အခန်း (၃၁)
အူချီဟာ ရပ်ကွက်ထဲသို့ ဝင်ဝင်ချင်း အီတာချီမှာ အိမ်သို့ အမြန် ပြေးသွားသည်။ အာဏာသိမ်းမှု မစတင်ခင် သူ၏ ဖခင်ကို တားဆီးရမည်။ ရွေးချယ်စရာ လမ်းစရှိနေသရွေ့ သူ၏ မိသားစုကို ကာကွယ်ချင်သည်။ ထိုလူကို မြင်လိုက်ရပြီးနောက် သူ၏ ရင်ဘတ်ထဲတွင် ဝမ်းမြောက်ခြင်း လှိုင်းဂယက်များ ပြည့်နှက်နေသည်။ ရှီဆူအီ—သူ အသက်ရှင်နေနိုင်သေးသည်။ ပြိုလဲလုနီးပါး ဖြစ်နေသော အရာအားလုံးမှာ ပြန်လည် ပြုပြင်နိုင်မည့် အခွင့်အရေး ရှိလာနိုင်သည်။
ရွာနှင့် အူချီဟာ မျိုးနွယ်စု နှစ်ဖက်လုံးအတွက် ထောက်လှမ်းရေး လုပ်ပေးနေရသည့်အချိန်ကစပြီး အိီတာချီမှာ အမှောင်ထဲတွင်သာ နေထိုင်ခဲ့ရပြီး ငြိမ်းချမ်းမှုကို တစ်ခါမျှ မရခဲ့ပေ။ သို့သော် ယခု နောက်ဆုံး အခိုက်အတန့်တွင် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ သူ တာဝန်ယူရမည့် အရာများ ရှိနေသေးလျှင်တောင်မှ ထိုမျှော်လင့်ချက်လေးကို သူ တတ်နိုင်သမျှ တင်းတင်း ဆုပ်ကိုင်ထားချင်သည်။ အူချီဟာ မာဒါရာနှင့် ချုပ်ဆိုထားသည့် သဘောတူညီချက်ကို သူ မေ့မထားသေး—ဒါပေမဲ့ ဒါက လျှို့ဝှက်စွာ စီစဉ်ထားခြင်း ဖြစ်သည်။ သူသည် ၎င်းကို ဟာတာကေး ဆာတိုရူထံမှ ဖုံးကွယ်ထားခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် အရင်က ပေါ်မလာခဲ့ပေ။ ဒီညမှာ သူတို့နှစ်ယောက်နဲ့ အရာအားလုံးကို ဖြေရှင်းရတာကတင် အတော်လေးကို အထိန်းအကွပ်မဲ့နေပြီ ဖြစ်သည်။ ဖခင်ကို စည်းရုံးပြီးလျှင် သူသည် အူချီဟာ မာဒါရာကို ကိုယ်တိုင် ရင်ဆိုင်သွားမည်။
ဒါပဲ သူ လုပ်နိုင်သည့်အရာ ဖြစ်သည်။
ဟာတာကေး ဆာတိုရူသည် အိီတာချီ၏ ပုံရိပ် ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်ပြီးနောက် သူ၏ မျက်နှာဖုံးကို ပြန်ပြင်တပ်လိုက်သည်။ သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် အနီးအနားမှ ကျောက်စားပွဲခုံတစ်လုံးကို အူချီဟာ မျိုးနွယ်စု ဂိတ်ပေါက်ရှေ့သို့ ဆွဲယူလာကာ ကုလားထိုင်တစ်လုံးကိုပါ ယူလာသည်။ သူသည် ကုလားထိုင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်လိုက်ပြီး ရှီဆူအီကို လှည့်ကြည့်သည်။
"ဘယ်လိုလဲ? 'ဒီလမ်းက ငါ့လမ်း၊ ဒီသစ်ပင်က ငါ့သစ်ပင်၊ ဖြတ်ချင်ရင် လမ်းကြေးပေး' လို့ ပြောတဲ့ လူတွေထဲက တစ်ယောက်လို မခံစားရဘူးလား?"
