အခန်း (၄၆) - ဝိညာဉ်တို့၏ တိုက်ပွဲ
အာကီအို ပစ်လဲကျသွားသည့်အချိန်တွင် သူ၏ စိတ်ထဲမှာ အလွန်ပင် ရှုပ်ထွေးနေသည်။ ဟာရှီရာမနှင့် အခြားသူများအတွက်တော့ အာကီအို တစ်ယောက် ယခုအချိန်တွင် လဲကျသွားခြင်းမှာ ပုံမှန်ဟု ထင်ရသော်လည်း သူကိုယ်တိုင်ကတော့ သူ့အသက်စွမ်းအားကို အလွန်အကျွံ သုံးစွဲလိုက်ရသည်ဆိုသော စကားများမှာ အဓိပ္ပါယ်မဲ့သည့် စကားများသာ ဖြစ်မှန်း သိသည်။
"ဒါမှမဟုတ်... ငါ ရုတ်တရက် ထရပ်လိုက်လို့ ခေါင်းမူးသွားတာများလား?" ၎င်းမှာ သူ သတိမေ့မြောမသွားခင် နောက်ဆုံး တွေးလိုက်မိသည့် အချက်ဖြစ်သည်။
အာကီအို ပစ်လဲကျသွားပြီးနောက် သူ၏ တပည့်သုံးယောက်မှာ မထိန်းနိုင်အောင်ပင် ငိုရှိုက်လိုက်ကြသည်။ ဟာရှီရာမက အသံတုန်ရီစွာဖြင့် "အဖိုးလေး၊ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။ ဆန်းဂျူ မျိုးနွယ်စုအတွက် အဖိုးရဲ့ ပံ့ပိုးမှုတွေကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး!"
တိုဘီရာမက ဝမ်းနည်းပူဆွေးနေသော မျက်နှာဖြင့် နှစ်လှမ်းခန့် ရှေ့တိုးလာပြီး အာကီအိုကို သေချာ စစ်ဆေးကြည့်လိုက်သည်။ ထူးဆန်းသော အမူအရာတစ်ခု သူ၏ မျက်နှာပေါ်တွင် ပေါ်လာသည်။ "အစ်ကိုကြီး..."
ဟာရှီရာမက သူ့ကို ဂရုမစိုက်ဘဲ သူ၏ စကားကို ဆက်ပြောနေသည်။
"အစ်ကိုကြီး! ငိုတာ ရပ်တော့! အဖိုးလေး သေသွားတာ မဟုတ်ဘူး။ သူ အသက်ရှူနေတာ ပုံမှန်ပဲ... သူ အိပ်ပျော်နေတာပါ။"
"ဟင်?" ဟာရှီရာမက အံ့အားသင့်သွားပြီး ခေါင်းမော့လိုက်သည်။ "တကယ်လား?"
တပည့်သုံးယောက်မှာလည်း ဝမ်းသာလွန်း၍ ခုန်ပေါက်နေကြသည်။
အာကီအို၏ စိတ်အသိအာရုံ၏ နက်ရှိုင်းသော နေရာတွင်...
အာကီအို သူ့ကိုယ်သူ ရင်းနှီးသလိုလို၊ စိမ်းသက်သလိုလို ဖြစ်နေသော နေရာတစ်ခုတွင် တွေ့လိုက်ရသည်။ "ဒီနေရာက... အူဇူမာကီ မျိုးနွယ်စုရဲ့ နယ်မြေလား? တည်နေရာကတော့ မှန်တယ်၊ ဒါပေမဲ့ ဒီအဆောက်အအုံတွေက ဘယ်တုန်းက ဒီလောက် ရှေးဆန်သွားတာလဲ၊ အဲ့ဒါလည်း အမည်းရောင်နဲ့ အဖြူရောင်ပဲ။ ပြီးတော့ မျိုးနွယ်စု မြေနေရာက... အကြီးကြီးပဲ! လူဦးရေ ထပ်တိုးလာတာလား?"
