ဒါပေမဲ့ ဆုလီယန်က အမြန်ပဲ တစ်ခုခုကို သတိရသွားပြီး... သူမရဲ့ မျက်နှာပေါ်က အားနာတဲ့ အမူအရာတွေ ပျောက်ကွယ်သွားကာ လုချန်ကို ပြုံးပြီး ကြည့်ကာ ပြောလိုက်သည်။
"ဒါဆိုရင် ဒီအစ်မတော်က မင်းကို ကူညီပေးမယ် ခဏကျရင် ဒီအစ်မရဲ့ လက်ရာကိုလည်း မြည်းစမ်းကြည့်ဦး"
((PS အစ်မတော် /ဒီအစ်မ /အစ်မကြီး လို့ ဧကရီချင်းဟူ (ဆုလီယန်)က သူ့ကိုယ်သူ နာမ်စားပြောင်းပါတယ် …)
ဆုလီယန်ရဲ့ စကားကို ကြားလိုက်ရတော့ လုချန်က အပြင်ကို လျှောက်သွားရင်း သူမကို အံ့ဩစွာ ကြည့်ကာ မေးလိုက်သည်။
"အာ… အစ်မတော်က ဟင်းချက်တတ်လို့လား"
ဒါကို ပြောရရင်တော့ ဆုလီယန်ရဲ့ နှုတ်ခမ်းထောင့်တွေ အနည်းငယ် ကော့ညွတ်သွားပြီး ပြုံးကာ ပြောလိုက်သည်။
"ဒီအစ်မ ကလည်း ဆင်းရဲတဲ့ဘဝကလာတာ လူတိုင်းက ကုချင်းဝမ်လို ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရတယ် ထင်နေလား"
ပြောရင်းနဲ့ ဆုလီယန် တစ်ခုခုကို သတိရသွားပြီး မျက်နှာလေး အနည်းငယ် ရဲကာ ပြောသည်။
"ဒါပေမဲ့ မချက်တာ ကြာပြီဆိုတော့... တကယ်လို့ ခဏကျရင် အရသာမကောင်းရင်တော့ လာမရယ်နဲ့နော်"
လုချန်က "ဘယ်လိုလုပ် ရယ်ရမှာလဲ... ကျွန်တော်က အဲဒီလိုလူ မဟုတ်ပါဘူး" ဟု ချက်ချင်းပင် ပြောလိုက်သည်။
လုချန်ရဲ့ ဖြောင့်မတ်လှတဲ့ ပုံစံကို မြင်တော့ ဆုလီယန် ရယ်မောလိုက်မိသည်။ သူမက စနောက်ရုံသက်သက်ပါလို့ ပြောဖို့ပြင်စဉ်မှာပဲ...
လုချန်က အိမ်အပြင်ကို လျှောက်သွားပြီး နေရောင်အောက်မှာ ပျင်းကြောဆန့်ရင်း ပြောလိုက်သည်။
"တကယ်လို့ အရသာမကောင်းရင်တော့... ကျွန်တော့်ကို နောက်ထပ် တစ်ကြိမ် ပိုကိုင်ခွင့်ပေးရမယ်"
ဆုလီယန် တစ်ကိုယ်လုံး ကြောင်အမ်းသွားပြီး စိတ်ထဲကနေ ကျိန်ဆဲကာ ပြန်မပြောတော့ပေ။
ထိုအချိန်မှာပဲ လုချန်ရဲ့ စိတ်ထဲမှာ စနစ် ရဲ့ အသံ ထွက်ပေါ်လာသည်။
{ဒင်… မနေ့က လူသားဆန်မှု တန်ဖိုး +၁၂,၈၉၀ ရရှိပါသည်။ ပထမဆုံးအကြိမ် တစ်ရက်အတွင်း တစ်သောင်းကျော်သွားသဖြင့် အထူးဆုလာဘ် "သူတော်စင် ပိုးချည်မျှင်စစ်စစ်" ကို အိတ်ထဲသို့ ထည့်သွင်းပေးလိုက်ပါပြီ}>
စနစ်ရဲ့ အသံကို ကြားလိုက်ရတော့ လုချန် ခဏမျှ မှင်သက်သွားရသည်။
ဟ….
