အခန်း (၅၉) - ငါ့ရဲ့ ကျွန်လုပ်စမ်း
ယနေ့ခေတ် ဓားဘုရင်အိမ်တော်သည် အမှန်တကယ်ပင် အန္တရာယ်များလှသည်။ လျူမင်းသားအိမ်တော်မှ စိုက်ပျိုးထားသော သူလျှိုများအားလုံးကို ချူးဖုန်းက ရှင်းလင်းပစ်ခဲ့ပြီဖြစ်သည်။
အိမ်တော်ထိန်းလောင် အပါအဝင် အလှုပ်ရှားဆုံးသူများအားလုံး ငရဲမင်းထံ အခစားဝင်သွားခဲ့ရလေပြီ။
အသေးစိတ် စုံစမ်းစစ်ဆေးကြည့်မည်ဆိုပါက ထိုသူများ၏ သေဆုံးမှုအားလုံးသည် ဓားဘုရင်အိမ်တော်၏ 'အမှိုက်ကောင်' ဟု သတ်မှတ်ခံထားရသော ချူးဖုန်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်စပ်နေပေသည်။
"ပါးစပ်ဟစမ်း!"
ချူးဖုန်းက အမိန့်ပေးလိုက်သည်။
သူလျှိုအားလုံးကို သတ်ပစ်ခြင်းက ကောင်းသောအကြံတော့ မဟုတ်ပေ။ အိမ်တော်ထိန်းလောင် သေဆုံးသွားပြီးနောက် ဓားဘုရင်အိမ်တော်ရှိ ကျန်ရစ်သော အစေခံများထဲတွင် အာချန်းတစ်ယောက်သာလျှင် လျူမင်းသားအိမ်တော်၏ အသိအမှတ်ပြုမှုကို အတန်ငယ် ရရှိထားသူဖြစ်သည်။ လျူမင်းသားအိမ်တော်ထံသို့ သတင်းအမှားများ ပေးပို့ရန် အာချန်းကို ချန်ထားခြင်းကလည်း ကောင်းမွန်သော ဗျူဟာတစ်ခု ဖြစ်နိုင်သည်။
အာချန်းက ရုန်းကန်ရင်း ပါးစပ်ကို ဟပေးလိုက်ရာ ချူးဖုန်းက အဆိပ်ဖြေဆေးလုံးတစ်လုံးကို ထုတ်ယူပြီး သူ၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
"ဆေးကို အရက်နဲ့ရောပြီး ရေချိုးစည်ပိုင်းထဲမှာ နှစ်နာရီကျော်လောက် စိမ်ချိုးလိုက်၊ မင်း သက်သာသွားလိမ့်မယ်!"
ချူးဖုန်းက ထိုစကားများကို ချန်ရစ်ခဲ့ပြီးနောက် အိမ်တော်အထွက်ပေါက်ဆီသို့ လျှောက်သွားလေသည်။
အလွန်တန်ဖိုးကြီးမားလှသော ရုပ်သေးဆေးလုံး လေးလုံးကို ဖော်စပ်ထားပြီးဖြစ်ရာ အကျိုးအမြတ် အများဆုံးရရှိစေရန် ထိုဆေးလုံးများကို ရောင်းချမည့်နည်းလမ်း ရှာဖွေရမည် (သို့မဟုတ်) စွမ်းအားကြီးမားသော သိုင်းပညာရှင်တစ်ဦးကို တိုက်ကျွေးရမည်ဖြစ်သည်။
အမြဲတမ်း သိမ်းဆည်းထားခြင်းက မည်သည့်အကျိုးမှ ရှိလာမည်မဟုတ်ပေ။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးအား လှည့်စားကာ တစ်လုံးတိုက်ကျွေးရန် ချူးဖုန်း စဉ်းစားခဲ့ဖူးသော်လည်း ဤအတွေးက ခဏသာ ခံလေသည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် သူ၏ ဒုတိယအစ်မ အသက်ကို ကယ်တင်ပေးခဲ့သူဖြစ်ရာ ကျေးဇူးကို ရန်နှင့်တုံ့ပြန်ခြင်းက လွန်ကဲလွန်းရာကျပေမည်။
