အခန်း(၃၈)
"မင်း အားလပ်ရက်ခရီးထွက်မလို့လား?"
လမ်းကြောင်းကို သတ်မှတ်ပြီးတဲ့နောက်၊ ဟာတာကေး ဆာတိုရုက အရာရာကို ခရီးဆောင်အိတ်ထဲ အကုန်ထည့်နေတာကို ကြည့်ပြီး ရှီဆူရီက မေးလိုက်တယ်။
ရှီဆူရီက နင်ဂျာသင်တန်းတွေနဲ့ ကြီးပြင်းလာသူမို့ သူ့မှာ အများဆုံးပါတာက အိတ်ကပ်နှစ်ခုစာလောက်ပဲ ရှိတယ်။
လူတွေက သူသေပြီလို့ ထင်ထားကြကတည်းက သူ့မှာ ပိုင်ဆိုင်တဲ့ပစ္စည်းဆိုတာ သိပ်မရှိခဲ့ဘူး။
အစားအသောက်၊ အဝတ်အစား၊ နေ့စဉ်သုံးပစ္စည်းတွေအားလုံးက ဟာတာကေး ဆာတိုရုဆီကပဲ လာတာပါ။
ဘာပဲဖြစ်ဖြစ်၊ ထူးခြားတဲ့ပစ္စည်းတစ်ခုခုကို သုံးမိရင် သူ့အထောက်အထား ပေါ်သွားနိုင်တာကိုး။
ဒါပေမဲ့ အဓိကကတော့ ဟာတာကေး ဆာတိုရုက အသုံးမဝင်တဲ့ အမှိုက်တွေကို အများကြီး ထည့်နေတာပဲ။
"ခရီးသွားတစ်ယောက်လို ခံယူချက်နဲ့ နေရာသစ်တွေကို လည်ပတ်ရတာ မကောင်းဘူးလား?"
"ကီရီဂါကူရဲ (မြူခိုးရွာ) က ယဉ်ကျေးမှုအရ စိတ်ဝင်စားစရာကောင်းတဲ့နေရာ မဟုတ်ဘူးလား?"
ဟာတာကေး ဆာတိုရုက ဘာမှမှားနေတယ်လို့ မထင်ဘဲ လောကကြီးမှာ အဖြစ်အပျက်ဆုံး စကားလိုပဲ ပြန်ဖြေလိုက်တယ်။
လူစားတဲ့ရွာကို အလည်အပတ်သွားသလိုမျိုး မြူခိုးရွာကို သွားမယ်တဲ့လေ—
ဒါက လူစားတဲ့ရွာမှာ မှတ်တမ်းရုပ်ရှင်သွားရိုက်သလိုပဲ။
...
သုံးရက်အကြာ၊ ဟာတာကေးအိမ်မှာ။
ဟာတာကေး ဆာတိုရုက စားပွဲမှာ မိနစ်ဝက်လောက် စာရေးပြီးတဲ့နောက်မှာတော့ သူ့ကလောင်တံကို ချလိုက်တယ်။
ရှီဆူရီကတော့ သူ တကယ်ပဲ ရာထူးမှနှုတ်ထွက်စာကို သေချာထိုင်ရေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
ဟာတာကေး ဆာတိုရုရဲ့ ပုံမှန်လုပ်နေကျအတိုင်းဆိုရင် ရှီဆူရီက သူ့သဘောထားကို ဒီလိုပဲ ထင်ထားတာ—
"ငါသင်ပေးတာကိုပဲ မင်းတို့တွေက ကျေးဇူးတင်သင့်တာ။ ဒူးထောက်ပြီး ငါ့ကို ကျေးဇူးတင်လိုက်ကြစမ်း။"
"ရေးပြီးပြီလား?"
