အခန်း (၅၀) - ဖုံးကွယ်ခြင်း အရောင်။ တစ်နှစ်အကြာ စိန့်ဝိညာဉ်ကျေးရွာသို့ ပြန်လည်ရောက်ရှိခြင်း
[ထားလိုက်ပါတော့လေ။ ငါ ဆက်မရေးတော့ဘူး။ ငါသာဆိုရင် ရှောင်ဝူကို ကိုယ်ကျိုးစွန့် ယဇ်ပူဇော်မယ့် အခွင့်အရေးတောင် ပေးမှာ မဟုတ်ဘူး]
ဤမျှ တိုက်ဆိုင်လွန်းလှသော ကိစ္စနှင့် ပတ်သက်၍ အမျိုးသမီးဇာတ်ဆောင်များ အားလုံးက သံသယ ဝင်မိကြသည်။ ဒီလောကကြီးမှာ ဒီလို တိုက်ဆိုင်လွန်းတဲ့ ကိစ္စမျိုး တကယ်ကြီး ရှိနေနိုင်လို့လား။
ထို့အပြင် ထန်ဆန်းက ရှောင်ဝူ၏ နှစ်တစ်သိန်းသက်တမ်း ဝိညာဉ်ကွင်းနှင့် ဝိညာဉ်အရိုးကို လုံးဝ အသုံးမပြုပါဘူးဟု ပြောခဲ့သော်လည်း နောက်ပိုင်းတွင် အကြိမ်ကြိမ် အသုံးပြုခဲ့သည်။ ကိုယ်ခန္ဓာမဲ့၊ ချက်ချင်းသတ်ဖြတ်သောရှစ်ဆင့်ချပစ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်း နှင့် ထူးချွန်သော ရွှေရောင်ခန္ဓာကိုယ် စသည့် ရှောင်ဝူ၏ ဝိညာဉ်စွမ်းရည် အမည်များကို ကြည့်ခြင်းအားဖြင့် ရှောင်ဝူ၏ စွမ်းရည်အများစုမှာ အသက်ကယ် စွမ်းရည်များ ဖြစ်ကြောင်း ထင်ရှားနေပေသည်။
နောက်ပိုင်းတွင် ထန်ဆန်းက ထိုစွမ်းရည်များကို၊ အထူးသဖြင့် ဝိညာဉ်အရိုး စွမ်းရည် နှစ်ခုကို သူကိုယ်တိုင် တက်တက်ကြွကြွ အသုံးပြုခဲ့ခြင်း ဖြစ်ရမည်ဟု မိန်းကလေးများ ခန့်မှန်းမိကြလေသည်။
ဘီဘီတုန်းကမူ ဤကိစ္စကို ပို၍ ယုတ္တိတန်တန် ရှုမြင်လေသည်။ သူမကိုယ်တိုင်လည်း ယခင်က အချစ်ကိုသာ ကိုးကွယ်ခဲ့ဖူးသူ တစ်ယောက် ဖြစ်ရာ အခြေအနေကို ယေဘုယျအားဖြင့် ခန့်မှန်းနိုင်လေသည်။
ပထမအချက်အနေဖြင့် ရှောင်ဝူ၏ ဝိညာဉ်က ဝိညာဉ်ကွင်းနှင့် ဝိညာဉ်အရိုးများထဲတွင် တည်ရှိနေပြီး ကိုယ်ပိုင် အသိစိတ် ရှိနေသောကြောင့် ထန်ဆန်း အန္တရာယ်နှင့် ကြုံတွေ့ရတိုင်း သူ၏ အသက်ကို ကာကွယ်ရန်အတွက် သူမ၏ ဝိညာဉ်စွမ်းအားများ ကုန်ခန်းသွားမည်ကိုပင် ဂရုမစိုက်ဘဲ ဝိညာဉ်ကွင်းနှင့် ဝိညာဉ်အရိုး စွမ်းရည်များကို တက်တက်ကြွကြွ အသုံးပြုလိမ့်မည်မှာ သေချာလှပေသည်။
ထို့ကြောင့် စူးမင်၏ ဒိုင်ယာရီထဲတွင် ရေးသားထားသော အကြောင်းအရာများ၌ သူ၏ ကိုယ်ပိုင် ခံစားချက်များ ပါဝင်နေပြီး အလွန်အမင်း ဓမ္မဓိဋ္ဌာန် မကျသော်လည်း ၎င်း၏ ယုံကြည်ရမှုမှာ ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ် ရာခိုင်နှုန်းထက်တော့ ကျော်လွန်နေမည် ဖြစ်သည်။