တစ်သောင်းကျော်တယ် ဟုတ်လား…
ဒါ... ဒီလောက်တောင် များတာလား…
လုချန် ခဏမျှ ကြောင်သွားရပေမဲ့... သူ ချက်ချင်းပဲ ဘာကြောင့်လဲဆိုတာကို နားလည်သွားသည်။
မနေ့က သူ့ရဲ့ အပြုအမူတွေက တကယ့်ကို လူသားတစ်ယောက်နဲ့ တူလွန်းလို့ပဲ ဖြစ်သည်။
အမဲရောင်ခြေအိတ်…လူသားတစ်ယောက်အနေနဲ့ မမက်မောဘဲ နေမလား…
မြေခွေးနားရွက်နဲ့ မိန်းကလေး…လူသားတစ်ယောက်အနေနဲ့ မကိုင်ချင်ဘဲ နေမလား…
ပြီးတော့ သူ တစ်ညလုံးလည်း မအိပ်ခဲ့ဘူး…
ဘယ်လူသားကများ ညမအိပ်ဘဲ မနေဖူးလို့လဲ…
သဘာဝကျကျပဲ သူ ဘာလုပ်ခဲ့လဲဆိုတာက အရေးမကြီးပါဘူး... အဓိကအချက်က အဲဒီ လိုချင်တက်မက်တဲ့ စိတ်အခြေအနေပဲ ဖြစ်သည်။
လုချန် ပြန်တွေးမိတာက အရင်တုန်းက သူ ဘာမှမလိုချင်... ဘာကိုမှ စိတ်မဝင်စားတဲ့ ပုံစံက လူသားဆန်တာ မဟုတ်ဘဲ... ငါးပုပ်လို ပျင်းရိနေတာသာ ဖြစ်သည်။
တစ်သောင်းကျော် လူသားဆန်မှု တန်ဖိုး...
အမဲရောင်ခြေအိတ်ကတော့ ထာဝရ နတ်ဘုရားပဲ…(စတော်ကင်)
လုချန်နဲ့ ဆုလီယန်တို့ အတူတူ မနက်စာ ချက်ကြသည်။ ဆုလီယန်က ချက်မယ်လို့ ပြောတာကြောင့် လုချန်က မီးဖိုဘေးမှာ ဆောင့်ကြောင့်ထိုင်ပြီး မီးကူမွှေးပေးသည်။
ပြီးတော့ ဆုလီယန်က စကားသက်သက် ပြောတာမဟုတ်ဘဲ တကယ်ပဲ ဟင်းချက်တတ်တာ ဖြစ်သည်။
ဆုလီယန် ဓားကိုင်ပြီး ဟင်းသီးဟင်းရွက် လှီးဖြတ်ပုံကို ကြည့်ရုံနဲ့ လုချန် တစ်ချက်ထဲနဲ့ သိလိုက်သည်… သူမ တကယ်ပဲ ကျွမ်းကျင်တာ ဖြစ်သည်။
ဒါပေမဲ့ လုချန်ကတော့ အရမ်းမကြည့်ရဲဘဲ မီးဖိုထဲ ထင်းထည့်ဖို့ပဲ အာရုံစိုက်ထားသည်။
ဆုလီယန်ရဲ့ ကိုယ်လုံးက တကယ်ကို အချိုးအစား လွန်ကဲလွန်းတာကြောင့်... သူမ ဟင်းလှီးလို့ လှုပ်ရှားလိုက်တိုင်း ဆွဲဆောင်မှုရှိတဲ့ နေရာတွေက လိုက်ပြီး တုန်ခါနေသည်။
မကြည့်ရဲဘူး... မကြည့်ရဲဘူး…
ထပ်ကြည့်ရင် ခဏကျရင် အိပ်ပျော်မှာ မဟုတ်တော့ဘူး။
မနက်စာက သိပ်ပြီး ဒုက္ခမများလှပါဘူး... ဆယ်မိနစ်အကြာမှာတော့ ဟင်းပွဲလေးတွေနဲ့ ဆန်ပြုတ်အဖြူက စားပွဲပေါ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကြည့်ရုံနဲ့တင် အရသာရှိမှန်း သိသာလှသည်။
ထိုအချိန်မှာ ဆုလီယန်က ကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး လုချန်ကို ကြည့်ကာ ပြောလိုက်သည်။
