ဒါက သေချာပေါက် အထွတ်အမြတ် ရတနာတစ်ခု ပေါ်ထွန်းလာချိန်တွင် ဖြစ်ပေါ်တတ်သည့် ထူးခြားဆန်းပြားသော ဖြစ်စဉ်တစ်ခုပင် ဖြစ်သည်။
လူတိုင်း၏ မျက်စိရှေ့မှောက်တွင် မြင်တွေ့နေရသော မြင်ကွင်းမှာ ယောင်ချီသန့်စင်နယ်မြေ၏ ခန်းမဆောင်ကြီး မဟုတ်တော့ဘဲ ကျယ်ပြောလှသော တိမ်ပင်လယ်ကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့သည်။
ထို့နောက် မိုးကုတ်စက်ဝိုင်းဆီမှနေ၍ ရောင်စုံတိမ်တိုက်တန်းများ ရုတ်တရက် ပေါ်ထွက်လာခြင်းနှင့်အတူ သက်တံခုံးများ တစ်ခုပြီးတစ်ခု ကျော်လွန်ပေါ်ပေါက်လာခဲ့တော့သည်။
လူတိုင်းက မိမိတို့ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အံ့ဩမှင်တက်စွာ စိုက်ကြည့်နေကြစဉ်အတွင်း ဖီးနစ်ငှက်တစ်ကောင်၏ မြည်ဟီးသံကြီး ရုတ်တရက် ဟိန်းထွက်လာခဲ့၏။
ခန့်ညားထည်ဝါလှသော နတ်ဖီးနစ်ငှက်ကြီးတစ်ကောင်သည် တိမ်ပင်လယ်ထဲမှနေ၍ ပျံသန်းထွက်ပေါ်လာပြီး ၎င်း၏ စောင်းကန်းလှပသော ခန္ဓာကိုယ်ကြီးကို လေထဲတွင် အတောင်ပံအနည်းငယ် ခတ်ပြကာ တိမ်ပင်လယ်ထဲသို့ ပြန်လည်ငုပ်လျှိုး ကွယ်ပျောက်သွားခဲ့သည်။
အိပ်မက်ဆန်လှသော မြင်ကွင်းကို ကြည့်ရင်း လူတိုင်း သေချာရေရာစွာ အတည်ပြုနိုင်ကြခြေပြီ။
ဒါက အထွတ်အမြတ် နယ်ပယ်ပဲ ၎င်းက အထွတ်အမြတ် ရတနာတစ်ခု ပေါ်ထွန်းလာချိန်မှသာ ဖြစ်ပေါ်တတ်သည့် သဘာဝလွန် ထူးခြားဆန်းပြားသော ဖြစ်စဉ်ကြီး ဖြစ်၏။
သို့သော်လည်း... ဒီအထွတ်အမြတ် နယ်ပယ်အတွင်းမှာ ဘာဖြစ်လို့... တစ်ခုခု တူးပုပ်ကျွမ်းခါနီး ညှော်နံ့ကြီး ရနေရတာလဲ။
ပြီးတော့ ဆေးဖော်စပ်ခြင်းအကြောင်း ပြောရရင်... လောလောဆယ်မှာ... အဲဒီကောင်စုတ်လေးတစ်ယောက်ပဲ ဆေးဖော်စပ်နေတာ မဟုတ်ဘူးလား ဘာပဲဖြစ်ဖြစ်... အဲဒီလမ်းကြောင်းက ယောင်ချီသန့်စင်နယ်မြေရဲ့ ဆေးဖော်စပ်မှု နန်းဆောင်ရှိရာ လမ်းကြောင်း မဟုတ်ဘဲ... ရှန်ယွန်းတောင်ထိပ်ရဲ့ လမ်းကြောင်း ဖြစ်နေလို့ပဲ။
ခဏမျှအတွင်း ကုချင်း၀မ် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသည်။ သူနှင့် ထပ်တူပင် ကျီးယန်သည်လည်း ကုချင်း၀မ် စိုက်ကြည့်နေသည့် လမ်းကြောင်းသို့ လှမ်းကြည့်လိုက်ပြီး တစ်စက္ကန့်အတွင်း သူလည်း တစ်စုံတစ်ခုကို ရိပ်မိသွားခဲ့၏။
