ကုချင်း၀မ်နှင့် ဆုလီယန်တို့သည် ယောင်ချီသန့်စင်နယ်မြေတွင် ဖြစ်ပေါ်နေသော ထူးဆန်းသော ဖြစ်ရပ်ဆန်းကြီးကို ကြည့်ရင်း လုံးဝ ဆွံ့အမှင်တက်နေကြရသည်။
ယောင်ချီသန့်စင်နယ်မြေတစ်ခုလုံးသည် မြူခိုးလှိုင်းများနှင့် နီမြန်းသော တိမ်တိုက်များဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
ယောင်ချီသန့်စင်နယ်မြေတစ်ခုလုံးသည် ဤသန့်စင်မြင့်မြတ်သော လမ်းစဉ်၏ အရှိန်အဝါအောက်တွင် ဖုံးလွှမ်းခြင်း ခံထားရပြီး... တိမ်ပင်လယ်ကြီးတစ်ခုထဲသို့ ကျရောက်သွားသကဲ့သို့ ဖြစ်နေသည်။
သန့်စင်မြင့်မြတ်သော လမ်းစဉ်၏ အရှိန်အဝါများသည် ကုချင်း၀မ်နှင့် ဆုလီယန်တို့၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာ စိမ့်ဝင်သွားကြရာ... အလွန်အမင်း သက်တောင့်သက်သာရှိလှသော ခံစားချက်ကြောင့် သူတို့နှစ်ဦးစလုံးသည် စိတ်မထိန်းနိုင်ဘဲ ညည်းတွားသံငယ်လေးများ ထွက်ပေါ်လာခဲ့ရသည်။
ဒီအရာက တကယ်ကို သက်တောင့်သက်သာ ရှိလွန်းလှသည်။
သန့်စင်မြင့်မြတ်သော လမ်းစဉ်၏ အရှိန်အဝါအောက်တွင် ရေချိုးနေရသကဲ့သို့ ဖြစ်သဖြင့်... သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဝိဉာဉ်စွမ်းအားများသည် တိမ်ပင်လယ်ကြီးကဲ့သို့ တုန်ခါလာပြီး အလွန်အမင်း တက်ကြွလှုပ်ရှားလာခဲ့ကြသည်။
ဟင်း...
‘ဒါက... ဒီကောင်စုတ်လေးက မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ သာလွန်ဆန်းကြယ်လက်နက်တစ်ခုကို သွန်းလုပ်လိုက်တာ ထင်တယ်…’’
ဒါက…
’လုချန်က... လက်နက်သွန်းလုပ်ခြင်း ကိုပါ လုပ်ဆောင်နိုင်တာလား…’
ယခုအချိန်တွင် သတိပြန်လည်လာသော ကုချင်း၀မ်၏ စိတ်ထဲ၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
ကုချင်း၀မ်သည် လုချန်အနေဖြင့် ဆေးဖော်စပ်ခြင်း ကို လုပ်ဆောင်နိုင်သည်ကို သိရှိသော်လည်း... လုချန်က လက်နက်သွန်းလုပ်ခြင်းကိုပါ လုပ်ဆောင်နိုင်လိမ့်မည်ဟု သူမ တကယ်ကို မသိခဲ့ပါချေ။
သူမ၏ မျက်နှာချင်းဆိုင်တွင်ရှိသော ဆုလီယန်သည်လည်း လုံးဝ ဆွံ့အတွေဝေနေခဲ့ပြီ ဖြစ်သည်။
‘ဒီကောင်စုတ်လေးဆိုတဲ့ကောင်က... တကယ်တမ်း ဘာအလုပ်ကို လုပ်တဲ့လူလဲ…’
ဆေးဖော်စပ်ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်း နှစ်ခုစလုံးသည် မီးဖိုတစ်ခုကို အသုံးပြုရန် လိုအပ်သော်လည်း မျိုးရိုးတူသော်လည်း မြစ်ဖျားခံရာ မတူညီကြဘဲ... အခြေခံအားဖြင့် ဆက်စပ်မှု မရှိကြပါချေ။