ဟာတာကေး ဆာတိုရူသည် မေးစေ့အောက်လက်ေထာက်ကာတွင် အေးဆေးသည့် ပုံစံမျိုး လုပ်လိုက်ပြီး ရှီဆူအီကို မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။ ရှီဆူအီသည် သူ၏ မျက်နှာကို စိုက်ကြည့်သော်လည်း မျက်နှာဖုံး အနည်းငယ် လှုပ်ရှားသွားခြင်းမှ သူ မျက်ခုံးပင့်လိုက်သည်ဟုသာ ခန့်မှန်းရသည်။ ထိုစကားစုကတော့ ရှီဆူအီကို လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားစေသည်။ ဟာတာကေး ဆာတိုရူသည် သူ၏ ကိုယ်ပိုင် စည်းချက်အတိုင်း ထူးဆန်းသော စကားများကို အမြဲ မြန်မြန်ဆန်ဆန် ပြောတတ်သည်။ တကယ်တော့ သူသည် ရက်ပါ တစ်ယောက်အဖြစ် မွေးဖွားလာသူလိုပင်။ ရှီဆူအီသည် သူပြောသည်ကို သေချာ နားမလည်သော်လည်း အလိုက်တသိ ရှိတတ်သည့် အနုပညာကို ကျွမ်းကျင်သည်။ သူသည် ဟာတာကေး ဆာတိုရူကို ခေါင်းညိတ်ပြလိုက်ပြီး၊
"မဆိုးဘူး။ တော်တော် မိုက်တယ်။" ဟု ပြောလိုက်သည်။
ဟာတာကေး ဆာတိုရူ၏ အပြုံးမှာ ပို၍ ကျယ်လာပြီး သူသည် မျိုးနွယ်စုအတွင်းမှ နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ သူသည် ရန်သူများကို စူးစမ်းရန် စစ်အိုင်းစ် ကို သုံးရာတွင် အတော်လေး ကျွမ်းကျင်နေပြီဖြစ်သည်။ အကွာအဝေးမှာ အူချီဟာ မျိုးနွယ်စု တစ်ခုလုံးကို ဖုံးလွှမ်းရန် မလုံလောက်သော်လည်း၊ သူက ရုန်းရင်းဆန်ခတ် ဖြစ်အောင် လုပ်ပေးရုံသာ လိုသည်။ အမြစ် အဖွဲ့ဝင် အချို့ ဝင်လာပြီဆိုလျှင် ကျန်သူများမှာ နောက်ကလိုက်လာကြလိမ့်မည်။
"ကောင်းပြီ! လုပ်လိုက်တော့၊ ရှီဆူအီ!"
"မင်းနောက်ကို လိုက်ဖမ်းနေတဲ့ သူတွေကို သူတို့ ပေးခဲ့တဲ့ စွမ်းအင်အတိုင်းပဲ ပြန်ပေးလိုက်!"
ရှီဆူအီသည် ရယ်မောလိုက်ပြီး တစ်ခဏချင်းတွင် ပျောက်ကွယ်သွားသည်။ မိနစ်ပိုင်းအတွင်းမှာပင် ဟာတာကေး ဆာတိုရူ လက်ညှိုးထိုးပြထားသည့် အရပ်မှ ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ အူချီဟာ မျိုးနွယ်စု အတွင်းမှ မီးခိုးလုံးကြီးများ တက်လာသည်။ တိုက်ပွဲမှာ စတင်နေပြီ ဖြစ်သည်။ ဟာတာကေး ဆာတိုရူသည် အူချီဟာ ယပ်တောင်သင်္ကေတများ ရေးထိုးထားသော ကုလားကာများကို ကြည့်ကာ မေးစေ့ကို လက်ဖြင့် ထောက်ထားလိုက်သည်။ လေပြေမှာ ကုလားကာများကို အသာအယာ လှုပ်ယမ်းနေသည်။
"ကျေးဇူးပြုပြီး အာဏာသိမ်းတာကို ရပ်လိုက်ပါ။ ဒါကို ဖြေရှင်းဖို့ တခြားနည်းလမ်းတွေ ရှိပါသေးတယ်။"
လူအားလုံး၏ ရှေ့တွင် အီတာချီသည် ဖူဂါကူ၏ ရှေ့၌ ဒူးထောက်လိုက်ပြီး သူ၏ မျက်နှာမှာ ခိုင်မာနေသည်။
"ဘာပဲဖြစ်ဖြစ်၊ ကျေးဇူးပြုပြီး ဒီရပ်ကွက်ကနေ မထွက်ပါနဲ့!"