သို့သော် ကျီးယန်၏ မျက်နှာပေါ်တွင် ရှိနေသော အမူအရာမှာ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ကျီးယန်အနေဖြင့် တောင်ပိုင်းကျန့်ကျိုးတွင် တစ်စုံတစ်ဦးက သူတော်စင်အဆင့် ဆေးလုံး ကို အမှန်တကယ် ဖော်စပ်နိုင်လိမ့်မည်ဟု လုံးဝ မယုံကြည်နိုင်ပါချေ။
ဘာပဲဖြစ်ဖြစ် ကျီးယန်ကိုယ်တိုင် သူတော်စင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်ရန် မည်မျှအထိ ခက်ခဲခက်ခဲ ကြိုးစားခဲ့ရသည်ကို သူကိုယ်တိုင် နှလုံးသားထဲက ကောင်းကောင်း သိရှိထားခြင်းကြောင့် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ကုချင်း၀မ်သည် သတိပြန်ဝင်လာခဲ့ပြီး ကျီးယန်ကိုလည်း ဂရုမစိုက်တော့သလို... လျှို့ဝှက်နယ်မြေကိုလည်း အလေးမထားတော့ခြေ; ယခုအချိန်တွင် ကုချင်း၀မ်သည် လုချန်၏ ဘေးနားသို့ ချက်ချင်း ပြန်သွားချင်စိတ်သာ ရှိတော့သည်။
ထိုကောင်စုတ်လေး ကမ္ဘာပျက်အောင် ဘာတွေ လုပ်နေလဲဆိုတာကို သွားကြည့်ဖို့ပေါ့ သူက ဘယ်လိုလုပ်ပြီး သူတော်စင်အဆင့် ဆေးလုံးတစ်လုံးကို ကလိပြီး ဖော်စပ်လိုက်နိုင်တာလဲ။
နောက်တစ်စက္ကန့်တွင် ကုချင်း၀မ်သည် ခန်းမဆောင်ကြီးအတွင်းမှနေ၍ လေထဲသို့ ပျံသန်းထွက်ခွာသွားခဲ့ပြီး သတိပြန်ဝင်လာခဲ့ကြသော ကျီးယန်... ယောင်ချီသန့်စင်နယ်မြေ ဂိုဏ်းချုပ်နှင့် အခြားသူများကလည်း ချက်ချင်းပင် နောက်ကနေ လိုက်ပါသွားကြတော့သည်။
ရှန်ယွန်းတောင်ထိပ်…
တစ်ကိုယ်လုံးတွင် မီးခိုးမှိုင်းများ ပေကျံနေသော လုချန်သည် ပါးကွရှစ်ကွက်မီးဖိုကြီးထဲမှနေ၍ မီးကျွမ်းပြီး မည်းတူးနေသော အရာဝတ္ထုတစ်ခုကို နှိုက်ထုတ်လိုက်သည်။
ထိုအရာက ကြည့်ရသည်မှာ သိုးချေးတုံးအကြီးစားကြီး တစ်တုံးနှင့် အလွန်ပင် တူလှပေသည်။
လုချန်သည် လှေကားထစ်ပေါ်တွင် ရပ်နေဆဲဖြစ်ပြီး လက်ဖြင့် အနည်းငယ် မြှောက်ကာ နေရောင်ဆီသို့ မျက်နှာမူလျက် သူ အခုလေးတင် ဖော်စပ်ထားသော ဆေးလုံးကို စစ်ဆေးနေခဲ့သည်။
‘တောက်... စောစောက ငါ သေသေချာချာ အာရုံမစိုက်မိလိုက်လို့ တစ်နေရာရာမှာ လွဲချော်သွားတာပဲ’
သူ၏ပထမဦးဆုံးအကြိမ် ဆေးဖော်စပ်ခြင်းက လုချန် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘဲ သူ့ကို အလွန်ပင် ကယောက်ကယက် ဖြစ်သွားစေခဲ့သည်။ နောက်ဆုံးတွင်တော့ ဒီလိုအရာကြီး ထွက်ပေါ်လာခဲ့ရတော့သည်။
လုချန်သည် မိမိလက်ထဲက သိုးချေးတုံးကြီးကို မျက်နှာပျက်ပျက်ဖြင့် ကြည့်ရင်း စိတ်ထဲကနေ ရေရွတ်မိလိုက်သည်...
