လုချန်၏ ယခုလက်ရှိ အသွင်အပြင်မှာ တကယ့်ကို လယ်သမားတစ်ဦးနှင့် တူလှသည်။
သူသည် လက်ထဲတွင် လူတစ်ရပ်နီးပါး မြင့်မားသော ခက်ရင်းသုံးခုကို ကိုင်ထားသည်...
တကယ်လို့ ထိုခက်ရင်းသုံးခုကို လက်နက်များအဖြစ် သတ်မှတ်နိုင်သည်ဆိုဦးတော့... ထိုတုတ်ချောင်းသုံးချောင်းက ဘာအတွက်လဲ...
ထိုအရာများသည် တုတ်ချောင်းများနှင့် တူသော်လည်း... အလွန်အမင်း သေးသွယ်လွန်းလှသည်...
ကုချင်း၀မ်သည် လုချန်အား ကြည့်ရင်း လုံးဝ ဝေခွဲမရဖြစ်ကာ မေးလိုက်သည် ... "နင့်ရဲ့ အဲဒီတုတ်ချောင်းသုံးချောင်းက... ဘာလုပ်ဖို့လဲ"
လုချန် ခေတ္တမျှ ရပ်တန့်သွားပြီးနောက်... သူက ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် အနည်းငယ် ကြွားဝါလိုက်သည် ... "ဒါတွေက ငါးမျှားတံတွေလေ ဧကရီတို့နှစ်ယောက်က ဘယ်တုန်းကမှ ငါးမမျှားဖူးကြဘူးမလား အဲဒါကြောင့် ဧကရီတို့ရဲ့ ဘဝတွေက တကယ်ကို ပျင်းစရာကောင်းနေတာ"
အာ...
ငါးမျှားတံတွေ ဟုတ်လား...
ကုချင်း၀မ်နှင့် ဆုလီယန်တို့ နှစ်ဦးစလုံးသည် မျက်လုံးများကို ပြူးကျယ်လျက်... လုချန်၏ လက်ထဲက သေးသွယ်ပြီး ရှည်လျားလှသော ငါးမျှားတံကို ကြည့်ရင်း လုံးဝ ဆွံ့အသွားကြရသည်။
အာ…
ထိုအခိုက်အတန့်တွင် လုချန်သည် ထိုအရာအားလုံးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး... ငါးမျှားတံတစ်ချောင်းတည်းကိုသာ ကောက်ကိုင်လိုက်သည်။
သူသည် ၎င်းကို ကုချင်း၀မ်နှင့် ဆုလီယန်တို့၏ ရှေ့မှောက်တွင် ရှေ့နောက် လွှဲရမ်းပြသရင်း ကြွားဝါလိုက်သည် ...
"ကြည့်စမ်း... ဒါက ဘယ်လောက်တောင် ရှည်လဲ... ပြီးတော့ ဘယ်လောက်တောင် ကျုံ့ဆန့်နိုင်စွမ်းရှိလဲ ခဏနေရင် ငါတို့ ငါးမျှားသွားတဲ့အခါ... ပေါင်နှစ်ဆယ်လောက် လေးတဲ့ ငါးတစ်ကောင်ကို မိရင်တောင် ဒါက လုံးဝ ကျိုးသွားမှာ မဟုတ်ဘူး"
ပြောပြီးနောက် လုချန်သည် လက်ထဲက ငါးမျှားတံကို လေထဲတွင် ဝိုင်းဝိုင်းလည်အောင် အပြင်းအထန် စတင်မွှေနှောက်ပြသလိုက်ပြီး... လုံးဝ အံ့ဩမှင်တက်နေကြသော ကုချင်း၀မ်နှင့် ဆုလီယန်တို့ဘက်သို့ လှည့်ကာ ပြောလိုက်သည် …
"ဧကရီ တို့ကို စင်္ကြာလှည့်တာ ပြမယ်"
ကုချင်း၀မ်: “....”
ဆုလီယန် : "...."