အခန်းတစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ ဖူဂါကူမှာ ခဏမျှ ရပ်တန့်သွားသည်။ အီတာချီမှာ အာဏာသိမ်းမှုကို ဘယ်တုန်းကမှ မထောက်ခံခဲ့ပေ။ သို့သော် သူ သေချာပေါက် အားမရှိခင်ကလည်း အိတာချီမှာ လူသိရှင်ကြား ကန့်ကွက်ခြင်း မရှိခဲ့ပေ။ ယခု အာဏာသိမ်းမှု မစခင်လေးတွင် သူ ရုတ်တရက် ထွက်လာပြီး ကန့်ကွက်ခြင်းမှာ သူနှင့် လုံးဝ မတူပေ။ အိတာချီမှာ အရာအားလုံးကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာတွေ့သွားပြီဟု သူ ခန့်မှန်းရသည်။ ဖူဂါကူသည် အီတာချီကို ယုံကြည်သည်။
သို့သော် အခြေအနေအရ သူက သိသာအောင် မလုပ်နိုင်ပေ။ အခန်းထဲမှ မျက်လုံးအားလုံးမှာ ဖူဂါကူနှင့် အိတာချီကို စိုက်ကြည့်နေကြသည်။ ဖူဂါကူ၏ လှုပ်ရှားမှုတိုင်းက လူတို့၏ အမြင်ကို ပြောင်းလဲစေနိုင်သည်။ မျိုးနွယ်စုဝင်များမှာ အိတာချီအပေါ် ယုံကြည်မှု ကုန်ဆုံးနေပြီ ဖြစ်သဖြင့် ဖူဂါကူအနေဖြင့် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အတိုင်း လူများ သူ့ကို ယုံကြည်အောင် လုပ်ရမည်။
ကျယ်လောင်သော လက်ခတ်သံနှင့်အတူ အိီတာချီ၏ မျက်နှာပေါ်တွင် လက်ဝါးရာ ထင်သွားသည်။ ဖူဂါကူ၏ လက်မှာ အနည်းငယ် တုန်ယင်နေပြီး သူက ပြင်းထန်စွာ အော်ဟစ်လိုက်သည်။
"မင်း ဘာလို့ ပြန်လာတာလဲ?!"
စောင့်ကြည့်နေသော မျက်လုံးအားလုံးမှာ ဖခင်နှင့် သားကို စိုက်ကြည့်နေကြပြီး သူတို့မျက်နှာတွင် လှောင်ပြောင်ရိပ်များ ထင်ဟပ်နေသည်။ အိတာချီမှာ မျိုးနွယ်စုမှာ ကယ်တင်၍ မရအောင် ပုပ်သိုးနေပြီဆိုတာ သိလိုက်သည်။ သူသည် ဖူဂါကူ၏ ခက်ခဲမှုကိုလည်း အကောင်းဆုံး နားလည်သည်။ ဖူဂါကူကိုယ်တိုင်က မလုပ်ချင်သော်လည်း လူများက သူ့ကို ဖိအားပေးနေကြသည်။ အိတာချီသည် ခေါင်းကို မမော့ဘဲ မျက်လုံးကို အောက်သို့ ချလိုက်သည်။
"ကျေးဇူးပြုပြီး အပြင်မထွက်ပါနဲ့။"
"ဘာပဲဖြစ်ဖြစ်၊ ဒီည အိမ်ကနေ ဘယ်ကိုမှ မထွက်ပါနဲ့။"
အိီတာချီ၏ လုပ်ဆောင်ချက်တိုင်းက အစွန်းရောက်ဝါဒီများကို ပို၍ စိတ်တိုစေသည်။
"သစ္စာဖောက်!"