'ဒီအရာကြီးကို တကယ်ရော စားလို့ရပါ့မလား
'ကုချင်း၀မ်ကို အဆိပ်မိပြီး သေအောင် လုပ်လိုက်မိသလို မဖြစ်ပါဘူးနော်’
'သူမက မဟာဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ဖို့ နှစ်ပေါင်းတစ်သောင်းတောင် တံခါးပိတ်ကျင့်ကြံပြီး ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာ…သူမရဲ့ ခန္ဓာကိုယ်မှာ ရောဂါဝေဒနာ ရှိနေပေမဲ့ နောက်ထပ် သုံးနှစ်လောက်တော့ အသက်ရှင်နိုင်သေးတယ်’
'တကယ်လို့ သူမ ငါ့ရဲ့ ဒီဆေးလုံးကို သောက်လိုက်ပြီး ချက်ချင်းကြီး ပစ်လဲပြီး သေသွားရင် ဒုက္ခပဲနော် '
လုချန် ခဏမျှ တွေးတောပြီးနောက် နှုတ်ခမ်းကို တွန့်လိုက်မိသည်...
'ထားလိုက်ပါတော့... ဆက်တွေးနေလည်း အပိုပဲ’
'ငါ နောက်တစ်လုံး ကောင်းကောင်းလေး ပြန်ဖော်စပ်လိုက်ရင် ပြီးတာပဲလေ’
'ဘာပဲဖြစ်ဖြစ်... တကယ်လို့ ငါက ဒီသိုးချေးတုံးကြီးကို ကုချင်း၀မ်ရဲ့ ရှေ့မှာ သွားချထားပေးလို့... သူမက ၎င်းကို တကယ်ကြီး ကောက်စားမယ်ဆိုရင်တော့... လုချန် တွေးမိတာက သူမရဲ့ ခန္ဓာကိုယ်ထဲက ရောဂါကို ကုသပေးနေဖို့ မလိုတော့ဘူး’
'ကုချင်း၀မ်ရဲ့ ဦးနှောက်ကို အရင်ဆုံး သွားစစ်ဆေးပေးလိုက်တာက ပိုပြီး စိတ်ချရလိမ့်မယ်’
'ခွေးတောင်မှ ဒါကို စားမှာ မဟုတ်ဘူး’
လုချန်သည် ၎င်းကို ထမင်းစားပွဲခုံပေါ်သို့ ပေါ့ပေါ့ပါးပါးပင် ပစ်တင်လိုက်တော့သည်။ ထို့နောက်တွင်မူ လုချန်သည် ဆေးပင်များကို နောက်တစ်ကြိမ် ပြန်လည်ပြင်ဆင်လိုက်၏။ လုချန်တွင် ဆေးပင်များ လိုအပ်ချက် မရှိပါချေ…သူ၏ လှပချောမောလှသော ဆရာမလေးမသည် အပြင်က ပြန်လာတိုင်း လုချန်အတွက် ၎င်းတို့ကို ပုံအောပြီး ပေးတတ်ခြင်းကြောင့် ဖြစ်သည်။
လုချန် ဆေးဖော်စပ်ရန် ထပ်မံ ပြင်ဆင်နေစဉ်မှာတင် သွယ်လျကျော့ရှင်းလှသော ခန္ဓာကိုယ်ကောက်ကြောင်းတစ်ခုသည် ရင်ပြင်ဝင်းအတွင်းသို့ ရုတ်တရက် ဆင်းသက်လာခဲ့တော့သည်။
သူမက ကုချင်း၀မ်ပင် ဖြစ်၏။
ဤအခိုက်အတန့်တွင် ကုချင်း၀မ်သည် လှေကားထစ်ပေါ်တွင် ရပ်နေသော လုချန်ကို မော့ကြည့်လိုက်ပြီး အံ့ဩတုန်လှုပ်စွာဖြင့် မိန့်လိုက်သည်...
“မင်း အခုလေးတင် ဆေးဖော်စပ်လိုက်တာလား”
ကုချင်း၀မ် ဤမျှအထိ မြန်မြန်ဆန်ဆန် ပြန်ရောက်လာသည်ကို မြင်သောအခါ လုချန် ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏...