နေရာရွှေ့ပြောင်းခြင်း နှင့် ထူးချွန်သော ရွှေရောင်ခန္ဓာကိုယ် တို့မှာ အရိုးပျော့ယုန် ၏ ထူးခြားသော ကိုယ်ပိုင်စွမ်းရည် နှစ်ခုဖြစ်ပြီး လက်တွေ့ အသုံးချနိုင်စွမ်း အလွန် မြင့်မားလှသည်။ နောက်ပိုင်းတွင် ထန်ဆန်းက ၎င်းတို့ကို တက်တက်ကြွကြွ အသုံးမပြုခဲ့ဘူး ဆိုသည်ကို သူမ လုံးဝ မယုံကြည်ချေ။ အကြိမ်အနည်းငယ်လောက် သက်သက်တော့ လုံးဝ မဖြစ်နိုင်ပေ။
[ဒင်... ယနေ့ ဒိုင်ယာရီတွင် ဟို့စ် အနေဖြင့် မည်သည့် အမျိုးသမီးဇာတ်ဆောင်ကိုမျှ နာမည် ဖော်ပြခဲ့ခြင်း မရှိသောကြောင့် ယနေ့အတွက် ဆုလာဘ် မရှိပါ။]
[ဟို့စ်က ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခဲ့သောကြောင့် အမျိုးသမီးဇာတ်ဆောင် အားလုံးက ဆုလာဘ် ရရှိပါမည်။ ဆုလာဘ်များ - ဖုံးကွယ်ခြင်း အရောင် နှင့် ဝိညာဉ်စွမ်းအား တစ်ဆင့် တိုးတက်လာခြင်း။]
ဝိညာဉ်စွမ်းအား တစ်ဆင့် တိုးလာသည့် ဆုလာဘ်ကို မြင်လိုက်ရသောအခါ အပျော်ရွှင်ဆုံးသူမှာ သေချာပေါက် ဘီဘီတုန်းပင် ဖြစ်လေသည်။ ရာက္ခသနတ်ဘုရား စမ်းသပ်မှုများ တွင် ပါဝင်နေရသဖြင့် သူမ၏ စွမ်းအားများ ကန့်သတ်ခံထားရသည်။ ယခုအခါ ဤဝိညာဉ်စွမ်းအား တစ်ဆင့် တိုးတက်လာမှုကြောင့် သူမ၏ အထွတ်အထိပ် စွမ်းအားဆီသို့ တစ်လှမ်း ပိုမို နီးကပ်သွားခဲ့ပြီ ဖြစ်လေသည်။
သေချာတာပေါ့။ အခြားသော အမျိုးသမီးဇာတ်ဆောင်များမှာလည်း အလွန် ပျော်ရွှင်နေကြလေသည်။ မည်သို့ပင်ဆိုစေ အလကား ရလာသော ဝိညာဉ်စွမ်းအားက တကယ်ကို ချိုမြိန်လှသည် မဟုတ်ပါလော။
ထို့နောက် ချက်ချင်းပင် ဖုံးကွယ်ခြင်း အရောင် ၏ အသေးစိတ် ဖော်ပြချက်ကို သူတို့ မစောင့်ဆိုင်းနိုင်တော့ဘဲ ဖတ်ရှုလိုက်ကြသည်။
[ဖုံးကွယ်ခြင်း အရောင် - မိမိ၏ ဝိညာဉ်ကွင်း အရောင်များကို ပြောင်းလဲနိုင်ပြီး ဝိညာဉ်ကွင်းများမှ ထွက်ပေါ်လာသော အငွေ့အသက်ကိုလည်း ပြောင်းလဲနိုင်သည်။ သို့သော် ထိုအငွေ့အသက်က ဝိညာဉ်ကွင်း၏ မူလ ပိုင်ဆိုင်ထားသော စွမ်းအားထက်တော့ ကျော်လွန်၍ မရနိုင်ပါ။]
ဤမှတ်ချက်ကို မြင်လိုက်ရသောအခါ စနစ် ဘာကို ဆိုလိုချင်ကြောင်း မိန်းကလေးများ လျင်မြန်စွာ သဘောပေါက်သွားကြလေသည်။ အနာဂတ်တွင် သူတို့၏ ဝိညာဉ်ကွင်း သက်တမ်းများကို မြှင့်တင်ပေးပြီး အရည်အသွေးများ ပြောင်းလဲသွားစေနိုင်သည့် ဆုလာဘ်များကို သူတို့ ရရှိကောင်း ရရှိနိုင်သော်လည်း ဤအဖြစ်အပျက်ကို စူးမင် သိရှိသွား၍ မရနိုင်ကြောင်း ဆိုလိုခြင်းပင် ဖြစ်သည်။