ထို့အပြင် အနက်ရောင်ဝတ် အမျိုးသမီးမှာ ကိုင်တွယ်ရလွယ်ကူသူ မဟုတ်ဘဲ ဒေါသအလွန်ကြီးသူဖြစ်သည်။ အကယ်၍ ချူးဖုန်း၏ လှည့်ကွက်များကို သူမသာ ရိပ်မိသွားပါက သူနှင့် အသေအကြေ တိုက်ခိုက်လာနိုင်သည်။
ထိုအခြေအနေသို့ရောက်ရှိပြီး နန်းတော်မှ လုပ်ကြံသူတစ်ဦးကို ဓားဘုရင်အိမ်တော်က ခိုလှုံခွင့်ပေးထားကြောင်း လူသိရှင်ကြား ဖြစ်သွားပါက ဓားဘုရင်အိမ်တော်အတွက် တစ်ခုတည်းသော ရလဒ်မှာ ပျက်စီးခြင်းသာ ဖြစ်ပေလိမ့်မည်။
ဓားဘုရင်အိမ်တော်မှ ထွက်ခွာလာပြီး မကြာမီမှာပင် သူ၏နောက်မှ တစ်စုံတစ်ယောက် တိတ်တဆိတ် လိုက်ပါလာကြောင်း ချူးဖုန်း အာရုံရလိုက်သည်။
"ပြီးခဲ့တဲ့တစ်ခေါက်က လောင်မာအိုကို သတ်ခဲ့ရပြီးပြီ၊ ဒီတစ်ခါ သေချင်လို့ ရောက်လာတဲ့သူက ဘယ်သူလဲဆိုတာ ကြည့်ရသေးတာပေါ့!" ချူးဖုန်းသည် ချက်ချင်းပင် ခြေလှမ်းများကို ခပ်သွက်သွက်လျှောက်လိုက်ပြီး ကျဉ်းမြောင်းသော လမ်းကြားတစ်ခုဆီသို့ ဦးတည်သွားလိုက်သည်။ ယခင်က တစ်ကြိမ် အောင်မြင်ခဲ့ပြီး ထပ်မံ၍ အသုံးဝင်လာနိုင်မည့် ထိုနည်းဗျူဟာကိုပင် သူ အသုံးပြုလိုက်ခြင်းဖြစ်သည်။
အံ့ဩစရာကောင်းသည်မှာ သူ လမ်းကြားထဲသို့ ကွေ့ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် နောက်ကလူသည်လည်း အလောတကြီး လိုက်လာခဲ့ခြင်းပင်ဖြစ်သည်။
"မင်းသားချူးဖုန်း... ကျေးဇူးပြုပြီး ရပ်ပါဦး!"
နောက်မှလိုက်လာသူသည် တစ်ကိုယ်လုံးကို ဖုံးအုပ်ရစ်ပတ်ထားပြီး အသံမှာ ဩရှရှဖြစ်နေကာ နီရဲနေသော မျက်လုံးနှစ်လုံးကိုသာ ဖော်ပြထားသည်။ ကံကောင်း၍ နေ့ခင်းဘက်ဖြစ်နေခြင်းဖြစ်သည်။ အကယ်၍သာ ညဘက်ဖြစ်နေပါက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေပေလိမ့်မည်။ လူများအနေဖြင့် ကြမ်းကြုတ်သော သရဲတစ္ဆေတစ်ကောင်နှင့် ကြုံတွေ့ရသည်ဟု သေချာပေါက် ထင်မှတ်သွားစေမည်ဖြစ်သည်။
"မင်းက မော့ရှန်လား"
ချူးဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ထားလိုက်ရာ သူ၏ လက်ဖဝါးထဲတွင် ထူးခြားသောမီးတောက်တစ်ခု ပေါ်ထွက်လာ၏။ ဝတ်ရုံခြုံထားသော နောက်လိုက် နီးကပ်လာသည်နှင့်အမျှ ထိုသူ့ထံမှ ထွက်ပေါ်နေသော ပုပ်ဟောင်နေသည့် အနံ့ဆိုးကို သူ ရလိုက်သည်။
ခန့်မှန်းနေစရာပင် မလိုတော့ဘဲ ဤသူသည် မည်သူဖြစ်ကြောင်း သူ သိလိုက်ပြီဖြစ်သည်။
လျူမင်းသားအိမ်တော်မှ အုပ်ချူပ်သူမော့ရှန်တစ်ဦးတည်းသာလျှင် ခြေတစ်လှမ်းတည်းဖြင့် မီတာဆယ်ချီ ခုန်ပျံနိုင်လောက်အောင် ဤမျှ ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
"ကျွန်တော့်ကို ကယ်ပါဦး!"