ထို့နောက် သူသည် ကြီးမားသော စစ်ပွဲတစ်ခုကို မျက်မြင်တွေ့လိုက်ရသည်။ သူ ဘာအသံမှ မကြားရသလို မျက်နှာတွေကိုလည်း ရှင်းရှင်းလင်းလင်း မမြင်ရပေ အမည်းရောင်နှင့် အဖြူရောင် အရိပ်များ တိုက်ခိုက်နေကြသည်ကိုသာ မြင်ရသည်။ ထိုအရောင်မဲ့ စစ်မြေပြင်တွင် ကိန်းဂဏန်းမရှိသော သူများ လဲကျကုန်ကြပြီး အခြားသူများကတော့ ရှေ့သို့ အလုအယက် တိုးဝင်နေကြသည်။ ခေါင်းဆောင်ဟု ထင်ရသူ နှစ်ယောက် အပြင်းအထန် တိုက်ခိုက်နေကြရာမှ အသာစီးမရသည့်ဘက်က ရုတ်တရက် 'ပန်းကန်ပြား' တစ်ခုကို ဆွဲထုတ်လိုက်သည်။ လှုပ်ရှားမှု အနည်းငယ် ပြုလုပ်ပြီးနောက် နှစ်ယောက်စလုံးကို ထိုပန်းကန်ပြားထဲသို့ စုပ်ယူသွားပြီး တိုက်ပွဲမှာ အဆုံးသတ်သွားကာ အပျက်အစီးများသာ ကျန်ရစ်ခဲ့သည်။
"ပန်းကန်ပြား? အဲ့ဒါ မျက်နှာဖုံး မဟုတ်ဘူးလား..." အာကီအို ညည်းတွားလိုက်ပြီး အားမလိုအားမရ ဖြစ်သွားသည်။ "ဒါဆို 'သေမင်းတံဆိပ်ခတ်နည်း' ကို ဖျက်လိုက်တာက ငါ့ကို 'သက်သေအမှတ်' (၂) ခုပဲ ပေးတာလား? နောက်ကွယ်က ဒီအကြောင်းရင်းက မင်းကို 'သေမင်း' ရယ်..."
"ဒါက ဟိုကာဂဲ ဗားရှင်း ဝိညာဉ်ဝင်ပူးတဲ့ ပုံစံမျိုးလား?" အာကီအို သက်ပြင်းချကာ ခေါင်းခါလိုက်သော်လည်း ထူးဆန်းစွာပင် ပို၍ စိတ်အေးသွားသလို ခံစားလိုက်ရသည်။ တခြား ကမ္ဘာက ပြောင်းရွှေ့လာသူတွေရဲ့ ဝိညာဉ်ခွန်အားက သာမန်လူထက် (၂) ဆ ပိုများတယ်ဆိုတာကို အာကီအို အခိုင်အမာ ယုံကြည်ထားခဲ့သည်။
အမည်းရောင်နှင့် အဖြူရောင် မြင်ကွင်းမှာ ကွဲအက်သွားပြီး အဆုံးမရှိသော နေရာလပ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။ ထိုနေရာတွင် အရိပ်နှစ်ခု သို့မဟုတ် ဝိညာဉ်နှစ်ခုသာ ရှိတော့သည်။
"သေမင်းဆိုတော့လည်း မျှော်လင့်ထားတဲ့အတိုင်းပဲပေါ့။ (၂) နှစ်အတွင်းမှာပဲ အားနည်းတဲ့ ဝိညာဉ်စလေးကနေ လူပုံစံ ရောက်လာပြီ။ ဒါပေမဲ့ ငါကတော့... ဒါ ဘာလဲ?! ငါက ဘာလို့ မျဉ်းရုပ် ဖြစ်နေရတာလဲ?!"
အာကီအို အောက်ကို ငုံ့ကြည့်လိုက်ရာ လွန်စွာ တုန်လှုပ်သွားသည် သူ၏ လက်နှင့် ခြေထောက်များမှာ မီးခြစ်ဆံတံလေးများလို ပါးလွှာနေပြီး မျဉ်းရုပ်နှင့် တူနေသည်။ သေမင်းက သူ့ဆီသို့ အလေ့အကျင့်အတိုင်း ခုန်ဝင်လာသဖြင့် အာကီအို လှည့်ပြေးရတော့သည်။
[ဘာသာပြန်သူမှတ်ချက်] — "မျဉ်းရုပ်" ဆိုသည်မှာ ခေါင်းကို စက်ဝိုင်းတစ်လုံး၊ ကိုယ်၊ လက်နှင့် ခြေထောက်များကို မျဉ်းတန်းများဖြင့်သာ ရိုးရိုးရှင်းရှင်း ရေးဆွဲထားသော လူပုံအမျိုးအစားကို ဆိုလိုပါသည်။
O
/|\
/ \
"ဒါမျိုးကိုပဲ ဝိညာဉ်ခွန်အား (၂) ဆ ပိုများတယ်လို့ ပြောတာလား?! ရှေ့က ရောက်နေတဲ့ သူတွေရယ်၊ မင်းတို့ ငါ့ကို ဒုက္ခပေးလိုက်တာပဲ!" အာကီအို ပြေးရင်း ကျိန်ဆဲလိုက်သည်။ "ကောင်းပြီလေ... ငါ ကိုယ့်ကိုယ်ကိုပဲ အားကိုးရတော့မယ်။ ဒါက ငါ့ရဲ့ ဝိညာဉ်နယ်မြေပဲ၊ ငါ ထိန်းချုပ်နိုင်ရမယ် မဟုတ်လား?"