ရှီဆူရီက စူးစမ်းချင်စိတ်နဲ့ ကိုယ်ကိုယိမ်းပြီး ကြည့်လိုက်တယ်။
သန့်ရှင်းတဲ့ စက္ကူအဖြူပေါ်မှာ စာကြောင်းတစ်ကြောင်းပဲ ရှိတယ်-
"ဆရာလုပ်ရတာ ပင်ပန်းတယ်။ ငါကလည်း ငယ်သေးတယ်။ ခရီးတစ်ခုသွားဦးမယ်။ ဘယ်တော့ပြန်လာမလဲ မသိဘူး။ အခုတော့ နှုတ်ထွက်ပြီ။"
ယဉ်ကျေးတဲ့ စကားလုံးတွေ မရှိဘူး။ အသေးစိတ်တွေ မရှိဘူး။
သူ့ကို အလုပ်ကနေ ထုတ်လိုက်စမ်းပါတော့လို့ စိန်ခေါ်နေသလိုမျိုး အရမ်းပေါ့ပေါ့ပါးပါးနိုင်လွန်းတယ်။
ဒီလူက တကယ်ပဲ ဆရာတစ်ယောက်လား?
ရှီဆူရီလည်း ထိုအချိန်မှာ ကာကာရှီနဲ့ ခံစားချက်ချင်း တထပ်တည်းကျနေမိတယ်။
"ဘယ်လိုလဲ? မဆိုးဘူးမလား?"
ဟာတာကေး ဆာတိုရုက စာရွက်ကို ဂုဏ်ယူစွာ မြှောက်ပြလိုက်တယ်။ သူက သူ့လက်ရေးကို သဘောကျနေတာလား၊ ဒါမှမဟုတ် ဒီလို ပျင်းစရာကောင်းတဲ့ နှုတ်ထွက်စာမျိုးကို ရေးပြီး လွတ်မြောက်သွားတာကိုပဲ သဘောကျနေတာလား မသိနိုင်ဘူး။
"...မင်း ဘယ်လိုလုပ်ပြီး ဒီလောက်ကြာကြာ ဆရာလုပ်လာနိုင်တာလဲတောင် မသိတော့ဘူး။"
ရှီဆူရီ စကားဆုံးတာနဲ့ ဟာတာကေးအိမ်ရဲ့ တံခါးကို တွန်းဖွင့်သံ ထွက်လာတယ်။
ကာကာရှီက တံခါးဝမှာ ရပ်နေပြီး အိမ်ထဲက အခြေအနေကို ကြည့်ပြီး အနည်းငယ် အံ့ဩသွားတယ်။
သူ ဟာတာကေး ဆာတိုရု တစ်ယောက်ယောက်နဲ့ စကားပြောနေတာကို ကြားလိုက်ရတယ်ဆိုတာ သေချာပေမဲ့ တံခါးဖွင့်လိုက်တော့ ဆာတိုရု တစ်ယောက်တည်းပဲ ရှိတယ်။
"ဟေ့၊ အချိန်ကိုက်ပဲ!"
"စာချန်ထားစရာတောင် မလိုတော့ဘူး။ ငါ ခဏလောက် ခရီးထွက်မလို့။"
ဟာတာကေး ဆာတိုရုက ခေါင်းကို တိုးကပ်လာတော့ ကာကာရှီက မျက်မှောင်ကြုတ်ပြီး အလိုအလျောက် ဘေးကို ရှောင်လိုက်တယ်။
ခရီးထွက်မယ်?
စစ်ပွဲက ပြီးတာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ပဲ ရှိသေးတယ်၊ နိုင်ငံတွေကလည်း ငြိမ်းချမ်းရေးကို ခက်ခက်ခဲခဲ ထိန်းထားရတာ။
ဒီအချိန်မှာ ခရီးသွားမယ် ဟုတ်လား?