မော့ရှန်က ရှေ့သို့ လှမ်းလာပြီး ချူးဖုန်းနှင့် အကွာအဝေးကို ချက်ချင်း ကျဉ်းမြောင်းသွားစေသည်။
စွမ်းအားပိုင်းတွင် ချူးဖုန်းသည် မော့ရှန်ထက် များစွာ နိမ့်ကျနေပေသည်။ ဤသူမှာ ဓားသခင်ကြီးအဆင့်သို့ နီးပါး ရောက်ရှိနေပြီဖြစ်သည်။ နောက်ဆုံးတော့ သူ့ထံသို့ လာရောက်ရှာဖွေခဲ့ပြီဖြစ်သည်။
"မင်း လူမှားနေပြီထင်တယ်!" ချူးဖုန်းက ရန်သူ၏ အခြေအနေအမှန်ကို တမင်သက်သက် စမ်းသပ်လိုက်သည်။
"ခေါင်းလောင်းကို ဖြုတ်ဖို့ဆိုရင် တပ်ဆင်ခဲ့တဲ့သူကိုပဲ ရှာရမယ်... ဒါက မင်းသားချူးဖုန်း ကိုယ်တိုင် ပြောခဲ့တဲ့စကားတွေပါ။ ကျွန်တော် နောင်တရမိတဲ့ တစ်ခုတည်းသောအရာက မင်းသားကို အထင်သေးခဲ့မိတာပါပဲ"
"အများက အထင်အသေးဆုံးဖြစ်တဲ့ ဓားဘုရင်အိမ်တော်ရဲ့ တတိယသခင်လေးက ဒီလောက် နက်နဲတဲ့ အဂ္ဂိရတ်ပညာရပ်တွေကို ပိုင်ဆိုင်ထားမယ်လို့ လုံးဝ မထင်မှတ်ထားခဲ့မိဘူး။ တခြားအရာတွေကို မပြောနဲ့ဦး၊ ဒီယားယံစေတဲ့ အဆိပ်တစ်မျိုးတည်းကိုတောင် ဘယ်သူမှ မဖြေရှင်းနိုင်ဘူး။"
"တော်ဝင်မြို့တော် တစ်ခွင်လုံးမှာရှိတဲ့ ထက်မြက်တဲ့ ဆေးဆရာတိုင်းကို ကျွန်တော် လိုက်ရှာခဲ့ပြီး နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ပေမယ့် အားလုံးက အချည်းနှီးပဲ ဖြစ်ခဲ့ရတယ်။"
မော့ရှန်၏ ဉာဏ်ရည်မှာ အမှန်တကယ်ပင် နတ်ဆိုးဆန်လှသည်။
မိမိကိုယ်တိုင် အဆိပ်မိနေကြောင်းနှင့် တော်ဝင်မြို့တော်ရှိ မည်သည့် ဆေးဆရာကမှ မကုသနိုင်ကြောင်း သိလိုက်ရသောအခါ သူသည် မျှော်လင့်ချက် မမဲ့သွားခဲ့ပေ။ ထိုအစား သူ အလွန်တရာ အံ့ဩတုန်လှုပ်သွားခဲ့သည်။
ထိုအဆိပ်မှာ ချူးဖုန်း၏ လက်ချက်ဖြစ်နိုင်ကြောင်းကိုပင် သူ ခန့်မှန်းမိခဲ့သည်။
မည်သို့ပင်ဖြစ်စေ လျူမင်းသားအိမ်တော်မှ ဓားဘုရင်အိမ်တော်တွင် ထည့်သွင်းထားသော သူလျှိုများအားလုံး ဤကုသ၍မရနိုင်သော ထူးဆန်းသည့်ရောဂါ ကူးစက်ခံထားရသည် မဟုတ်ပါလော။
"သန်းကိုက်ခံရလို့ပါလို့ သူတို့ပြောတာကို ကျွန်တော့်ကို ရိုက်သတ်ရင်တောင် ယုံမှာမဟုတ်ဘူး။" "အုပ်ချူပ်သူ မော့.. ခင်ဗျား ကျွန်တော့်ကို အထင်ကြီးလွန်းနေပြီ! ကျွန်တော်က ဓားကြောတွေ ရုပ်သိမ်းခံထားရတဲ့ အသုံးမကျတဲ့ အမှိုက်ကောင်တစ်ကောင်မျှသာပါ။ ခင်ဗျားရဲ့အဆိပ်ကို ကျွန်တော် ကူညီနိုင်မယ်မထင်ဘူး!" ချူးဖုန်း၏ ဝိညာဉ်မှာ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သည့် အဂ္ဂိရတ်ပညာရှင်၏ ဝိညာဉ်ဖြစ်သည်။
