အခန်း ၄၇ - မင်းနာမည်က... ပစ်ကိုလို!
လေထုက ရုတ်တရက် တိတ်ဆိတ်သွားတယ်။ အခန်းထဲမှာ သိပ်ကို တိတ်ဆိတ်လွန်းနေတယ်! သည်းမခံနိုင်စရာကောင်းအောင်ကို တိတ်ဆိတ်နေတာပါ။ ဝမ်ဖုန်းကို ကြည့်နေရင်း ဗက်ဆင်းကလေးရဲ့ နဖူးကနေ ချွေးစေးတွေ စီးကျလာတယ်။
'ဒီကောင်က ဘယ်သူလဲ? ငါ့ကို အညံ့ခံအောင် လုပ်နိုင်တဲ့ စွမ်းအားမျိုး သူတကယ် ရှိနေတာပဲ! သူက သာမန်လူတော့ လုံးဝမဟုတ်ဘူး။ ဟုတ်သားပဲ၊ သာမန်လူတစ်ယောက်က ငါ့ကို ဘယ်လိုလုပ် သိမ်းဆည်းပြီး အကောင်ဖောက်ပေးနိုင်မှာလဲ? ငါ့ကို ကျိုးနွံအောင် လုပ်နိုင်စွမ်း ရှိတယ်ဆိုရင် သူဟာ လူသားမျိုးနွယ်ထဲက ရှားပါးတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရမယ်။ ဒါမှမဟုတ် သူက အသန်မာဆုံး လူသားလည်း ဖြစ်နိုင်တာပဲ။ တောက်... ငါကလည်း ကံဆိုးလိုက်တာ၊ မွေးလာပြီးချင်းမှာတင် အသန်မာဆုံး လူသားနဲ့ လာတိုးရတယ်လို့။ ဘာအဆင့်မှ မတက်ရသေးခင်မှာတင် 'ဘော့စ်'ကြီးနဲ့ လာတွေ့နေတာပဲ။ ဒီဂိမ်းကို ငါ ဘယ်လို ဆက်ကစားရတော့မလဲ?'
ဗက်ဆင်းကလေးရဲ့ စိတ်တွေ ဗရဗွ ဖြစ်နေတော့တယ်။ ရှုပ်ထွေးလှတဲ့ အတွေးပေါင်းစုံက တစ်ခုပြီးတစ်ခု ပေါ်လာပြီး သူ့ကို ပိုပိုပြီး ဒေါသထွက်လာစေတယ်။ သူက ဝမ်ဖုန်းကို စိုက်ကြည့်နေမိပေမဲ့ ဘာပြောရမှန်း မသိဖြစ်နေရှာတယ်။ ဪ... သူ့ကို 'ဖေဖေ' လို့ ခေါ်ရမလား? ဟေး... ငါ့အဖေက သေသွားပြီလေ။ သူ့ကို 'ဖေဖေ' လို့ ခေါ်လိုက်ရင် သူ့ကို သေပါစေလို့ ကျိန်ဆဲသလို ဖြစ်မသွားဘူးလား? ဒါဆိုရင် သူက ငါ့ကို ငါ့အဖေနောက်လိုက်ခိုင်းပြီး ငရဲကို ပို့ပစ်လိမ့်မယ်။ ဒါဆို 'ဖိုးဖိုး' လို့ ခေါ်ရမလား? အဲဒါလည်း မကောင်းဘူး။ သူ့ကို အိုတယ်လို့ ပြောမိရင် အရိုက်ခံရနိုင်တယ်။ ဒါဆိုရင်... 'အရှင်မြတ်' လို့ ခေါ်ရမလား? တောက်... ငါ ဘာတွေ လျှောက်တွေးနေတာလဲ? ငါက ကမ္ဘာေမြရဲ့ နတ်ဆိုးပဲ။ ဒီကောင်ရဲ့ အရှိန်အဝါအောက်မှာ ငါက ဘယ်လိုလုပ် အလွယ်တကူ အညံ့ခံနိုင်မှာလဲ?!