"မြန်မြန်... ဒီအစ်မရဲ့ လက်ရာကို မြည်းကြည့်ဦး…ဘယ်ဟင်းကို ကြိုက်လဲ ပြောပြ... မနက်ဖြန် မင်းအတွက် ထပ်ချက်ပေးမယ်"
ဆုလီယန်က ခုနက ဟင်းချက်နေတုန်းက အနည်းငယ် သက်သောင့်သက်သာ မရှိခဲ့ပါဘူး... ဘာလို့လဲဆိုတော့ ခြံထဲက မီးဖိုတွေက လုချန်ရဲ့ အရပ်အမောင်းအတိုင်း လုပ်ထားလို့ ဖြစ်သည်။
ဆုလီယန်ရဲ့ အရပ်က ကုချင်းဝမ်နဲ့ တူတူပဲဖြစ်ပေမဲ့... ကုချင်းဝမ်နဲ့ မတူတာက ကုချင်းဝမ်ရဲ့ ဖိနပ်က အနည်းငယ် နိမ့်ပြီး ဆုလီယန်ရဲ့ ဖိနပ်က ဒေါက်ဖိနပ်အပါး ဖြစ်သည်။
အရာအားလုံးအတွက် ကိုယ်ကို ငုံ့ထားရတာက တကယ်ပဲ အနည်းငယ် သက်သောင့်သက်သာ မရှိပေ။
ဆုလီယန် ပြောပြီးနောက် လုချန်က ချက်ချင်း သွားမစားသေးဘဲ... ထရပ်လိုက်ပြီး ဗလာဖြစ်နေတဲ့ မီးဖိုဆီ လျှောက်သွားကာ ပြောလိုက်သည်။
"ခဏစောင့်ဦး... မိနစ်ပိုင်းအတွင်း ပြီးမှာ"
လုချန်က တခြားအရာတစ်ခု လုပ်ချင်နေတာကို မြင်တော့ ဆုလီယန်က သူ့နောက်မှာ စူးစမ်းလိုတဲ့ စိတ်နဲ့ ရပ်ပြီး မေးလိုက်သည်။
"တခြား ဘာလုပ်မလို့လဲ"
ထိုအချိန်မှာ လုချန်က အိုးထဲမှာ သကြားတွေကို စတင် အရည်ဖျော်နေပြီ ဖြစ်သည်။ လောဂျစ်အရဆိုရင် သူ မနေ့က စတော်ဘယ်ရီတွေကို သုံးပြီး ကုချင်းဝမ်အတွက် သကြားလုံးတုတ်ထိုး လုပ်ပေးရမှာ ဖြစ်သည်။
ဒါပေမဲ့ မနေ့က သူ အရမ်း စိတ်လှုပ်ရှားသွားခဲ့တာကြောင့်ကော... ကုချင်းဝမ် ပြန်ထွက်သွားတာကြောင့်ကော သူ မလုပ်ဖြစ်ခဲ့ပေ။
လူတစ်ယောက်ကို ကတိပေးထားပြီးသား ဖြစ်တာကြောင့် လေထဲလွင့်ပစ်လိုက်လို့ မရပေ။ ဒါကြောင့် သူ မအိပ်ခင်မှာ ကုချင်းဝမ်အတွက်တုတ်ထိုး၁၀ချောင်း လုပ်ပြီး ဒီမှာ ထားခဲ့ဖို့ ပြင်ခြင်း ဖြစ်သည်... သူမ ပြန်လာတဲ့အခါ စားနိုင်အောင်လို့ ဖြစ်သည်။
ပြီးတော့ သကြားလုံးတုတ် လုပ်တာက မိနစ်ပိုင်းပဲ ကြာတာ ဖြစ်သည်။
အိုးထဲက သကြားရည်ကို မွှေရင်း လုချန်က နောက်ကို မလှည့်ဘဲ ပြောလိုက်သည်။
"ကျွန်တော် တို့ရဲ့ ဧကရီ ကုချင်းဝမ် အတွက် စတော်ဘယ်ရီ သကြားလုံးတုတ်ထိုး လုပ်ပေးမလို့... ဒါက အရမ်း အရသာရှိတယ်"
ပြောပြီးတာနဲ့ လုချန်က စတော်ဘယ်ရီ တစ်တုတ်ကို အိုးထဲထည့်ပြီး သကြားရည် လူးလိုက်ကာ... အဆင်သင့် ပြင်ထားတဲ့ ဗန်းပေါ် တင်လိုက်ပြီး ပြောလိုက်သည်။