ဒီအရာက တစ်စုံတစ်ဦးက ဓားပညာကို ကျင့်ကြံပြီး... အခြားတစ်ဦးက ဓားမကြီးပညာကို ကျင့်ကြံသကဲ့သို့ပင် ဖြစ်သည် ... ကြည့်လိုက်ပါက ဆင်တူသော်လည်း... လက်တွေ့တွင်မူ လုံးဝ ကွဲပြားခြားနားကြသည်။
ဆေးဖော်စပ်ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်း၏ သဘောတရားသည်လည်း ဒီလိုပင် ဖြစ်သည်။
ဆေးဖော်စပ်ခြင်း နယ်ပယ်တွင် အလွန်အမင်း အစွမ်းထက်ပြီး... တစ်ချိန်တည်းမှာပင် လက်နက်သွန်းလုပ်ခြင်း နယ်ပယ်တွင်လည်း အလွန်အမင်း အစွမ်းထက်နေသည့် လူဟူ၍ လောကတွင် လုံးဝ မရှိနိုင်ပါချေ။
သေချာတာပေါ့... ယခုအချိန်သည် ဒီအရာများကို စဉ်းစားနေရမည့် အချိန်မဟုတ်ပါချေ... အဘယ်ကြောင့်ဆိုသော်... ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ခတ်ခြင်း မိုးကြိုးဘေးဒုက္ခ ရောက်ရှိလာပြီ ဖြစ်သောကြောင့်ပင်။
ယောင်ချီသန့်စင်နယ်မြေရှိ မြောက်မြားစွာသော အလင်းတန်းများနှင့် မြူခိုးလှိုင်းများနှင့်အတူ... လှိမ့်ဝင်လာသော အနက်ရောင် တိမ်တိုက်ကြီးများသည် ယောင်ချီသန့်စင်နယ်မြေ၏ အထက်ကောင်းကင်ယံတွင် တစ်ခုပြီးတစ်ခု စုစည်းလာခဲ့ကြသည်။
ထိုအနက်ရောင် တိမ်တိုက်များသည် အလွန်အမင်း လျင်မြန်စွာ စုစည်းလာခြင်း ဖြစ်သည်။ စက္ကန့်အနည်းငယ်ခန့်ကတင် ယောင်ချီသန့်စင်နယ်မြေ၏ အထက်ကောင်းကင်ယံသည် ပြာလွင်ပြီး သာယာနေခဲ့သော်လည်း... စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက်တွင်မူ... ထိုလှိမ့်ဝင်လာသော အနက်ရောင် တိမ်တိုက်ကြီးများသည် ယောင်ချီသန့်စင်နယ်မြေ၏ ရှန်ယွန်းတောင်ထွတ်ပေါ်သို့ တိုက်ရိုက်ပင် ဖိနှိပ်ပစ်တော့မည့်အတိုင်း ဖြစ်နေသည်။
ထိုအနက်ရောင် တိမ်တိုက်များထဲတွင် လျှပ်စီးကြောင်းများနှင့် မိုးခြိမ်းသံများ ပြည့်နှက်နေခဲ့သည်။
ဘေးဒုက္ခပေါင်း မည်မျှအထိ ကြုံတွေ့ခဲ့ဖူးမှန်း မသိရသော မဟာဧကရာဇ်များ ဖြစ်ကြသည့်အတိုင်း... ကုချင်း၀မ်နှင့် ဆုလီယန်တို့သည် ကောင်းကင်ဘုံ၏ မိုးကြိုးဘေးဒုက္ခနှင့် ပတ်သက်၍ အလွန်အမင်း ရင်းနှီးကြသည်။
ထိုအနက်ရောင် တိမ်တိုက်များထဲက လျှပ်စီးကြောင်းများနှင့် မိုးခြိမ်းသံများသည် သာမန်လျှပ်စီးများ လုံးဝမဟုတ်ဘဲ... ကောင်းကင်ဘုံတာအို၏ စွမ်းအား များ ဖြစ်ကြသည်။
ကုချင်း၀မ်သည် တဖြည်းဖြည်း သိပ်သည်းလာသော ကောင်းကင်ဘုံ၏ မိုးကြိုးဘေးဒုက္ခကို ထိတ်လန့်စွာ စိုက်ကြည့်နေမိသည်။
သတိပြန်လည်လာပြီးနောက်တွင် သူမသည် သွားကို တိတ်တဆိတ် ကြိတ်လိုက်ရင်း ပြောလိုက်သည် ...