ကာကာရှီက သူ့ကို "ဦးနှောက်များ အဆင်မပြေရင် ဆရာဝန်ပြလိုက်ဦး" ဆိုတဲ့ မျက်လုံးမျိုးနဲ့ ကြည့်လိုက်တယ်။
ဒါပေမဲ့ တကယ်တမ်းတော့ သူ့ကို တားဖို့ အကြောင်းပြချက် မရှိဘူးလေ။
သူတို့နှစ်ယောက်ကြားက အကွာအေဝးက အခုမှ ဖြစ်လာတာ မဟုတ်ဘူး။
ကာကာရှီက ကိုယ့်ဘာသာ အဆောင်ကို ပြောင်းနေတာ ကြာပြီ၊ ဟာတာကေး ဆာတိုရုကလည်း ဘာကြောင့်လဲလို့ တစ်ခါမှ မမေးခဲ့ဘူး။
တစ်ယောက်ကိစ္စ တစ်ယောက်မမေးတာက သူတို့ရဲ့ ဆက်ဆံရေးပုံစံ ဖြစ်နေပြီလေ။
"မင်းသဘောပဲ။ မင်းအလောင်းကိုတော့ ငါ့ကို လာကောက်ခိုင်းမနေနဲ့ဥိီး။"
"ဟမ်? သာမန်လူတွေဆိုရင် 'ခရီးသွားရင် သတိထားပါ' လို့ ပြောရမယ့်နေရာ မဟုတ်ဘူးလား? မင်းကတော့ စကားပြောလည်း မတတ်ဘူး။"
"ငါပြန်လာတဲ့အချိန်ကျရင် မင်းရဲ့ စိတ်ဓာတ်ကျနေတဲ့ အရွယ်ကနေ ကျော်လွန်သွားဖို့ မျှော်လင့်တာပဲ။"
ဟာတာကေး ဆာတိုရုက ကာကာရှီရဲ့ မျက်နှာ တောင့်တင်းသွားတာကို ဂရုမစိုက်ဘူး။ ပြုံးရွှင်စွာနဲ့ပဲ သူ့ဆံပင်ကို ပွတ်သပ်လိုက်ပြီး စားပွဲပေါ်က နှုတ်ထွက်စာကို ကောက်ကိုင်ကာ တံခါးဖွင့်ထွက်သွားတယ်။
အူချီဟာမျိုးနွယ်စု ဖြစ်ရပ်ဖြစ်တာ သုံးလေးရက်လောက် ရှိပြီ။ အစပိုင်းတုန်းကတော့ လူတွေက အဆက်မပြတ် ပြောနေကြပေမဲ့ အခုတော့ အတော်လေး ငြိမ်သက်သွားပြီ။
လူတိုင်းက သူတို့ရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ပြန်လုပ်နေကြပြီလေ—ဘာပဲဖြစ်ဖြစ်၊ သေသွားတာက သူတို့မိသားစုဝင်မှ မဟုတ်တာ။
လူတွေက ကောလာဟလတွေကို လုံလောက်အောင် ပြောပြီးသွားရင် ဘဝက ရှေ့ဆက်သွားတာပဲ။
ဟာတာကေး ဆာတိုရုက ကျောင်းကို ပျင်းရိစွာ လျှောက်သွားနေတုန်း နီးနီးနားနားကနေ ပြတ်သားပြီး ကျယ်လောင်တဲ့ အသံတစ်ခု ထွက်လာတယ်။
"ဆာတိုရု!"
"ဒီမှာ ဘာလုပ်နေတာလဲ? ဒီနေ့ အတန်းမရှိဘူးလား?"
