လုချန် ၏ စိတ်ထဲက အသံကို ကြားရသဖြင့် ကုချင်း၀မ် ဆွံ့အသွားရသည်။
‘ဒါ... ဒါက ဘာကို ဆိုလိုတာလဲ လုချန် က အစီအရင်တွေကိုလည်း နားလည်တာလား..’
ယခင်ကဆိုလျှင် လုချန် ကြွားဝါနေသည်ဟု ထင်မိမည်ဖြစ်သော်လည်း ဆေးဖော်စပ်ခြင်းနှင့် ဓားသိုင်းများကို ကြုံပြီးနောက်တွင်မူ ကုချင်း၀မ် လုံးဝ ကြွားတယ်မထင်ဝံ့တော့ချေ။
ထိုအချိန်တွင် လုချန် က ဆုလီယန် ကို မေးလိုက်သည်။
"အစ်မတော်... ဘာလို့ ဒီလူက ရုတ်တရက် လာသင်နေတာလဲ"
ဆုလီယန် က -
"ဒါက လျှို့ဝှက်နယ်မြေအတွက်လေ။ လျှို့ဝှက်နယ်မြေက ကြီးမားတဲ့ အစီအရင်ကြီးတစ်ခု ဖြစ်နေတော့ အစီအရင်ကို နားလည်မှ ဝင်လို့ရမှာ အဲဒီ အင်မော်တယ်ကပဲ ဒါကို နားလည်တာ"
လုချန် က - "ဒါဆို အစ်မတော်ကော ဘာလို့ သွားနားမထောင်တာလဲ"
ဆုလီယန် က ပြုံးလျက် - "ဒီအစ်မက ဒီကနေ နားထောင်လည်း အကုန်ကြားရပါတယ်"
လုချန် က ခေါင်းညိတ်ရင်း ကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ ဆုလီယန် ၏ မျက်နှာလေး ရှက်သွေးဖြန်းသွားပြီး -
"မလှုပ်နဲ့နော်" ဟု မာန်လိုက်သည်။
လုချန် လည်း ငြိမ်သက်သွားပြီး စိတ်ကူးယဉ်နေမိသည်။ အတန်ကြာမှ ဆုလီယန် ကို ကြည့်ကာ မေးလိုက်သည်။
"အစ်မတော်... အစ်မဆီမှာ ကော်ဖီရောင် ပိုးသားခြေအိတ်ကော ရှိလား"
ဆုလီယန် ကြောင်သွားပြီးမှ - "မ... မရှိဘူးထင်တယ်..." ဟု ဖြေရှာသည်။
လုချန် က နှမြောတသဟန်ဖြင့် -
"နှမြောစရာပဲ..တကယ်တော့ မီးခိုးရောင်ကလည်း လှတယ် ကော်ဖီရောင်... ဒါမှမဟုတ် ညိုတိုတိုအရောင်လည်း အဆင်ပြေတယ်…အော်... ဖြူရောင်လည်း ရှိသေးတယ်... ဒါပေမဲ့ အစ်မတော်နဲ့တော့ ဖြူရောင်က မလိုက်ဖူး... ဧကရီကုချင်း၀မ် နဲ့မှ ပိုလိုက်မှာ"
ဆုလီယန် က စဉ်းစားကာ - "နင်ပြောတဲ့ တချို့အရောင်တွေကို ငါ တစ်ခါမှ မမြင်ဖူးဘူး..."