"ဒီကောင်စုတ်လေးကတော့... ဒီလိုအရာမျိုးကို သွန်းလုပ်နေတာကို ကြိုတင်ပြီး သတိတောင် မပေးခဲ့ဘူး"
သေချာတာပေါ့... ကုချင်း၀မ်သည်လည်း လုချန်ကိုယ်တိုင်ပင် မိမိသွန်းလုပ်နေသော အရာက မည်မျှအထိ အစွမ်းထက်နေမှန်း မသိရှိခြင်းလည်း ဖြစ်နိုင်သည်ကို နားလည်သည်။
နောက်တစ်စက္ကန့်တွင် သန့်စင်သော အဖြူရောင် မြင့်မြတ်သောအလင်းတန်းတစ်ခုသည် ကုချင်း၀မ်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပေါ်ပေါက်လာခဲ့ပြီး... သူမသည် လေထဲသို့ လှမ်းတက်ကာ အနက်ရောင် တိမ်တိုက်များဆီသို့ တည့်တည့် ပျံသန်းသွားခဲ့တော့သည်။
ယခုအချိန်သည် အခြားအရာများကို ပြောဆိုနေရမည့် အချိန်မဟုတ်ပါချေ... သူမအနေဖြင့် လုချန်အတွက် ကာကွယ်ပေးရမည် ဖြစ်သည်။
မဟုတ်ပါက ကောင်းကင်ဘုံ၏ မိုးကြိုးဘေးဒုက္ခသည် တစ်ချက်ပြီးတစ်ချက် ပစ်ချလာပါက... အနည်းဆုံးရှိမှ မီးဖို ပျက်စီးပြီး လူများ ဒဏ်ရာရရှိကာ ရတနာသည်လည်း ပျက်စီးသွားလိမ့်မည် ဖြစ်သည်... အဆိုးရွားဆုံးဆိုလျှင်မူ... လုချန်သည် ကောင်းကင်ဘုံ၏ မိုးကြိုးဘေးဒုက္ခအောက်တွင် တိုက်ရိုက်ပင် ပေါက်ကွဲသေဆုံးသွားနိုင်သည်။
ကုချင်း၀မ်သည် လုချန်အား အသေမခံနိုင်ပါချေ... ဘာပဲဖြစ်ဖြစ်... တကယ်လို့ လုချန်သာ သေဆုံးသွားခဲ့လျှင်... သူမလည်း ဆက်လက်အသက်ရှင်နိုင်တော့မည် မဟုတ်ပါချေ။
ဆုလီယန်သည် ကောင်းကင်ဘုံ၏ မိုးကြိုးဘေးဒုက္ခကို ကြောင်အစွာ တစ်ချက် ကြည့်လိုက်ပြီးနောက်... သူမသည် အလျင်အမြန်ပင် ခေါင်းငုံ့ကာ သူမ၏ ပန်းကန်လုံးထဲက ဆန်ပြုတ်ဖြူဖြူကို တစ်ငုံတည်းနှင့် အကုန်သောက်ပစ်လိုက်သည်။
အပြာရောင်နှင့် နီမြန်းသော အရှိန်အဝါတစ်ခုသည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပေါ်ပေါက်လာခဲ့ပြီး... သူမသည် လေထဲသို့ လှမ်းတက်လိုက်သည်... သို့သော်လည်း လမ်းတစ်ဝက်တွင် ဆုလီယန်သည် ရုတ်တရက် သူမ၏ မူလနေရာသို့ ပြန်လည်ဆင်းသက်လာခဲ့သည်။
သူမသည် ထိုဆန်ပြုတ်ဖြူဖြူ အိုးကြီးကို မယူကာ အငန်းမရ သောက်သုံးပြီးနောက်တွင်မှ... ဆုလီယန်သည် နောက်ဆုံးတွင် စိတ်ကျေနပ်မှုရှိစွာဖြင့် လေထဲသို့ နောက်ထပ်တစ်ကြိမ် ပျံတက်သွားခဲ့တော့သည်။
