အခန်း ၆၉ - လေ့ကျင့်ရေးတာဝန် ပြီးမြောက်ခြင်း
"နံပါတ် ၄ ပြိုင်ပွဲဝင် မိုက်ဂိုင်နဲ့ အုချီဟာ အိုဘီတိုတို့ စာမေးပွဲခန်းထဲ ဝင်ရောက်ပြီး စာမေးပွဲအတွက် ပြင်ဆင်ပါ၊၊"
လူတိုင်း တွေးထားကြတဲ့အတိုင်းပဲ တစ်တန်းလုံးရဲ့ ထိပ်ဆုံးနေရာအတွက် ယှဉ်ပြိုင်ကြမယ့်သူတွေက မိုက်ဂိုင်နဲ့ အုချီဟာ အိုဘီတို တို့ ဖြစ်ကြတယ်၊၊ မိုက်ဂိုင်က ပြီးခဲ့တဲ့ စာမေးပွဲတုန်းက ပထမရထားတဲ့ ဟျူဂါ ဟိုမိုမန်ကို အနိုင်ယူခဲ့တာဖြစ်ပြီး အုချီဟာ အိုဘီတိုကလည်း တခြားပြိုင်ပွဲဝင်တွေနဲ့ တိုက်ပွဲမှာ ကြီးမားတဲ့ စွမ်းအားကို ပြသခဲ့တယ်၊၊
"အိုဘီတို၊ ကြိုးစားထားနော်၊၊" ဘေးကနေ တိုက်ပွဲကို စောင့်ကြည့်နေတဲ့ နိုဟာရာရင်းက အိုဘီတိုအတွက် လက်သီးလေးတွေ ဆုပ်ပြီး အားပေးလိုက်တယ်၊၊
"ရင်း၊ စောင့်ရုံသာ စောင့်ကြည့်နေပါ၊ ငါ နိုင်စေရမယ်၊၊" အုချီဟာ အိုဘီတိုက ယုံကြည်မှုရှိတဲ့ အပြုံးနဲ့ နိုဟာရာရင်းကို လက်လှမ်းပြလိုက်တယ်၊၊ ဒီတစ်ကြိမ်တော့ သူ ပထမနေရာကို ရယူဖို့ တကယ်ကို သန္နိဋ္ဌာန်ချထားတာ၊၊ သူ့ရဲ့ စွမ်းအားတွေ တိုးတက်လာဖို့အတွက် အဲဒီ စိတ်ပျက်စရာကောင်းတဲ့ ခါခါရှီ ဟာတာကဲ ဆီကနေ အပြင်းအထန် အရိုက်ခံခဲ့ရတာတွေက မနည်းပါဘူး၊၊ သဘာဝဓာတ်ပြောင်းလဲခြင်းနဲ့ နင်ဂျုဆု လေ့ကျင့်မှု တစ်လ၊ ကိုယ်ခံပညာ အထူးပြင်းထန်တဲ့ လေ့ကျင့်မှု တစ်လအပြီးမှာတော့ အုချီဟာ အိုဘီတိုဟာ လွန်ခဲ့တဲ့ နှစ်လတုန်းက ကိုယ်ခံပညာမှာ အရိုက်ခံရပြီး နင်ဂျုဆုလည်း ထုတ်မသုံးနိုင်တဲ့ အုချီဟာ အိုဘီတို မဟုတ်တော့ပါဘူး၊၊
'မူယွဲ့ဆရာ၊ ကျွန်တော့်ရဲ့ တိုးတက်မှုကို ဆရာ့ကို ပြသပါရစေ!' အုချီဟာ အိုဘီတိုက မူယွဲ့လည်း စာမေးပွဲကွင်းကို ရောက်လာတာကို သတိပြုမိလိုက်တယ်၊၊
"ငါကပဲ ပထမ ရမှာပါ!" မိုက်ဂိုင်က တောက်ပတဲ့ အပြုံးကို ပြသလိုက်ပြီး သူ့ရဲ့ ဖြူဖွေးတဲ့ သွားအစုံက နေရောင်အောက်မှာ ထူးထူးခြားခြား လင်းလက်နေတယ်၊၊ သစ္စာရှိမှုနဲ့ ယုံကြည်မှုအပိုင်းမှာတော့ သူ အုချီဟာ အိုဘီတိုကို ရှုံးမှာ မဟုတ်ပါဘူး၊၊ သူ နင်ဂျာအကယ်ဒမီ ဝင်ခွင့်စာမေးပွဲ ကျရှုံးခဲ့စဉ်တုန်းကတောင် သူဟာ အသန်မာဆုံး ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ခဲ့တာလေ၊၊