နာရူတိုရဲ့ တောက်ပတဲ့ အပြာရောင်မျက်လုံးတွေ လင်းလက်သွားပြီး ဆာဆူကေးကို ဆွဲခေါ်ကာ ပြေးလာတယ်။
ဆာဆူကေးက သူ့လက်ကို ရုန်းမထွက်နိုင်ဘဲ မျက်နှာက ချက်ချင်း တင်းသွားကာ ဟာတာကေး ဆာတိုရုကို သတ်မတတ် ကြည့်လိုက်တယ်။
"ဒီနေ့တင် မဟုတ်ဘူး၊ ငါ အတန်းတွေ အပြီးတိုင် နားလိုက်ပြီ။"
"ငါ ခရီးတစ်ခုသွားမလို့။"
ခေါင်းနှစ်လုံး—ရွှေရောင်တစ်လုံးနဲ့ အနက်ရောင်တစ်လုံး—နားကို ကပ်သွားပြီးနောက် ဟာတာကေး ဆာတိုရုက လက်ထဲက စာအိတ်ကို ဂုဏ်ယူစွာ ဝှေ့ယမ်းပြလိုက်တယ်။
သူ့မျက်နှာပေါ်က အမူအရာက "ငါက ဆရာအလုပ်ကနေ ထွက်လို့ရပြီ၊ မင်းတို့ကတော့ ကျောင်းတက်ရဦးမယ်" လို့ ပြောနေသလိုပဲ။
သာမန်နှုတ်ဆက်ခြင်းမျိုးဆိုရင် နာရူတိုက နည်းနည်း စိတ်လှုပ်ရှားသွားမှာ အသေအချာပဲ။
ဒါပေမဲ့ ဟာတာကေး ဆာတိုရုက ခရီးပျော်ပျော်ပါးပါး ထွက်သွားမယ့်ပုံစံ ပြောလိုက်တော့ ကောင်လေးရဲ့ အတွေးတွေက ချက်ချင်း ပြောင်းသွားတယ်။
နာရူတိုရဲ့ မျက်လုံးတွေက ဆာတိုရုလက်ထဲက နှုတ်ထွက်စာကို ကြည့်ပြီး တောက်ပသွားတယ်။
"အရမ်းမိုက်တယ်! ဆာတိုရု-ကိုကြီး၊ ကျွန်တော်လည်း စာရေးပြီး ခရီးထွက်လို့ရမလား?"
"နင်ဂျာတွေက အလုပ်ကနေ ထွက်လို့မရဘူး၊ ဒီကောင်လူမိုက်ကြီးရာ။"
ဆာဆူကေးက ဘေးကနေ ဝင်ပြောလိုက်တယ်။ သူတို့အခြေအနေက ဟာတာကေး ဆာတိုရုနဲ့ မတူဘူးလေ။
ရက်ပိုင်းအတွင်းမှာပဲ အီတာချီ ထွက်သွားပြီ၊ ကျန်တဲ့ မျိုးနွယ်ဝင်တွေကလည်း ပြောင်းရွှေ့ခံလိုက်ရပြီ။
ဒါကြောင့် ဟာတာကေး ဆာတိုရု ထွက်သွားတာက ဆာဆူကေးအတွက်တော့ ထူးဆန်းတဲ့ကိစ္စ မဟုတ်တော့ဘူး။
ဘာပဲဖြစ်ဖြစ်၊ သူတို့နှစ်ယောက်ကလည်း အဲ့လောက်ကြီး ရင်းနှီးတဲ့သူတွေ မဟုတ်ဘူးလေ။
ပြီးတော့ ဆာဆူကေးကတော့ ဟာတာကေး ဆာတိုရုလိုမျိုး အရည်အချင်းရှိပေမဲ့ ပြဿနာရှာတတ်တဲ့သူမျိုး ရွာမှာ ဒီလောက်ကြာကြာ နေနိုင်ခဲ့တာကိုပဲ အံ့ဩမိတယ်။
"ငါ့ကို ဘာလို့ အော်နေတာလဲ? မင်းကရော အလုပ်ထွက်ဖူးတာမှတ်လို့လား။"
သူတို့က သူငယ်ချင်းကောင်းတွေလို ဖြစ်နေကြပြီး အချိန်နဲ့ နေရာကို ကြည့်ရရင် ကျောင်းကို အတူတူ ပျက်ထားပုံရတယ်။
ဘယ်လောက်တောင် ရင်းနှီးတဲ့ သူငယ်ချင်းတွေလဲ။
ဟာတာကေး ဆာတိုရုက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ယောက်ရဲ့ ပါးတွေကို ဆွဲညှစ်လိုက်တယ်။
"အေးပေါ့၊ အခုထိတော့ မဟုတ်သေးဘူးပေါ့—ဒါပေမဲ့ ဘယ်သူသိမှာလဲ၊ တစ်နေ့နေ့ကျရင် ဖြစ်လာမှာပေါ့။"
"ကဲ၊ ငါသွားတော့မယ်။ မင်းတို့အတွက် အမှတ်တရလက်ဆောင်တွေ ပါလာခဲ့မယ်။"
ဒါပေမဲ့... ဘယ်တော့ပြန်လာမလဲဆိုတာ ဘယ်သူသိမှာလဲ။
ဟာတာကေး ဆာတိုရုက ပုံစံကျကျနဲ့ လမ်းလျှောက်ထွက်သွားတယ်။
...