ကုချင်း၀မ်သည် မိမိရှေ့က မြင်ကွင်းကို ကြည့်ရင်း... သူမ၏ နှုတ်ခမ်းထောင့်များ နှစ်ကြိမ်မျှ တုန်ခါသွားရသည်။
သူမ၏ ဘေးနားတွင် ဆုလီယန်၏ ကြီးမားလှသော ရင်ဘတ်သည်လည်း ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။
ကုချင်း၀မ်နှင့် ဆုလီယန်တို့သည် လွန်စွာ ဒေါသထွက်သွားကြရသည်။ အလွန်အမင်း ဒေါသထွက်သွားခြင်း ဖြစ်သည်။
ဒီအရာက ကုချင်း၀မ်နှင့် ဆုလီယန်တို့သည် ငါးမျှားတံကို မသိရှိကြခြင်းကြောင့် လုံးဝမဟုတ်ဘဲ... သူတို့အနေဖြင့် ဒါကို လုံးဝ မယုံကြည်နိုင်ကြခြင်းကြောင့် ဖြစ်သည်။
သူတို့ မယုံကြည်နိုင်ခြင်းမှာ... လုချန်သည် ဒီလောက်အထိ မြောက်မြားစွာသော သန့်စင်မြင့်မြတ်သော လမ်းစဉ်၏ စွမ်းအားများ ပါဝင်နေသည့် ကုန်ကြမ်းပစ္စည်းကို အသုံးပြုပြီး... နောက်ဆုံးတွင် ငါးမျှားတံသုံးချောင်းအဖြစ်သာ သွန်းလုပ်လိုက်ခြင်းကြောင့် ဖြစ်သည်။
ကုချင်း၀မ်သည် သူမ၏ မျက်နှာအမူအရာကို အတတ်နိုင်ဆုံး ထိန်းချုပ်ရင်း... တည်ငြိမ်နိုင်သမျှ တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည် …
"ဒါဆို... ဟိုခက်ရင်းတွေကရော ဘာအတွက်လဲ"
လုချန် မျက်ခုံးပင့်လိုက်ပြီး... ငါးမျှားတံကို ဘေးသို့ ပစ်ချလိုက်ကာ... ခက်ရင်းတစ်ခုကို ကောက်ကိုင်လျက် ကုချင်း၀မ်အား လေးနက်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည် ...
"ငါးထိုးတဲ့ ခက်ရင်းတွေလေ သေချာတာပေါ့... ငါးထိုးတာအပြင်... တကယ်လို့ ငါတို့ တောင်ပေါ်မှာ အူကြောင်ကြောင် သားကောင်တွေနဲ့ တိုးရင်လည်း... ဒါကို သုံးပြီး ထိုးလို့ရတာပေါ့"
"ကဲ သွားကြစို့... ငါတို့ အခုပဲ ထွက်ခွာကြမလား"
လုချန်၏ စကားများကို ကြားရပြီး သူ၏ လေးနက်လှသော မျက်နှာပေးကို မြင်တွေ့လိုက်ရသောအခါ... ကုချင်း၀မ်သည် ဒေါသထွက်ရမည့်အစား ရယ်ပင်ရယ်ချင်သွားရသည်။
အူကြောင်ကြောင် သားကောင်တွေကို ထိုးမယ် ဟုတ်လား ငါ့အထင်တော့ နင်ကသာ အူကြောင်ကြောင် ဖြစ်လိမ့်မယ်။
သူမသည် အစက သူက ကမ္ဘာမြေကို တုန်လှုပ်စေမည့် သာလွန်ဆန်းကြယ်လက်နက်ကြီးတစ်ခုကို သွန်းလုပ်နေသည်ဟု ထင်မှတ်ထားခဲ့သော်လည်း...
