အခန်း ၁၇ -(King) ရဲ့ အတွင်းခံ
“ဟေး... ဘုရင် (King)၊ နောက်လာမယ့် သူရဲကောင်းရာထူးတိုးမြှင့်ခြင်း အခမ်းအနားအတွက် ခရီးစဉ်တွေ စီစဉ်ထားပြီးပြီဗျ။ နောက်ရက်ပိုင်းအတွင်း ခင်ဗျားဘက်က လာခဲ့ပေးဖို့ အဆင်ပြေမလား” ဟု မစ္စတာ ဆစ်ချ်က မေးလိုက်သည်။
“ဆစ်ချ်... မင်း ငါ့ကို အဲ့ဒီလိုမျိုး ပစ္စည်းကြော်ငြာတွေ ထပ်ရိုက်ခိုင်းဦးမယ်ဆိုရင်တော့ ငါ မင်းကို ထိုးမိတော့မယ်။ ပြီးတော့ အခုတလော ငါ စိတ်တိုနေတာမို့ အချိန်မအားဘူး” ဟု Kingက ပြောကာ ဖုန်းချလိုက်လေသည်။
“ဒီသူရဲကောင်း ဝါဒဖြန့်တာတွေက ရုပ်ရှင်ကြော်ငြာ ဒါမှမဟုတ် ကုမ္ပဏီကြော်ငြာတွေဘက် ရောက်လာဦးမယ်ဆိုရင်တော့ ငါ ဆစ်ချ်ရဲ့ နှာခေါင်းကြီးကို ကန်ပစ်တော့မယ်” ဟု Kingတစ်ယောက်တည်း ရေရွတ်နေမိသည်။
Kingနှင့် သူ၏ အတွင်းခံကြော်ငြာ ထွက်ရှိခဲ့သည်မှာ နှစ်ရက်ခန့် ရှိပြီဖြစ်ကာ မြို့ပေါင်း ၂၆ မြို့လုံးတွင် လူကြိုက်များမှု အဟုန်အဟုန်တက်သွားခဲ့သည်။ ကျား၊ မ၊ မရွေး ကလေးကအစ လူတိုင်းမှာ ထိုဆွဲဆောင်မှုရှိသော အတွင်းခံများကို လမ်းပေါ်၌ ကိုင်ဆောင်သွားလာနေကြသည်။ ပိုဆိုးသည်မှာ မွန်းစတားများ ပေါ်လာသည့်တိုင် သူတို့မှာ အော်ဟစ်ပြေးလွှားခြင်း မရှိတော့ဘဲ ထိုအတွင်းခံမှာ ကျည်ကာအင်္ကျီထက်ပင် ပိုကောင်းသည်ဟု လူအများက ယုံကြည်နေကြခြင်းပင်။
ကံဆိုးစွာဖြင့် ဤသည်မှာ ကြော်ငြာနှင့် လက်တွေ့ပစ္စည်း မကိုက်ညီမှုကြောင့် ဖြစ်ပေါ်လာသည့် အလွဲတစ်ခုပင် ဖြစ်သည်။ သို့သော် ဤကမ္ဘာတွင် ကြော်ငြာဥပဒေများ မရှိသဖြင့် အဓိပ္ပာယ်မရှိသော ကြော်ငြာဌာနကို မည်သူမျှ ထိန်းချုပ်ခြင်း မရှိကြပေ။
ဤအခြေအနေကို ရင်ဆိုင်ရင်း Kingမှာ ထိုညတွင်ပင်အမ်မြို့တော်ရုပ်သံဌာနသို့ သွားရောက်ကာ ကြော်ငြာကို မယုံကြည်ကြရန် လူတိုင်းကို လိုက်လံပြောကြားခဲ့ရသည်။ အမှန်တကယ်တော့ ထိုအတွင်းခံများတွင် စွမ်းအင်ဖြည့်တင်းပေးနိုင်သည့် စွမ်းရည်မရှိသလို ဒုံးပစ်လောင်ချာဒဏ်ကိုလည်း မခံနိုင်ပေ။
သို့သော်လည်း King၏ ဆွဲဆောင်မှုရှိသော အတွင်းခံများမှာ လူထုကြားတွင် ဆက်လက်ရေပန်းစားနေဆဲဖြစ်ကာ ကုမ္ပဏီနှစ်ခု၏ အရောင်းကိန်းဂဏန်းများမှာလည်း ထိုးတက်နေဆဲဖြစ်သည်။ အခြားကုမ္ပဏီများမှာလည်း ဤအံ့ဖွယ်အခြေအနေကို ကြည့်ကာ မနာလိုဖြစ်နေကြပြီး ‘သူရဲကောင်းအသင်း’ ထံသို့ (King) ကို အသုံးပြု၍ ကြော်ငြာများ ထပ်မံရိုက်ကူးပေးရန် တောင်းဆိုလာကြသည်။
‘သူရဲကောင်းအသင်း’ ကလည်း ငွေပိုရှာချင်သော်လည်း Kingက ကြိုတင်သတိပေးထားပြီးသား ဖြစ်သည်။ သူတို့မှာ King၏ စိတ်ရှည်နိုင်စွမ်း အကန့်အသတ်ကို မကျော်ရဲသဖြင့် ကုန်သည်များ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ရပြီး အခြားသူရဲကောင်းများကိုသာ အစားထိုး အကြံပြုခဲ့ကြသည်။