ဒီစနစ်က စူးမင်အပေါ် တကယ်ကို 'ကောင်း' တာပဲ။
သို့သော် အချို့ကလည်း ဇဝေဇဝါ ဖြစ်နေကြလေသည်။ ဒီစနစ်က သူတို့ရဲ့ စွမ်းအားတွေကို မြှင့်တင်ပေးဖို့အတွက် ဘာလို့ ဒီလောက်တောင် အားထုတ်နေရပြီး စူးမင်ဆီကနေ ဘာလို့ ဖုံးကွယ်ထားချင်ရတာလဲ။ စနစ်က ဘာကို လိုချင်နေတာလဲ။
စနစ် - "ဂျီး ဂျီး ဂျီး... မင်းတို့က ငါ့ပစ္စည်းတွေကို လက်ခံလိုက်ပြီ ဆိုမှတော့ အခုကစပြီး မင်းတို့အားလုံး စူးမင်ရဲ့ မိန်းမတွေ ဖြစ်သွားကြပြီပေါ့။ ဟီးဟီး။"
စူးမင် - "ငါ ကျေးဇူးတင်ပါတယ် စနစ်ရာ။ ဟီး ဟီး ဟီး။"
စနစ် ဘာလုပ်နေသလဲ ဆိုတာကိုသာ စူးမင် သိရှိသွားပါက သူ မပျော်ဘဲ နေမည်ဟု ပြော၍ မရနိုင်ချေ။ မည်သို့ပင်ဆိုစေ သူတို့အားလုံးက အလှပန်းလေးတွေချည်း ဖြစ်လေသည်။ လှပသော မိန်းကလေးများကို ဘယ်သူကများ မကြိုက်ဘဲ နေမည်နည်း။ စူးမင်လည်း ကြိုက်တာပေါ့ မဟုတ်ဘူးလား။
စိုးရိမ်စရာ တစ်ခုတည်းသော အချက်မှာ အမျိုးသမီး အရေအတွက် အရမ်းများလာပါက 'ပြဿနာပေါင်းစုံတဲ့ သွေးချောင်းစီးစစ်မြေပြင်' ကြီး ဖြစ်လာမလား ဆိုသည်ကိုပင်။ သူ ဓားနဲ့ ထိုးသတ်ခံရမလား။
သူက စကူးလ် ဒေးစ် (School Days anime) ဇာတ်ကားထဲက မာကိုတို လိုမျိုး ဇာတ်သိမ်းသွားတာကို လုံးဝ မလိုလားဘူး။ တကယ်ပြောတာ။
(ဘာသာပြန်သူ၏ မှတ်ချက် : School Days anime ထဲတွင် မာကိုတို မှာ နောက်ဆုံးခန်းတွင် သူ့ကိုယ်ဝန်ရှိနေသော အတန်းဖော် ရည်းစားဟောင်းဖြစ်သော စီကာအိ မှ ရက်ရက်စက်စက် ဓားဖြင့်ထိုးသတ်ခံရကာ ဇာတ်သိမ်းသွားခဲ့ရပါသည်။)
စနစ် - "စိတ်မပူပါနဲ့။ ပိုင်ရှင် အတွက် အရာအားလုံးကို ငါ ပြင်ဆင်ပေးထားပြီးသားပါ။ ဂျီး ဂျီး ဂျီး။"
မကြာမီ တစ်နှစ်တာ အချိန် ကုန်ဆုံးသွားခဲ့ပြီး ကျောင်းတော်လည်း ကျောင်းပိတ်ရက် ရောက်ရှိလာလေပြီ။ စူးမင်က ရှောင်ဝူနှင့်အတူ စိန့်ဝိညာဉ်ကျေးရွာ သို့ ပြန်ရန် ရည်ရွယ်ထားလေသည်။ မည်သို့ပင်ဆိုစေ ရှောင်ဝူမှာ အခြား သွားစရာ နေရာ မရှိပေ။ ရှင်းတိုသစ်တောကြီး ထဲသို့ သူမ တိုက်ရိုက် ပြန်သွားလို့မှ မရတာ။
