[အခန်း ၂၇ လူတစ်ရာ၏ ဝိုင်းရံပိတ်ဆို့မှု]
စုမိသားစု ဗီလာ။ စုရုနှင့် စုယွန်းဖေးတို့သည် ဆိုဖာ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေကြပြီး စီးကရက်ကိုယ်စီ သောက်နေကြသည်။ "ရုအာ မင်း အဲ့ဒီလင်းဖန်နဲ့ ဘယ်လိုဖြစ်ပြီး ရန်သူတွေ ဖြစ်သွားရတာလဲ။" စုယွန်းဖေးက ဆိုဖာပေါ်တွင် နောက်မှီထိုင်ရင်း စီးကရက်ကို တစ်ချက် ဖွာလိုက်သည်။ "လင်းဖန် ဟုတ်လား။" စုရုသည် သူ့လက်က လက်စွပ်ကို လှည့်ပတ်ရင်း မျက်နှာ ပျက်သွားသည်"ကျွန်တော် သူ့မိန်းမကို သဘောကျလို့ပါ သူက ကျွန်တော့်ကို မပေးဘူးဆိုရင် ကျွန်တော်က လုယူမှာပဲ။" စုယွန်းဖေးက သူ့အလုပ်ကို ခေတ္တရပ်လိုက်ပြီး မျက်နှာတွင် ချီးမွမ်းရိပ်များ ပြည့်နှက်သွားသည်"ငါ့သား စုယွန်းဖေး ပီသပါပေတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုအတွက် ကိုယ်တိုင် တိုက်ယူရမယ်။ အဲ့ဒါ ငါနဲ့ မင်းအမေတို့ အတိတ်တုန်းက ဆုံတွေ့ခဲ့တဲ့ ပုံစံပဲ။" စုရု "..." "ဒါပေမဲ့ နှမြောစရာကောင်းတာက လင်းဖန်က သိပ်ကို သန်မာလွန်းတယ်။ ကျွန်တော် စေလွှတ်လိုက်တဲ့ လူအားလုံး ကျရှုံးကုန်ကြတယ်" ဟု စုရုက သက်ပြင်းချလိုက်သည်။ "ငါ သံသယဖြစ်တာကတော့ ဒီလင်းဖန်က ငါတို့မိသားစုရဲ့ သိန်းသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ခိုးယူသွားတဲ့လူ ဖြစ်လိမ့်မယ်။" စုယွန်းဖေးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်နှာတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်သွားသည်။ "လင်းဖန်က ကျွန်တော်တို့ မိသားစုရဲ့ ပစ္စည်းတွေကို ခိုးသွားတာ ဟုတ်လား။" စုရုသည် သူ့အဖေကို အံ့အားသင့်စွာ ကြည့်လိုက်သည်"ဖေဖေ့မှာ အထောက်အထား ရှိလို့လား။" "မရှိဘူး ဒါပေမဲ့ သူက အင်မတန် သံသယဖြစ်ဖွယ်ကောင်းတယ်လေ။" စုယွန်းဖေးက သူ့ဖုန်းကို ထုတ်ယူကာ ဗီဒီယိုတစ်ခုကို ဖွင့်ပြီး စုရုထံသို့ ကမ်းပေးလိုက်သည်"ဒါကို တစ်ချက်ကြည့်လိုက်ဦး။" စုရု ဖုန်းကို လှမ်းယူကာ ဗီဒီယိုကို ဂရုတစိုက် ကြည့်လိုက်သည်။ ဗီဒီယိုထဲတွင် လင်းဖန်နှင့် ရှောင်လီတို့ စွန့်ပစ်ထားသည့် သံမဏိစက်ရုံအတွင်း၌ သောင်းကျန်းနေသည့် ပုံရိပ်ကို ပြသနေသည်။ သံချပ်ကာ ဝတ်ဆင်ထားပြီး ကျည်ဆန်များကို ထိပ်တိုက်ရင်ဆိုင်နေသည့် လူနှစ်ဦး၏ မြင်ကွင်းက စုရုကို ထိတ်လန့်သွားစေသည်။ ဒီကောင်က လူသားမှ ဟုတ်ရဲ့လား။ "အာ ဒါက အထူးပြုလုပ်ချက် မဟုတ်တာ သေချာရဲ့လား။" စုရု အသက်ရှူ မြန်သွားရသည်"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူတို့ ဘယ်လိုလုပ်လိုက်တာလဲ။" "လုံကျန့်ထျန်းက ငါ့ဆီကို ဒီဗီဒီယို ပို့ပေးခဲ့တာပဲ သူ ငါ့ကို လိမ်မှာမဟုတ်ဘူး။" စုယွန်းဖေးက ဗီဒီယိုကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်"ဒီကောင်လေးရဲ့ သံချပ်ကာ စွမ်းအားက သာမန်အသိဉာဏ်ကို ကျော်လွန်နေပြီ။" "ဒါတင်မကသေးဘူး ငါတို့ ဂိုဒေါင် ဖောက်ထွင်းခံရတာကလည်း သံသယဖြစ်စရာတွေနဲ့ ပြည့်နှက်နေတယ်။ ဒီလောက်များပြားတဲ့ ပစ္စည်းတွေကို နာရီပိုင်းအတွင်းမှာပဲ ယူဆောင်သွားဖို့ဆိုတာ မဖြစ်နိုင်တဲ့ အလုပ်ပဲ ဒါပေမဲ့ ငါတို့သာ ဒီသံချပ်ကာကို ဝတ်ဆင်ထားမယ်ဆိုရင်တော့ ပြောရခက်လိမ့်မယ်။" စုယွန်းဖေးက ရေတစ်ငုံ သောက်လိုက်ပြီး ဆက်ပြောသည်"ဒီလင်းဖန်က မကြာသေးခင်က ခိုလှုံရေးစခန်း ဆိုတဲ့အရာကို တည်ဆောက်နေပြီး ပစ္စည်းတွေကိုလည်း စုဆောင်းနေတယ်။ သူက ပြစ်မှုကျူးလွန်ဖို့ တွန်းအားရှိနေတာပဲ။" "ငါတို့ ဖြစ်နိုင်ခြေ တစ်စုံတစ်ရာ ရှိနေသရွေ့ သူ့ကို လွှတ်မထားသင့်ဘူး။ အပြစ်ရှိသူ တစ်ယောက်ကို လွတ်မြောက်စေမယ့်အစား အပြစ်မဲ့သူ တစ်ထောင်ကို သတ်ပစ်တာက ပိုကောင်းပါတယ်။ ဒါ့အပြင် သူ့လက်ထဲက သံချပ်ကာက ငါတို့ ကြိုးစားအားထုတ်ရကျိုး နပ်ပါတယ်။" စုရုသည် ဆိုဖာပေါ်တွင် နက်နက်နဲနဲ တွေးတောရင်း ထိုင်နေပြီးမှ ပြောလိုက်သည်"ကျွန်တော်လည်း သူ့ကို ဖမ်းချင်တာပေါ့ ဒါပေမဲ့ သူက သိပ်ကို သန်မာလွန်းတယ်။ သာမန် သေနတ်တွေက သူ့အတွက် ပြိုင်ဘက် မဟုတ်ဘူး။" "မှန်တာပေါ့။" စုယွန်းဖေး ခေါင်းညိတ်လိုက်သော်လည်း သူ့အမူအရာက ချက်ချင်းပင် အေးစက်သွားပြီး ရက်စက်ကြမ်းကြုတ်စွာဖြင့် ပြောလိုက်သည်"ဒါဆိုရင် ငါတို့ အဲ့ဒီပစ္စည်းကိုပဲ သုံးရတော့မယ်။" စုရု မျက်မှောင်ကုတ်လိုက်သည်"အဲ့ဒီပစ္စည်း..."
...