ထိုအခိုက်အတန့်တွင် ဆုလီယန်နှင့် ကုချင်း၀မ်တို့သည် ကျောချင်းကပ်လျက်... ယောင်ချီသန့်စင်နယ်မြေ၏ အလင်းတန်းများကို နင်းခြေကာ... မိမိတို့၏ ရှေ့မှောက်သို့ ရောက်ရှိနေသော ကောင်းကင်ဘုံ၏ မိုးကြိုးဘေးဒုက္ခကို မော့ကြည့်နေကြသည်။
"ငါ တကယ်ကို မမျှော်လင့်ထားခဲ့ဘူး... တစ်နေ့မှာ ငါ နင်နဲ့အတူ ပခုံးချင်းယှဉ်ပြီး တိုက်ခိုက်ရလိမ့်မယ်လို့"
ဆုလီယန်က ပြောလိုက်ပြီး... နှုတ်ခမ်းကို ဖိကာ ခပ်ဖွဖွ ပြုံးရင်း ကောင်းကင်ဘုံ၏ မိုးကြိုးဘေးဒုက္ခကို ကြည့်လိုက်သည်။
ကုချင်း၀မ်သည် ဆုလီယန်အား အာရုံမစိုက်လိုသဖြင့်... မည်သည့်အမူအရာမျှမပြဘဲ အေးစက်စွာ ပြောလိုက်သည် ... "တကယ်လို့ နင် မကူညီချင်ရင်လည်း... ကူညီစရာ မလိုပါဘူး"
ဆုလီယန်ကမူ ရယ်မောလျက် ပြောသည် ... "နင်တစ်ယောက်တည်းကိုပဲ လူကောင်း အဖြစ်မခံနိုင်ပါဘူး"
ကုချင်း၀မ်နှင့် ဆုလီယန်တို့ စကားပြောနေကြစဉ်မှာပင်... ကောင်းကင်ဘုံ၏ မိုးကြိုးဘေးဒုက္ခ တိမ်တိုက်ကြီးသည် ရုတ်တရက် မည်သည့်သတိပေးချက်မျှမရှိဘဲ ကျယ်လောင်စွာ မြည်ဟည်းသွားခဲ့ပြီး... လက်ပတ်နေသော ငွေရောင် မိုးကြိုးမြွေနဂါးတစ်ကောင်သည် အောက်ဘက်က မီးဖိုဆီသို့ တည့်တည့် ပစ်ချလိုက်တော့သည်
ဆုလီယန်သည် ထိုငွေရောင် မိုးကြိုးမြွေနဂါးဆီသို့ ပထမဆုံး အပြေးအလွှား သွားရောက်ခဲ့သည်။
နှစ်ဖက်စလုံးသည် အလွန်အမင်း လျင်မြန်ကြသဖြင့်... မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်မိသွားကြတော့သည်။
ဆုလီယန်၏ မျက်နှာပေါ်တွင် မည်သည့်ကြောက်ရွံ့မှုမျှ မရှိပါချေ။ ဆုလီယန်သည် မဟာဧကရီတစ်ပါး ဖြစ်နှင့်ပြီးဖြစ်၍ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများထဲမှ အပြည့်အဝ ကျော်လွန်ထားပြီးဖြစ်သဖြင့်... ကောင်းကင်ဘုံ၏ မိုးကြိုးဘေးဒုက္ခသည် ဆုလီယန်အား အန္တရာယ်ပြုနိုင်မည် မဟုတ်ပေ။
သို့သော်လည်း... နှစ်ဖက်စလုံး တိုက်မိသွားသည့် အခိုက်အတန့်တွင်...