မော့ရှန် တစ်ယောက် ချူးဖုန်းနှင့် လာရောက်ကစားနေခြင်းက သူ့ကိုယ်သူ ဒုက္ခရှာနေခြင်း သက်သက်သာဖြစ်သည်။
မော့ရှန်ဘက်မှ အမှန်တကယ် ကတိကဝတ် မပြုသရွေ့ ချူးဖုန်းက လုံးဝ လက်တုန်မည် မဟုတ်ပေ။
"ဒီနေ့ မင်း ကယ်ချင်သည်ဖြစ်စေ၊ မကယ်ချင်သည်ဖြစ်စေ ကယ်ကို ကယ်ရမယ်!"
"မင်း ငါ့ကို အတင်းအကျပ် အင်အားသုံးဖို့ မဖိအားပေးတာ ကောင်းလိမ့်မယ်! ထောင့်ပိတ်မိနေတဲ့ ယုန်တောင် ပြန်ကိုက်တတ်တယ်! အသက်ရှင်ချင်နေတဲ့ ငါလို လူအိုကြီးတစ်ယောက်က ဘာမဆို လုပ်ရဲတယ်။"
မော့ရှန်၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် နီရဲပြူးကျယ်နေကာ ချူးဖုန်းကို စူးရဲစွာ စိုက်ကြည့်နေသည်။
သူ၏ လက်ချောင်းထိပ်များတွင် ဓားချီငါးခု အတိအကျရှိနေပြီး တဖျပ်ဖျပ် တောက်ပနေ၏။ ဓားချီ မည်မျှရှိသည်ဆိုခြင်းမှာ ဓားကြော မည်မျှကို ဖွင့်လှစ်နိုင်ခဲ့ပြီလဲ ဆိုသည်နှင့် အတူတူပင်ဖြစ်သည်။
အချို့လူများသည် မွေးရာပါ ဓားကြောသုံးခုသာ ပါရှိကြပြီး မည်မျှပင် ကျင့်ကြံအားထုတ်စေကာမူ ဓားချီ သုံးခုကိုသာ ပိုင်ဆိုင်နိုင်ကြသည်။
ဓားချီ ငါးခု ပိုင်ဆိုင်ထားသူများသည် ပုံမှန်အားဖြင့် သဘာဝဓာတ်ကြီးငါးပါး ဓားကြောများ ရှိသူများဖြစ်သည်။
ဤအရာက ဓားတာအိုလမ်းစဉ်တွင် အလွန်ထူးခြားပြောင်မြောက်သော ပါရမီတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီဖြစ်သည်။ အနည်းဆုံးတော့ ဓားသူတော်စင် ဘွဲ့ကို ယှဉ်ပြိုင်လုယူနိုင်ရန် မျှော်လင့်ချက် ရှိနေပေသည်။
"ဂရုမစိုက်ဘူး၊ လုပ်ချင်တာသာ လုပ်လိုက်စမ်းပါ!" ချူးဖုန်းက အေးစက်သော အပြုံးတစ်ခုဖြင့် ဂရုမစိုက်သလို ပြောလိုက်သည်။ "ပြီးခဲ့တဲ့တစ်ခေါက် ငါ့ရဲ့ ဓားဘုရင်အိမ်တော်မှာတုန်းက မင်း ဓားချီ သုံးခုပဲ ထုတ်ပြခဲ့တာ၊ ဒါပေမယ့် မင်းက ငါးခုအထိ ကျင့်ကြံထားနိုင်လိမ့်မယ်လို့ မထင်ထားဘူး။ တော်တော်လေးကို ဖုံးကွယ်ထားနိုင်တာပဲ!"