‘သူရဲကောင်းအသင်း’ ရှိ သူရဲကောင်းများမှာ နာမည်ကျော် အနုပညာရှင်များနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဝိသေသများကို ပေါင်းစပ်ထားသော အသက်မွေးဝမ်းကျောင်း အသစ်တစ်ခု ဖြစ်သည်။ သူတို့မှာ အဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းထားကာ အနုပညာရှင်များကဲ့သို့ ဖန် ေသာင်းပေါင်းများစွာ ရှိကြသလို စီအဆင့်သူရဲကောင်းများမှာလည်း ကောင်းမှုကုသိုလ်များ တက်ကြွစွာ ပြုလုပ်ခြင်းဖြင့် ပြည်သူများနှင့် နီးစပ်အောင် ကြိုးစားကြသည်။ အတိုချုပ်ပြောရလျှင် သူရဲကောင်းဆိုသည်မှာ ခေတ်စားလာသည့် အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်လာသည်။ လူငယ်အများအပြားမှာလည်း သူရဲကောင်း ဖြစ်ချင်ကြသည်။
ကံမကောင်းစွာဖြင့် ‘သူရဲကောင်းအသင်း’ ၏ သူရဲကောင်းအဖြစ် စစ်ဆေးအကဲဖြတ်မှုမှာ ပို၍ တင်းကျပ်လာသဖြင့် သူရဲကောင်း အရေအတွက်မှာ တိုးမလာခဲ့ပေ။ စာမေးပွဲ ခြောက်ဆင့်ကို လခွဲတစ်ကြိမ် ကျင်းပခဲ့ရာ ယခုဆိုလျှင် ၅၁ ကြိမ်မြောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဖြေဆိုသူမှာ တစ်ကြိမ်ထက်တစ်ကြိမ် ပိုများလာကာ ယခုအကြိမ်တွင် လူပေါင်း ၁၀,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ သို့သော် အောင်မြင်သူမှာ အလွန်နည်းပါးပြီး စစ်ဆေးမှုတစ်ခုလျှင် နှစ်ဦး၊ သုံးဦးခန့်သာ သူရဲကောင်း ဖြစ်လာကြသည်။ ထိုသူများထဲတွင်ပင် တချို့မှာ အရည်အချင်း မပြည့်မီကြသေးပေ။
ဤအမှတ်ပေးစနစ်မှာ အလွန်တင်းကျပ်နေပြီ ဖြစ်သော်လည်း ‘သူရဲကောင်းအသင်း’ ကမူ မလုံလောက်သေးဟု ယူဆကာ စစ်ဆေးမှုအဆင့်ကို ဆက်လက်မြှင့်တင်နေခဲ့သည်။ နောင်တွင် စစ်မှန်သော အထူးချွန်ဆုံး လူရည်ချွန်များသာ အောင်မြင်နိုင်တော့မည် ဖြစ်သည်။
“ဆစ်ချ်... ငါ တကယ် စိတ်ဓာတ်ကျနေပြီ” ဟု Kingပြောလိုက်သည်။
Kingအပြင်မထွက်မီက ဗက်ဆင်းမင်း၏ ဥကို ကြည့်ခဲ့သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မည်သည့်လှုပ်ရှားမှုမှ မတွေ့ရပေ။ ထိုဥကြီး သေသွားပြီလားဆိုသည်ကိုပင် သူ မသိတော့။
Kingလမ်းပေါ်သို့ ထွက်လာသည့်အခါ ချက်ချင်းပင် ဆွံ့အသွားရသည်။ လမ်းတစ်လျှောက်လုံး King၏ ဆွဲဆောင်မှုရှိသော အတွင်းခံကြော်ငြာများဖြင့် ပြည့်နှက်နေသည်။ သူ၏ ကြော်ငြာနှစ်ခုမှာ ဟိုးဟိုးကျော် ဖြစ်သွားမည်မှန်း သိသော်လည်း ယခုလောက်အထိ လူကြိုက်များသွားလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
လမ်းပေါ်ရှိ လူလတ်ပိုင်းအရွယ် လူငယ်တစ်ဦးမှာ စပ်တူးမုန့်ကို ဝါးရင်း “သူရဲကောင်းတွေသာ ထွက်ပြေး ဒါမှမဟုတ် ရှုံးနိမ့်သွားမယ်ဆိုရင် မွန်းစတားတွေကို ဘယ်သူ တိုက်ခိုက်မှာလဲ” ဟု အော်ဟစ်နေသည်။
