းအင် အတားအဆီးတစ်ခုသည် ကုတင်ပတ်ပတ်လည်ကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
"အခုဆို ဘယ်သူမှ တို့ကို လာမနှောင့်ယှက်နိုင်တော့ဘူး" ချင်းဟောက်သည် လီမူဝမ်၏ နဖူးပြင်ကို ညင်သာစွာ နမ်းလိုက်ပြီး နှုတ်ခမ်းများကို အောက်သို့ ရွှေ့ကာ နောက်ဆုံးတွင် ထိုနီမြန်းသော နှုတ်ခမ်းအစုံကို ဖိကပ်လိုက်ပြန်သည်။ သူသည် အစပိုင်းတွင် အသာအယာ၊ ထို့နောက် ပြင်းပြင်းထန်ထန်လက်များကိုလည်း အနားမပေးဘဲ လှုပ်ရှားနေတော့သည်။
မူလက သန့်ရှင်းသပ်ရပ်ပြီး ဗလာဖြစ်နေသော ကြမ်းပြင်ပေါ်တွင် ဖိနပ်များမှာ ဟိုတစ်စ ဒီတစ်စ လွင့်စင်နေပြီး အဝတ်အစားများနှင့် စကတ်များမှာလည်း ပရမ်းပတာ ရှုပ်ပွနေသည်။ ရှေးဟောင်း စန္ဒကူးကုတင်ကြီးသည် မြေနဂါးတစ်ကောင် အောက်မှနေ၍ လူးလှိမ့်ဆော့ကစားနေသကဲ့သို့ တကျိကျိ မြည်ဟီးကာ ယိမ်းထိုးလှုပ်ခါနေတော့သည်။ ဖယောင်းတိုင်အလင်းကြောင့် နံရံပေါ်တွင် ထင်ဟပ်နေသော အရိပ်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ရစ်ပတ်နှောင်ဖွဲ့လျက် ပျင်းရိငြီးငွေ့စွာဖြင့် လှုပ်ရှားနေကြသည်။
အခန်းအပြင်ဘက်တွင်မူ...
ကျိုးဇီဟုန်သည် ထိုနေရာတွင် မည်မျှကြာအောင် မတ်တပ်ရပ်နေခဲ့သည်ကို သူမကိုယ်တိုင်ပင် မသိတော့ပေ။ သူမ၏ တောက်ပသော ကြယ်ပွင့်သဖွယ် မျက်ဝန်းများသည် တံခါးကြားမှတစ်ဆင့် အခန်းတွင်းသို့ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။ ကျိုးဇီဟုန်သည် သူမ ဘာကို မြင်လိုက်ရသည်ကို သေချာမသိသော်လည်း တံတွေးကို ခဏခဏ မျိုချနေမိပြီး စကတ်အောက်ရှိ ခြေထောက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ပူးကပ်ထားမိသည်။
"အင်း..." တစ်နာရီခန့် ကြာပြီးနောက် ကျိုးဇီဟုန်သည် မတ်တပ်ရပ်လွန်းသဖြင့် ထုံကျင်လာပုံရကာ ခြေထောက်များ အားပျော့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လျက် ကြမ်းပြင်ပေါ်သို့ ခွေခေါက်လဲကျသွားတော့သည်။ သူမသည် အနီးရှိ တံခါးဘောင်ကို မှီထားရင်း အားအင်များ ပြန်လည်ပြည့်ဝလာစေရန် အားကိုးရာမဲ့စွာ စောင့်ဆိုင်းနေမိသည်။
"ကျိ..."
တံခါးပွင့်လာပြီး ချင်းဟောက်သည် အခန်းထဲမှ လှမ်းထွက်လာခဲ့သည်။ "ကျိုးဇီဟုန်လေး... ဒါက ဘာဖြစ်တာလဲ" သူက အဖြေကို ကောင်းကောင်းကြီး သိနေသော်လည်း တမင်သက်သက် မေးလိုက်ခြင်း ဖြစ်သည်။ အမှန်တော့ ချင်းဟောက်သည် ကျိုးဇီဟုန် ရှိနေသည်ကို ကြာမြင့်စွာကတည်းက အာရုံခံမိထားသော်လည်း သိသာအောင် မလုပ်ခဲ့ခြင်းသာ ဖြစ်သည်။
"ကျွန်မ... ကျွန်မ မတော်တဆ ခြေကျနင်းမိပြီး လဲကျသွားတာပါ" ကျိုးဇီဟုန်၏ လှပသော မျက်နှာလေးမှာ ရဲရဲနီသွားပြီး သူ့ကို မကြည့်ရဲတော့ပေ။
"ငါ မင်းကို ထူပေးမယ်" ချင်းဟောက်က ရှေ့သို့ လှမ်းတက်လိုက်ပြီး ကျိုးဇီဟုန်ကို မတ်တပ်ရပ်နိုင်အောင် ကူညီပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် " ကျိုးဇီဟုန်က ကျေးဇူးတင်စကားဆိုပြီး သူမ၏ အခန်းသို့ ပြန်ရန် ပြင်လိုက်သည်။
"နေဦး" ချင်းဟောက်က သူမကို လှမ်းခေါ်လိုက်၏။
ကျိုးဇီဟုန်သည် ရင်ထဲတွင် အလွန်ပင် စိတ်လှုပ်ရှားစွာဖြင့် ".. တစ်ခုခု လိုအပ်လို့လားဟင်" ဟု မေးလိုက်သည်။ သူမသည် သူတို့၏ သံဝါသကျင့်စဉ် မှာ သူ အားမရသေး၍များလားဟု တွေးမိသွားခြင်း ဖြစ်သည်။