ဗက်ဆင်းကလေးက သူ့ရဲ့ ဟန်ပန်ကို ပြန်ထိန်းဖို့ ကြိုးစားလိုက်တယ်။ "မင်းက တကယ်ကို အံ့သြဖို့ကောင်းတာပဲ။ ငါမသိအောင် ငါ့ကို ထောင်ချောက်ဆင်ခဲ့တာပေါ့။ ဒါပေမဲ့ ဘာဖြစ်လဲ? ငါက ကမ္ဘာေမြရဲ့ နတ်ဆိုးပဲ။ ငါ့မှာ အနှိုင်းမဲ့တဲ့ စွမ်းအားတွေ ရှိတယ်။ မင်း ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ငါ အလျှော့ပေးမှာ မဟုတ်ဘူး။ ငါက လူသားအားလုံးကို မျိုးဖြုတ်သတ်ဖြတ်မယ့် ကမ္ဘာမြေရဲ့နတ်ဆိုးပဲ!"
"ဟမ်?" ဝမ်ဖုန်းက ခေါင်းမာနေတဲ့ ဗက်ဆင်းကလေးကို ကြောင်ကြည့်နေမိတယ်။ ဒါက ဘာကြီးလဲ? နောက်ပြီး စနစ်က ပြောတာကတော့ အိမ်မွေးတိရစ္ဆာန်အဖြစ် သတ်မှတ်ပြီးရင် အဲဒီအကောင်ရဲ့ စွမ်းရည်နဲ့ အဆင့်တွေက သုည ဖြစ်သွားရမှာ မဟုတ်ဘူးလား? ဗက်ဆင်းကလေးက သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် အောင်အောင်မြင်မြင် သတ်မှတ်ခံထားရပြီးသားပဲလေ။ ဘာလို့ သူ့ရဲ့ အချက်အလက်တွေနဲ့ အဆင့်တွေက မပြောင်းလဲသေးတာလဲ?
"မင်းရဲ့ ခွန်အားတွေက မလျော့သွားဘူးလား?" သူက ဗက်ဆင်းကလေးကို သံသယနဲ့ မေးလိုက်တယ်။ ဒါပေမဲ့ သူ့စကားလည်း ဆုံးရော စနစ်ရဲ့ အသိပေးချက်က ထွက်ပေါ်လာတော့တယ်။
"ဒင်! အိမ်မွေးတိရစ္ဆာန် ဗက်ဆင်းကလေး ရဲ့ အဆင့်ကို စစ်ဆေးလို့ ပြီးပါပြီ။ ဘက်စုံစစ်ဆေးချက်အရ ၃-စတား ဖြစ်ပါတယ်။ ပိုင်ရှင်ရဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်သွားတာကြောင့် ဗက်ဆင်းကလေးရဲ့ အချက်အလက်တွေနဲ့ အဆင့်တွေကို သုညအဖြစ် ပြောင်းလဲပစ်ပါတော့မယ်။ နောက်ပြန်ရေတွက်ခြင်း စတင်ပါပြီ... ၅၊ ၄..."
"..." ဝမ်ဖုန်းမှာ ပြောစရာ စကားတောင် မရှိတော့ပါဘူး။ စနစ်ရဲ့ အချိန်ကိုက်ပုံက တကယ့်ကို ကွက်တိပါပဲ။ ဒါနဲ့ ဗက်ဆင်းကလေးရဲ့ ဘက်စုံစစ်ဆေးချက်က ၃-စတားတည်းလား? အာ... ခုနကတော့ ငါ တကယ် ကြောက်သွားတာ။ တိုက်ပွဲတုန်းက ဗက်ဆင်းမင်းရဲ့ စွမ်းအင်တွေကို အများကြီး သုံးလိုက်ရလို့ ကျန်ခဲ့တဲ့ စွမ်းအင်က ၄-စတား အဆင့်အထိ မရောက်နိုင်ဘဲ အကောင်ပေါက်လာတာ ဖြစ်နိုင်ပါတယ်။
ဗက်ဆင်းကလေးက အေးစက်စက် နှာခေါင်းရှုံ့လိုက်တယ်။ "ငါက ငါ့အဖေရဲ့ ခွန်အားတွေအားလုံးကို ဆက်ခံထားတာ။ အဲဒါက လူသားတွေကို မျိုးဖြုတ်ဖို့ မြေကမ္ဘာကိုယ်တိုင်က ပေးအပ်ထားတဲ့ လက်နက်ပဲ။ ဘယ်လိုလုပ်ပြီးတော့... ဟမ်?"