နောက်ဆုံးတွင် သူက ငါးမျှားတံအနည်းငယ်ကိုသာ သွန်းလုပ်ခဲ့တာလား ၎င်းတို့သည် သူတော်စင်အဆင့် ငါးမျှားတံများ ဖြစ်နေပါစေဦးတော့... အဲဒါက ဘာဖြစ်လဲ နောက်ဆုံးတော့ ဒါတွေက ငါးမျှားတံများသာ မဟုတ်ကြဘူးလား။
သို့သော်လည်း ကုချင်း၀မ်အနေဖြင့် ဒေါသမထွက်နိုင်ပါချေ။ ဘာပဲဖြစ်ဖြစ်... သူမတွင် ဒေါသထွက်ပိုင်ခွင့် မည်သို့ ရှိနေပါမည်နည်း ကုန်ကြမ်းပစ္စည်းများသည် သူ၏ ကိုယ်ပိုင်အရာများ ဖြစ်ကြသည်ပဲ မဟုတ်လား။
ထို့နောက်တွင် ကုချင်း၀မ်သည် ထမင်းစားပွဲတွင် ပြန်လည်ထိုင်လိုက်ပြီး... ယခုအခါ အေးစက်နေပြီဖြစ်သော ဆန်ပြုတ်ဖြူဖြူကို ဖြည်းညှင်းစွာ ပြန်လည်သောက်သုံးရင်း ပြောလိုက်သည် ...
"နင် ဘာသာနင် တစ်ယောက်တည်း သွားမျှား"
ကုချင်း၀မ်သည် ယခုအချိန်တွင် မည်သည့်စိတ်ပါဝင်စားမှုမျှ မရှိတော့ပါချေ။ သူမသည် အစက အလွန် ပျော်ရွှင်နေခဲ့သော်လည်း... ဒီအရာကို မြင်တွေ့ပြီးနောက်တွင်မူ စိတ်အားထက်သန်မှု အားလုံး ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
ကုချင်း၀မ်၏ စကားကို ကြားရသောအခါ လုချန်သည် သူမအား ဝေခွဲမရသော မျက်နှာဖြင့် ကြည့်ကာ ပြောလိုက်သည် ...
"အဲလို မပြောပါနဲ့ ကျွန်တော်က ငါးမျှားတံနဲ့ ခက်ရင်းတွေကို သွန်းလုပ်ပြီးသားပဲလေ ကျွန်တော်တို့ တစ်ယောက်ကို တစ်စုံစီ ယူပြီး သွားကြရအောင် ငါးမျှားရတာက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်"
ကုချင်း၀မ်သည် လုချန်အား တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ချေ။ သူမသည် ဆန်ပြုတ်ကို သောက်ရင်း မည်သည့်အမူအရာမျှမပြဘဲ ပြောလိုက်သည် ...
"မသွားဘူး… စိတ်မပါဘူး… နင် ဘာသာနင် သွားချေ"
သို့သော်လည်း လုချန်သည် လက်မလျှော့ခဲ့ပါချေ။ သူသည် ငါးထိုးခက်ရင်းကို မြေပြင်ပေါ်သို့ စိုက်ထူထားခဲ့ပြီး... ကုချင်း၀မ်၏ ဘေးနားသို့ လျှောက်လှမ်းသွားကာ... သူမ၏ နို့ခဲကဲ့သို့ ချောမွတ်လှသော လက်မောင်းလေးကို လှမ်းဆွဲလိုက်ရင်း ပြောလိုက်သည် …
"ဧကရီ စိတ်မပါလို့ကို ကျွန်တော်တို့ သွားရမှာလေ ငါးမျှားတာမှာ စိတ်နှစ်ထားလိုက်တာက တကယ်ကို ပျော်စရာကောင်းတာ ဒါက တကယ် စိတ်ဝင်စားဖို့ ကောင်းပါတယ် ကျွန်တော် ဧကရီကို ဘယ်တုန်းက ညာဖူးလို့လဲ"
ကုချင်း၀မ်သည် ခေါင်းကို အနည်းငယ် လှည့်ကာ လုချန်အား တစ်ချက် ကြည့်လိုက်ပြီး... မည်သည့်စကားမျှ မပြောဘဲ အေးစက်စွာ နှာမှုတ်လိုက်သည်။ သို့သော်လည်း သူမ၏ စိတ်ထဲတွင်မူ တွေးမိသည်မှာ ...