ဆုလီယန်၏ မျက်နှာပေါ်တွင် ထိတ်လန့်သွားသော အမူအရာတစ်ခု ချက်ချင်း ပေါ်ပေါက်လာခဲ့ပြီး... နောက်ဆက်တွဲအနေဖြင့် ငွေရောင် မိုးကြိုးမြွေနဂါးသည် ဆုလီယန်၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။
ညည်းတွားသံတစ်ချက်နှင့်အတူ... ဆုလီယန်သည် မီတာပေါင်းများစွာ အောက်သို့ ချက်ချင်းပင် လွင့်စင်ကျဆင်းသွားခဲ့ရသည်။
သူမ၏ ရင်ဘတ်ပေါ်က ဟိုက်ထားသော အနက်ရောင်ဝတ်စုံတွင် ပေါ်ပေါက်လာခဲ့သည့် အပေါက်ကြီးကို ကြည့်ရင်း... ဆုလီယန်၏ အမူအရာသည် ပေါ့ပေါ့ပါးပါး ပုံစံမှနေ၍ ထိတ်လန့်သွားသော ပုံစံသို့ ပြောင်းလဲသွားခဲ့သည်။
သတိပြန်လည်လာသော ဆုလီယန်သည် ကောင်းကင်ယံက ကုချင်း၀မ်ကို စိုက်ကြည့်ရင်း သွားကို ကြိတ်ကာ ပြောလိုက်သည် ... "ဟေး ဒီကောင်က တကယ်တမ်း ဘာအရာကို သွန်းလုပ်နေတာလဲ ဒါက သန့်စင်မြင့်မြတ်သောတာအိုနိယာမ ရဲ့ ကောင်းကင်ဘုံ မိုးကြိုးဘေးဒုက္ခ ပဲ"
ကုချင်း၀မ်သည် အောက်ဘက်က ဆုလီယန်အား တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ချေ။ နောက်ထပ် မိုးကြိုးမြွေနဂါးတစ်ကောင် ပစ်ချလာသည့်အချိန်တွင်... ကုချင်း၀မ်သည် သူမ၏ စွမ်းအားအားလုံးကို ပေါက်ကွဲစေခဲ့ပြီး ဓားတစ်ချက်တည်းနှင့်တင် ဖျက်ဆီးပစ်လိုက်သည်
ကုချင်း၀မ်သည် ဆုလီယန်နှင့် မတူညီပါချေ။ သူမသည် အစကတည်းကပင် ဒီအရာသည် သာမန်ကောင်းကင်ဘုံ မိုးကြိုးဘေးဒုက္ခ လုံးဝမဟုတ်ကြောင်း ယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။
ကုချင်း၀မ်သည် သူမတွင် ဘာဖြစ်လို့ ဒီလိုသော အတွေးမျိုး ရှိနေရသလဲဆိုသည်ကို မသိသော်လည်း... သူမသည် ထိုလူရှုပ်လေးနှင့် ပတ်သက်နေသရွေ့ မည်သည့်အရာမဆို သာမန်ဖြစ်လိမ့်မည်မဟုတ်ဟု ရိုးရှင်းစွာ ခံစားမိခြင်း ဖြစ်သည်။
ထို့ကြောင့် ကုချင်း၀မ်သည် အစကတည်းကပင် အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ခြင်း ဖြစ်သည်။
ဒီအရာအားလုံးကို လုပ်ဆောင်ပြီးနောက်... ကုချင်း၀မ်က မည်သည့်အမူအရာမျှမပြဘဲ အေးစက်စွာ ပြောလိုက်သည် ...
"အောက်ဆင်းပြီး စားစရာရှိတာ သွားစားနေ"
ဆုလီယန် ကြောင်အသွားရသည်။ ယခုအခါ ကုချင်း၀မ်၏ အေးစက်ပြီး မာနကြီးလှသော အမူအရာကို ကြည့်ရင်း... သူမသည် စိတ်ထဲမှ အေးစက်စွာ နှာမှုတ်လိုက်ကာ... အဓိပ္ပာယ်မရှိသော စကားများကို ဆက်မပြောတော့ဘဲ... လေထဲသို့ နောက်ထပ်တစ်ကြိမ် ပျံတက်လျက် ကောင်းကင်ဘုံ မိုးကြိုးဘေးဒုက္ခဆီသို့ အပြေးအလွှား သွားရောက်ခဲ့တော့သည်။
နာရီဝက်ခန့် သို့မဟုတ် ထိုထက်မက ကြာမြင့်ပြီးနောက်တွင်...
