Skip to content
ရှာဖွေရန်
စာစဉ်အသေးစိတ်
Lazy Nerds
ပင်မ
ရှာဖွေရန်
စာကြည့်တိုက်
ပရိုဖိုင်
စာစဉ်
Cultivation
Transmigration
Action
Fan Fiction
Xianxia
Supernatural
Xuanhuan
ထွက်ရှိဆဲ
90 chapters
1,683 views
Updated Oct 08, 2026
အမတတစ်ပါး၏ကိုယ်ပိုင်လမ်းစဉ် - လူ့ဘုံသို့ပြည်နှင်ဒဏ် ပေးခံရခြင်း
EN
Renegade Immortal: Exiled to the World
5.0
6 reviews
ဘာသာပြန်သူ:
Kay Khine Hein
လော့ချွမ်း တစ်ယောက် (ရှန်းနီ) ကမ္ဘာထဲသို့ ပြန်လည်ဝင်စားလာလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပေ။ သို့သော် သူရောက်ရှိလာခြင်းကပင် ဤကျင့်ကြံခြင်းလောက၏ ကံကြမ္မာကို အစကတည်းက စတင်ပြောင်းလဲစေခဲ့သည်။ ရှန်းနီ စကြာဝဠာထဲသို့ ကူးပြောင်းရောက်ရှိလာပြီးနောက် လော့ချွမ်းသည် ထူးခြားဆန်းကြယ်သော (မသေမျိုးစနစ်) ကို ရရှိနိုးထခဲ့ပြီး မယုံနိုင်စရာ ကျင့်ကြံခြင်းပါရမီကို ပိုင်ဆိုင်လာခဲ့သည်။ အသက် ၃ နှစ်အရွယ်မှာပင် ချီစွမ်းအင် စတင်စုစည်းနိုင်ခဲ့ပြီး၊ ၅ နှစ်အရွယ်တွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ၊ ၁၃ နှစ်အရွယ်တွင် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ အသီးသီး ရောက်ရှိခဲ့သည်။ ထိုသို့ ကြောက်မက်ဖွယ် ကောင်းလှသော တိုးတက်မှုနှုန်းကြောင့် သူသည် ကျူးချွဲကြယ်တာရာ တစ်ခုလုံးတွင် အသက်အငယ်ဆုံး ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် (သန္ဓေသားဖွဲ့စည်းခြင်း) ကျင့်ကြံသူ ဖြစ်လာခဲ့သည်။ သူ၏ မကြုံစဖူးသော ပါရမီစွမ်းရည်က ဟန်ယွဲ့ဂိုဏ်း တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ထိုကဲ့သို့ ပါရမီရှင်တစ်ဦးကို လက်လွတ်မခံလိုသော ဂိုဏ်း၏ ဝိညာဥ်သန္ဓေတည်ခြင်း(သန္ဓေသားဖွဲ့စည်းခြင်း)အဆင့် ဘိုးဘေးများက လော့ချွမ်းကို ဂိုဏ်းတည်ထောင်သူအဆင့်အတန်းအထိ တင်မြှောက်ကာ သက်ကြီးဘိုးဘေးများနှင့် တန်းတူ အာဏာကို အပ်နှင်းခဲ့ကြသည်။ သို့သော် လော့ချွမ်းသည် ကျော်ကြားမှု၊ အာဏာနှင့် အသိအမှတ်ပြုခံရမှုတို့အပေါ် စိတ်ဝင်စားမှု မရှိပေ။ သူသည် မြူခိုးတောအုပ် အတွင်းသို့ တိတ်တဆိတ် သိုဝှက်ဝင်ရောက်ကာ ရှေးဟောင်းကျမ်းစာများကို လေ့လာရင်း ပိုမိုမြင့်မားသော ကျင့်ကြံခြင်းနယ်ပယ်ဆီသို့သာ မနားတမ်း ဦးတည်နေခဲ့သည်။ ကျင့်ကြံခြင်းလောက၏ ပဋိပက္ခများနှင့် ကင်းဝေးစွာ နေထိုင်လိုသောကြောင့် သူ၏ အစွမ်းအစအစစ်အမှန်ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့သည်။ သို့သော် ထာဝရ ဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်ပေ။ တစ်နေ့တွင် လော့ချွမ်းသည် သွေးချီလင် ကို စီးနင်းကာ ဟန်ယွဲ့ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာချိန်၌ ဂိုဏ်းသည် အင်အားကြီးမားသောရွှမ်းတောက်ဂိုဏ်း ၏ ဘိုးဘေး ဖူနန်ဇီ ၏ ဖိအားပေး ခြိမ်းခြောက်မှုကို ခံနေရကြောင်း တွေ့ရှိလိုက်ရသည်။ ဟန်ယွဲ့ဂိုဏ်း၏ ကံကြမ္မာအတွက် ထိပ်တိုက်ရင်ဆိုင်မှုမှတစ်ဆင့် ခော့ချွမ်း၏ အေးချမ်းလှသော ဘဝနောက်ကွယ်တွင် ဖုံးကွယ်ထားသည့် ကြောက်မက်ဖွယ် စွမ်းအားကို လူအများ စတင်မြင်တွေ့ခွင့် ရလာကြသည်။ သူ၏ ခရီးလမ်း ရှေ့ဆက်လာသည်နှင့်အမျှ လော့ချွမ်းသည် ရှန်းနီ လောကတွင် လျှို့ဝှက်ဆန်းကြယ်ပြီး ပြတ်သားရက်စက်ကာ အလွန်အမင်း ထူးချွန်ထက်မြက်သည့် ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။ ထို့ပြင် သူ၏ လျှောက်လှမ်းရာလမ်းသည် ဝမ်လင် နှင့် စစ်ထူနန် ကဲ့သို့သော ဂန္ထဝင်ဇာတ်ကောင်များနှင့်လည်း စတင်ဆုံစည်းလာခဲ့သည်။ ရှန်းနီ ၏ မူရင်းဇာတ်လိုက်နှင့် မတူဘဲ လော့ချွမ်းသည် အစကတည်းက ကြီးမားသောအသာစီးရမှုဖြင့် စတင်ခဲ့သည်။ သူ၏ စိန်ခေါ်မှုမှာ ရက်စက်လှသော ကျင့်ကြံခြင်းလောကတွင် ရှင်သန်ရန် သက်သက်မဟုတ်ဘဲ အားလုံးထက် သာလွန်နေသော ဤစွမ်းအားကို မည်သို့အသုံးချရမည်ဆိုသည့် ရွေးချယ်မှုပင် ဖြစ်သည်။ အလွန်အစွမ်းထက်သော ဇာတ်လိုက် ၊ လျင်မြန်သော အဆင့်တက်မှု၊ ဂိုဏ်းဖွံ့ဖြိုးတိုးတက်မှု၊ ဖုံးကွယ်ထားသော စွမ်းအား၊ စနစ်စွမ်းရည်များ၊ ပြတ်သားသော ဆုံးဖြတ်ချက်များနှင့် ရှန်းနီ ကမ္ဘာမှ ဇာတ်ကောင်များနှင့် တွေ့ဆုံမှုများ ပါဝင်သည့် ကျင့်ကြံခြင်း (Fan-fiction) စာစဥ်တစ်ပုဒ် ဖြစ်သည်။
စာစဖတ်မယ်
Coupon Code ဖြည့်မည်
စာအမှတ်အသားများနှင့် ဖတ်ရှုမှုမှတ်တမ်းကို သိမ်းရန် အကောင့်ဝင်ပါ။
အကြောင်းအရာ
အခန်းများ
ရှာဖွေရန် ပြန်မည်
အဟောင်းဆုံးရှေ့
90 / 90 ခု
အတွဲ 1 (အခန်း 1–20)
အတွဲ 2 (အခန်း 21–40)
အတွဲ 3 (အခန်း 41–60)
10 ခွင့်ပြုချက်လိုသည်
အတွဲ 4 (အခန်း 61–80)
20 ခွင့်ပြုချက်လိုသည်
အတွဲ 5 (အခန်း 81–90)
10 ခွင့်ပြုချက်လိုသည်
သုံးသပ်ချက်များ
မှတ်ချက်များ
အဆင့်သတ်မှတ်ချက်နှင့် သုံးသပ်ချက်များ
ဖတ်သူများ သုံးသပ်ချက်