“ဟုတ်... ဟုတ်ပါတယ်... ဘာဖြစ်လို့လဲ”
လုချန် ကုချင်း၀မ်နှင့် စကားပြောနေစဉ်အတွင်း သူ၏ မျက်ဝန်းများက မိုးကုတ်စက်ဝိုင်းဆီမှနေ၍ အခြားသော လူအုပ်ကြီးတစ်စု ရောက်ရှိလာသည်ကို သတိပြုမိလိုက်သည်။
ရှေ့ဆုံးက ဦးဆောင်လာသူမှာ ယောင်ချီသန့်စင်နယ်မြေ ဂိုဏ်းချုပ် နှင့် အဖိုးအိုတစ်ဦးဖြစ်ပြီး ၎င်းတို့၏ နောက်ကွယ်တွင် လူအုပ်ကြီးတစ်စု ပါဝင်လာခဲ့သည်... သို့သော် ဤလူအုပ်ကြီးသည် လုချန်၏ ရင်ပြင်ဝင်းထဲသို့ ဆင်းမလာကြဘဲ လေထဲတွင်သာ ရပ်တန့်နေခဲ့ကြ၏။
ယခုအခါ ကုချင်း၀မ်သည် လုချန်ကို ကြည့်ကာ အနည်းငယ် စိုးရိမ်တကြီးဖြင့် မိန့်လိုက်သည်...
“ဆေးလုံး ဘယ်မှာလဲ ငါ့ကို ပြစမ်း”
“ဟင်”
လုချန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်; အမှန်အတိုင်း ပြောရလျှင် ထိုဆေးလုံးကို ကုချင်း၀မ်အား ပြသရန် သူ တကယ်ပဲ ရှက်ရွံ့နေမိခြင်း ဖြစ်၏။ ဒါက ကြည့်ရဆိုးလွန်းလှသည် မဟုတ်ပါလား။
လုချန် စကားမပြောသည်ကို မြင်သောအခါ စိုးရိမ်တကြီး ဖြစ်နေသော ကုချင်း၀မ်သည် လေထဲသို့ ပျံတက်သွားပြီး လုချန်၏ ၀တ်ရုံစကို လှမ်းဆွဲကာ သူ့ကို လှေကားထစ်ပေါ်မှ အောက်သို့ ဆွဲချလိုက်တော့သည်။
မိမိ၏ရှေ့တွင် စိုးရိမ်တကြီး ဖြစ်နေသော ကုချင်း၀မ်၏ ပုံစံကို ကြည့်ပြီး လုချန် မိမိတစ်စုံတစ်ခု မှားယွင်းအောင် လုပ်မိသွားပြီလားဟု တွေးတောမိသွား၏။
သူ အချိန်ဆွဲမနေဝံ့တော့ဘဲ အနီးနားရှိ ထမင်းစားပွဲခုံပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်တင်ထားခဲ့သော ဆေးလုံးရှိရာသို့ လက်ညှိုးထိုးပြကာ ပြောလိုက်တော့သည်...