"မြန်မြန်... မင်းရဲ့ဝိညာဉ်စွမ်းအား ကို သုံးပြီး အေးခဲပေးဦး"
လုချန်က ကုချင်းဝမ်အတွက် လုပ်ပေးနေတာကို ကြားတော့ ဆုလီယန် မျက်နှာ မကောင်းဖြစ်သွားပေမဲ့... လုချန် ပြောတဲ့အတိုင်း သကြားရည်ကို အမြန် အေးခဲပေးလိုက်သည်။
လုချန်က ပြီးသွားတဲ့ သကြားလုံးတုတ်ထိုးကို ယူပြီး... နောက်ပြန်လှည့်ကာ ဆုလီယန်ကို ကမ်းပေးရင်း ပြုံးလိုက်သည်။
“ မြည်းကြည့်ဦး... အရမ်း အရသာရှိတယ်"
ဒါပေမဲ့ ဆုလီယန်က လုချန်ရဲ့ လက်ထဲက သကြားလုံးတုတ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်... မျက်နှာလွှဲလိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"သူမ ကြိုက်တဲ့အရာကို ငါ ဘယ်တော့မှ မကြိုက်ဘူး"
ဆုလီယန်ရဲ့ တုံ့ပြန်မှုကို မြင်တော့ လုချန် မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိသည်။
ကြည့်ရတာ... ဆုလီယန်နဲ့ ကုချင်းဝမ်ကြားက ပဋိပက္ခက တော်တော်လေး ကြီးပုံရတယ်...
ကဲ... အဲဒါက ငါနဲ့ ဘာမှမဆိုင်ပါဘူး။
လုချန်က စိတ်ကောင်းရှိပေမဲ့... စိတ်ကောင်းရှိတာက သူတစ်ပါးကိစ္စထဲ ဝင်ပါတာမျိုး မဟုတ်ပေ။
သူက ရုပ်ရှင်ထဲက လူတွေလိုမျိုး ကြားထဲကနေ လိုက်ပြီး စေ့စပ်ပေးဖို့ လုံးဝ မကြိုးစားပါဘူး။
ဘာပဲဖြစ်ဖြစ် အတိတ်တုန်းက သူတို့နှစ်ယောက်ကြားမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ သူ မသိပေ။
ဒါ့အပြင် သိခဲ့ရင်တောင်မှ လုချန်က ဘာမှ ပြောမှာမဟုတ်ပါဘူး။
ဒီနှစ်ယောက်က တစ်ယောက်ထက်တစ်ယောက် စွမ်းအားကြီးပြီး နှစ်ယောက်လုံးက မဟာဧကရာဇ်တွေ ဖြစ်ကြတာ... သူတို့ကိစ္စကို သူ့လို လူသေးလေးက ဘာလို့ ဝင်ပူနေရမှာလဲ။
လုချန် ခဏမျှ ကြောင်သွားပြီးနောက်... လက်ထဲက သကြားလုံးတုတ်ကို ချလိုက်ပြီး စကားလမ်းကြောင်းကို တိုက်ရိုက် ပြောင်းလိုက်သည်။
"အစ်မတော် မင်က သကြားမုန့် ကြိုက်တယ်မလား ငါ သကြားမုန့်လည်း ကောင်းကောင်း လုပ်တတ်တယ်... ဒါပေမဲ့ အဲဒါက အလုပ်ရှုပ်တယ်… ကျွန်တော် ဒီနေ့ အိပ်ရာက နိုးလာရင် အစ်မတော် အတွက် လုပ်ပေးမယ်... သေချာပေါက် အရသာရှိစေရမယ်"
လုချန်ရဲ့ စကားက ဆုလီယန်အတွက် တကယ်ပဲ မထင်မှတ်ထားတဲ့ အရာ ဖြစ်သည်။