အကယ်၍သာ သူသည် မျှော်လင့်ချက်မဲ့ကာ အသက်လုတိုက်ပွဲဝင်နေရခြင်း မဟုတ်ပါက မော့ရှန်သည် သူ၏ စွမ်းအားအစစ်အမှန်ကို ဆက်လက်ဖုံးကွယ်ထားဦးမည်သာဖြစ်သည်။ မော့ရှန်၏ စွမ်းအားမှာ အလွန်တရာ ကြီးမားလှသည်။ အကယ်၍ သူ ထွက်ပြေးချင်လျှင်ပင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ထူးခြားသောမီးတောက်ကို အသုံးပြု၍ အတူတကွ သေဆုံးရန်ဆိုလျှင်မူ ပြဿနာမရှိနိုင်ပေ။
ချူးဖုန်း လောင်းကြေးထပ်နေခြင်းဖြစ်သည်။ မော့ရှန်သည် ဉာဏ်ကောင်းသူတစ်ဦးဖြစ်ပြီး သူ့အား ခြိမ်းခြောက်ရန်သာ ရိုင်းစိုင်းကြမ်းတမ်းမှုများကို ပြသကာ အဆိပ်ကို အခမဲ့ ကုသပေးစေရန် အတင်းအကျပ် ဖိအားပေးနေခြင်းဖြစ်ကြောင်း သူ ယုံကြည်ထားသည်။
မော့ရှန်အား အကွက်ဆင်ရန် ဤမျှလောက် အားထုတ်ကြိုးပမ်းခဲ့ရပြီးမှ ချူးဖုန်းက သူ့ကို ဘာကြောင့် အခမဲ့ ကုသပေးရမည်နည်း။
"မင်း တကယ်ပဲ သေရမှာကို မကြောက်ဘူးလား" ချူးဖုန်းသည် မည်သည့် ကြောက်ရွံ့မှုမျှမရှိဘဲ သေရန် ဆုံးဖြတ်ထားကြောင်း မိုရှန်း သဘောပေါက်သွားသည်။
ထိပ်တိုက်ရင်ဆိုင်မှုတွင် မော့ရှန်မှာ မကြာမီမှာပင် အရှုံးပေးလိုက်ရတော့သည်။
ယင်းက ခွန်အားကြီးသော ပုရွက်ဆိတ်တစ်ကောင်နှင့် ကြုံတွေ့ရသကဲ့သို့ပင်။ ၎င်းကို ခြေဖြင့်နင်း၍ သတ်လိုက်နိုင်သော်လည်း မိမိကိုယ်တိုင်လည်း အကိုက်ခံရကာ အဆိပ်သင့်သွားနိုင်သည်။
ထို့နောက် အတူတကွ ပျက်စီးခြင်းဖြင့်သာ အဆုံးသတ်သွားပေလိမ့်မည်။
မည်သူကမှ ပုရွက်ဆိတ်တစ်ကောင်နှင့်အတူ အသေခံလိုမည် မဟုတ်ပေ။
မော့ရှန်၏ မျက်လုံးထဲတွင် ချူးဖုန်းက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သာ ဖြစ်သည်။ အကယ်၍ သူက ချူးဖုန်းကို သတ်ပစ်လိုက်ပါက ကျန်းယွန်းမင်းဆက် တစ်ခုလုံးတွင် သူ၏အဆိပ်ကို ကုသပေးနိုင်စွမ်းရှိသူကို ရှာတွေ့တော့မည် မဟုတ်ပေ။ သူလည်း သေရပေလိမ့်မည်။
ထို့ကြောင့် သူသည် ချူးဖုန်းကို သတ်ပစ်ရန် တကယ်တမ်း စိတ်ကူးမရှိခဲ့ပေ။
အနည်းဆုံးတော့ သူ၏အဆိပ် မပြယ်မချင်း ချူးဖုန်းကို သေချာပေါက် သတ်မည်မဟုတ်ပေ။
"ငါ့ကို ကယ်ဖို့ မင်းရဲ့ သတ်မှတ်ချက်တွေကို ပြောစမ်းပါ" မော့ရှန်မှာ အခြားရွေးချယ်စရာ မရှိတော့သဖြင့် အလျှော့ပေးလိုက်ရလေသည်။