အစပိုင်းမှာတော့ ဝမ်ဖုန်းရဲ့ စကားတွေကို သူက ပမာမခန့် လုပ်ခဲ့ပေမဲ့ ထူးဆန်းတဲ့ စွမ်းအားရှိတဲ့ ဝမ်ဖုန်းနဲ့ ရင်ဆိုင်နေရချိန်မှာ ဗက်ဆင်းကလေးလည်း သတိမထားဘဲ မနေနိုင်ပါဘူး။ သူက သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကို မသိစိတ်နဲ့ စစ်ဆေးကြည့်လိုက်တယ်။ ရုတ်တရက် သူ့မျက်လုံးတွေ ပြူးသွားတယ်။ ဟေး... နေဦး၊ ငါ့ရဲ့ ခွန်အားတွေ... ငါ့ရဲ့ ခွန်အားတွေက... လျော့ကျနေတာလား?
သူ့ခန္ဓာကိုယ်ကနေ ကြောက်ရွံ့မှုတွေ ထွက်ပေါ်လာတယ်။ ဗက်ဆင်းကလေးရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေက တဖြည်းဖြည်း လျော့နည်းလာနေတာပါ။ အခုအချိန်မှာ သူက အပ်နဲ့ အထိုးခံထားရတဲ့ ပူဖောင်းတစ်ခုလိုပါပဲ။ စွမ်းအင်တွေက သူ့ကိုယ်ထဲကနေ အဆက်မပြတ် ထွက်ပြေးနေတယ်။ ဗက်ဆင်းကလေးဟာ ဝမ်ဖုန်းကို ထိတ်လန့်တကြား စိုက်ကြည့်နေမိတယ်။ သူ... သူက တကယ်တော့ ဘယ်သူလဲ? သူ ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ? သူ တိုက်ခိုက်တာကို ငါ လုံးဝ မမြင်လိုက်ရပါဘူး။ သူ့ရဲ့ အကြည့်တစ်ချက်ကတင် ငါ့ကို အညံ့ခံစေတယ်။ သူ့ကို ခုခံချင်တဲ့ ဘယ်လိုအတွေးမျိုးကိုမဆို ရက်ရက်စက်စက် နှိမ်နင်းခံလိုက်ရတယ်။ ရိုးရှင်းတဲ့ စကားတစ်ခွန်းကပဲ ငါ့ရဲ့ ခွန်အားတွေကို သိမ်းပိုက်သွားနိုင်တာလား။ ဒါက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။ ငါ့အဖေ ပေးခဲ့တဲ့ လူသားတွေကို မျိုးဖြုတ်သတ်ဖြတ်ဖို့ဆိုတဲ့ ရည်မှန်းချက်က 'ငရဲအဆင့်' ခက်ခဲမှုပဲ။ မဟုတ်ဘူး... ဒီပုံအတိုင်းဆိုရင် ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ!
"မင်း... မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ? ငါ့ရဲ့ ခွန်အား တစ်ဝက်လောက်က ဘာလို့ အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားရတာလဲ?!"
ဒီကမ္ဘာကြီးက သိပ်ကို ကြောက်ဖို့ကောင်းတာပဲ။ အဖေက ဘာတွေ ပြောခဲ့တာလဲ? လူသားအားလုံးကို မျိုးဖြုတ်ရမယ် ဟုတ်လား? ဟာသလုပ်မနေပါနဲ့၊ ဟုတ်ပြီလား? ငါက လူသားတစ်ယောက်ကိုတောင် မယှဉ်နိုင်တာ၊ မင်းက ငါ့ကို လူသားအားလုံးကို သတ်ခိုင်းနေတာလား?