တစ်ချိန်တည်းမှာပင် သူ အလွန် သိချင်နေမိသည်။ ထန်ဟောက်က ရှောင်ဝူဟာ နှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲ တစ်ကောင်ဖြစ်ကြောင်း ကိုယ်ပိုင်လက္ခဏာကို သိရှိထားသင့်သော်လည်း ဘာကြောင့် ဘာလှုပ်ရှားမှုမှ မရှိရသနည်း။
သို့သော် ဤတစ်နှစ်တာ ကာလအတွင်း ထန်ဆန်းနှင့် သူ၏ ဆက်ဆံရေးမှာ သူငယ်ချင်းများဟု မခေါ်ဆိုနိုင်သော်လည်း အတော်လေး ရင်းနှီးနေခဲ့သောကြောင့် ဖြစ်နိုင်မည်ဟု စူးမင် ခန့်မှန်းမိလေသည်။
ရှောင်ဝူမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ သူတို့က ထန်ဆန်းနှင့် 'သူငယ်ချင်း' ဖြစ်စရာ မလိုအပ်ကြောင်း သူမ ပြောခဲ့ဖူးသော်လည်း ယခုအခါ အခြေအနေက ပြောင်းလဲနေလေပြီ။
ဒါက ယာယီ သက်သက်သာ ဖြစ်ကြောင်း စူးမင်က သူမကို နှစ်သိမ့်ပေးရုံသာ တတ်နိုင်လေသည်။ ထန်ဟောက်က အမှောင်ထဲကနေ စောင့်ကြည့်နေအောင် ဘယ်သူကများ လုပ်ထားသလဲ။ ထို့အပြင် သူ၏ လက်ရှိ စွမ်းအားက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် မလုံလောက်သေးသလို သူ၏ ရှာရင်းဂန်း မှာလည်း မန်ဂဲခယို ရှာရင်းဂန်း အဖြစ် ဆင့်ကဲပြောင်းလဲရန် အလှမ်းဝေးနေသေးသည် မဟုတ်ပါလော။
စနစ်က ပေးထားသော စိတ်စွမ်းအား ကျင့်စဉ်က အတော်လေး ထိရောက်မှု ရှိသော်လည်း တကယ်တမ်းတွင် အလွန် နာကျင်ရလှပေသည်။ ထို့အပြင် ကျင့်ကြံမှု တစ်ကြိမ် ပြုလုပ်ပြီးတိုင်း သူ၏ စိတ်အာရုံကို ထိခိုက်မှု မရှိစေရန် စိတ်စွမ်းအားများ ပြန်လည် ပြည့်ဝလာပြီး ခိုင်မာလာစေရန် ရက်အတော်ကြာ အနားယူရလေသည်။
၎င်းက ကျင့်ကြံလိုက်တိုင်း စိတ်စွမ်းအားအတွက် ရလဒ်ကောင်းများ ရရှိစေသော်လည်း ယေဘုယျအားဖြင့် အမြန်နှုန်းက သိပ်မမြန်ဆန်လှချေ။ လက်ရှိတွင် သူ၏ ရှာရင်းဂန်း မှာ တိုမိုအဲနှစ်စက် အဆင့်သို့သာ ဆင့်ကဲပြောင်းလဲထားနိုင်သေးသည်။ စိတ်စွမ်းအားကို ပြန်လည် ဖြည့်တင်းပေးနိုင်မည့် ရတနာတစ်ခုခုများ ရှိနေခဲ့လျှင် သိပ်ကောင်းမည်။
ရေခဲနှင့်မီး ယင်ယန်စမ်းရေကန် ထဲတွင် မျက်စိကို ကျင့်ကြံရန်အတွက် အပါအဝင် အဖိုးတန် မသေမျိုးဆေးဖက်ဝင်အပင် များစွာ ရှိနေသော်လည်း ကံဆိုးစွာဖြင့် ယခုအချိန်က ထိုနေရာသို့ သွားရောက်ရမည့် အချိန် မဟုတ်သေးချေ။
သူနှင့် ရှောင်ဝူက ထန်ဆန်းနှင့် 'သူငယ်ချင်း' တွေ ဖြစ်နေကြပြီ ဆိုသော်လည်း ထန်ဆန်းနှင့် အချိန်ရတိုင်း သူ ယှဉ်ပြိုင်လေ့ရှိသည်။ မည်သို့ပင်ဆိုစေ ထန်ဆန်းကို အသေအလဲ မရိုက်နှက်ရပါက သူ၏ လက်များပင် တကယ်ကို ယားယံလာတတ်လေသည်။