“ဟိုမှာ ရှိပါတယ်... ဘာ... ဘာဖြစ်လို့လဲဧကရီ... ကျွန်တော် တစ်ခုခု မှားလုပ်မိလို့လား”
လုချန် လက်ညှိုးညွှန်ရာ လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်ရာ ကုချင်း၀မ်သည် မည်းတူးနေသော ဆေးလုံးကြီးကို မြင်တွေ့လိုက်ရသည်။ နောက်တစ်စက္ကန့်တွင် ထိုဆေးလုံးသည် ကုချင်း၀မ်၏ လက်ထဲသို့ ပျံသန်းရောက်ရှိသွားခဲ့တော့၏။
ကုချင်း၀မ်သည် မိမိလက်ထဲက ဆေးလုံးကို အံ့ဩမှင်တက်ရသော မျက်နှာပေးဖြင့် စစ်ဆေးကြည့်ရှုလိုက်သည်။ ပြီးနောက် အလွန် လျင်မြန်စွာပင် ကုချင်း၀မ် အတည်ပြုနိုင်သွားခဲ့၏။
ဒါက သူတော်စင်အဆင့် ဆေးလုံးတစ်လုံးပဲ။
ဒါက ကျီးယန်၏ သူတော်စင်အဆင့် ဆေးလုံးကဲ့သို့ တောက်ပကျောက်ပြောင်ပြီး စူးရှတောက်ပမနေဘဲ... ဆန့်ကျင်ဘက်ဖြစ်စွာဖြင့် အလွန်ပင် ကြည့်ရဆိုးလှပြီး ကလေးကစားရာက ရွှံ့စေးတုံးလုပ်ထားတာထက်ပင် မသာလွန်လှပါချေ။ သို့သော်လည်း ဒီအရာက အမှန်တကယ်ပင် သူတော်စင်အဆင့် ဆေးလုံး ဖြစ်နေခြင်းပင်။
တစ်ချိန်တည်းမှာပင် လေထဲတွင် ရှိနေသော ကျီးယန်သည်လည်း ကုချင်း၀မ်၏ လက်ထဲက မည်းတူးနေသော ဆေးလုံးကို စိုက်ကြည့်ရင်း ၎င်းကို အတည်ပြုနိုင်သွားခဲ့သည်။ သေချာပါသည်... ဒါက သူတော်စင်အဆင့် ဆေးလုံး အစစ်အမှန်ပင်။
ကျီးယန်သည် အောက်က ဇဝေဇဝါ ဖြစ်နေသော လုချန်ကို သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား စိုက်ကြည့်နေမိတော့သည်။
“ဒါ... ဒီအရွယ်နဲ့... ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိုအခိုက်အတန့်တွင် ကုချင်း၀မ်၏ ပြိုင်ဘက်ကင်းလှသော မျက်နှာလှလှလေးသည် နောက်ဆုံးတွင်တော့ အိန္ဒြေမဆယ်နိုင်တော့ဘဲ သူမ၏ မျက်နှာပေါ်တွင် လှပလှသော အပြုံးတစ်ပွင့် မည်သည့် ဖုံးကွယ်မှုမျှ မရှိဘဲ ပေါ်ထွက်လာခဲ့တော့သည်။
လုချန်မှာမူ ဘေးနားတွင် လုံးဝကို ဇဝေဇဝါ ဖြစ်လျက် ရပ်နေခဲ့မိ၏။
[ဒီမိန်းမကြီး ရူးသွားတာလား]
[မဖြစ်နိုင်တာ... သူမရဲ့ ဦးနှောက်က တကယ်ကြီး ပျက်စီးသွားတာတော့ မဟုတ်ပါဘူးနော် ]
လုချန်၏ စိတ်ထဲက အတွေးများက ကုချင်း၀မ်၏ စိတ်ထဲတွင် ဟိန်းထွက်သွားခဲ့သည်။
ကုချင်း၀မ်သည် သတိပြန်ဝင်လာခဲ့ပြီး မိမိအား လူအတစ်ယောက်လို စိုက်ကြည့်နေသော လုချန်ကို ကြည့်ကာ နောက်ဆုံးတွင်တော့ စိတ်မထိန်းနိုင်တော့ခြေ။
သူမသည် သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူစင်လှသော လက်ကလေးကို ဆန့်ထုတ်ကာ လုချန်၏ နားရွက်ကို တိုက်ရိုက် လှမ်းဆွဲပြီး ငေါက်လိုက်တော့သည်...
“မင်း ကောင်စုတ်လေး... မင်းက ဆေးဖော်စပ်ခြင်းပညာကို တစ်ခါမှ မထိတွေ့ဖူးဘူးလို့ ပြောနေသေးတယ်ပေါ့”
“သေသေချာချာ ပြောစမ်း”
ကုချင်း၀မ်၏ နားရွက်ဆွဲခြင်းကို ခံလိုက်ရသဖြင့် လုချန် နာကျင်လွန်း၍ သွားကို ကြိတ်ကာ ပြောလိုက်ရ၏...