ကျောင်းအုပ်ကြီးက ဟာတာကေး ဆာတိုရုရဲ့ မျက်နှာကို မြင်လိုက်တာနဲ့ ခေါင်းကိုက်လာတယ်။
ဒါပေမဲ့ သူ နှုတ်ထွက်စာ တင်မလို့ဆိုတာ ကြားလိုက်တာနဲ့ မျက်နှာက ပျော်ရွှင်မှုတွေနဲ့ လင်းလက်သွားတယ်။
ဟာတာကေး ဆာတိုရုက ကျောင်းသားတွေကို တိုးတက်အောင် လုပ်ပေးရာမှာ အရမ်းတော်တဲ့ ဆရာတစ်ယောက် ဖြစ်ပေမဲ့ သူ့ရဲ့ စည်းကမ်းဖောက်ဖျက်မှုတွေနဲ့ ထူးဆန်းတဲ့ အပြုအမူတွေက ကျောင်းအုပ်ကြီးကို အမြဲတမ်း ခေါင်းကိုက်စေခဲ့တာ။
"ဘာမှမဖြစ်ဘူး။ မင်းက ငယ်ပါသေးတယ်။ လောကကြီးကို ထွက်ပြီး လေ့လာတာက တကယ်တော့ ကောင်းတဲ့ကိစ္စပါ။"
ကျောင်းအုပ်ကြီးက သူ့ရဲ့ ပါးရှားနေတဲ့ ဆံပင်တွေကို ဖွလိုက်တယ်—နောက်ဆုံးတော့ သူ့ရဲ့ ထိပ်ပြောင်ခြင်း ပြဿနာကနေ ခဏလောက် အနားရပြီပေါ့။
ဟာတာကေး ဆာတိုရုက သူ့သဘောနဲ့သူ နှုတ်ထွက်သွားတာလေ။ စာက ဘယ်လောက် ပေါ့ပေါ့ဆဆ ရေးထားရေးထား၊ သူထွက်သွားဖို့ပဲ အရေးကြီးတာ။
သီးသန့်သင်တန်းတွေအတွက်တော့ ဟာတာကေး ဆာတိုရုက မိသားစုတစ်ခုချင်းစီဆီကို ကိုယ်တိုင်သွားပြီး နှုတ်ဆက်ခဲ့တယ်။
သူအလုပ်လုပ်ခဲ့တဲ့သူတွေကို နှုတ်ဆက်ဖို့ပဲ တစ်နေ့တာ ကုန်သွားတယ်။ ပုံမှန်သင်ပေးနေတုန်းကတော့ ဒီလောက်တောင် လူတွေနဲ့ ဆက်သွယ်မိထားမှန်း သတိမထားမိခဲ့ဘူး။
ဒါပေမဲ့ အခု ထွက်သွားတော့မှ သူက ချိတ်ဆက်မှုတွေ အများကြီး လုပ်ထားခဲ့မိမှန်း သိလိုက်ရတယ်။
အင်း... ဒါက မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။
ဟာတာကေး ဆာတိုရု ရွာတံခါးကနေ အကွာအဝေးတစ်ခု ရောက်သွားတဲ့အခါ၊ ပုန်းနေတဲ့ ရှီဆူရီက အနီးအနားက သစ်ပင်ပေါ်ကနေ ခုန်ချလာတယ်။
"ဆိပ်ကမ်းဘက်ကို သွားရအောင်။”