လူသူဝေးလံသော လမ်းတစ်ခုပေါ်တွင် ဖြစ်သည်။ လျန်ကွန်၏ လမ်းညွှန်မှုအတိုင်း လင်းဖန်သည် ကားကို အရှိန်ပြင်းစွာ မောင်းနှင်ခဲ့သည်။ သူတို့ မောင်းနှင်လေလေ လမ်းက ပို၍ လူသူဝေးလံလာလေလေဖြစ်ပြီး နောက်ဆုံးတွင် ပန်းမြို့၏ အပြင်ဘက်နီးပါးရှိရာ သူတို့၏ ဦးတည်ရာသို့ ရောက်ရှိလာခဲ့ကြသည်။ ဦးတည်ရာနေရာက လူဦးရေ ကျဲပါးလှသော တောင်ပေါ်ရွာလေးတစ်ရွာ ဖြစ်ပြီး ပတ်ဝန်းကျင်တွင် လူသားတို့ ရှင်သန်နေထိုင်သည့် အမှတ်အသား တစ်စုံတစ်ရာ မရှိပေ။ "ကွန်ကွန် မင်း ခွေးမသားလေး မင်း ငါတို့ကို လိမ်နေတာ မဟုတ်ဘူးမလား။" ရှောင်လီက လျန်ကွန်၏ လည်ပင်းကို ဆုပ်ကိုင်ထားရင်း မျက်လုံးများထဲတွင် မနာလိုရိပ်များ ပြည့်နှက်နေသည်။ "မဟူတ်ပါဘူး ဒါပါပဲ။" လျန်ကွန်၏ မျက်နှာ ဖြူလျော်သွားပြီး ရှေ့ရှိ လမ်းလေးကို ညွှန်ပြကာ တုန်ရင်စွာဖြင့် ပြောရှာသည်"လမ်းလေးရဲ့ အဆုံးမှာ ညာဘက်ကို ကွေ့လိုက်ရင် ကျွန်တော်တို့ရဲ့ ဌာနချုပ်ကို တွေ့ရပါလိမ့်မယ်။ အဲ့ဒီမှာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ကုဗမီတာ သောင်းနဲ့ချီပြီး ရှိပါတယ်။" "လမ်းပြစမ်း။" လင်းဖန်သည် လျန်ကွန်၏ နောက်ကနေ လိုက်ပါလာခဲ့သည်။ ကြိုတင်ကာကွယ်မှုအနေဖြင့် သူတို့နှစ်ဦးစလုံးသည် သေနတ်ဒဏ်ကို ရှောင်ရှားရန်အတွက် တစ်ချိန်လုံး သံချပ်ကာကို ဝတ်ဆင်ထားကြသည်။ သူတို့က မယုံနိုင်လောက်အောင် သန်မာကြသော်လည်း ပြင်းထန်သော စနိုက်ပါရိုင်ဖယ် တစ်ချက်က သူတို့၏ အသက်ကို နုတ်ယူနိုင်ဆဲပင် ဖြစ်သည်။
သူတို့ သုံးဦးသည် လမ်းလေး၏ အဆုံးသို့ လမ်းလျှောက်သွားကာ ဘယ်ဘက်သို့ ကွေ့လိုက်ကြသောအခါ မျှော်လင့်ထားသည့်အတိုင်း စက်ရုံအဆောက်အအုံ အများအပြားကို မြင်တွေ့လိုက်ရသည်။ စက်ရုံက စုတ်ပြတ်သတ်နေပြီး ထူးခြားမှုမရှိလှသော်လည်း လင်းဖန်က မြင်လိုက်ရသောအခါ ရယ်မောလိုက်မိသည်။ စက်ရုံတံခါးဝတွင် ဖြစ်သည်။ လူပေါင်း ရာနဲ့ချီ၍ သူတို့ကို စောင့်ဆိုင်းနေကြပြီး ဖြစ်ကာ ထိုလူများ၏ ထက်ဝက်ကျော်က သေနတ်ကိုယ်စီ ကိုင်ဆောင်ထားကြပြီး ကျန်ရှိသူများမှာမူ ဓားရှည်များနှင့် တုတ်ရှည်များကို ကိုင်ဆောင်ထားကြသည်။ "အတော်လေး စည်ကားနေတာပဲ။" ရှောင်လီက သူတို့ကို စိတ်လှုပ်ရှားစွာ လက်လှမ်းပြလိုက်ပြီး"မင်းတို့က ငါတို့ကို ကြိုဆိုဖို့ ရောက်နေတာလား။" "ဘာတွေလဲကွာ။" ဤအရာကို ကြားလိုက်ရသောအခါ နဂါးစိမ်းဂိုဏ်းမှ နေကာမျက်မှန်တပ်ထားသည့် လူတစ်ယောက်က ချက်ချင်း ရှေ့သို့ တက်လာပြီး ရှောင်လီကို အော်ဟစ်လိုက်သည်— "ငါတို့က မင်းတို့ဆီက ပိုက်ဆံကို လာယူတာ။" ရှောင်လီ ဒေါသမထွက်ပေ။ သူက သူ့ဘေးက လျန်ကွန်ကို ပုတ်ပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်"ကွန်ကွန် မင်းရဲ့ တာဝန် ပြီးဆုံးသွားပြီ။ မင်း အခု သွားလို့ရပြီ။" "အို တကယ်လား။" လျန်ကွန် အလွန်အမင်း ဝမ်းသာသွားသည်။ ပျော်ရွှင်မှုက ရုတ်တရက်ကြီး ရောက်ရှိလာခဲ့သည် ဒီကောင်နှစ်ယောက်က တကယ့်ကို လူကောင်းတွေပဲ။ "ဒါပေါ့။" ရှောင်လီ ခေါင်းညိတ်လိုက်သည်"သွားတော့။" "ကောင်းပါပြီ ကျေးဇူးတင်ပါတယ် အစ်ကိုကြီးလီ။" လျန်ကွန်သည် ရှောင်လီနှင့် လင်းဖန်တို့ကို အလျင်အမြန် ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် နဂါးစိမ်းဂိုဏ်းသားများရှိရာသို့ အရှိန်ပြင်းစွာ လှမ်းလျှောက်သွားတော့သည်။ သူသည် မိမိ၏ စခန်းဆီသို့ ပြေးသွားရင်း အော်ဟစ်လိုက်သည်"ညီအစ်ကိုတို့ ငါ ပြန်ရောက်ပြီ။ အဲ့ဒီ ခွေးမသား နှစ်ယောက်ကို ပစ်သတ်ကြစမ်း။" "ဒိုင်း။" သူ စကားပြောလို့ မဆုံးသေးခင်မှာပင် သေနတ်သံတစ်ချက် မြည်ဟီးသွားခဲ့သည်။ လျန်ကွန် သူ့ခြေလှမ်းများကို လျှော့ချလိုက်ပြီး မိမိ၏ ရင်ဘတ်ကို ငုံ့ကြည့်ကာ မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေမိသည်။ သူကိုယ်တိုင် သေနတ်အပစ်ခံလိုက်ရပြီး သူ့နှလုံးသားဆီကနေ သွေးများ ပန်းထွက်နေသည်ကို သူ သတိပြုမိသွားသည်။ သူ ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။ ရှောင်လီသည် သေနတ်ပြောင်းဝမှ ထွက်ပေါ်နေသော လေပူကို မှုတ်ထုတ်လိုက်ပြီး သူ့ကို ပြုံးပြလိုက်သည်"စိတ်မကောင်းပါဘူး ငါ မင်းကို မသတ်ချင်ပါဘူး ဒါပေမဲ့ အစ်ကိုကြီးဖန်က ပြောတယ် ငါ မင်းကို သတ်ရင် စီကရက်တစ်ထုပ် ပေးမယ်တဲ့။ မင်းသိတဲ့အတိုင်း စီကရက်ကိုတော့ ဘယ်သူမှ ငြင်းလို့မရဘူးလေ။" "မင်း မင်း ခွေးမသားလေး..." လျန်ကွန် ဆဲရေးချင်သော်လည်း သူ့၏ ဝေဝါးလာသော အမြင်အာရုံနှင့် မြန်ဆန်လာသော အသက်ရှူနှုန်းတို့ကြောင့် စကားမပြောနိုင်တော့ပေ။ "ဒုန်း။" လျန်ကွန်သည် မြေပြင်ပေါ်သို့ တည့်တည့်မတ်မတ် လဲကျသွားခဲ့ပြီး လှုပ်ရှားမှု မရှိတော့ပေ။ "တောက်။" မိမိ၏ အဖော် သတ်ဖြတ်ခြင်းခံလိုက်ရသည်ကို မြင်သောအခါ နေကာမျက်မှန်နှင့်လူက သူ့မျက်မှန်ကို ချွတ်ကာ မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။ သူ ရှေ့သို့ လှမ်းတက်တော့မည့်ဆဲဆဲ ဂျာကင်အရှည်ဝတ်ထားသည့် လူတစ်ယောက်က သူ့ကို တားဆီးလိုက်သည်။ ဂျာကင်အရှည်နှင့်လူက လူအုပ်ထဲမှ လှမ်းထွက်လာပြီး မျက်နှာချင်းဆိုင်ရှိ လင်းဖန်နှင့် သူ့အဖော်ကို ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်"ဟိုဘက်က ညီအစ်ကိုတို့ ကျွန်တော်က နဂါးစိမ်းဂိုဏ်းရဲ့ ဒုခေါင်းဆောင် ဖြစ်ပါတယ်။ ခင်ဗျားတို့နဲ့ စီးပွားရေး အပေးအယူတစ်ခု ဆွေးနွေးချင်လို့ပါ။" "စီးပွားရေး ဟုတ်လား။" လင်းဖန်က