'ဒါ့အပြင် မူယွဲ့ဆရာက စောင့်ကြည့်နေတာ ဖြစ်လို့ ငါတို့ ရှုံးလို့ မဖြစ်ဘူး၊၊' မိုက်ဂိုင် စိတ်ထဲကနေ တွေးလိုက်မိတယ်၊၊ မူယွဲ့ သူ့အပေါ် ထားခဲ့တဲ့ ကြင်နာမှုတွေကို သူ အမြဲ မှတ်မိနေပြီး တပည့်တစ်ယောက်ရဲ့ စွမ်းအား တိုးတက်လာခြင်းက ဆရာ့အတွက် အကောင်းဆုံး ဆုလာဘ်ပဲဆိုတဲ့ မူယွဲ့ရဲ့ စကားတွေကို သူ မမေ့ပါဘူး၊၊ သူ မူယွဲ့ကို သူ့ရဲ့ အသန်မာဆုံး စွမ်းအားကို ပြသချင်တာ၊၊
"ဒါဆိုရင် စမ်းကြည့်ကြတာပေါ့၊ အရင်က လေ့ကျင့်မှုတွေနဲ့ မတူဘဲ လက်တွေ့စာမေးပွဲမှာတော့ မင်း နင်ဂျုဆု သုံးလို့ရတယ်နော်၊၊" အုချီဟာ အိုဘီတိုက ရင်ဆိုင်ခြင်းအမှတ်အသားကို ပုံဖော်ရင်း ပြောလိုက်တယ်၊၊
"ဒါဆိုရင် ဘယ်သူ့ရဲ့ လူငယ်ဘဝက ပိုပြီး ပြင်းပြင်းထန်ထန် တောက်လောင်နိုင်လဲဆိုတာ ပြိုင်ကြည့်ကြတာပေါ့၊၊" မိုက်ဂိုင်ကလည်း စည်းမျဉ်းတွေအတိုင်း ရင်ဆိုင်ခြင်းအမှတ်အသားကို ပုံဖော်လိုက်တယ်၊၊
ရင်ဆိုင်ခြင်းအမှတ်အသား ပုံဖော်နေတဲ့ လူနှစ်ယောက်ကို ကြည့်ပြီး မူယွဲ့က တိုက်ပွဲရဲ့ ရလဒ်ကို စိတ်ထဲကနေ ခန့်မှန်းတွက်ချက်နေမိတယ်၊၊ သူတို့နှစ်ယောက်ကြားမှာ စွမ်းအားချင်း သိပ်မကွာခြားပါဘူး ၊ ကိုယ်ခံပညာမှာ အုချီဟာ အိုဘီတိုက မိုက်ဂိုင်လောက် မကောင်းဘူး ဆိုပေမယ့် အုချီဟာ အိုဘီတိုက မီးဓာတ်နင်ဂျုဆု နှစ်ခု တတ်မြောက်ထားပြီး မိုက်ဂိုင်ကတော့ အခြေခံ ကိုယ်ပွားနည်းစနစ်သုံးခုပဲ တတ်တာလေ၊၊ ဒါပေမဲ့ မူယွဲ့ ခံစားရတာကတော့ မိုက်ဂိုင်ရဲ့ နိုင်ခြေက နည်းနည်း ပိုမြင့်လိမ့်မယ်ဆိုတာပဲ၊၊ မိုက်ဂိုင်က ပုံမှန်အချိန်တွေမှာ နည်းနည်း ကြောင်တောင်တောင် ဖြစ်နေတတ်ပေမယ့် တကယ် တိုက်ခိုက်တဲ့အခါကျရင် အလွန် တည်ငြိမ်ပါတယ်၊ အုချီဟာ အိုဘီတိုကတော့ နည်းနည်း စိတ်လောတတ်ပြီး တိုက်ပွဲအတွင်း အာရုံပျံ့လွင့်လွယ်တယ်၊၊ ဒါကြောင့် စွမ်းအားချင်း တူညီနေရင်တောင် မူယွဲ့က မိုက်ဂိုင်ကိုပဲ ပိုပြီး မျှော်လင့်ချက် ထားမိတယ်၊၊
"စာမေးပွဲ စပြီ!"