လုချန် က - "ဒါဆို ဝတ်ချင်လား ဝတ်ချင်ရင် ကျွန်တော် လုပ်ပေးမယ် ဒါပေမဲ့ သီချင်းအရင်စပ်ရဦးမယ် အစ်မတော်ရဲ့ နားရွက်ကို တစ်ရက်လောက် မကိုင်ရရင် အိပ်လို့တောင် မပျော်ဘူး"
ဆုလီယန် ၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွားပြီး ခေါင်းညိတ်လိုက်သည်။ "နင်လုပ်ပေးရင် ငါ ဝတ်မှာပေါ့…ဒါပေမဲ့... နင်က ဒါတွေပါ လုပ်တတ်တာလား"
လုချန် က ဂုဏ်ယူစွာဖြင့် - "ကျွန်တော်က အစုံရတယ်လေ…အဝတ်အစား လုပ်တတ်ရုံတင်မကဘူး... ဒီဇိုင်းပါ ဆွဲတတ်တာ"
ပြောပြောဆိုဆိုဖြင့် လုချန် က ထိုင်ရာမှ ထကာ ဆုလီယန် ကို အပေါ်အောက် ကြည့်ပြီးနောက် -
"အစ်မတော်... နင့်ခြေထောက်ကို ငါ့ကိုပေး"
ဆုလီယန် ကြောင်အမ်းအမ်းဖြင့် ခြေထောက်တစ်ဖက်ကို ကမ်းပေးလိုက်မိသည်။
လုချန် က သူမ၏ ခြေကျင်းဝတ်ကို ကိုင်ကာ ဒေါက်ဖိနပ်ကို ချွတ်လိုက်ရာ ဆုလီယန် မှာ ဟန်ချက်ပျက်ပြီး လဲကျလုနီးပါး ဖြစ်သွားသည်။
ဘေးနားရှိ ချန်ရှန့်တောင်မှ တပည့်များက လှမ်းကြည့်ကြသော်လည်း ချက်ချင်းပင် မျက်နှာလွှဲသွားကြသည်။
ကြည့်ရသည်မှာ အတော်လေး အားကျစရာ ကောင်းနေသောကြောင့် ဖြစ်သည်။ ဆုလီယန် ၏ နားရွက်များ ရဲတောက်သွားပြီး ခြေထောက်ကို ပြန်ရုပ်ကာ လုချန် ကို မျက်စောင်းထိုးလိုက်သည်။
"အစ်မတော်.. ဒီဖိနပ်ကိုလည်း ပြင်ရမယ်။ နောက်ကနေ ဖဲကြိုးအမည်းလေးတွေနဲ့ ခြေကျင်းဝတ်မှာ ပတ်ထားရင် ပိုဆွဲဆောင်မှု ရှိသွားလိမ့်မယ်" လုချန် က ဖိနပ်ကို ကိုင်ကာ သုတေသန လုပ်နေပြန်သည်။
ခန်းမအလယ်တွင် ထိုင်နေသော ကုချင်း၀မ် သည်လည်း လုချန် ၏ အတွေးများကို ကြားရသဖြင့် သူမ၏ ခြေထောက်ကို နောက်သို့ အသာအယာ ဆန့်ထုတ်ကာ ကြည့်လိုက်ပြီး ပြုံးမိသွားသည်။ သူမ၏ ခြေတံများကလည်း ဆရာမကြီး ဆုလီယန် ထက် မနိမ့်ပါချေ။
ထိုအချိန်တွင် ဧကရာဇ် ရွှမ်မင် ၏ ဟောပြောချက်များက ဆက်တိုက် ထွက်ပေါ်နေသည်။ လုချန် က နားထောင်ရင်းနှင့် တစ်ခုခု မမှန်ကန်ကြောင်း ရိပ်မိလာသည်။ ထိုအင်မော်တယ်သည် ဟောပြောရင်းနှင့် ကုချင်း၀မ် ကို မသိမသာ စောင်းမြောင်း ပုတ်ခတ်နေခြင်း ဖြစ်သည်။
လုချန် ၏ မျက်နှာမှာ ချက်ချင်း တင်းမာသွားပြီး အလယ်သို့ လှမ်းကြည့်လိုက်တော့သည်။
[ငါရဲ့ ကုချင်း၀မ် ကို လာစောင်းနေတာလား]
လုချန် စိတ်ထဲတွင် လုံးဝ မကျေမနပ် ဖြစ်သွားတော့သည်။