အဲဒါက မနေ့တုန်းက သူမရဲ့ဆရာ့အကြောင်း ပြောရင်းနဲ့ အမှတ်မထင် ထည့်ပြောမိတဲ့ အသေးအဖွဲ ကိစ္စလေးသာ ဖြစ်သည်။ သူမ မထင်ထားခဲ့တာက... လုချန်က အဲဒါကို တကယ်ပဲ မှတ်မိနေလိမ့်မယ်လို့ ဖြစ်သည်။
လုချန်ရဲ့ နောက်ကျောကို ကြည့်ရင်း ဆုလီယန်ရဲ့ အကြည့်တွေက အလွန်အမင်း နူးညံ့သိမ်မွေ့သွားခဲ့သည်။
လုချန်က ဆုလီယန်ရဲ့ နားရွက်တွေကို ကြည့်တဲ့ အကြည့်အတိုင်းပါပဲ... အခု ဆုလီယန်က လုချန်ကို ကြည့်တဲ့အခါမှာလည်း သူမရဲ့ နှလုံးသားလေး အရည်ပျော်မတတ် ဖြစ်နေရသည်။
"ကောင်းပါပြီ"
ဆုလီယန်က တိုးတိုးလေး ပြန်ပြောရှာသည်။
လုချန်က ကုချင်းဝမ်အတွက် သကြားလုံးတုတ်တွေ လုပ်ပြီးနောက်... စားပွဲဆီ အပြေးအလွှား သွားပြီး မနက်စာကို အမြန်ပဲ ဆွဲတော့သည်။
သူက ဟင်းတွေကို ချီးကျူးစကား အချို့ ပြောပြီးနောက်... ခြံထဲက လှုပ်ကုလားထိုင်အိုကြီးဆီ တိုက်ရိုက် သွားပြီး လှဲအိပ်တော့သည်။
အခုက နွေရာသီဖြစ်တာကြောင့် ခြံထဲမှာ အိပ်တာက ပိုပြီး အေးမြသည်။
စက္ကန့်ဝက်ပင် မပြည့်သေးခင်မှာပဲ လုချန်ရဲ့ သာသာလေး ဟောက်သံ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်… သူ တကယ်ကို ပင်ပန်းလွန်းနေရှာပြီ။
လုချန် အဲဒီလောက် မြန်မြန် အိပ်ပျော်သွားတာကို ကြည့်ပြီး... မနေ့က သူ ဘယ်လောက်အထိ ပင်ပန်းခဲ့လဲဆိုတာ ဆုလီယန် သိလိုက်သည်။
သူမက ကုချင်းဝမ်ရဲ့ ကုလားထိုင်ကို ဘေးနားကို ဆွဲယူလိုက်ပြီး... ဆုလီယန်က ကုလားထိုင်ပေါ်မှာ ဘေးစောင်းလေး လှဲလျောင်းလိုက်ကာ... လက်ထဲမှာ ယပ်တောင်လေး တစ်ချောင်း ပေါ်လာခဲ့သည်။
သူမက အိပ်ပျော်နေတဲ့ လုချန်ကို နူးညံ့တဲ့ မျက်နှာထားနဲ့ ကြည့်ရင်း... ယပ်တောင်လေးကို ညင်သာစွာ ခပ်ပေးပြီး အေးမြတဲ့ လေညင်းလေးတွေကို ဖန်တီးပေးနေမိသည်။
အချိန်ဘယ်လောက် ကုန်လွန်သွားမှန်း မသိရဘဲ။
ခြံထဲမှာ သာသာလေး ခြေသံတစ်ချက် ထွက်ပေါ်လာသည်။
ဆုလီယန်က လုံးဝ မလှုပ်ရှားဘဲ... အိပ်ပျော်နေတဲ့ လုချန်ကို နူးညံ့တဲ့ မျက်နှာနဲ့ ကြည့်နေဆဲ ဖြစ်ပြီး... လက်ကလည်း ယပ်တောင်ကို ညင်သာစွာ ခပ်ပေးနေသည်။
ဒါပေမဲ့ သူမက အေးစက်လှတဲ့ အသံနဲ့ ပြောလိုက်သည်။
"သွား... ပန်းကန်သွားဆေးချေ"
ကုချင်းဝမ်: "...."