သူတို့နှစ်ယောက် ရင်ဆိုင်ခြင်းအမှတ်အသား ပုံဖော်ပြီး မကြာခင်မှာပဲ စာမေးပွဲစောင့်ဆရာက တိုက်ပွဲစတင်ကြောင်း ကြေညာလိုက်တယ်၊၊
"ကိုနိုဟာရဲ့ လေဆင်နှာမောင်း!"
စာမေးပွဲစောင့်ဆရာ စကားပြောပြီးတာနဲ့ မိုက်ဂိုင်က တစ်ခဏအတွင်းမှာပဲ ပြေးထွက်သွားပြီး သူ့ရဲ့ အကောင်းဆုံး ကိုယ်ခံပညာ ကန်ချက်နဲ့ အုချီဟာ အိုဘီတိုကို အရှိန်အဟုန်နဲ့ ကန်ထုတ်လိုက်တယ်၊၊ အုချီဟာ အိုဘီတိုက ဒီကန်ချက်ကို အကြိမ်ကြိမ် အကန်ခံခဲ့ရဖူးတာ ဖြစ်လို့ သူက သတိထားပြီးသား ဖြစ်နေကာ တစ်ခဏအတွင်းမှာပဲ ဘေးကို ရှောင်တိမ်းလိုက်တယ်၊၊
ချက်ချင်းဆိုသလို အုချီဟာ အိုဘီတိုက နောက်ကို ဆုတ်လိုက်ပြီး ရှိူရီကန် လက်နက်အချို့ကို မြန်မြန်ဆန်ဆန် ပစ်ထုတ်ကာ မိုက်ဂိုင်ဆီကို ထိုးစိုက်လိုက်တယ်၊၊ မိုက်ဂိုင်က အုချီဟာ အိုဘီတိုရဲ့ နည်းဗျူဟာကို ခပ်ရေးရေး ခန့်မှန်းမိပေမယ့် အုချီဟာ အိုဘီတိုရဲ့ ရှိူရီကန် ပစ်ခတ်မှု စွမ်းရည်က ကောင်းမွန်လှတာကြောင့် မိုက်ဂိုင်ကို နောက်သို့ ရှောင်တိမ်းသွားစေခဲ့တယ်၊၊
"မီးဓာတ် - မီးလုံးကြီးအတတ်ပညာ!"
အုချီဟာ အိုဘီတိုက အကွာအဝေးတစ်ခု ရသွားတဲ့အခါ တစ်စက္ကန့်မျှပင် အချိန်မဖြုန်းရဲဘဲ သူ့ရဲ့ အကောင်းဆုံး မီးဓာတ်နင်ဂျုဆုကို အသုံးပြုဖို့ လက်နက်အမှတ်အသားတွေကို ချက်ချင်း ဖော်ဆောင်လိုက်တယ်၊၊
ဝုန်း!
တောက်လောင်နေတဲ့ မီးတောက်တွေက အုချီဟာ အိုဘီတိုရဲ့ ပါးစပ်ထဲကနေ ဆက်တိုက် ထွက်ပေါ်လာပြီး လူနှစ်ယောက်စာလောက် မြင့်တဲ့ ဧရာမ မီးလုံးကြီးတစ်ခု မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာကာ မိုက်ဂိုင်ဆီကို တိုက်ခိုက်သွားခဲ့တယ်၊၊
"မျိုးနွယ်စုဝင် နင်ဂျာတွေက တကယ် ကောင်းတာပဲ၊ ကျောင်းမဆင်းရသေးခင်မှာတင် ဒီလောက် အားကောင်းတဲ့ နင်ဂျုဆုတွေကို သင်ယူနိုင်ကြတယ်၊၊" အချို့ ကျောင်းသားတွေက အဲဒီ ကြောက်စရာကောင်းတဲ့ မီးလုံးကြီးကို ကြည့်ပြီး မနာလိုတဲ့ အမူအရာတွေ မပြဘဲ မနေနိုင်တော့ပါဘူး၊၊ သူကလည်း စတုတ္ထနှစ် ကျောင်းသားတစ်ယောက် ဖြစ်ပေမယ့် လက်ရှိ သူ ကျွမ်းကျင်တဲ့ တစ်ဦးတည်းသော နင်ဂျုဆုက ကျောင်းမှာ သင်ပေးတဲ့ အခြေခံ ကိုယ်ပွားနည်းစနစ်သုံးခုပဲ ရှိတာလေ၊၊