"ဟဲဟဲ။" ဝမ်ဖုန်းက ခပ်တိုးတိုး ရယ်လိုက်တယ်။ သူက စနစ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှင်းပြနေဖို့ ပျင်းနေတာကြောင့် ဗက်ဆင်းကလေးကိုပဲ မေးလိုက်တယ် - "မင်းက တကယ်ပဲ ကမ္ဘာမြေရဲ့နတ်ဆိုး ဟုတ်လို့လား?"
သူ တကယ် သိချင်နေတာပါ။ ‘ဝမ်းပန့်ချ်မန်း’ ရဲ့ မူရင်းဇာတ်လမ်းထဲမှာ 'နတ်ဘုရား' ဆိုတဲ့ တည်ရှိမှုတစ်ခု ရှိခဲ့ပြီး အဲဒါကို လူတော်တော်များများက မြေကမ္ဘာရဲ့ အလိုဆန္ဒလို့ သံသယရှိခဲ့ကြတယ်။ ဗက်ဆင်းမင်းကလည်း သူကိုယ်သူ ကမ္ဘာမြေရဲ့နတ်ဆိုးလို့ ပြောခဲ့တာဆိုတော့ သူများ တစ်ခုခု သိနေမလားလို့ပါ။
"ဟင်း... မင်းက အရမ်းအစွမ်းထက်ပေမဲ့ ငါ့မှာလည်း ကိုယ့်ဂုဏ်သိက္ခာနဲ့ကိုယ် ရှိတယ်။ မင်း ငါ့ကို သတ်ချင်ရင် စိတ်ကြိုက်သာသတ်၊ ဒါပေမဲ့ မင်းရဲ့ မေးခွန်းတွေကို ငါဖြေမယ်လို့တော့ မမျှော်လင့်နဲ့။" ဗက်ဆင်းကလေးက ခေါင်းခါလိုက်ပြီး ဝမ်ဖုန်းကို ဂရုမစိုက်တော့ပါဘူး။ စနစ်ရဲ့ သတ်မှတ်ချက်အရ သူက ဝမ်ဖုန်းဆီမှာ အညံ့ခံထားရပေမဲ့ အညံ့ခံတယ်ဆိုတာ ရုပ်သေးရုပ် ဖြစ်သွားတာကို ဆိုလိုတာ မဟုတ်ဘူးလေ။ သူ့မှာ ကိုယ်ပိုင် အတွေးအခေါ်နဲ့ ကိုယ်ရည်ကိုယ်သွေး ရှိနေသေးတာပဲ။
"မင်း မဖြေချင်ဘူးပေါ့?" ဝမ်ဖုန်းက ပြုံးလိုက်တယ်။ "ငါ့မေးခွန်းကို ဖြေဖို့ ငါ အမိန့်ပေးတယ်။ မင်းက တကယ်ပဲကမ္ဘာမြေရဲ့နတ်ဆိုး ဟုတ်လား?"
စနစ်ရဲ့ နောက်ထပ် သတ်မှတ်ချက်တစ်ခုကတော့ အိမ်မွေးတိရစ္ဆာန်တွေက ပိုင်ရှင်ရဲ့ အမိန့်အားလုံးကို နာခံရမယ်ဆိုတာပါပဲ!
"ငါ ဆက်ခံထားတဲ့ ငါ့အဖေရဲ့ မှတ်ဉာဏ်တွေထဲမှာတော့ ငါကကမ္ဘာမြေရဲ့နတ်ဆိုးလို့ ပြောတယ်။ ဒါပေမဲ့ အဲဒါက အမှန်လား၊ အမှားလား ဆိုတာတော့ မသိဘူး။" ဗက်ဆင်းကလေးက သူ့စိတ်နဲ့မပါဘဲ အလိုအလျောက် ပြန်ဖြေလိုက်မိပြီး ချက်ချင်းပဲ ကြောင်သွားတယ်။ ငါ... ငါက ဘယ်လိုလုပ် သူ့စကားကို နားထောင်လိုက်မိတာလဲ?
ဝမ်ဖုန်းက စိတ်ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။ "ဒီနေ့ကစပြီး မင်းနာမည်က ပစ်ကိုလို ပဲ!"