ထန်ဆန်းမှာလည်း ရှုံးနိမ့်သွားတိုင်း စိတ်ဓာတ်ကျနေလေ့ ရှိသည်။ သူ့ရဲ့ စွမ်းအားက မဆိုးဘူး ဆိုတာ ထင်ရှားနေပါလျက်နဲ့ ဘာလို့ စူးမင်ကို ခဏခဏ ရှုံးနေရတာလဲ။
ရှောင်ဝူနှင့် ယှဉ်ပြိုင်ခြင်းနှင့် ပတ်သက်၍မူ သူက ထိန်းချုပ်ရေး အမျိုးအစား ဖြစ်ပြီး ရှောင်ဝူက တိုက်ခိုက်ရေး အမျိုးအစား ဖြစ်လေသည်။ ရှောင်ဝူ၏ လှုပ်ရှားမှု ပုံစံများကို သူ ရင်းနှီးကျွမ်းဝင်သွားသည်နှင့် တပြိုင်နက် သူမကို အလွယ်တကူ အနားကပ်ခွင့် ပေးမည် မဟုတ်ချေ။ ထို့ကြောင့် သူတို့နှစ်ဦး၏ စွမ်းအားက ယေဘုယျအားဖြင့် တူညီနေလေသည်။
ထိုအရာကို မြင်ပြီးနောက် ရှောင်ဝူ စိတ်ဓာတ်မကျခဲ့ချေ။ မည်သို့ပင်ဆိုစေ ထိန်းချုပ်ရေး အမျိုးအစားက တိုက်ခိုက်ရေး အမျိုးအစားကို တန်ပြန်နိုင်စွမ်း ရှိသည်။ သို့သော် သူမ တတိယ ဝိညာဉ်ကွင်းကို ရရှိသွားတဲ့အခါကျရင်တော့... ဟီးဟီး။
အခန်း (၇) တွင်။
ထန်ဆန်းက စူးမင်ကို "စူးမင်... မင်းလည်း စိန့်ဝိညာဉ်ကျေးရွာ ကို ပြန်မှာလား" ဟု မေးလိုက်သည်။
စူးမင်က ပြုံးလျက် ခေါင်းညိတ်ပြကာ "သေချာတာပေါ့။ ငါ အဘိုးဂျက် ကို မတွေ့ရတာ အတော်ကြာပြီဆိုတော့ တော်တော်လေး လွမ်းနေပြီ" ဟု ပြန်ဖြေလိုက်သည်။
ထို့နောက် ထန်ဆန်းက မနေနိုင်ဘဲ "ရှောင်ဝူကကော" ဟု မေးလိုက်သည်။
စူးမင် မဖြေရသေးခင်မှာပင် ရှောင်ဝူက "ငါလည်း အစ်ကို စူးမင်နဲ့ အတူတူ ပြန်မှာပေါ့။ မဟုတ်ရင် ဒီမှာ တစ်ယောက်တည်း နေရတာ အရမ်း ပျင်းစရာ ကောင်းမှာပဲ" ဟု ဝင်ပြောလိုက်သည်။
စူးမင်က မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး ထန်ဆန်းကို ကြည့်လိုက်သည်။ ဤအရာက ထန်ဆန်း၏ ရည်ရွယ်ချက် ဖြစ်ရမည်။ ထန်ဆန်းက ရှောင်ဝူအပေါ် သေချာပေါက် အကြံအစည် ရှိနေလေသည်။
တစ်ချိန်တည်းမှာပင် စိန့်ဝိညာဉ်ကျေးရွာ သို့ ပြန်မည့် ဤခရီးစဉ်အတွင်း ထန်ဆန်းက ရှောင်ဝူကို သူ၏ ညီမလေးအဖြစ် လက်ခံပေးရန် တောင်းဆိုမည့် ဇာတ်ကွက်များ ဖြစ်ပေါ်လာဦးမလားဟု စူးမင် တွေးတောနေမိသည်။
မည်သို့ပင်ဆိုစေ သူ ပေါ်လာခဲ့ခြင်းကြောင့် ဤတစ်ကြိမ်တွင် ရှောင်ဝူက သူ၏ ညီမလေး ဖြစ်နေပြီ မဟုတ်ပါလော။ ထန်ဆန်းအပေါ် သူမ၏ သဘောထားက မူရင်းဇာတ်လမ်းနှင့် လုံးဝ ကွာခြားနေလေသည်။