"ရိုးရှင်းပါတယ်! ငါ့ရဲ့ ကျွန်လုပ်စမ်း!" ချူးဖုန်း၏အသံမှာ အရေးမပါသော ကိစ္စရပ်တစ်ခုကို ဆွေးနွေးနေသည့်အလား အလွန်ပင် ဂရုမစိုက်ဟန် ပေါ်နေသည်။
လျူမင်းသားအိမ်တော်၏ အုပ်ချူပ်သူကို ကျွန်တစ်ယောက်ဖြစ်လာရန် ဝံ့ဝံ့စားစား တောင်းဆိုနေခြင်းဖြစ်ပြီး၊ ထို့ထက်ပို၍ ဓားဘုရင်အိမ်တော်၏ အသုံးမကျသော တတိယမင်းသားထံမှ ထွက်ပေါ်လာခြင်းဖြစ်ရာ အလွန်တရာ ရယ်စရာကောင်းလှပေသည်။
သို့သော်လည်း ယခုလက်ရှိ အခြေအနေက အတိအကျပင် ထိုသို့ဖြစ်နေခဲ့သည်။
"ချူးဖုန်း... လူတွေကို အရမ်း အကျပ်မကိုင်နဲ့!" မော့ရှန်၏ ခေါင်းပေါ်မှ ဒေါသမီးတောက်များ ပေါက်ကွဲထွက်လာပြီး သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါက ကြမ်းတမ်းလွန်းလှသဖြင့် ကောင်းကင်နှင့် မြေကြီးက ချူးဖုန်းထံသို့ ပြိုကျလာမတတ်ပင်။
"ဟက်... မင်းက လောလောဆယ် အသုံးဝင်နေသေးလို့ပါ။ အဲဒီလိုမှမဟုတ်ရင် မင်းက ငါ့ရဲ့ကျွန်ဖြစ်ဖို့တောင် အရည်အချင်း ပြည့်မီမှာမဟုတ်ဘူး။" ချူးဖုန်းက လှောင်ပြောင်လိုက်ပြီး မိုရှန်း၏ ခြိမ်းခြောက်မှုများကို အနည်းငယ်မျှပင် မကြောက်ရွံ့ပေ။ သူပြောခဲ့သောအရာကလည်း အမှန်တရားပင်ဖြစ်သည်။ နျူးပေါ့ထျန်း၏ ဂုဏ်သိက္ခာမှာ မော့ရှန်ထက် များစွာ လျော့နည်းနေခြင်း မရှိပေ။
ချူးဖုန်းထံတွင် တပည့်ခံချင်သည့်ကိစ္စကိုမူ ချူးဖုန်းက သဘောတူမည်မဟုတ်ပေ။
သူတို့၏ မျက်လုံးများ အချင်းချင်း ဆုံတွေ့သွားပြီး စိတ်ပိုင်းဆိုင်ရာ စစ်ပွဲအသစ်တစ်ခု စတင်လာပြန်သည်။ ရလဒ်ကတော့ တစ်ဖန် မိုရှန်း၏ အရှုံးပင်ဖြစ်သည်။
အောက်တန်းကျသော သတ္တဝါလေးတစ်ကောင်ပင်လျှင် အသက်ရှင်သန်ရန် ရုန်းကန်တိုက်ခိုက်ရသေးသည်၊ သူ့လို အုပ်ချူပ်သူမော့ အတွက် ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ချေ။ အကယ်၍ သူသာ သေဆုံးသွားပါက သူ၏ ဇနီး၊ သားသမီးများ၊ ဆွေမျိုးများနှင့် မျိုးနွယ်စုဝင်များ အားလုံး အဖြစ်ဆိုးနှင့် ကြုံတွေ့ရပေလိမ့်မည်။ မော့ရှန်တွင် သေဆုံးရန် အခွင့်အရေး မရှိသည့်အတွက် အညံ့ခံရန်သာ ရွေးချယ်နိုင်တော့သည်။ သူသည် သူ၏ မြင့်မြတ်သော ဦးခေါင်းကို ချူးဖုန်းရှေ့တွင် ညွှတ်ချလိုက်ရလေတော့သည်။