"ဟုတ်ကဲ့!" ဗက်ဆင်းကလေးက ဗီဇအရ ခေါင်းညိတ်ပြီး သဘောတူလိုက်မိတယ်။ ချက်ချင်းပဲ သူ့နှလုံးသားထဲမှာ ဝမ်းနည်းမှုတွေ ပေါ်လာတော့တာပေါ့။ ငါ... ကမ္ဘာမြေရဲ့နတ်ဆိုးသားတော်ဟာ သာမန်လူသားတစ်ယောက်ရဲ့ အစေခံ ဖြစ်သွားရပြီ။ ငါက ပြန်ခုခံဖို့တောင် လုံးဝ မတွေးနိုင်တော့ဘူး။ ငါ့အဖေရဲ့ ခေါင်းတလားအဖုံးကို တစ်ယောက်ယောက်လောက် လာဖိပေးကြပါဦး။ သူ ပြန်ရှင်လာပြီး ငါ့ကို ရိုက်နှက်မှာကို ငါ တကယ်ကြောက်နေလို့ပါ!
ဝမ်ဖုန်းက စိတ်ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်ပြီး ထပ်ပြီး အမိန့်ပေးလိုက်တယ် - "ကဲ... အခု မင်း ဒူးထောက်လိုက်ပြီး မင်းရဲ့ တင်ပါးကို ကော့ပေးထားစမ်း။"
"အဲ?" ဗက်ဆင်းကလေး တောင့်သွားတယ်။ သူက လူသားတွေရဲ့ အကြောင်းကို အများကြီး မကြုံဖူးသေးပေမဲ့ သူ့ဘဝတစ်လျှောက်လုံး အရှက်ရစေမယ့် အရာတစ်ခုခုက သူ့ဆီကို ရောက်လာတော့မယ်ဆိုတာကိုတော့ မသိစိတ်က ခံစားလိုက်ရတယ်။
"ဟေး... ခုနကတော့ မင်း ငါ့ကို သေလောက်အောင် ခြောက်ထားပြီး အခုကျတော့ ဟန်ဆောင်နေပြန်ပြီ။ ဒီတစ်ခါတော့ မင်း ဘယ်လောက်အထိ ဆက်ပြီး ဟန်ဆောင်နိုင်မလဲ ငါကြည့်ချင်သေးတယ်။" ဝမ်ဖုန်းက ဆိုဖာကို မလိုက်ပြီး ဗက်ဆင်းကလေးရဲ့ ကော့ထားတဲ့ တင်ပါးကို ချိန်ကာ အားနဲ့ ရိုက်ချလိုက်တယ်။
"အား!!" ဗက်ဆင်းကလေးက နာကျင်စွာနဲ့ အော်ဟစ်လိုက်မိတယ်။ ငါက အခုမှ မွေးလာတဲ့ ကလေးလေးပဲရှိသေးတာ။ ဒီလောက်တောင် ရက်စက်ဖို့ လိုလို့လား? ဖေဖေ... သား အိမ်ပြန်ချင်ပြီ။ ဖေဖေရဲ့ ကိုယ်ထဲက နွေးထွေးပြီး သက်တောင့်သက်သာရှိတဲ့ အိမ်လေးဆီကိုပဲ ပြန်သွားချင်တော့တယ်!
ဘုန်း! ဘုန်း! ဘုန်း!
"ကဲ... အပြစ်ပေးတဲ့အနေနဲ့ ငါ မင်းကို အချက်အနည်းငယ် ရိုက်လိုက်ပြီ။" ဝမ်ဖုန်းက ဆိုဖာကို ပစ်ချလိုက်တယ်။ "ငါ့အခန်းထဲသွားပြီး ဝတ်ဖို့ အဝတ်အစားတစ်စုံ သွားရှာဝတ်လိုက်။ မင်း တစ်နေကုန် ကိုယ်လုံးတီးကြီး ဖြစ်နေတာ၊ ဒီစာအုပ်ကို '၄၀၄' (အပိတ်ခံရတာ) ဖြစ်စေချင်လို့လား? အနည်းဆုံးတော့ အတွင်းခံလေးဘာလေး ဝတ်ပြီး မင်းရဲ့ ပေါင်ကြားက အမွေးတွေကို ဖုံးထားစမ်းပါ။ တကယ်ပဲ... မင်း မရှက်ဘူးလား?"