‘နင်က ငါ့ကို ညာထားတာ မလုံလောက်သေးဘူးလား’
သို့သော် သူမသည် လုချန်၏ အတင်းအကျပ် ပူဆာနေမှုကို မလွန်ဆန်နိုင်ခဲ့ပါချေ။ နောက်ဆုံးတွင် ကုချင်း၀မ်သည် မတတ်နိုင်သည့်အဆုံး နှုတ်ခမ်းကို ဖိကာ... လုချန်အား မျက်စောင်းထိုးကြည့်လျက် ပြောလိုက်သည် ... "ငါ အရင်ဆုံး စားလို့ပြီးအောင် စောင့်ဦး"
ဤစကားကို ကြားရသောအခါ လုချန်သည် ဟားဟားရယ်မောလိုက်ပြီး... ချက်ချင်းပင် လက်ကို လွှတ်လိုက်ကာ ဘေးနားမှနေ၍ စောင့်ဆိုင်းနေတော့သည်။
သူတို့နှစ်ဦး၏ အပြန်အလှန် ဆက်ဆံမှုကို ဘေးမှကြည့်နေသော ဆုလီယန်မှာမူ မယုံကြည်နိုင်သော မျက်နှာပေးမျိုး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
‘ဒီလုချန်က... ကုချင်း၀မ်၏ လက်မောင်းကို ဒီလို တိုက်ရိုက် လှမ်းဆွဲလိုက်တာလား ပြီးတော့ ကုချင်း၀မ်က လုံးဝ စိတ်မဆိုးဘူးလား သူမ ဘာမှမခံစားရဘူးလား ဒါက ဒါက သူမသိကျွမ်းခဲ့ဖူးတဲ့ မာနကြီးလှပြီး မြင့်မြတ်လှတဲ့ ကုချင်း၀မ် ဟုတ်သေးရဲ့လား’
ကုချင်း၀မ်သည် လေထုကပင် သူမ၏ ‘ခန္ဓာကိုယ်ကို ညစ်ပတ်စေလိမ့်မည်ဟု ထင်မှတ်ရလောက်အောင် မာနကြီးလှသော လူစားမျိုး ဖြစ်သော်လည်း... ‘
‘ယခုတော့ အမျိုးသားတစ်ဦးက သူမ၏ လက်မောင်းကို ဆွဲခြင်းကို ခွင့်ပြုထားရော့သလား ပြီးတော့... ကုချင်း၀မ်က ဖျားယောင်းသွေးဆောင်ခြင်းကို ခံလိုက်ရတာလား ဒီလောက်အထိ မိမိကိုယ်မိမိ ဗဟိုပြုတတ်သည့် လူစားမျိုးက... ‘
‘ဒီကောင်လေး၏ စကားအနည်းငယ်ဖြင့်တင် လက်ခံသွားခဲ့ရော့သလား သူမသည် လုချန်နှင့်အတူ ဒီလောက်အထိ ပျင်းစရာကောင်းသော အလုပ်ကို လုပ်ဆောင်ရန် တကယ်ပဲ သဘောတူလိုက်တာလား’
‘ပြီးတော့... ခုနက အကြည့်က ဘာလဲ... ဘာဖြစ်လို့ သူမ၏ မျက်ဝန်းထဲမှာ... အလိုလိုက်နှစ်သက်မှု တွေ ပါဝင်နေရတာလဲ’
ဆုလီယန်သည် လုံးဝ ဝေခွဲမရဖြစ်နေပြီး... နေရာတွင်တင် ရပ်နေရင်း ခေတ္တမျှ ဘာလုပ်ရမှန်း မသိဖြစ်နေမိသည်။
မကြာမီ ကုချင်း၀မ်သည် စားသောက်ပြီးသွားသဖြင့် မတ်တပ်ရပ်လိုက်ပြီး... လုချန်အား မည်သည့်အမူအရာမျှမပြဘဲ ကြည့်ကာ မေးလိုက်သည် ... "ငါတို့ ဘယ်နေရာမှာ ငါးသွားမျှားကြမှာလဲ"
ကုချင်း၀မ် စားသောက်ပြီးသွားသည်ကို မြင်ရသောအခါ... လုချန်သည် မြေပြင်ပေါ်က ငါးမျှားတံနှင့် ခက်ရင်းကို ကောက်ကိုင်လိုက်ပြီး... ကုချင်း၀မ်၏ လက်ထဲသို့ ပြုံးလျက် ကမ်းပေးရင်း ပြောလိုက်သည် ...