မိန်းကလေးတစ်ဦးမှာ အတွင်းခံဆိုင်ထဲမှ အိတ်တစ်အိတ်ကို ကိုင်ကာ ထွက်လာသည်။ အိတ်ပေါ်တွင် ပြောင်းပြန်တြိဂံပုံစံ အမှတ်တံဆိပ်ပါရှိပြီး လက်ထဲတွင်လည်း ပိုစတာတစ်ခုကို ကိုင်ထားသည်။ ၎င်းမှာ အပျက်အစီးများကြားတွင် အတွင်းခံတစ်ထည်တည်း ဝတ်ကာ ရပ်နေသော (King) ၏ ပုံဖြစ်၏။ သူ၏ အေးစက်သော အမူအရာမှာ အမျိုးသမီးများကြားတွင် အလွန်ရေပန်းစားနေသည်။
Kingမှာ ထိုမိန်းကလေးကို ကြည့်ကာ နဖူးပေါ်တွင် အမည်းစက်များ ထင်သွားရသည်။ သူမမှာ ရတနာတစ်ခု ရထားသည့်အလား ပိုစတာရှိ(King) ၏ အတွင်းခံအတွင်းမှ ဖောင်းကြွနေသော နေရာကို မျက်လုံးများ အရောင်တောက်ကာ ကြည့်နေလေသည်။
“ဟူး... ဒီကမ္ဘာကြီးတော့ ပျက်စီးနေပြီပဲ...” ဟု Kingက ပြောရင်း သနားစရာကောင်းလှသည်ဟု တွေးကာ ခေါင်းခါလိုက်သည်။
King ထွက်ခွာသွားရန် ပြင်စဉ်မှာပင် ရိုင်းစိုင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဒါက... အတွင်းခံ မွန်းစတား တစ်ကောင်လား?
“ဟင်! မွန်းစတား...” အတွင်းခံ ဝယ်လာသည့် မိန်းကလေးမှာ ထိတ်လန့်သွားကာ ချက်ချင်းပင် ပိုစတာကို ဖြန့်လိုက်ပြီး(King) ရေ... ကျေးဇူးပြုပြီး ကျွန်မကို ကာကွယ်ပေးပါ...” ဟု အော်ဟစ်တော့သည်။
King - “...”
ဒီကမ္ဘာမှာ ဒီလောက်အူကြောင်ကြောင်နိုင်တဲ့လူ ရှိနေသေးတာလား? ငါ့ပုံတူက နတ်ဆိုးတွေကို နှင်ထုတ်နိုင်တယ်လို့ ထင်နေတာလား? အဲ့ဒါဆိုရင် ငါတို့ သူရဲကောင်းတွေ ဘာလို့ လိုဦးမှာလဲ။ ငါ့ပုံကို လူတိုင်းရဲ့ အိမ်ရှေ့တံခါးမှာ ကပ်ထားလိုက်ရုံနဲ့ ကမ္ဘာကြီး ငြိမ်းချမ်းသွားမှာပေါ့။
သို့သော်လည်း ထိုအတွင်းခံ မွန်းစတားသည် (King) ၏ ပုံကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားကာ လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်ပြီး အရူးအမူး ဖန်တစ်ယောက်ကဲ့သို့ ပျော်ရွှင်လွန်း၍ အော်ဟစ်နေလေသည်။
ထူးဆန်းသော အဖြစ်အပျက်များမှာ နှစ်တိုင်းရှိတတ်သော်လည်း ယခုနှစ်မှာတော့ ပို၍ ထူးခြားနေသည်။ Kingမှာ ရယ်ရမလို ငိုရမလို ဖြစ်နေတော့သည်။
“အရေးပေါ် သတိပေးချက်... အရေးပေါ် သတိပေးချက်... M-City မြို့သူမြို့သားများ ခင်ဗျား... ဈေးဝယ်လမ်းမပေါ်တွင် အတွင်းခံ မွန်းစတား တစ်ကောင် ရောက်ရှိနေပြီး ၎င်းကို ဝံပုလွေ အဆင့်ဟု သတ်မှတ်ထားပါသည်။ အဆိုပါ ထူးဆန်းသော သတ္တဝါကို မဖယ်ရှားနိုင်မီအထိ ဒေသခံများအနေဖြင့် ဝေးဝေးတွင် နေပေးကြပါရန်...” M-City အသင်းခွဲ၏ အချက်ပေးဥဩသံနှင့်အတူ အကြောင်းကြားစာ ထွက်ပေါ်လာသည်။
“ဟင်? အဲ့ဒီ လူထူးလူဆန်းက ဒီမှာလား၊ ပြေးကြဟေ့!”