ဗက်ဆင်းကလေးက မကျေမနပ်ဖြစ်နေတဲ့ အသံလေးနဲ့ "ဟုတ်ကဲ့" လို့ ပြန်ဖြေလိုက်တယ်။ သူက စိတ်ပျက်လက်ပျက်နဲ့ပဲ ဝတ်လို့ရမယ့် အဝတ်အစားတွေ ရှာဖို့ ဝမ်ဖုန်းရဲ့ အခန်းထဲကို ဝင်သွားပါတော့တယ်။ ဝမ်ဖုန်းရဲ့ အဝတ်အစားတွေရဲ့ အရှည်နဲ့ အဆင်ပြေအောင် သူက သူ့ရဲ့ စွမ်းရည်ကို သုံးပြီး သူ့ရဲ့ အရပ်ကိုလည်း ပြောင်းလဲလိုက်ပါတယ်။ ခဏအကြာမှာတော့ သူက (King) ရဲ့ အဝတ်အစားတွေကို ဝတ်ပြီး ထွက်လာတယ်။
"အင်း... အတော်လေး တည့်သွားတာပဲ။" ဝမ်ဖုန်းက တစ်ချက်ကြည့်လိုက်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ ဗက်ဆင်းမင်းရဲ့ ခေါင်းကို ကြည့်လိုက်ပြီး သူကတော့ အူကြောင်ကြောင်နဲ့ ခေါင်းကို ကုတ်နေမိတယ်။ ဒီလောက် သိသာတဲ့ မွန်းစတားတစ်ကောင်ကို သူက အိမ်ပြင်ကို ဘယ်လိုလုပ် ခေါ်သွားနိုင်မှာလဲ!
‘ဝမ်းပန့်ချ်မန်း’ ကမ္ဘာမှာ လူတော်တော်များများက မွန်းစတားတွေကို မွေးမြူကြပေမဲ့ သူတို့က အိမ်ထဲမှာပဲ တိတ်တဆိတ် မွေးကြတာပါ။ ဘယ်သူကများ မွန်းစတားကို လမ်းပေါ် ခေါ်ထွက်ဖူးလို့လဲ? ပိုပြီး အရေးကြီးတာက တခြားလူတွေ မွေးတဲ့ မွန်းစတားတွေက အသိဉာဏ်မရှိတဲ့ တိရစ္ဆာန်လို မွန်းစတားတွေပဲလေ။ ပစ်ကိုလို ကတော့ သူ့ရဲ့ အသွင်အပြင်ကလွဲရင် သူ့ရဲ့ အမူအရာနဲ့ အတွေးအခေါ်တွေက လူသားတွေနဲ့ အတူတူပါပဲ။ သူ့ကို အိမ်မွေးတိရစ္ဆာန်လို့ ခေါ်တာထက် အစေခံလို့ ခေါ်တာက ပိုကိုက်ညီပါတယ်။
"မင်းအတွက် ကာတွန်းအရုပ်ဝတ်စုံတစ်စုံ ဝယ်ပေးရမယ် ထင်တယ်။" ဝမ်ဖုန်းက မေးစေ့ကို ပွတ်ရင်း တွေးနေမိတယ်။ "ဘယ်လို ဝတ်စုံမျိုးဆို ကောင်းမလဲ? မင်းမှာ အင်တင်နာ နှစ်ခု ရှိတာဆိုတော့ အရုပ်ဝတ်စုံက ထောင်နေတဲ့ နားရွက်တွေ ဒါမှမဟုတ် ဦးချိုနှစ်ခု ပါရမယ်။ အင်း... နွားဝတ်စုံ ဒါမှမဟုတ် ယုန်ဝတ်စုံဆိုရင် မဆိုးလောက်ဘူး။"
သူ့မျက်လုံးတွေ တောက်ပသွားပြီး ပစ်ကိုလို ကို အရုပ်ဝတ်စုံတွေ ဝယ်ဖို့ ခေါ်သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။