ဂျာကင်အရှည်နှင့်လူကို အံ့အားသင့်စွာ ကြည့်လိုက်သည်"ပြောကြည့်လေ။" ဂျာကင်အရှည်နှင့်လူက အနည်းငယ် ပြုံးလိုက်သည်"ကျွန်တော်တို့ ခင်ဗျားတို့ ဝတ်ထားတဲ့ သံချပ်ကာ နှစ်စုံကို ဝယ်ချင်ပါတယ်။ ဈေးနှုန်းကို ခင်ဗျားတို့ စိတ်ကြိုက် သတ်မှတ်ပါ။" "မင်း အိပ်မက်မက်နေတာပဲ။" လင်းဖန်က ရယ်မောလိုက်သည်။ "တောက်။" နေကာမျက်မှန်နှင့်လူက သူခုနက ကောက်ကိုင်လိုက်သည့် နေကာမျက်မှန်ကို မြေပြင်ပေါ်သို့ ထပ်မံ လွှင့်ပစ်လိုက်ပြန်ပြီး သူ့လက်သီးကို ဝှေ့ယမ်းလိုက်သည်။ သို့သော်လည်း သူ့ကို သူ့ဘေးက လူနှစ်ယောက်က ချက်ချင်း ပြန်ဆွဲထားလိုက်ကြသည်။ လင်းဖန်၏ စကားလုံးများကြောင့် ဒေါသမထွက်ဘဲ ဂျာကင်အရှည်နှင့်လူက စိတ်ရှည်စွာဖြင့် ဆက်ပြောသည်"ဒီသံချပ်ကာက သိပ်ကို တန်ဖိုးရှိမှန်း ကျွန်တော် သိပါတယ် ဒါကြောင့် ကျွန်တော်တို့ အဲ့ဒါကို ဝယ်ဖို့အတွက် အမြောက်အမြား သုံးစွဲဖို့ အသင့်ရှိပါတယ်။ သန်းတစ်ရာဆိုရင်ကော ဘယ်လိုလဲ။" "မရောင်းဘူး။ ဘယ်လောက်ဈေးပေးပေး မရောင်းဘူး။ မင်း ပိုက်ဆံ ဘယ်လောက်ပဲ ပေးပေး ငါမရောင်းဘူး။" လင်းဖန် တုန်လှုပ်ခြင်း မရှိပေ။ သန်းပေါင်းများစွာကို မပြောနှင့်ဦး ဘီလီယံပေါင်းများစွာ ပေးလျှင်တောင် သူ့၏ သံချပ်ကာကို ဝယ်ယူနိုင်မည်မဟုတ်ပေ။ သူတစ်ဦးတည်းသာ ဤသံချပ်ကာ၏ တကယ်တမ်း တန်ဖိုးကို သိရှိခြင်းဖြစ်သည် အဲ့ဒါက ပိုက်ဆံနှင့် တိုင်းတာ၍မရနိုင်သော အရာဖြစ်သည်။ ဒါ့အပြင် သူက လျန်ကွန်နှင့်အတူ ဤအဖွဲ့အစည်း၏ ပြုမူပုံကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီးဖြစ်သည် သူတို့က လုံးဝ ရှက်ရွံ့ခြင်းမရှိ အကျင့်စာရိတ္တ ပျက်ပြားပြီး လူမဆန်သော အဖွဲ့အစည်း ဖြစ်သည်။ ဦးနှောက်ထဲက ဝက်အူ ချောင်နေသူသာ သူတို့၏ ပေါက်ကရ စကားများကို ယုံကြည်လိမ့်မည်။ "မင်း တကယ်ပဲ ပြန်မစဉ်းစားတော့ဘူးလား။" ဂျာကင်အရှည်နှင့်လူက ထပ်မံ မေးမြန်းလိုက်သည်။ "တရုတ်အမျိုးသား ဘောလုံးအသင်း ကမ္ဘာ့ဖလားကို တက်ရောက်နိုင်တဲ့ အခါကျမှ ငါတို့ သဘောတူမယ်" ဟု ရှောင်လီက နောက်ပြောင်လိုက်သည်။ "တောက်။" နေကာမျက်မှန်နှင့်လူက ဒေါသတကြီးဖြင့် သူ့မျက်မှန်ကို ပစ်ချလိုက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။ သို့သော်လည်း ဤအကြိမ်တွင် မည်သူမျှ သူ့ကို ပြန်မဆွဲကြတော့ပေ။ သူ့ကို ကူညီမည့်သူ မရှိသည်ကို မြင်သောအခါ သူသည် ထိုနေရာတွင် ငေါင်စတောက်ဖြင့် ရပ်နေရရှာသည်။ တစ်ဖက်လူက အစာမစားသည်ကို မြင်သောအခါ ဂျာကင်အရှည်နှင့်လူက သူ့အပြုံးကို သိမ်းဆည်းလိုက်သည်"မင်းတို့က ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့အတွက်ကြောင့် ငါကတော့ တောင်းပန်ရတော့မှာပဲ။"
...