"ငါ မိစ္ဆာကျင့်ကြံခြင်းပင်လယ်ကို သွားတုန်းက ရတနာအချို့ ရခဲ့တယ်... ဒါတွေကို မင်းကို ပေးချင်လို့" ချင်းဟောက်သည် သူ၏ သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး အဆင့် ၁၀ လက်နက်သန့်စင်ခြင်း အကူကိရိယာ နှင့် နဂါးပျံသားရေဖြင့် ပြုလုပ်ထားသော အမျိုးသမီးဝတ် ကိုယ်ကျပ်သံချပ်ကာအင်္ကျီတစ်ထည်ကို ထုတ်ယူကာ ကျိုးဇီဟုန်ထံသို့ ကမ်းပေးလိုက်သည်။ သူ့အတွက်မူ ဤပစ္စည်းများသည် အသုံးမဝင်သော်လည်း ကျိုးဇီဟုန်အတွက်မူ သံသယဖြစ်ဖွယ်မရှိဘဲ ရှားပါးလှသော ရတနာများ ဖြစ်ကြသည်။
ကျိုးဇီဟုန်က စူးစမ်းလိုစိတ်ဖြင့် "ဒါတွေက ဘာလဲဟင်" ဟု မေးလိုက်သည်။ ၎င်းတို့အတွင်း၌ ပါဝင်နေသော အံ့ဩဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းများကို သူမ ခံစားမိနေသောကြောင့် ဖြစ်သည်။
ချင်းဟောင်က ရှင်းပြလိုက်သည်။ "ဒါကတော့ 'ဟောင်းနွမ်းဆွေးမြည့်သော သားရဲကြီးရဲ့ ဦးခေါင်းခွံ' ကို သုံးပြီး သွန်းလုပ်ထားတဲ့ အဆင့် ၁၀ လက်နက်သန့်စင်ခြင်း အကူကိရိယာပဲ... နောက်တစ်ခုကတော့ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် နဂါးပျံရဲ့ သားရေနဲ့ လုပ်ထားတဲ့ ကိုယ်ကျပ်သံချပ်ကာအင်္ကျီ ဖြစ်ပြီးတော့ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် တိုက်ခိုက်မှုတွေကို တောင့်ခံနိုင်စွမ်း ရှိတယ်"
"... ဒါ... ဒါက သိပ်ကို တန်ဖိုးကြီးလွန်းပါတယ်" ကျိုးဇီဟုန်သည် မျက်လုံးများ ပြူးကျယ်သွားပြီး ငြင်းပယ်သည့်အနေဖြင့် ခေါင်းခါလိုက်သည်။ သူမသည် ရတနာများနှင့် ကျင့်ကြံခြင်း အရင်းအမြစ်များအတွက်ကြောင့်သာ သူနှင့် အတူရှိချင်နေခြင်းဖြစ်သည်ဟု သူ ထင်သွားမည်ကို မလိုလားပေ။
"ငါ ပေးတာပဲ ယူထားလိုက်စမ်းပါ" ချင်းဟောက်သည် ထိုပစ္စည်းများကို သူမ၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်ပြီး "ဒီအရာတွေက ငါ့အတွက် ဘာမှ အသုံးမဝင်ဘူး" ဟု ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် " ကျိုးဇီဟုန်သည် ကပျာကယာ ကျေးဇူးတင်စကား ဆိုလိုက်တော့သည်။ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် နဂါးပျံသားရေဖြင့် ပြုလုပ်ထားသော သံချပ်အင်္ကျီမှာ တန်ဖိုးကြီးမားလှသော ရတနာတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ဟောင်းနွမ်းဆွေးမြည့်သော သားရဲကြီး၏ ဦးခေါင်းခွံဖြင့် သွန်းလုပ်ထားသော အဆင့် ၁၀ လက်နက်သန့်စင်ခြင်း အကူကိရိယာမှာမူ ရတနာများထဲမှ အထွတ်အထိပ် ရတနာတစ်ပါး ဖြစ်ပေသည်။
အားအနည်းဆုံး ဖြစ်သော ဟောင်းနွမ်းဆွေးမြည့်သော သားရဲကြီးများပင်လျှင် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်၏ မဟာပြီးပြည့်စုံခြင်းအဆင့် တွင် ကျင့်ကြံခြင်း ရှိကြပြီး ယင်းအဆင့်မှာ ယင်အသွင်ပြောင်းခြင်းအဆင့် သို့ ရောက်ရန် လက်တစ်ကမ်းအလိုသာ လိုတော့ခြင်း ဖြစ်သည်ကို လူတိုင်း သိထားကြသည်။ ၎င်းတို့ထဲမှ အားအကောင်းဆုံးသော သားရဲကြီးများမှာမူ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် သို့ပင် ရောက်ရှိကြပေသည်။