"ရှီဆူအီ သေသွားကတည်းက သူ့ကို မယုံကြည်သင့်မှန်း ငါ သိခဲ့တာ!"
"မင်း မလုပ်ရင် ငါတို့ပဲ သွားမယ်!"
အောက်တွင် ထိုင်နေသော အစွန်းရောက်ဝါဒီများမှာ ဒေါသဖြင့် အော်ဟစ်လိုက်ကြသည်။ အော်ဟစ်သံများ ကျယ်လောင်လာချိန်တွင် အပြင်ဘက်မှ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ယမ်းမှုန့်နံ့များ ပြန့်လွင့်လာပြီး သူတို့သည် ၎င်းမှာ အိီတာချီနှင့် သူ့အဖွဲ့၏ သစ္စာဖောက်မှုဟု ချက်ချင်း ယူဆကာ အပြင်သို့ အပြေးအလွှား ထွက်သွားကြသည်။ ဖူဂါကူနှင့် မီကိုတိုတို့မှာ အိိီတာချီကို စောင့်ကြည့်ရန် အိမ်ထဲတွင် ကျန်ရစ်ခဲ့သည်။ အပြင်ရောက်သောအခါ အဖွဲ့မှာ နှစ်ဖွဲ့ ကွဲသွားသည်။ အဖွဲ့ငယ်တစ်ခုက ပေါက်ကွဲမှုကို သွားစစ်ဆေးပြီး ကျန်သူများမှာ အဓိက ဂိတ်ပေါက်ဆီသို့ တည့်တည့် ဦးတည်သွားကြသည်။
သို့သော် မျိုးနွယ်စု ဂိတ်ပေါက်သို့ ရောက်သောအခါ၊ မျက်နှာဖုံး တပ်ထားသည့် ထူးဆန်းသော လူတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ လရောင်အောက်တွင် သူသည် အူချီဟာ ဂိတ်ပေါက်၌ ပေါ့ပေါ့ပါးပါး ထိုင်နေသည်။ သူတစ်ယောက်တည်းက သူတို့ကို အကုန် တားဆီးရန် စီစဉ်ထားသကဲ့သို့ပင်။ သူတို့မှာ အီတာချီက ရန်သူတချို့ ခေါ်လာမည်ဟု ထင်ထားခဲ့သော်လည်း လူတစ်ယောက်တည်း ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ထိုလူမှာ အရပ်ရှည်ပြီး ပိန်သွယ်ကာ အသက် ၁၆၊ ၁၇ နှစ် ဝန်းကျင်သာ ရှိပုံရသည်။
လူအုပ်ကြီးမှာ တစ်စုံတစ်ယောက်က ခလုတ်နှိပ်လိုက်သကဲ့သို့ တိတ်ဆိတ်သွားသည်။ ကျောက်စားပွဲခုံမှာ အတွင်းနှင့် အပြင်ကို လုံးဝ ပိုင်းခြားထားသကဲ့သို့ ဖြစ်နေသည်။ ဟာတာကေး ဆာတိုရူသည် သူတို့ကို ခဏ စိုက်ကြည့်လိုက်ပြီး ခေါင်းကို စောင်းကာ ပျော်ရွှင်သော လေသံဖြင့် ပြောလိုက်သည်။
"ဝါး—လူတွေ အများကြီးပဲ။ အူချီဟာတွေ ဒီလောက် အဖွဲ့ဝင် များမှန်း ငါ မသိခဲ့ဘူး။"
"ဒါပေမဲ့ ငါ အရင်က မပြောခဲ့ဘူးလား၊ ခုနစ်ယောက်ကို တစ်ယောက်ဆိုတာ အပြင်ကို မထွက်လာသင့်ဘူးလို့?”