"နင်ဂျုဆုဆိုတာ သင်ယူဖို့ မလွယ်ကူပါဘူး၊ မင်းကို နင်ဂျုဆု လိပ်စာစာအုပ် ပေးရင်တောင် မင်း သင်ယူနိုင်ချင်မှ သင်ယူနိုင်မှာပါ၊၊" ဘေးက ဒုတိယမျိုးဆက် နင်ဂျာတစ်ယောက်က ပြန်ချေပလိုက်တယ်၊၊ သူ့မိသားစုက မျိုးနွယ်စုကြီး မဟုတ်ပေမယ့် သူ့မိဘနှစ်ပါးစလုံးက နင်ဂျာတွေ ဖြစ်ကြတယ်၊ ဒါပေမဲ့ သူကိုယ်တိုင်လည်း လက်ရှိအချိန်အထိ အခြေခံ ကိုယ်ပွားနည်းစနစ်သုံးခုကိုပဲ ကျွမ်းကျင်သေးတာ၊၊
"ဒီအဆင့်ရှိတဲ့ မီးဓာတ်နင်ဂျုဆုက ကျောင်းသားတစ်ယောက်ရဲ့ အဆင့် မဟုတ်တော့ဘူး၊ မဟုတ်ဘူး၊ ဒါက ဂျီနင် တစ်ယောက်မှာတောင် ရှိရမယ့် အဆင့် မဟုတ်ဘူး!" မီးဓာတ်နင်ဂျုဆုကို နားလည်တဲ့ ချူနင် ဆရာတစ်ယောက်က မချီးကျူးဘဲ မနေနိုင်တော့ပါဘူး၊၊ သူ့ရဲ့ ကိုယ်ပိုင် မီးဓာတ်နင်ဂျုဆု စွမ်းရည်ကတောင် ဒီအဆင့်ပဲ ရှိတာလေ၊၊
"ဟုတ်တယ်၊ သူက အုချီဟာ မျိုးနွယ်စုရဲ့ ကျောင်းသားတစ်ယောက် ဖြစ်ရကျိုးနပ်တယ်လို့ပဲ ပြောရမယ်၊၊" ဆရာတစ်ယောက်ကလည်း သဘောတူညီစွာ ပြောလိုက်တယ်၊၊
မီးလုံးကြီးက မိုက်ဂိုင်ဆီကို တရစပ် ဦးတည်နေပေမယ့် မိုက်ဂိုင်ကတော့ အဲဒီ မီးတောက်တွေရဲ့ အရှိန်ကို တိုက်ရိုက် ရှောင်ကွင်းပြီး ဘေးဘက်ကို မြန်မြန်ဆန်ဆန် ဆုတ်ခွာလိုက်တာကြောင့် မကြာခင်မှာပဲ မီးလုံးကြီးရဲ့ တိုက်ခိုက်မှု အကွာအဝေးကနေ လွတ်မြောက်သွားတော့မယ့်ပုံပဲ၊၊ အုချီဟာ အိုဘီတိုက မိုက်ဂိုင်ရဲ့ လှုပ်ရှားမှုကို ပိတ်ဆို့ဖို့အတွက် ရှိူရီကန် အချို့ကို မြန်မြန်ဆန်ဆန် ထပ်မံ ပစ်ထုတ်လိုက်တယ်၊၊ မီးလုံးကြီးကတော့ လမ်းကြောင်း ပြောင်းလို့ မရပါဘူး၊၊
ဒါပေမဲ့ အုချီဟာ အိုဘီတိုရဲ့ မျှော်လင့်ချက်ထက် ကျော်လွန်သွားတာကတော့ မိုက်ဂိုင်က ခူနိုင်းဓားတစ်လက်ကို သုံးပြီး သူပစ်ထုတ်လိုက်တဲ့ ရှိူရီကန်အားလုံးကို တားဆီးလိုက်ရုံတင်မကဘဲ မီးလုံးကြီး မပေါက်ကွဲခင်မှာတင် ဘေးကင်းရာကို အောင်မြင်စွာ ဆုတ်ခွာသွားခဲ့တယ်၊၊
'ကံကောင်းလို့ အိုဘီတိုရဲ့ ရှိူရီကန်ပစ်ခတ်မှုက အုချီဟာ ရှီဆုအီ လောက် မဆိုးတာ၊ မဟုတ်ရင် ငါ ဒဏ်ရာရသွားမှာ သေချာတယ်၊၊' မိုက်ဂိုင် သက်ပြင်းတစ်ချက် ချလိုက်ပြီး ကံကောင်းတယ်လို့ ခံစားလိုက်ရတယ်၊၊ အုချီဟာ ရှီဆုအီနဲ့ တိုက်ခိုက်တုန်းက အုချီဟာ ရှီဆုအီရဲ့ ရှိူရီကန် ပစ်ခတ်မှုတွေက သူ့ကို အများကြီး ဒုက္ခပေးခဲ့တာလေ၊၊ အုချီဟာ ရှီဆုအီ ဆီကနေ ဖိအားတွေကို ခံစားခဲ့ရဖူးတာ ဖြစ်လို့ အခု အုချီဟာ အိုဘီတိုနဲ့ ရင်ဆိုင်ရတာက သူ့အတွက် အနေတော်ပဲ ဖြစ်နေတယ်၊၊