"ရှန်ယွန်းတောင်ထိပ်ရဲ့ အောက်ခြေမှာ စမ်းချောင်းငယ်လေးတစ်ခု ရှိတယ် အဲဒါက ကျွန်တော်ရဲ့ သီးသန့်ငါးမျှားကွင်းပဲ... ကျွန်တော် ဘယ်တုန်းကမှ လက်ဗလာနဲ့ ပြန်မလာဖူးဘူး"
လုချန်၏ စကားကို ကြားရသောအခါ ကုချင်း၀မ်သည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိပြီး အေးစက်စွာ နှာမှုတ်လိုက်သည် ...
"နင်ကတော့ ထူးဆန်းတဲ့ စကားတွေကို နောက်တစ်ခါ ထပ်ပြောပြန်ပြီ"
ဤသို့ ပြောပြီးနောက် ကုချင်း၀မ်သည် ငါးမျှားတံနှင့် ခက်ရင်းကို လှမ်းယူရန် လက်ကို ဆန့်ထုတ်လိုက်ရင်း... ဆုလီယန်ဘက်သို့ လှည့်ကာ ပြောလိုက်သည် ...
"နင် အရင်ဆုံး ပြန်နှင့်ချေ…ငါ မနက်ခင်းမှာ သူနဲ့အတူ ငါးမျှားလိုက်ဦးမယ်... ပြီးတော့မှ မွန်းလွဲပိုင်းကျရင် လျှို့ဝှက်နယ်မြေရဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ နင့်ကို လာရှာမယ်"
သို့သော်လည်း ကုချင်း၀မ်၏ လက်သည် ငါးမျှားတံနှင့် ခက်ရင်းကို မထိမိသေးမီမှာပင်... ဆုလီယန်သည် ခြေလှမ်းတစ်လှမ်း အရှေ့သို့ လှမ်းတက်လိုက်ပြီ ဖြစ်သည်။
သူမ၏ ကျောက်စိမ်းကဲ့သို့ လှပသော လက်ကလေးသည် လုချန် ကမ်းပေးနေသော အရာနှစ်ခုကို ချက်ချင်းပင် လှမ်းကိုင်လိုက်ပြီး နှုတ်ခမ်းကို ဖိကာ ပြောလိုက်သည် ...
"ငါတို့ အတူတူ သွားကြရအောင်လေ… ဘာပဲဖြစ်ဖြစ် ငါလည်း ဒီမနက်မှာ လုပ်စရာ ဘာအလုပ်မှ မရှိပါဘူး"
ဆုလီယန်သည် ကုချင်း၀မ်နှင့် လုချန်တို့၏ ဆက်ဆံရေးအပေါ် ပိုမို၍ စူးစမ်းလိုစိတ် ပြင်းပြလာခဲ့ပြီ ဖြစ်သည်။ သဘာဝကျကျ ပြောရလျှင် ကုချင်း၀မ်သည် ဒီလိုသော ပုံစံမျိုး လုံးဝ မရှိသင့်ပါချေ။
ဤလုချန်သည် အမှန်ပင် အလွန်တရာ ချောမောလှပသော်လည်း... လွန်ခဲ့သော ကာလက ကုချင်း၀မ်နောက်သို့ လိုက်ခဲ့ကြသည့် ကောင်းကင်ဘုံ၏ သားတော်များသည် ပါရမီရော ရုပ်ရည်ပါ အလွန်အမင်း ထူးချွန်ကြသည် မဟုတ်ပါလား သေချာတာပေါ့... လုချန်၏ ရုပ်ရည်သည် တကယ်ကို လွန်လွန်ကဲကဲ ချောမောလွန်းလှသည်မှာ အမှန်ပင် ဖြစ်သည်။
သို့သော် ကုချင်း၀မ်သည် မျက်နှာတစ်ခုတည်းကိုသာ ကြည့်တတ်သည့် လူစားမျိုး လုံးဝ မဟုတ်ပါချေ။
လုချန်၏ အစွမ်းသတ္တိကြောင့် ဖြစ်နိုင်မလားဆိုသည်မှာလည်း... ဒါက ပို၍ပင် မဖြစ်နိုင်ချေ။ လွန်ခဲ့သော ကာလက ကုချင်း၀မ်သည် ခြေလှမ်း၀က်ဧကရာဇ် အဆင့်တွင်သာ ရှိသေးစဉ်ကပင်...