ကုချင်း၀မ်နှင့် ဆုလီယန်တို့ နှစ်ဦးစလုံးသည် အနည်းငယ် မောဟိုက်နေကြရပြီး... သူတို့၏ ရင်ဘတ်များသည် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေကြသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ဘုံ မိုးကြိုးဘေးဒုက္ခ၏ တိမ်တိုက်ကြီးသည် ဖြည်းညှင်းစွာ စတင်ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
"နောက်ဆုံးတော့ ပြီးသွားပြီ ဒီကောင်က တကယ်တမ်း ဘယ်လို ခြောက်ခြားဖွယ်ကောင်းလှတဲ့ အရာမျိုးကို သွန်းလုပ်လိုက်သလဲဆိုတာ ငါ သေချာပေါက် ကြည့်ရမယ်"
ဆုလီယန် စကားပြောပြီးနောက်တွင် အောက်သို့ တိုက်ရိုက် ဆင်းသက်လိုက်တော့သည်။
ကုချင်း၀မ်သည် မျက်နှာပြင်ပေါ်တွင် မည်သည့်အမူအရာမျှ မပြသော်လည်း... သူမ၏ စိတ်ထဲတွင်မူ အတိုင်းအဆမရှိ ဝမ်းမြောက်နေမိသည်။
အလွန်အမင်း အစွမ်းထက်လှသော သာလွန်ဆန်းကြယ်လက်နက်ကြီးတစ်ခုသည် ယောင်ချီသန့်စင်နယ်မြေတွင် မွေးဖွားသန့်စင်လာခဲ့ပြီ ဖြစ်သည်။
ဒီအရာသည် ယောင်ချီသန့်စင်နယ်မြေအတွက် သမိုင်းတွင် ကျန်ရစ်စေမည့် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခုပင် ဖြစ်သည်
နောင်အနာဂတ်တွင် အခြားသူများက ဤသာလွန်ဆန်းကြယ်လက်နက်အကြောင်းကို မိတ်ဆက်ကြသည့်အခါ... လက်နက်စတင်မွေးဖွားသန့်စင်ခဲ့သည့် နေရာမှစ၍ သဘာဝကျကျ စတင်ပြောဆိုကြရမည် မဟုတ်လား
ဒီအရာသည် ယခုခေတ်ကာလတွင် ပေါ်ပေါက်လာခဲ့သည့် သာလွန်ဆန်းကြယ်လက်နက်တစ်ခု ဖြစ်သည်... ယောင်ချီသန့်စင်နယ်မြေ၏ နာမည်သည်လည်း ဤသာလွန်ဆန်းကြယ်လက်နက်နှင့်အတူ နှစ်ပေါင်းသိန်းချီတိုင်အောင် အစဉ်အမြဲ လက်ဆင့်ကမ်း ကျန်ရစ်နေမည် ဖြစ်သည်။
မကြာမီ ကုချင်း၀မ်နှင့် ဆုလီယန်တို့သည် ပါးကွ ရှစ်ကွက်မီးဖို၏ နောက်ကွယ်သို့ ဆင်းသက်လိုက်ကြရာ... လုချန်သည် သူ၏ဖင်ကို အပြင်သို့ ထိုးထွက်လျက်... သူ၏ ခန္ဓာကိုယ်တစ်ဝက်ကို ပါးကွ ရှစ်ကွက်မီးဖိုထဲသို့ ထည့်သွင်းထားသည်ကို မြင်တွေ့လိုက်ရသည်။
ဒီမြင်ကွင်းသည်... တကယ်ကို အနည်းငယ် ကြည့်ရဆိုးလှသည်။
ဆုလီယန်သည် သူမ၏ နှုတ်ခမ်းထောင့်များကို အနည်းငယ် တွန့်လိုက်မိပြီး... မိမိရှေ့က မြင်ကွင်းကို ကြည့်ရင်း မျက်ခုံးပင့်ကာ မေးလိုက်သည် ...
"နင်တို့ဂိုဏ်းရဲ့... ဆေးဖော်စပ်တာကလည်း ဒီလိုမျိုးပဲ လုပ်တာလား"
ကုချင်း၀မ် ... "..."