'လူတွေကို မီးလုံးကြီးနဲ့ တိုက်ခိုက်ဖို့က တကယ်ကို ခက်ခဲလွန်းသေးတယ်၊ ငါ နဂါးမီးတောက်အတတ်ပညာကို သုံးခဲ့သင့်တာ၊၊' အုချီဟာ အိုဘီတို နည်းနည်း နှမြောတသ ဖြစ်သွားတယ်၊၊ သူလည်း နဂါးမီးတောက်အတတ်ပညာက ပိုကောင်းလိမ့်မယ်လို့ ခံစားမိပေမယ့် ပြီးခဲ့တဲ့အကြိမ်တုန်းက သူက မီးလုံးကြီးအတတ်ပညာကို သုံးပြီး လူငယ်နင်ဂျုဆုပြိုင်ပွဲမှာ ပထမနေရာကို ရရှိခဲ့တာ ဖြစ်လို့ အုချီဟာ အိုဘီတို ခံစားရတာကတော့ တစ်တန်းလုံး အဆင့် လက်တွေ့တိုက်ပွဲမှာ မီးလုံးကြီးအတတ်ပညာကို သုံးပြီး ပထမနေရာ ရယူတာက ပိုပြီး အဓိပ္ပာယ်ရှိလိမ့်မယ်လို့ ထင်လို့ပဲ၊၊
ဒါပေမဲ့ အုချီဟာ အိုဘီတိုအတွက် နောင်တရနေဖို့ အချိန်မရှိပါဘူး၊၊ မိုက်ဂိုင်က ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး သူ့ရဲ့ ခြေထောက်တွေကနေ ချာကာရာတွေကို ပေါက်ကွဲထွက်စေကာ ရှေ့ကို ပြေးဝင်လာခဲ့ပြီ၊၊
"ကိုနိုဟာရဲ့ လေဆင်နှာမောင်း!"
မိုက်ဂိုင်က သူ့ရဲ့ အကောင်းဆုံး ကန်ချက်အတတ်ပညာကို ထပ်မံ ထုတ်သုံးလိုက်ပြန်တယ် ၊၊
"အဂိုင်၊ မင်းရဲ့ အရှိန်က ခါခါရှီ ဟာတာကဲ ရဲ့ ရွှေ့ပြောင်းခြင်းအတတ်ပညာလောက် မမြန်ပါဘူး၊၊" အုချီဟာ အိုဘီတိုက မိုက်ဂိုင်ရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက် ဂုဏ်ယူဝင့်ကြွားတဲ့ အပြုံးနဲ့ မပြောဘဲ မနေနိုင်တော့ပါဘူး၊၊ သူ ခံစားရတာကတော့ မိုက်ဂိုင်ရဲ့ ကိုယ်ခံပညာက ရင်ဆိုင်ရတာ သိပ်မခက်ခဲလှပါဘူး၊၊
ပြီးနောက် အုချီဟာ အိုဘီတိုက မိုက်ဂိုင်နဲ့ ကိုယ်ခံပညာချင်း ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့တယ်၊၊ ဒါပေမဲ့ အုချီဟာ အိုဘီတိုက သူ စဉ်းစားတာ များသွားမှန်း ချက်ချင်း သိလိုက်ရတယ်၊ သူ့ရဲ့ ခွန်အားနဲ့ အရှိန်က မိုက်ဂိုင်လောက် မကောင်းပါဘူး၊၊ မကြာခင်မှာပဲ အုချီဟာ အိုဘီတိုဟာ အထိနာပြီး နောက်ကို ဆုတ်သွားခဲ့ရကာ သူ့ရဲ့ ကောင်းမွန်တဲ့ ကိုယ်ခံပညာ လှုပ်ရှားမှုတွေကို သုံးပြီး ရှောင်တိမ်းနေရုံပဲ တတ်နိုင်တော့တယ်၊၊