“မကြောက်ပါနဲ့၊ ငါ့မှာ အဆင့်မြင့်အတွင်းခံ ရှိတယ်” ဟု ထိုမိန်းကလေးက အခြားလူကို ပြောနေပြန်သည်။
စည်ကားလှသော ဈေးဝယ်လမ်းမထက်တွင် ‘သူရဲကောင်းအသင်း’ မှ ထုတ်ပြန်ချက်ကို ကြားလိုက်ရသည်နှင့် မွန်းစတားမှာ ချက်ချင်းပင် ဆူညံစွာ အော်ဟစ်ပြီး ပြေးလွှားဖျက်ဆီးတော့သည်။
“မင်းကလည်း အရှင် (King) ရဲ့ ဖန်တစ်ယောက် ဖြစ်နေတာမို့ ငါ မင်းကို လွှတ်ပေးလိုက်မယ်” ဟု မွန်းစတားက ပြောလိုက်သည်။
(King) ရဲ့ ပိုစတာကို မြင်ပြီးနောက် အတွင်းခံ မွန်းစတားမှာ ကရုဏာသက်သွားကာ ထိုမိန်းကလေးကို လွှတ်ပေးလိုက်လေသည်။
“ကျွန်မကို ကာကွယ်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ကျွန်မရဲ့ (King) ရယ်” ဟု မိန်းကလေးက သူမ၏ ပိုစတာကို နမ်းရင်း ပြောလိုက်သည်။
“ဟေး... ခေါင်းချွန်ဦးထုပ်နဲ့လူ၊ မင်းရဲ့အတွင်းခံကို ခုချက်ချင်း ပေးစမ်း”
လမ်းပေါ်ရှိ လမ်းသွားလမ်းလာများ အကုန်ပြေးကုန်ကြသဖြင့် Kingတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ အရင်ကဆိုလျှင် သူလည်း ပြေးမိမှာ ဖြစ်သော်လည်း ယခုတွင် သူ့ထံ၌ နှစ်ပွင့်ဆိုင်ကတ်နှင့် လေးပွင့်ဆိုင်ကတ် ရှိနေပြီဖြစ်သဖြင့် ဝံပုလွေအဆင့် မွန်းစတားကို မကြောက်တော့ပေ။ သူ့မှာ အရည်အချင်း ရှိနေပြီဖြစ်သဖြင့် ထွက်ပြေးစရာ မလိုတော့။
ဒီကမ္ဘာကို ရောက်ကတည်းက မွန်းစတားနဲ့ တွေ့တိုင်း ထွက်ပြေးခဲ့ရတာက အလွန် အရှက်ရဖို့ ကောင်းလှသည်။
“ငါ့ကို အားရပါးရ တိုက်ခိုက်ခွင့်ပေးစမ်း!”
ထိုထူးဆန်းသော အတွင်းခံအောက်မှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး လျှပ်စစ်စီးနေသော သံတုတ်တစ်ချောင်းက အတွင်းခံ မွန်းစတား၏ ကျောကုန်းကို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။
“ဘာ!” အတွင်းခံ မွန်းစတားမှာ ထူးဆန်းစွာ အော်ဟစ်ရင်း ကြမ်းပြင်ပေါ်သို့ ယိုင်လဲသွားကာ ပါကင်ဆန်ရောဂါ ဖြစ်နေသကဲ့သို့ တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။
“ဟေး... သူ သေသွားပြီလား?!”
Kingမှာ တိုက်ခိုက်နိုင်စွမ်း မရှိတော့သည့် အတွင်းခံ မွန်းစတားကို ခိုးကြည့်လိုက်မိသည်။ သူ၏ ရင်ထဲမှ ပျော်ရွှင်မှုများမှာ လေနှင့်အတူ လွင့်ပါးသွားလေတော့သည်။