အကယ်၍ ထန်ဆန်းနှင့် ယာယီ သူငယ်ချင်း ဖြစ်ရန် ရှောင်ဝူကို သူ မျက်နှာချိုသွေးပြီး မပြောခဲ့ပါက ရှောင်ဝူက ထန်ဆန်းကို အသေအလဲ ရိုက်နှက်ပစ်ချင်နေမည်မှာ အသေအချာပင်။ လောလောဆယ်တွင် သူမ အနိုင်မရနိုင်သော်လည်း အလွန်ဆုံး သရေကျရုံသာ ရှိလိမ့်မည်။
မည်သို့ပင်ဆိုစေ ထန်ဆန်း၏ ထန်ဂိုဏ်း လျှို့ဝှက်နည်းစနစ်များ က ကစားစရာ မဟုတ်ပေ။ အချိန်အတိုင်းအတာ တစ်ခုအထိ ကျင့်ကြံပြီးနောက် ၎င်းတို့က ပိုမို မြင့်မားသော အဆင့်တစ်ခုသို့ သေချာပေါက် ရောက်ရှိနေပြီ ဖြစ်လေသည်။
အထူးသဖြင့် တစ္ဆေအရိပ်ခြေလှမ်း နှင့် ခရမ်းရောင် မိစ္ဆာမျက်လုံး တို့ကြောင့် လက်ရှိ ရှောင်ဝူ အနေဖြင့် တကယ်ပင် အနားကပ်နိုင်မည် မဟုတ်ချေ။
ပစ္စည်းများကို သိမ်းဆည်းပြီးနောက် စူးမင်၊ ရှောင်ဝူနှင့် ထန်ဆန်း သုံးဦးတို့က စိန့်ဝိညာဉ်ကျေးရွာ သို့ အတူတကွ ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။
စိန့်ဝိညာဉ်ကျေးရွာ။
ကျေးရွာ အဝင်ဝသို့ ရောက်ရှိလာသောအခါ စူးမင်နှင့် ရှောင်ဝူတို့က ထန်ဆန်းကို အရင်ဆုံး နှုတ်ဆက်လိုက်ကြသည်။ သူတို့က အဘိုးဂျက် ထံသို့ အရင်သွားမည်ဖြစ်ပြီး ထန်ဆန်းကမူ လွန်ခဲ့သော တစ်နှစ်တာ ကာလအတွင်း သူ၏ အတွေ့အကြုံများနှင့် အောင်မြင်မှုများကို ပြောပြရန် သူ၏ ဖခင်ထံသို့ သွားရောက်မည် ဖြစ်လေသည်။
ကံဆိုးစွာဖြင့် ထန်ဟောက်မှာ ထွက်သွားခဲ့သည်မှာ ကြာပြီ ဖြစ်လေသည်။
"အဘိုးဂျက်... ကျွန်တော် ပြန်ရောက်ပြီ။ အထဲမှာ ရှိလား"
စူးမင်က သူ့အိမ်၏ တံခါးဝသို့ ရောက်လာပြီး လျှောက်လာရင်း အော်ခေါ်လိုက်သည်။
"စူးမင်လေးပါလား။ ကျောင်းပိတ်လို့ ပြန်လာတာပဲ။ ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်"
စူးမင်၏ အသံကို ကြားသည်နှင့် တပြိုင်နက် အဘိုးဂျက် က အခန်းထဲမှ ထွက်လာလေသည်။ ထို့နောက် စူးမင်၏ ဘေးတွင် ရပ်နေသော သေးသွယ်ပြီး ချစ်စရာကောင်းသည့် ကောင်မလေး တစ်ယောက်ကို မြင်လိုက်ရသောအခါ "စူးမင်... မင်းဘေးက ချစ်စရာ ကောင်မလေးက ဘယ်သူလဲ" ဟု သူ မနေနိုင်ဘဲ မေးလိုက်သည်။
စူးမင် စကားမပြောရသေးခင်မှာပင် ရှောင်ဝူက မစောင့်ဆိုင်းနိုင်တော့ဘဲ သူမကိုယ်သူမ မိတ်ဆက်လိုက်လေသည်။ "မင်္ဂလာပါ အဘိုးဂျက်။ သမီးနာမည်က ရှောင်ဝူပါ။ ကခုန်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အခု သမီးက အစ်ကို စူးမင်ရဲ့ ညီမလေးပါ"