"အုချီဟာ အိုဘီတိုက မီးဓာတ်နင်ဂျုဆုမှာ တော်တယ် ဆိုပေမယ့် မိုက်ဂိုင်ရဲ့ ကိုယ်ခံပညာကလည်း သိပ်ကို ကောင်းမွန်လှတယ်၊ ဒီအတိုင်းသာ ဆက်သွားရင် အုချီဟာ အိုဘီတို ရှုံးလိမ့်မယ်၊၊" အချို့ ဆရာတွေက အုချီဟာ အိုဘီတိုရဲ့ အားနည်းချက်ကို သတိပြုမိသွားကြတယ်၊၊ မိမိရဲ့ အားသာချက်ကို ကောင်းကောင်း အသုံးမချနိုင်ရင် မိုက်ဂိုင်နဲ့ ကိုယ်ခံပညာချင်း ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မှာလဲ၊၊
အီကီဂါယာကတော့ ပြုံးပြီး ဘာမှ မပြောပါဘူး၊၊ ဘာပဲဖြစ်ဖြစ် သူတို့ နှစ်ယောက်စလုံးက သူ့အတန်းက ကျောင်းသားတွေ ဖြစ်ကြတာမို့လို့ ဘယ်သူပဲနိုင်နိုင် ဆုကြေးငွေကတော့ လွတ်သွားမှာ မဟုတ်ပါဘူး၊၊
တိုက်ပွဲရဲ့ ရလဒ်က သူ တွက်ချက်ထားတဲ့ လမ်းကြောင်းအတိုင်း ဦးတည်နေတာကို မြင်တွေ့ရတဲ့ မူယွဲ့ရဲ့ စိတ်ထဲမှာတော့ ဘာလှိုင်းတံပိုးမှ ဖြစ်ပေါ်မလာခဲ့ပါဘူး၊၊ အမှန်တော့ ဘယ်သူပဲနိုင်နိုင် အရေးမကြီးပါဘူး၊ ဘာပဲဖြစ်ဖြစ် သူတို့ နှစ်ယောက်စလုံးမှာ လေ့ကျင့်ရေးတာဝန်တွေ ရှိနေကြတာလေ၊၊ အနိုင်ရတဲ့သူထက်စာရင် သူက နောက်ပိုင်းမှာ ဘယ်လို ဆုလာဘ်တွေ ပေးအပ်လာမလဲဆိုတာကိုပဲ ပိုပြီး စိတ်ဝင်စားမိတယ်၊၊
"ကိုနိုဟာရဲ့ လေဆင်နှာမောင်းကြီး!"
မိုက်ဂိုင်က လက်ရှိအချိန်အထိ သူ့ရဲ့ အကောင်းဆုံး ကန်ချက်ကို ထုတ်သုံးလိုက်ပြီး အရင်က ဘယ်ကန်ချက်ထက်မဆို ပိုမို အားကောင်းလှတယ်၊၊ မိုက်ဂိုင် ရုတ်တရက် ပြသလိုက်တဲ့ အရှိန်နှုန်းက အုချီဟာ အိုဘီတိုကို အလစ်အငိုက် မိသွားစေခဲ့တယ်၊၊ သူ ဒီတိုက်ခိုက်မှုကို မရှောင်နိုင်ခဲ့ဘဲ မီတာအတော်များများ အကွာအဝေးအထိ တိုက်ရိုက် ကန်ထုတ်ခြင်း ခံလိုက်ရတော့တယ်၊၊
"စတုတ္ထနှစ် လက်တွေ့စာမေးပွဲ ပြီးဆုံးသွားပါပြီ၊ နောက်ဆုံး အောင်နိုင်သူကတော့ မိုက်ဂိုင် ဖြစ်ပါတယ်!"
စာမေးပွဲစောင့်ဆရာက နောက်ဆုံး စာမေးပွဲ ပြီးဆုံးကြောင်း ကြေညာလိုက်တယ်၊၊ စာမေးပွဲ ပြီးဆုံးသွားတဲ့ အဲဒီတစ်ခဏမှာပဲ မူယွဲ့ရဲ့ စနစ်ကလည်း လေ့ကျင့်ရေးတာဝန်တွေကို တွက်ချက်သိမ်းဆည်းနေပြီဖြ
ယစ်ကြောင်း အစီရင်ခံစာ ထုတ်ပြန်လာခဲ့တယ်၊၊