ကုချင်း၀မ်သည်လည်း လုချန်၏ ဒီလိုသော လှုပ်ရှားမှုက မည်သည့်အဓိပ္ပာယ်လဲဆိုသည်ကို နားမလည်ပါချေ... သို့သော် ကုချင်း၀မ် ခံစားရသည်မှာ သူမအနေဖြင့် အနည်းငယ် ခန့်မှန်းနိုင်သည်။
ဘာပဲဖြစ်ဖြစ် ဒီလုချန်ဆိုသည့်ကောင်က သာမန်လူသားတစ်ဦးအဖြစ် နေခြင်းဖြစ်၍... သူသည် အဝေးမှနေ၍ အရာဝတ္ထုများကို မထိန်းချုပ်နိုင်သည့်အတွက်... ဒီလိုသော နည်းလမ်းဖြင့်သာ လုပ်ဆောင်နိုင်ခြင်း ဖြစ်ရမည်...
မဟုတ်ဘူး... အဲဒါက မဟုတ်သေးပါဘူး..
ဘယ်လိုလူသားမျိုးက ဆေးဖော်စပ်တာကို ဒီလိုမျိုး လုပ်မှာမို့လို့လဲ…
ကုချင်း၀မ် စဉ်းစား၍ မရနိုင်တော့ချေ... သို့သော်လည်း မကြာမီမှာပင် ကုချင်း၀မ်သည် ဆက်လက်တွေးတောမနေတော့ပါချေ... အဘယ်ကြောင့်ဆိုသော် လုချန်သည် ပါးကွ ရှစ်ကွက်မီးဖိုထဲမှ ပြန်လည်ထွက်လာခဲ့ပြီး... သူ၏ ရင်ခွင်ထဲတွင် အရာဝတ္ထု အပုံလိုက်ကြီးတစ်ခုကို ပိုက်ထားသောကြောင့် ဖြစ်သည်။
ကုချင်း၀မ်နှင့် ဆုလီယန်တို့ နှစ်ဦးစလုံးသည် အနည်းငယ် ကြောင်အသွားကြရသည်... ခုနတင်က သွန်းလုပ်လိုက်သည့်အရာက တစ်ခုတည်း မဟုတ်ဘူးလား…
သတိပြန်လည်လာသော ကုချင်း၀မ်နှင့် ဆုလီယန်တို့သည် လွန်စွာ စိတ်လှုပ်ရှားသွားကြသည်။
ကုန်ကြမ်းပစ္စည်းများကို သွန်းလုပ်စဉ်ကပင် ဖြစ်ပေါ်ခဲ့သည့် ထူးဆန်းသော ဖြစ်ရပ်ဆန်းနှင့်... ပြီးနောက် ပေါ်ပေါက်လာခဲ့သည့် သန့်စင်မြင့်မြတ်သော တာအိုနိယာမ၏ ကောင်းကင်ဘုံ မိုးကြိုးဘေးဒုက္ခတို့ကြောင့်... ကုချင်း၀မ်နှင့် ဆုလီယန်တို့သည် ထိုအရာက မည်သို့သော ပြိုင်ဘက်ကင်း သာလွန်ဆန်းကြယ်လက်နက်ကြီး ဖြစ်လိမ့်မည်နည်းဟူ၍ လွန်စွာ မျှော်လင့်နေခဲ့ကြခြင်း ဖြစ်သည်။
ဒါပေမဲ့...
လုချန်၏ ရင်ခွင်ထဲတွင် ပိုက်ထားသောအရာများကို သူတို့ သေချာစွာ မြင်တွေ့လိုက်ရသည့် အချိန်တွင်မူ...
ကုချင်း၀မ်နှင့် ဆုလီယန်တို့ နှစ်ဦးစလုံးသည် နေရာတွင်တင် လုံးဝ ဆွံ့အသွားကြရတော့သည်။
ဒါ...
ဒါက ဘာကြီးလဲ…
ဆူးချွန်သုံးခွ ခက်ရင်းသုံးခုလား…
တုတ်ချောင်းသုံးချောင်းလား…