"ကောင်းပြီ ကောင်းပြီ... အရမ်း ကောင်းတာပေါ့"
အဘိုးဂျက် ၏ ရင်ထဲတွင် စူးမင်အတွက် ပျော်ရွှင်သွားလေသည်။ စူးမင်၏ အနာဂတ် ဇနီးလောင်းက နေရာတကျ ရှိနေပြီ ဖြစ်ပုံရသည်။ သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများအရ စူးမင်နှင့် ရှောင်ဝူတို့က သာမန် မောင်နှမတွေ လုံးဝ မဟုတ်ကြောင်း သူ ပြောနိုင်လေသည်။
အနာဂတ်တွင် ဤဆက်ဆံရေးက ပြောင်းလဲသွားနိုင်ပေသည်။
အဘိုးဂျက် ဘာတွေးနေသလဲ ဆိုတာကိုသာ စူးမင် သိရှိပါက သူ၏ မျက်စိရှင်လွန်းမှုအပေါ် သေချာပေါက် အံ့အားသင့်သွားမည် ဖြစ်လေသည်။
အဲဒါက တကယ်ကို သူ့ရဲ့ အစီအစဉ်ပဲလေ။ မည်သို့ပင်ဆိုစေ သူတို့၏ လက်ရှိ အသက်အရွယ်များအရ ညီမလေး အရင်ဖြစ်နေတာ ဘာမှားနေလို့လဲ။ လုံးဝ ပြဿနာ မရှိပါဘူး။
ထို့နောက် အဘိုးဂျက် က "စူးမင်... ထန်ဆန်းက မင်းတို့နဲ့အတူ ပြန်မလာဘူးလား" ဟု မေးလိုက်သည်။
စူးမင်က "ထန်ဆန်းက သူ့အဖေဆီကို အရင်ပြန်သွားတယ်" ဟု ပြန်ဖြေလိုက်သည်။
"သြော်... အဲဒီလိုလား။ မင်းတို့နှစ်ယောက် ငါနဲ့အတူ ထန်ဆန်း အိမ်ကို လိုက်ခဲ့ကြ။ ငါ သူ့ကို ပေးစရာ တစ်ခုရှိတယ်။ သူ့အဖေက ထွက်သွားတာ ကြာပြီ၊ ဘယ်ကို ထွက်သွားလဲ ဆိုတာတော့ ငါလည်း မသိဘူး။ အဲဒီလို အဖေမျိုး ရထားတာကလည်း ထန်ဆန်းရဲ့ ကံဆိုးမှု တစ်ခုပါပဲ။ တာဝန်ယူမှု ကင်းမဲ့တဲ့ ခွေ'ကောင်ကြီး"
အဘိုးဂျက် က ညည်းတွားရင်း ထန်ဟောက် ချန်ထားခဲ့သော စာကို ယူရန် အခန်းထဲသို့ ပြန်ဝင်သွားလေသည်။
စူးမင်က ရင်ထဲမှနေ၍ 'အဘိုးကြီးရာ... ထန်ဆန်း ဆိုတဲ့ ကောင်လေးက အဘိုးရဲ့ စိုးရိမ်ပူပန်မှုတွေ မလိုအပ်ပါဘူး။ သူ့ရဲ့ ဖခင်က တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ ထိပ်တန်း ဘွဲ့ရတုံလော် တွေထဲက တစ်ပါးလေ။ အခုချိန်မှာ သူ ဒဏ်ရာရနေတယ် ဆိုပေမယ့် သူ့ရဲ့ စွမ်းအားက အလွန် ကြီးမားနေတုန်းပဲ။
ပြီးတော့ သူ တကယ် ထွက်သွားတာ မဟုတ်ပါဘူး။ အမှောင်ထဲကနေ ထန်ဆန်းရဲ့ လုံခြုံရေးကို ကာကွယ်ပေးနေရုံ သက်သက်ပါ။ အကယ်၍ သူ့အကြောင်းကို အခုလို လိုက်ညည်းတွားနေမယ်ဆိုရင် သူ သေချာပေါက် ကြားသွားနိုင်တယ်နော်' ဟု တိတ်တဆိတ် တွေးလိုက်မိသည်။