တစ်စုံတစ်ခုကြောင့် အာကီအို၏ စိတ်ထဲတွင် အတိတ်ဘဝက မျဉ်းရုပ် တိုက်ပွဲ ဗီဒီယိုတစ်ခုကို မြင်ယောင်လာသည်။ "ငါ့ကို ခွန်အားပေးပါ၊ လိဂ်အော့ဖ် လီဂျန်း (League of Legends) ရေ! လီယိုနာ ရဲ့ စွမ်းအားကို ငါ့ဆီ ပို့ပေးပါ!"
သူ ထိုသို့ တွေးလိုက်သည်နှင့် ဓားနှင့် ဒိုင်းလွှားတစ်ခုမှာ သူ၏ လက်ထဲသို့ အမှန်တကယ် ပေါ်လာသည်။ ဝမ်းသာအားရဖြင့် အာကီအို သူ့ကိုယ်သူ ထိန်းလိုက်ပြီး သေမင်းဘက်သို့ လှည့်ကာ ဟိန်းဟောက်လိုက်သည်။ "သေဖို့ ပြင်ထား! ဇင်းနစ် ဘလိတ် !"
(၅) မိနစ် အကြာတွင်...
လက်တစ်ဖက်တည်းရှိသော မျဉ်းရုပ် အာကီအိုတစ်ယောက် အဆုံးမရှိသော ဟင်းလင်းပြင်တွင် ပြေးနေသည်။ စွမ်းအားချင်း ကွာခြားလွန်းလှသည် အာကီအို၏ ဓားချက်များမှာ သေမင်းကို မထိခိုက်နိုင်ပေ။ နောက်ဆုံးတွင် သူသည် ထွက်ပြေးနိုင်ရန် သေမင်း၏ ဝိညာဉ်ကို တစ်စစီ ကိုက်ဖြတ်လိုက်ရသည်။ သူ့နောက်မှ လိုက်နေသော သေမင်းကို ပြန်ကြည့်ရင်း အာကီအို၏ မျက်နှာတွင် စိတ်မကျေနပ်မှုများ ပြည့်နှက်နေသည်။
"ဒါကတော့ လွန်လွန်းတယ်! မာဒါရာတောင် ငါ့ကို ဒီလောက် မစော်ကားဖူးဘူး..."
"ကိုယ့်ကိုယ်ကို အားကိုးတာလည်း တော်ပြီ! စနစ် ၊ ထွက်လာပြီး ငါ့ကို ကယ်ကြစမ်း!"
နာမည်: အူဇူမာကီ အာကီအို
အသက်: ၂၂ (-)
နင်ဂျုဆု: ၅၅၃ (+)
တိုင်ဂျုဆု: ၄၈၉ (+)
ဂျန်ဂျုဆု: ၃၈၃၄ (+၁၀) (ပြောင်းလဲနိုင်သည်)
အခြေခံ နည်းစနစ်များ:
ကိုယ်ပွားအတတ်: အဆင့် ၁၀ (၁၀၀,၀၀၀) (အများဆုံး)
ရှူရိကန်ပစ်ခတ်ခြင်း: အဆင့် ၁၀ (၁၀၀,၀၀၀) (အများဆုံး)
သဘာဝစွမ်းအင်ဆိုင်ရာ:
မြေဓာတ်: အဆင့် ၄ (၁၂၁,၂၂၃/၂၀၀,၀၀၀) (+)
လေဓာတ် (ပေါင်းစပ်နိုင်သည် ၁/၂): အဆင့် ၆ (၄၂၅,၆၂၈/၆၀၀,၀၀၀) (+)
မီးဓာတ် (ပေါင်းစပ်နိုင်သည် ၁/၂): အဆင့် ၆ (၄၁၂,၃၃၅/၆၀၀,၀၀၀) (+)
ရေဓာတ်: အဆင့် ၂ (၁၀,၀၀၀/၂၀,၀၀၀) (+)
လျှပ်စီးဓာတ်: အဆင့် ၄ (၁၀၃,၆၀၈/၂၀၀,၀၀၀) (+)
တံဆိပ်ခတ်နည်းစနစ်: အဆင့် ၆ (၄၁၃,၃၂၈/၆၀၀,၀၀၀) (+)
ယင်ဓာတ်: အဆင့် -၁ (-၁၀၀၀/၀) (+)
အထူးအရည်အချင်း: အာရုံခံနိုင်စွမ်း
သတ္တုတူးခြင်း: အဆင့် ၆ (၁၀,၀၃၀/၂၀,၀၀၀)
ထုလုပ်ခြင်း: အဆင့် ၈ (၄၀,၀၅၉/၆၀,၀၀၀)
အလုံးစုံ အကဲဖြတ်ချက်: S
သက်သေအမှတ်: ၄၁