အခြားသော ပြည်နယ်ကြီးများမှ မဟာဧကရာဇ် မြောက်မြားစွာတို့သည် သူမ၏ အလှတရားကို တောင်းခံရန်အတွက် နန်ချင်းကျန့်ပြည်နယ်သို့ တကူးတက လာရောက်ခဲ့ကြဖူးသည် မဟုတ်ပါလား။
ထို့ထက်မက အထက်လောကမှ စစ်မှန်သော အင်မော်တယ်အချို့ပင်လျှင် ကောင်းကင်ဘုံတံခါးမှ တိတ်တဆိတ် ထွက်လာခဲ့ကြပြီး... သူမ၏ အလှတရားကို မြင်တွေ့နိုင်ရန်အတွက် အောက်ဘုံသို့ ဆင်းသက်ခဲ့ကြဖူးသည်။ ဆုလီယန်သည် တကယ်ကို အတိုင်းအဆမရှိ စူးစမ်းလိုစိတ် ပြင်းပြနေမိသည်။
ဆုလီယန်ပါ လိုက်လိုသည်ကို မြင်ရသောအခါ လုချန်သည် အများကြီး မတွေးတောမိပါချေ။ မူလက သူသည် ငါးမျှားတံနှင့် ခက်ရင်းများကို သွန်းလုပ်စဉ်ကပင်... ဆုလီယန်အတွက်ပါ တစ်စုံ သီးသန့် ထည့်သွင်းသွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။ လုချန်သည် လက်ကို ချက်ချင်း လွှတ်လိုက်ပြီး... ကုချင်း၀မ်အတွက် နောက်ထပ်တစ်စုံကို သွားရောက်ယူဆောင်ရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း လုချန် လက်လွှတ်လိုက်သည့် အချိန်မှာပင်... သူသည် ဆုလီယန်ထံမှ နုညံ့သာယာသော ညည်းတွားသံတစ်ချက်ကို ရုတ်တရက် ကြားလိုက်ရပြီး...
‘အာ့..’
နောက်ဆက်တွဲအနေဖြင့် "ဗုန်း" ဟူသော အသံနှင့်အတူ သူမသည် မြေပြင်ပေါ်သို့ လှဲကျသွားခဲ့တော့သည်။ ထိုနုညံ့လှသော ညည်းတွားသံသည်... လုချန်၏ ဝိဉာဉ်ကိုပင် အရည်ပျော်သွားစေလောက်သည်။
မိမိရှေ့က မြင်ကွင်းကို ကြည့်ရင်း လုချန်သည် သူ၏ ဝိဉာဉ်ပင် ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဆုလီယန်သည် ငါးမျှားတံကို ဆုပ်ကိုင်လျက် မြေပြင်ပေါ်တွင် လှဲလျောင်းနေပြီး... ခါးအထိ အပေါက်ဖောက်ထားသော အနက်ရောင်ဝတ်စုံအောက်က ရှည်လျားလှပသော ခြေတံများသည် လုချန်၏ ရှေ့မှောက်သို့ တိုက်ရိုက်ပင် ရောက်ရှိနေခဲ့သည်။
အထူးသဖြင့် ဆုလီယန်၏ ယခုလက်ရှိ အမူအရာမှာ ... ကြောက်ရွံ့မှုနှင့် နာကျင်မှုတို့ ရောပြွမ်းနေသည့် ပုံစံဖြစ်ရာ ... သူမသည် တကယ်ကို သူတစ်ပါး သနားစရာကောင်းလောက်အောင် ညှို့ဓာတ်ပြင်းပြလွန်းလှသည်။
ကုချင်း၀မ်သည် မြေပြင်ပေါ်တွင် လှဲနေသော ဆုလီယန်အား အေးစက်စွာ ကြည့်ရင်း... မည်သည့်အမူအရာမျှမပြဘဲ ပြောလိုက်သည်။
"ငါ နင့်ကို နင့်ရဲ့ အဲဒီညှို့ကွက်တွေကို လုချန်အပေါ်မှာ လာပြီး မသုံးနဲ့လို့ မပြောခဲ့ဘူးလား"