အခြားတစ်ဖက်တွင်မူ ထန်ဆန်းက ပျော်ရွှင်စွာဖြင့် အိမ်သို့ ပြန်ရောက်လာပြီး သူ၏ ဖခင်ကို အကြိမ်ကြိမ် အော်ခေါ်ခဲ့သော်လည်း အထဲမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။ အထဲသို့ ဝင်သွားသောအခါ ပရိဘောဂများအပေါ်တွင် ဖုန်အလွှာပါးလေး တစ်ခု ဖုံးလွှမ်းနေသည်ကို သူ မြင်လိုက်ရသည်။ အိမ်ထဲတွင် ဘယ်သူမှ မရှိတော့ချေ။
ထန်ဆန်း ရုတ်တရက် အနည်းငယ် ထိတ်လန့်သွားရသည်။ သူ့အဖေ ဘယ်ကို ရောက်သွားတာလဲ။
ရွာထဲမှာ ဘာလို့ ဆက်မနေရတာလဲ။ အပြင်မှာ အန္တရာယ် တစ်ခုခုနဲ့များ ကြုံတွေ့ရရင် ဘယ်လိုလုပ်မလဲ။
ထန်ဟောက်က တစ်နေကုန် အရက်သောက်နေပြီး သူ၏ ပြုစုစောင့်ရှောက်မှုကို လိုအပ်နေသော်လည်း သူ သိပ်ပြီး မညည်းတွားခဲ့ပေ။ မည်သို့ပင်ဆိုစေ သူ၏ အတိတ်ဘဝတုန်းက သူက တစ်ယောက်တည်း ဖြစ်ပြီး မိသားစု မေတ္တာကို တစ်ခါမျှ မခံစားခဲ့ရဖူးချေ။ ထို့ကြောင့် ဤဘဝတွင် မိသားစုကို အလွန် တန်ဖိုးထားလေသည်။
သို့သော် သူ၏ ဖခင်က အလွန်အမင်း အစွမ်းထက်ပြီး သူ၏ စိုးရိမ်ပူပန်မှုများ လုံးဝ မလိုအပ်ကြောင်းကို လက်ရှိ ထန်ဆန်းက ဘယ်လိုလုပ်ပြီး သိနိုင်မည်နည်း။
ထိုအချိန်မှာပင် စူးမင်၊ ရှောင်ဝူနှင့် အဘိုးဂျက် သုံးဦးတို့က ထန်ဆန်း၏ အိမ်ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။
စူးမင်က အထဲသို့ လှမ်း၍ "ထန်ဆန်း... မြန်မြန် ထွက်လာခဲ့။ မင်းအဖေ မထွက်သွားခင် မင်းအတွက် စာတစ်စောင် ချန်ထားခဲ့တယ်" ဟု အော်လိုက်သည်။
ထိုစကားကို ကြားသောအခါ ထန်ဆန်း ချက်ချင်း ပြေးထွက်လာပြီး "ဘယ်မှာလဲ" ဟု မေးလိုက်သည်။
ထန်ဆန်း၏ စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာကို မြင်သောအခါ အဘိုးဂျက် ၏ ရင်ထဲတွင် သက်ပြင်းချလိုက်မိပြီး ထန်ဟောက်က တကယ်ကို ပြဿနာကောင်ကြီးပဲ ဟု တွေးကာ စာကို ထန်ဆန်းထံသို့ ကမ်းပေးလိုက်လေသည်။
ထန်ဆန်းက စာအိတ်ကို ချက်ချင်း ဆွဲဖြဲလိုက်သည်။ အကြောင်းအရာများက သူ ဘေးကင်းလုံခြုံကြောင်းနှင့် သူ မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စအချို့ ရှိနေသဖြင့် ထွက်သွားရမည် ဖြစ်ကြောင်းလောက်သာ ဖြစ်လေသည်။ ထန်ဆန်းကို သူ့ဘာသာသူ ကောင်းကောင်းမွန်မွန် နေထိုင်ပြီး သူ ပြန်လာမည့်အချိန်ကို စောင့်နေရန် ပြောထားလေသည်။
ပြီးတော့ အဲဒီစာကနေတစ်ဆင့် သူ၏ ဖခင်မှာ သူ ထင်ထားသလောက် မရိုးရှင်းနိုင်ကြောင်းကိုလည်း ထန်ဆန်း သဘောပေါက်သွားလေတော့သည်။