"ယင်ဓာတ်က အဆင့် -၁? ငါ လက်တစ်ဖက် ဆုံးရှုံးသွားလို့လား?" သို့သော် ဒါက အကျိုးမယုတ်သည့် အဖြစ်တစ်ခု ဖြစ်လာသည် ယင်ဓာတ်က နောက်ဆုံးတွင် သူ၏ စာရင်းတွင် ပေါ်လာသည်။ မဆိုင်းမတွပင် အာကီအိုသည် သက်သေအမှတ်အားလုံးကို ယင်ဓာတ်ဆီသို့ ပို့လိုက်သည်။
ယင်ဓာတ်: အဆင့် ၆ (၄၀၉,၀၀၀/၆၀၀,၀၀၀) (+)
သူ၏ မျဉ်းရုပ် လက်မှာ ပြန်ပေါက်လာပြီး တစ်စုံတစ်ယောက်က လေမှုတ်သွင်းလိုက်သလို ခံစားရသည်။ သူ၏ ဝိညာဉ်မှာ လျင်မြန်စွာ ခိုင်မာလာသည်။ အသွင်ပြောင်းမှု ပြီးဆုံးသွားသည့်အခါ အာကီအို မော့ကြည့်လိုက်ရာ သေမင်းမှာ သူ့ရှေ့တွင် ရောက်နေသည်။ အလိုအလျောက်ပင် သူ လက်လှမ်းလိုက်ရာသေမင်းမှာ မြေပြင်တွင် အချုပ်ခံထားရပြီး လွတ်မြောက်ရန် ရုန်းကန်နေသော်လည်း မရတော့ပေ။
အာကီအို နောက်ဆုံးတွင် သူ၏ ဝိညာဉ်ကို စစ်ဆေးရန် အချိန်ရသွားသည်။ ဧရာမ ပုံစံကြီး ဖြစ်မလာဘဲ သူ၏ အမှန်တကယ် ပုံစံအတိုင်းပင် ခွန်အားနှင့်တကွ ရှိနေသည်။
"ဒါဆို အဆင့် (၆) ဝိညာဉ်က ဒီလောက် ခိုင်မာတာလား? ဒါဆို အဆင့် (၉) သို့မဟုတ် (၁၀) မှာဆိုရင် 'ဆဋ္ဌမလမ်းစဉ်၏ နတ်ဘုရား' လို ပုံဖော်နိုင်မှာလား?" သူ ခေါင်းခါလိုက်သည်။ "ငါ သေဖို့တော့ စီစဉ်မထားပါဘူး။"
ရုန်းကန်နေသော သေမင်းကို ကြည့်ပြီး သူ ပြုံးလိုက်သည်။ "ဒါက နောက်ဆယ်စုနှစ်တွေမှာဆိုရင် မင်းက ကိုးမြှီးကို စုပ်ယူနိုင်တဲ့အထိ သန်မာနေမှာ၊ အဲ့ဒီအချိန်ဆိုရင် ငါ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး..."
"ဒါပေမဲ့ အခုတော့..."
သူ၏ တိုက်ခိုက်မှုများဖြင့် သေမင်းကို အပိုင်းပိုင်း ကွဲအက်သွားစေပြီး ထိုအစိတ်အပိုင်းများကို သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်ကာ သူ၏ ဝိညာဉ်ကို ပိုမို ခိုင်မာစေသည်။
ယင်ဓာတ်: အဆင့် ၆ (၅၁၀,၀၀၀/၆၀၀,၀၀၀) (+)
"ကောင်းလိုက်တာ၊ သက်သေအမှတ် ၁၀ လောက် ရသွားတယ်..."
အာကီအို တွေးတောနေစဉ် သူ၏ ဝိညာဉ်ကမ္ဘာမှာ ပျောက်ကွယ်သွားသည်။ လက်တွေ့လောကသို့ ပြန်ရောက်လာပြီး သူ မျက်လုံးဖွင့်လိုက်သည်။
"အဖိုးလေး၊ နောက်ဆုံးတော့ နိုးလာပြီပဲ။"
နူးညံ့သိမ်မွေ့သော အသံတစ်ခုက သူ့ကို ကြိုဆိုသည်။ အာကီအို မြင်ချင်ဆုံးလူတွေထဲမှာ မီတို ဖြစ်နေလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။ အော်... ပြီးတော့ အခု (၈) နှစ်အရွယ် ကောင်စုတ်လေး ဆန်းဂျူ ကင်ဂျီ လည်း ပါသေးတယ်။