“ဟေး... မဟုတ်ဘူး... ကျွန်တော် တကယ်ပဲ မလုပ်ဖူး... အရင် လွှတ်ပါဦး... နာတယ်... အား... နာတယ်... တကယ် နာတယ်လို့”
လုချန်၏ နာကျင်နေသော မျက်နှာပေးကို မြင်သောအခါ ကုချင်း၀မ် မှင်တက်သွားရသည်။ သူမ၏ လက်ကလေး အနည်းငယ် လျော့သွားသော်လည်း လုချန်၏ နားရွက်ကို ဆွဲထားဆဲဖြစ်ပြီး ပြောလိုက်၏...
“ဒါဆိုရင် သေသေချာချာ ပြောစမ်း... မင်း စောစောက ငါ့ကို လိမ်ခဲ့တာမလား”
နားရွက်ကို တစ်ချိန်လုံး ဆွဲထားခြင်းကို ခံနေရသည်မှာ အစ်မကြီးတစ်ယောက်က မောင်ငယ်လေးကို ဆုံးမနေသည့်အလား ဖြစ်နေပြီး မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိပါချေ။ လုချန်လည်း စိတ်တိုသွားပြီး သွားကို ကြိတ်ကာ ပြောလိုက်သည်...
“ခင်ဗျား အရင် လွှတ်ဦး; မလွှတ်ရင် ကျွန်တော် ဘာမှ မပြောဘူး”
[ဆေးလုံးကို ဒီလို မဲတူးနေတဲ့ ပုံစံမျိုး ဖြစ်အောင် ဖော်စပ်ထားတာကို... ကျွန်တော် အရင်က ဆေးဖော်စပ်ဖူးတယ်လို့ ဘယ်နေရာမှာ မြင်လို့လဲ ]
[ဟမ်... ငါက ခင်ဗျားကို ကုသပေးဖို့ ဆေးဖော်စပ်ပေးနေတာကို... ငါ့နားရွက်ကို လာဆွဲနေသေးတယ်ပေါ့ ]
[ဒီနေ့ ခင်ဗျား မလွှတ်ရင်... ခင်ဗျားရဲ့ ရောဂါဝေဒနာကို ငါ ဆက်ပြီး ဂရုစိုက်ပေးဦးမလား ကြည့်လိုက်တော့ ]
လုချန်၏ စိတ်ထဲက အတွေးများကြောင့် ကုချင်း၀မ် လုံးဝကို မှင်တက်သွားရတော့သည်။
ဟင်…
ဆေးလုံးကို သူမအတွက် ဖော်စပ်ပေးနေတာ ဟုတ်လား…
ကုချင်း၀မ် သတိပြန်ဝင်လာခဲ့ပြီးနောက် သူမ၏ လက်ကို ချက်ချင်း လွှတ်လိုက်တော့သည်... လုချန်၏ နားရွက်ကို ဆက်ပြီး မဆွဲတော့ဘဲ သူမ၏ လက်ကလေးက လုချန်၏ နားရွက်ဆီသို့ အမြန်ဆုံး ရောက်ရှိသွားကာ အသာအယာ ပွတ်သပ်ပေးရင်း နူးညံ့သိမ်မွေ့စွာ မိန့်လိုက်၏...
“ကဲပါ... ကဲပါ... ငါ လွှတ်လိုက်ပါပြီ... လွှတ်လိုက်ပါပြီ…နာသွားလားဟင်”
ဝေးကွာလှသော နေရာမှ လှမ်းကြည့်နေသည့် ယောင်ချီသန့်စင်နယ်မြေ ဂိုဏ်းချုပ်သည် အောက်က မြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိခဲ့သည်။ သူမ၏ မျက်နှာအမူအရာမှာ ပိုမို၍ ထူးဆန်းလာခဲ့ရ၏။
“ဟို... ဒါ... ဒါ ကလူကျီစယ်နေတာလား”
“ငါတော့ ဆက်မကြည့်ရဲတော့ဘူး... တကယ်ကို ဆက်မကြည့်ရဲတော့ဘူး”
တစ်ချိန်တည်းမှာပင် ကျီးယန်သည် အောက်က မြင်ကွင်းကို စိုက်ကြည့်ရင်း အေးစက်လှသော မျက်နှာပေး ရှိနေခဲ့ပြီး သူ၏ သွားများမှာလည်း ကြိတ်လွန်း၍ ကြေမွလုနီးပါး ဖြစ်နေခဲ့ရတော့သည်။