"နှစ်ပေါင်းတစ်သောင်းလောက် မတွေ့ရတာ... နင့်ရဲ့ နည်းလမ်းတွေက ပိုပြီးတော့တောင် အောက်တန်းကျလာတာပဲ… ဒါမှမဟုတ် နန်ချင်းကျန့်ပြည်နယ်က အမျိုးသားတွေက ဦးနှောက်မရှိကြတော့လို့ နင့်ရဲ့ ဒီလိုမျိုး ကလေးကလား ညှို့ကွက်တွေနဲ့တင် ဖျားယောင်းခြင်းကို ခံနေကြရတာလား"
【အာ... ဘာညှို့ကွက်လဲ အလှအပ သွေးဆောင်ကွက် လား ငါ့အပေါ်မှာ သုံးတာလား...】
【ဟေး အဘွားကြီး... ငါ နင့်ကို အကြံပေးပါရစေ... ဝင်ပြီး မရှုပ်ပါနဲ့ တကယ်လို့ နင်သာ သူမကို ခြောက်လှန့်ပြီး မောင်းထုတ်လိုက်ရင်... ငါ နောင်အနာဂတ်မှာ ဘယ်နေရာကိုသွားပြီး အနက်ရောင်ခြေအိတ် တွေကို ကြည့်ရတော့မှာလဲ】
【ဘာပဲဖြစ်ဖြစ်... သူမ အလှအပ ညှို့ကွက်ကို သုံးလို့ပြီးတဲ့အထိ စောင့်ပြီးမှ ပြောလည်း ရတာပဲ မဟုတ်လား】
【ငါ... လုချန်က... ဒီလိုအရာမျိုးကို အကြိုက်ဆုံးပဲ】
ကုချင်း၀မ် ... "..."
လုချန်၏ စိတ်ထဲက အတွေးကို ကြားရသောအခါ... ကုချင်း၀မ်သည် သူမ၏ စိတ်ထဲမှနေ၍ ဒီလူရှုပ်ကောင်(နှာဘူးလေး)ကို အကြိမ်ပေါင်း သောင်းချီတိုင်အောင် ကျိန်ဆဲလိုက်ပြီးနောက်...
လုချန်အား လှည့်၍ စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
"ငါ့ကို အဲဒီအရာတွေကို ပေး… ငါတို့ ငါးမျှားသွားမှာလား... မသွားဘူးလား တကယ်လို့ နင်သာ အချိန်ဆွဲနေဦးမယ်ဆိုရင်... ငါ နင်နဲ့အတူ လုံးဝ မလိုက်တော့ဘူး"
လုချန် သတိပြန်လည်လာပြီး ကြောင်အသွားရကာ... အလျင်အမြန်ပင် ပြောလိုက်သည် ... "မျှားမှာပါ... မျှားမှာပါ... မျှားမှာပါ" လုချန်သည် ငါးမျှားတံနှင့် ခက်ရင်းကို ကောက်ကိုင်ပြီး ကုချင်း၀မ်၏ လက်ထဲသို့ ကမ်းပေးလိုက်သည်။
ကုချင်း၀မ်သည် စိတ်ထဲမှ အေးစက်စွာ နှာမှုတ်လိုက်ပြီး... ငါးမျှားတံနှင့် ခက်ရင်းကို လှမ်းယူကာ လှည့်ထွက်ရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း သူမ လှည့်ပင်မလှည့်ရသေးမီမှာပင်... နုညံ့သာယာသော ညည်းတွားသံတစ်ချက် ထွက်ပေါ်လာခဲ့ပြန်သည်။
‘အာ့…’
ဆုလီယန်ကဲ့သို့ပင်... ကုချင်း၀မ်သည်လည်း မြေပြင်ပေါ်သို့ လှဲကျသွားခဲ့ပြီး... သူမ၏ ဖြောင့်စင်းကာ သေးသွယ်လှပလှသော ခြေတံဖြူဖြူများသည် အလင်းပြန်လောက်အောင်ကို ဖြူဖွေးနေခဲ့သည်။
လုချန် "..."
ဧကရီတို့ နှစ်ယောက်စလုံးက ဘယ်လိုတွေ လျှောက်ဆော့နေကြတာလဲ။